မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, May 7, 2014

မစ္စယင့်လပ်ရှင်နာဝပ် ကို ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ဖို့ ခုံရုံးက အမိန့်ချ




မစ္စယင့်လပ်ရှင်နာဝပ် ကို ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ဖို့ ခုံရုံးက အမိန့်ချ
ထိုင်းနိုင်ငံ အိမ်စောင့် အစိုးရ မစ္စယင်လတ် ရှင်နာဝပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ၀န်ကြီးချုပ်ရာထူး အဖြစ် အုပ်ချုပ်ခွင့် မရှိတော့ကြောင်း ယနေ့မေလ ၇ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
၂၀၁၁ ခုနှစ်က ထိုင်း အမျိုးသား လုံခြုံရေးဋ္ဌာန အကြီးအကဲကို အစားထိုး ပြောင်းလဲခန့်အပ်ခဲ့တာဟာ ရှင်နာဝပ် မိသား စုရဲ့ ဖွေ့ထိုင်း ပါတီအကျိုး အမြတ်တွေရခဲ့ပြီး ဒါဟာ အာဏာကို အလွဲသုံးစား လုပ်တယ်ဆိုကာ Paiboon Nititawan ဦးဆောင်တဲ့ ထိုင်း အထက်လွှတ် တော် အမတ်တွေက စွဲဆိုထားမှုနဲ့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက မစ္စယင်လတ်ကို ဖွဲ့စည်း ပုံ အခြေခံ ဥပဒေခုံရုံးက အာဏာ အလွဲသုံးစားမှုနဲ့ ယမန်နေ့က စတင်က ကြားနာ စစ်ဆေးခဲ့အပြီး အခုလို ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။
အခုလို ဆုံးဖြတ်ချက်ကြောင့် အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ မစ္စ ယင်လတ် အပါအ၀င် ၀န် ကြီး အဖွဲ့ဝင်တွေဟာလည်းသူတို့ရဲ့ တာဝန်တွေက အဆုံးသတ်ထွက်ပေးကြရမှာဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်အရ မစ္စယင်လတ်ဟာ နိုင်ငံရေးလုပ်ပိုင်ခွင့်လည်း ၅ နှစ် ပိတ်ပင်ခံရမှာဖြစ်သလို အာဏာလေဟာ နယ်ဖြစ်သွားမှာဖြစ်ပြီး ဒီကိစ္စကို ထိုင်း ဖွဲ့စည်းပုံဆိုင်ရာ အခြေခံ ဥပဒေ ခုံရုံးက တပါတည်း တာဝန်ပေးအပ်ရမှာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ