မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, April 29, 2014

မိုးဦး၊ လေဦးကာလ သတိပေးနှိုးဆော်


နေပြည်တော် ဧပြီ ၂၇
မြန်မာနိုင်ငံအရပ်ရပ်တွင် အနောက်တောင်မုတ်သုံရာသီမကျရောက်မီ မိုးဦး၊ လေဦးကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင်
လေပြင်းများတိုက်ခတ်ခြင်း၊
လေပြင်း နှင့်အတူ ထစ်ချုန်းခြင်း၊
မိုးကြိုးပစ်ခြင်း၊
လျှပ်စီးလက်ခြင်း၊
မိုးသီးကြွေ ခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း

စသည့် မိုးလေဝသ ဖြစ်စဉ် များဖြစ်ပေါ်နိုင်ပြီး လေပြင်းတိုက်ခတ်စဉ် ရေပြင် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄ဝ အထိ တိုက်ခတ်နိုင်သည်။
သို့ဖြစ်၍ ပြည်သူများအနေဖြင့် မုတ်သုံရာသီ မကျရောက်မီ မိုးဦး၊ လေဦးကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များအား အထူးဂရုပြု နေထိုင်သွားကြပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးနှိုးဆော်ထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
The Mirror Daily

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ