မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Thursday, March 6, 2014

ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်း၍ လယ်ယာသုံးစက်ပစ္စည်း ငါးနှစ်အရစ်ကျ ရောင်းချရန် စီစဉ်

 
 
ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်း၍ လယ်ယာသုံးစက်ပစ္စည်း ငါးနှစ်အရစ်ကျ ရောင်းချရန် စီစဉ်
ရန်ကုန်၊ မတ်လ ၅

မြန်မာ့ စက်မှုလယ်ယာကဏ္ဍတွင် လိုအပ်လျက်ရှိသည့် လယ်ယာသုံး စက်ပစ္စည်း ကိရိယာများကို ငါးနှစ်အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်ရန် ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းထံမှ သိရသည်။

လယ်ယာသုံး စက်ပစ္စည်း ကိရိယာများကို ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အပါအဝင် ဒေသငါးခုတွင် ရှေ့ပြေးစီမံချက် အနေနှင့် ရောင်းချပေးရန် ဆောင်ရွက်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုးဝင်းက ပြောကြားသည်။

“အနည်းဆုံး ငါးနှစ်အရစ်ကျစနစ်နဲ့ ရောင်းမှာပါ။ ဘယ်တော့ ရောင်းမလဲဆိုရင် အချိန်ကာလ အတိအကျ ပြောဖို့တော့ နည်းနည်းခက်တယ်။ သိပ်တော့ မကြာတော့ပါဘူး။ ကျွန်တော်တို့ ဆွေးနွေးဆဲမို့ပါ” ဟု ၎င်းကဆိုသည်။

ရောင်းချပေးမည့် လယ်ယာသုံး စက်ပစ္စည်းများတွင် လယ်ထွန်စက်၊ စပါးအခြောက်ခံစက်၊ ခြွေလှေ့စက်တို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ နည်းတူ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်တွင်း အသေးစားနှင့် အလတ်စား ဆန်စက် လုပ်ငန်းများအတွက် ဆန်သန့်စင်စက်များ (Color Sorter) နှင့် ဆန်အခြောက်ခံစက်များကို ဖြန့်ဖြူးရောင်းချ ပေးခဲ့သည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ