Thursday, May 31, 2012

အလုပ်တော့ ရပါတယ် ... ဒါပေမဲ့ :(:(



ကာတွန်း - လိုင်လုဏ်

ပြည်သူတို့လိုချင်နေတဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဆိုတာအတွက် မတူညီသောအမြင်များ

Guest from Phar Kant - The peace from the different side in Kachin state

 ပြည်သူတို့လိုချင်နေတဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဆိုတာအတွက် မတူညီသောအမြင်များ
မိုးမခထံပေးစာ (ဖားကန့်ဧည့်သည်)၊ ဇွန် ၁၊ ၂၀၁၂
ယခုတလော ကချင်ပြည်နယ်၌ တိုက်ပွဲတွေ ပိုများလာသည်။ လွန်ခဲ့တဲ့သုံးပတ်လောက်က ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဖားကန့်၊ တာမခန်-စသော ဒေသများသို့ သွားရောက်ခဲ့စဉ်က ဒီလောက် မဆိုးလှသေးဟုဆိုရပေမည်။ မိုးကောင်းမြို့အနီး ရထားကို မိုင်းခွဲတာတို့၊ ၀ိုင်းမော်ဒေသ၌ အစိုးရအရာရှိ လေးယောက် ခေါင်းဖြတ်သတ်ခံရတာတို့၊ တာမခန်မှ အင်းတော်ကြီးသို့ သွားရာလမ်း၌ မိုင်းဗုံးများ ထောင်ထား၍ ခရီးသွားများ လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့ရတာ "စသည့်တို့ …" လောက်သာရှိခဲ့သည်။
ယခုအခါ၌မူ ကချင်ပြည်နယ်အတွင်း ခရီးများသွားလို့၊ လာလို့ မကောင်းတော့ပေ။ လူအခွင့်အရေးများ ဆိတ်သုဉ်းနေသော ကချင်ပြည်နယ်ကို လူအခွင့်အရေးများ ရရှိနိုင်အောင် နိုင်ငံတကာမှ ကြိုးစား ဆောင်ရွက်ပေးသင့်သည်။ ဌာနေပြည်သူများ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြရခြင်း၏ အဓိကအကြောင်းအရင်းမှာ အစိုးရ၊ ပြည်သူများနှင့် ကချင်KIAတို့ အမြင်မတူ ဖြစ်နေသည်မှာ အဓိကအကြောင်း အရင်းဖြစ်နေသည်ကို တွေ့ရသည်။ 
ကချင်ပြည်နယ်၌ နေထိုင်သော လူဦးရေ ၄၀% ခိုင်နှုန်းသည် ကချင်တိုင်းရင်သားများဖြစ်ကြပြီး၊ ကျန် ၆၀% ခိုင်နှုန်းသည် ရှမ်း၊ ကဒူး မြန်မာ တရုပ် စသော အခြားတိုင်းရင်းသား လူမျိုးများဖြစ်ကြသည်။ အနည်းစု ကချင်လူမျိုးများသည် အထူးသဖြင့် လူမျိုးစုခေါင်းဆောင်တို့သည် နိုင်ငံရေးအမြတ်ထုတ်လိုမှု၊ ဘာသာရေး အမြတ်ထုတ်လိုမှု၊ ဒီအကြောင်းနှစ်ခုကို အကြောင်းပြုí ပြည်သူရွေးကောက်ခံ နိုင်ငံတော်အစိုးရအား ပြောက်ကျားစံနစ်ဖြင့် တော်လှန် တိုက်ခိုက်နေဆဲဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ ဌာနေ ကချင်တိုင်းရင်းသား လူငယ်များ ပညာမသင်ကြားရခြင်းကြောင့်ဖြစ်သည်။ ကချင်လူမျိုးအများစုသည် မူလတန်းပညာကိုပင် ဟုတ်တိပတ်တိ မသင်ကြရှာပေ။
 ကချင်ပြည်နယ်၌ နေထိုင်ကြသော ဒေသခံပြည်သူ၊ ပြည်သူများ လူနေမှုအဆင့်အတန်းများနှင့် လူ့အခွင့်အရေးများ ရရှိနိုင်ရန် နိုင်ငံတော်အစိုးရမှ စာသင်ကျောင်းများကို ဖွင့်လှစ်ပေးသော်လည်း ကချင်ကလေးငယ်အများစုသည် ကျောင်းတက်ခွင့်များကို မရရှိကြပေ။ စစ်ကြောင်းထောက်လှမ်းပေးခြင်း၊ နိုင်ငံတော်အစိုးရ၏ လှုပ်ရှားမှုမှန်သမျှကို ထောက်လှမ်းပေးနေသောသူများမှာ ကချင်ကလေးသူငယ်များနှင့် ကချင်အမျိုးသမီးများဖြစ်နေသည်ကို အံသြစွာ တွေ့ရှိနေရသည်။
ပညာမတတ်ရှာကြသဖြင့် အသွင်ကူးပြောင်းရေး ကာလမှာ သူတို့ခံယူချက်များကို မပြောင်းနိုင်အောင်ဖြစ်နေကြသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ လမ်းပြင်ခြင်း၊ လမ်းဖေါက်ခြင်း၊ တံတားဆောက်ခြင်း စသည်တို့ကို ဘယ်လောက်ပဲပြုလုပ်ပေးပေး မလိုလားနိုင်ကြပေ။ အကြမ်းဖက်နည်းသည်သာ သူတို့၏ခံယူချက် အဓိဋ္ဌာန်ဖြစ်နေခဲ့သည်။
စစ်အစိုးရလက်ထက်က KIA တို့နှင့် ငြိမ်းချမ်းရေးယူကာ ဖားကန့်ဒေသရှိ အချို့နယ်ပယ်ဒေသများ၊ လိုင်ဇာကဲ့သို့သော ဒေသများအား KIA နှင် KIO တို့အား ခွဲဝေပေးလျှက် သူတို့ရဲ့ အုပ်ချုပ်နယ်မြေအဖြေစ် ညှိနှိုင်းပေးအပ်ခဲ့သည်။ နာမည်ကျော် နမ္မတီးသကြားစက်ကြီးးကိုပင် KIA နှင့်ကချင်လူမျိုးတို့အား လွှဲပြောင်းပေးအပ်ခဲ့သည်။ သို့သော် လက်နက်ဖြင့်သာ လုပ်ကိုင်စားသောက်တတ်သော ကချင်လူမျိုးတို့ လက်ထက်ဝယ် သကြားစက်ရုံကြီး အလည်ရပ်ခဲ့ရသည်။ ယခုအချိန်အထိ ထိုနမ္မတီးသကြားစက်ရုံကြီးသည် ကချင် KIA တို့ ပိုင်ဆိုင်ထားဆဲဖြစ်သည်။
 
ကချင်ပြည်နယ်နေ KIA တို့သသည် ကချင်ပြည်နယ်ကို သူတို့ပိုင်နယ်မြေဟု သတ်မှတ်ပြောဆို ယူဆနေဆဲဖြစ်သည်။ ကချင်လူမျိုးမှန်သမျှ KIA စစ်သားများသာ ဖြစ်ရမည်ဟု ကြွေးကြော်နေဆဲဖြစ်သည်။ ကလေးသူငယ်များ၏ လူ့အခွင့်အရေးများကို သူတို့ နားလည်ဟန်မတူပေ။ ကချင်ပြည်နယ်၌ ထွက်ရှိသမျှ မြေပေါ် မြေအောက် သယံဇာတများသည် သူတို့သာ ပိုင်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ ဆောက်လုပ်ထားသော မြစ်ကူး၊ ချောင်းကူး၊ မြောင်းကူး အလျားပေ ပေနှစ်ဆယ်အထက်၌ရှိသော တံတားမှန်သမျှ မိုင်းဗုံးမခွဲခံရသောတံတားကား မရှိသလောက်ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း လမ်းပမ်း ဆက်သွယ်ရေးများ ကောင်းမွန်နေခြင်းသည် သူတို့အတွက် အန္တရယ်ရှိသည်ဟု  အမြင်ရှိနေဆဲဖြစ်သည်။  အမှန်တကယ်မူ ကချင်ပြည်နယ်သည် တိုင်းရင်းသားပေါင်းစုံနေထိုင်သော ပြည်နယ်တစ်ခုဖြစ်သည်။
ကချင် KIA တို့သည် ငြိမ်းချမ်းစွာ နေထိုင်လိုကြသော ပြည်သူများထံမှ ဆက်ကြေးများကို တောရွာများမှသည် မြို့ပြနေပြည်သူများအထိ ဆက်ကြေးများကို (ယခင်အခါများက တနှစ်မှာတစ်ခါ ကောက်ခံသော်လည်း ယခုအခါ ငါးကြိမ်မှဆယ်ချိန်အထိရှိလာသည်) ကောက်ခံနေဆဲဖြစ်သည်။ ဆက်ကြေးမပေးနိုင်လျှင် သို့မဟုတ် ဆက်ကြေးမဆပ်လိုသော ပြည်သူတို့အတွက် သွားရားလမ်းတစ်လမ်းကိုသာ ဖွင့်ထားပေးခဲ့သည်။ ထိုလမ်းမှာ သေမင်းတမန်လမ်းဖြစ်သည်။ လူ့အခွင့်အရေးများ ပျောက်ဆုံးနေသော ကချင်ပြည်နယ်ကို ကမ္ဘာ့ပြည်သူများ သိနိုင်မည်မဟုတ်ပါ။  


       ကချင်တိုင်းရင်းသားများအပါအ၀င် ရှမ်း၊ ကဒူး၊ ဂဏန်း၊ မြန်မာ၊ တရုပ် စသော ပြည်သူတို့အား ထိုလက်နက်များဖြင့် ခြိမ်းချောက်နေပြီး၊ လူ့အခွင့်ရေများကို ဆက်လက်ချိုးဖေါက်နေသမျှကာလ ပတ်လုံး ကချင်ပြည်နယ် ငြိမ်းချမ်းရေးရောင်ခြည်သည် ပျောက်ဆုံးမြဲ၊ ပျောက်ဆုံးနေဦးမည်သာ ဖြစ်သည်။ 

အိမ်စောင့် မြေးထိန်း သာသနာပြု




    “ မိဘနဲ့ ဆရာသမားတို့ရဲ့ အဆုံးအမကို မခံရဘဲ သင်္ချိုင်းမှာ စွန့်ပစ်ထားတဲ့ကြက်ဟာ တွန်ချိန် စည်းကမ်း မရှိတဲ့အတွက် ပျက်စီးသွားရတာ ဇာတ်တော်မှ ပါသမို့လားကွဲ့” ( ကျည်တောင်ကန်တိုက်သစ် ဆရာတော်ကြီး )
“ ကိလေသာတွေ ထိန်းကျောင်းရမယ့် ကျောင်းကို ကိလေသာဘေးမဲ့တောလို သဘောထားနေကြတယ်” ဆိုတဲ့ သြ၀ါဒကို မိန့်ကြားခဲ့တဲ့ ကျည်တောင်ကန်တိုက်သစ်ကျောင်း ဆရာတော်ကြီးအကြောင်းကို အရင်က တစ်ခါ အတွေးသစ်ဂျာနယ် အတွဲ( ၅ )၊ အမှတ်( ၂၂၀ ) မှာ ရေးခဲ့ဖူးပါတယ်။
ခုတစ်ခေါက် ဆရာတော်ကြီးထံ သွားတဲ့အခါမှာတော့ ကျောင်းတိုက်ရဲ့ အ၀င်ဝနားမှာ တည်ထားတဲ့ အုတ်ရေအိုးစင်မှာ ကွမ်းသွေးတွေ ပေကျံနေ တာကို ပွတ်တိုက်ဆေးကြောပြီး ဆေးရောင်အသစ် ပြန်လည်သုတ်ဖို့ စီစဉ်ညွှန်ကြားနေတုန်းမှာ ရောက်သွားပါတယ်။ စီစဉ်ညွှန်ကြားတဲ့ ကိစ္စ ပြီးတဲ့အခါမှာတော့ ဆရာတော်ကြီးက…….
‘ အဲဒါပဲ ကြည့်တော့လေကွာ၊ သူများက ခရီးသွား ခရီးလာ သန့်သန့်ရှင်းရှင်း သောက်ရအောင် ဆိုပြီး အုတ်ရေအိုးစင် သပ်သပ်ရပ်ရပ်နဲ့ ရေမပြတ် ကုသိုလ် လုပ်ထားတာကို လူတွေက ကွမ်းသွေးတွေ ပလုတ်ကျင်းပြီး အုတ်နံရံကို ထွေးထားတာ မြင်မကောင်း ရှုမကောင်းကို ဖြစ်လို့ကွာ။ ငါလည်း အမြင်မတော်တာနဲ့ သန့်ရှင်းပြီး ဆေးအသစ် ပြန်သုတ်ခိုင်းနေရတယ်။ ဒါတင်မကသေးဘူး မောင်ရ၊ ဟိုလမ်းဘေးက ဇရပ်ကိုလည်း သွားကြည့်ဦး။ အယုတ္တ အနတ္တတွေ မီးသွေးနဲ့ ရေးထားလိုက်ကြတာ တိုင်ကော၊ တန်းကော၊ ခါးပန်းကော၊ ကြမ်းကော ကွက်လပ်မကျန်အောင် ပြည့်လို့။ အဲဒါ လူ့အဆင့်အတန်းနိမ့်ကျတဲ့ သင်္ကေတတွေပဲမို့လားကွ…..
‘ ဒါနဲ့များ လူတွေက ပြောကြသေးတယ်။ “ လောကကြီးက ဆုတ်ကပ်ကြီးဖြစ်လို့ ဘာမဆို ပျက်စီးပြီး အကျည်းတန်ကုန်ပြီ” တဲ့။ မင်းပဲ စဉ်းစား ကြည့်လေကွာ၊ လောကကြီးဟာ ဘယ်အချိန်မှာများ ဆုတ်ယုတ်တယ်၊ အကျည်းတန်တယ်လို့ ရှိလို့တုံး။ ရေမြေတောတောင်တွေ ဆိုတာလည်း သူ့သဘာဝနဲ့သူ သူ့ရာသီနဲ့သူ လှနေတာပဲ။ နေ့တစ်နေ့ တည်းကိုပဲကြည့်၊ အရုဏ်တက်ချိန်က နေ၀င်ချိန်အထိ သူ့အလှနဲ့ သူ ဘာများ ပျက်စီးလို့လဲ။ အဲ…….ဆုတ်ယုတ်ပျက်စီးနေတာက လူတွေ၊ စည်းကမ်းမဲ့လို့ လောကကြီး ဆုတ်ယုတ်ပြီး အကျည်းတန်နေတာ’ ဆိုပြီး မကျေမနပ်တဲ့ သဘောနဲ့ မိန့်ကြားနေပါတယ်။ မိမိကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးရဲ့ သဘောထားနဲ့ အဆုံးအမကို နာယူလိုတဲ့အတွက်……
‘ ဆရာတော် ဒီကိစ္စမျိုးတွေက နေရာတိုင်းလိုလိုမှာ ကြုံတွေ့နေရတဲ့ ပြဿနာပဲဘုရာ့။ အဲဒါ ဘယ်လိုက ဘယ်လိုစပြီး ဖြေရှင်းရမယ်ဆိုတာ ဘယ်သူမှ မစဉ်းစားတတ်အောင် ဖြစ်နေပုံရတယ်’ လို့ လျှောက်ထားလိုက်ပါတယ်။
ဆရာတော်ကြီးက………
‘ မင်းနှယ် ခက်ပါပကော။ ဟိုဇာတ်တော်ထဲမှာ ကြားဖူးတယ်မို့လားကွ။ သင်္ချိုင်းကုန်းမှာ မိမရှိ ဖမရှိ လွှတ်ထားတဲ့ ကြက်တစ်ကောင်ဟာလေကွာ၊ အမိအဖ ဆရာသမားတို့ထံက အတုမရတော့ တွန်ချိန်ကို နားမလည်ဘူး။ တက္ကသိုလ် ဒိသာပါမေက္ခဆရာကြီးထံမှာ ပညာသင်နေကြတဲ့ တပည့်တွေက အချိန်မှန်တွန်နေကျ ကြက်ကြီးသေဆုံးသွားတော့ အဲဒီကြက်ကို သွားဖမ်းပြီး မွေးထားကြတယ်။ အချိန်မသိ အခါမသိ တွန်ချင်သလို တွန်နေတော့ ညအခါမှာ ကြက်တွန်ချိန်ကို အမှတ်အသားပြုပြီး မန္တန်တွေရွတ်ဖတ်ရတဲ့ ကျောင်းသားတွေ အိပ်ချိန်မမှန်၊ ရွတ်ဖတ်ချိန် မမှန်ဖြစ်ပြီး ပညာတွေ မတိုးတက်တော့လို့ နောက်ဆုံးရိုက်သတ်လိုက်ကြရတာလေကွာ။ ဒီအကြောင်းကို ဆရာကြီးသိတော့ ဘာပြောလဲ၊

‘ မိနဲ့ဖနဲ့ ဆရာသမားနဲ့ မနေခဲ့ရတဲ့အတွက် အချိန်နဲ့ စည်းကမ်းကို နားမလည်လို့ ဒီကြက်ပျက်စီးရတယ်’ လို့ ဆိုသမို့လား။ အဲဒါပေါ့ကွ၊ မိဘဘိုးဘွား၊ ဆရာသမားတွေက စပြီး သင်ကြားပြုပြင်ပေးရမှာပေါ့။
တော့်တော်စဉ်တုန်းက ငါ့ရွာက ညီဝမ်းကွဲတစ်ယောက် ရောက်လာတယ်ကွ။

ငါက “ မင်း အသက်အရွယ်လည်း ကြီးလာပြီ၊ တရားလေး ဘာလေးအားထုတ်ရင်း၊ ဒီမှာ တစ်လ ကိုးသီတင်းလောက် နေပါလား” လို့ တိုက်တွန်းတယ်။ ဘာပြန်ပြောတယ် မှတ်သလဲ။ “ အိမ်မှာ အိမ်စောင့် မြေးထိန်းအလုပ်တွေနဲ့ မအားလို့” တဲ့။ ဒါနဲ့ ငါက “ မင်းတို့မြေးကို ဘယ်လိုထိန်းကြတုံး” ဆိုတော့ “ ဒီလိုပဲ ချော့လိုက် ငေါက်လိုက် အော် လိုက် ဟစ်လိုက်ပေါ့ဘုရား၊ ဘယ့်နှယ် ထိန်းရဦးမှာတုံး” တဲ့ဗျာ။ ကဲ မှတ်ကရော……….။
‘ ဟ…….မင်းတို့က မဟုတ်သေးပါဘူးကွ၊ အရွယ်ကြီးတော့ အိမ်စောင့်၊ ကြက်နှင်၊ မြေးထိန်း၊ ခွေးမောင်းဘ၀နဲ့ပဲ အချိန်ကုန်နေရတယ် ဆိုတော့ စဉ်းစားကြည့်ကြစမ်းပါဦး။ မင်းတို့ဘ၀က အရွယ်ကောင်းတုန်းကတော့ အိမ်ကြီးရှင်၊ အရွယ်အိုတော့ အိမ်ကျွန်’ ဆိုတာမျိုး ဖြစ်မနေ ဘူးလား လို့ ပြောရတယ်။
“ ကိုယ့်ဘိုးကိုယ့်ဘွားတွေလည်း ဒီအတိုင်းပဲ ဟာ ကိုယ်လည်း ဒီအတိုင်းပေါ့ဘုရား” လို့ ဆင်ခြေပေးတယ်။ “ မဟုတ်ဘူးကွ၊ မင်းတို့ ငါတို့ ငယ်စဉ်ဘ၀ကို သေချာပြန်စဉ်းစားကြည့်၊ တို့ဘိုး တို့ဘွားတွေဟာ အရွယ်ကောင်းတုန်းမှာ “ အိမ်ကြီးရှင်” ၊ အရွယ်ကြီးတော့ မြေးထိန်း သာသနာပြု “ အိမ်ကြီးသခင်” အဖြစ်နဲ့ နေသွားကြတာ ဆိုပြီး ပြန်ရှင်းပြရသေးတယ်။ သူလည်း သာသနာပြု အိမ်ကြီးသခင် ဖြစ်အောင် ကြိုးစားပါ့ မယ်တော့ ပြောတာပဲကွာ။ ဟုတ်မဟုတ် တော့လည်း မသိဘူးပေါ့” လို့ မိန့်ကြားပြီး ခဏစဉ်းစားသလို တွေးရင်း နားနေတယ်။
‘ ဆရာတော် မြေးထိန်းသာသနာပြု အိမ်ကြီးသခင် ဖြစ်ပုံလေးလည်း နည်းနည်းရှင်းပြပါဦးဘုရား’ လို့ လျှောက်ထားတော့မှ…….
‘ ဒီ့ပြင်ဟာ မကြည့်နဲ့လေကွာ။ တို့ငယ်ငယ်တုန်းကလည်း နေ့လယ်နေ့ခင်း မိဘတွေတောထဲတောင်ထဲ အလုပ်သွားနေကြတဲ့အခါ အိမ်မှာ အဘိုးအဘွားတွေနဲ့ပဲ နေခဲ့ရတာပဲမို့လားကွ။ အဘိုးအဘွားတွေက တို့ကို အော်နေ ငေါက်နေတယ်ရယ်လို့ တယ်မရှိပါဘူး။ ကလေးဆိုတာတော့ ကလေးလောက်ပဲ သိပြီး ကလေးပီပီ ဆော့တာပါပဲ။ အဲ…….မတော်မလျော်တာ တွေ့တော့မှ ဘယ်လိုမလုပ်ရဘူး၊ ဘယ်လိုလုပ်ရတယ်ဆိုပြီး ဆုံးမတာပါပဲ။ ကလေးဆိုတော့ ဆိုင်းထဲမှာ ရကွင်း ( လင်းကွင်း ) တီးတာ ကြည့်ပြီး “ စလောင်းဖုံးနှစ်ချပ်တီး ကျားကြီးကိုက်တတ်တယ်” လို့ ခြောက်လှန့်ပြီး ဆုံးမတာမျိုး၊

“ မီးဖိုမှာ နှစ်ယောက်ဆိုင်ပြီး မီးမှုတ်ရင် သူငယ်နာဖမ်းတတ်တယ်” ဆိုတာမျိုးတော့ ရှိတာပေါ့။ ဒါက သူ့အရွယ်နဲ့ သူ လိုက်နာလွယ်အောင် ပြောတာ လေကွာ။ သိတတ်လာတဲ့ အခါကျတော့ “ မြေစလောင်းကို တီးရင် ကွဲတတ်လို့” “ မျက်နှာချင်းဆိုင် မီးမှုတ်ရင် မျက်စိထဲ ပြာတွေ မီးပွားတွေ ၀င်မှာ စိုးလို့” ဆိုတာ သိလာပါတယ်။
ခုခေတ်လူတွေကတော့ “ ဒီလိုဆုံးမတာဟာ သိပ္ပံနည်းမကျဘူး၊ ကလေးတွေကို ကြောက်အောင်ခြောက်ရာ ကျတယ်” ဘာညာနဲ့ ပြောကြတာပဲကွာ၊ ဒါဟာ ကလေးတွေကို သိပ္ပံနည်းသင်နေတာ မဟုတ်ဘူး၊ လိမ္မာအောင် သင်နေတာကွ၊ ဒီလို ဆုံးမခံခဲ့ရလို့ တို့ဖြင့် ကြီးတဲ့အထိ ကြောက်လန့့် နေတယ်လို့ မရှိပါဘူးကွာ။
သူ့အရွယ်ရောက်တော့ သူဆိုလိုတဲ့ အဓိပ္ပာယ်ကို သိတာပါပဲ။ ဒါမျိုးတွေကို သိပ္ပံနည်း မကျဘူး ဆိုတဲ့ ခုခေတ် မိဘ ဘိုဘွားတွေကျတော့ မြေးတွေကို ဘာတွေသင်သလဲ၊ “ ဘယ်မင်းသားလို လက်သီးထိုးလိုက်စမ်း၊ ဘယ်သူ့ကို ဘယ့်နှယ် လုပ်ပြလိုက်စမ်း” ဆိုတာတွေ သင်ကြသတဲ့လေကွာ။ အဲဒါကတော့ သိပ္ပံနည်းလား၊ ယဉ်းကျေးလိမ္မာနည်းလား၊ ကဲ…..ပြောစမ်းပါဦး။
အဲ……..ပြီးတော့ ဘာသာရေးအခြေခံ ဆိုတာလည်း ဘိုးဘွားတွေကပဲ သင်ပေးကြတာပဲကွ။ ငယ်ငယ်တုန်းကဆို ဘိုးဘွားတွေက ရေသောက်ချင် လို့ ရေလေးခပ်ပေးလိုက်ရင် “ အေးကွယ်…..သာဓု …..သာဓု………သာဓု……ငါ့မြေးက လိမ္မာတယ်ဟေ့၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေကွယ်” ဆိုပြီး ဆုပေးတယ်။
“ ဘုန်းကြီးတယ်” ဆိုတာ ဘာမှန်း မသိသေးပေမယ့် ဒီလိုဆုပေးသံ ကြားရင် ၀မ်းသာတာပဲ။ အနားမှာ ရှိတဲ့ တခြားမြေးတွေက ဘိုးဘိုး ကျွန်တော် တို့ကော “ ဘုန်းကြီးမှာလားဟင်” လို့ မေးလိုက်ရင် “ အေး…..လိမ္မာတဲ့ လူမှန်သမျှ ဘုန်းကြီးတယ်၊ သက်ရှည်တယ် ကွဲ့” လို့ ပြောကြတော့ “ ဒီလိုဆို ကျွန်တော်တို့လည်း လိမ္မာမယ်” နဲ့ ဖြစ်ကုန်ကြတာပဲ။
ပြီးတော့မှ “ အေး လိမ္မာချင်ရင် ဘယ်လိုမလုပ်ရဘူး…….မပြောရဘူး၊ ဘယ်လိုလုပ်ရ ပြောရမယ်” ဆိုတာတွေ၊ ပြီးတော့ ဘုရား၊ တရား၊ သံဃာ ဆိုတာကို ဦးချကန်တော့ပုံတွေ “ ဘုရားစာ” လို့ ခေါ်တဲ့ “ သြကာသ” တို့ “ သရဏဂုံ” တို့ “ ဂုဏ်တော်” တို့ “ သမ္ဗုဒ္ဓေ” တို့ ဆိုတာတွေ တစ်နေ့ နည်းနည်းချပေးရင်း နောက်တော့ အာဂုံရလာကြတာပဲကွ။
မိုးချုပ်စာ စားပြီးပြီဆိုရင် အဘိုးအဘွားတွေက “ပုံတွေ ဇာတ်နိပါတ်တွေ” ပြောပြကြတာကို ကြာတော့ “ စွဲ” လာတယ်။ နေ၀င်ပြီဆို ထမင်းမြန်မြန် စားပြီး ဘိုးဘွားတွေနား ၀ိုင်းနေကြတာပဲ။ ပုံပြင်နားထောင်ချင်ကြလို့။ ဒီလို ပျော်မွေ့တတ်တဲ့ အလေ့အကျင့် ရလာတော့ ကိုယ့်ဘာသာကိုယ် စာဖတ်တတ်တဲ့ အခါကျတော့လည်း “ ငါးရာ့ငါးဆယ်” တို့ “ ဇာတ်ကြီး ဆယ်ဘွဲ့” တို့ကို ဖတ်ရတာ ပျော်နေတော့တာပဲ။
ဘယ်သူမဆို မိဘဘိုးဘွား ကျောင်းထွက်ကောင်းတွေဖြစ်မှ ဆရာသမားကျောင်းရောက်တော့လည်း ကောင်းတာမျိုးလေကွာ။

“ ဆရာသမားဆိုတာ ပန်းပုဆရာ၊ ပန်းပဲဆရာနဲ့ တူတယ်” လို့ ဆိုသမို့လား။
“ သစ်” ကောင်း “ သံ” ကောင်းဖြစ်မှ ပုံကောင်း၊ ဓားကောင်းဖြစ်မှာပေါ့။ အမျက်အဆွေးတွေ အကြော် လိမ်တွေပါတဲ့ သစ်သားကို ပန်းပုထုရင် လက်ရာကောင်းပေမယ့် အဆွေး၊ အအက်၊ အနာတွေနဲ့ ဖြစ်နေရင် ပုံကောင်း ဘယ်ဖြစ်ပါ့မလဲ။
သံကြွပ် သံဆွေးဆိုရင်လည်း ပန်းပဲဆရာ ဘယ်လောက်ကောင်းကောင်း ပုံစံကောင်း လက်ရာကောင်းသာ ဖြစ်မယ်။ ဓားကောင်းဘယ်ဖြစ်မလဲ။ သုံးလိုက်ရင် တွန့်သွား၊ ပဲ့သွားတဲ့ ဓားမျိုးပဲ ဖြစ်နေမယ် မဟုတ်လားကွ။ ဆရာ့ဆီရောက်လာတဲ့ တပည့်ချင်းတူပေမယ့် အရည်အချင်း မတူကြတာ။ အဲဒါတွေ ကွာတယ်ဆိုတာ သတိမထားကြတော့ဘူးကွ။
အဲ…….ဆရာသမားများကလည်း သစ်ကြော သံကြောတော့ သဘောပေါက်ဖို့ လိုတာပေါ့ကွာ ( ဘုန်းကြီးကျောင်းမှာ သင်ကြားဆုံးမပုံကို သီးခြားတင်ပြပါမယ်။ )
အတိုချုပ်ကတော့ကွာ……..ဘိုးဘွားတွေက လောကရေး၊ ဓမ္မရေးနဲ့ ပတ်သက်ပြီး အဲဒီလို သွန်သင်ဆုံးမ ပေးတဲ့အတွက် ကလေးတွေမှာ လည်း လောကစည်းကမ်း၊ ဓမ္မစည်းကမ်းကို အငယ်ကတည်းက စွဲသွားတယ်ကွ။ ဘာမဆို “ ငယ်စွဲကမှ တကယ်မြဲတာ” မို့လား။
ဘိုးဘွားတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း သက်ကြီးရွယ်အိုဖြစ်နေချိန်မှာ “ တို့နားကို ဘယ်သားသမီးတော့ လာကြပါဦး၊ ဘယ်မြေးတော့ လာကြပါဦး” လို့ အထူးဖိတ်ခေါ်စရာ မလိုဘူး။ မြေးတွေက ၀ိုင်းဝိုင်းလည်နေပြီ ဆိုမှတော့ သားသမီးက ဘာပြောစရာလိုမလဲကွ မင်းနှယ်။
ကဲ…….အဲဒါ မင်းပဲ စဉ်းစားကြည့်ပေါ့။ ဒီလို သွန်သင်ဆုံးမတာဟာ အိမ်စောင့်၊ မြေးထိန်းရင်း သာသနာပြုရာ လည်း မကျဘူးလား။ ဒီလို သာသနာပြုပေးတဲ့အတွက် သားသမီးမြေးမြစ်တွေကပါ မပြတ်ဆည်းကပ် လေးစားခြင်း ခံရလို့ “ အိမ်ကြီးရှင်” ဆိုတာထက် တစ်ဆင့်တက်ပြီး “ အိမ်ကြီးသခင်” ဖြစ်သွားတယ်လို့ကော မဆိုနိုင်ပေဘူးလားကွ။

ငါ့ညီကို ငါက အဲဒါတွေ ရှင်းပြလိုက်တာပါ။ သူလည်း သဘောပေါက်တယ် လို့ ပြောတာပဲလေကွာ။ တကယ် သဘောပေါက်ပြီး ကျင့်သုံးမယ်ဆိုရင်တော့ အိမ်ကျွန်အဖြစ်ကနေ အိမ်ကြီးသခင် ဖြစ်သွားလို့ လောကရေးကော ဓမ္မရေးပါ ကောင်းသွားမှာပေါ့” လို့ မိန့်ကြားပါတယ်။
ဆရာတော် မိန့်ကြားချက်များကို တိပိဋက “ ယော” ဆရာတော်ရဲ့ စကားနဲ့ ကောက်ချက်ချလိုက်မယ်ဆိုရင် တော့ အိမ်စောင့် မြေးထိန်းရုံသက်သက် လုပ်နေရတဲ့ ဘ၀ကနေ အိုချိန်မှာ အပယ်ခံထားရတဲ့ “ အိုပယ်ဘ၀”၊ အိမ်စောင့်မြေးထိန်း သာသနာပြုဘ၀မျိုးက အိုပေမယ့် အခြံအရံတွေနဲ့ ကြွယ်ဝနေလို့ “ အိုကြွယ်ဘ၀” လို့ပဲ ဆိုရပါလိမ့်မယ်။


အိုပယ် အိမ်ကျွန်ဘ၀က လွတ်မြောက်ပြီး အိုကြွယ် အိမ့်သခင်များ ဖြစ်နိုင်ကြပါစေ။


ဓမ္မဘေရီ အရှင်ဝီရိယ ( တောင်စွန်း )

"မိခင်တစ်ယောက်၏ အဌမမြောက်မုသား"


    ကျွန်တော် ကလေးဘ၀အရွယ်တုံးက အဖြစ်အပျက်လေးတစ်ခုပါ ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့ မိသားစုမှာ နေ့စဉ် ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့နေ့တွေရှိခဲ့တယ် ။ ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲ အမြဲထည့်ထည့်ပေးတတ်တယ် ။ ပြီးရင် အမေပြောတဲ့ စကားတစ်ခွန်းရှိတယ် ။ "စား .. ငါ့သား အမေ သိပ်မဆာဘူး.." ။
အဲ့ဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ ။
ကျွန်တော် နည်းနည်းအရွယ်ရောက်လာတော့ ပိန်လှီသေးကွေးရှာတဲ့ ကျွန်တော့်ကို အာဟာရဓါတ်ပြည့်ဝစေချင်တဲ့စိတ်နဲ့ အိမ်ဘေးနားက မြစ်ကမ်းနံဘေးမှာ အမေရယ် ကျွန်တော်ရယ် ငါးသွားမျှားတယ် ။ အဲ့ဒီနေ့က ငါးနှစ်ကောင်မိတော့ အမေ ငါးဟင်းချိုလုပ်တိုက်တယ် ။ ကျွန်တော် ဟင်းချိုကို အားရပါးရသောက်နေတုံး အမေက ကျွန်တော့်ဘေးကနေထိုင်ကြည့်ပြီး ကြည်နူးမှုအပြည့်နဲ့ ။ တခါတလေ ကျွန်တော် စားထားတဲ့ အကြွင်းအကျန် ငါးရိုးလေးတွေ ယူစားတယ်။ ဒါကို မြင်ပြီး ကျွန်တော် စိတ်မကောင်းတော့ ငါးအသားလေးဖဲ့ပြီး အမေ့ကို ကျွေးတယ်။ အမေမစားဘူး ။ ပြီးတော့ ပြောတယ် ။ "စား .. ငါ့သား ..အမေ ငါး သိပ်မကြိုက်ဘူး.."
အဲ့ဒါ အမေ့ရဲ့ ဒုတိယမြောက် မုသား ။
ကျွန်တော် ကျောင်းနေရမဲ့ အရွယ်ရောက်ပြီ။ အမေက မီးခြစ်ဆံထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ မီးခြစ်ဆံဖြည့်တဲ့ အလုပ်လေးယူလုပ်တယ် ။ ညဘက်အိမ်ယူပြီး လုပ်ရတာဆိုတော့ ကျွန်တော့်ကိုလဲ စောင့်ရှောက် ကြည့်ရှုနိုင်သေးလို့ အမေသဘောကျတယ် ။ တည ကျွန်တော် နိုးလာတဲ့အချိန် (တော်တော်ညဥ့်နက် နောက်ကျနေပြီ) အမေ ဖယောင်းတိုင်မီးလေးထွန်းပြီး ဗူးလေးတွေထဲကို မီးခြစ်ဆံဖြည့်တဲ့အလုပ်တွေ လုပ်နေတုံးပဲ။ "အမေ .. အရမ်းမိုးချုပ်နေပြီ၊ အိပ်ပါတော့။ မနက်မှ ဆက်လုပ်လို့ရတာပဲ" လို့ ကျွန်တော်ပြောတော့ အမေကပြုံးပြီး ပြန်ပြောတယ် ။ "သွားအိပ် ငါ့သား .. အမေ အိပ်ချင်စိတ်မရှိသေးလို့ ဆက်လုပ် လိုက်ဦးမယ်" တဲ့ ။
အမေ့ရဲ့ တတိယမြောက်မုသားစကားလေးပါ ။
တခါတုံးက ကျွန်တော် အတန်းတင်စာမေးပွဲဖြေတဲ့နေ့မှာ အမေ ကျွန်တော့်ကို လိုက်ပို့ပြီး အခန်းအပြင်ဘက်တနေရာက ထိုင်စောင့်တယ်။ ပူပြင်းလှတဲ့နေရောင်ဒဏ်ကို သိပ်အကာအကွယ်မပေးနိုင်ရှာတဲ့ နေရာ တစ်ခုမှာ နာရီပေါင်းများစွာ အမေ ကျွန်တော့်ကို ထိုင်စောင့်တယ် ။ စာမေးပွဲပြီးပြီးချင်း အမေ့ဆီ ကျွန်တော် အပြေးအလွှားသွားတယ် ။ အမေ ကျွန်တော့်ကိုဖက်ထားပြီး အသင့်ပြင်ဆင်လာတဲ့ အချိုရည် အေးအေးလေးတခွက် တိုက်တယ် ။ တကိုယ်လုံးချွေးတွေရွှဲနေရှာတဲ့ အမေ့ကို မြင်တော့ ကျွန်တော် စိတ်မကောင်းဘူး ။ "အမေလဲ သောက်ဦးလေ" လို့ ပြောတော့ အမေ့ထုံးစံအတိုင်း "ငါ့သားပဲ သောက်ပါ။ အမေ ရေမဆာဘူး" တဲ့ ။
အဲ့ဒါ အမေရဲ့စတုတ္ထမြောက် မုသားစကားတစ်ခွန်း ။
သိပ်မကြာခင် အဖေဆုံးတယ် ။ အတန်းကြီးလာပြီဖြစ်တဲ့ ကျွန်တော်တို့ပညာရေးနဲ့ အိမ်ကိစ္စက အမေ့တာဝန်လုံးလုံးဖြစ်ပြီ။ အမေ အပြင်ထွက်အလုပ်လုပ်ပြီး ငွေရှာရတော့ အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ ငတ်တလှည့် ပြတ်တလှည့်။ မိသားစု အခြေအနေဆိုးသထက်ဆိုးတာ မြင်လာတဲ့ အိမ်နားက အမေ့မိတ်ဆွေက ကျွန်တော်တို့ကို ရံဖန်ရံခါ လာစောင့်ရှောက်တယ် ။ ပတ်ဝန်းကျင်က အမေ့ကို သူနဲ့ပဲ နောက် အိမ်ထောင်တစ်ခုထူလိုက်ဖို့ တိုက်တွန်းကြတယ် ။ အမေ ခပ်ပြတ်ပြတ်ငြင်းဆိုပြီး အခိုင်အမာ စကားတစ်ခွန်းဆိုတယ် .."ကျွန်မဘ၀အတွက် ကျွန်မကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံလောက်တယ်.." တဲ့ ။
အမေ့ရဲ့ ပဉ္စမမြောက်မုသား။
ကျွန်တော် ကျောင်းပြီးသွားတော့ အလုပ်ကလေးတစ်ခုရတယ် ။ ကျွန်တော်က အမေ့ကို အနားယူစေချင်ပြီ။ ဒါပေမဲ့ အမေ လက်မခံဘူး ။ မနက်မနက် ဈေးထဲသွားပြီး ဟင်းသီးဟင်းရွက်တွေရောင်းတုံးပဲ။ ကျွန်တော်ပို့တဲ့ပိုက်ဆံတွေ ကျွန်တော့်ဆီ ပြန်ပြန်ပို့ပြီး "အမေ့ဆီ မပို့နဲ့ ငါ့သား ။ အမေ့မှာ လုံလောက်တယ် .. သားဘာသာစုထား" တဲ့ ။
အမေ .. ဆဌမမြောက်မုသားကို ပြောတယ် ။
နောက် ကျွန်တော် မာစတာဒီဂရီကို အချိန်ပိုင်းဆက်လေ့လာနေတဲ့အချိန် အတော်အတန်ကြီးတဲ့အမေရိကန်ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ် ။ ကျောင်းပြီးပြီးချင်း ကျွန်တော့်လစာတိုးတော့ အမေ့ကိုကျွန်တော်နဲ့ အတူ အမေရိကားမှာပဲ ပျော်ရွှင်စရာကောင်းတဲ့ဘ၀ကို ဖြတ်သန်းစေချင်တယ် ။ ဒါပေမဲ့ အမေက ကျွန်တော့်ဘ၀ကို သူ့အတွက်နဲ့ တာဝန်အပိုတွေ မရှိစေချင်ဘူး ။ အမေကပြောတယ် .."အဲ့ဒီလို ဘ၀ကြီးမှာ အမေ နေတတ်မှာ မဟုတ်ပါဘူး သားရယ် .." တဲ့ ။
အမေရဲ့ သတ္တမမြောက်မုသားစကားလေးတစ်ခွန်းပေါ့ ။
ဇရာကထောင်း၊ ပင်ပန်းမှုအပေါင်းခါးစည်းရင်ဆိုင်ခဲ့ရတဲ့ အမေ .. အရွယ်တော်တော်ကျခဲ့ပြီ ။ လောကဓံက ထပ်ရက်စက်တယ် ။ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရချိန် အမေ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ကျွန်တော် (ဘာဆိုဘာမှ ထည့်တွက်မနေပဲ အားလုံးကို ပစ်ထားခဲ့ပြီး) အမေ့အနားကို ပြန်လာခဲ့တယ် ။ အမေ ဝေဒနာကို အလူးအလဲ ခံစားရချိန်တွေမှာ အမေ့ကို ကြည့်ပြီး ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး ။ အမေမမြင်အောင် ဂရုစိုက်နေပေမဲ့လဲ တခါတလေ တွေ့မြင်သွားတဲ့အမေက အားတင်းကြိုးစားပြုံးပြီး ပြောတယ် .. "မငိုနဲ့ ငါ့သား .. အမေ အရမ်း နာနာကျင်ကျင်မခံစားရပါဘူး .."တဲ့ ။
အဲ့ဒီလို အဌမမြောက်မုသားကို ပြောပြီး အမေ လူ့လောကထဲက ထွက်ခွါသွားခဲ့တယ် ။
အကြွင်းမဲ့မေတ္တာတော်နဲ့ ကျွန်တော့်ဘ၀ရဲ့ မာတာမိခင်ဟာ သားသမီးများအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာအတွက် (တာဝန်ကျေပွန်စွာနဲ့) သူ့ကိုယ်သူအနစ်နာခံတဲ့ မုသားစကားလုံးလေးတွေသုံးပြီး လောကအလယ်မှာ ကျွန်တော်တို့ကို စိတ်ချလက်ချ ချန်ထားနှုတ်ဆက်သွားခဲ့ပါပြီ ။
ကျွန်တော်တို့ကရော အဲ့ဒီလို မိခင်တွေရဲ့ ရင်းနှီးပေးဆပ်ခဲ့တဲ့ ဘ၀တွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ခဲ့ပါသလား ။ ခုချိန် ကျွန်တော့်ရင်ထဲက အမေးစကားကို အမေကြားရင် န၀မမြောက်မုသားစကားတစ်ခွန်းကို ဆိုလေဦးမလားလို့ ကျွန်တော် ၀မ်းပမ်းတနည်း တွေးနေမိတယ် ။
အမှတ်တရ
(မှတ်ချက်) ဖော်ဝါ့မေးလေး တစ်ခုမှ ရရှိသော သုတလေးတစ်ခုဖြစ်ပါသည်။ အမည်မသိ ဆောင်းပါးရှင် စာရေးဆရာမလေးကို ကျေးဇူးတင်ပါသည်။

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၂)



 
 
န၀တ ဘက်ကနေ ABSDF တပ်ရင်း ၂၀၁ ဆီ ဘက်ပြောင်း လာတဲ့ တပ်ကြပ်ကြီး တင်မြင့်ဦး (နောက်တန်း ၃ ဦးမှ ယာအစွန်ဆုံး ပုဂ္ဂိုလ်) ကို ၆၀ မမ လက်နက်ကြီး သင်တန်းဆင်းပွဲမှာ တွေ့ရစဉ်

ဘက်ပြောင်းလာသော တပ်ကြပ်ကြီးနှင့် လေးအိမ်စု တပ်စခန်း

ကျနော်ဟာ မင်းသမီးစခန်းဆီ ပြန်လာပြီး တပ်မဟာ ၄ တပ်မှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ ခရိုင်ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတို့နဲ့ အသေအချာ ဆွေးနွေးပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ကျနော်တို့ကို ကူညီရင် ကျန်တဲ့ ကိုနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ဘက်က တပ်တွေပြန်လာရေးကိုလည်း သူတို့ကူညီမှဖြစ်မယ်။ ကျနော်တို့တဖွဲ့တည်းကို ကွက်ပြီးကူညီရင် “ဘက်လိုက်တယ်လို့ စွပ်စွဲခံရမယ်။ အခုတောင် တပ်မဟာ ၄ က ဘက်မလိုက်အဖွဲ့ကို မျက်နှာသာပေးနေတယ်ဆိုပြီး စွပ်စွဲသံတွေကြားနေရတယ်” လို့ တပ်မဟာမှူးက ဗြောင်ပြောပြီး ကျနော်ရဲ့တင်ပြချက်ကို ငြင်းလိုက်ပါတယ်။ ကျနော့်ကို လိုက်ကူညီပေးနေတဲ့ ကျောင်းသားရေး ရာတာဝန်ခံ ပဒိုမန်းငြိမ်းမောင်လည်း အတော်စိတ်ပျက်သွားပုံ ရပါတယ်။ တပ်မဟာမှူး အိမ်အောက်ထပ်က နေကျနော်နဲ့ မန်းငြိမ်းမောင် အတူထွက်လာပြီး ဘာဆက်လုပ်ရင် ကောင်းမလဲလို့ ဆွေးနွေးပေမယ့် တိကျတဲ့ လုပ်ငန်းစဉ် ထွက်မလာခဲ့ပါ။



တပ်ရင်းပြန်ဆင်းပြီး ကော်မီတီတွေနဲ့ ဆွေးနွေးတော့ ဘိုင်သိန်းမြင့်တို့ တပ်ခွဲ ၂ ရှိရာ နတ်အိမ်တောင်ဒေသဆီ သွားပြီး အဲဒီမှာရှိတဲ့ ထိုင်းထောက်လှမ်းရေးကို အကူညီတောင်းရင် ကောင်းမယ်လို့ ဆုံးဖြတ်ချက် ထွက်လာပါတယ်။ ဘာလက်မှတ်မှ မရှိဘဲ ထိုင်းတဦးလို သရုပ်ဆောင်ပြီး ထိုင်းနိုင်ငံ ဟိုဘက် ဒီဘက်ကိုဖြတ်ပြီး ခရီးသွားနေတဲ့ကျနော်ဟာ ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်အထိ တခါမှ အဖမ်းမခံခဲ့ရသေးပါဘူး။ လိုင်းကားအဆင့်ဆင့်စီးပြီး နတ်အိမ်တောင် စခန်းဆီ ကျနော်ရောက်သွားတော့ အခြေအနေက အရင်လိုမဟုတ်တော့။ နတ်အိမ်တောင်စခန်းကို န၀တ က သိမ်းထားလိုက်ပြီ ဖြစ်တဲ့အတွက် နတ်အိမ်တောင်ရွာထဲမှာ ကျောင်းသားတွေအရင်လို ပေါ်ပေါ်တင်တင် နေလို့မရတော့ပါ။


နောက်တခါ န၀တစစ်သားတွေလည်း နတ်အိမ်တောင်ရွာထဲ မကြာခဏဆင်းလာပြီး ဈေးလာဝယ်နေတယ်လို့ သိရတဲ့အတွက် စိတ်ထဲမှာ သိပ်မလုံခြုံလှ။ ဒါပေမယ့် တပ်ခွဲမှူး ဘိုင်သိန်းမြင့် (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲအတွင်း ကျဆုံး) က သူ့နယ်ကို သူပိုင်ပါတယ်ဆိုတဲ့ အထာမျိုးနဲ့ အေးအေးဆေးဆေးနေပြနေတော့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကျနော်က စိုးရိမ်မှုပြနေလို့ ဘယ်ဖြစ်မလဲ။ သူ့နယ်ကို သူပိုင်တယ်ဆိုပေမယ့် အရင် နတ်အိမ်တောင်စခန်း မကျခင်က ကျနော်တို့ ၂၀၁ တပ်ရင်း ရုံးခန်းဖွင့်ခဲ့တဲ့ ၂ ထပ်တိုက်အိမ်ကြီး ဒေါ်ခင်ကြည်ရဲ့ အိမ်မှာတော့ ပေါ်တင်သွားမတည်းရဲတော့ပါ။ ဟိုဆိုင်ဒီဆိုင်ဝင်ပြီး လဖက်ရည်သောက်၊ ရွာသားတွေနဲ့ စကားပြော လုပ်နေပေမယ့် ကျနော်တို့ ဘယ်မှာတည်းသလဲ ဆိုတာကို မပြောရဲပါ။


နောက်တရက် မိုးလင်းတော့ ဘိုင်သိန်းမြင့်နဲ့ ကျနော်ဟာ စကားပြန်တဦးကိုခေါ်၊ နတ်အိမ်တောင်ရွာအ၀င်ဝ တောင်ကုန်းပေါ်ရှိ ထိုင်းထောက်လှမ်းရေး ရုံးခန်းဆီတက်ပြီး မာနယ်ပလောရောက် ရဲဘော်တွေ ပြန်ခေါ်ရေးကိစ္စ အကူညီပေးဖို့ တင်ပြခဲ့ပါတယ်။ ဒီထောက်လှမ်းရေးအဖွဲ့ဟာ ကျနော်တို့နဲ့ အရင်းနှီးဆုံး၊ နားလည်မှုအရှိဆုံးလို့ ထင်ထားပေမယ့် ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခြေအနေ၊ နယ်မြေစိုးမိုးမှု အခြေနေတွေအရ သူတို့တာဝန်ကျရာနယ်ဖြစ်တဲ့ ကန်ချနပူရီခရိုင်ကို ကျော်ပြီး လူ ၂၀ ကျော် သယ်ယူဖို့ကိစ္စဟာ မဖြစ်နိုင်ဘူးလို့သာ အဖြေရခဲ့ပါတယ်။


ဆွေးနွေးသမျှ အဆင်မပြေဖြစ်နေတဲ့ ကျနော်ဟာ စိတ်ပျက်လက်ပျက်နဲ့ ထောက်လှမ်းရေးကုန်းပေါ်ကနေ ဆင်းလာပြီး အခြေနေတွေကို တပ်ရင်းဌာနချုပ်နဲ့ မာနယ်ပုလောက တပ်စုဆီ ကြေးနန်းပို့နိုင်ဖို့ ကျနော်တို့တပ်ခွဲ အခြေစိုက်ရာ လေးအိမ်စုရွာဆီ ဆက်သွားခဲ့ပါတယ်။ ကျနော်တို့မှာ ကားမရှိ။ ကားလည်း မငှားနိုင်ပါ။ ဒီတော့ နတ်အိမ်တောင်ကနေ လေးအိမ်စုကိုသွားဖို့ ရေပူရွာဆီ ကားလမ်းအတိုင်း ကုန်ကြောင်းခရီး တနာရီလောက် နှင်လိုက်ရပါတယ်။ တောထဲမှာ လမ်းလျှောက်ရတာ ရိုးနေပြီဖြစ်ပေမယ့် ကတ္တရာလမ်းပေါ် တနာရီလောက် လမ်းလျှောက်နေရတာကိုတော့ စိတ်ထဲမှာ သိပ်မဘ၀င်မကျလှပါ။


ဒီလိုနဲ့ ရေပူရွာထိပ်ဆီ ရောက်လာပြီး ရွာနဘေးရှိ ကားလမ်းကြမ်းလေးအတိုင်း ၀င်လာတော့ ပထမဆုံး တွေ့ရတာက ၀ါးရုံတောထဲမှာ တပ်ဖျောက်ထားတဲ့ ကျောင်းသားတပ်ရင်း ၃ ခုရဲ့ ပူးတွဲကင်းပုန်းစခန်း။ အဲဒီမမြင်ရတဲ့ လုံခြုံရေးဂိတ်ကိုဖြတ်ပြီး ၀င်လာတော့ စမ်းချောင်းလေးတခုကို တွေ့ရပြီး အဲဒီချောင်းဘေးက တလုံးတည်းသော သွပ်မိုး၊ သစ်သားအိမ်ဟာ KNU တပ်ခွဲမှူး ဗိုလ်လှချော ယာယီနေတဲ့အိမ်ဖြစ်ပါတယ်။ သူအိမ်ပေါ်တက်သွားတော့ ဗိုလ်လှချောက အိမ်မှာမရှိတဲ့အတွက် စကားပြောခွင့် မရလိုက်ပါဘူး။ သူ့အိမ်ကိုကျော်ပြီး ၁၀ မိနစ်လောက် ထပ်လျှောက်လိုက်တော့ သက်ကယ်မိုး ၀ါးတဲ ၁၀ တဲကျော် တွေ့ရပြီး အဲဒါဟာ “ဒီမိုကရေစီ ဒုက္ခသည်ကျေးရွာ”  ဖြစ်ပါတယ်။


“ကျေးရွာ ဆေးပေးခန်း” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတဲ့ ၀ါးတဲတလုံးထဲ ၀င်လိုက်တော့ ဆေးမှူးတွေက ကျနော်တို့တပ်ရင်းနဲ့ ၁၀၁၊ ၁၀၂ ရဲဘော်တွေ။ လူနာတွေထဲမှာတော့ ငှက်ဖျားမိ ရဲဘော်တချို့နဲ့ ဒုက္ခသည်ကလေးငယ်တချို့။ ဆေးခန်းနဲ့ မျက်စောင်းထိုး တခြား တဲတလုံးမှာတော့ “ကျေးရွာ မူလတန်းကျောင်း” ဆိုတဲ့ဆိုင်းဘုတ်ကို တွေ့ရပြီး ကျောင်းဆရာတွေထဲမှာ ကျနော်တို့ တပ်ရင်းက ရဲမေတဦးကို လှမ်းမြင်လိုက်ရပါတယ်။ နောက် တဲတလုံးမှာတော့ ရွာဥက္ကဋ္ဌ ဦးရှိန် (အခု အမေရိကန်) တို့ မိသားစုကို တွေ့ရပြီး စကားထိုင်ပြောဖြစ်ခဲ့ပါတယ်။


နောက်တရက်မိုးလင်းတော့ နတ်အိမ်တောင်အခြေစိုက် ခလရ ၂၀၈ ကနေ ၆၀ မမ လက်နက်ကြီးတလက်၊ လက်နက်ငယ် ၄ လက်နဲ့အတူ ကျနော်တို့ ABSDF တပ်တွေဆီ ဘက်ပြောင်းလာတဲ့ တပ်ကြပ်ကြီး တင်မြင့်ဦး (အခု ကနေဒါ) အပါအ၀င် ရဲဘော် ၅ ဦးကို ဘိုင်သိန်းမြင့်က ခေါ်လာပြီး ကျနော်နဲ့ ပေးတွေ့ပါတယ်။ ဒီလို ပူးပေါင်းနိုင်အောင် စည်းရုံးခဲ့သူကတော့ တပ်ခွဲမှူး ဘိုင်သိန်းမြင့် ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တပ်ရင်းအပြင် ABSDF တခုလုံးအတွက်ပါ လက်နက်ကြီးနဲ့အတူ လာရောက်ပူးပေါင်းတဲ့ ပထမဆုံး ရှားရှားပါးပါး န၀တ စစ်သည်တွေလို့ ကျနော်ထင်ပါတယ်။


အဲဒီအချိန် ကိုတင်မြင့်ဦးက အသက် ၃၀ ကျော်စပဲ ရှိပုံရသေးပြီး တပ်ကြပ်တဦး၊ ဒုတပ်ကြပ်တဦးနဲ့ ရဲဘော် ၂ ဦးဆိုရင် အသက် ၂၀ ၀န်းကျင် လူငယ်လေးတွေ ဖြစ်ပါတယ်။ သူတို့ကို အခုမှ ကျနော် လူချင်းတွေ့ဖူးပေမယ့် သူတို့ရဲ့ဓာတ်ပုံနဲ့ သတင်းကိုတော့ မာနာပလောမှာ ရောက်နေစဉ်ကတည်းက ကြားခဲ့ရပြီးဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူတို့ ၅ ဦးဟာ ကျနော်တို့ မာနယ်ပလော တိုက်ပွဲကာလအတွင်း နတ်အိမ်တောင်စခန်းကနေ ဘက်ပြောင်းလာသူတွေဖြစ်ပြီး အဲဒီကာလ ၁၀၂ မှ ဗဟိုခေါင်းဆောင်တဦးဖြစ်သူ ကိုဉာဏ်လင်းရွှေက သတင်းဌာနတွေဆီ ထုတ်ပြန်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။


သူတို့ ဘာကြောင့် ဘက်ပြောင်း ထွက်ပြေးလာသလဲဆိုတာကို မေးကြည့်တော့ အဓိကအားဖြင့် အပေါ်အောက် ခွဲခြားဆက်ဆံမှု၊ အထက်အရာရှိတွေရဲ့ အနိုင်ကျင့်မှုကို မခံနိုင်လို့ ထွက်လာတယ်လို့ ပြောတာကို ကျနော်အမှတ်ရနေပါတယ်။ ဒီလိုနဲ့ န၀တ တပ်တွင်းက အခြေနေကိုမေးမြန်း၊ သူတို့ ၅ ဦးကို အားပေးစကားပြော၊ မင်းသမီးခစန်းဆီ မကြာခင် ခေါ်ယူနိုင်အောင် စီစဉ်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ တဆက်တည်းမှာပဲ ကိုတင်မြင့်ဦးတို့ ၅ ဦး ဘက်ပြောင်းလာအောင် စည်ရုံးနိုင်ခဲ့တဲ့ တပ်ခွဲမှူး ဘိုင်သိန်းမြင့်ကိုလည်း ချီးကျုးမိပါတယ်။


အဲဒီနောက်မှာတော့ နတ်အိမ်တောင်ဒေသဆီ လာရင်းကိစ္စ အဆင်မပြေသေးတဲ့အကြောင်း၊ စိတ်ရှည်သီးခံပြီး ဆက်စောင့်ဖို့ လိုတဲ့အကြောင်း မာနယ်ပလောရှိတပ်စုနဲ့ တပ်ရင်းဌာနချုပ်တွေဆီ ကြေးနန်းပို့ရပါတယ်။ နေ့လည်ပိုင်းမှာတော့ ဒုက္ခသည်စခန်းနောက်ကျော နယ်စပ်တောင်ကုန်းမှာ ယာယီတဲထိုး စခန်းချနေကြတဲ့ တပ်ခွဲ ၂ ရဲဘော်တွေဆီ သွားရောက် အားပေးစကားပြောခဲ့ပါတယ်။ နယ်စပ်တောင်ထိပ် ဆိုပေမယ့် နတ်အိမ်တောင်လိုတော့ မြင်ကွင်းက သိပ်မကောင်းတဲ့အပြင် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းလဲ မရှိပါ။ ရဲဘော်အများစုဟာ နတ်အိမ်တောင်ကို လွမ်းနေပုံရပြီး နတ်အိမ်တောင်ခစန်းကို ပြန်သိမ်းချင်တဲ့အကြောင်း ပြောနေကြပါတယ်။ ညနေပိုင်းမှာ လူစုပြီး “လက်ရှိနိုင်ငံရေး အခြေအနေ ရှင်းလင်းတင်ပြခြင်း” လုပ်ခဲ့သေးတယ်လို့ ထင်ပေမယ့် အသေးစိပ် မမှတ်မိတော့ပါ။

လေးအိမ်စုဒေသရှိ ဒီမိုကရေစီကျေးရွာ ဆေးပေးခန်းမှာ တွေ့ရတဲ့ ABSDF တပ်ဖွဲ့ဝင်တချို့

ထားဝယ်သား အိမ်ပြန်

ဒီလိုနဲ့ ကျနော်ဟာ နတ်အိမ်တောင်နဲ့ လေးအိမ်စုမှာ သတင်းတပတ်ခန့် ကြာသွားခဲ့ပါတယ်။ မာနယ်ပလောတပ်စုကို သည်းခံပြီး ဆက်စောင့်ဖို့ ကြေးနန်းပို့ပြီး ပြောထားပေမယ့် ရဲဘော်တွေက စိတ်ရှည်သည်းခံနိုင်စွမ်း ရှိပုံမရတော့ပါ။ “ကိုယ်အစီစဉ်နဲ့ကိုယ် ပြန်လာတော့မယ်။ ခရီးစရိတ်နဲ့ လမ်းကြောင်းကိုသာ ဥက္ကဋ္ဌစီစဉ်ပေးပါ” ဆိုပြီး ကျနော်ဆီ ကြေးနန်းပြန်ဝင်လာပါတယ်။ ဒီကြေးနန်းကိုကြည့်ပြီး ထားဝယ်မှာခေတ်စားတဲ့ “ထားဝယ်သားအိမ်ပြန်” ဆိုတဲ့ စကားလုံးကို သွားသတိရမိပါတယ်။


ထားဝယ်သားတွေ အိမ်ပြန်ချင်ရင် ဘယ်လိုမှတားမရ၊ ဆီးမရတော့ဘဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင့်ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီတော့ ကျနော်လည်း ဘာမှမတတ်နိုင်တော့ပါ။ မာနယ်ပုလော-စော်လဲထာ-မယ်စရီးယန်း-ဘန်ကောက်ကို လှေတဆင့်၊ လိုင်းကားတဆင့်၊ ဘတ်စကားတဆင့် ဘယ်လိုစီးရမယ်။ တစုကို လူ ၄ ဦးထက်မပိုစေဘဲ အုပ်စုခွဲသွားပါ။ စစ်ပစ္စည်းတွေ လုံးဝသယ်မလာမိစေပါနဲ့ စသဖြင့် ညွှန်ကြားချက်ကို စက်ပေါ်တက်ပြီး တခါတည်း ပြောလိုက်ရပါတယ်။


ပြီးတော့ ဘန်ကောက်မှာ လည်လည်ဝယ်ဝယ် သွားဖူးတဲ့ ရဲဘော်တဦးကို မင်းသမီးစခန်းကနေ ဘန်ကောက် အမြန်ဆုံးတက်ပြီး ဒီလူတွေကိုကြိုဆိုဖို့၊ နောက်တဦးက ဟွေးနန်းခေါင်ရှိ ဦးဟန်လင်းရဲ့အိမ်မှာ ကြိုဖို့ အရေးပေါ်ညွှန်ကြားမှုတွေ လုပ်လိုက်ရပါတယ်။ အဲဒီကာလက ဦးဟန်လင်း မိသားစုဟာ ဟွေးနန်းခေါင်ရွာစပ်က ထိုင်းစိုက်ပျိုးရေးခြံတခုမှာ နေထိုင်ခွင့်ရထားပါတယ်။


ဒီလိုနဲ့ မာနယ်ပလောကနေ စောလဲထာကို လှေစီးပြီး နေ့လည်ချိန် အရောက်လာ၊ စောလဲထာကနေ မဲစရီယန်းကို ညနေကားမီအောင်စီး၊ ဘန်ကောက်-မော်ချစ်ကားဂိတ်ကို မနက်စောစော ရောက်ရမယ်ဆိုတဲ့ စီမံကိန်းကို အကောင်ထည်ဖော်ပါတော့တယ်။ မယ်စရီးယန်းကနေလာတဲ့ ဘတ်စ်ကားဟာ ၁၀ နာရီဝန်းကျင်မှ ဘန်ကောက်-မော်ချစ်ကားဂိတ်ကို ရောက်တဲ့အတွက် အဲဒီကတဆင့် တောင်ပိုင်းကားဂိတ်ဆီသွားပြီး ကန်ချနပူရီကားကို စီးဖို့အချိန်က စကောစက ဖြစ်နေပါတယ်။ တခါ ကန်ချနပူရီ-ဟွေးနန်းခေါင် လိုင်းကားက နေ့လည် ၁ နာရီ ထွက်တဲ့အတွက် အဲဒီလိုင်းကားကို ဘယ်လိုမှ မမီနိုင်တော့ပါ။ ဒီတော့ ဘန်ကောက်မှာ တညတာအိပ်ဖို့ စခန်းထောက် ရှာရပါတော့တယ်။


ဘန်ကောက်မှာ ရုံးခွဲမရှိလို့ ခိုနားရာမရှိဖြစ်နေတဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို အကြို-အပို့ လုပ်ပေးပြီး သူတို့အခန်းမှာ လက်ခံကျွေးမွေးပေးတဲ့ ဘုရားသုံးဆူဒေသက ABSDF ရဲဘော်ဟောင်းတွေဖြစ်တဲ့ ကိုချစ်ဘွယ်၊ ကိုယဉ်ထွေး၊ ကိုမျိုးအေးတို့ကို အမည်တပ်ပြီး ကျေးဇူးတင်သင့်တယ်လို့ ကျနော် ထင်မိပါတယ်။ တခေါက်မှာ လူ ၄ ဦးစီကို စက်လှေတဆင့်၊ လိုင်းကား တဆင့်၊ ဘတ်စကား ၃ ဆင့် လောက်နဲ့ မာနယ်ပလော-စောလဲထာ-မယ်စရီးယန်း-ဘန်ကောက်-ကန်ချနပူရီ-ဟွေးနန်းခေါင်-မင်းသမီး အထိ သယ်တဲ့၊ ဖြစ်သလို အရေးပေါ်စီစဉ်လိုက်တဲ့ ထိုင်းနိုင်ငံဖြတ် လူမှောင်ခိုသယ်နည်း စစ်ဆင်ရေးဟာ ကံကောင်းထောက်မစွာနဲ့ တဦးမှ အဖမ်းဆီးမခံရဘဲ သတင်း ၂ ပတ်အတွင်း ရဲဘော် ၂၄ ဦးစလုံး မင်းသမီးစခန်းအထိ ချောချောမောမော ပြန်ရောက်လာခဲ့ပါတယ်။ တဦးကတော့ ဘန်ကောက်မှာ သောင်တင်နေတုန်း ဒုက္ခသည်အဖြစ် လျှောက်လိုက်တဲ့အတွက် မင်းသမီးစခန်းဆီ ပြန်မလာတော့ပါ။


“ဘတ်စ်ကားစီးတဲ့ စစ်သည်တော်များ” လို့ နာမည်ကြီးသွားတဲ့ ရဲဘော် ၂၅ ဦး သယ်ယူမှု စစ်ဆင်ရေး အောင်မြင်သွားတဲ့သတင်းဟာ ကျနော်တို့ တပ်ရင်းဘေးက ကိုနိုင်အောင်တို့၊ ကိုမိုးသီးဇွန်တို့ တပ်ဖွဲ့တွေအတွက် အံသြစရာဖြစ်နေခဲ့သလို မာနယ်ပလောဝန်းကျင်ရှိ သက်ဆိုင်ရာ ဗဟိုအသီးသီး ကလည်း အတော်အံ့သြနေတယ်လို့ သိရပါတယ်။ ဒီခရီးစဉ်အတွက် ဘယ်အဖွဲ့ဆီကမှ အကူညီမရလို့ ကျနော်တို့ရဲ့ မာနယ်ပုလော စစ်ကြောင်းပိုင် Mizuho ဆက်သွယ်ရေးစက်ကို ရောင်းချပြီး အဲဒီကရတဲ့ ငွေတသောင်းကျော်နဲ့ လှေခ၊ ကားခ၊ စားစရိတ်အဖြစ် အသုံးပြုကာ အခုလို ပြန်လာနိုင်ခဲ့တယ်ဆိုတာကိုပါ သူတို့သိရင် ပိုပြီးတောင် အံသြနေမလားလို့ ကျနော် စဉ်းစားနေမိပါတယ်။

စစ်ကြောင်းမှူး ကိုမင်းဇော်သူ (ရှေ့ဆုံးတန်း ၀ဲဘက်မှ စစ်ရောင်ယူနီဖောင်း ၀တ်ထားသူ) နဲ့ ၂၀၁ မှ တပ်စုကို မာနယ်ပလောမှ နော်တ ခံစစ်ကြောင်းသို့အသွား သောင်ရင်းမြစ်ထဲတွင် တွေ့ရစဉ်

ဒါပေမယ့် ၁၉၈၉ အစောပိုင်းတုန်းက ခေါ်ယူခဲ့တဲ့ မဖွဲ့ဖြစ်လိုက်တဲ့ DAB စစ်ကြောင်းအတွက် မာနယ်ပလောစခန်းဆီ ရောက်ခဲ့ဖူးသူ ရဲဘော် ၂၀ ကျော်ထဲမှ တဦးကတော့ ၁၉၈၉ ကတည်းက ၂၀၁ ရဲဘော်တွေ အလားတူအဖြစ်မျိုးနဲ့ ကြုံခဲ့ဖူးပြီးဖြစ်တယ်လို့ ထောက်ပြပါတယ်။ အဲဒီတပ်စုကို မင်းသမီး-ဘုရားသုံးဆူ-၀ါလေ-မဲဆောက်ကနေ မာနယ်ပလော အထိ ချောချောမောမော သွားနိုင်အောင် DAB နဲ့ KNU က စီစဉ်ပေးခဲ့ပါတယ်။

ဒါပေမယ့် မာနယ်ပုလောကနေ မင်းသမီးစခန်းဆီ အပြန်ခရီးမှာတော့ ဘာမှ မစီစဉ်ပေးတော့ဘဲ “မဲဆောက်က ဒေါက်တာစင်သီယာမောင် ဆေးခန်းမှာ ကျနော်တို့တပ်စုကို ဒီအတိုင်းပစ်ထားခဲ့တယ်” လို့ အဲဒီကျောင်းသားက ပြောပါတယ်။ နောက်ဆုံးမှာတော့ အခု ကျနော်တို့ ဘက်မလိုက် အဖွဲ့ ၂၅ ဦး ပြန်လာသလိုပဲ ကိုယ်အစီစဉ်နဲ့ကိုယ် တောလမ်းတဆင့်၊ လိုင်းကားတဆင့် စီးပြီး ပြန်လာခဲ့ရဖူးတယ်လို့ သူကဆိုပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် တပ်ပေါင်းစုဖက်က အသေအချာ စီစဉ်ပေးသင့်တယ်ဆိုပြီး အဲဒီရဲဘော်က ဝေဖန်ထောက်ပြခဲ့တာကို ကျနော် အမှတ်ရနေပါတယ်။

ယနေ့ World Economic Forum ညစာစားပွဲမှာ တွေ့ဆုံခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်ယင်လတ်တို့ တွေ့ဆုံပွဲ...



ယနေ့ World Economic Forum ညစာစားပွဲမှာ တွေ့ဆုံခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်ယင်လတ်တို့ တွေ့ဆုံပွဲ...
ဒီလို ကြိုဆိုခဲ့ကြပါတယ်..။

ဓာတ်ပုံ Getty Images, Reuters
 

ဲမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ၀န်ကြီးချုပ် မစ္စ ယင်းလတ် ရှနာဝတ်တို့ဟာ ကမ္ဘာ့ စီးပွား ရေး ဖိုရမ်ရဲ့ ဧည့်သည်တော်ကြီးများအတွက် ဂါလာ ညစာစားပွဲ မစတင်ခင် Royal Thai Navy Convention Hall ထိုင်းဘုရင့် ရေတပ်မတော် ညီလာခံ ခန်းမမှာ ယနေ့ မေလ ၃၁ ရက်နေ့ က တွေ့ဆုံခဲ့ကြပါတယ်။




 

အမျိုးသမီးတွေ/ အမျိုးသားတွေ ဒီလိုမြင်တယ်တဲ့....

 


 

ယောကျာ်းပဲယူပါတော့

ထာဝရငြိမ်းချမ်းရေးအတွက် "ထာဝရငြိမ်းချမ်း 67"

လှည်းတန်း ဦးထွန်းလင်းခြံလမ်းတွင် ထာဝရငြိမ်းချမ်းရေးအတွက် "ထာဝရငြိမ်းချမ်း 67" အမည်ဖြင့် ဆန္ဒပြုလက်မှတ်များ ကောက်ယူခဲ့ပါသည်။
 
 
 
 
 
 
 
 

ထာဝရငြိမ်းချမ်းရေးအတွက် ဆန္ဒပြုလက်မှတ်များကောက်ခံနေစဉ်

ထာဝရငြိမ်းချမ်းရေးဆန္ဒပြုလက်မှတ် ၅ ထောင်ကျော်ပြီ .


ကြာသပတေးနေ့၊ မေလ 31 ရက် 2012 ခုနှစ် ကေအိုင်စီ သတင်း - ကေအိုင်စီ

.

မျိုးဆက်သစ်လူငယ်များ (Generation Wave-GW) မှ ကမကထ ပြုလုပ်၍ ထာဝရ ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့၌ ဆန္ဒပြုလက်မှတ် များ ကောက်ခံရာ ၅ရက်မြောက်နေ့(ယနေ့)တွင် လူထုလက်မှတ် ၅၀၀၀ကျော် ရရှိနေပြီးဖြစ်ကြောင်း ၎င်းအဖွဲ့၏ အထွေထွေအတွင်းရေး မှူး ကိုဘိုဘိုက ကေအိုင်စီသို့ ပြောသည်။



သူက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရယ်၊ ပြီးခဲ့တဲ့ ဧပြီလက ၆၇နှစ်ပြည့်သွားတဲ့ ဦးသိန်းစိန်မွေးနေ့ ရယ်ကို ဦးတည်ပြီး 67 လို့ ဦးတည်ထားတာပါ။ လက်မှတ်ပေါင်း ၆၇၆,၇၀၀အထိ ရအောင် ရည်ရွယ်ထား ပါတယ်”ဟု ပြောသည်။


ယခုလအတွင်း ပြည်နယ်နှင့် တိုင်းများသို့ပါ အဆိုပါ ဆန္ဒပြုလက်မှတ်များ လိုက်လံကောက်ခံရာ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် တနသာင်္ရီတိုင်းများသာ ကျန်ရှိတော့ကြောင်း သိရသည်။


ယင်းသို့ ကောက်ခံရာတွင် ရန်ကုန်မြို့ရှိ ရဲသတင်းတပ်ဖွဲ့-SP များကပါ ပါဝင်၍ မေးမြန်းပြီး လက်မှတ်ထိုး ကြကြောင်း သိရသည်။


“ကျမတို့က လက်မှတ်မထိုးခင်မှာ ရည်ရွယ်ချက်ကို အမြဲရှင်းပြပါတယ်။ နယ်မှာကတော့ ကြောက်စိတ် တွေရှိသေးတယ်။ တချို့ မထိုးရဲကြ ဘူးလေ။ နယ်က ရန်ကုန်ထက်စာရင် ဥပမာ-ဖယောင်းထွန်းဆန္ဒ တောင်းဆိုတာမျိုးတောင် ဖိနှိပ်တာကိုး”ဟု GW မှ ဆန္ဒပြုကောက်ခံရာ တွင် ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။


၎င်းအပြင် ထာဝရငြိမ်းချမ်းရေး 67 အတွက် ရည်ရွယ်ပြီး လူအများ ၀င်ရောက်ကြည့်ရှုနိုင်ရန်အတွက် “Ever peace 67” ဟူသော ဖေ့စ် ဘွတ်(Facebook) တစ်ခုလည်း ဖွင့်ထားကြောင်း သိရသည်။


မျိုးဆက်သစ်လူငယ်များ (Generation Wave)အဖွဲ့သည် ၂၀၁၂ခုနှစ်၊ ဖေဖော်လရီလတွင် “ကျည်ဆံတွေ အစား ပန်းများပွင့်စေသတည်း ငါတို့ချစ်တဲ့ မြန်မာပြည်”ဆိုသော ငြိမ်းချမ်းရေးသင်္ကေတအဖြစ် လူထုထဲ ဆင်း၍ ရင်ဘတ်တွင် နှင်းဆီပန်း စတစ်ကာများ ကပ်ကာ ပညာပေး လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြသည်။

"ထာဝရငြိမ်းချမ်း 67" ပြည်တွင်းစာစောင့်များတွင် ဖော်ပြမှုများ

 
 
 
 
 
 
 
 
ပေါ်ပြူလာ စာပေအနှပညာဂျာနယ်အမှတ်စဉ် TUESTDAY, MAY 29 .2012 တွင် "ထာဝရငြိမ်းချမ်း 67" ပြည်တွင်းစာစောင့်များတွင် ဖော်ပြမှုထားသော သတင်းများဖြစ်သည်။

 

မြန်မာနိုင်ငံဥွှ် အဆိုးဝါးဆုံး မူဆလင်တွေ လည်လှီး၊ခေါင်းဖြတ်သတ်၊မုဒိုင်း မူကြီးဖြစ်ပွား



 ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင် ကျေးရွာမှ အသက် ၁၆ နှစ် အရွယ်သာ
ရှိသေးသော မသီတာထွေးသည် မေလ ၂၈ ရက်နေ့က မုဒိမ်းကျင့်ခံရပြီးနောက် ရက်ရက်စက်စက်
သတ်ဖြတ် ခံလိုက်ရသည်။သူမဟာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ
စက်ချုပ်သင်နေတဲ့ အိမ်က တမိုင်ခွဲခန့် ဝေးတဲ့ သူမနေထိုင်တဲ့ သပြေချောင်
ကျေးရွာကို ညနေ ၅ နာရီခွဲခန့်မှာ ပြန်သွားစဉ်မှာ ကျောက်ထရံ ကုလားရွာ အနီးမှာ
မုဒိမ်းကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်" ဟု ကျောက်နီမော်မှ
အရပ်လူကြီး တစ်ဦးက ပြောသည်။

မသီတာထွေးသည် အဘ ဦးလှတင် (ကွယ်လွန်) အမိ ဒေါ်မမြတို့၏ သမီးဖြစ်ပြီး

ရမ်းဗြဲမြို့နယ် ကျောက်နီမော် တိုက်နယ် ချောင်းဝ ကျေးရွာ အုပ်စု သပြေချောင်
ကျေးရွာမှ ဖြစ်သည်။

မသီတာထွေးအား မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင်

လူငယ် သုံးဦး ဖြစ်ပြီး ယခုအခါ တစ်ဦးကို ထွက်ပြေးစဉ် ရမ်းဗြဲတွင်
ဖမ်းဆီးရမိထားကြောင်း သူက ပြောသည်။

" သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ကုလား လူငယ်

(၃)ဦးဖြစ်တယ်လို့ သိရပါတယ်။ သူတို့အထဲက တစ်ဦးကိုတော့ ရမ်းဗြဲမှာ
ဖမ်းမိထားပါပြီ။ သူက သူတို့ ကျူးလွန်တဲ့ အကြောင်း ခံဝန်ချက် ပေးထားတယ်လို့
သိရပါတယ်" ဟု သူက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သူက ဆက်လက် ပြောကြားရာတွင် မသီတာထွေးသည်

ခါတိုင်းနေ့များတွင် တစ်ရွာတည်းနေ မိတ်ဆွေများဖြင့် သူမနေထိုင်ရာ သပြေချောင်း
ကျေးရွာသို့ ပြန်လေ့ရှိကြောင်း၊ အခင်းဖြစ်ပွားသည့် ယမန်နေ့ ညနေပိုင်းက
ကျောက်နီမော် ကျေးရွာ လမ်းထိပ်တွင် စောင့်နေစဉ် တစ်ရွာတည်းနေသူများ
ပေါ်မလာသဖြင့် တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ
ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသော မွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ်
ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ကြောင်း သူက ပြောသည်။

" အခု လူသတ်မူက မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး လူသတ်မူလို့တောင်

ပြောချင်ပါတယ်။ မုဒိမ်းကျင့်ပြီးတဲ့နောက် သူမ လည်ပင်းကို ဓါးနဲ့ လှီးသတ်တယ်။
ရင်ဝကိုလည်း ဓါးနဲ့ အချက်ပေါင်း များစွာ ထိုးသတ်တယ်။ နောက်ကျောမှာလည်း
ဓါးဒဏ်ရာ လေးချက် ငါးချက်တွေ့ရပါတယ်။ ပီးရင် သူမ၀တ်ထားတဲ့ ဆွဲကြိုးနဲ့
လက်စွပ် နှစ်ကွင်း၊ နာဋောင်းတွေကိုလည်း ယူသွားပါတယ်။
နားနစ်ဖက်စလုံးကိုလည်းလှီးဖြတ်
ထားတယ်" ဟု ပြောသည်။

ကျောက်နီမော် ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲသား တစ်ဦးက ယခုလို

ပြောသည်။

" မုဒိမ်းကျင့်ခံရပြီး အသတ်ခံရတာ မှန်ပါတယ်။ သူမရဲ့ ထဘီ၊ အတွင်းခံ

ဘောင်ဘီတွေကို သူမရဲ့ အလောင်းဘေးမှာ စုပုံပြီး တွေ့ရပါတယ်။ ဘယ်သူ သတ်တယ်ဆိုတာ
အသေးစိတ်တော့ မပြောနိုင်သေးဘူး။ စစ်ဆေးနေတုန်းဘဲ ရှိပါတယ်။ အခု ခရိုင်
အုပ်ချုပ်ရေးမှူး အပါအ၀င် လူကြီးတွေ ရောက်နေပါတယ်။ စခန်းမှူးလည်း အခု မအား
ဖြစ်နေပါတယ်" ဟု ပြောသည်



[image: Inline image 1]


*


**မြန်မာပြည်သူပြည်သားညီအကိုမော
င်နှစ်မအပေါင်းတို့*

ကျန်းမာချမ်းသာ၍မင်္ဂလာအပေါင်းခေ
ညာင်းပါစေကြောင်းဦးစွာပထမဆုမွန်
ကောင်းတောင်းလိုက်ပါသည်။
*
ကျွန်ုပ်တို့အမိမြန်မာပြည်သည်
စစ်အုပ်ချုပ်ရေးအောက်နှစ်ငါးဆယ်ကျော်ကြာပြားပြားမှောက်ခဲ့ရပါသည်။
*
*တိုင်းပြည်မငြိမ်သက်ပြည်တွင်း
စစ်မီးတောက်လောင်ခဲ့ပါသည်။*
*
တိုင်းပြည်၏ညီညွတ်မှူပျက်ပြားသည့
်အချိန်တွင်အခွင့်အရေးသမားအချောင်သမားများအမြတ်ထုတ်ခဲ့ကြသည်။
*
*
ထို့အပြင်မြန်မာပြည်လဝကများ၏အကျ
င့်ပျက်ချစားမှူများကလဲကိုယ်ကျိုးစီးပွါးအတွက်အမြတ်ထုတ်ခဲ့ကျသည်
ဤကဲ့သို့သောအခြေအနေကြောင့်အထူး
သဖြင့်မြန်မာပြည်၏အနောက်ဖက်ရခိုင်ပြည်နယ်မြောက်ဖက်ဘင်္ဂလားဒေရှ့်နှင့်နယ်ချင်းဆက်လျက်ရှိသောဒေသတွင်တဖက်နိုင်ငံမှဘင်္ဂါလီလူမျိုးများသည်မြန်မာပြည်ထဲသို့တရားမဝင်ဝင်ရောက်ကျူးကျော်နေထိုင်လာနေသည်။
*
*
ဒါပြင်ရခိုင်ပြည်မြောက်ပိုင်းစွ
န်းဒေသကိုပင်၎င်းတို့ပိုင်ဒေသဟုတရားမဝင်လိမ်လည်ပြောဆိုကာကမ္ဘာအားလှည့်စားရန်ဘင်္ဂါလီမှအမည်ပြောင်းကာလူမျိုးတုတစ်မျိုးကိုဖန်တီးကာမြန်မာ့သမိုင်းအားလိမ်လည်ပြောဆိုပီးအမြတ်ထုတ်အခွင့်အရေးယူလျက်ရှိပါသည်
*
*
။မြန်မာပြည်တိုင်းရင်းသားမဟုတ်
ပဲအမြတ်ထုတ်နေခြင်း၊သမိုင်းလိမ်လည်ပြောဆိုနေခြင်းကိုဆန့်ကျင်ကန့်ကွက်ရမည်မှာကျွန်ုပ်တိုမြန်မာတိုင်းရင်းသားအားလုံးတာဝန်ဖြစ်ပါသည်။
*
*ကျွန်ုပ်တို့၏ဆန္ဒကိုကမ္ဘာသိေ
စရန်ယူကေရောက်မြန်မာနိုင်ငံသားအစစ်အမှန်များကဗြိတိန်နိုင်ငံဝန်ကြီးချုပ်နေထိုင်ရာအမှတ်
(၁၀)ဒေါင်းနင်းလမ်း၌ဇွန်လ(၁) ရက်နေ့၂၀၁၂ ခုနှစ်နေ့လည်(၁၃:၀၀ - ၁၄:၀၀)အထိပြုလုပ်
*
*
မည်ဖြစ်သောကြောင့်မြန်မာပြည်သြူ
ပည်သားများအားလုံးတက်ရောက်ကျပါရန်ခင်မင်ရင်းနှီးစွာဖိတ်ကြားအပ်ပါသည်။

*

*နေရာ:အမှတ် (၁၀)ဒေါင်းနင်းလမ်း၊လန်ဒန်
နေ့ရက်:ဇွန်လ(၁) ရက်နေ့၂၀၁၂ ခုနှစ်
အချိန်:နေ့လည်(၁၃:၁၀ - ၁၄:၀၀)

ယူကေရောက်မြန်မာနိုင်ငံတိုင်း
ရင်းသားများ

ဆက်သွယ်ရန်


ဦးခင်မောင်ကြည်: ၀၂၀၈၅၈၀၁၇၂၈

ကိုကောင်းမြတ်သူ: ၀၇၇၆၀၆၄၄၁၄၂
ကိုလူမောင်:၀၇၇၁၄၇၇၉၄၃၄
မဆန္ဒီသင်းမာဦး :၀၇၈၃၄၅၉၃၆၁၇
မဥမ္မာဦး : ၀၇၇၂၇၂၃၆၄၁၉
မမေသက်နွယ်: ၀၇၉၄၉၅၆၃၅၃၃
ကိုခိုင်မင်းဇံ: ၀၇၉၄၆၁၄၈၇၆၁
ကိုထိန်လင်း-၀၇၈၃၈၅၈၉၇၁၄
ကိုခိုင်လင်း:၀၇၈၄၈၈၂၂၅၉၃
မကြူကြူသင်း-၀၇၉၁၅၈၈၃၃၇၅

Dear All,


You are cordially invited to our demonstration to let the world know about

the true history of Burma. As we may all aware that Bengali illegal
immigrants are exploiting Burma Crisis and trying to overwrite Burma's true
history with their make up stories. It is our duty to protect our true
history and in order to show our objection to their illegal actions, all
Ethnic Burmese Nationalities in the UK will hold the protest in front of
the 10 Downing Street in order to let the world knows the true history of
Burma. Please show your support for the true history of Burma.

All Ethnic Burmese Nationalities in UK


Time: 13:00- 14:00

Date: 01 June 2012
Place: No 10 Downing Street
London
SW1A 2AA

To Contact :


Mr Kaung Myat Thu -            
+44 7760644142
Mr Khin Maung kyi -             +44 2085801728
Mr Luu Maung -             +44 7714779434
Ms Sandy Thin Mar Oo -             +44 7834593617
Ms Ohn Mar Oo -             +44 7727236419
Ms May Thet Nwe -             +44 7949563533
Mr Khine Min Zan -             +44 7946148761
Mr Htein Lin -             +44 7838589714
Mr Khine Lin -             +44 7848822593       *
*Ms Kyu Kyu Thin -             +44 07915883375      **
*
 
 
https://mail-attachment.googleusercontent.com/attachment/?ui=2&ik=83bf689ad2&view=att&th=137a436365da6b2e&attid=0.1&disp=inline&realattid=f_h2vlpyp00&safe=1&zw&saduie=AG9B_P8icF3-LbUhpFGmf2SBaHYt&sadet=1338496314672&sads=zrxEg0F8toLi_pWcwT2KsWKl8bs&sadssc=1

RFA TV May 31, 2012

၂၀၀၃ မေ ၃၀ ဒီပဲယင်းလူသတ်ပွဲဆိုင်ရာ မှတ်တမ်းများအား ပြန်လည် ဖော်ပြခြင်း

၂၀၁၂ မေ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ထိုင်းနိုင်ငံရေးသမားများ၊ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံတကာက အထင်ကရပုဂ္ဂိုလ်များနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ မေလ ၃၀ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျည်ရွာအနီးမှာ လူစုလူဝေးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ကံကောင်းထောက်မစွာ သေဘေးက သီသီလေး ကင်းလွတ်ခဲ့ရပါတယ်။ တကယ်လို့ တစုံတရာသာ ချွတ်ချော်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ဆုံးပါးသွားနိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် ဦးတင်ဦးလည်း တိုက်ခိုက်ခံခဲ့ရပြီး အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းက လွတ်မြောက်လာခဲ့တဲ့ မြန်မာ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်က ဒီပဲယင်းလူသတ်ပွဲဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို သူ့တပ်ဖွဲ့များ ကယ်တင်ခဲ့ရကြောင်း ဘန်ကောက်ပို့စ်သတင်းစာကို ပြောကြားခဲ့ရာ အတော်လေး ဂယက်ထသွားပါတယ်။ ဒီပဲယင်းလူသတ်ပွဲကို ကြိုးကိုင် စီစဉ်သူများထဲမှာ ဒီကနေ့ မြန်မာအစိုးရထဲက ထိပ်တန်းခေါင်းဆောင်တချို့ ပါဝင်နိုင်တယ်ဆိုတဲ့ ယိုးစွတ်မှုများ ရှိခဲ့သလို ရှိနေဆဲ ဖြစ်ပါတယ်။ ဒီပဲယင်းလူသတ်ပွဲ ၉ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ ၉ နှစ်က ယနေ့မြန်မာအဖွဲ့သားများ ဖော်ပြခဲ့တဲ့ ဒီပဲယင်းလူသတ်ပွဲဆိုင်ရာ မှတ်တမ်းများကို စုစည်း ဖော်ပြလိုက်ပါတယ်။ ဖော်ပြရခြင်း အကြောင်းရင်းကတော့ ထို ဖြစ်စဉ်များကို လေ့လာပြီး အလားတူ ဆိုးရွားတဲ့ သမိုင်းဖြစ်စဉ်တွေ မြန်မာ့သမိုင်းမှာ နောက်ထပ် မဖြစ်ပေါ်စေလိုတဲ့ ဆန္ဒ၊ ဆင့်ပွား သုံးသပ် အဖြေရှာစေလိုတဲ့ ဆန္ဒကြောင့် ဖြစ်ပါတယ်။ ယခု ဖော်ပြချက်များဟာ ရာနှုန်းပြည့် မှန်ကန်ပါတယ်လို့ မယူဆစေလိုပါ။ ထိုစဉ်အချိန်က မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံများ ဆက်သွယ်နိုင်မှု အင်မတန် ခက်ခဲပါတယ်။ အခက်အခဲများအကြားက စုစည်းထားတဲ့ မှတ်တမ်းတွေ ဖြစ်တဲ့အတွက် လိုအပ်ချက်များ ရှိနိုင်ပါတယ်။ သိရှိလေ့လာနိုင်ရန် မှတ်တမ်းတခုအနေနဲ့ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒီပဲယင်းလူသတ်ပွဲ
ဒီပဲယင်းလူသတ်ပွဲ ပြည်သူသို့ အစီရင်ခံစာ (အိုးဝေတပ်ဦး)
အဖွဲ့ချုပ်မှ အမျိုးသမီးတဦး၏ မေသုံးဆယ်ရက်နေ့ လူသတ်ပွဲ ကိုယ်တွေ့အတွေ့အကြုံ ပြောပြချက်
ဒီပဲယင်းလူသတ်ပွဲကို မျက်မြင်ကြုံတွေ့ခဲ့သော ဆယ်ဘီးကုန်ကား စပယ်ယာတဦးမှ ရင်ဖွင့်သံ
မေ ၃၀ ရက် ဒီပဲယင်းလူသတ်ပွဲ (သွေးစွန်းသော သောကြာနေ့) အကြောင်း မျက်မြင်သက်သေ၏ ပြောကြားချက်
ကိုယ်တွေ့ကြုံတွေ့ခဲ့ရပြီး ထွက်ပြေး လွတ်မြောက်လာသူ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တဦး၏ ပြောပြချက်
ဒီပဲယင်း လူသတ်ပွဲ ဖြစ်ပွားရာနေရာပြ မြေပုံ
ဒီပဲယင်းလူသတ်ပွဲ ဖြစ်ပွားစဉ် ပိတ်ဆို့ တိုက်ခိုက်တဲ့ မုံရွာ ဘုတလင် လမ်းပိုင်း မြေပုံ
နအဖက ဒီပဲယင်းလူသတ်ပွဲကြီးကို ဖုံးကွယ်ရန် နည်းမျိုးစုံ ကြိုးစားနေခြင်း
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်းလူသတ်ပွဲကြီးမှ ဖမ်းဆီးလာပြီး ရွှေဘိုထောင်သို့ ရောက်လာသော နိုင်ငံရေးအကျဉ်းသားများ အခြေအနေ

အရှင်သီဝလိရဟန္တာမထေရ်မြတ် (၁)


by Ashin Ghosaka on Thursday, May 31, 2012 at 3:39pm ·
ထိုင်းအရှင်သီဝလိရုပ်ထု

ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။


ရှင်သီဝလိ  ကိုယ်ရေးရာဇဝင်အကျဉ်း

 ဖွားရာဒေသ= ကုဏ္ဍိကာမြို့
 ရှင်သီဝလိ၏ မျိုးရိုး =ကောလိယမင်းမျိုး
ငယ်နာမည် - သီဝလိ -( မောင်ငြိမ်းချမ်း)
ဖခင်အမည် =ကျမ်းဂန်တို့၌ သီခြားမပြပါ။ ကောလိယမင်းသား-တပါးဟုသာဆို
ပဋိသန္ဓေ = (၇) နှစ်ကြာပဋိသန္ဓေနေရ။ အကြောင်းကား… မြို့ကို ၀န်းရံပိတ်ဆို့ထားပါ-ဟု တိုက်တွန်း မိသော အကုသိုလ်ပြစ်ချက်၏ အကျိုးဆက်။

အံဖွယ်ဖြစ်ရပ်များ


ရှင်သီဝလိအလောင်း သန္ဓေတည်မိသည်နှင့်တပြိုင်နက် ၀မ်းတွင်းရှိ သန္ဓေသား၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပ၀ါသာမင်းသမီးအထံသို့ ဟိုမှသည်မှ ရာပေါင်းများစွာသော လက်ဆောင်ပစ္စည်းများ နေ့စဉ်အမြဲ ည-နံနက် ဆက်ကာဆက်ကာ ပေးပို့လာကြလေသည်။ ဆွေမျိုးများက သုပ္ပ၀ါသာမင်းသမီး၏ ဘုန်းကံကိုစမ်းလို၍ မျိုးစေ့ထည့်ထားသော တောင်းကို မင်းသမီး၏ လက်ထဲသို့ ထည့်စေကြကုန်၏။

သုပ္ပ၀ါသာမင်းသမီး၏ လက်ဖြင့် ထိမိသမျှ မျိုးစေ့တို့သည်အံ့သြယူရလောက်အောင် တစေ့တစေ့မှ အပင်အညှောက် အရာအထောင်ပေါက်ပွား လာကြကုန်၏။ မင်းပယ်တပယ် ကျယ်ဝန်းသော လယ်မြေတကွက်မှ လှည်းအစီးပေါင်း ငါးဆယ်ခြောက်ဆယ် တိုက်ယူရလောက်အောင် ကောက်စပါးများ အထွက်တိုး၍ လာလေသည်။

စပါးကျီထဲသို့ စပါးများကို သွင်းသည့်အခါမှာလည်း မင်းသမီးလက်ဖြင့် တံခါးပေါက်ကို အကိုင်ခိုင်းကြည့်ရာ ၀မ်းတွင်းရှိ သီဝလိ၏ ဘုန်းကံကြောင့် ပြောင်း၊ စပါး၊ စသော ကောက်ပဲသီးနှံများမှ (ထုတ်ယူသယ်ဆောင်သွားသည့်တိုင်) မူလအတိုင်း လျော့သွားသည်မရှိ၊ ပြည့်မြဲပြည့်၍ နေတတ်လေသည်။ ချက်ပြီးသား ထမင်းအိုးမှ ထမင်းကို ခူးခပ်ကာ-ဟောဒါ-မင်းသမီး၏ ဘုန်းကံပါပဲ-ဟု ပါးစပ်မှ ပြောဆို၍ ပေးကမ်းလှူဒါန်းပါလျှင် ကုန်ခန်းသည်မရှိ၊ ပြည့်စုံလုံလောက်သော ဟူ၏။


ရှေးက တောင်းခဲ့သော ဆု

ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

ရှေးက ပြုခဲ့သော ကုသိုလ်

ဝိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌ အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။ ၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။ ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။ ၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။

ဘုရင်မင်းမြတ်၏ အလှူထက်သာစေရန် ပြည်သူတို့၏ဒါနပွဲတွင်လောလောလတ်လတ် ပျားရည်နှင့် နွားနို့ခဲ မပါဘဲရှိရာ ထိုပစ္စည်းရလျှင် ဘုရင်မင်းမြတ်၏အလှူထက် သာပေလိမ့်မည်။ ထို့ကြောင့် လမ်းဆုံလမ်းမတွင် အစောင့်ချ၍ ပြည်သူတို့က ဦးအောင်ဝယ်ရန် ငံ့လင့်နေကြသည်။ ထိုအခိုက် တောမှ မြို့သို့ တက်လာသော သီဝလိအလောင်း လုလင်က ထိုပစ္စည်း ၂-မျိုးကို ယူဆောင်၍လာရာ မြို့သူမြို့သားတို့က တကျပ်ပေး၍ ၀ယ်ယူကြ၏။ ထိုခေတ်ပေါက်ဈေးအရ တကျပ်မတန်သောပစ္စည်းကို တကျပ်ပေး၍ ၀ယ်ယူသောကြောင့် တောသားလုလင်၏ စိတ်တွင် အထူးအဆန်းဖြစ်ပြီး ရုတ်တရက် မရောင်းဘဲ ဈေးကိုင်ထားလိုက်၏။

မြို့သူ မြို့သားတို့က တဖြည်းဖြည်း ဈေးတက်ပေး၍ အနည်းငယ်မျှသာတန်သော တောသားလုလင်၏ ပျားရည်နှင့် နွားနို့သည် တထောင်အထိ ဈေးနှုန်းမြင့်တက်သွားလေသည်။ ထိုအခါ တောသားလုလင်က-မြတ်စွာဘုရား လှူရန် ၀ယ်သည်ဆိုပါက ငွေဖြင့် မရောင်းလိုဘဲ ကျွန်ုပ်ကိုယ်တိုင် အခမဲ့ကုသိုလ်ပါဝင် လှူဒါန်းပါမည်-ဟု ပြောကြားရာ အားလုံကပင် သဘောတူလက်ခံပြီး ရွှင်ရွှင်ပျပျ လှူဒါန်းခွင့်ပေးလေသည်။ တောသားလုလင်က -လာဘ်လာပေါများရပါလို၏-ဟု ဆုတောင်းရာ ၀ိပဿီမြတ်စွာဘုရားက-သင် ဆုတောင်းသည့်အတိုင်း ဖြစ်စေသတည်း-ဟု မိန့်ကြားတော်မူသည်။

ဤဒါနနှင့် ဤဆုတောင်းကြောင့် ဖြစ်လေရာဘ၀ အကျိုးပေးကောင်းမွန်ပြီး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် လာဘ်ပေါများသည့်အရာ၌ သူမတူအောင် အကျိုးပေး ကောင်းမွန်သည့် ဧတဒဂ်ဘွဲ့ရ ရှင်သီဝလိ ဖြစ်ခဲ့ရလေသည်။

မြန်မာရှင်သီဝလိရုပ်ထု

 ရှေးက ကျူးလွန်ခဲ့သော အပြစ်

ရှင်သီဝလိဖြစ်မည့် နောက်ဆုံးဘ၀တွင် အမိဝမ်းတွင်း၌ ၇-နှစ်ကြာမျှ ၀ဋ်ဒုက္ခ ခံစားရခြင်း၊ ဖွားမြင်သောအခါမှာလည်း အမိ၏ ယောနိဝတွင် ကန့်လန့်ခံ ပိတ်ဆို့၍ ၇-ရက်ကြာမျှ ဒုက္ခကြီးစွာ ရောက်ရခြင်းတို့နှင့် ကြုံကြိုက်ရသည်။ ဤသည်တို့မှာ ဆိုးကျိုး ဆိုးပြစ်ဖြစ်၍ အကြောင်းကို သုံးသပ်လျှင် ဤသို့ တွေ့မြင်ရပါမည်။

တခုသောအတိတ်ဘ၀က သီဝလိနှင့် မယ်တော် သုပ္ပ၀ါသာတို့မှာ ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြလေသည်။ တချိန်တွင် ကောသလမင်းက စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို တိုက်ခိုက်လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ယူငင်လေသည်။ ဗာရာဏသီမင်း၏ သားသည် သူ၏ဖခင် ဗာရာဏသီမင်းကြီး စစ်ရှုံး၍ နတ်ရွာစံသောအခါ ရေထုတ်ပြွန်ပေါက်မှ တိတ်တဆိတ် ထွက်ပြေးပြီးလျှင် ဗိုလ်ပါအလုံးအရင်းကို စုရုံးလျက် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်လေသည်။ အတွင်းရှိ မယ်တော်ကြီးက မြို့ကို ၀ိုင်းထားရန် အကြံပေးလေသည်။ မယ်တော်ကြီး အကြံပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီး လေးပေါက်တို့ကို အ၀င်အထွက်မရှိ ပိတ်ဆို့ထားရာ ၇-နှစ်မျှ ကြာသွားလေသည်။

မည်သို့မျှ အကြောင်းမထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ အတွင်းနေ မယ်တော်ကြီးက တံခါးငယ် (မလွယ်ပေါက်) ပါ မကျန် အားလုံး ပိတ်ဆို့ ၀န်းရံထားရမည်ဟု အကြံပေးလေ၏။ မယ်တော်ကြီး အကြံပေးသည့်အတိုင်း ၀င်ပေါက်ထွက်ပေါက် မရှိအောင် (၀င်မရ ထွက်မရအောင်) ပိတ်ဆို့ ၀န်းရံထားလေရာ မြို့သူမြို့သားတွေမှာ အစာရေစာအတွက် ဒုက္ခရောက်ပြီး အနေကျပ်သောကြောင့် ကောသလမင်း၏ ဦးခေါင်းကို ဖြတ်၍ သီဝလိအလောင်း ဗာရာဏသီမင်းသားအား ဆက်သပြီး ထီးနန်းကို ထိုးအပ်ရလေသည်။ ဤမကောင်းမှု အကုသိုလ်ကံကြောင့် ကိုယ်တိုင်ကျူးလွန်သူ ဗာရဏသီမင်းသားမှာ ငရဲ၌ ခံရပြီ ရှင်သီဝလိအလောင်းအလျာ ဖြစ်လာသည်။

ရှင်သီဝလိသည်လည်း ကျပ်တည်းကျဉ်းမြောင်းသော အမိဝမ်းထဲတွင် သွေးအလူးလူးဖြင့် ၇-နှစ်ကြာမျှ ဒုက္ခကြီးစွာ ၀ဋ်ဆင်းရဲကို ခံရရှာသည်။ မွေးဖွားရာတွင်လည်း သက်သာလွယ်ကူခြင်း မရှိဘဲ ကမ္မဇလေကြောင့် ဦးစောက်ပြောင်းပြန် ခြေထောက်မိုးမျှော် ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက အမိ၏ယောနိတွင် ကန့်လန့်ခံ၍ ၇-ရက်ကြာ ဒုက္ခဝေဒနာကို အလူးအလဲ ခံရပြန်လေသည်။

 ဆက်ရန် (၂)
မာဓဓိ -သာစည်၏ အရှင်သီဝလိအကြောင်းကို အခြေခံတင်ပြသည်။

Pyay populace protest for electircity 24 hours achieve

"ဒီကြံ့ဖွတ်လက်ကိုင်တုတ်ရဲတွေကိ
ု ပြည်သူလူထုအားနဲ့ ဝိုင်းဝန်းအရေးယူကြပါ....မကြောက်ကြပါနဲ့ ၊ သင်တို့ နောက်မှာ နိုင်ငံတကာက မြန်မာတွေရှိနေတယ်..."

လူမှုရေးအဖွဲ့များ နိုင်ငံရေးပါတီနှင့် မပတ်သက်ရဆိုသည်မှာ ဒီမိုကရေစီစံနှုန်းနှင့်ကိုက်ညီ မှုမရှိဟု NGOများ သုံးသပ်


by Shwe Myitmakha Media Group on Thursday, May 31, 2012 at 6:35am ·

ရန်နိုင်(မြစ်မခ)




မေ(၃၁)ရက်၊၂၀၁၂ခုနှစ်။






ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်လက်ထက် ဒီမိုကရေစီအသွင်ကူးပြောင်းနေချိ
န်တွင် လူမှုရေးလုပ်သူများ NGO လုပ်ငန်းများ နိုင်ငံရေးနှင့် မပတ်သတ်ရဟူသည့် အချက်သည် ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီမှုမရှိဟု ပြည်တွင်းလူမှုရေး အဖွဲ့ အစည်း များက ပြောဆိုကြသည်။





“ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတော် ထူတောင်နေတဲ့အချိန်မှာ ပြည်သူတွေတစ်ဦးချင်း တစ်ယောက်ချင်း ပါဝင်လာအောင် အခြေအနေ ဖန်တီးပေးတဲ့ စနစ်မျိုးပါ။ အခု လူမှုရေးလုပ်တဲ့ လူတွေကျတော့ နိုင်ငံရေးနဲ့ မပတ်သတ်ရဘူးဆိုရင် ဒီအချက်ကလည်း ဒီမိုကရေစီ စံနှုန်းနဲ့ မညီဘူးလို့ ပြောလို့ရပါတယ်”ဟု မန္တလေးမြို့ရှိ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလု
ပ်ငန်းများနှင့် လူမှုကူညီရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော စိမ်းရောင်စုံအဖွဲ့မှ ဥက္ကဌ ဦးတင်သစ်က ပြောသည်။





မြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် လူမှုရေးအဖွဲ့အစည်းများ ပြန်လည် မှတ်ပုံတင်ရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ လူမှုကူညီရေးအဖွဲ့အစည်းများကို သက်ဆိုင်ရာမြို့နယ်များမှ တဆင့်အကြောင်းကြားပြောဆိုခဲ့ြေ
ကာင်း သိရသည်။





ထိုကဲ့သို့ မှတ်ပုံတင်ပြုရာတွင် လူမှုရေးအသင်းအဖွဲ့တစ်ခုထူထောင်
သူသည် နိုင်ငံရေးကင်းရှင်းရမည်ဟု ကတိ ၀န်ခံချက်ပြု ရကြောင်းနှင့် တည်ဆဲဥပဒေအရ ပြစ်ဒဏ်ပေးခံသူမဟုတ်ရဆိုသည့်အချက်များ ပါဝင်နေခြင်း သည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီဟု လက်ရှိတွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေကြသော အဖွဲ့အစည်းများက အကြံပြုကြသည်။





“ဒီစကားရပ်တွေက ကျွန်တော်တို့လိုမျိုး ထောင်ထဲမှာ နှစ်ရှည်နေပြီးထွက်လာတဲ့လူတွေက ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းကို တစ်ခန်းတစ်ကဏ္ဍကနေပြီးတော့ ပါဝင်ဆောက်ရွက်ဖို့အတွက် ထပ်ပြီးတော့ ကန့်သတ် ခံထားရသလိုဖြစ်နေတယ်”ဟု ပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများကို လိုက်လံကူညီ ဆောင်ရွက်ပေးလျက်ရှိ သော “ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်း”တွင် ပါဝင်လှုပ်ရှား လျက်ရှိသော (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောသည်။






မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသောလုပ်ငန်း သဘာဝခြင်းမတူသည့် အဖွဲ့အစည်း ပေါင်း (၁၀၀၀) ကျော်တွင် ရှိနေပြီး နာရေးကူညီမှုဆောင်ရွက်ပေးသောအဖွဲ
့၊ ပညာရေးကူညီမှု ဆောင်ရွက်ပေး သောအဖွဲ့၊ သွေးလှုဒါန်းမှုများ ဆောင်ရွက်ပေးသော အဖွဲ့နှင့် အချို့အသင်းအဖွဲ့များမှာ နာရေး၊ ကျန်းမာရေး၊ သဘာဝဘေး၊ သွေးလှုဒါန်းခြင်း၊ ပညာရေး စသည်ဖြင့် လူမှုရေး လုပ်ငန်းမျိုးစုံ ဆောင်ရွက်ပေးသောအဖွဲ့ဟူ၍ လူမှုကူညီရေးအဖွဲ့အစည်းများစွာ ရှိနေသည်။

မြန်မာတောင်သူလယ်သမားများ

 

မြန်မာတောင်သူလယ်သမားများ အစိုးရလျှပ်စစ်မီးသုံးစွဲမှု (၄၁)%နှုန်းသာရှိ

by Shwe Myitmakha Media Group on Thursday, May 31, 2012 at 7:13am ·
ကောင်းမြတ်ဖြိုး ( မြစ်မခ )
မေ(၃၁)ရက်၊၂၀၁၂ခုနှစ်။

လယ်သမားများထံမှ စစ်တမ်းကောက်ယူချက်များအရ မြန်မာလယ်သမားများမှာ အစိုးရမှပေးသောလျှပ်စစ်မီး သုံးစွဲမှုမှာ ၄၁%နှုန်းသာရှိကြောင်း ဆန်စပါးလုပ်ငန်းရှင်များအသင်းက သိရသည်။


ထိုကဲ့သို့ အစိုးရထံမှလျှပ်စစ်မီးသုံးစွဲမှုနည်းပါးခြင်းမှာ ကျေးရွာများသို့ လျှပ်စစ်မီးသွယ်တန်း၍မရခြင်း၊ မီတာ ဘောက်မရှိခြင်း စသည်တို့ကြောင့် ဖြစ်သည်။



“ကျွန်တော်တို့ရွာမှာ အရင်တုန်းက အစိုးရကလာတဲ့မီးက ရွာတစ်ဝက်လောက်ထိပဲ ရောက်တယ်၊ ကျန်တဲ့ဘက်ကို ကြိုးတွေက   မရောက်တော့ သုံးလို့မရဘူး၊ မီတာဘောက်ကလည်း မရှိဆိုတော့၊ အခုမှ တစ်ရွာလုံးကိုယ်ထူကိုယ်ထနဲ့ ထရန်စဖော်မာတစ်လုံး ရွာလယ်မှာထောင်လိုက်လို့ အခုတစ်ရွာလုံးနီးပါးမီးရသွားပြီ” ဟု ပြင်ဦးလွင် မြို့ နောင်ခမ်းကြီးကျေရွာနေ တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ဌေးကပြောသည်။


ရွာများတွင် လယ်သမားများသုံးစွဲသော ပုဂ္ဂလိကများက ရောင်းချသည့်မီးသုံးစွဲမှုမှာ ၄၄%နှုန်းခန့်ရှိပြီး အစိုးရလျှပ်စစ်မီးသုံးစွဲမှုထက် ၃%နှုန်းခန့် ပိုမိုသည်။ ထိုကဲ့သို့ ပုဂ္ဂလိကမှပေးသောမီးသည်မီးချောင်းတစ်ချောင်း တစ်ရက်လျှင်ကျပ် (၁၀၀)ခန့်ပေးရကြောင်းကိုလည်း သိရှိရသည်။


“လယ်သမားတွေ အစိုးရဆီကနေယူတာက ၄၁%နှုန်းရှိတယ်၊ တခြားပုဂ္ဂလိကမီးစက်တွေကနေယူတာက ၄၄%နှုန်း၊ ကျန်တာတွေကတော့နည်းနည်းစီပဲ ကိုယ့်ဘာသားကိုမီးစက်နဲ့သုံးတဲ့လူတွေလည်းရှိတယ်၊ တချို့လည်းဘတ္တရီအိုးနဲ့သုံးတာတွေ ဘာတွေရှိတယ်” ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ Senior Rescherနှင့် CEO အဖြစ်တာဝန်ထမ်းဆောင်နေသူ   ဒေါက်တာစိုးထွန်းကပြောသည်။


အဆိုပါမီးကိစ္စများနှင့်ပတ်သက်၍လည်း မေလ(၁၉) ရက်နေ့တွင် ရွှေလီ-မန့်စံ လျှပ်စစ်ဓါတ်အားလိုင်း   ပြတ်တောက်ခဲ့မှုကြောင့်   မြန်မာနိုင်ငံတွင်သုံးစွဲနေသော မီဂ္ဂါဝပ် ၂၀၀ ကျော်ခန့် ဆုံးရှုံးခဲ့သည်။ထိုကဲ့သို့ မီဂ္ဂါဝပ်လျော့နည်းမှုများကြောင့်  လျှပ်စစ်မီးပေးခြင်းအား စက်မှုဇုန်များကို လုံးဝဖြတ်တောက်ခဲ့ပြီး၊ လူနေရပ်ကွက်များကိုလည်း အလှည့်ကျပေးခဲ့မှုတို့ကြောင့် ၂၄နာရီလျှပ်စစ်မီးပြည့်ဝစွာ ရရှိရန်မြို့ကြီးအချို့တို့တွင် မေလကုန်ခါနီးတွင် ငြိမ်းချမ်းစွာဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။




ထိုကဲ့သို့ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် အစိုးရအနေဖြင့် လျှပ်စစ်မီးပြည့်ဝစွာရရှိရန်အတွက် ပြည်ပမှမီးစက်ဆယ်လုံးဝန်းကျင်   မြန်မာပြည်တွင်းသို့ တင်ပို့ခဲ့ကြောင်းသိရှိရသည်။

 

ဒိုက်ဦးမြို့နယ်ရှိ တောင်သူများ နွေစပါးရောင်းချနိုင်ရေး ၀ယ်သူမရှိ၍ အခက်တွေ့

by Shwe Myitmakha Media Group on Thursday, May 31, 2012 at 7:02am ·
ဥာဏ်ဥာဏ် (မြစ်မခ)
မေ(၃၁)ရက်၊၂၀၁၂ခုနှစ်။


ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စပါးစိုက်တောင်သူများစပါးရိတ်သိမ်းပြီးထွက်ရှိလာသည့် နွေစပါး များအား ၀ယ်လက်မရှိ၍ အခက်အခဲများ ကြုံတွေ့လျှက်ရှိကြောင်း ဒေသခံတောင်သူများက ဆိုသည်။


စပါးရိတ်ခ၊ သယ်ခ၊ ခြွေလှေ့စရိတ်၊ လယ်ယာလုပ်သားစရိတ်အစရှိသော ကုန်ကျစရိတ်များပေးချေရန် တောင် သူများမှာ   ငွေကြေးလိုအပ်၍   ရိတ်သိမ်းမည့်စပါးများကို ရောင်းချရာတွင် ၀ယ်ယူမည့်သူမရှိ၍ ငွေပေးချေရန် အခက်အခဲရှိနေခြင်းဖြစ်သည်။



“စပါးကလည်း ရွှေသွယ်ရင်တင်းတစ်ရာကို နှစ်သိန်းလေးသောင်း၊ မနောသုခ နှစ်သိန်းခြောက်သောင်းပဲရှိတယ်၊စပါးရိတ်တဲ့လူကလည်း   ရိတ်ပြီးတာနဲ့ ငွေတန်းလိုချင်တယ်၊ တောင်သူဆိုတာက ငွေပိုငွေလျှံမရှိဘူး၊ စပါးက လည်း ရောင်းမရတော့ မရှိရှိတာလေးတွေ   ပေါင်နှံပေးရတယ်”ဟု ပဲခူးတိုင်းဒိုက်ဦးမြို့နယ်တွင်းရှိ ရှမ်းစုကျေးရွာမှ ဦးတင်အောင်ကပြောသည်။



စပါးစိုက်တောင်သူများအနေဖြင့် စပါးဝယ်ယူသူများကို(၇)ရက်(၈)ရက်အကြွေးရောင်းပေးနေရပြီး နေ့စဉ် စပါးဝယ်သူအား   မျှော်နေကြောင်းကိုလည်း သိရှိရသည်။



“ကျွန်တော်တို့ ပွဲစားတွေအနေနဲ့ နွေစပါးဆိုတာ တင်းရေများများဝယ်ထားလို့ အဆင်မပြေဘူး၊ ပြီးတော့ရာသီ ဥတုကလည်း အဆင်မပြေတော့   နွေစပါးက မိုးမိတာတွေရှိတော့ ၀ယ်လို့သိပ်အဆင်မပြေဘူး”ဟု ပဲခူးမြို့ပေါ်ရှိပွဲစား ကိုဌေးဝင်းကပြောသည်။




ယခုအချိန်သည် နွေးစပါးရိတ်သိမ်းချိန်တွင် မိုးတစ်ပြိုက်၊ နှစ်ပြိုက်နေ့စဉ်ရွာသွန်းလာသည့်အခါ စပါးများမိုးမမိ
စေရန် ဆောင်ရွက်နေရသောကြောင့် တောင်သူများနှင့် စပါးပွဲစားများပါ အနည်းငယ်ဒုက္ခရောက်နေကြောင်း ရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် မိန့်ခွန်း

 
မဟာချိုင်မှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့အခက်အခဲတွေကို ဒေါ်စုဆီ ပြောပြခဲ့တယ်။
 


သောကြာနေ့၊ ဂျွန်လ ၁၊ ၂၀၁၂
မဟာချိုင်၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံ (မေလ ၃၁ရက်)

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။

ခုနက (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကောင်းအောင်လို့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေး တာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ပြေလည်ရေးပေါ့။ ဥပမာအားဖြင့်ဆိုရင် သားသမီး တွေကို အမျိုးသားပိုင်ထိုင်းကျောင်းတွေမှာ စာသင်နိုင်ရေး စသဖြင့်ပေါ့နော်။ ဒီဟာ ပြေလည်နိုင်မယ့်ကိစ္စတွေကို လုပ်ပေးပါမယ်လို့ ကျွန်မကို ပြောပါ တယ်။

ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင် ထားရတဲ့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကိစ္စပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့လုပ် လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားကနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မလို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မတို့ ဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေးတဲ့ ကျွန်မတို့ရဲ့ အလုပ်သမားတွေ မှတ်ပုံတင်ရေး ကိစ္စ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင်ရသေး သရွေ့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ အင်မတန်မှ ခက်ခဲတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေး ကိစ္စတွေ ကို ဘယ်လိုအမြန်ဆုံး လုပ်နိုင်မလဲ၊ ဘယ်လိုအပြေလည်ဆုံး လုပ်နိုင်မလဲဆို တာ ကျွန်မတို့ သက်ဆိုင်ရာတာဝန်ခံတွေနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးပါ့ မယ်။ ဒါပေမဲ့ အဓိက ကျွန်မပြောချင်တာကတော့ ကျွန်မတို့ရဲ့ တာဝန်ဟာ ဘာလဲဆိုတာ ကျွန်မတို့ သိပါတယ်။

ကျွန်မတို့ရဲ့ တာဝန်ဟာ ကျွန်မတို့ရဲ့ အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံကို ပြန်လာချင်တဲ့ အခါကျလို့ရှိရင် လုံလုံ ခြုံခြုံ စိတ်ချချနဲ့ ပြန်လာနိုင်အောင်လို့ လုပ်ပေးရမယ်ဆိုတာ ကျွန်မတို့ နား လည်ပါတယ်။ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွေး ဝမ်းကျောင်းအတွက် အလုပ်ရရှိနိုင်ရမယ်ဆိုတာကို ဆိုလိုတာပါ။ ကျွန်မက လွယ်လွယ်ကတိတွေ မပေးချင်ပါဘူး။ ကျွန်မတို့က လုပ်ပေးမယ်လို့ လွယ် လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲ ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကို အောင်မြင်အောင်လုပ်ပေးသွား မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တစ်ကယ်တော့ ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာ တည် ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာ ရှိရှိ မနေနိုင်သရွေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ မပြော နိုင်ပါဘူး။

ကျွန်မတို့ ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ တစ်ချိန်လုံး ကြိုးစား နေမှ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အ ခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ပြန်လာပြီးတော့ အလုပ်ရနိုင်အောင် လုပ်ဖို့ ဆိုတာဟာ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမှာ ဒီနိုင်ငံမှာ ရှိနေသေးသရွေ့ကတော့ အတတ်နိုင်ဆုံး အဆင် ပြေအောင်လို့ ကြိုးစားပါ့မယ်လို့ ကျွန်မပြောပါရစေ။ မနေ့ကလည်း မဟာချိုင်ကို လာပြီးတော့ ပြောသွားတယ်နော်။ ကျွန်မ တို့ဟာ ဘာပဲပြောပြော ဧည့်သည်တွေပဲ။ ဧည့်သည်တွေဆိုတော့ ကိုယ်ဟာ ဧည့်သည်ရဲ့ ကျင့်ဝတ်နဲ့ ညီအောင်လို့ နေကြရမယ်။ အဲတာတော့ ကျွန်မက ပြန်ပြီးတော့ သတိပေးပါရစေ။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။ တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေ မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသားအားလုံးဟာ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့် အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ။

ကျွန်မအနေနဲ့ (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်ကို ပြောတဲ့အခါမှာ ကျွန် မတို့နိုင်ငံသားတွေ ဒီမှာ အလုပ်လုပ် နေ တဲ့ ရွေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေဟာ ဘာလဲဆိုတာ သိအောင်လို့ ကျယ်ကျယ်ပြန့်ပြန့် သိအောင်လို့ လုပ်ပေးပါလို့ ကျွန်မမေတ္တာရပ်ခံခဲ့ပါတယ်။ ဒါမှ ကိုယ့်ရဲ့လုပ် ပိုင်ခွင့်တွေ ကိုယ်သိမှ ဥပဒေအရ ကိုယ့်ကိုကိုယ်ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာကို နားလည်လာမှာပါ။ နောက်တစ်ခုကတော့ ကျွန်မ သတိပေးချင်တာကတော့ ကျွန်မတို့ မြန် မာနိုင်ငံကရောက်လာတဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တခြား မြန်မာနိုင် ငံသူ၊ နိုင်ငံသားတွေဟာ အချင်းချင်းညီညီညွတ်ညွတ်နေဖို့ ကြိုးစားကြပါ။ အချင်းချင်းညီညွတ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ တစ်ဦးအပေါ် တစ်ဦး စာနာပါ။ နားလည်မှုပေးပါ။ ကိုယ်ရဲ့ နိုင်ငံနဲ့ပတ်သက်လို့ ကိုယ်ဂုဏ်ယူနိုင် တဲ့ အခြေအနေဖြစ်အောင် ကျွန်မတို့က ကြိုးစားသလို နိုင်ငံကလည်း ကျွန် မတို့ ပြည်သူတွေအတွက် ဂုဏ်ယူနိုင်အောင်လို့ ကျွန်မတို့ ပြည်သူပြည်သား တွေကလည်း ကြိုးစားပေးပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ အခုကျွန်မ ထိုင်းနိုင်ငံကို လာတာကတော့ အစည်းအဝေးတက်ဖို့ လာ တာပေါ့နော်။ အစည်းအဝေးတက်ဖို့လာတာဆိုပေမဲ့ အမှန်ပြောရမယ်ဆိုလို့ ရှိရင် ကျွန်မတို့အတွက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေကတော့ ကျွန်မ တို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ကျွန်မတို့ရဲ့ ဒုက္ခသည်တွေရဲ့ ဘဝ အခြေအနေတွေကို ကျွန်မအနေနဲ့ သုံးသပ်ပြီးတော့ ဘယ်လိုနည်းနဲ့ သက် သာအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို လေ့လာဖို့ ကျွန်မလာတာဖြစ် ပါတယ်။

နှစ်ရက်သုံးရက်အတွင်းမှာတင် အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန် မသိလာတာတွေ ရှိပါတယ်။ ဒီနိုင်ငံက ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမား တွေနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ ဝန်ကြီးဌာနတွေ ကျွန်မတို့ဆက်ပြီးတော့ လုပ် ပါမယ်။ ကျွန်မတို့နိုင်ငံဘက်ကလည်း တတ်နိုင်သမျှ ကျွန်မတို့ရဲ့ ရွေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ဘဝကို လုံခြုံမှုပေးနိုင်အောင်လို့ ကျွန် မတို့ဆက်ပြီးတော့ ကြိုးစားပါ့မယ်လို့ ပြောပါရစေ။

ကြိုးစားပါ့မယ်လို့ ပြော လို့ တစ်ချို့တွေက အားရချင်မှ အားရမှာ။ အခုချက်ချင်းလက်ငင်း လုပ်ပေး စေချင်တဲ့သူတွေ ရှိမှာပဲ။ ဒါပေမဲ့လည်း ကျွန်မက ကတိတွေပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲတာကြောင့်မို့လို့ အိမ် ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မ တို့ ပြည်သူတွေ နေထိုက်တဲ့အိမ်ဖြစ်အောင်လို့ အမြန်ဆုံးကြိုးစားပါ့မယ်လို့ ပြောပါရစေ။ အားလုံးကျန်းမာချမ်းသာကြပါစေ။
Eleven media group
Photo..(Bangkok Post)


 


ဝမ်းသာလွန်းလို့ ငိုတာပါ ဆိုတဲ့ မဟာချိုင်က အမေစုကို ကြိုတဲ့ ကောင်မလေးတစ်ယောက်...........


ကျတော်တို့အမေစု အခုလည်း လှနေသလို နောင်လည်းလှနေမှာ ဖြစ်သလို သမိုင်းမှာလည်း အမြဲလှနေမှာပါ..။

အမေစုရဲ့ ဒီနေ့ ထိုင်းဝန်ကြီးချုပ်ယင်လတ်နဲ့ တွေ့ဆုံတဲ့ ပုံထဲမှာ အမေစု အသားတွေ ညိုသွားလို့ဆိုပြီး အမေစုကို ချစ်တဲ့ သားသမီးတွေ စိတ်မကောင်းဖြစ်ကာ ဂရုဏာဒေါသ ကွန်မာန့်တွေ ပေးကြတာ ဖတ်လိုက်ရတယ်...။


ထိုင်းနိုင်ငံကို World Economic Forum တက်ဖို့ တခုတည်းနဲ့ ရောက်လာတာ မဟုတ်ဘူးဆိုတာ အားလုံး သိစေလိုပါတယ်..။ အဓိကကတော့ ထိ
ုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် အမေစု အရေးတကြီး လာရောက်ရတာလည်း ပါပါတယ်..။

ဒီနေ့ ၃၁ရက် ည နေ(၄)နာရီမှာ အမေစု ဒုတိယမြောက် ခရီးအဖြစ် မဟာချိုင်က အလုပ်သမား ယာယီပတ်စ်ပို့ မှတ်ပုံတင်ရုံးကို ထပ်သွားတယ်..။ ထိုင်းဒု အလုပ်သမား ဝန်ကြီးကိုယ်တိုင် ကြိုတယ်...။ မြန်မာရွှေ့ပြောင်းအလုပ်သမား အတွက် ဒုတိယဝန်ကြီးချုပ်နဲ့ လည်းတွေ့ဆုံခဲ့တယ်.. အမေရဲ့အသံကို ထိုင်းအစိုးရနဲ့ ကမ္ဘာကို ထုတ်ပေးနေတာပါ...။ ထိုင်းအစိုးရကိုလည်း မြန်မာနိုင်ငံသားတွေ အရေးအတွက် ကူညီလုပ်ဆောင်ပေးဖို့ တိုက်တွန်းသွားတယ်..။ အလုပ်သမားတွေ မြန်မာပြည်ကို ပြန်လာချင်တဲ့ အနေအထားမျိုးဖြစ်အောင် ပြည်တွင်းမှ ပြန်လည် လုပ်ကိုင်နိုင်တဲ့ အနေအထားမျိုး ဖြစ်အောင် ကြိုစားပေးမယ်လို့ ပြောဆိုသွားပါတယ်..။ ရောက်ကတည်းက မရပ်မနား အလုပ်လုပ်နေတာပါ..။ ပင်ပန်းမှာကိုတောင် ဂရုမစိုက်ပဲ တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို အလုပ်သမားတွေ အရေးအတွက် အဓိက လာခဲ့တာလို့ သုံးသပ်နိုင်ပါတယ်...။

အဲ့တော့ ကျွန်တော်တို့ အမေစု ရေပြောင်း၊ မြေပြောင်းနဲ့ နိုင်ငံအပြောင်းမှာ ရာသီဥတုဒါဏ်ကြောင့် အသားအနည်းငယ် ညိုသွားတာ နားလည်ပေးပါ... အမေ့အသက်လည်း ၆၇ပြည့်တော့မှာပါ ပင်ပန်းတာလည်း ပါပါတယ်..။ ပြည်သူတွေအတွက် ပြည်ပမှာတောင် အလုပ်လုပ်နေတာပါ...။ ကျွန်တော်တို့ အမေစုသည် စိတ်ရော၊ ရုပ်ပါချမ်းသာ ပြီးသားပါ...။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ/ သားတွေအပေါ် ထားတဲ့ မေတ္တာဟာ တုနှိုင်းမမှီပါ...။ အမေစုဟာ ကျွန်တော်တို့ မြန်မာပြည်သားတွေ အပေါ်မှာ ဘယ်တော့မှ မေတ္တာ အလှမပျက်ပါ..။ အဲ့တော့ အမေပင်ပန်း နေပြီဆိုတဲ့ စိတ်လေးနဲ့ အမေဘေးရန်ကင်းရှင်းပြီး အသက်ရာကျော် ရှည်စေဖို့ ဆုမွန်ကောင်း တောင်းပေးကြပါ။

ကျတော်တို့အမေစု အခုလည်း လှနေသလို နောင်လည်းလှနေမှာ ဖြစ်သလို သမိုင်းမှာလည်း အမြဲလှနေမှာပါ..။

ဒီမိုဝေယံ