သူ့ရဲ့ အမျိုး စစ်ဆေးရုံ (၂) မှာ ဆေးကုသမှု ခံယူခဲ့စဉ်က မွေးမြူရေးဝန်ကြီး ဦးအောင်သောင်းဟာ လက်ဆောင်ပဏာများစွာနှင့် ကုသမှု ပါရဂူဆရာဝန်များအား ပေးကမ်းခဲ့လို့ ခွဲစိတ်ခန်းအထိ ၀င်ကြည့်ခွင့် ရခဲ့ပါတယ်။ န၀တခေတ် စက်မှု (၁) ၀န်ကြီး ဦးစိန်အောင် ကွယ်လွန်သွားချိန်မှာ မွေးရေ၀န်ကြီးမှ စက်မှု (၁) ၀န်ကြီးအဖြစ် ပြောင်းရွေ့ခဲ့ပါတယ်။ စက်မှု (၁) ၀န်ကြီးဌာနမှာ သာပေါင်း စက္ကူစက်ရုံ စီမံကိန်းနှင့် စပ်လျဉ်းပြီး တရုတ် ကုမ္ပဏီနှင့် အဂတိ လိုက်စားမှု လုပ်နေတာကို ထောက်လှမ်းရေး ခြေရာခံ လိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအချိန်ကတည်းက သူ့ကို ထောက်လှမ်းရေးတွေက ဖြုတ်ဖို့ ကြံစည်နေတာမို့ ဦးသန်းရွှေကို ပြေးကပ်သလို ဦးမောင်အေးကိုလည်း သူ့သား ဗိုလ်ပြည်အောင်နဲ့ ဦးမောင်အေး သမီး နန္ဒာအေးကို ရအောင် ယူခိုင်းပြီး အကာအကွယ် ယူလိုက်တယ်လို့ သိရပါတယ်။ စက်မှု (၁) ၀န်ကြီးအဖြစ် လုပ်ခဲ့ချိန် ၂၀၀၄ နောက်ပိုင်းမှာ စက်မှု (၁) စက်ရုံတွေက လိမ်ထားတာ တော်တော်များများကို ဆိုးခဲ့ပြီး မလည်မပတ်နိုင်အောင်ဘဲ ဖြစ်နေပါတယ်။ အစိုးရသစ်တက်လာတော့ စက်မှု (၁) ကို ဖြုတ်လိုက်တာမို့ ၀န်ကြီး ဦးအောင်သောင်းဟာ စားလို့ဝါးလို့ရတဲ့ ပိုက်ဆံတွေကို UOB, OCBC ဘဏ်တွေမှာအပ်ထားတာ ဖြစ်ကြောင်း သိရှိရပါတယ်။ သူ့သား ဦးနေအောင်က တော့ အောင်ရီဖြိုး ကုမ္ပဏီ စတင် တည်ထောင်ပြီး နောက်ပိုင်းမှာ တစတစ ချမ်းသာလာကာ IGE ကုမ္မဏီအကောင့်တွေနဲ့ ဒေါ်လာ ဘီလျံပေါင်းများစွာ အပ်နှံထားတယ်လို့ သိရှိရပါတယ်။
ဒီလိုလိမ်ခဲ့တာကို ဦးသန်းရွှေ သိရှိခဲ့ဟန် မတူကြောင်း အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူများက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ၀န်ကြီးဟောင်း ဦးအောင်သောင်းဟာ နေရာရချင်တာမို့ ကြံ့ခိုင်ရေးကို ဂိုဏ်းတွေ ကွဲအောင်လုပ်ဖို့ အထိ သူ့မှာ အကြံအစည်ရှိနေတယ်လို့ ကြားသိရပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း အဆင်မပြေတာကြောင့် သမ္မတကတော့ သူ့ကို မကြိုက်ဟန်တူကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှာ တဆင့် တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment