









G3 ရိုင်ဖယ် အကြောင်း သိကောင်းစရာ
Thursday, April 3, 2014
ပြည်တွင်းစစ်နဲ့တရုတ်ဖြူတွေရဲ့ကျူးကျော်မှုကိုရင်ဆိုင်နေရချိန် မြန်မာ့တပ်မတော်ဟာလက်နက်အကူအညီ နည်းပညာနဲ့ ထုတ်လုပ်မှုတွေကို အရေးတကြီး လိုအပ်နေတဲ့ အချိန်ကာလမှာပဲ ၁၉၅၃ ခုနှစ် မှာ ဗိုလ်ချုပ်ကြီး နေဝင်းအပါအဝင် မြန်မာ့တပ်မတော်က အရာရှိကြီးတွေနဲ့ Fritz Werner တို့ဟာ ချိတ်ဆက်မိခဲ့ပါတယ်။ ။
အဲဒီတုန်းက ပထဆုံးထုတ်ခဲ့တဲ့ လက်နက်ကတော့ BA 52 machine gun ဖြစ်ပြီး နောက်ပိုင်း “နေဝင်း စတင်း” ( Ne Win Sten ) လို့ လူသိများတဲ့ သေနတ်ပဲ ဖြစ်ပါတယ်။
၁၉၆၀ခုနှစ် မှာတော့ အနောက်ဂျာမဏီက ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာ့တပ်မတော်အကြားမှာ ပိုမို ခိုင်မာတဲ့ သဘောတူညီချက် ရခဲ့ပြီး၊ ဧရာဝတီမြစ် အနောက်ဖက်ကမ်း ဒေသ(ဆင်တဲ)မှာ နာမည်ကြီး G3 ရိုင်ဖယ်ကို စတင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
G 3 နဲ့ တခြား အော်တိုမက်တစ် ရိုင်ဖယ်တွေ အကြား ကွာဟချက်ကတော့ လေးလံပေမယ့်လည်း ကျည်အား၊ ယမ်းအား ခိုင်ခန့်မှုတွေက G 3 ရဲ့ ထူးခြားချက်တွေဖြစ်ပါတယ်။
၁၉၆၂ မှ ၁၉၈၈ ခုနှစ် အထိ အုပ်စိုးခဲ့တဲ့ အချိန်ကာလတွေမှာ ဦးနေဝင်းဟာ ဒီ လက်နက်တွေနဲ့ ခဲယမ်း၊ မီးကျောက် အထောက်အပံ့တွေကြောင့် ကျောင်းသား၊ ကျောင်းသူ၊ ရဟန်းရှင် လူ၊ အလုပ်သမား လယ်သမား၊ ပြည်သူလူထုတွေရဲ့ လမ်းပေါ်တက် ဆန္ဒပြခဲ့ အုံကြွခဲ့တာတွေကို သေသေချာချာ နှိမ်နှင်းနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။
ဂျာမန် လက်နက်ထုတ်စက်ရုံ ဖြစ်တဲ့ (Fritz Werner) ထုတ် လက်နက်တွေကို ဧရာဝတီက ဖော်ပြလိုက်ပါတယ်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ