မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, March 26, 2014

ဆေးကျောင်းသားတစ်ဦးပျောက်ဆုံးနေ



ဆေးကျောင်းသားတစ်ဦးပျောက်ဆုံးနေသဖြင့် ၎င်း၏သတင်းကို မိဘပြည်သူများမှလည်းရရှိပါက သတင်းပေးကူညီစေလိုပါကြောင်း မိသားစုနှင့် ရဲတပ်ဖွဲ့မှမေတ္တာရပ်ခံခြင်း
ရန်ကုန်၊ မတ် ၂၆
၃.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊(၉)ရပ်ကွက်၊ (၄၆)လမ်း၊ အမှတ်(၁၀)၊ အခန်းအမှတ်(၃၀၂)နေ ဦးရမ်ဇာဝါးမှ ၎င်း၏ အတူနေသားဖြစ်သူ မောင်ဇော်မြတ်ထွဋ်၊ (၂၁)နှစ်၊ ၁၂/ဗတထ(နိုင်) ၀၄၄၃၄၈၊ နောက်ဆုံးနှစ် အပိုင်း(က)၊ဆေးတက္ကသိုလ်(၁)ကျောင်းသားမှာ
ပျောက်ဆုံးနေကြောင်းနှင့် စုံစမ်းရှာဖွေပေးပါရန်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း လူပျောက်အမှတ်စဉ်(၃/၂၀၁၄)ဖြင့်ဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

၎င်းသည် ၂၀.၃.၂၀၁၄ရက်နေ့ ၀၈၃၀အချိန်တွင် နေအိမ်မှ ဗဟိုအမျိုးသမီး
ဆေးရုံသို့ လက်တွေ့ ဆင်းရန်သွားမည်ဟုပြောပြီးထွက်သွားရာမှ
ပြန်မလာဘဲပျောက်ဆုံးနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ဖော်ပြပါဓါတ်ပုံမှာ ပျောက်ဆုံးသူအမျိုးသားဖြစ်ပြီး ၎င်းတွင် အမှတ်အသား အဖြစ် လည်ပင်း၌မှဲ့(၁)လုံးရှိကာ အရပ်မှာ ၅ပေ ၄လက်မခန့်ရှိကြောင်း သိရှိရပါသည်။
အဆိုပါလူပျောက်မှုနှင့်ပတ်သက်၍ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှ
စုံစမ်းရှာဖွေလျက်ရှိပြီး အမြန်စုံစမ်းတွေ့ရှိနိုင်ရေး မိဘပြည်သူများမှလည်း ၎င်းနှင့်ပတ်သက်သည့် သတင်းများရရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း
၎င်း၏မိသားစုနှင့် ရဲတပ်ဖွဲ့မှမေတ္တာရပ်ခံဖော်ပြအပ်ပါသည်-

ဖုန်းနံပါတ်
၀၁- ၂၃၀၀၇၄၇ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊
၀၁- ၂၀၁၇၆၁ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
၀၁- ၂၉၁၈၈၆ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊
၀၁- ၂၉၁၈၇၄ ဗိုလ်တထောင်မြို့မရဲစခန်း၊

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ