မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, February 4, 2014

ဒီလိုဖြစ်ရပ်တွေ ရှိနေသေးတယ်

အထိန်းသိမ်းခံထားရသော ယူနတီဂျာနယ်သတင်းထောက်၏ ဇနီးနှင့် နှစ်နှစ်အရွယ်သမီး ထောင်ဝင်စာသွားတွေ့ပြီးနောက် အစပျောက်နေ သုတလင်း ရန်ကုန်၊ဖေဖေါ်ဝါရီ ၄ လျှို့ဝှက်ဓါတုလက်နက်စက်ရုံအကြောင်းရေးသားခဲ့သဖြင့် ဖမ်းစီးစစ်ဆေးခံနေရသည့် ယူနတီဂျာနယ်သတင်းထောက်ကိုလူမောနိုင်အား လွန်ခဲ့သည့် တစ်ရက်က ထောင်ဝင်စာ သွားရောက် တွေ့ဆုံသည့်ဇနီးဖြစ်သူနှင့် ၎င်း၏နှစ်နှစ်အရွယ်သမီးငယ်တို့မှာ ပျောက်ဆုံးနေပြီး ယခုအချိန်အထိ စုံစမ်း၍ မရသေးကြောင်း ၄င်း၏ မိသားစုဝင်များထံမှသိရသည်။ သတင်းထောက်ကိုလူမောနိုင်အား အထက်ပါသတင်းရေးသားမှုနှင့်ပတ်သက်၍ ဖေဖေါ်ဝါရီလ(၁)ရက်နေ့တွင် ပခုက္ကူထောင်၌ ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး ကိုလူမောနိုင်၏ဇနီးမလွင်လွင်မြင့်နှင့် ကလေးတို့မှ ဖေဖေါ်ဝါရီလ (၃)ရက်နေ့တွင် ထောင်ဝင်စာ သွားရောက် တွေ့ဆုံရာမှ ပြန်မရောက်လာခဲ့ခြင်းဖြစ်သည်ဟု မလွင်လွင်မြင့်၏ အစ်ကိုဖြစ်သူ ဦးအောင်ကျော်ကျော်က ပြောသည်။ မလွင်လွင်မြင့်နှင့်အတူ ထောင်ဝင်စာတွေ့ဆုံရန် အဖော်အဖြစ်လိုက်ပါသွားသူ အမျိုးသားနှင့်အမျိုးသမီးတစ်ဦးတို့မှာမူ ယင်းနေ့တွင် ထိန်းသိမ်းခံခဲ့ပြီး ယနေ့(ဖေဖော်ဝါရီ ၄ရက်) တွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ လွှတ်မြောက်လာသူတို့ကလည်း မလွင်လွင်မြင့်တို့ ထိန်းသိမ်းခံရမှုရှိမရှိနှင့် ပတ်သက်၍ ပြန်မပြောနိုင်ဘဲရှိနေကြောင်း ၎င်းကပြောသည်။ ထို့ကြောင့် မိသားစုဝင်များအနေဖြင့် ဖေဖေါ်ဝါရီလ(၅)ရက်နေ့တွင် ပေါက်မြို့နယ်ရဲစခန်းနှင့် ပခုက္ကူထောင်သို့ပါ သွားရောက်စုံစမ်းမည်ဖြစ်ပြီး အဆိုပါ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဘက်မှ မိသားစုဝင်များထံ တရားဝင်ဆက်သွယ် အကြောင်းကြားခြင်းမရှိဟုလည်း သိရသည်။ သွားရောက်မေးမြန်းစုံစမ်းမှုများတွင် တိကျသေချာသည့် အဖြေမရရှိပါက လူပျောက်အနေဖြင့်တိုင်ချက်ဖွင့်သွားမည်ဖြစ်ပြီး လက်ရှိတွင် တိုင်ကြားရန်ထက် စုံစမ်းရန်ကိုသာ ဆောင်ရွက်သွားမည်ဟု ဦးအောင်ကျော်ကျော်က ပြောသည်၊ Ref ; Popular Myanmar News Journal .

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ