မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Saturday, March 11, 2017

ချိုတဲ့သီချင်း

ချိုတဲ့သီချင်း - ရဲကျော်သူရ
~~~~~~~~~~~~~~~
အမှန်တရားက
နည်းနည်းခါးတယ် ။
ကိုယ့်လိပ်ပြာကိုယ်
နွေးထွေး လုံခြုံအောင်ထားပါ ။
ကိစ္စဝိစ္စတွေ မပြီးမချင်း
တို့တတွေအားလုံး
မစင်တွင်းက " လောက် " တွေချည်းပါပဲ ။
အမြီးအရှည် ပြိုင်နေတုန်း
တကိုယ်လုံး အကုသိုလ်တွေဖုံးပေါ့ ။
နှင်းဆီပန်းဆိုတာ
ဘာနာမည်ပေးပေး မွှေးသတဲ့ ..
လူသားဆန်မှု ၊အနုပညာ
ပန်းမကြိုက်တဲ့သူ
သေနတ်ယူပြီး ထွက်သွားပါ ။ ။
ရဲကျော်သူရ

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ