မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Friday, January 16, 2015

ဗိုလ်ချုပ်အောင်ဆန်းနှင့်စပ်လျဉ်းပြီး စိတ်အထိခိုက်ရဆုံး အကြောင်းအရာလေးနှစ်ခု

ဗိုလ်ချုပ်အောင်ဆန်းနှင့်စပ်လျဉ်းပြီး စိတ်အထိခိုက်ရဆုံး
အကြောင်းအရာလေးနှစ်ခု
______________________________________
ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ စာအုပ်တွေကိုအတော်များများ ဖတ်ခဲ့ဘူး
ပါတယ်။အဲဒီစာအုပ်ပါ အကြောင်းအရာတွေထဲမှာမှစိတ်အထိခိုက်ရဆုံး
အကြောင်းအရာလေးနှစ်ခုကိုစွဲစွဲထင်ထင် မှတ်မိနေတယ်။

ပထမတစ်ခုက သခင်အောင်ဆန်းအဖြစ်နဲ့တက္ကသိုလ်ကထွက်၊ တို့ဗမာအစည်း
အရုံးထဲခြေစုံပစ်ဝင်ပြီးတော့ နိုင်ငံရေးလုပ်နေချိန်။လက်ထဲမှာ သုံးစရာပိုက်ဆံက
တစ်ပြားမှမရှိ။ဗိုက်ကလည်း အရမ်းဆာနေချိန်၊မထူးဇာတ်ခင်းတဲ့အနေနဲ့ ရုံးနားက
ထမင်းဆိုင်ကိုသွားပြီး ထမင်းမှာစားတယ်။ စားလို့ ဝပြီဆိုမှ ဆိုင်ရှင်ဆီသွားပြီး
တော့ ပြောတယ်။

" အဒေါ်ကြီး၊ ခင်ဗျားဆိုင်က ထမင်းတော့ကျနော် စားပြီးပြီ။ ပေးစရာပိုက်ဆံတော့
တစ်ပြားမှ မရှိဘူး။ အဲဒီအတွက် ကျနော့်ပါးကိုအဒေါ်ကြီး ကြိုက်သလောက်သာ
ရိုက်ပေတော့ "ဆိုပြီး ပါးထိုးပေးသတဲ့။ထမင်းဆိုင်ပိုင်ရှင် အဒေါ်ကြီးက မရိုက်တဲ့
အပြင်သနားသွားပြီးတော့ နောက်နောင်မှာလည်းပိုက်ဆံမရှိရင် ဒီဆိုင်မှာဘဲ
အလကား လာစားဖို့ဖိတ်ခေါ်ရှာပါတယ်။

ဒုတိယတစ်ခုကတော့ စိတ်ထိခိုက်ရခြင်းဆိုတာထက် အံ့သြဘနန်း ဖြစ်ရတာပါ။
ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ် ပြန်ဝင်လာချိန်၊၁၉၄၆- ၄၇ ကာလ။ဗိုလ်ချုပ်
အောင်ဆန်းဟာ ပြည်သူတစ်ရပ်လုံးရဲ့ထောက်ခံမှုကို အကြီးအကျယ်ရထားတဲ့
လူထုခေါင်းဆောင် ဖြစ်နေပါပြီ။ဂဠုန်ဦးစော အပါအဝင် စစ်ကြိုခေတ်က နိုင်ငံရေး
သမားဟောင်းကြီးတွေရဲ့အရှိန်အဝါက နိဂုံးချုပ်သွားခဲ့ပြီ။

သို့သော်လည်း လုံးဝလွတ်လပ်ရေးအတွက်ညီညွတ်ရေးကို မဖြစ်မနေတည်
ဆောက်နေတဲ့ဗိုလ်ချုပ်ကတော့ နိုင်ငံရေးသမား လက်ဟောင်း၊လက်သစ်တွေ
အားလုံး ပါဝင်စေချင်တဲ့အတွက်ဂဠုန်ဦးစောအိမ်ကို သူကိုယ်တိုင် သွားပါတယ်။
ဦးစောအိမ်ကို ဗိုလ်ချုပ်ရောက်သွားချိန်မှာဦးစောက ဧည့်ခန်းမှာ အင်္ဂလိပ်အရာရှိကြီး
တွေနဲ့ပါတီပွဲ ဆင်နွှဲနေချိန် ဖြစ်ပါတယ်။

ဗိုလ်ချုပ်က အိမ်အပြင်ဘက်က ခုံလေးမှာ ထိုင်ပြီးဦးစောပါတီပွဲအပြီးကို ထိုင်စောင့်
ရှာတယ်။အပြင်ဘက်မှာ ဗိုလ်ချုပ်ထိုင်စောင့်နေတာကိုဦးစောသိရှိပေမယ့် အိမ်ထဲ
ကို လုံးဝဖိတ်ခေါ်ခြင်း မရှိခဲ့ဘူး။ပါတီပွဲပြီးလို့ အင်္ဂလိပ်အရာရှိ အတော်များများ
ပြန်သွားကြပေမယ့် ကျန်နေတဲ့ အင်္ဂလိပ်အရာရှိအချို့နဲ့ လက်ဘက်ရည်ဆက်
သောက်ရင်းတဝါးဝါး၊ တဟားဟားနဲ့ စကားပြောကာအချိန်ဆွဲ ဧည့်ခံနေခဲ့ပါတယ်။
ဗိုလ်ချုပ်ကတော့ အပြင်ဘက်မှာစိတ်ရှည်လက်ရှည် ထိုင်စောင့်နေရှာတယ်။
အတော်ကြီးကြာလို့ အင်္ဂလိပ်တွေအားလုံးပြန်ကုန်ပြီဆိုမှ ဦးစောကို တွေ့ခွင့်
ရပါတယ်။ဂဠုန်ဦးစောရဲ့လုပ်ပေါက်က ဗိုလ်ချုပ်ကိုနိုင်ငံရေးမှာ မင်းငယ်ပါသေးတယ်
ဆိုတဲ့သဘောနဲ့ ချိုးလိုက်တာပါ။ညီညွတ်ရေးကို လိုချင်လွန်းလှတဲ့ ဗိုလ်ချုပ်ကတော့
ဦးစောရဲ့လုပ်ရပ်အပေါ် အငြိုးထားခဲ့ခြင်းအလျဉ်း မရှိခဲ့ဘူး။နောက်ပိုင်း တာဝါလိန်း
က ဗိုလ်ချုပ်အိမ်ကိုဦးစောလာတော့ ဗိုလ်ချုပ်ကိုယ်တိုင်ဦးစောရဲ့ ကားတံခါးကို
ဖွင့်ပေးပြီး ကြိုဆိုခဲ့တယ်။

ဒီအကြောင်းအရာလေးကို ဖတ်မိရင်းအသက် ( ၃၀ ) ပတ်ဝန်းကျင်အရွယ်လူငယ်
တစ်ယောက်ရဲ့ စိတ်နေသဘောထားကြီးကျယ်မြင့်မြတ်မှု၊လူထုခေါင်းဆောင်
တစ်ယောက်ရဲ့ နိုင်ငံရေးအမြှော်အမြင်ကြီးမားမှုတွေကို တွေ့လိုက်ရတယ်။
အခုချိန်ထိ ပြန်စဉ်းစားကြည့်လိုက်တိုင်းကြက်သီးမွေးညင်းတွေ တဖြန်းဖြန်း
ထသွားအောင် ခံစားနေရတုန်းပါပဲ။

( ကိုဘုန်းဆွေ )

”မဟာဗျူဟာ“

ဆားဗီးယားလူထုလှုပ်ရှားမှု မဟာဗျူဟာများ
”မဟာဗျူဟာ“
စကားလုံးကား (၄)လုံးသာရှိသည်။ သို့ရာတွင် အစွမ်းထက်မှုကား မည်သည့်အရာနှင့်မျှ တုနှိုင်းမယှဉ်နိုင်။ စစ်မှုရေးရာ၊ စီးပွားရေးရာမှသည် နောက်ဆုံးလူတဦးချင်းဆီ၏ ဘ၀တိုးတက်ရေးအထိ ပိုင်စိုးပိုင်နင်း ၀င်ရောက်နေရာ ယူထားသည်။ လက်နက်အားကိုး အနိုင်ကျင့်သော အာဏာရှင် အစိုးရများအား လက်နက်မဲ့ရင်ဆိုင် အနိုင်ယူရသည့် ကာလများတွင် ယင်းစကားလုံး(၄)လုံးသည် ပို၍တန်ဖိုးရှိလာသည်။

အသက်နှင့် ရင်းရသည့် ကစားပွဲ။ ဘ၀နှင့်ရင်းသည့် ကစားပွဲ။ စနစ်ဆိုးတခုကို ဖြိုဖျက်နိုင်ဖို့၊ သန်းပေါင်းများစွာ၏ ဘ၀ဆိုးများကို ကယ်တင်နိုင်ဖို့ ကြိုးစားရသည့်ပွဲ။ မည်သို့ဆိုစေ တနေ့မှာတော့ အာဏာရှင်စနစ်ဆိုသည်မှာ ပြိုလဲရစမြဲ။ လူထုလှုပ်ရှားမှု အောင်ပွဲများကား သမိုင်းသက်သေထူခဲ့ပြီ။ ယင်းအောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများ ထဲမှ ဆားဗီးယားလူထုလှုပ်ရှားမှု မဟာဗျူဟာများအား လေ့လာကြည့်ကြပါစို့။
အော့ပါ (ခေါ်) ဆားဗီးယားလူထု လှုပ်ရှားမှုသည် ရာများများစွာသော လူငယ်များမှ စတင်ကာ ထောင်ပေါင်းမကတေသာ လူပေါင်းများစွာဆီသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ ရည်ရွယ်ချက်ကားရှင်းသည်။ အာဏာရှင်အစိုးရအား ဖြုတ်ချရန်။ ကော်ဖီဆိုင်များ၊ ကျောင်းများတွင် လူငယ်များစတင်စုဝေးခဲ့ကြသည်။ လှုံ့ဆော်စာများ၊ ပိုစတာများ၊ ကြွေးကြော်ချက် စာတမ်းများအား နေရာတကာတွင် ကပ်ခဲ့ကြသည်။ လမ်းများပေါ်တွင် စုဝေးဆန္ဒပြခဲ့ကြသည်။
အာဏာရှင်ကလဲဒီအတိုင်းမနေပါ။ အာဏာရှင်ပီသစွာ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်သည်။ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူများကို ဖမ်းဆီးရိုက်နှက်သည်။ ထောက်လှမ်းရေးများ၊ သတင်းပေး များအား နေရာအနှံ့ ချထားသည်။ နိုင်ငံပိုင် သတင်းဌာနများ မှတဆင့် ဆန္ဒပြသူများအား အကြမ်းဖက်သမားများအဖြစ် ကြေငြာသည်။ မည်သို့ဆိုစေ အမှန်တရား ဆိုသည်ကား ဒီလိုညစ်ညမ်းသည့် နည်းများဖြင့် ဖုံးဖိ၍ မရစကောင်း။ လူငယ်များ၏ လှုပ်ရှားမှုဆီသို့ အလုပ်သမားနှင့် ပညာရှင်များ ပူးပေါင်းပါဝင်လာခဲ့ကြသည်။ အာဏာရှင်စနစ်အား လူထုလှုပ်ရှားမှုနည်းဖြင့် အနိုင်ယူ တိုက်ဖျက်နိုင်ခဲ့သည်။
ယင်းလူထုလှုပ်ရှားမှုအား လူငယ်များမှ စတင်ခဲ့သည်။ အော့ပါတွင် ခေါင်းဆောင်မရှိ။ လူငယ် တော်လှန်ရေးသမားများ အားလုံးသည် ခေါင်းဆောင်များပင်ဖြစ်သည်။ လှုပ်ရှားမှု တာဝန်များကို ခွဲဝေယူကြသည်။ စည်းကမ်းရှိရှိ ဆောင်ရွက်ကြသည်။ လှုပ်ရှားမှုများ လုပ်ရုံတခုတည်းနှင့် တော်လှန်ရေး အောင်ပွဲ မရနိုင်ကြောင်းကို သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ချိတ်ဆက်လှုပ်ရှားနေကြသော အုပ်စုငယ်များအားလုံး ယုံကြည်စွာ အကောင်အထည်ဖော်ရမည့် မဟာဗျူဟာများ ရှိရမည်ဟု သူတို့နားလည် ခဲ့ကြသည်။
အော့ပါ၏ မဟာဗျူဟာများမှာ ပါဝါပေါ်တွင် အခြေခံသည်။ လူထုအဆောက်အအုံအား ပိရမစ်ပုံစံဖြင့် ဖော်ပြသည်။ ထိပ်ပိုင်းတွင်ကား အာဏာရှင်များ၊ စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေး သမားများ၊ ယင်းမှသည် ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်စွာ ပြုလုပ်နေသူများ (စစ်တပ်၊ရဲ၊ထောက်လှမ်းရေး)။ ယင်းမှသည် ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်သူများ (သတင်းမီဒီယာ) စသည်ဖြင့် ပါဝါသွားရာ လမ်းကြောင်းများကို အဆင့်ဆင့် ရေးဆွဲခဲ့ကြသည်။ ထိုသို့ရေးဆွဲရင်းဖြင့် အာဏာရှင်စနစ်ကို ထောက်မပေးနေသော ဒေါက်တိုင်များ ပီပြင်စွာ ထွက်ပေါ်လာသည်။ ယင်းဒေါက်တိုင်များ ပြိုလဲမှ အာဏာရှင်စနစ်ပြိုလဲမည်။ အာဏာရှင်စနစ်ကို ဆန္ဒပြနေရုံတခုတည်းနှင့် ပြီးမည် မဟုတ်ကြောင်း သူတို့ သုံးသပ်ခဲ့ကြသည်။
အခြားထူးခြားချက်တခုမှာ အဖွဲ့ဝင်သစ်များ ၀င်လာတိုင်း လက်ဆင့်ကမ်း သင်တန်းပေးခြင်းဖြစ်သည်။ တော်လှန်ရေးဟူသည် စည်းရုံးလှုပ်ရှားမှု၊ လက်တွဲခေါ်ယူမှု၊ လက်ဆင့်ကမ်းပညာပေးမှုများရှိမှ အားကောင်းလာမည်ဖြစ်ကြောင်း သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ အော့ပါ၏ မဟာဗျူဟာများတွင် မေးခွန်း(၂)ခုမှာ အဓိကကျသည်။
(၁) မည်သည့်ဒေါက်တိုင်များသည် အာဏာရှင်စနစ်အားထောက်မထားသနည်း။
(၂) ယင်းဒေါက်တိုင်များ အားနည်းပြိုလဲလာစေရန် မည်သည့်နည်းဗျူဟာများဖြင့် အကောင်အထည် ဖော်မည်နည်း။

ထင်ရှားသော ဥပမာတခုမှာ အာဏာရှင်စနစ်၏ အရေးပါသော ဒေါက်တိုင်တခုဖြစ်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။ ရဲတပ်ဖွဲ့အား တိုက်ခိုက်ပြောဆိုခြင်းဖြင့် အာဏာရှင်စနစ်အား ပိုမို သစ္စာရှိစွာ ကာကွယ်သွားနိုင်သည့်အပြင် မီဒီယာများမှ အကြမ်းဖက်သမားများအဖြစ် ကြေငြာထားခြင်းအား သက်သေထူလိုက်သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း လူငယ် တော်လှန်ရေးသမားများက စဉ်းစားခဲ့ကြသည်။ သူတို့ဘာလုပ်ခဲ့ကြသနည်း။
ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုများအား အကြမ်းမဖက်သော နည်းများဖြင့် ရင်ဆိုင်ခဲ့ကြသည်။ ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရသူများ၏ ဓာတ်ပုံများအား ရိုက်ယူကာ ပုံကြီးချဲ့ပြီး ဆိုင်းဘုတ်များ ပြုလုပ်ကြသည်။ ယင်းဆိုင်းဘုတ်များဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ အိမ်များသို့ ချီတက်ကာ အဖြစ်အပျက်များအား ပြောပြကြသည်။ ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများရှိရာ ကျောင်းများသို့ သွား၍ အဖြစ်အပျက်များကို ပြောပြကြသည်။ တစ်နှစ်ခန့်ကြာသောအခါ တော်လှန်ရေးသမားများအား ရဲများမှ ရိုက်နှက်မှု လျော့ပါးလာသည်။ မိတ်ဆွေများ၊ အိမ်နားနီးချင်းများ၊ မိသားစုဝင်များ၏ အထင်သေးရွံရှာ စက်ဆုပ်မှုများဒဏ်ကို သူတို့ မခံနိုင်တော့။ ထို့အပြင် လူငယ်များသည် သူတို့အားဖြိုခွဲရန် တာဝန်ချထားသော အရပ်ဝတ်ရဲများအားလဲ ခင်မင်ရင်းနှီးစွာ ဆက်ဆံကြည်။ ဒီမိုကရေစီအခွင့်အရေးများအား အတင့်ရဲစွာ ပြောပြကြသည်။ ယင်းနည်းဖြင့် အဆင့်မြင့်ပိုင်းအရာရှိများအထိ အောင်မြင်စွာ စည်းရုံးနိုင် ခဲ့ကြသည်။
နောက်ဆုံး တော်လှန်ရေးတစတစ ကြီးထွားလာပြီး ဘယ်လဂိတ်မြို့တော် ပါလီမန်အား လူထုတက်သိမ်းချိန်၌ လူထုအား ဖြိုခွဲရန် စေလွှတ်ခြင်းခံရသော ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ထမ်းဆောင်ရမည့်အစား ဒီအတိုင်းပင် ထိုင်ကြည့်နေ ခဲ့ကြသည်။ ဒေါက်တိုင်ပြိုလဲ မှုသည် အလွန်ပင် အရေးပါအရာရောက်ပါသည်။ အော့ပါလှုပ်ရှားမှု အောင်မြင်ခဲ့ရသည့် အဓိကအကြောင်းရင်းတခုမှ ပါဝါ၏ သဘောတရားများကို ကြေညက်စွာ နားလည်ခြင်းပင်ဖြစ်သည်။ ဘားနတ်လာဖယ်ရက်တိ ဆိုသူက အာဏာရှင်စနစ် အဆောက်အအုံအား အိမ်တလုံးနှင့် ယှဉ်၍ ဥပမာပြထားသည်။ အိမ်၏ခေါင်မိုးမှာ အာဏာရှင်နှင့် သူ၏ဖိနှိပ်မှု ယန္တရားများဖြစ်ပြီး၊ အုတ်မြစ်မှာမူ လူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ ခေါင်မိုးပေါ်တွင် လက်နက်များ၊ အမြောက်များ မည်မျှ တင်ထားစေကာမူ အုတ်မြစ်အားဖြိုလိုက်သည်နှင့်အိမ်ပြိုသွားမည်ဟု သူကဆိုသည်။
လူထု၏ပါဝါအား Non-cooperation နည်းဖြင့် ပြန်လည်ရယူသင့်ကြောင်း အော့ပါ လူငယ်တို့ သုံးသပ်ခဲ့ကြသည်။ ယင်းအပြင် အာဏာရှင်စနစ်ကို ဖြိုချရုံတခုတည်းနှင့် ဒီမိုကရေစီစနစ်ကို အပြည့်အ၀တည်ဆောက်ခြင်း၊ ကွဲပြားခြားနားမှုများအား လက်ခံ သဘောပေါက်ခြင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ခြင်း မပြုလုပ် နိုင်ကြောင်း သူတို့နားလည်ခဲ့ကြသည်။ သို့ဖြစ်၍ တော်လှန်ရေးမဟာဗျူဟာသည် အာဏာရှင်စနစ်ကို ဖြိုဖျက်ခြင်းနှင့်အတူ ဒီမိုကရေစီစနစ် တည်ဆောက်ခြင်း အပေါ်တွင်ပါ တပြိုင်နက်တည်း အခြေခံရမည် ဟု သူတို့ဆုံးဖြတ်ခဲ့ကြသည်။
အော့ပါလှုပ်ရှားမှု မဟာဗျူဟာတွင် အဆင့်(၅)ဆင့်ရှိပါသည်။ ယင်းတို့မှာ-
(၁)တော်လှန်ရေးယဉ်ကျေးမှုတရပ်ဖန်တီးပြင်ဆင်ခြင်း
တော်လှန်ရေး ပြုပြင်ပြောင်းလဲမှုတရပ် ပေါ်ပေါက်လာစေရန် ယဉ်ကျေးမှု တရပ်လိုအပ်သည်။ မည်သို့သော ယဉ်ကျေးမှု မျိုးနည်း။ ပုန်ကန်တော်လှန်သော ယဉ်ကျေးမှု။ ယင်းအဆင့်တွင် အရေးကြီးဆုံးမှာ တော်လှန်ရေး အမြင်ရှိရန်ဖြစ်သည်။ တော်လှန်ရေး အမြင်ရှင်သန်နေမှသာ နေရာယူလိုစိတ်များ၊ အမြင်ကွဲပြားမှုများနှင့် တော်လှန်ရေး သမားများ အကြားတွင် တခါတရံရှိတတ်သော အာဃာတများ ပျောက်ကွယ်ပြီး ညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ အော့ပါတွင် ရှင်းလင်း ပြတ်သားသော တော်လှန်ရေးအမြင်ရှိခဲ့သည်။ နိုင်ငံအ၀ှမ်း ချိတ်ဆွဲသော ပိုစတာများတွင် “He’s Finished ” ဟု ရေးသားကြသည်၊ အားလုံး၏ အဓိကရန်သူသည် အာဏာရှင်ဖြစ်ကြောင်း လူတိုင်းနားလည်သည်၊ မည်သည်ကို တော်လှန်ရမည် ဖြစ်ကြောင်း သဘောပေါက် ခဲ့ကြသည်။

(၂) ခိုင်မာသော အဖွဲ့အစည်းတရပ် တည်ဆောက်ခြင်း
တော်လှန်ရေး မာန်ဟုန်ကို မြှင့်တင်စေရန် အဖွဲ့အစည်းတရပ်လိုအပ်သည်။ ပြုပြင် ပြောင်းလဲမှု တရပ်ကို ဟိုတစု၊ ဒီတစု လုပ်ယူ၍မရ။ နိုင်ငံရေးဦးဆောင် အဖွဲ့လိုအပ်သည်။ ဤအဆင့်တွင် အရေးကြီးဆုံးမှာ အဖွဲ့ဝင်များ အကြားယုံကြည်မှု လျော့နည်းခြင်း မဖြစ်လာစေရန် သတိပြုရမည်။ တဦးနှင့်တဦး ယုံကြည်မှု လျော့နည်း လာခြင်းသည် တော်လှန်ရေးအင်အားကို လျော့ကျစေသည်၊ တော်လှန်ရေး လှုပ်ရှားမှုများသည် လှုပ်ရှားနေသူ အသိုင်းအ၀ိုင်းကြားတွင်သာ ပျံ့နှံ့နေပြီး ယင်းအသိုင်းအ၀ိုင်းပြင်ပမှ လူသစ်များ ထပ်မံ ၀င်ရောက်လာခြင်းကို ကန့်သတ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။

(၃) ထိပ်တိုက်ရင်ဆိုင်ခြင်း
ယင်းအဆင့်၌ လူထုများ ပူးပေါင်းပါဝင်လာရန်လိုအပ်သည်။ အော့ပါထိပ်တိုက်ရင်ဆိုင်ခြင်း အဆင့်သည် သေးငယ်သော ဆန္ဒပြပွဲများမှ စတင်ခဲ့သည်။ ပြုလုပ်သော နေရာများမှာလဲ လူသွားလူလာ အများဆုံး နေရာများတွင်ဖြစ်ပြီး လူထုကြားသို့ အမြန်ဆုံးသတင်း ပျံ့နှံ့စေသည့် နေရာများဖြစ်သည်။

(၄) နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှု မပြုလုပ်ခြင်း (၀ါ) ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း
ယင်းအဆင့်သည် လူထုများအကြား တော်လှန်ရေးအမြင်၊ တော်လှန်ရေးအသံများ နှိုးကြားလာချိန်တွင် ဖြစ်ပေါ်ရမည်။ သပိတ်မှောက်မှုများ၊ ဆန္ဒပြမှုများဖြင့် အာဏာရှင် စနစ် ပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်ခြင်းဖြစ်သည်။

(၅) စင်ပြိုင်အဖွဲ့အစည်းများ တည်ထောင်ခြင်း
ယင်းအဆင့်ဖြစ်ပေါ်လာစေရန် တော်လှန်ရေးစတင်စဉ်ကပင် ခြေကုပ်ယူရမည်။ ထိပ်တိုက် ရင်ဆိုင်စဉ် ကာလတွင် စင်ပြိုင်အဖွဲ့များ ကြီးထွားနေရန် လိုအပ်ပြီး လူထုလှုပ်ရှားမှု အရှိန်ရလာသည်နှင့်အမျှ လူ့ဘောင်သစ် တည်ဆောက်ရေး ၏ အခြေခံအဆောက်အအုံများ ဖြစ်လာရန် လိုအပ်ပေသည်။

ဤဆောင်းပါးလေးအား အော့ပါလူငယ်များ၏ ကြွေးကြော်သံဖြင့် နိဂုံးချုပ်ပါမည်။
”အာဏာရှင်စနစ်သည် သေဆုံးမည့် အရာဖြစ်၍ တော်လှန်ရေးဆိုသည်ကား ဘ၀အသစ် စတင်ခြင်း ဖြစ်သည်”

ခင်မမမျိုး

Thursday, January 15, 2015

“လေထဲဆောက်သော တိုက်အိမ်များ”

          ကိုယ့်တိုင်းပြည်က ပညာတတ်တွေ သူများနိုင်ငံမှာ ထွက်အလုပ်လုပ်ကုန်ကြတာကိုသူတို့အနောက်နိုင်ငံကလူတွေက ဦးနှောက်ယိုစီးမှု လို့ ခေါ်ပါသတဲ့။ ဘွဲ့ရပညာတတ်ဖြစ်လျက်သားနဲ့ကိုယ်တတ်တဲ့ပညာကို အသုံးမချတဲ့သူတွေကိုတော့ ဦးနှောက်ပြုန်းတီးမှု လို့ ခေါ်ပြန်သတဲ့။လက်ရှိ ကိုယ်တို့တိုင်းပြည်မှာ ဖြစ်ပျက်နေသမျှကတော့ ဦးနှောက်ယိုစီးတာထက်လည်း ပိုတယ်။ဦးနှောက်ပြုန်းတီးတာထက်လည်း ပိုတယ်။ ဆေးပညာသဘောအရဆိုရင်တော့ ဦးခေါင်းခွံထဲမှာ ဦးနှောက်မှအပဖြစ်သောအရာတွေပြွတ်သိပ်တိုးပွားလာတဲ့အတွက် ဦးနှောက်အပေါ်ဖိအားတွေ မတန်တဆဖြစ်လာပြီး ဦးခွံဒွာရတွေကနေအပြင်ကိုတွန်းကန်ထွက်ကုန်တာ။ အဲ့ဒါ သေတတ်တယ်။ ဦးခေါင်းကို ဒဏ်ရာရတဲ့လူတွေ သေရင်၊ ဦးနှောက်သွေးကြောပေါက်တဲ့သူတွေသေရင် အဲ့ဒါနဲ့ပဲ သေတာ။ အခုလည်း ကိုယ်တို့မြန်မာပြည်ကြီးဟာ သင်းသတ်ထားတဲ့ သစ်ပင်ကြီးလိုပဲ။ကြည့်ရင်းကြည့်ရင်း မကြာခင် အသက်ကုန်တော့မယ်။ ကိုယ့်တိုင်းပြည်မှာ ပညာတတ်တွေအတွက် နေရာမပေးနိုင်ဘူး။ပညာတတ်တွေခမျာ ကိုယ့်တိုင်းပြည်တွင်းမှာ ပညာနဲ့ အသက်မွေးဝမ်းကြောင်းလို့ မရဘူး။ ပညာတတ်တွေအပေါ်မှာပညာတတ်မဟုတ်သောသူများရဲ့ ဆင်ခြင်စာနာမဲ့ ဖိစီးမှုတွေကြောင့် ကိုယ့်ပြည်တွင်းမှာ အနှစ်နှစ်အလလပျိုးထောင်ထားတဲ့ ပညာတတ်အသီးအပွင့်တွေဟာ မျိုးစေ့လည်းမှန် ပင်လည်းသန်ပါလျက် ပေါင်းမြက်ခြုံရိုင်းတွေကိုမတိုးနိုင်လို့ သူများရပ်ရွာက မြေတောင်မြှောက်ပေးမယ့်သူတွေ လက်ကို ပါကုန်ပြီ။

          တကယ်တမ်းစဉ်းစားကြည့်တော့ ကိုယ့်တိုင်းပြည်က သူများဆီထွက်ကုန်တာပညာတတ်တွေချည့်ပဲ မဟုတ်ပါဘူး။ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ် အရွယ်ကောင်းကလေးတွေမှန်သမျှ
တောရောမြို့ပါမကျန် နိုင်ငံခြားကို ထွက်ကုန်တယ်။ ထင်ကြေးနဲ့ ရမ်းပြောနေတာ မဟုတ်။ ကိုယ်ကိုယ်တိုင်လည်းတောကရွာကလာတာ။ သားချင်းဆွေမျိုး ညီငယ်ညီမငယ်တွေ သန်သန်စွမ်းစွမ်းဆို ရွာမှာ တစ်ယောက်မှမရှိတော့ဘူး။ ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ သွားတုန်းကလည်း ကျီးနဲ့ဖုတ်ဖုတ်ဖြစ်နေတဲ့ရွာတွေကိုယ်တိုင်တွေ့ခဲ့ရတယ်။ မြစ်ဝကျွန်းပေါ်မှာ အလုပ်လုပ်နေတဲ့ ကလေးဆရာဝန်မမကလည်း စာလေးပေလေးရေးပါဦးတဲ့။ ကုန်ကြမ်းတွေ လှမ်းပေးရှာတယ်။ ရွာတွေမှာ ဆယ်နှစ်လောက်ဆို ကလေးတွေ ပျောက်ပျောက်ကုန်ပြီ။ရန်ကုန်တက် အိမ်ဖော်လုပ်၊ စားပွဲထိုးလုပ်၊ ပွဲစားခတတ်နိုင်ရင် နိုင်ငံခြားထွက် ကျွန်ခံရလို့အထက်တန်းကျောင်းတွေမှာ ကျောင်းသားမရှိတော့ဘူးတဲ့။ အလကားပဲလေ။ အချိန်ကုန်၊ ငွေကုန်၊အလုပ်မရ၊ အကျိုးမရှိ၊ ကျောင်းဆရာမတွေတောင် ရွာက တင်ကျွေးထားရတဲ့ ဥစ္စာ။ ပညာတတ်မျိုးဆက်တောင်ပြတ်တော့မယ့်ပုံပဲ။ ပညာဆိုတာကြီးက စားဝတ်နေရေးအတွက်မှ သုံးမရရင် ဘယ်နေရာ သွားသုံးဖို့လဲ။ကိုယ့်တစ်ကိုယ်တည်း ကောင်းဖို့ စဉ်းစားတာ မဟုတ်ဘူး။ ပြည်တွင်းမှာ ဟိုအသိုင်းအဝိုင်းကျောထောက်နောက်ခံမရှိရင် ရပ်တည်ရှင်သန်ဖို့ အခွင့်အလမ်းက မဖြစ်နိုင်သလောက်ပဲ။

          နောက်ဆုံးတော့ကိုယ်တို့ဆီကနေ ယိုစီးပြုန်းတီးပြီး အပြင်ထွက်သွားတာတွေဟာ လူငယ်လူရွယ်အများစု ဖြစ်တဲ့အတွက်အနာဂတ်တွေဆုံးရှုံးသွားတာလို့ ပြောရင် ပိုမှန်လိမ့်မယ်။ ကိုယ်တို့ရှေ့က မျိုးဆက်တွေဟာတိုင်းပြည်ရဲ့ သယံဇာတနဲ့ ကုန်ထုတ်လုပ်ငန်း အသီးအပွင့်တွေကို ကိုယ်တို့အတွက် အမွေမပေးခဲ့နိုင်ရုံတင်မကဘူး။ကိုယ်တို့လက်ထက်ရောက်မှ သီးပွင့်ဖွံ့ဖြိုးလာမယ့် အညွန့်အဖူးကလေးတွေကိုပါ ဘာမှမကျန်အောင်ခူးဆွတ်စားသုံးသွားပြီ။ ဒါကြောင့် ကိုယ်တို့မျိုးဆက် သူများတိုင်းပြည်မှာ ထွက်ရှာရတာဟာကိုယ်တို့စားသုံးဖို့မဟုတ်ဘူး။ ကိုယ်တို့ သားသမီးတွေ စားသုံးဖို့လည်း မဟုတ်ဘူး။ အဲ့ဒါတွေလည်းပါတော့ ပါတာပေါ့။ မပါမဖြစ် ထည့်တွက်ထားရမှာက ကိုယ်တို့ရှေ့က သွားနှင့်ပြီးသော ဘိုးတော်ဘတော်များမြိန်ရည်ယှက်ရည် စားသုံးနိုင်ပါစေကြောင်းက အဓိကပါတယ်။ မဟုတ်ဘူးလို့ထင်ရင် သက်သေပြရသေးတာပ။ကချင်ပြည်နယ်က ကျောက်စိမ်းအထွက်ဆုံးဒေသ မဟုတ်ဘူးလား။ အဲ့သည်ကျောက်စိမ်းတွေ ရောင်းတဲ့ငွေတွေကို စစ်ပြေးဒုက္ခသည်စခန်းက ကျောင်းမတက်နိုင်တဲ့ ကလေးလေးတွေ ထမင်းစားဖို့ရသလား။ မနောပွဲမှာကချင်လွယ်အိပ်ကလေးလွယ်ပြီး ဓါးကလေးလှည့်ကာလှည့်ကာ ကပြတဲ့ လခသိန်းငါးဆယ်တန် ဘဘကြီးကရသလား။ ရှင်းရှင်းလေးရယ်။

        ကိုယ်တို့လို အဖြစ်အပျက်မျိုးဆိုတာ တံခါးဖွင့်ပေးလိုက်တဲ့ နိုင်ငံတိုင်းမှာတွေ့ရပါတယ်တဲ့။
ဝေးဝေးသွားကြည့်စရာမလိုဘူး ကိုယ့်ဘေးမှာတင် တရုတ်နဲ့ အိန္ဒိယရှိတယ်။သူတို့ဆီကလည်း ပညာတတ်လူသန်းပေါင်းများစွာ တိုင်းပြည်ပြင်ပမှာ ထွက်ပြီး ကျင်လည်ကျက်စားကြရတယ်။ဒါပေမယ့် ရေရှည်ကို မျှော်တွေးကြည့်တော့ အဲ့ဒါ Brain drain မဟုတ်ပါဘူး။ Brain gainပါတဲ့။ အချိန်တန်တော့ သူတို့လူမျိုးတွေဟာ တသက်လုံးရှာဖွေ စုဆောင်းထားတဲ့ အရင်းအနှီးများရောအတတ်ပညာများပါသယ်ဆောင်ပြီး သားရွှေအိုးထမ်းလာတာမို့ ကိုယ့်တိုင်းပြည်အတွက် မနစ်နာပါဘူးတဲ့။ဒါကြောင့်လည်း “ပေတစ်သောင်းမြင့်တဲ့ အပင်ဖြစ်ပစေ။ အရွက်ကြွေရင်တော့ အမြစ်ရှိရာ ပြန်လာကြ။”လို့ ပညာရှိမှာတမ်းချွေတာ ဖြစ်မယ်။ သည်လိုဆိုရင် ကိုယ်တို့လည်း ရေခြားမြေခြား စွန့်စွန့်စားစားအလုပ်ထွက်လုပ်နေသူတွေ ကိုယ့်တိုင်းပြည်ကိုယ် ပြန်လာရင် လုပ်ငန်းအတွေ့အကြုံ ကျွမ်းကျင်ပြီးသေားရောစုမိဆောင်းမိ ငွေကြေးအရင်းအနှီးများပါ သပိတ်ဝင်အိပ်ဝင် ပြန်ဝင်ရချည်သေးရဲ့ လို့ အားတက်ရတော့မှာပေါ့နော်။ကိုယ့်ညီများ ညီမများ နိုင်ငံရပ်ခြားမှာ ကြိုးစားရုန်းကန်ရင်း အထုပ်နဲ့အထည်နဲ့ လောက်လောက်လားလားရှိလာရင် မြန်မာပြည် ပြန်လာခဲ့ကြလကွဲ့။ တို့ပြည်မှာ ရေလည်း ပိုချိုသကွဲ့။ မြက်လည်းပိုစိမ်းသကွဲ့။အပျိုစင်အလန်းဇယားကလေးများလည်း အဘလက်၊ အဘတပည့်လက်၊ အဘသားမြေးတွေလက်က လွတ်အောင်ရှောင်နိုင်ရင်၊သူတို့ကဆွဲစားပြီး ပြန်စွန့်လိုက်ရင်၊ သူတို့စိတ်ထဲ မပြစ်မှားလောက်ဘူး လို့ထင်ရင်၊ရွေးစမ်းပါလေ့ ကိုယ့်လူရာ။ အဲ့လိုအဲ့လို မက်လုံးကလေးတွေပေးလို့ ပြန်မလာပဲ မနေဖြစ်အောင်ပေါ်လစီလော်ဘီစာကလေးများ ရေးရကောင်းမလား စဉ်းစားမိတယ်။

         ကိုယ့်မွေးရပ်မြေနဲ့ နှစ်ရှည်လများ ခွဲခွာနေရတဲ့သူဆိုတာ ကိုယ်ကတစ်ခွန်းမှမဆွယ်လည်းပဲ သူ့ဟာသူတော့ ပြန်ချင်တဲ့စိတ် ရှိတာပဲ။ သူများရပ်ရွာမှာ ရေဘယ်လောက်ကြည်ကြည်၊မြက်ဘယ်လောက်နုနု၊ ကိုယ့်ဇာတိမွေးမြေကို မေ့သွားမှာတော့ မဟုတ်ဘူး။ အလုပ်အကိုင် အဆင်ပြေ၊စုစုဆောင်းဆောင်း အဖတ်တင်လာပြီဆိုရင် ဒါလေးနဲ့ ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ရင်းနှီးလုပ်ကိုင်စားရရင်လူမချမ်းသာဦးတော့ စိတ်တော့ ချမ်းသာရမှာ အမှန်ပဲ လို့ တွေးမိတတ်တယ်။ ကိုယ်နဲ့သိတဲ့လူတချို့ဟာလည်းအဲသည်ကိစ္စ ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်ကြတယ်။ ဟိုမှာ သူတို့ရနေတဲ့ လစာငွေကြေး၊ခံစားခွင့်မျိုးကို ပြည်တွင်းမှာရဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမယ့် တော်တော်များများကလခစားဆက်လုပ်ရမှာကို စိတ်ကုန်နေပြီ။ ကိုယ်ပိုင်စီးပွားရေးသာ လုပ်ချင်ကြတယ်။ ရုပ်ရှင်ထဲမလည်းတွေ့ဖူးတယ်လေ။ မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ်၊ နိုင်ငံခြားကပြန်လာရင် နံကထိုင်ကြီးနဲ့ချီးပုံးကြီးနဲ့ ကုမ္ပဏီထောင်ပြီး ပေါတောတောတပည့်တွေမွေး၊ ဖူးစာရှင်လှည့်ရှာတော့တာပဲ။(ဟွန့် လူများ ငပေါကြီးမှတ်လို့။ သူ့တပည့်လုပ်စရာလား။) ကိုယ့်စိတ်ထဲမှာတော့ အဲ့လိုအခါမျိုးကျရင်လေထဲဆောက်တဲ့ တိုက်အိမ်ကြီးတွေကို ပြေးပြေးမြင်မိတော့တာပဲ။ ဟုတ်တယ်။ ကိုယ်တို့မြန်မာပြည်စီးပွားရေးရင်းနှီးမြှုတ်နှံမှုအပိုင်းက လေထဲတိုက်အိမ်ဆောက်တတ်မှရတယ်။

          ဥပမာ ဆိုကြပါစို့။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးတည်ဆောက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ ပညာရေးကျန်းမာရေး အသုံးစားရိတ်တွေကို နိုင်ငံတော်က အားပါးတရကြီးကူးတို့ဆိပ်မှာ မှို့အိပ်ဖွင့်သလို ဖွင့်ချ သွန်ချလိုက်တယ် ဆိုပါစို့။ နဂိုက ကုတင် ၁၀၀၀ဆန့်ဆေးရုံကြီးကို ဖွဲ့စည်းပုံတိုးချဲ့ပြီး ကုတင် ၃၀၀၀ လို့ အဆင့်မြှင့်ပေးလိုက်တယ်ထား။  လူနာဆောင် အသစ်ကြီးတွေ၊
ခေတ်မီစက်ကိရိယာပစ္စည်းတွေကိုခဏအသာထားလိုက်စမ်းပါဦးလေ။ လောလောဆယ် မရှိမဖြစ် လိုအပ်တာက နောက်ထပ် ကုတင် အလုံး ၂၀၀၀ဝယ်ရတော့မယ်။ ဘယ်စတိုးဆိုင်မှာမှ ကုတင်အလုံး ၂၀၀၀ လက်ညှိုးထိုးပြစရာ အဆင်သင့်မရှိဘူး။ဒါပေမယ့် လိုအပ်တဲ့ ကုတင်အလုံး ၂၀၀၀ ကို သတ်မှတ်ရက်အတွင်း ဆေးရုံကိုအရောက်ပို့ပေးနိုင်မယ့်အထဲကချိတ်ပိတ်တင်ဒါခေါ်ပြီး ပစ္စည်းလည်းအကောင်းဆုံး၊ ဈေးလည်းအသက်သာဆုံးဆိုတဲ့လူဆီက စာချုပ်ချုပ်ပြီးအစည်းအဝေးဆုံးဖြတ်ချက်အရဆို ဝယ်ကြတယ်။ အဲ့ဒီတော့ ရောင်းမယ့်လူဟာ သူ့လက်ထဲ ကုတင် ၂၀၀၀ပြစရာမလိုဘူး။ စာရွက်ကလေးပေါ် ပစ္စည်းနမူနာကလေး ပြလို့ အရုပ်ရေးရောင်းတာ။ အရင်းဘယ်လောက်၊အမြတ်ဘယ်လောက်၊ သယ်ယူပို့ဆောင်ခဘယ်လောက်။ ဘာမှ တွက်စရာမလိုဘူး။ ဈေးပြိုင်တင်ဒါမှာ ဘယ်လောက်နဲ့ဝင်ရမလဲပဲ သိစရာလိုတယ်။ ဒီနေရာ ဒီလေလံပွဲဟာ သူ့အတွက်လုပ်တာမဟုတ်ဘူး။ ရည်စူးပြီးသားလူရှိမရှိဆိုတာလည်း သိမှရတယ်။ သူများနိုင်ငံတွေမှာလုပ်သလို “ကျွန်တော်တို့ကုမ္ပဏီက ကုန်ပစ္စည်းများဟာအရည်အသွေးကဘယ်လို၊ ဝါရန်တီကဘယ်လို၊ မိန်တိန်းနန့်က ဘယ့်နှယ်” တွေ လာမပြောနဲ့။ အဲ့ဒါတွေသည်မှာ မလိုဘူး။ ကိုယ့်ဆီက ကြိုက်ရောင်းကြိုက်ဝယ်။ “ငါ့လက်ကလွတ် ဗြွတ်” စံနစ်။ သည်နေ့ဝယ်ပြီးနောက်နေ့ပျက်သွားရင် လွှင့်သာပစ်လိုက်။ ကွန်ပလိန့်တက်စရာ ကုမ္ပဏီက ရုံးခန်းတောင် မရှိဘူး။ခါတော်မှီ။

         ဒါက ဝယ်တဲ့လူအပိုင်းပဲ ရှိသေးတာ။ ရောင်းတဲ့လူအပိုင်းကို သွားကြည့်ကြဦးစို့။ဒါမျိုးကို ကိုယ်တို့ဆီမှာ ခွင် လို့ခေါ်တယ်။ ခွင်မရှိပဲ ခွင်မဖန်ပဲ ဘာကိုမှ လုပ်စားလို့မရဘူး။ဟောအခု စိုင်ကော်လို့ ခြုံပေါ်ရောက်။ လူကြီးနဲ့ နီးစပ်ပြီး ခွင်ကောင်းကောင်းတစ်ခု မိသွားပြီ။(ဆေးခွင် ဆေးခွင်) တင်ဒါအောင်ထားတာ ကုတင်အလုံး ၂၀၀၀။ ကိုယ့်ဆီမှာရှိတာ နှစ်ဒါဇင်တောင်မပြည့်။ ဆိုင်တကာလှည့် ရှိသမျှကုတင်တွေ အကုန်လိုက်သိမ်း။ နိုင်ငံခြားကလှမ်းမှာ။ သင်္ဘောကြီးနဲ့ပါလာမယ်ပြောထား။ ရှိရှိသမျှ တံခါးမှူးဒတ္တတွေအကုန် လမ်းကြောင်းနဲ့ဝေထား။ ဒါ လူကြီးပစ္စည်းတွေ။မကြာစေရန် ရတနာချွေရန် ရာကုဋေအမြန်ဆိုတဲ့အတိုင်းပေါ့။ သူတို့တတ်ပါတယ်။ စာချုပ်ချုပ်လိုက်တဲ့အချိန်ကနေပစ္စည်းတွေအပ်ပြီးတဲ့အထိ အားလုံးချောချောမောမော ဖြစ်ပြီဆိုမှ လက်ဝါးချင်းရိုက်လိုက်တော့။အောင်ပြီ သား အောင်ပြီ။ ဒါ ဥပမာပေးတာနော်။ အချိန်တိုင်း နေရာတိုင်းမှာ အဲသည်သဘောအတိုင်းပဲစီးပွားရေး လုပ်ကြရတယ်။ ဂိမ်းကစားသလိုပေါ့။ တစ်ပွဲသိမ်းလို့ တစ်ချီပွရင် နောက်တစ်ပွဲဆက်တက်ကြမယ်။အဲ့သလို အရာခပ်သိမ်း ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နေဖို့ဆိုတာ ကိုယ်တို့ရွှေပြည်ကြီးမှာ ဘယ်အရပ်သားတတ်နိုင်သလဲ ပြောစမ်းပါ။ တကယ်လို့များ တနေရာရာမှာ အကြောင်းတစ်ခုခုနဲ့ ကြန့်ကြာတစ်ဆို့သွားမယ်ဆိုရင် ကိုယ့်အစွမ်းအစနဲ့ ရှင်းနိုင်ရှင်း၊ မရှင်းနိုင် ပတ်ရှုတ်ကုန်ကြရော။

          အရာရာ မတည်မြဲတဲ့ သင်္ခါရလောကကြီးထဲမှာ ကိုယ်တို့ဆီက စီးပွားရေးရင်းနှီးမြှုတ်နှံမှုများဟာအကောင်အထည် မမြင်ရသော လုပ်ပိုင်ခွင့်အာဏာဆိုတဲ့ လေဟာနယ်ထဲမှာ တိုက်အိမ်ကြီးလည်းဆောက်ကြတယ်။တံတားကြီးလည်းခင်းကြတယ်။ နန်းတော်ကြီးလည်း တည်ကြတယ်။ ဒါပေမယ့် ပြောင်းလဲသော သင်္ခါရတရားအရသူတို့ရဲ့တည်မှီရာ အာဏာပိုင်ကြီး ယိမ်းယိုင်သွားတဲ့အခါ ဘယ်လောက်ပဲ စံနစ်တကျ အခိုင်အမာတည်ဆောက်ပြီးသားဘုံဗိမ္မာန်ကြီးပဲ ဖြစ်ဖြစ်
လေထဲဆောက်တဲ့တိုက်အိမ်မှန်း သိသာသွားတော့တယ်။ သတင်းစာထဲမှာဟိုးလေးတကျော်ဖြစ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းစုကြီးက ထင်ရှားတဲ့ ဥပမာတစ်ခုပါပဲ။ သူရောက်ခဲ့တဲ့နေရာဟာရန်ကုန်မြို့မှာ ပါချီပါချဲ့ လိမ်စားညာစား အာဝါဒါးကန်ထရိုက်အဆင့်အတန်းမျိုးတော့ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့်လည်း လူတွေအများကြီး ယုံကြည်အပ်နှံပြီး ခွင်ပေါင်းများစွာ ဆင်ထားနိုင်ခဲ့တာ။ ဒါပေမယ့် သူလေထဲဆောက်တဲ့ တိုက်တွေပြိုတဲ့အခါ ရှိသမျှစည်းစိမ်တွေ ပြုတ်ပြုတ်ပြုန်းရုံတင်မကဘူး။ လူလိမ်လူညာ၊ ကတိမတည်တဲ့သူ၊ ငါးပြားဖိုးမှ ယုံစားဖို့ မကောင်းတဲ့သူ၊ အမှုတစ်သန်းနဲ့ မသေမချင်းထောင်ထဲကိုသွားစေသတည်း ဆိုတာမျိုး ဖြစ်သွားတယ်။

          အဲဒီလူကြီးနဲ့ကိုယ်နဲ့က နံမယ်တောင် မမှတ်မိတာမို့ ဘုမသိဘမသိ သူ့ဘက်ကရှေ့နေလိုက်စရာ အကြောင်း မရှိပါဘူး။ ပိုက်ဆံတွေ ဆုံးတဲ့သူတွေအတွက်တော့ သူဟာ လူလိမ်ပေါ့။ဒါပေမယ့် အဲသည်ပိုက်ဆံတွေမဆုံးပဲ ကတိအတိုင်း ပြီးအောင်ဆောက်သွားနိုင်ရင်တော့
လေးစားလောက်သောလုပ်ငန်းရှင်ကြီးပေါ့။ အဲသည်ပုံရိပ်နှစ်ခုအကြားမှာ ကာယကံရှင်က တစ်ယောက်တည်းပဲ။ သူလော်မာပြီးလူတကာကိုလိမ်စားလိုက်မယ်ဟဲ့လို့ လုပ်ခဲ့တာ မဟုတ်ဘူး။ မလိမ်မဖြစ် လိမ်ရတဲ့ဘဝရောက်အောင်အကြောင်းတစ်ခုက တွန်းပို့သွားတာ။ သူ့လိုမျိုးလူတွေ ကိုယ်တို့တိုင်းပြည်ရဲ့ စီးပွားရေးလောကထဲမှာတပုံကြီးပဲ။ အချီကြီးကြံလာခဲ့ပြီးမှ ဘဝပါပျက်သွားရတာ။ သူဌေးဖြစ်မလား ခွေးဖြစ်မလားဆိုတာကိုယ့်စွမ်းဆောင်ရည် ကံ၊ ဥာဏ်၊ ဝီရိယ သက်သက်ထက် သူတပါးဘုန်းရိပ်ကံရိပ်ကို မှီထားရတာကြောင့်ဖြစ်ရလေတယ် လို့ ထင်မိတာပဲ။ ကိုယ်နဲ့အင်မတန် ရင်းနှီးတဲ့သူတွေထဲမှာ မြန်မာပြည်စီးပွားရေးလောကထဲမှာမသိသူမရှိ၊ သိက္ခာရှိရှိ၊ နံမယ်ကောင်းတစ်လုံးနဲ့ နေလာသူတစ်ယောက်ရှိတယ်။ အောင်မြင်လာတာလည်းကြောက်ခမန်းလိလိ။ စီးပွားရေးအကွက်မြင်တဲ့နေရာမှာလည်း သူ့ကို ဘယ်သူမှမမီဘူး။ သူလည်းလေထဲမှာ တိုက်အိမ်အကြီးကြီးဆောက်တယ်။ နည်းနည်းနောနောတိုက်အိမ်ကြီး မဟုတ်ဘူး။ မြန်မာပြည်မှာကွန်ဒိုမီနီယမ် မမြင်ဖူးခင်ကတည်းက သူဆောက်နေပြီ။ သူ့လက်နဲ့ထိသမျှ ရွှေဖြစ်နေတဲ့အချိန်မှာစီးပွားဥစ္စာတွေဟာ ဆူနာမီအလားကို တရိပ်ရိပ်တက်လာခဲ့တာ။ ဒါပေမယ့် သူ့တိုက်အိမ်ကြီး ပြိုသွားတယ်။အပြင်ရန်၊ အတွင်းရန်၊ အထက်ရန်၊ အောက်ရန်တွေ ဆုံလာတဲ့အခိုက် သူ့ရှေ့လူတွေ ဖြစ်တဲ့အတိုင်းသူလည်းအမြစ်ကနေအလှဲခံလိုက်ရတယ်။ လူလိမ်လူညာအဖြစ် တရားစွဲအမဲဖျက်နေကြတဲ့အချိန်မှာ သူ ဘယ်သူ့ကိုမှမလိမ်ဘူးဆိုတာ ကိုယ့်လောက်သိတဲ့သူ မရှိဘူး။ ဒါပေမယ့်လည်း မပြေးသော် ကန်ရာရှိခဲ့ပြီ။မကန်သော် ပြေးရုံသာရှိပြီ။ ပေါ်လစီအပြောင်းအလဲနဲ့ ကားဈေးကွက် ကမောက်ကမဖြစ်ချိန်မှာ ရှိုးရွမ်းပိတ်ပြီးဝါးရမ်းပြေးလုပ်ရတဲ့သူတွေလည်း တပုံကြီး။ သူတို့လည်း ကိုယ်နဲ့သိတဲ့လူတွေပါတာပဲ။ လူလိမ်တွေမဟုတ်ဘူး။ ကောင်းရောင်းကောင်းဝယ် စီးပွားရေး လုပ်စားသူတွေ။ ဒါပေမယ့် ကတိမတည်ပဲ ပိုက်ဆံတွေဆုံးကုန်မှတော့လိမ်တာမဟုတ်လို့ ဘာတုန်း။ ချေးထားတဲ့ ပိုက်ဆံပြန်မပေးတာကရော ကလိမ်ကျစ်မဟုတ်လို့ ဘာတုန်း။တကယ်လို့များ မြန်မာပြည်မှာ စီးပွားရေးလုပ်တော့မယ်လို့ အထုပ်ကြီးအထည်ကြီးနဲ့ နိုင်ငံခြားကပြန်လာမယ့်သူတွေဟာ ကိုယ်တို့ဆီမှာ သည်လိုဖြစ်တတ်တဲ့သဘောကလေးတွေကို တွေးမှ တွေးထားမိပါလေစလို့ သတိပေးချင်တာပါ။ သည်ဘက်အရပ်မှာ စီးပွားရေးလုပ်ချင် လေထဲတိုက်အိမ်ဆောက်တတ်မှရမယ်။အခန့်မသင့်လို့ ပြိုလဲသွားခဲ့သည်ရှိသော် လေထဲမှာမို့လို့ အကျမနာဘူးလို့ မထင်နဲ့။ ဘဝပါပျက်သွားတာခဏခဏ မြင်ဖူးတယ် လို့ ပြောချင်တာ။

          ကိုယ့်တိုင်းပြည်ကိုယ်ပြန်လာပြီး ရင်းနှီးမြှုတ်နှံအခြေချလို့ကိုယ့်အတွက်ရော တိုင်းပြည်အတွက်ပါ Brain Gain ဖြစ်စေချင်ရင်၊ Financial Gain ဖြစ်ချင်ရင်လေထဲမှာတော့ တိုက်အိမ်ဆောက်ဖို့ မစဉ်းစားပါနဲ့။ ဖောင်ဒေးရှင်းကောင်းကောင်းတစ်ခုတော့ခိုင်ခိုင်မာမာ ရှိမှ ဖြစ်မှာပါ။ အဲ့ဒီဖောင်ဒေးရှင်းက “ငါးနှစ်လောက် ဆက်ပေးလုပ်ပါဦး။စင်္ကာပူလို ဖြစ်သွားစေရမယ်။” လို့ မရှက်မကြောက် အာမခံရဲသူကြီး မဟုတ်ဘူး။ (မြေနီကုန်းလှည်းတန်း တံတားနှစ်ခုနဲ့တင် ငါးနှစ်ကုန်ခဲ့တာ သူမဟုတ်သလိုပဲ) ဆွယ်တာကလေးထိုးပြီး သိန်းရာထောင်ချီရောင်းလို့ရတဲ့ဘွားတော်လည်း မဟုတ်ဘူး။ (အခုလောလောဆယ် သူနဲ့ စကားမပြောဘူး၊ သူတက်တဲ့ပွဲတွေ လုံးဝမတက်ဘူးလို့ဘူးခံနေတဲ့ ခရိုနီကြီးတွေဟာ ဘွားတော်ကြီး အာဏာရကြည့်။ နေ့မကူးဘူး။ ပြေးကပ်ကြမှာ။) ဘယ်အစိုးရတက်တက်အဂတိလိုက်စားခြင်းကင်းသော ဌာနဆိုင်ရာနဲ့ တပ်ဘက်အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းလာမှဖြစ်မှာ။ တရားမဝင်ငွေကြေးများ ခဝါချခြင်းကင်းသော၊ အာဏာရှင်အပေါ် မှီခိုခြင်းကင်းသောဘဏ်စံနစ်လည်း ရှိမှ ဖြစ်မှာ။ ဆုတောင်းလေ ဆုတောင်း။ ဆုတောင်းပြည့်တော့ ပြန်လာခဲ့။ ဟုတ်ပြီလား။

ပြန်ပြီး အသက်သွင်းကြည့်တာ..။

Thursday, June 19, 2014

သန္တိသုခ သတင်း

မဟာသန္တိသုခကျောင်းကို စီးနင်းခဲ့မှု အပြီးမှာ လူဝတ်လဲခံရပြီး အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီး ခံထားရတဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းက ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံရုံးက သံတမန် ၂ ယောက် ဒီနေ့မနက် သွားရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။
ဒီတော့ ဆရာတော်ရဲ့ အခြေအနေနဲ့ သံရုံးဘက်က ဘယ်လို အကူအညီတွေ ပေးမှာလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ဗြိတိန် သံရုံးက ပြောရေးဆိုခွင့် ရှိသူ Joseph Fisher ကို ဆက်သွယ် မေးကြည့်ရာမှာ...
မေး။ သူ့ အခြေအနေကို ဘယ်လို သိခဲ့ရပါလဲ။
ဖြေ။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဦးဥတ္တရတို့ ကောင်းကောင်း စကားပြောခဲ့ရပါတယ်။ လောလောဆယ် သူ့ကို တရား ရုံးကနေ ရမန်ယူပြီး ဖမ်းထားတာပါ။ ကျွန်တော်တို့က သူ့အတွက် ကောင်စစ်ဖက်ဆိုင်ရာ အကူညီတွေ ပေးနေတာပါ။ ပြီးတော့ ဦးဥတ္တရအနေနဲ့ ဥပဒေအရ ရှေ့နေငှားခွင့်ရဖို့ လိုအပ်ရင်ဆေးကုသမှု ခံယူခွင့်ပြုဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။
မေး။ ဦးဥတ္တရကို အာမခံနဲ့ ပြန်လွတ်အောင်ရော လုပ်လို့ရနိုင်မယ် ထင်ပါလား။
ဖြေ။ လက်ရှိမှာတော့ ကျွန်တော်တို့အနေနဲ့ ကောင်စစ်ဖက်ဆိုင်ရာ အကြံပေး ကူညီတာတွေ တတ်နိုင်သလောက် လုပ်နေပါတယ်။ လာမယ့် ဇွန်လ ၂၀ ရက် သောကြာနေ့မှာ သူ့ကို တရားရုံးထုတ် စစ်ဆေးတဲ့ အခါမှာလည်း ကျွန်တော်တို့ သံရုံးက တာဝန်ရှိသူတွေ တက်ရောက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်တွေနဲ့ မနက်တုန်းက ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော် နားလည်သလောက်တော့ သောကြာနေ့ ရုံးထုတ်တဲ့အခါ ဗြိတိသျှ သံအရာရှိတွေကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။
မေး။ ဦးဥတ္တရဟာ ဗြိတိန်နိုင်ငံသား ဖြစ်တဲ့အတွက် သူ့ကို ဗြိတိန်နိုင်ငံဆီ ပြန်ခေါ်နိုင်အောင်ရော စီစဉ်လို့ရမယ့် အနေအထား ရှိပါလား။
ဖြေ။ ကျွန်တော်က ဥပဒေရေးရာ ကျွမ်းကျင်တဲ့သူ မဟုတ်တော့ ဥပဒေရဲ့လုပ်ထုံးလုပ်နည်း အသေးစိတ်ကို မပြောနိုင်ပါဘူး။ ဘာဆက်ဖြစ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ အဓိကကျတာက ဦးဥတ္တရဟာ ဗြိတိန်နိုင်ငံသားဖြစ်တဲ့အတွက် သံရုံးကနေ ကောင်စစ်ဖက်ဆိုင်ရာ အကူအညီ အကြံဉာဏ်တွေ ပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ တတ်နိုင်သမျှ ဆက်ပြီး အကူညီပေးသွားမှာ ဖြစ်ပါတယ်။
မေး။ ထောင်ထဲမှာ သူနေရတဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲ။
ဖြေ။ မနက်က သွားတဲ့အထဲမှာ ကျွန်တော်ကိုယ်တိုင်တော့ မပါပါဘူး။ ဒါပေမယ့် သံအရာရှိတွေဟာ သူနဲ့ စကားအကြာကြီးပြောခွင့် ရခဲ့ပြီး သူ့အခြေအနေနဲ့ အမှုအကြောင်း အပါအဝင်အကြောင်းအရာ အတော်များများကို ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော် ပြောခဲ့သလိုဘဲ သူ့ကို ဥပဒေအရ ရှေ့နေငှားခွင့်ပြုဖို့နဲ့ လိုအပ်သလို ဆေးကုသခွင့်ပြုဖို့ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
မေး။ တခြား အဖမ်းခံထားရတဲ့ ဘုန်းကြီးတွေ အကြောင်းရော ဘာတွေသိရပါလဲ။
ဖြေ။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ ဗြိတိန်နိုင်ငံသားဖြစ်တဲ့ ဦးဥတ္တရကိုပဲ တွေ့ဆုံခဲ့တာဖြစ်ပြီး ကျန်တဲ့ ဘုန်းကြီးတွေကတော့ မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကောင်စစ်ဖက်ဆိုင်ရာ အကူညီတွေ ပေးလို့မရပါဘူး။


သန္တိသုခ ဖမ်းဆီးခံသံဃာများ ဇွန် ၂၀ တွင် မလွတ်လျှင် ရွှေည၀ါဆရာတော်နှင့် ဦးဝီရသူ ဦးဆောင်ဆန္ဒပြမည်

အင်္ဂလန်ဆရာတော်အ ပါအ၀င် ဖမ်းဆီးခံ
သံဃာတော် ငါးပါးအား ဇွန်လ ၂၀ ရက်တွင်
 ပြန်လွှတ်မပေးပါက ရွှေညဝါ ဆရာတော်၊
 မစိုးရိမ် ကျောင်းတိုက် ဆရာတော် ဦးဝီရသူနှင့်
 ဆရာ တော်ဦးပါမောက္ခတို့က ဦးဆောင်၍ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း


ဆရာတော်ဦးပါမောက္ခက မိန့်သည်။

ဆရာတော်ဦးပါမောက္ခနှင့် သံဃာတော်အချို့သည် အင်္ဂလန်ဆရာတော်အပါအ၀င် ဖမ်းဆီးခံသံဃာတော်ငါးပါးအား ဇွန်လ၂၀ ရက်တွင် ပြန်လွှတ်ပေးရန်အတွက်  နတ်စင်တစ်ရာကျောင်းတိုက်ဆရာတော်ထံ သွားရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးမှုများ အဖြေမထွက်ပါက အင်္ဂလန်ဆရာတော်နှင့် သံဃာလေးပါးအား ရုံးချိန်းထုတ်မည့် ဇွန်လ ၂၀ ရက်တွင် ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

 ‘‘ဟိုနေ့ကလည်း တစ်ခါ နတ်စင်တစ်ရာကျောင်းတိုက်မှာ ဆွေးနွေးခဲ့ကြတယ်။ မနက်ဖြန် ညမှာလည်း တစ်ခါဆက်ဆွေးနွေး ဦးမယ်။ ဆွေးနွေးမှာကတော့ ၂၀ ရက်မှာ  သံဃာတော်တွေကို အပြီးပြန်လွှတ်ပေးဖို့ပဲ။ ၂၀ ရက် မှ ပြန်လွှတ်မပေးဘူးဆိုရင်တော့ ဆရာတော်ဦးဝီရသူရယ်၊ ရွှေည ၀ါဆရာတော်ရယ်၊ ဦးပဉ္ဇင်းရယ် ဦး ဆောင်ပြီး လုပ်သင့်လုပ်ထိုက် တာတွေလုပ်ပြီး ဆန္ဒပြတောင်းဆို သွားမယ်’’ ဟု ဆရာတော်ဦးပါ မောက္ခက မိန့်သည်။

ဇွန်လ ၁၁ ရက်ညက တိုင်း သံဃနာယက ဆရာတော်များနှင့်သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ်၊နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်အား ချိပ်ပိတ်ကာ ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်နေသော သံဃာတော်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဇွန်လ ၁၃ ရက်တွင်အင်္ဂလန်ဆရာတော်နှင့် သံဃာလေးပါးအား လူဝတ်လဲကာ တာမွေမြို့နယ် တရားရုံး၌ ရုံးထုတ်၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ထိုသို့ သံဃာတော်များအား ဖမ်းဆီးလူဝတ်လဲ ခံရမှုနှင့် ပတ် သက်ပြီး အခြားသံဃာတော်များ နှင့် ပြည်သူများက တိုင်းသံဃာ နာယက ဆရာတော်များနှင့် သာ သနာရေးဝန်ကြီးဌာနအား  အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ ဇွန်လ ၁၆ ရက်တွင်လည်း အင်္ဂလန်နိုင်ငံ၌ ရောက်ရှိနေသောမြန်မာနိုင်ငံသားများက  အင်္ဂလန်ဆရာတော်နှင့်   သံဃာတော်လေးပါးအား ပြန်လွှတ်ပေးရန်အတွက် လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

7 Day  News daily




သူတို့ကိုလွှတ်မပေးနိုင်ရင်
ဝီရသူကို ပြန်ဖမ်းပါ
သူတို့နှင့်အတူနေပါစေ

အကယ်၍ ဦးသိန်းစိန်အရေးယူဖြေရှင်းမပေးလျှင် အံ့မောင်နှင့်
အပေါင်းအပါများကို သံဃာအားဖြင့် မဖြစ်မနေ ဖြုတ်ရပေတော့
မည်။ အလေးအနက် သတိချပ်သင့်၏။
ဝီရသူ(မစိုးရိမ်)

သူတို့ကိုလွှတ်မပေးနိုင်ရင်
ဝီရသူကို ပြန်ဖမ်းပါ
သူတို့နှင့်အတူနေပါစေ။

ဆရာတော်၏ရေးသားချက်
ဓါက်ပုံ။ ဦးဝီရသူ FACEBOOK
သတင်း ။ 7Day News Daily

“မေတ္တာဟူသည်”



“မေတ္တာဟူသည် စိမ့်စမ်းရည်သို့ တည်ငြိမ်အေးညံ့ မြရောင်ဖန့်သား။ သိမ့်သိမ့်ရစ်ခြုံ ကိုယ်၌လှုံမူ နံ့ထုံမဉ္ဇူ ပျံ့အေးကြူသို့ မတူပြိုင်ကင်း၊ သည်းထိချဉ်းလိမ့်။ ညှင်းညှင်းငြိမ့်ငြိမ့် တသိမ့်သိမ့်ရှင့်။ ဖိန့်ဖိန့်ဖျောင်းမျှ ဖြောက်မရသည်။ သာစွမေတ္တာ၊ အရသာ အရသာ။”

          ဘဘဘိုကလေးတင့်အောင်ရေးပြီး အံတီထားဆိုခဲ့တဲ့ “မေတ္တာဟူသည်” သီချင်းကလေးဟာ နားထောင်လိုက်တဲ့အခါတိုင်း ကြက်သီးမွေးညင်းထလောက်အောင် ကောင်းတယ်လို့ ပြောရင် နားထောင်ဖူးတဲ့သူတွေကတော့ ငြင်းစရာရှိမယ် မထင်ပါဘူး။ မကြားဖူးသည့်တိုင်အောင်တောင် မေတ္တာဆိုတဲ့သဘောကို သိမြင်ခံစားဖူးမယ်ဆိုရင် သီချင်းထဲက စာသားတွေကို ကူးစက်ခံစားနိုင်ပါလိမ့်မယ်။ ပြောမယ့်သာပြောရတာပါ။ သည်ခေတ်ကြီးထဲမှာ မေတ္တာဆိုတာ လူရွှင်တော်လောက်ပဲ သိမယ့်သူတွေကြားထဲ ကျွဲပါးစောင်းတီး မလုပ်ချင်ပါဘူး။ ဘယ်နေရာသွားသွား၊ ဘာစာတွေဖတ်လိုက်ဖတ်လိုက် အမုန်းမီးတွေ၊ မနာလို ၀န်တို မစ္ဆေရိယစကားသံတွေ ညံညံစာနေတော့ သည်ကမ္ဘာကြီးမှာ မေတ္တာတရားတွေ ဆိတ်သုဉ်းကုန်ပြီလား လို့တောင် အောင့်မေ့မိတယ်။ ကိုယ်နဲ့ကိုယ့်သားသမီး ဆွေမျိုးသားချင်းကလွဲရင် တလောကလုံးကို လူလို့မမှတ်တဲ့သူတွေမှာ မေတ္တာတရားရှိလိမ့်နိုးနိး ထင်မိတာကိုက ကိုယ့်အမှားပါလေ။ (အမှန်တော့ သူတို့ကသာ လူစိတ်ပျောက်နေသူတွေပါ။) ကြာလာတော့ မေတ္တာတွေ တုံးလွန်းတဲ့ မေတ္တာတုံးကြီးတွေကို ခနဖြစ်ဖြစ် စွန့်ခွာပြီး ကိုယ့်ဘာသာ ခင်ရာမင်ကြောင်း မိတ်ဆွေကောင်းများနဲ့ စိတ်ပြေလက်ပျောက် နှီးနှောပြီး ကူးးစက်လောင်မြိုက်နေတဲ့ ကိုယ့်နှလုံးသားကို မေတ္တာရေစင် ပက်ဖြန်းလို့ လန်းဆန်းစေရပါတယ်။

          သည်ရက်ပိုင်းအတွင်း သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ ကိုယ့်စာဖတ်ပရိသတ်လို့ ပြောတဲ့ အိမ်တစ်အိမ်ကို ရောက်ခဲ့တယ်။ မြင်တာနဲ့ သိဟောင်းကျွမ်းဟောင်းတစ်ယောက်လို မှတ်မိနေပြီး ရေးထားတဲ့ စာအကြောင်းပေအကြောင်းလေးတွေ ပြောရတာ ကောင်းပါတယ်။ ဒါပေမယ့် တအောင့်လောက်ကြာတဲ့အခါမှာ သူက ကိုယ့်ပရိသတ် မဟုတ်တော့ပဲ ကိုယ်ကသာ သူ့ပရိသတ်ဖြစ်သွားတာ အံ့သြစရာပါပဲ။ ကလေးတွေ ကျောင်းက ပြန်လာကြပြီလေ။ မိုးရေထဲမှာ ဆော့ကစားလာကြတဲ့ ပေတလူးကလေးတွေက သူတို့ရဲ့ တစ်နေ့တာကို အလုအယက် ဇာတ်ကြောင်းပြန်နေကြတာ ဆူလို့ညံလို့။ အကြီးကလေးတွေက မိုးကာကလေးတွေ ခေါက်သိမ်းပြီး အ၀တ်အစားလဲပေး၊ ခြေလက်သန့်စင်ပေး။ အငယ်လေးတွေက ဗိုက်ဆာလာကြလို့ထင်တယ်။ မီးဖိုချောင်ထဲ ဟပ်ထိုးလိုက်ဝင်ပြီး လှန်လှောစားသောက်ကြ။ တိုင်ကြတောကြ။ အကုန်လုံးကတော့ “အမေ့” ဆိုပြီး ပုဏ္ဏားတိုင်ထားကြတာပေါ့လေ။ အဲသည်ကလေးလေးယောက်နဲ့ ဂျင်ခြေလည်နေသူ လူလတ်ပိုင်း အမျိုးသမီးဟာ အပျိုကြီးတစ်ယောက် လို့ သိရင်တော့ သူတို့ဇာတ်လမ်းဟာ နည်းနည်း စိတ်ဝင်စားစရာ ကောင်းလာလိမ့်မယ်။ ဟုတ်တယ်။ ကလေးတွေ အားလုံး သူမွေးထားတာ တစ်ယောက်မှ မပါဘူး။ (မွေးစရာလား။ အပျိုကြီးပါဆို) မွေးစားထားတာတဲ့။ အပျိုကြီးများ အဲသလိုပဲလေ။ သူများဥကို ကိုယ့်ဥ မှတ်ချင်ကြတာ။ ဘာမှမွေးစရာမရှိရင် ခွေးတွေ ကြောင်တွေနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့အမျိုး။ ဒါပေမယ့် ဒီအပျိုကြီးကတော့ ၀ါသနာပါလွန်းလို့ သူများကလေးတွေ ဆတ်ဆတ်ဆော့ဆော့ လိုက်မွေးစားထားတာ မဟုတ်ပါဘူး။ မလွှဲမရှောင်သာ မျက်နှာလွှဲခဲပစ် မလုပ်ရက်လို့ အဖတ်ကြီးတွေ တင်သွားတာ လို့ ပြောရမယ်။ သူ့ခမျာ အားနာတတ်တယ် ထင်ပါရဲ့နော်။ ကဲ နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ မဟုတ်ဘူးလား။

          တစ်ချိန်တုန်းက ဧည့်လမ်းညွှန်လုပ်တဲ့ မရွှေချောဟာ တကာတော်ရေမြေ့ရှင်လုပ်လိုသူ ဂျပန်ဧည့်သည်ကြီးကို ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ အဖိတ်ခံရအောင်ဆိုတဲ့ စေတနာနဲ့ အားရပါးရ ကူညီခဲ့ပါသတဲ့။ အလှူရှင်ရဲ့ ဆန္ဒက ကိုယ်တို့တိုင်းပြည်မှာ အေကိုက်တဲ့သူတွေ အပေါများဆုံး နယ်စပ်မြို့ကလေးတွေက တမလွန်ခရီးအတွက် Boarding Pass ရထားပြီးသား လူနာတွေရဲ့ နောက်ဆုံးဆန္ဒကလေးတွေကို ဖြည့်ဆည်းပေးချင်ပါသတဲ့။ အဲဒါနဲ့ တာချီလိတ် ကျိုင်းတုံတ၀ိုက်ကို ဆာဗေးဆင်းကြည့်တဲ့အခါမှာ လူနာတွေအားလုံး တောင့်တမိတဲ့ နောက်ဆုံးဆန္ဒက သူတို့သေသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ သားသမီးလေးတွေကို ပညာတတ်ကလေးတွေ ဖြစ်စေချင်တယ်တဲ့။ ဖြစ်ရစေ့မှာပေါ့လေ။ မိဘမဲ့ကလေး စောင့်ရှောက်ရေးဂေဟာကလေးတစ်ခုကို စာသင်ကျောင်းကလေးနဲ့ တွဲဖွင့်နိုင်ရင် အဆင်ပြေသွားမယ့် ဥစ္စာ။ သူများကမှ အမေလာသည် ငွေပါသည် လုပ်နိုင်သေးရင် ကိုယ့်ဘက်ကလည်း လူကလေးစိုက် ကုသိုလ်ဝင်ယူလိုက်ရင် ကိုယ့်တိုင်းပြည်က ကလေးတွေ ဘ၀လှပသွားစေမှာ မဟုတ်လား။ ဒါပေမယ့်လည်း ငွေစိန် လှေလှော်ရင်း တက်ကျိုးတာ မိုးနတ်မင်းကြီးက ကျီစားလို့ပါ။ တို့မြန်မာတွေ သေခါနီး ဟိုဟာမှာ သည်ဟာမှာ၊ သားရေးသမီးရေးတွေ စီစဉ်၊ ကျန်ရစ်သူတွေ ကတိတောင်းနေတဲ့အချိန်မှာ အလှူရှင် ဂျပန်ကြီးကတော့ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ကောက်ကာငင်ကာ ဂိသွားပါတော့တယ်။ သားသမီးတွေက အဲသည်လမ်းကို ဆက်လျှောက်ရန် ဆန္ဒမရှိပါတဲ့။ ကဲ။ တို့အမကြီးနဲ့ ဟိုက “ငါမှာတာတွေ မမေ့နဲ့နော်” လူနာတွေနဲ့ အကြားမှာ ဟတ်ကော့ကြီးဖြစ်ပြီး သူ့ခမျာ “မကြီးအောင် ညာတယ်” လို့ စကားနာထိုးခံရပါတယ်။ စိတ်နာသွားလို့နဲ့ တူပါရဲ့။ နှစ်လအတွင်းမှာ လူနာထက်ဝက်ကျော် ပြုတ်ပြုတ်ပြုန်းသွားပါသတဲ့။ စကတည်းက နေမကောင်းပါဘူးဆိုတဲ့သူတွေကို သူက အိပ်မက်လာပေးပြီး ပုံပြောသွားတာကိုး။

          သည်အချိန်အထိက သူ့ဘက်မှာ ဆုတ်သာတက်သာ။ “ဆောရီး ကိုကို၊ မီးကိုခွင့်လွှတ်။” လုပ်လို့ ရပါသေးတယ်။ ဒါပေမယ့် မမက အားနာတတ်လေတော့ သူတစ်ယောက်တည်း မတတ်နိုင်သော်ငြား တတ်နိုင်သူတွေက မွေးစားချင်တယ်ဆိုရင် အဖြေတစ်ခုများ ထွက်လေမလား မျှော်လင့်နေသေးတယ်။ ဒီရောဂါက အဖေရော အမေရော ရှေ့ဆင့်နောက်ဆင့် သွားမှာဆိုတော့ မွေးစားမယ့်သူ မရှိရင် သည်ကလေးတွေ ဘယ်သူကြည့်မှာလဲ။ ဒါနဲ့ပဲ ကလေးငါးယောက် မွေးထားတဲ့ အခါလူမျိုးအိမ်က အပျိုဖော်ဝင်စ သမီးအကြီးဆုံးကလေးကို သားသမီးမရှိတဲ့ ရည်ရည်မွန်မွန် ရှမ်းမောင်နှံက ချစ်လွန်း သနားလွန်းလို့ မွေးစားပါရစေဆိုပြီး တောင်းတောင်းပန်ပန် နေရပ်လိပ်စာပေးလို့ ခေါ်သွားပါတော့တယ်။ သူ့အမေရဲ့ နောက်ဆုံးအချိန်မှာ သမီးကြီးကို တလို့ ဖအေကိုယ်တိုင် လိုက်ခေါ်တဲ့အခါမှသာ ရွာအတု၊ လိပ်စာအတု၊ လူအတုကြီးတွေ ဖြစ်နေမှန်းသိရပြီး ဗမာရဲတိုင်မရ၊ ထိုင်းရဲတိုင်မရ၊ ကိုယ်အ ကိုယ်ခံ လို့ အပြစ်တင်ခံရပါတယ်။ နယ်စပ်ဆိုတာ ဒီလိုဟာမျိုးတွေ ဆန်းမှမဆန်းတဲ့ဟာကို။ မပဋာတို့၊ ကိသာဂေါတမီတို့ကမှ ကိုယ့်ကလေးကိုယ်ပိုက်ပြီး အရူးဇာတ်ခင်းရတာ။ သည်မှာက သူများကလေးနဲ့ ရူးမတတ် ခံစားရတော့ ကျန်တဲ့ကလေးတွေကို ဘယ်သူ့လက်ထဲမှ မထည့်ဝံ့တော့ဘူး။ အိမ်ကအမေဆီကို ဖုန်းဆက်ပြီး အကျိုးအကြောင်းရှင်းပြပြီး ခွင့်တောင်းရတယ်။ “မွေးပါရစေ အမေရယ်။ မများပါဘူး။ လေးယောက်တည်းပါ။” ပေါ့။

            ရုပ်ရှင်ထဲကလို ဆိုရင်ဖြင့်  သူ့အမေကိုလည်း အကောင်းဆုံးဇာတ်ပို့ဆု ပေးရမှာပါပဲ။ တစ်ဦးတည်းသော သမီးအပျိုကလေးက မလိမ်မာ တစ်ခါမှ မမိုက်ရပဲ ကလေးလေးယောက်ပိုက် ပြန်လာရမယ့်အရေးမှာ ခင်အုန်းမြင့်ကြီး သင်္ကြန်မိုးထဲမှာ လုပ်သလို “နင် ငါ့မျက်နှာကို သေသေချာချာ ကြည့်စမ်း။ ဖြန်း။” လို့ မလုပ်ရှာပါဘူး။ ကိုယ်စထားတဲ့ဇာတ် ကိုယ့်ဘာသာကိုယ် ဆက်ကနိုင်ဖို့အရေး ကတိတစ်ခုပဲ တောင်းသတဲ့။ “စဉ်းစား။ ကိုယ့်ဘာသာကိုယ် စဉ်းစား။ သည်တစ်သက် အိမ်ထောင် မပြုတော့ဘူး လို့ သေချာရင် ခေါ်ခဲ့။” တဲ့။ အသက်သုံးဆယ် မပြည့်သေးတဲ့ သမီးပျိုကလေးကို ရည်းစားသနာ ရှိသလား မရှိသလား မှ မမေး၊ နောင်ကျ စိတ်ပြောင်းသွားမှာစိုးလို့ ချည်ပြီးတုပ်ပြီး ချုပ်ရဲတဲ့ မာမီ့ကိုလည်း အလေးပြုရမှာပါပဲ။ အတ္တကြီးတဲ့သူတွေ တွေးသလို ကိုယ်ကမွေးမှ ကိုယ့်သားဖြစ်တာ၊ ငါသေရင် ငါ့မျိုးဆက် ကျန်ရမယ် ဆိုတာမျိုး ဘာလို့ မစဉ်းစားကြသလဲ မသိဘူး။ လိုက်လည်းလိုက်တဲ့ သားအမိပါ။ သည်လိုနဲ့ ကလေးတွေ ရန်ကုန်ရောက်လာတော့ နောက်တစ်ယောက်တောင် အဆစ်ပါလာလိုက်သေး။ လားဟူသားဖွားဆရာမကလေးကမွေးတဲ့ ရှစ်လသားရင်ခွင်ပိုက်ကလေး။

            ကိုယ်ရောက်တဲ့အချိန်မှာတော့ အဲသည် ရှစ်လသားကလေးလေးက တစ်တန်းတက်နေပြီ။ ပြန်လာတာနဲ့ အမေ့ဆို ကပ်ချွဲလိုက် အဖွားဆို ကပ်ချွဲလိုက် လုပ်နေတာ။ ဆော့တာကလည်း လက်လက်ကိုထလို့။ မျက်နှာပေါ်မှာ အပြုံးကလေးက ရွှင်နေတာပဲ။ အဖွားလုပ်သူကတော့ အဲသည်လူမမယ်ကလေးဟာ ကျောင်းကပြန်တော့ ကျူရှင်၊ ကျူရှင်ကပြန်တော့ စာကျက်ဝိုင်း၊ အတန်းပိုင်ဆရာမနောက်က တကောက်ကောက်လိုက်နေရတဲ့ မိုးလင်းမိုးချုပ် ပညာရေးကြီးကို မြည်တွန်တောက်တီးနေပါတယ်။ သမီးဖြစ်သူကတော့ ခေတ် စံနစ်အရ ကလေးကို အဲသလိုမှ အပ်မထားနိုင်ရင် အတန်းထဲမှာ သိပ်မျက်နှာငယ်ရတာမို့ ဟိုတုန်းကလို မဟုတ်တော့တဲ့အကြောင်း သူ့အမေ နားလည်အောင် ရွှေပြည်အေး တရားဟောပါတယ်။ ကိုယ်ကလည်း မနေနိုင်မထိုင်နိုင် ၀င်ငံရတာပေါ့လေ။ သည်အရွယ်ကလေးမှာ “အရီးလာသည်။ ထီးပါသလား။ အဆီမစား။ အသီးစားပါ။” ဂုဏ်ထူးထွက်အောင် ရေးတတ်ဖို့ တစ်နေ့ ၁၂ နာရီ စာသင်ချိန်ကြီးဟာ မလွန်လွန်းဘူးလား လို့။

            ကိုယ့်အနေနဲ့ကတော့ သည်ကလေးလေးတွေ ပညာတတ်ဖို့ထက် အသိအလိမ်မာရှိဖို့က ပိုအရေးကြီးတယ် ထင်တာပဲ။ ကိုယ်ကလွဲရင် အားကိုးစရာ မရှိတဲ့ဘ၀မှာ ကိုယ့်အားကိုယ်ကိုးတတ်အောင် အရင် သင်ပေးစေချင်တယ်။ ကိုယ့်သမီးကို ကိုယ်မွေးသလို ထမင်းခွံ့ကျွေး၊ ရေချိုးပေး၊ အရိပ်တကြည့်ကြည့် လိုက်လုပ်ပေးနေရင် သူတို့ဘာသာ မလုပ်တတ်မှာစိုးတယ်။ သည်အမေ သည်အဖွားကို တစ်ကမ္ဘာမှတ်ပြီး နေလာရင် သူတို့မရှိတော့တဲ့အခါရော ဘယ်လိုနေကြမလဲ။ လောကကြီးဆိုတာ လူလိမ်တွေ လူယုတ်မာတွေနဲ့ တင်းကြမ်းပြည့်နေတာ။ ဘယ်သူ့ကို ယုံပြီး ဘယ်သူ့ကို မယုံရဘူးလဲဆိုတာ မသိရင် ဘယ်ကိုရောက်သွားမှန်းမသိတဲ့ မမကြီးနောက်ကို လိုက်ရဦးမှာပဲ။

            ဒါပေမယ့် တော်ပါသေးတယ်။ ကလေးလေးတွေ ကြည့်ရတာ လိမ်မာပုံရတယ်။ ဖအေမအေ မရှိတော့ အကြီးကလေးတွေက အငယ်ကို ဂရုတစိုက် စောင့်ရှောက်တယ်။ ဘ၀နာမှ အသိသာတယ်ဆိုတာ ဒါနေမှာပဲ။ ဆိုးဆိုးရွားရွား ရိုက်ပုတ်ထားတဲ့ ကံကြမ္မာကြီးက အလျော်ပြန်ပေးတာ ထင်တယ်။ သူတို့မှာ ဘ၀ပေးအသိဆိုတာ ရှိကြတာပေါ့။ သူများအပေါ် အမြဲတမ်း အနိုင်လိုသူ လူကြီးသားသမီး မေတ္တာအိုးတွေနဲ့ စာရင် သူတို့က ဆိုဆုံးမရလွယ်ပြီး လူရိပ်လူကဲ ပါးနပ်တယ်။ မောင်နှမချင်းလည်း ချစ်ချစ်ခင်ခင်ရှိတယ်။ ကျောင်းသွားတဲ့အခါ တစ်ယောက်ကို မုန့်ဖိုး ၂၀၀ ရလို့ စုဘူးကလေးနဲ့ စုထားကြသတဲ့။ စုဘူးဖောက်လို့ နှစ်သိန်းခွဲလောက် ရတဲ့အခါ သားတို့သမီးတို့ လိုချင်တာ ၀ယ်ပေးမယ်လို့ ပြောတော့ သူတို့လိုချင်တာက ရွာမှာကျန်ခဲ့တဲ့ အဖေ့ကို အလည်ခေါ်ချင်တယ်တဲ့။ သူတို့အားလုံးပြန်ဖို့တော့ စားရိတ် မတတ်နိုင်ဘူး မဟုတ်လား။ သည်ကလေးလေးတွေရဲ့ ၂၀၀ တန်မေတ္တာနဲ့ လက်ညှိုးညွှန်ရာရေဖြစ်သူ ဖောင်စကြာပိုင်ရှင် အလောင်းစည်သူမင်းကြီးကို ရွှေဂူကြီး ဘုရားထဲမှာ ခေါင်းအုံးလက်ဆောင်ပေးတဲ့ သားတော်ရဲ့ မွေးဖေကျေးဇူးဆပ်ပုံနဲ့ ရွေးလို့ရမယ်ဆိုရင် ဘယ်လိုဘ၀မျိုးကို ရွေးမှာလဲ။ (ထီးနန်းစည်းစိမ်ကိုပဲ ရွေးကြမှာပါလေ။ အဖေမကလို့ ဘုန်းကြီး ရဟန်း သတ်ရသတ်ရ)

             ကလေးလေးတွေရဲ့ ကုသိုလ်ကံပေါ့လေ။ သူတို့ဘ၀လေးတွေက မိဘ မရှိတော့သော်လည်းပဲ သားရင်း သမီးရင်းသဖွယ် စောင့်ရှောက်ဖေးမပေးမယ့် မိသားစုနဲ့ တွေ့ရတယ်။ မေတ္တာဆိုတာ အသွားအပြန် ရှိတယ်။ သူတို့လေးတွေ ရောက်လာတော့ အပြင်ကပြန်လာ သော့ခလောက်ကလွဲလို့ ကြိုသူမဲ့တဲ့အိမ်မှာ အမေအိုကြီး ဘယ်သူနဲ့ အပ်သွားရမှန်းမသိ စောင့်ရှောက်ကြည့်ရှုမယ့်သူမရှိ နှစ်ကောင်ကြွက်သားအမိ ဘ၀ကို မရောက်တော့ဘူး။ သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား ပျော်ပျော်ပါးပါး။ သူတို့လည်း ပြုံးနေတာ အသိသာကြီး။ အဖွားက ခုနစ်ဆယ်ကျော် ရှစ်ဆယ်နားနီး၊ ဆိုက်ကားတစ်စင်းနဲ့ ဈေးပတ်ပြီး လိုချင်တာ လက်ညှိုးထိုးဝယ်တယ်။ အိမ်ရောက်တော့ လက်ညှိုးကလေးထိုးပြီး ပါးစပ်နဲ့ ဟင်းချက်သတဲ့။ ခိုင်းချင်တာရှိ ကလေးတွေ နံမယ်တလိုက်၊ နှစ်ခါမခေါ်ရဘူး။ ရောက်လာတယ်။ ကိုယ့်အမေမွေးထားတဲ့ မြေးတွေများ တစ်ယောက်မှ အဲသလို လိမ်လိမ်မာမာ မရှိဘူး။ လက်တိုလက်တောင်းလည်း မရဘူး။ သွေးရင်းတာ မရင်းတာနဲ့ မဆိုင်ဘူး။ ကလေးတွေက ထားတဲ့ မေတ္တာနဲ့ပဲ ဆိုင်မယ်။ ဆန်ရေဆိုတာ သူစီးချင်မှ စီးတာကိုး။

             ကိုယ် အလည်သွားခဲ့တဲ့ အဲသည်မိသားစုကလေးဟာ မြန်မာပြည်မှာ တော်တော်ရှားရှားပါးပါး ရှိမယ့် ကလေးမွေးစားသူ မိသားစု ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ်တို့ဆီက ကလေးမွေးစားတယ်ဆိုတာ နှောင်ကြိုးမဲ့မရှိသလောက်ပဲ။ နယ်စပ်က ၀ကလေးတွေ၊ လားဟူကလေးတွေ၊ အခါကလေးတွေကို အဲသည် ဒေသရောက်သွားတဲ့သူတွေက မွေးစားဖို့ ခေါ်ခေါ်လာတာ မနည်းဘူး။ ရန်ကုန်မှာ ရှိတဲ့ တိုင်းရင်းသားကလေးငယ်လေးတွေ အားလုံး မွေးစားခံရလို့ ရောက်လာတာချည့်ပဲ။ အဲသည်ကလေးတွေ စာသင်ကျောင်းမှာ တွေ့ရတယ်ဆိုရင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အကြီးအကျယ် ချီးမွှန်းပေးလိုက်ပါ။ တော်တော်ရှားတယ်ဗျ။ တော်တော်များများက သေစာရှင်စာလောက်ပဲ သင်ပေးပြီး အိမ်လုံတဲ့ ငယ်မွေးခြံပေါက် ကျွန်တစ်ယောက်ရဖို့ “မွေးစားတယ်” လို့ လူကြားကောင်းအောင် နံမယ်တပ်ကြတာ။ ရန်ကုန်မှာ အိမ်ဖော်ခေါ်ရတဲ့ ဒုက္ခကို မခံစားနိုင်လို့ လူလည်ကြီး သားသမီး လုပ်ခိုင်းတာ။ ထမင်းဆိုင်တွေမှာ၊ လမ်းဘေးဆိုင်ကလေးတွေမှာ သူတို့ချည့်ပါပဲ။ အဲဒါ ကလေးလုပ်သားလေးတွေ မဟုတ်လို့ ဘာတုန်း။ “သားတို့ သမီးတို့ရေ။ ရန်ကုန်ကို လိုက်မလား။ ကားကားကြီး စီးရမယ်။ တီဗီကြီးလည်း ကြည့်ရမယ်။ မုန့်တွေ များကြီး စားရမယ်။” ဆိုပြီး ခေါ်ခေါ်လာတာ မဟုတ်လား။ သားရင်း သမီးရင်းလို မွေးစားဖို့ ခေါ်လာတယ် ဆိုတဲ့သူ မရှိသလောက်ပဲလေ။ စာတောင်မှ မသင်ပေးဖြစ်ရင် သွန်သင်ညွှန်ပြဖို့ဆိုတာလည်း ခိုင်းဖို့ထက် ပိုနိုင်ပါဦးမလား။ နောက်တော့လည်း သည်ကလေးတွေက ပြောစကား နားမထောင်ဘူး။ အကြောမာတယ်။ အကျင့်မကောင်းဘူး။ စတာတွေ ဖြစ်လာရင် ကိုယ့်ကြောင့် လို့ မမြင်ပဲ ကလေးတွေမှာ ပါလာတဲ့ ဗီဇကြောင့်လို့ ပုံချလိုက်ကြတယ်။ သူတို့ကို မေတ္တာ မပေးပဲ သူတို့ဆီက ဘာတွေ ပြန်မျှော်လင့်နေတာလဲ။ အစဦးပိုင်းက ပြောခဲ့တဲ့ မွေးစားမယ်လို့ ပြောပြီး ညာခေါ်သွားတဲ့ လူလိမ်တွေကို ရွံရှာစက်ဆုပ်တယ်ဆိုလို့ရှိရင် သူများသားသမီးကို အရွယ်မရောက်ခင်ကတည်းက ကျွန်ဝယ်သလို ၀ယ်မွေးတဲ့သူတွေကိုလည်း ဘုရားတကာကြီးတွေ လို့ မခေါ်သင့်ဘူး။ ကျောခင်းစရာ နေရာပေး၊ ထမင်းမငတ်အောင် ကျွေးရုံနဲ့ လူသားတစ်ယောက်ရဲ့ဘ၀ကို အရှင်သခင်အဖြစ် မပိုင်သင့်ဘူး။ (ခက်တာက အလုပ်ထဲမှာ အဲသလိုတောင် မပေးပဲနဲ့ သူတို့ကိုယ်သူတို့ စေတစ်လုံးပိုင်ရှင်ထင်နေတဲ့ ဘ၀င်ရူး သခင်ရူးတွေ ပေါမှပေါ။ မယုံ ဦးမြတ်ခိုင်သွားမေးကြည့်။)

             အဲဒါကြောင့် မွေးစားတယ်ဆိုတဲ့အလုပ်ကို တကယ့်မေတ္တာ မပါပဲနဲ့ မလုပ်သင့်ဘူး။ အခုအိမ်က အမဆိုရင် သည်ကလေးတွေကို မွေးစားဖို့ သူ့ဘ၀နဲ့ ရင်းရတယ်။ အပျိုကြီးဆိုတာ သူ့ဘာသူ အလိုလို ဖြစ်သွားလို့သာ လက်ခံလိုက်ရတာ။ စိတ်တိုင်းကျရွေးပြီး ဆုံးဖြတ်ခိုင်းရင် ဘယ်သူက ပြတ်သားမှာလဲ။ “အိပ်မက်ထဲက ကိုယ့်ချစ်သူ။ ၀ိုးတ၀ါး မပြတ်သား ထပ်မနား မှတ်သားမရတဲ့သူ” “ချစ်သူ၊ ချစ်တဲ့သူ။ တနေ့သော် ပေါ်လာနိုး မျှော်ကိုးလို့ စောင့်ရပါသူ။ မောင့်ချစ်ကြင်သူ။” “ထက်ကောင်းကင် မိုးဖျားက သွန်းလာ၊ ရွာမယ့် ရွှေမိုးကိုစောင့်ကာ။ ပေဖူးလွှာမိုးကို မျှော်ကိုးကာ၊ စောင့်စားနေရရှာ။” တဲ့။ ကြည့်ပါလား။ ဘယ်သူမှ စိတ်လျှော့မယ့်သူ မပါဘူး။ စောင့်ဦးမှာတဲ့။ သူ့ဘက်က တော်ရုံမေတ္တာနဲ့တော့ သည်ကလေးတွေကို အိမ်ခေါ်မလာဘူး။ အဘွားဘက်ကလည်း ကြည့်ပါဦးလေ။ အိုကြိအိုမကျမှ သူများကလေးတွေကို “ရွှေခြည်ငွေခြည်တန်းပါလို့” နဲ့ ညဥ့်နက်သန်းခေါင် ချော့သိပ်ဖို့ လွယ်တာ မဟုတ်ဘူး။ သူတို့ထားတဲ့ စေတနာ မှန်လို့သာ ကလေးတွေဆီက မေတ္တာရောင်ပြန်ဟပ်တာ။

            ခုနေများ တစ်ယောက်ယောက်က ကလေးမွေးစားချင်တယ်လို့ ဆိုလာရင် ကိုယ့်ဘာသာကိုယ် ပြန်မေးပါ။ ဘာဖြစ်လို့ မွေးစားချင်ရတာလဲ။ သူကကိုယ့်အတွက် တစုံတရာ မျှော်မှန်းရင် မမွေးပါနဲ့။ ကိုယ်က သူ့အတွက် တစုံတယောက် ဖြစ်ဖို့ ကြိုးစားမယ်ဆိုမှသာ ဆက်စဉ်းစားပါ။ မေတ္တာဆိုတာ ဗြဟ္မာတွေ ခံစားတဲ့ စည်းစိမ်ဖြစ်ပါတယ်။ လူသားတွေအဖို့တော့ ဗြဟ္မစိုရ်တရားကင်းသူတွေ ခံစားနိုင်စွမ်း မရှိပါဘူး။ မေတ္တာခေါင်းပါးတဲ့သူဆိုရင် ရုပ်မြင်မြင် အသံကြားကြား၊ သတင်းစကားလေးများ ဖတ်လိုက်ရရင်တောင် တစက်ကလေးမှ မေတ္တာရှိစရာ မကောင်းဘူး ဆိုတာ ကိုယ်တွေ့မျက်မြင် သင်ခန်းစာယူနိုင်လိမ့်မယ် ထင်ပါတယ်။

မေတ္တာဖြင့် …
ပေစိ။

Consultant Surgeon at Yangon Gener

Monday, June 16, 2014

ဖယ်ရှားဖို့ အမိန့်ပေးရင် ဒုက္ကဋ်အာပတ်၊ ဖယ်တဲ့ကိုယ်တော်တွေက ပါစိတ်၊ (လူကို ခိုင်းရင် ဒုက္ကဋ်) သင့်လို့ နေပါပြီ


******************************
**************************************************
မဟန နဲ့ ပီနန် ကျောင်းလုကြတဲ့ ကိစ္စဟာ သာမန် ကျောင်းလုတဲ့ အငြင်းအခုံမျိုး မဟုတ်ပါဘူး။
အကြောင်းကတော့ မဟန ဆိုတာဟာ ဂိုဏ်းပေါင်းစုံ သံဃာတွေရဲ့ သံဃာသမ္မုတိရ ကိုယ်စားလှယ်တွေက ရွေးတဲ့ ဗဟိုသံဃာ့ဝန်ဆောင် ၄၇ ပါးက ဓမ္မစက်အရ အာဏာအပ်နှင်းထားတဲ့ နိုင်ငံ့သာသနာရဲ့ ဥသျှောင်အဖွဲ့ကြီး ဖြစ်ပါတယ်။ မဟန ဥက္ကဋ္ဌ (လက်ရှိ ဗန်းမော်ဆရာတော်) ဟာ ယိုးဒယားတို့ သီဟိုဠ်တို့မှာရှိတဲ့ သံဃရာဇာနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒါက တဖက်က အခြေအနေပါ။ တခြားတဖက်ကလဲ ပီနန်ဆရာတော်ဆိုတာ နိုင်ငံခြား သာသနာပြု ထင်ရှားတဲ့ ထေရ်ကြီးဝါကြီးသံဃာကြီး ဖြစ်နေပါတယ်။
ကျောင်းလုတဲ့ ကိစ္စက ဝိနည်းအရ သံဃိကကျောင်း (သံဃာအားလုံးကို လှူတဲ့ကျောင်း) ဖြစ်သည့်တိုင်အောင် စဉ်းစားစရာ ကိစ္စတွေ ရှိနေပါတယ်။ မြန်မာလူမျိုးက ကျောင်းလှူတဲ့အခါ ဘုရားအမှူးရှိတဲ့ သံဃာတော်များကို လှူရင် အကျိုး ပိုကြီးတယ်ဆိုတဲ့ အမြင်ရှိကြတော့ ကျောင်းတကျောင်းရေစက်ချတဲ့အခါ သံဃဿဒေမ သံဃာအားလှူပါ၏ လို့ လှူကြရိုး ထုံးစံဖြစ်တယ်။ ဒါပေမဲ့ ကျောင်းကို စောင့်ရှောက် ကြည့်ရှုဖို့ကိုတော့ ဘယ်သူကို အပ်နှင်းထားပါတယ်လို့ သက်ဆိုင်ရာ ကျောင်းဒကာ၊ ကျောင်းအမများနဲ့ ရိုသေထိုက်တဲ့ ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီးများက ကျောင်းစောင့်အဖြစ် ဘယ်သူ့ကို အပ်ပါတယ်လို့ တခါထဲ အပ်နှင်းကြတဲ့ ထုံးစံဖြစ်ပါတယ်။ (ပေါ်လာတဲ့ မေးခွန်းတွေက ဒီကျောင်းကို ဓမ္မကြောင်းအရ ဘယ်သူ အမှန်တကယ် ပိုင်သလဲ ဆိုတဲ့ ကိစ္စပါပဲ။ ပိုင်ဖို့ဆိုရင် ဘယ်သူက ဒီကျောင်းကို ရေစက်ချ လှူခဲ့သလဲ၊ လှူတဲ့အခါမှာ သံဃိက အနေနဲ့လှူသည့်တိုင် ဘယ်သူကို ကျောင်းစောင့်ပုဂ္ဂိုလ်အဖြစ်၊ ဘယ်သူက၊ ဘယ်တုံးက၊ ဘယ် ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်တွေရဲ့ မျက်မှောက်မှာ လှူခဲ့သလဲ။ ဒါတွေကို သိရရင်ပဲ ဒီကျောင်းကို ဓမ္မကြောင်း အရ ဘယ်သူ ပိုင်သလဲ၊ (သံဃိကဖြစ်သည့်တိုင်) ဘယ်သူရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရှိသလဲ ထင်ရှားပြီ ဖြစ်ပါတယ်။)
သံဃိကကျောင်းအဖြစ် လှူသည့်တိုင် စဉ်းစားစရာ မေးခွန်းတွေကို အထက်မှာ ပြောခဲ့ပြီး ဖြစ်လို့၊ သံဃိကကျောင်း ကို လုကြတာ၊ အငြင်းပွားကြတာနဲ့ ပတ်သက်တဲ့ ဝိနည်းတော်ကို ကြည့်ရအောင်ပါ။ (ဘုန်းကြီးလောကနဲ့ နီးစပ်လို့) ကျနော် သိနေတာက ကျောင်းတကျောင်းဟာ သံဃိကကျောင်းဖြစ်လို့၊ သံဃာအချင်းချင်း အငြင်းပွားကြရင်တောင်၊ သံဃာတွေက ကိုယ်ထိလက်ရောက် အခြားအုပ်စု သံဃာကို နှင်ရင်၊ ဆွဲထုတ်ရင် ပါစိတ်အာပတ်၊ လူကို နှင်ခိုင်း၊ လူအားသုံးဆွဲထုတ် နှင်ချရင် ခိုင်းသူမှာ ဒုက္ကဋ်အာပတ်သင့်ပါတယ်။ (ကျောင်းအာရမ်တွေမှာလဲ အပြစ်ထိုက်သွားတဲ့အတွက် မသိဘဲ သုံးသူ၊ တည်းသူ ဖြစ်စေ အာပတ်တွေ ဆက်တိုက်သင့်သွားပါတယ်။ ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ဟာ ဝိနည်းအင်မတန် ရိုသေတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ကျောင်းကိစ္စဟာ မတော်ရင် အာပတ်သင့်ဖွယ်ရှိလို့၊ ခရီးကြွတဲ့အခါ သံသယရှိတော်မူရင် ဝါးကပ်တဲ ထိုးစေပြီး ဝါးကပ်တဲနဲ့ နေပါတယ်။ -ကျောင်းနဲ့ ပတ်သက်လို့ အာပတ်သင့်စရာတွေ ရှိတတ်လွန်းလို့ သရိုင်ရွာကို ပင့်တဲ့အခါ ပင်းကျောင်းကြီးပေါ်မတည်းဘဲ တပည့်ဖြစ်တဲ့ တောင်မြို့ဆရာတော်ကို ဝါးကပ်တဲ ထိုးစေပြီး မြောင်းမြဆရာတော်ကြီးက ဝါးကပ်တဲမှာပဲ သီတင်းသုံးတဲ့ ဥပမာကို အရှင်ဇနကာဘိဝံသရေး တဘဝသံသရာမှာ ရှုပါ။)
အဲဒီတော့ ဒီကျောင်းရဲ့ ပိုင်ဆိုင်မှုဟာ မဟနကဘဲ ပိုင်ပိုင်၊ ပီနန်ဆရာတော်ကပဲ ပိုင်ပိုင်၊ ဘယ်သူကပိုင်ပိုင် (သံဃိကကျောင်းမှန်ရင်) သံဃာအချင်းချင်း နှင်ထုတ်တာ၊ သံဃာက လူကိုခိုင်းလို့ လူကနှင်ထုတ်တာ မလုပ်ထိုက်ဘူးဆိုတာ ထင်ရှားပါတယ်။ (ဝိနည်း ရိုသေရင်ပေါ့လေ။) (ဒီအတိုင်းဆိုရင် မဟန ကိုယ်တိုင်က ဝိနည်းသိက္ခာပုဒ်တွေ ညိစွန်းနေသလားလို့ ရှာဖွေ စိစစ်ထိုက်တယ်။)
တကယ်လို့ သံဃိကပိုင်မဟုတ်ဘဲ ပီနန်ဆရာတော် ပုဂ္ဂလိကပိုင်ဆိုရင်တော့ မဟန ကို ဒုတိယပါရာဇိက အာပတ်ကြီး သင့်ပြီ ဖြစ်ပါတယ်။ ဒုတိယပါရာဇိက ဆိုတာ ခိုးမှုပါ။ သံဃာဟာ (ရွှေ)တမတ်နဲ့ ညီတဲ့ ဥစ္စာကို အရှင်မပေးဘဲ ယူရင် ရဟန်ုးအဖြစ်က လျှောကျသွားပါတယ်။ (တသက်လုံး ရဟန်း ပြန်ဝတ်လို့ မရတော့ပါ၊ သာသနာမှာ ရဟန်းအဖြစ်ကို မရနိုင်တော့ပါ။) ဝိနိယပိဋကတ် မြန်မာပြန်ကို ကြည့်ပါ-
“ မပေးအပ်သော ဥစ္စာမည်သည် မပေးအပ် မလွှတ်အပ် မစွန့်အပ် မစောင့်ရှောက်အပ် မလုံခြုံစေအပ် ငါ့ဟာဟု မမြတ်နိုးအပ် သူတစ်ပါး သိမ်းဆည်းအပ်သော ဥစ္စာတည်း။ ခိုးလိုသော စိတ်အစုဟူသည် ခိုးလိုသော စိတ်ရှိသည်ဖြစ်၍၊ ဝှက်လိုသော စိတ်ရှိသည်ဖြစ်၍။ ယူငြားအံ့ဟူသည် ယူငြားအံ့၊ ဆောင်ယူငြားအံ့၊ ဝှက်ငြားအံ့၊ က္ကုရိယာပုတ်ကို ပျက်စေငြားအံ့၊ နေရာမှ ရွေ့စေငြားအံ့၊ အချိန်းအချက်ကို လွန်စေငြားအံ့။ အကြင်သို့ သဘောရှိသော မည်သည့်တစ်မတ်ကိုသော်လည်းကောင်း၊ တစ်မတ်တန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ တစ်မတ်ထက် အပိုအလွန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ (ပ) ယူသောသူသည် ယူသော ဆောင်သော ဝှက်သော က္ကုရိယာပုတ်ကို ပျက်စေသော နေရာမှ ရွေ့စေသော အချိန်းအချက်ကို လွန်စေသော ဤရဟန်းသည်လည်း ရှေး (မေထုန် ပါရာဇိက ရဟန်း)ကို ထောက်၍ သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ ဟု ဆိုအပ်၏။ အညှာမှ ကြွေကျသော သစ်ရွက်သည် မစိမ်းစိုနိုင်တော့သကဲ့သို့ ဤအတူ ရဟန်းသည် တစ်မတ်ကိုသော်လည်းကောင်း (ပ) (ဥစ္စာရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ယူမိသောကြောင့် ရဟန်း မဟုတ်တော့ပေ၊ သာကီဝင် မင်းသား ဘုရားအနွယ်တော် မဟုတ်တော့ပေ၊ ထို့ကြောင့် “သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏” ဟု ဆိုအပ်၏။”
ပါရာဇိက ကျသွားရင် ရဟန်းမဟုတ်တော့ပြီ၊ ပါရာဇိက ဟာ အကြီးဆုံး ဘုန်းကြီး ပြစ်မှု ဖြစ်ပါတယ်။ ကိစ္စလေးခုကို ဘုန်းကြီး အဖြစ်က မလျှောစေဖို့ (ထေရာဝါဒ) ဘုန်းကြီးတိုင်း စောင့်ရှောက်ရပါတယ် - အဲဒါတွေကတော့ (အကြမ်းဖျင်းပြောရရင်) မေထုန်မှီဝဲမှု၊ ခိုးမှု၊ သံဃာသင်းခွဲမှုနဲ့ ဈာန်မဂ်ဖိုလ် တရားထူး မရဘဲ ရသည်ဟု လိမ်ညာမှု တို့ဘဲ ဖြစ်ပါတယ်။ ဒါတွေဟာ ဘုန်းကြီးလောကမှာ အကြီးလေးဆုံး ပြစ်မှုကြီး လေးခုဖြစ်လို့ ကျူးလွန်မိရင် ဘယ်လိုမှပြန်ဆယ်နှုတ်လို့ မရတော့ဘဲ ရဟန်းအဖြစ်က တသက်လုံး လျှောကျပါတယ်။ (အလွန်ဆုံး ကိုရင်ကြီးဘဝ၊ ဖိုးသူတော် ဘဝကိုပဲ ဒီတသက် ရနိုင်ပါတော့တယ်။ သိမ်ဝင်လို့လဲ မရ၊ ရဟန်းလဲ မဖြစ်တော့ပါ။)
ဒီလောက် ချီလာရတဲ့ အကြောင်းကတော့ ခု ကျောင်းလုတဲ့ ကိစ္စမှာ ပုဂ္ဂလိကပိုင်ကျောင်း (ပီနန်ဆရာတော်ပိုင် ကျောင်း) ဖြစ်လို့ အဲဒီ ပုဂ္ဂလိကပိုင်ပစ္စည်းကို မဟနက လုတာဆိုရင် မဟန သဘောဆန္ဒပါတယ်ဆိုရင် ထိပ်ဆုံး (ဗန်းမော်ဥက္ကဋ္ဌဆရာတော်ကြီးအပါအဝင်) ဆရာတော်ကြီးများ အားလုံး ပါရာဇိက ကျမည့်အနေမျိုး ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။
ပြန်ရှင်းအောင် ပြောရရင် ပီနန်ဆရာတော် ပုဂ္ဂလိကပိုင်ဆိုရင် - ဒုတိယပါရာဇိက နဲ့ စွပ်စွဲခံရမယ့်အနေမျိုး မဟနက ဖြစ်သွားပီးတော့၊ သံဃိကပိုင်ဖြစ်တယ်ဆိုရင်တောင်မှ - မဟနက ဖယ်ရှားဖို့ အမိန့်ပေးလို့ ဒုက္ကဋ်အာပတ်၊ ဖယ်တဲ့ကိုယ်တော်တွေက ပါစိတ်၊ (လူကို ခိုင်းရင် ဒုက္ကဋ်) သင့်နေပီလို့ ဆိုလိုတာဖြစ်တယ်။ ဓမ္မကြောင်း အရ မလုပ်ထိုက်တဲ့ အလုပ်လို့ ထင်ရှားစေလိုရင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီကိစ္စဟာ ပေါ့သေးသေး ကိစ္စမဟုတ်ဘဲ အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ သတင်းစာတွေ ဖော်ပြနေတဲ့ သတင်းတွေဟာ တိတိကျကျ၊ ဝိနည်းကို နားလည်တဲ့ အရေးအသားမျိုး၊ စုံစမ်းထုတ်ဖော်မှုမျိုး မဟုတ်သေးပါဘူး။ ဒီလို ပြောရတာ အကြောင်းရှိတယ်-
ဘယ်သူက ပီနန်ဆရာတော်ကိုဖြစ်ဖြစ်၊ မဟနကို ဖြစ်ဖြစ် ဘယ်တုန်းက လှူသလဲ၊ ဘယ်လို လှူတာလဲ (သံဃိကလား၊ ပုဂ္ဂလိကလား) ဒါမှမဟုတ် ပီနန်ဘုန်းကြီးကို လှူပီးသားကို မဟန ကို ပြန်လှူတာလား၊ လှူရင် ဘယ်သူက လှူတာလား၊ မဟနကလဲ လက်ခံသလား၊ ပီနန်ဘုန်းကြီးက (အဲသလိုဆိုရင်) ကျောင်းခိုးခံရတာလား၊ မဟနက သူခိုးလက်ခံအလုပ်မျိုးကို လုပ်မိသလား၊ မဟနကို လှူလိုက်တာကလဲ သံဃိက လှူတာလား၊ ပုဂ္ဂလိက (မဟနကို လှူပါ၏)ဆိုပီး လှူတာလား။ ဘာမှ မရှင်းမလင်းလို့ ဖြစ်ပါတယ်။
ဒါက ဓမ္မကြောင်းအရပြောတာသာ ဖြစ်သေးတယ်။ မြန်မာပြည် ဘုန်းကြီးလောက လုပ်ထုံးလုပ်နည်းအရ ဝိနည်းဓမ္မကံ အမှုအခင်းများ ကို ဖြေရှင်းရာမှာ ဘာကိုတော့ ဘယ်လို လုပ်ထိုက်တယ်ဆိုတဲ့စည်းကမ်းတွေရှိတယ်။ ဒါတွေကို သတင်းစာရှင်းလင်းပွဲမှာ အံ့မောင်က ဖြေရှင်းသွားတယ်လို့ မကြားမိသလို၊ သတင်းထောက်တွေကလဲ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းကို ကြားဖူးပုံ၊ မေးကြပုံ မပေါ်ဘူး။ (အံ့မောင် ပြောသမျှ ခံရမှာပေါ့လို့ စိတ်ထဲက ဖြစ်မိပါတယ်။) ဒါဟာ တရားမမှု အနေနဲ့ သက်ဆိုင်ရာ လူတရားရုံးတွေက စစ်လို့ ရတဲ့ အမှုမျိုး မဟုတ်တော့ အံ့မောင်က ဘယ်တရားရုံး တိုင်တိုင်ဆိုတဲ့ ဒီစကားပြောရဲတာဖြစ်တယ်။
ဖြစ်ရပ်ကို ကြည့်ရင် ပီနန်ဘုန်းကြီးကျောင်းက မဟနနဲ့ ဘယ်လို ပတ်သက်သွားတာလဲ၊ ငွေရေးကြေးရေး အရှုပ်အရှင်းတွေက ဘယ်လို ဘယ်ပုံ ဖြစ်ကြတာလဲ၊ ပီနန်ဘုန်းကြီးက ဘာကြောင့် ကျောင်းကြီးကို ပြန်သိမ်းမယ်လို့ ဆိုရသလဲ စတဲ့ မေးခွန်းတွေကို သတင်းစာတွေဟာ ရေးထုတ်ဖို့ တာဝန်ရှိပါလျက် မရေးကြသေးတာ၊ ခုထိမတွေ့ရသေးတာ နားမလည်ကြလို့လား၊ မရေးရဲလို့လားလို့ မေးခွန်းထုတ်စရာ ဖြစ်တယ်။ (ရေးစဉ်က မဖတ်ရသေး၊ ရေးပီးမှ တွေ့ရတဲ့ သတင်းစာ ဆောင်းပါးတပုဒ်။ http://thevoicemyanmar.com/index.php/article/item/543-tdt။ အားထုတ်မှုကို အထူး အသိအမှတ်ပြုလိုပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။ ဒါပေမဲ့ မေးစရာ မေးခွန်းတွေ ကျန်နေသေးတာနဲ့ follow-up လုပ်ပေးပီး တင်ပြမယ်ဆိုရင် တာဝန်ကျေတဲ့ မီဒီယာ အဖြစ် ဂုဏ်ယူထိုက်ဖွယ် ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်။)
ဒါက ကျောင်းလုမှု ပဲ ရှိပါသေးတယ်၊ ကျောင်းလုမှု နောက်မှာ ဘုန်းကြီးတွေကို အတင်းအဓမ္မ လူဝတ်လဲစေတယ် (စိတ်ဆန္ဒမပါဘဲ သိက္ခာချလို့ မရ။) ပြီးတော့ တရားစွဲဆိုမယ်ဆိုတော့ ဒါတွေဟာ ပိုပီး ရှု့ပ်ထွေးလာတယ်။
သတင်းစာဟာ ပြည်သူ့နားမျက်စိ ဖြစ်ပါတယ်။ သတင်းစာတွေက ဒီကိစ္စတွေကို ပြည်သူတွေ ရှင်းအောင်၊ သေချာနားလည်အောင် ရေးပြထိုက်၊ ရှင်းပြထိုက်တယ်။ (မဟုတ်ရင် ဝိနည်းနားမလည်တဲ့ မြန်မာ ပြည်သူလူထု အများစုနဲ့ တတ်ယောင်ကန်း ဘုန်းကြီးနောက်ဆွဲတွေက မဝေဖန်ကောင်းဘူး ဆိုတာကို နားယောင်မိရင် မြန်မာပြည်သာသနာဟာ အောက်ကို ထိုးပြီး ကျသွားတဲ့ အဖြစ်မျိုး ရာဇဝင်မှာ တွင်ပါလိမ့်မယ်။)
ခုထိ မရေးကြသေးလို့ အားမလို အားမရ ဖြစ်လှပါတယ်။ ဒါကြောင့် မနေနိုင်ဘဲ social media က ဝင်ရေးရပါတယ်။ ဒီဆောင်းပါးကို ထည့်လိုတဲ့ သတင်းစာ၊ ဂျာနယ်ရှိရင် (ထည့်လဲ ထည့်ရဲရဦးမယ်၊ မတော်ရင် ထောင်ချတာခံရနိုင်တယ်၊ ဘုန်းကြီးတွေတောင် လူဝတ်ချွတ်ခံရသကိုး။) ထည့်ဖို့ အဆင်သင့်ပါပဲလို့ ကြေညာလိုပါတယ်။
တိုင်းကားပြည်သူ ရှင်လူများကို တရားမင်းများ စောင့်ပါစေ။
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေဟောန္တု သဂါရဝါ (သဒ္ဓမ္မ သုံးဖြာ သာသနာသည် အရှည်တည်ပါစေ၊ တရားတော်၌ လူတို့ ရိုသေကိုင်းညွှတ်ခြင်း ရှိပါစေ။)
Htet Minlwin...

"ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။"

"ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။"

ဦးဇင်းဘလော့သို့ လာရောက်လည်ပတ်ပြီး အားပေးသူများ တော်တော်များများကတော့ ရှေးဆက်ပြီး ဘာသာရေး လူမျိုးရေးစတဲ့ပိုစ့်များရေးသားဖို့ တိုက်တွန်းအားပေးသလို အချို့ကလည်း (Look down) အထင်သေးစွာဖြင့် အပြစ်တင်ပြောဆိုခဲ့တာတွေလည်းကြုံတွေရပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ အပြစ်တင်တဲ့ အရေးအသားလေးကတော့ ရဟန်းတွေနိုင်ငံရေးနဲ့ မသင့်တော်တဲ့အကြောင်းပဲဖြစ်ပါတယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောတာလေးတစ်ခုရှိပါတယ်။ "ခွေးအလုပ်ကို မြင်းဝင်ရှုပ်ရင် အရိုက်ခံရတတ်တဲ့" ဆိုပြီး တိရစ္ဆာန်များနှင့် ခိုင်းနှိုင်းခြင်းကိုပင်ခံရပါတယ်။ မည်သို့ပင်ဖြစ်စေ ဦးဇင်းအနေနဲ့ အဲဒီ အားပေးရေးသားသူ ကို စိတ်လည်းမဆိုး၊ ဒေါသလည်းမဖြစ်ပါ။ ရဟန်းတော်များ နိုင်ငံရေးမလုပ်ရဘူးလို့လည်း မည်သည့် သိက္ခာပုဒ်ကိုမှလည်း ဝိနည်းဒေသနာတော်မှာမတွေ့ရပါ။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ရဟန်းတော် များ နိုင်ငံရေး လုပ်သင့်မသင့် လမ်းလျှောက်ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်းနေသနည်း ဆိုတဲ့ အချက်အလက်ကို ထင်ရှားစေချင်ကြောင့် ပါချုပ်ဆရာတော်ဘုရားကြီး ဖြေကြားထားတဲ့ အဖြေကို အားလုံးဖတ်ခွင့်ရစေချင်တာနဲ့ ဗုဒ္ဓကမ္ဘာဆိုဒ်မှ ဒကာကြီး ကိုညီညီတင် မျှဝေထားတဲ့ပိုစ့်လေးကို တင်ပေးခြင်း ဖြစ်ပါတယ်။

(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)

မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက်၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင့်သိန်း (စင်္ကာပူ)

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ)

ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိက္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး

ဥပမာတစ်ခု ပြောပြရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…
ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြတယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား)

မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူတာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။

ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...

မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး အဲဒီတော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။

ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
“ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ” ၏သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ် ,တို့ကို ပူဇော်ကြည်ညိုသောအားဖြင့်,ဆရာတော်ရေးသားသည့်တရားတော်တစ်ပုဒ်ကိုပြန်လည်မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ
(ည.ည.တ)(ဗုဒ္ဓကမ္ဘာဆိုဒ်)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.com/2013/01/blog-post_8.html

https://www.facebook.com/photo.php?fbid=307791699386039&set=a.129974150501129.30197.100004656339670&type=1&theater

Saturday, June 14, 2014

သန္တိသုခည အတွင်းရေး


14 June 2014 23:59(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)


ရန်ကုန်မိုးဖွဲများအကြား သန်းခေါင်ယံ စစ်ဆင်ရေးတစ်ခု ဆင်နွှဲနေသည်ဆိုသော သတင်းက ပြည်တွင်းပြည်ပသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခုကို သံဃာ့အဖွဲ့အစည်းဝင်များက ညသန်းခေါင်ယံ၌ ဝင်ရောက်စီးနင်းမှုမှာ စစ်မြေပြင်ရှိ ရန်သူ့စစ်စခန်းတစ်ခုကို တက်ရောက် သိမ်းပိုက်သည့်အလား။
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆန္ဒပြသပိတ်စခန်း အချို့ကို ဝင်ရောက် ဖြိုခွဲသည့် လုပ်နည်းလုပ်ဟန်နှင့် ထပ်တူကျနေမှုများက မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ယင်းမှာ ၂၀၀၇ သံဃာ့အရေးအခင်းပြီး နောက်ပိုင်း ဘုန်းတော်ကြီးကျောင်းအတွင်း အဆိုးရွားဆုံးသော ညအချိန် ဝင်စီးမှုလည်း ဖြစ်သည်။
သံဃာအပါး ၃၀၀ ခန့် အပါအဝင် ရဲတပ်ဖွဲ့နှင့် သာသနာရေးဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်း၍ တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်အတွင်းရှိ ပြည်ပသာသနာပြု ပီနန်ဆရာတော် သီတင်းသုံးရာ မဟာသန္တိသုခကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ ရဟန်းသံဃာအချို့နှင့် လူပုဂ္ဂိုလ်များကို ခေတ္တထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျောင်းတိုက်ကို ဝင်ရောက် စီးနင်းရန်အတွက် မြို့နယ် ၁၃ မြို့နယ်မှ သံဃနာယက တာဝန်ရှိသူများ ည ၈ နာရီခွဲဝန်းကျင် အချိန်ကစ၍ ဗဟန်းမြို့နယ် အတွင်းရှိ ရန်ကုန်တိုင်း သံဃနာယက ရုံးခန်းတွင် စုဝေးနေကြခြင်း ဖြစ်သော်လည်း လာရောက်သူ သံဃာတော် အများစုက ယနေ့ည လုပ်ဆောင်မည့် အစီအစဉ်ကို စိုးစဉ်းမျှမသိ။
“တစ်မြို့နယ်ကို ၂၂ ပါးနှုန်းနဲ့ ၁၃ မြို့နယ်က သံဃနာယကတွေကို တိုင်းသံဃနာယကအဖွဲ့က လျှို့ဝှက်အစည်းအဝေး ဆိုပြီး ဖိတ်တယ်” ဟု အဆိုပါ အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့သူ သံဃာတော်တစ်ပါးက ထုတ်ဖော် မိန့်ကြားသည်။
တိုင်းသံဃနာယက အစည်းအဝေး ခန်းမအတွင်း သံဃာတော်များ အစုံအလင် ရောက်ရှိနေပြီ ဖြစ်သော်လည်း တိုင်းဥက္ကဋ္ဌ ဆရာတော် ဦးဣဒ္ဓိဗလနှင့် အခြားသံဃာတစ်ပါးက ည ၁၀ နာရီ ဝန်းကျင်မှသာ အစည်းအဝေး ခေါ်ယူရသည့် အကြောင်းရင်းနှင့် မဟန (နိုင်ငံတော်သံဃ မဟာနာယက) အဖွဲ့က ထုတ်ပြန်သည့် ညွှန်ကြားလွှာကို ဖတ်ပြသည်။ ဇွန်လ ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားစာမှာ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးကို ချိတ်ပိတ်ရန်နှင့် ကျောင်းတိုက်ရှိ သံဃာတော်များကို ဖယ်ရှားရန်။
“အရှင်ဘုရားတို့ ဖုန်းတွေ ပိတ်ထားပါ။ တပည့်တော် ဒီကိစ္စထက် အရေးကြီးတာ ဘာမှမရှိဘူး” ဟု အဆိုတော် မာမာအေး၏ တေးသံတစ်ခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်တူသော တိုင်းသံဃနာယက ဥက္ကဋ္ဌဆရာတော်က ယင်းအစည်းအဝေးတွင် မာန်ပါပါ ဆိုလိုက်သည်။
“ညီတော် နောင်တော်တွေက သတ္တိရှိရှိနဲ့ သမိုင်းကြောင်းရေးပါ။ နိုင်ငံတော် သံဃမဟာနာက ပိုင်တဲ့ကျောင်းကို မကာကွယ်ရင် ဘယ်သူ့ကျောင်း ကာကွယ်မလဲ။ အရှင်ဘုရားတို့ ကိုယ်ကျရာ တာဝန်ကို ပြတ်ပြတ်သားသားလုပ်ပါ။ သတ္တိရှိရှိနဲ့ လုပ်ဖို့ အထူးမှာချင်ပါတယ်။ ကမ္ဘာက စိတ်ဝင်စားတဲ့ သန္တိသုခကို ဒီနေ့ မှတ်တမ်းတင်မှာပဲ” ဟု အဆိုပါ ဥက္ကဋ္ဌဆရာတော် ဦးဣဒ္ဓိဗလက ထပ်မံတိုက်တွန်းကြောင်း The Voice Weekly က သီးသန့် ရရှိထားသော အသံဖိုင်အရ သိရသည်။
သန္တိသုခ သမိုင်းကြောင်းကို ရန်ကုန်တိုင်း ဥက္ကဋ္ဌဆရာတော်၊ မြို့နယ် သံဃနာယကများနှင့် တိုင်းဒေသကြီး အစိုးရတို့က ရှင်းလင်းခဲ့ကြောင်း မှတ်တမ်းရေးထိုး ရမည်ဟု ဆရာတော်က ဆက်မိန့်သည်။
“အဲဒီအထဲ (သန္တိသုခကျောင်းတိုက်) ကျောက်စာကြီး ထောင်ဦးမှာ” ဟု ဆရာတော်က မိန့်သည်။
ရဟန်းသံဃာငယ်များ လက်ရှောင်လိုသော ပီနန်ကျောင်းတိုက် အရေးအခင်းတွင် တိုင်းဥက္ကဋ္ဌက တစ်ဖက်လှည့်ဖြင့် အစည်းအဝေး ခေါ်ယူပြီး အင်အားပြ အသုံးချမည့်အရေးကို ကြွရောက်လာသူ သံဃာအများစုက နှစ်မြို့ဟန်မရှိ။ တိုင်းဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင်က “စည်းလုံးခြင်းသည်အင်အား” ဟု ဆိုသော တပ်မတော်အစိုးရ လက်ထက် ဆောင်ပုဒ်တစ်ခုကို ရေရွတ်ရင်း စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း စည်းရုံး ပြောဆိုနေသည်။
ကြွရောက်လာသူ သံဃာအပါး ၃၀၀ ခန့်ကို ည ၁၀ နာရီခွဲခန့်တွင် အဝေးပြေး ခရီးသည်တင် ယာဉ်ကြီးများပေါ်သို့ တင်ဆောင်၍ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်သို့ ဦးတည် ထွက်ခွာသွားကြသည်။ မဟနနှင့် တိုင်းဒေသကြီး ဥက္ကဋ္ဌ ဆရာတော်တို့၏ လုပ်ဆောင်မှုကို သဘောမတူသော သံဃာအချို့က တိုင်းရုံးမှပင် လှည့်ပြန်ကြသည်။ သံဃာအချို့ကမူ သဘောမတူသည့်တိုင် အခြေအနေကို သိလို၍ သန္တိသုခသို့ လိုက်ပါသွားခဲ့ကြောင်း ပြောဆိုသည်။
ယာဉ်မထွက်မီ မှာစရာ ရှိသည်များကို ဥက္ကဋ္ဌ ဆရာတော်က အသေအချာ မှာနေသည်။ အာဏာပိုင်အဖွဲ့ နေရာအပြည့် ချထားကြောင်း၊ ဝင်ရောက် ဖယ်ရှားရာတွင် လိုအပ်မည့် စကားပြောစက် (Walkie Talkie) များ အဆင်သင့် ပြင်ပေးထားပြီး အထပ် ၁၁ ထပ်ရှိ ကျောင်းတော်ကြီး၏ အထပ် ၅ နှင့် ၆ ကို အဓိက ဝင်ရောက်ရှာဖွေရန်၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရပါက သည်းမခံကြရန်၊ ထို့အတူ ယခုသတင်းကိုလည်း လုံးဝ မပေါက်ကြားစေရန် အထပ်ထပ် သတိပေးနေသည်။
“ပါလာတဲ့ ကားတွေအပြင် (တိုင်းရုံး) မှာ ထားခဲ့ပါ။ မှန်လုံကားနဲ့ သွားမယ်။ နိုင်ငံခြားဧည့်သည် သဘောမျိုးနဲ့ ဝင်မယ်။ သတ္တိရှိရှိနဲ့ သတိထား ဆောင်ရွက်ပါ။ အဲ့ဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေ မဟုတ်ဘူး။ မြဝတီ။ ကော့သောင်းဘက်က အလင်းဝင်တဲ့ ကောင်တွေကို ဝတ်ပေးထားတယ်လို့ ကြားတယ်” ဟု ရှေ့တန်းထွက်မည့် တပ်သားများကို စစ်ဆင်ရေး အသေးစိတ်အား အထပ်ထပ် ရှင်းလင်း မှာကြားနေသည့်အလား တိုင်းဥက္ကဋ္ဌ ဆရာတော်က မိန့်ကြားနေသည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် ပီနန်ဆရာတော်တို့ အကြား ကာလအတန်ကြာ ပိုင်ဆိုင်မှု အငြင်းပွားနေသော အဆိုပါကျောင်းတိုက် ပြဿနာမှာ ပြေလည်မည့် အလားအလာများ ပေါ်ထွက်ခဲ့သော်လည်း ယင်းပြဿနာ ပြေလည်မည်ကို စိုးရွံ့နေသူ အပေါင်းအပါများ ရှိနေကြောင်း သာသနာရေးနှင့် သံဃာအသိုင်းအဝိုင်း ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ပြဿနာ ပြေလည်သွားမည့်အရေး စိုးရွံ့နေသူများကပင် ကျောင်းတိုက် ချိတ်ပိတ်သည်အထိ ပြဿနာ ကြီးထွားလာစေရန် စီစဉ်ဖန်တီးခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက၊ ပီနန်ဆရာတော်တို့ အပါအဝင် နိုင်ငံတော်သမ္မတရုံးတွင် အပြစ်မရှိကြောင်း ယင်းတို့က ကရုဏာစကား ဆိုကြသည်။
သူတို့ ပြောဆိုသော ကြိုးကိုင်သူစာရင်းတွင် နိုင်ငံတော်သမ္မတ အကြံပေး တကယ်မဟုတ်သူ ပုဂ္ဂိုလ်ကြီးက နံပါတ်တစ်။
၁၁ ထပ်ရှိ ကျောင်းတော် အဆောက်အအုံ အပါအဝင် ကျောင်းဝင်းအတွင်းရှိ ကျောင်းတိုက် အသီးသီး၌ အစည်းအဝေးခန်းမများ၊ အလှူမင်္ဂလာ ဧည့်ခံပွဲများ ကျင်းပရာ ကျောင်းခန်းမများနှင့် ပြည့်နှက်နေသည်။ ခန်းမနှစ်ခုက အချိန်ပြည့်နီးပါး မင်္ဂလာဧည့်ခံပွဲများနှင့် စည်ကားနေတတ်ပြီး မင်္ဂလာခန်းမ ငှားရမ်းလိုပါက တစ်နှစ်နီးပါး ကြိုတင်ရက်ချိန်း ယူရကြောင်း အဆိုပါကျောင်းတိုက်၌ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့သူ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ရှင်းပြသည်။
ခန်းမငှားရမ်းခ အပါအဝင် ဧည့်ခံပွဲ တစ်ခုအတွက် အရပ်ရပ် ကုန်ကျစရိတ်က ကျပ်သိန်းဆယ်ဂဏန်း ပြေးမလွတ်။ အဆိုပါ ရငွေများမှာ ကျောင်းတိုက်နှင့် တိုက်ရိုက် သက်ဆိုင်သည့်အတွက် ကျောင်းတိုက်၏ ဘဏ္ဍာငွေစာရင်းတွင် ဆင့်ကာဆင့်ကာ ဘဏ္ဍာငွေများ တိုးပွားလာသော်လည်း စာရင်းသက်သက်သာ ဖြစ်ကြောင်း နီးစပ်သူများက ဖောက်သည်ချသည်။ သို့သော် မင်္ဂလာပွဲများ ကျင်းပခွင့် ပြုမထားကြောင်း သန္တိသုခညအပြီး ဇွန်လ ၁၁ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သာသနာရေးဦးစီးဌာနက ဗြောင်ငြင်းချက် ထုတ်ထားသည်။
အကယ်၍ သန္တိသုခကျောင်းတော်အရေး မဟနဆရာတော်ကြီးများနှင့် ပီနန်ဆရာတော် တို့အကြား ပြဿနာ ပြေလည်သွားပါက ကျောင်းတိုက် ဘဏ္ဍာငွေစာရင်းများကို ရှင်းလင်းရန် လိုအပ်လာမည် ဖြစ်ပြီး စာရင်းအင်း အမှန်အတိုင်း ရှင်းလင်းနိုင်ရန်မှာ မဖြစ်နိုင်ကြောင်း သန္တိသုခကျောင်းတိုက်နှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောဆိုသည်။
နိုင်ငံတော်အဆင့် ကျောင်းတိုက်ကြီးတစ်ခု သံဃမဟာနာယက၏ ကွပ်ကဲမှုအောက်တွင် ရှိနေစဉ် ဘဏ္ဍာရေးရာ အဝဝအတွက် အဓိကတာဝန်ရှိသူတို့မှာ ကမ္ဘာအေးကုန်းမြေမှ အရာရှိ လူပုဂ္ဂိုလ်အချို့သာ ဖြစ်ကြောင်း၊ သမ္မတအကြံပေး တကယ်မဟုတ်သူ ပုဂ္ဂိုလ်ကြီးမှာ ထိပ်ဆုံးမှ တာဝန်ရှိကြောင်း သံဃာဦးသျှောင် ဆရာတော်ကြီးများ၏ အနီးကပ် ကပ္ပိယကာရကများက အတိအလင်း ပြောဆိုသည်။
သို့သော် ဝန်ကြီးဌာနက ပစားပေး ခံထားရသော ဘုန်းကြီးလူထွက် ညွန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးကို ပြစ်တင်ဖယ်ရှားရန်မှာ နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရခေါင်းဆောင်များ၊ မဟနအဖွဲ့ ကဲ့သို့သော သံဃာ့ဦးသျှောင် ဆရာတော်ကြီးများ လုပ်ဆောင်ရန်သာ ဖြစ်၍ ၎င်းတို့၏ အမည်ကို ထုတ်မပြောလိုကြောင်း အထက်ပါ တပည့် ဒါယကာများက ရှင်းပြသည်။
အဆိုပါ သမ္မတအကြံပေး တကယ်မဟုတ်သော ယင်းပုဂ္ဂိုလ်သည် တိပိဋက ယောဆရာတော် ကဲ့သို့သော ဆရာတော်ကြီးများ၏ အမည်နာမကိုပင် အလွဲသုံးစား ပြုခဲ့ဖူးသူ ဖြစ်၍ သူကိုယ်တိုင် အပါအဝင် ပတ်သက်သူအချို့ အရေးယူခံခဲ့ရဖူးသည်။
သို့သော် သန္တိသုခ အရေးကိစ္စမှာမူ မြန်မာနိုင်ငံအတွင်းရှိ ငါးသိန်းသော သံဃာများကို ဦးဆောင်နေသော ဆရာတော်ကြီးများအကြား ဝမ်းနည်းဖွယ် စိတ်ဝမ်းကွဲမှုများ ပေါ်ပေါက်လာနိုင်ဖွယ် ရှိပြီး သီတဂူဆရာတော် ကဲ့သို့သော ကမ္ဘာသိဆရာတော်အချို့က မဟနအဖွဲ့ကို ဝေဖန်ပြစ်တင်လိုက်ခြင်းမှာ သာသနာတော်အတွက် အနုတ်လက္ခဏာသာ ဖြစ်ကြောင်း ရန်ကုန်မြို့တော်တွင် သီတင်းသုံးနေသော မြို့နယ်သံဃနာယက ဆရာတော်တစ်ပါးက မှတ်ချက်ပြု မိန့်ကြားသည်။
သာသနာပြု တက္ကသိုလ်တစ်ခု ထူထောင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့သော မဟာသန္တိသုခ ဗုဒ္ဓစင်တာကြီးမှာ ယခုအခါ ချိတ်ပိတ်ခံထားရပြီ ဖြစ်သည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကမူ ပုဂ္ဂလိကပိုင်ပစ္စည်းကို သံဃိက (သံဃာပိုင်) ပြုလုပ်၍ မရသကဲ့သို့ သံဃိက ပစ္စည်းကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းမပေးနိုင်ကြောင်း အခိုင်အမာ ရပ်တည်ထားသည်။
၂၀၀၀ ပြည့်နှစ်အလွန် ခုနှစ်များတွင် ပြည်ပတွင် ရောက်ရှိနေသော ပီနန်ဆရာတော်က မြန်မာ့နိုင်ငံရေးနှင့် ဆက်နွှယ်သော ထုတ်ဖော်ပြောဆိုမှုများကြောင့် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတိုက်ကို မဟနအဖွဲ့ထံ လွှဲအပ်ခဲ့ပြီး ယင်းအချိန်မှ စတင်၍ အဆိုပါကျောင်းတိုက်ကို မဟန၏ စီမံခန့်ခွဲမှုဖြင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။
ပီနန်ဆရာတော်၏ နိုင်ငံရေးဆိုင်ရာ ပြောဆိုဝေဖန်မှုကြောင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း တပ်မတော်အစိုးရက ပြည်ဝင်ခွင့်ပိတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြည်ပရောက် မစိုးရိမ်ဆရာတော်၊ လန်ဒန်ဆရာတော် စသည့် ဆရာတော်များ စုဖွဲ့၍ မဟနအဖွဲ့ကို အန်တုမည့် သံဃာ့ဦးသျှောင် အဖွဲ့ကို အမေရိကန်ပြည်ထောင်စုတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ယင်းသို့ သံဃာ့ဦးသျှောင်အဖွဲ့ ဖွဲ့စည်းမှုအပေါ် ပြည်ပနိုင်ငံအသီးသီးရှိ ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များက ထောက်ခံခဲ့သော်လည်း မဟနအဖွဲ့နှင့် အစိုးရတို့က အသိအမှတ်ပြု လက်ခံခြင်း မရှိပေ။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်လာသည့်နောက် ပီနန်ဆရာတော် ပြည်တွင်းသို့ ပြန်လည်ကြွရောက်လာပြီး သန္တိသုခကျောင်းတိုက်ကို မူလရည်ရွယ်ချက်ဖြစ်သည့် ဗုဒ္ဓစင်တာကြီး တစ်ခုအဖြစ် အကောင်အထည်ဖော်ရန် စတင်လုပ်ဆောင်ရာမှ ပိုင်ဆိုင်မှု ပြဿနာ တစ်ကျော့ပြန်လာခြင်း ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သော ကျောင်းတော်ကြီးကို နိုင်ငံတကာအဆင့်မီ သင်ကြားရေးခန်းမများ အစုံအလင်ဖြင့် ဗုဒ္ဓစာပေများကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချ၍ မြန်မာရဟန်းတော်များကို ပြည်ပသာသနာပြု စေလွှတ်ရန် ရည်ရွယ်ခဲ့ကြောင်း ပီနန်ဆရာတော် အရှင်ပညာဝံသက မိန့်ကြားထားသည်။ ယင်းအစီအစဉ်ကို ပြန်လည် အကောင်အထည်ဖော်ရန် ၂၀၁၄ ခုနှစ် ဇွန်လဆန်းအတွင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သင်တန်းသားများ ဖိတ်ခေါ်ခဲ့ပြီး အဆိုပါ ဖိတ်ခေါ်ချက်ကပင် ကျောင်းတိုက်ကို ချိတ်ပိတ်ရသည့် အကြောင်းအရင်း တစ်ခုဖြစ်ကြောင်း တိုင်းသံဃနာယက အဖွဲ့က ဖတ်ကြားသော ညွှန်ကြားလွှာတွင် ရေးသားထားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သန္တိသုခအရေး အဆောတလျင် ဆောင်ရွက်ခြင်း မပြုရန် မဟနအဖွဲ့ထံသို့ ပန်ကြားခဲ့မှုကလည်း သံဃမဟာနာယက ဆရာတော်ကြီးများ၏ ဦးဆောင်မှုကို ထိပါးစေသည့်အတွက် ပို၍ပင် ရှေ့တိုး လုပ်ဆောင်ခဲ့ကြောင်း မဟနအဖွဲ့၏ ညွှန်ကြားလွှာတွင် ဖော်ပြထားချက်အရ သိရသည်။ “သမ္မတသြဇာခံ အဖြစ်မခံနိုင်” ဟု ဆိုကာ သမ္မတ၏ လျှောက်ထားချက်ကို မလိုက်နာနိုင်ကြောင်း ယင်းညွန်ကြားလွှာတွင် ထပ်ဆင့်ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်က မတည်ငြိမ်သေးသော တိုင်းရေးပြည်ရာ အခြေအနေများအကြား အကျပ်အတည်း ထပ်မံ မကြုံတွေ့စေရန် စေတနာဖြင့် လုပ်ဆောင်ခဲ့သော်လည်း “ဆေးကြောင့်လေး” သွားခဲ့ရပြီ ဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူများက အတည်ပြု ပြောဆိုသည်။
ပီနန်ဆရာတော် အနေနှင့် မိမိမှန်သည်ဟု ယူဆပါက အရပ်ဘက် သို့မဟုတ် သာသနာရေးဆိုင်ရာ တရားရုံး အဆင့်ဆင့်တွင် ဖြေရှင်းသွားရန်သာ ဖြစ်ကြောင်း မဟနအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
မည်သို့ပင် ဆိုစေကာမူ သန္တိသုခအရေးကြောင့် မဟနအဖွဲ့၏ ဂုဏ်သိက္ခာ ထပ်မံကျဆင်းခဲ့ရပြီး အွန်လိုင်းနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခံရမှုများ ကြုံတွေ့လာရသည်။ တပ်မတော်အစိုးရ၏ အရိပ်လွှမ်းမိုး ခံခဲ့ရသော မဟနအဖွဲ့အနေနှင့် ယခင်ကတည်းက လူမြင်ကွင်းတွင် အမည်ကောင်း မရခဲ့ဘဲ ယခုထပ်မံ၍ ပြစ်တင်ပြောဆိုမှုများ ရင်ဆိုင်လာရခြင်း ဖြစ်သည်။ သို့သော် မဟနဆရာတော်အချို့နှင့် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များက လျှော့မည့် အလားအလာမရှိ။ တရားဟု ယူဆလျှင် ကြိုက်ရာတရားရုံးသို့ သွားရောက် တိုင်ကြားနိုင်ကြောင်းပင် ဇွန်လ ၁၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ငေါက်ငမ်း ပြောဆိုလိုက်သေးသည်။
သန္တိသုခ အကျပ်အတည်းကြောင့် မဟနအဖွဲ့ကို ဝေဖန်သူများ အပြစ်ရောက်မည်ကို စိုးရိမ်သူများလည်း ရှိသည်။
အစိုးရနှင့် လူငယ်ထုအပေါ် သြဇာသက်ရောက်မှု ရှိသည့်အပြင် နှစ်ဘက် သံဃာ့ခေါင်းဆောင်များ၏ ယုံကြည်ကိုးစားခြင်း ခံထားရသော ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒကို ကြားဝင် စေ့စပ်ပေးသင့်ကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် နီးစပ်သူများက အကြံပြုထားသည်။ ဓမ္မဒူတဆရာတော် ကြားဝင် လာပါက ပြဿနာ အထိုက်အလျောက် လျော့ပါးမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
မြို့နယ်အဆင့် သံဃနာယက ဆရာတော်များနှင့် စာသင်စာချ ရဟန်းတော်များ အပါအဝင် နိုင်ငံရေးလေ့လာသူ အများစုက မဟနအဖွဲ့၏ လမ်းညွှန်ချက်နှင့် အကောင်အထည် ဖော်သူများကို ပြစ်တင်ဝေဖန်ထားပြီး ပြဿနာ၏ နောက်ကွယ်က ဒါရိုက်တာ ပုဂ္ဂိုလ်ကြီးကို မီးမောင်းထိုးကြသည်။
ဘုန်းကြီးလူထွက် အဆိုပါပုဂ္ဂိုလ်မှာ တော်တန်ရုံ ရဟန်းတော်များကိုပင် ရှိခိုးဦးညွတ်သူ မဟုတ်ဘဲ အမြဲလိုလို သာသနာရေး ကိစ္စရပ်များတွင် ရှေ့ဆုံးမှ ပါလေ့ရှိသူ ဖြစ်ပြီး သူ၏ ပြောစကား တစ်ခွန်းကို မြို့နယ်သံဃနာယက ဆရာတော်တစ်ပါးက အောက်ပါအတိုင်း ပြန်လည်ဖောက်သည်ချ မိန့်ဆိုသည်။
“သူက ဘယ်နေရာရောက်ရောက် အမြဲတမ်း ထိပ်ကပဲနေမှာ။ ငရဲပြည်ရောက်ရင်တောင် ယမမင်းဖြစ်မှာလို့ ပြောတယ်”

နော်ကိုကို
The Voice Weekly
http://thevoicemyanmar.com/index.php/article/item/543-tdt

Wednesday, June 11, 2014

သန္တိသုခကျောင်းကို သံဃနာယက အဖွဲ့ သိမ်းပိုက်၍ ဆရာတော်အပါး ၂၀ ကို ထိန်းသိမ်း

သန္တိသုခကျောင်းတိုက်, သံဃမဟာနာယကအဖွဲ့, ပီနန်ဆရာတော်, သာသနာရေးဝန်ကြီးဌာန
ဇွန်လ ၁၀ ရက်နေ့ညပိုင်းတွင် သန္တိသုခကျောင်းတော်ကြီးကို အင်အားသုံးသိမ်းပိုက်ခဲ့သည်။ (ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)
ပီနန်ဆရာတော်ကြီးဦးပညာဝံသနှင့် သံဃမဟာနာယကအဖွဲ့အကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော ရန်ကုန်မြို့ တာမွေ မြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီးကို နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့က သိမ်းယူ လိုက်ပြီဖြစ်ပြီး ယင်းကျောင်းကိစ္စနှင့်ပတ်သက်၍ သံဃာတော် အပါး ၂၀ကို ထိန်းသိမ်းပြီး ဥပဒေနှင့်အညီ စစ်ဆေး မှုများ လုပ်ဆောင်နေကြောင်း သာသာနာရေးဝန်ကြီးဌာနက ယနေ့ တရားဝင် ကြေညာလိုက်သည်။
ရန်ကုန်မြို့၊ ကမ္ဘာအေးရှိ ရန်ကုန်တိုင်းသာသနာရေးဦးစီးဌာနရုံးအဆောက်အအုံတွင် ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် သာသနာရေးဝန်ကြီးဌာနက ယင်းသို့ တရားဝင်ကြေညာလိုက်ခြင်းဖြစ်ပြီး ပီနန်ဆရာတော်ကြီးသည် ဓမ္မစက်ဖြင့် ကျောင်းတိုက်ဖယ်ရှားခိုင်းသည်ကို ငြင်းဆန်သည့်အတွက် ဇွန်လ ၁၀ ရက်နေ့ ညပိုင်းတွင် အင်အားသုံး ဖယ်ရှား ခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အရ မဟာသန္တိသုခကျောင်းတိုက်ကြီးကို ဇွန်လ ၁၀ ရက်နေ့ ညပိုင်းတွင် စည်းကမ်းထိန်းသိမ်းရေး ဘုန်းကြီး ၂၈၁ ပါး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များဖြင့် ကျောင်းတိုက်ကို ၀င်ရောက်စီးနင်းခဲ့ပြီး ကျောင်းမှ သံဃာတော် ၇ ပါးကို ထိန်းသိမ်းထားကြောင်း သိရှိရသည်။
ည အချိန်မတော် ဗုဒ္ဓသာသာနာပြုကျောင်းတိုက်ကြီးတခုကို ၀င်ရောက် စီးနင်းရခြင်းမှာ မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း သာသာနာရေး ၀န်ကြီးဌာနတာဝန်ရှိသူများက ရှင်းလင်းပြောဆိုသည်။
မဟာ သန္တိသုကျောင်းတိုက်ကြီးသည် နိုင်ငံတော် အစိုးရက သံဃနာယကအဖွဲ့ထံသို့ ရေစက်ချ လှူဒါန်းပြီးဖြစ်၍ ၀ိနည်း အရ ပီနန်ဆရာတော်ကြီး ဦးပညာဝံသထံသို့ ပြန်လည် လွှဲပြောင်းရန် လုံးဝ မဖြစ်နိုင်ကြောင်း ၊ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့က ပီနန်ဆရာတော်အား ကျောင်းတိုက်ကြီးမှ ထွက်ခွားပေးရန် အကြိမ်ကြိမ် စာထုတ်ခဲ့သော်လည်း လိုက်နာ မှု မရှိသောကြောင့် ဓမ္မစက်ကိုအာဏာစက်ဖြင့် တရားဝင်အောင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သတင်းစားရှင်လင်းပွဲတွင်သာသာနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုသည်။
“နိုင်ငံတော်အစိုးရမှ သံဃာတော်အား ရည်မှန်း၍ သာသနိက ကျောင်း အဖြစ် လှူဒါန်းခဲ့သဖြင့်ပီနန်ဆရာတော်ကြီး ဦးပညာဝံသအား လှူဒါန်းတာ မဟုတ်တဲ့အတွက်ပီနန်ဆရာတော်ကြီး ဦးပညာဝံသမှာ ပုဂ္ဂလိကအနေဖြင့် ပိုင်ဆိုင်ခွင့် မရှိကြောင်း ထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထိုစဉ်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သူမှာ ယခုလက်ရှိ နိုင်ငံတော် သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ဦးအံ့မောင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ” ဟု သာသနာရေး ဦးစီး ဌာန ဒုညွှန်ချုပ် ဦးဇာနည်ဝင်းက ပြောကြားသည်။
မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ဆက်စပ်၍ သံဃာတော် အပါး ၂၀ ကို ထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေကြောင်း၊ လူပုဂ္ဂိုလ် ၃၂ ဦးကိုလည်း ၀န်ခံကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လည် လွှတ်ပေး လိုက်ကြောင်းရန်ကုန်တိုင်း သာသနာရေး ဦးစီးဌာန ဦးစီးမှူး ဦးစိန်မော်က ပြောကြားသည်။
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခ ကျောင်း ပိုင်ဆိုင်မှု အငြင်းပွားမှုကို ဥပဒေကြောင်းအရ တရားရုံးတွင် ဖြေရှင်းသွား မည်ဟု ပြောဆိုထားသော်လည်း ယင်းပြောဆိုမှုသည် တရားရုံးတွင် ဖြေရှင်းရန်မလိုဘဲ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ သည် သံဃာထု၏ အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်သည့်အတွက် ယင်းအဖွဲ့၏ အဆုံးအဖြတ်သည်သာ အတည် ဖြစ်ကြောင်း သာသနာရေး ၀န်ကြီးဌာန အကြံပေး ဦးအံမောင်က ပြောကြားသည်။
“နိုင်ငံတော် မဟာသံဃနာယကအဖွဲ့ကို မမှန်ဘူးလို့ ထင်လို့ရှိရင် ခင်ဗျားတို့ ကြိုက်တဲ့တရားရုံးကို သွား” ဟု ဦးအံ့မောင်က သတင်းထောက်များကို အော်ဟစ်ပြောဆိုသည်။
သာသနာရေးဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲသို့ ပီနန်ဆရာတော်ကြီး၏ တပည့် ဒါယိကာများ တက်ရောက်ခဲ့ပြီး ဆရာတော်ကြီးမှာ မဟာသန္တိသုခ သတင်းကို ကြားသည့်အခါအလွန်စိတ်မကောင်း ဖြစ်နေကြောင်း၊ ဆရာတော်ကြီးမှာ ကျန်းမာရေး ကောင်းမွန်သော အနေအထား မဟုတ်တော့ကြောင်း ၊ ကျောင်းတိုက်ကြီးကိုညဘက်တိတ်တဆိတ် ၀င်ရောက် စီနင်းခြင်းကို လုံးဝ နားမလည်နိုင်ကြောင်းပြောဆိုခဲ့ကြသည်။
သန္တိသုခကျောင်းကို အင်အားသုံးဝင်ရောက်စီးနင်းသိမ်းပိုက်ပြီး ကျောင်းရှိ သံဃာတော်တို့ကို အတင်းအကျပ် ခေါ်ဆောင်မှုနှင့် ကျောင်းတော်ကြီးကို ချိတ်ပိတ်မှုသည် ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံတစ်ခုတွင် လွန်စွာ အကျည်းတန် ရုပ်ဆိုးလှသည်ဟု ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)က ကြေညာချက်တရပ် ထုတ်ပြန်သည်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကမူ သန္တိသုခကျောင်းတိုက်ကြီး အဓမ္မ သိမ်းပိုက်ခံရမှုကို ပြန်လည်တုံ့ပြန်ရန် ဆွေးနွေးမှုများ ဆောင်ရွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဧရာဝတီသို့ မိန့်ဆိုသည်။

မဟာသန္တိသုခကို နမူနာယူကြပါလို့ မှာချင်တယ်



သာသနာရေး ဦးစီးဌာန, မဟန, သံဃမဟာနာယက, မဟာသန္တိသုခ ကျောင်းတိုက်
ပီနန်ဆရာတော် ဦးပညာဝံသ (ပန်းချီ – ဟန်လေး)
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ ည သန်းခေါင်ယံအချိန်မှာ သံဃာတချို့၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ် လူတချို့ ဝင်ရောက်စီးနင်းပြီး ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်ပါတယ်။ ဒီလို စီးနင်းချိတ်ပိတ်မှုကြောင့် ဂယက်ရိုက်မှုများစွာရှိခဲ့ပြီး ဒီကနေ့မှာ သာသနာရေး ဦးစီးဌာနကလည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ နှစ်နဲ့ချီပြီး ပိုင်ဆိုင်မှုအတွက် အခြေအဆင်ဖြစ်နေတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကြီးနဲ့ ပတ်သက်လို့ စတင်တည်ထောင်သူဖြစ်တဲ့ ပီနန်ဆရာတော်ကြီး အရှင်ပညာဝံသကို ဧရာဝတီ အကြီးတန်းသတင်းထောက် လင်းသန့်က ဆက်သွယ်လျှောက်ထား မေးမြန်းခဲ့ပါတယ်။ ပီနန်ဆရာတော်ကြီးက လတ်တလောမှာ ဂျပန်နိုင်ငံကို ခေတ္တရောက်ရှိနေပါတယ်။
မေး။ ။ (ဇွန်လ ၁၀ ရက်နေ့) ညကပဲ မဟာသန္တိသုခကျောင်းကို ၀င်းရောက်စီးနင်းတာ၊ သိမ်းပိုက်တာ၊ ချိတ်ပိတ်တာနဲ့ ပတ်သက်ပြီး နည်းနည်းလေး ရှင်းပြပေးပါ ဘုရား။ ဘာတွေ ဆက်လုပ်သွားမယ် ဆိုတာလည်း သိပါရစေ ဘုရား။
ဖြေ။ ။ အခု အခြေအနေကတော့ အသေအချာ မသိရသေးဘူး။ တချို့ သတင်းတွေအရပဲ ကြားတာဆိုတော့လေ။ တခုတော့ ရှိတာပေါ့၊ ဒီကိစ္စက အငြင်းပွားနေတဲ့ ကျောင်းဆိုပြီး သူတို့ ပြောနေကြတယ်လေ။ အမှန်တော့ အငြင်းပွားတာ မဟုတ်ဘူး။ အမှန်တော့ ဒီကျောင်းရဲ့ မူရင်းက ၁၉၉၅ ခုနှစ်က ဘုန်းကြီးကို မြေရော၊ ပုဂ္ဂလိက နာမည်နဲ့ လှူထားတာလေ။ အဲဒီတုန်းက စပြီးတော့ ဘုန်းကြီးလည်း တည်ထောင်ခဲ့တာပဲလေ။ ယာယီကျောင်းလေးနဲ့ ၂ နှစ် ၃ နှစ်နေလာပြီး နောက်မှ သာသနာပြု လုပ်ငန်းတွေအတွက် အလှူရှင်တွေနဲ့လုပ်တော့ ဒီကျောင်းတိုက်ကြီး ဖြစ်လာတယ်ဆိုပါတော့။
အဲဒီတော့ ဘုန်းကြီးက တည်ထောင်ခဲ့တာပဲလေ။ လှူမယ့်သူတွေကလည်း အားပေးကြတော့ ဆက်လုပ်ဖြစ်တယ်။ Sunday School တို့ ဘာတို့ လုပ်ပြီးတော့ ကျောင်းသားတွေ များလာတယ်။ ၃ ထောင်၊ လေးထောင်အထိ ဖြစ်လာတယ်။ ကျူရှင်တွေ ပေးပြီးသင်တယ်၊ အားလုံး ၂ နှစ်သင်တန်းတွေပြီးတော့ အဲဒီဘုန်းကြီးအားလုံးဟာ အခု နိုင်ငံခြားမှာ အကုန်ရောက်နေပါပြီ။ အဲဒီကနေ ၂၀၀၂ ခုနှစ်မှာ ဘုန်းကြီးကလည်း မရှိဘူး၊ နိုင်ငံခြားမှာ သွားနေတဲ့အခါ ကျတော့ သူတို့က နည်းနည်း ရှုပ်ရှုပ်ပွေပွေတွေ ဖြစ်လာတယ်လို့ ပြောတယ်။
ဘာတွေ ဖြစ်လာလည်းဆိုတော့ ကော်မတီတွေမှာ အဂတိ လိုက်စားမှုတွေ ဖြစ်လာတယ်။ ဥက္ကဋ္ဌလုပ်တဲ့သူက ထွက်တော့မယ် ဆိုတာတွေ ဖြစ်လာတယ်။ အဲတော့ ဗိုလ်ချုပ်ခင်ညွန့်ကို သွားပြောတယ်။ နိုင်ငံရေး လုပ်တယ်ဆိုတာလည်း သတင်းတွေ ထွက်တယ်ပေါ့လေ။ နိုင်ငံရေးလည်း ဘာမှမလုပ်ပါဘူး။ သူဟာသူ သွားပြောတယ်။ ခင်ညွန့်က အဲဒီအချိန်မှာ အလုပ်တွေများတော့ သူလည်း သိချင်မှ သိမှာတော့။ အဲတော့ နောက်ပိုင်းမှာ သံဃနာယကအဖွဲ့ကို အပ်ပစ်လိုက်တယ်။
ဘာဖြစ်လို့ အပ်တာလည်း ဆိုတော့ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာမှာ ဖွင့်ပွဲလုပ်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၊ မောင်အေးတို့၊ ခင်ညွန့်လည်း ပါတယ်၊ အကုန်လာပြီး ရေစက်ချပေးကြတာပဲလေ။
နောက်တခါ ၂၀၀၂ ခုနှစ်ကျ တခါ ရေစက်ချပြီး အပ်တယ်လို့ ပြောပြန်တယ်။ အဲလို အပ်တယ် ပြောတော့ သံဃနာယက က အုပ်ချုပ်သွားတာပေါ့။ အဲဒီအချိန်မှာ ဘုန်းကြီးကလည်းပဲ အပြင်ရောက်နေတယ်။
၂၀၀၄ ခုနှစ်မှာကျတော့ ဗိုလ်ချုပ် ခင်ညွန့်က ဘုန်းကြီးကို စာပေးတယ်၊ အရှင်ဘုရားတဲ့၊ ဒီကျောင်းက အရှင်ဘုရား မရှိတဲ့အခါ အုပ်ချုပ်ဖို့ အဆင်မပြေလို့ပါတဲ့၊ အဲဒါကြောင့် သံဃနာယကကို အပ်ထားတာပါတဲ့။ အဲဒီအချိန်မှာလည်းပဲ ဘုန်းကြီးရဲ့ တပည့်တွေနဲ့ ဘုန်းကြီးရဲ့ ဆရာတော်ကြီး အသက် ၉၆ နှစ်ရှိတဲ့ ဆရာတော်ကို အခုလိုပဲ နှင်ချခဲ့တယ်၊ သူတို့က။
ဗိုလ်ချုပ် ခင်ညွန့်ကတော့ စာရေးတဲ့အထဲမှာ ဒီကျောင်းကို အစိုးရက သိမ်းတာ မဟုတ်ပါဘူးဆိုပြီး ပြောတယ်။ အရှင်ဘုရား ပြန်လာရင် ပြန်အပ်မယ်ဆိုပြီး ပြောတယ်။ အဲတော့ ဘုန်းကြီးလည်း မပြန်ဖြစ်ဘူးပေါ့လေ။ မနှစ်ကမှ ပြန်ဖြစ်တယ်လေ။ တိုင်းပြည်မှာလည်း ဒီမိုကရေစီ ပြောင်းနေပြီ ဆိုတော့ သံဃနာယကို လေးလေးစားစားပဲ လျှောက်ထားတယ်။ အရှင်ဘုရားတို့ စောင့်ရှောက်ပေးထားတာကို ကျေးဇူးလည်း တင်ပါတယ်။ နိုင်ငံတကာမှာလည်း အရည်အချင်း ပြည့်စုံတဲ့ ဘုန်းကြီးတွေ လိုနေပါတယ်။ အဲဒါကို လုပ်ချင်လို့ ဒီကျောင်းတိုက်ကို ပြန်တည်မယ်၊ ပြန်ပြီး ခွင့်ပြုပါ ဆိုတော့ သူတို့က ဘာပြောလဲဆိုတော့ ခွင့်မပြုနိုင်ဘူးတဲ့။
ဘာကြောင့်လဲ ဆိုတော့ သူ့ကို လှူထားတဲ့အတွက်ပါတဲ့။ ပြန်မပေးနိုင်ဘူး။ သူတို့ ပိုင်တယ်ဆိုပြီး ပြန်ပြောတာလေ။ ဒါနဲ့ ဘုန်းကြီးက သမ္မတဆီကို စာပို့ မေတ္တာ ရပ်ခံတယ်။ ဒကာကြီး သူတို့ဆီမှာ စာချုပ်ကအစ အကုန်လုံးရှိတယ်လို့ ပြောလိုက်တယ်။ သမ္မတကလည်း အကုန် စိစစ်ပေးဖို့ ပြောပါတယ်။ ဂရန်ရှိတဲ့လူ၊ အထောက်အထားရှိတဲ့သူကို ပြန်ပေးလိုက်ပါလို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီမှာပဲ သံဃနာယကလည်း သူတို့ပိုင်တယ်ပေါ့လေ။
အဲဒီအချိန်ကနေ ဖြစ်နေကြတာ။ အဲဒီကနေ ဘုန်းကြီးတို့ကို နှင်တဲ့သဘောမျိုး ဖြစ်လာတာ။ ဘုန်းကြီးတို့ကို ဒီကျောင်းက ထွက်ရတော့မယ် ဆိုတော့၊ ဘုန်းကြီးလည်း စဉ်းစားတယ်လေ။ သူတို့က ဘာအထောက်အထားမှ မရှိဘဲနဲ့ တို့ကို နှင်နေတာပဲ၊ ကိုယ်က အထောက်အထား ရှိတာပဲဆိုပြီး ဘုန်းကြီးတို့က ဆက်နေတယ်။ ၂၇ ရက်နေ့ သွားစရာ ရှိနေတော့ သူတို့က ထပ် နှင်စာပေးတယ်။ မတ်လ ၃၁ ရက်နေ့ ဒီကျောင်းကနေ ထွက်ရမယ်ဆိုပြီးတော့ နှင်စာပေးတယ်။ နောက် သတင်းစာ ရှင်းလင်းပွဲတွေ လုပ်တာပေါ့လေ။ အဲဒီမှာ ဒကာ၊ ဒကာမတွေလည်း သိသွားတော့ မတော်မတရား မလုပ်ရဘူးဆိုပြီးတော့ ရပ်ကွက်တခုလုံး အုံးအုံးကျွက်ကျွက်တွေ ဖြစ်ကုန်တာလေ။ အဲဒီတော့မှ သူတို့လည်း နောက်ဆုတ်သွားတယ်၊ ဘာမှ မပြောတော့ဘူး။
အခု ဘုန်းကြီး ပြည်ပ ထွက်လာတဲ့ အခါကျမှ သူတို့က ဘာလုပ်သလဲဆိုတော့ ဘုန်းကြီး မရှိတုန်းကို ညကြီး သန်းခေါင်းမှာ စစ်ဖြစ်သလို၊ အကြမ်းဖက်သမားတွေ စစ်တိုက်သလိုမျိုး ဘုန်းကြီးတွေကို အတင်းဝင်စီးပြီးတော့ ဖမ်းသွားတယ် ပြောတာပဲ။
မေး။ ။ အခုလိုမျိုး ညသန်းခေါင်ကျော်ကြီးမှာ သွားပြီးတော့ စီးနင်း စစ်ဆင်ရေး လုပ်တဲ့အပေါ်မှာရော အရှင်ဘုရား ဘာလိုများ ခံစားရပါလဲ ဘုရား။
ဖြေ။ ။ ဘုန်းကြီး ခံစားရတာကတော့ ဘုန်းကြီးတွေလည်း ဖြစ်ပြီးတော့၊ သံဃနာယကလည်း ဖြစ်ပြီးတော့၊ သူတို့က တိုင်းကို အမိန့်ပေးပြီးတော့ ဘုန်းကြီးတွေ ကိုယ်တိုင်က ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း၊ ရက်ရက်စက်စက် လုပ်တာလဲဆိုတဲ့ အခါကျတော့ ဘုန်းကြီး ခံစားရတာက သြော် … မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံ၊ အင်မတန် ယဉ်ကျေးတယ်လို့ ကျော်ကြားနေတဲ့ ဟာတွေက ဘာယဉ်ကျေးတာလဲ၊ ဒါ ယဉ်ကျေးမှုလားလို့ စိတ်ထဲမှာ တွေးမိတယ်။
သူတို့ကလည်း ပြောပါတယ်၊ ရှေးတုန်းကတော့ စစ်တပ် အုပ်ချုပ်နေတော့ ထားပါတော့။ အခုက ဒီမိုကရေစီ ခေတ်ရောက်နေပြီ ဆိုတော့ ဘုန်းကြီးကတော့ ဒီလိုပဲ ရိုးရိုးသားသား … အေး … သူတို့ မှန်တဲ့အတိုင်း လုပ်ပေးမှာပဲ ဆိုပြီး ဘုန်းကြီးတို့က အဲဒီအတိုင်းပဲ နေတယ်လေ။
အခုတော့ သံဃနာယက က သူပိုင်တယ်ဆိုတာ သူ့ဖာသာသူ ဆုံးဖြတ်တာ။ တရားဆိုတာ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်လို့ရှိရင် ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ အခုက သူတို့ဖာသာ သူတို့ တရားလုပ်ရုံတင် မကဘူး။ အခုလို ဂရန်တွေ၊ အထောက်အထားတွေ ရှိတဲ့အပြင် အစကတည်းက မြေကြီးကနေ စလုပ်ထားတဲ့ ဘုန်းကြီးကို အခုလို ဘုန်းကြီး မရှိတဲ့အခါ ဘုန်းကြီးထားခဲ့တဲ့သူတွေကို လုပ်တယ်ဆိုတာ ဘုန်းကြီးကို လုပ်တာနဲ့ အတူတူပါပဲ။ အဲဒီလောက်တောင် လုပ်တယ်ဆိုတော့ ခင်ဗျားတို့တွေ ကမ္ဘာကြီးက ကြားလို့ ကောင်းပါ့မလားလို့။ အဲဒီလို ကြားလို့ ကောင်းပါ့မလားဆိုတာ မြန်မာ့ဒီမိုကရေစီဆိုတာ ဒါလား။
နောက် နမူနာ တခု ပြောချင်တာကတော့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ဒကာ၊ ဒကာမတွေကို မှာချင်တယ်။ ဒါကတော့ မဟာသန္တိသုခကို နမူနာယူကြပါလို့ မှာချင်တယ်။ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေကို ကြည့်ကြပါ။ အဲဒီလို ကြည့်ပြီးတော့ သဘောပေါက်ဖို့တော့ လိုတယ်လို့ ဘုန်းကြီး ပြောချင်တယ်လေ။
ဘုန်းကြီးရဲ့ ခံစားချက်ဟာ ဒကာ၊ ဒကာမတွေရဲ့ ခံစားချက် အတိုင်းပါပဲ။ ဘာမှ မထူးခြားဘူး။ နောက် ဘုန်းကြီးပြောချင်တာက အဲဒီလောက်တောင် တရားတွေ မဲ့နေပြီလား၊ မဲ့ကုန်ပြီလား။ တရားတွေ ပျက်စီးနေပါလား၊ အဲလို ပုံစံနဲ့ ဒီမိုကရေစီကို သွားမယ်ဆိုတော့ ဒီ ဒီမိုကရေစီဟာ ဘာဒီမိုကရေစီလဲဆိုတဲ့ဟာ ကမ္ဘာက ဒီမိုကရေစီနဲ့ မတူဘူး ဆိုတာကို ပြချင်လို့လားလို့ ဘုန်းကြီးက တွေးတယ်လေ။
မေး။ ။ မနေ့ညက စီးနင်း ချိတ်ပိတ်တုန်းက သံဃမဟာနာယက ဘုန်းကြီး တချို့ကလည်း စကားပြောစက် ကိုင်ထားတာ တွေ့ရတယ်။ သူခိုး ဓားပြဂိုဏ်း နှိမ်နင်းသလို လုပ်တာတွေကို အများက အနီးကပ် မြင်နေရတယ်။ အဲဒီလို လုပ်တာဟာ ဗုဒ္ဓဘာသာ အနေနဲ့ သင့်တော်ပါရဲ့လား ဘုရား။
ဖြေ။ ။ ဒါက ဗုဒ္ဓဘာသာရဲ့ အလုပ်မဟုတ်ဘူးလေ။ ဒါက အိုစမာတို့ လုပ်တဲ့အလုပ်မျိုးပဲ။ ကောင်းပါတယ်။ လုပ်ပါစေ။ အဲဒါကြောင့် သတင်းစာ ရှင်းလင်းပွဲမှာလည်း ဘုန်းကြီး ပြောခဲ့တယ်။ ဘုန်းကြီး ဒီကျောင်းမှာ မနေတာ ၁၂ ကျော်ပြီ။ ဒီတော့ ဒကာ၊ ဒကာမတွေက ပြောတယ်၊ အရှင်ဘုရား မရှိတဲ့ အချိန်မှာ သံဃနာယက က ဘာတွေ လုပ်သလဲဆိုတော့ ဘိုင်စကုတ်တွေ ရိုက်တယ်၊ ကောင်မလေးတွေကလည်း အတိုအတိုလေးတွေနဲ့ အက သင်တန်းတွေ လုပ်ပေးတယ်။ မင်္ဂလာတွေ ဆောင်တယ်။ စီးပွားရေး သမားတွေကို ငှားစားတယ်။
သူတို့က သာသနာပြု ကျောင်းကို ဟိုတယ်လို လုပ်ပြီးတော့ ပိုက်ဆံတွေနဲ့ ငှားစားနေတယ်။ ဘုန်းကြီး ရောက်သွားတော့မှ ဘုန်းကြီးက ပြောတယ်၊ ဒီဟာတွေဟာ မသင့်တော်ဘူး ဆိုတော့မှ ရုပ်သိမ်းသွားတယ်။ အကတွေလည်း ဖျက်သွားတယ်။ ဘာကျန်ခဲ့လဲ ဆိုတော့ မင်္ဂလာဆောင်နဲ့ ကုန်သည်တွေကို ငှားတာကျန်သေးတယ်။
အဲဒါတွေလည်း အမှန်တော့ မလုပ်သင့်ဘူးလို့ ပြောတယ်။ ဒီပစ္စည်းတွေဟာ ပြည်တွင်း ပြည်ပက လှူထားတဲ့ ဒကာ၊ ဒကာမတွေ လှုထားတာဖြစ်တယ်။ ဒီဟာတွေက ကုသိုလ်ကောင်းမှုတွေပဲ လုပ်ရမှာ၊ ပိုက်ဆံ ရှာဖို့ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီလို ဟာတွေကို သံဃနာယက က လုပ်တယ်ဆိုတော့ သံဃနာယက ဆိုတဲ့ နာမည်နဲ့ လုပ်တာကို ကြည့်ပေါ့။ အဲဒီတော့ ဒါကို ဘုန်းကြီး အနေနဲ့ အထူး ပြောစရာ မလိုဘူး။ ပြည်ထောင်စု တခုလုံးက စဉ်းစားဖို့ လိုလာတယ်။
ဒီအတိုင်းသွားမယ် ဆိုရင် ဘုန်းကြီးတို့ ဗုဒ္ဓသာသနာက ၀မ်းနည်းစရာ မကောင်းဘူးလား။ ဘုန်းကြီးတို့က သာသနာ အစစ်ကို လုပ်နေတာ။ အခု သူတို့ လုပ်နေတာက အကြမ်းဖက်သမားတွေ လုပ်တဲ့ အလုပ်မျိုး လုပ်နေတာကိုး။ ဒီလို လုပ်ရပ်တွေဟာ အိုစမာ ဘင်လာဒင်တို့၊ အကြမ်းဖက် အုပ်စုတွေ လုပ်တဲ့ လုပ်ရပ်တွေပဲ။ ဘုန်းကြီးတွေက စကားပြောစက်တွေနဲ့ ဘုန်းကြီးတွေ ကိုယ်တိုင်က လာဖမ်းဆိုတာ၊ သံဃနာယက ကတော့ သူတို့ဟာ သူတို့ လုပ်ချင်တာ လုပ်နေပါစေ။ သံဃနာယက က ဓမ္မစက်တဲ့၊ သမ္မတထက် ကြီးတယ်တဲ့။ သူတို့က လုပ်ပိုင် ခွင့်ရှိတာကို လုပ်ပါစေ။ တန်းခိုးရှိကြောင်း ပြတာ ပြပါစေ။
ဘုန်းကြီးတို့ကတော့ အဓမ္မ၀ါဒကိုတော့ မထွန်းကားအောင် သာသနာရေးကို စောင့်ရှောက်ကာကွယ်တဲ့ သူတွေ၊ ဗုဒ္ဓဘာသာ လေးစားတဲ့လူတွေက တို့တော့ ဒီဘ၀ ရောက်နေပြီ ဆိုပြီးတာကိုတော့ အားလုံးက နားလည်ဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။
မေး။ ။ မဟနကို အရှင်ဘုရားက တရားစွဲမယ်လို့ ဟိုတလောက ပြောထားသေးတော့၊ အခု တရားစွဲဖြစ်မှာလား ဘုရား။
ဖြေ။ ။ အခုလောလောဆယ်က သူတို့က သိမ်းပြီး ချိတ်ပိတ်သွားပြီဆိုတော့ သူတို့ အခြေအနေအပေါ် ကြည့်ရဦးမယ်လေ။ သူတို့ရဲ့ လုပ်ရပ်ကို ကြည့်ပြီးတော့မှ ဘုန်းကြီးတို့က နောက်က လိုက်လုပ်ရမယ်လေ။ ဘုန်းကြီးက ရှေ့က မသွားပါဘူး။ သူတို့က အာဏာရှိတယ်လို့ ထင်တာကိုး။ ဘုန်းကြီးက သူတို့လိုအာဏာရှိတဲ့ ဘုန်းကြီးမှ မဟုတ်ဘဲကိုး။
ဒါကြောင့်မို့ တို့ မြန်မာပြည်ရဲ့ ဒီမိုကရေစီကြီးကတော့ ဒီအခြေအနေ ရောက်နေပြီ။ ကမ္ဘာကြီးကို သိအောင် တခြား ဒီမိုကရေစီနဲ့ မတူဘူးဆိုတာကို နမူနာ ပြသတာလို့ ပြည်ထောင်စုမှာ ရှိတဲ့ ဒကာ၊ ဒကာမ အပေါင်းတွေအားလုံး၊ လှည်းနေ လှေအောင်း၊ ရဟန်း ရှင်လူ ပြည်သူအများ သိဖို့ လိုအပ်ပြီလို့ ဘုန်းကြီးက ပြောချင်ပါတယ်။