မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
လွှတ်တော်ဆွမ်းဆန်စိမ်းအတွင်း ကြွက်ချေးအောင်သောင်း
အစိုးရအဖွဲ့ထဲမှာ လိုက်မွှေနေတယ်လို့ လူပြောများနေတဲ့ ယခင် စက်မှု (၁)
ဝန်ကြီးဟောင်း ဦးအောင်သောင်း အကြောင်းကို အစိုးရအဖွဲ့ရုံးနှင့်
နီးစပ်သူများထံမှ သတင်းထပ်မံ ပေးပို့လာပါတယ်။
ဦးအောင်သောင်း
တောင်သာသား ဦးအောင်သောင်းဟာ OTS - 30 ကျောင်းဆင်း ဖြစ်ပြီး နမခ
ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်တပ်မှာ အမြင့်ဆုံး ရာထူးသာ
ရရှိခဲ့ပါတယ်။ န၀တခေတ် မကွေးတိုင်း တ၀တ ဥက္ကဌအဖြစ် နမခ တိုင်းမှူး
ဗိုလ်ချုပ် ထွန်းကြည်က မြှောက်စားထားခဲ့ပါတယ်။ ဗိုလ်ချုပ် ထွန်းကြည်
ကုန်သွယ်ရေး ၀န်ကြီး ဖြစ်သွားချိန်တွင် မန္တလေး တိုင်းစစ်ဌာနချုပ်ရှိ
နန်းတွင်း ဧည့်ရိပ်သာမှာ ဦးအောင်သောင်းအား ခေါ်တွေ့ခဲ့ပြီး သူနဲ့အတူ
လိုက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ကုန်သွယ်ရေး
ဝန်ကြီးဌာန လက်အောက်ခံ ကုန်သွယ်လယ်ယာ ဦးဆောင်ညွှန်ကြားရေးမှူး ရက်ပိုင်းသာ
လုပ်နေချိန်မှာ မိတ်ဆက်စားပွဲ ကျင်းပပြီး ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ်
ဗိုလ်ချုပ် ထွန်းကြည်က ထိုးတင်ခဲ့ပါတယ်။ ဦးသန်းရွှေအား ဦးအောင်သောင်းရဲ့
အဖားတော်မှုကြောင့် ကုန်သွယ်ရေး ၀န်ကြီးဌာနကနေ မွေးရေ၀န်ကြီးအဖြစ် ဆက်လက်
ရာထူးတိုးခဲ့ပါတယ်။
သူ့ရဲ့ အမျိုး စစ်ဆေးရုံ (၂) မှာ ဆေးကုသမှု ခံယူခဲ့စဉ်က မွေးမြူရေးဝန်ကြီး
ဦးအောင်သောင်းဟာ လက်ဆောင်ပဏာများစွာနှင့် ကုသမှု ပါရဂူဆရာဝန်များအား
ပေးကမ်းခဲ့လို့ ခွဲစိတ်ခန်းအထိ ၀င်ကြည့်ခွင့် ရခဲ့ပါတယ်။ န၀တခေတ် စက်မှု (၁)
ဝန်ကြီး ဦးစိန်အောင် ကွယ်လွန်သွားချိန်မှာ မွေးရေ၀န်ကြီးမှ စက်မှု (၁)
ဝန်ကြီးအဖြစ် ပြောင်းရွေ့ခဲ့ပါတယ်။ စက်မှု (၁) ၀န်ကြီးဌာနမှာ သာပေါင်း
စက္ကူစက်ရုံ စီမံကိန်းနှင့် စပ်လျဉ်းပြီး တရုတ် ကုမ္ပဏီနှင့် အဂတိ လိုက်စားမှု
လုပ်နေတာကို ထောက်လှမ်းရေး ခြေရာခံ လိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအချိန်ကတည်းက သူ့ကို ထောက်လှမ်းရေးတွေက ဖြုတ်ဖို့ ကြံစည်နေတာမို့
ဦးသန်းရွှေကို ပြေးကပ်သလို ဦးမောင်အေးကိုလည်း သူ့သား ဗိုလ်ပြည်အောင်နဲ့
ဦးမောင်အေး သမီး နန္ဒာအေးကို ရအောင် ယူခိုင်းပြီး အကာအကွယ် ယူလိုက်တယ်လို့
သိရပါတယ်။ စက်မှု (၁) ၀န်ကြီးအဖြစ် လုပ်ခဲ့ချိန် ၂၀၀၄ နောက်ပိုင်းမှာ စက်မှု
(၁) စက်ရုံတွေက လိမ်ထားတာ တော်တော်များများကို ဆိုးခဲ့ပြီး
မလည်မပတ်နိုင်အောင်ဘဲ ဖြစ်နေပါတယ်။ အစိုးရသစ်တက်လာတော့ စက်မှု (၁) ကို
ဖြုတ်လိုက်တာမို့ ၀န်ကြီး ဦးအောင်သောင်းဟာ စားလို့ဝါးလို့ရတဲ့
ပိုက်ဆံတွေကို UOB, OCBC ဘဏ်တွေမှာအပ်ထားတာ ဖြစ်ကြောင်း သိရှိရပါတယ်။
သူ့သား ဦးနေအောင်က တော့ အောင်ရီဖြိုး ကုမ္ပဏီ စတင် တည်ထောင်ပြီး
နောက်ပိုင်းမှာ တစတစ ချမ်းသာလာကာ IGE ကုမ္မဏီအကောင့်တွေနဲ့ ဒေါ်လာ
ဘီလျံပေါင်းများစွာ အပ်နှံထားတယ်လို့ သိရှိရပါတယ်။
မားမားမတ်မတ် ရပ်တည်နေသည့် OCBC Bank အဆောက်အဦး
လက်ရှိကြံ့ခိုင်ရေးနဲ့ အစိုးရအဖွဲ့ထဲမှာ သူအရင်တုန်းက လာဘ်စားခဲ့တာ
အရေးယူခံရမှာစိုးလို့ နေရာတစ်ခုရအောင်ယူပြီး ကုပ်ကပ်နေတယ်လို့ သိရှိရပါတယ်။
ယခင် တနသာင်္ရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်ပြုတ်တဲ့ကိစ္စမှာလည်း
သူ့လက်ချက်မကင်းကြောင်း ဆိုပါတယ်။ ဦးအောင်သောင်းဟာ ဘယ်လောက်အထိ
လိမ်ညာလာဘ်စားသလဲဆိုရင် ကျောက်ဆည်မှာ စွပ်ကျယ်စက်ရုံဖွင့်ပွဲလုပ်ရာမှာ
စက်ရုံက ကောင်းစွာမလည်နိုင်သေးတာမို့ တရုတ်နယ်စပ်ကနေ စွပ်ကျယ်တွေဝယ်
ပြီးရင် စက်မှု (၁) တံဆိပ်တပ်ကာ သူ့စက်ရုံကနေ ထုတ်တဲ့ပုံစံမျိုးလုပ်ကာကာ
လိမ်ညာခဲ့ပါတယ်။
ဒီလိုလိမ်ခဲ့တာကို ဦးသန်းရွှေ သိရှိခဲ့ဟန် မတူကြောင်း
အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူများက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင်
ဝန်ကြီးဟောင်း ဦးအောင်သောင်းဟာ နေရာရချင်တာမို့ ကြံ့ခိုင်ရေးကို ဂိုဏ်းတွေ
ကွဲအောင်လုပ်ဖို့ အထိ သူ့မှာ အကြံအစည်ရှိနေတယ်လို့ ကြားသိရပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း အဆင်မပြေတာကြောင့် သမ္မတကတော့ သူ့ကို
မကြိုက်ဟန်တူကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှာ တဆင့်
တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ