Monday, February 28, 2011

မြန်မာ့တော်လှန်ရေးနှင့် ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ

 

မြန်မာ့တော်လှန်ရေးနှင့် ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ

နိဒါန်း

(၂၀၁၁) ခုနှစ်သည် မြန်မာ့နိုင်ငံရေးအတွက် ထူးခြားသော နှစ်တနှစ် ဖြစ်ပါသည်။ လက်ရှိအချိန်ကာလသည်လည်း နအဖ စစ်အုပ်စုက ကျင်းပသော (၂၀၁၀) အတုအယောင် ရွေးကောက်ပွဲ ရလဒ်အဖြစ် စစ်အုပ်စုကြိုးဆွဲ ရုပ်သေးအစိုးရ ပေါ်ထွက်လာစေရန် လွှတ်တော်ခေါ်ယူနေဆဲ ကာလဖြစ်ပါသည်။ တပြိုင်နက်တည်းမှာပင် နအဖစစ်ဝါဒီစနစ်ကို ထောက်ခံ အားပေးနေကြသည့် ပညာရှင်ဆိုသူများကလဲ (၂၀၁၁) သည် တော်လှန်ရေး အင်အားစုများ အတွက် လမ်းဆုံးဖြစ်တော့ မယောင် အသံလွှင့်နေကြပါသည်။

လက်တွေ့တွင်ကား (၂၀၁၁) သည် တော်လှန်ရေးအင်အားစုများအတွက် လမ်းဆုံတခုသာ ဖြစ်သည်။ ရွေးကောက်ပွဲနှင့် တရားဝင်တက်လာသည့် အစိုးရဖြစ်ဖြစ်၊ လက်နက်အင်အားသုံး၍ တရားမ၀င် တက်လာသည့် အာဏာသိမ်း စစ်အုပ်စုဖြစ်ဖြစ် ပြည်သူ့အာဏာကို ဖယ်ရှား၍ မရပါ။ အာဏာသည် ပြည်သူ့ထံမှသာ သက်ဆင်းပါသည်။ သေနတ်ပြောင်းဝမှ ဆင်းသက်သည် မဟုတ်။ သေနတ်ချိန်၍ ကျင်းပသည့် အာဏာရှင်ရွေးကောက်ပွဲမှ ဆင်းသက်သည် မဟုတ်။ သို့ဖြစ်၍ ပြည်သူ့အာဏာကို ပြည်သူဆီမှ ဆင်းသက်ရန် ကြိုးပမ်းသော တော်လှန်ရေးသမားများအတွက် လမ်းဆုံးဖြစ်လာမည် မဟုတ်။လမ်းဆုံးဖြစ်လာမည် မဟုတ်သော်လဲ လမ်းဆုံမှသည် ပန်းတိုင်သို့ ရောက်အောင်ကား ရှေ့ဆက် ချီတက်ကြရပေမည်။

ယင်းသို့ ချီတက်ကြရာတွင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အဆင့်များကို စနစ်တကျ အကောင်အထည်ဖော်ကြရန် လိုအပ်လှသည်ဖြစ်ရာ မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် ပြည်ပရောက် မြန်မာများမှ ပါဝင်ဆောင်ရွက်နိုင်သည့် စည်းရုံးရေးနှင့် ၀ါဒဖြန့်ချိရေး လုပ်ငန်းစဉ်များ၊ ထောက်ပံ့ရေးနှင့် သတင်းရယူရေး လုပ်ငန်းတာဝန်များ၊ ကွန်ယက်ချိတ်ဆက် လှုပ်ရှားရေးနှင့် နိုင်ငံခြားဆက်ဆံရေး လုပ်ငန်းတာဝန် စသည်များကို တော်လှန်ရေးအောင်မြင်မှု သော့ချက် ခြောက်ချက်ပေါ်တွင် အခြေပြု၍ ဤစာတမ်းအား ရေးသားပါသည်။




() လူထုထောက်ခံမှု ရယူခြင်း
(.) ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်း
ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်းတွင် လူဦးရေ သိန်းချီ ပါဝင်၍၊ လူ့အဖွဲ့အစည်း၏ ဖြစ်တည်မှုသဏ္ဍာန်တွင် ဒေါင်လိုက်စုဖွဲ့မှုနှင့် အလျားလိုက် စုဖွဲ့မှု သဏ္ဍာန် နှစ်မျိုး ကွဲပြားခြားနားသည်။ ဒေါင်လိုက်စုဖွဲ့မှုတွင် လူမျိုးစုနှင့် ဘာသာရေး ကွဲပြားမှုများ ပါဝင်ပြီး၊ အလျားလိုက်စုဖွဲ့မှုတွင် လူတန်းစားအလွှာ ကွဲပြားမှုများ ပါဝင်သည်။

ဒေါင်လိုက်စုဖွဲ့မှုဆိုင်ရာ ကွဲပြားမှုသဏ္ဍာန်အရ
() လူမျိုးစု အဖွဲ့အစည်းများဖြစ်သော ကရင်အဖွဲ့၊ ချင်းအဖွဲ့၊ မွန်အဖွဲ့၊ ရှမ်းအဖွဲ့၊ ကချင်အဖွဲ့၊ ကယန်းအဖွဲ့၊ ရခိုင်အဖွဲ့ စသည့် အစုအဖွဲ့များ နှင့်
() ဘာသာရေး အဖွဲ့အစည်းများဖြစ်သော ဗုဒ္ဓဘာသာအဖွဲ့၊ ခရစ်ယာန်အဖွဲ့၊ မွတ်စလင် အဖွဲ့ စသည့် အစုအဖွဲ့များသည် နယ်မြေဒေသနှင့် လူဦးရေပေါ်တွင် မူတည်၍ တည်ရှိနေပြီး၊ အဖွဲ့အစည်းများအကြား ဆက်သွယ်မှုများနှင့် လူမှုရေး၊ ဘာသာရေးကဏ္ဍ ပူးပေါင်းလှုပ်ရှားမှုများ ရှိနေသည်။

အလျားလိုက်စုဖွဲ့မှုဆိုင်ရာ ကွဲပြားမှုသဏ္ဍာန်အရ
() နိုင်ငံရေးခိုလှုံခွင့် ရရှိပြီး နိုင်ငံရေးရာတွင် စိတ်ပါဝင်စားသော အစုအဖွဲ့များ
() နိုင်ငံရေး ခိုလှုံခွင့် ရရှိပြီး နိုင်ငံရေးရာများတွင် ပါဝင်မှုမရှိသော အစုအဖွဲ့များ
() ပြည်ပတွင် အလုပ်အကိုင်အခွင့်အလမ်းပေါ်မူတည်၍ အခြေစိုက် နေထိုင်သူများ ပါဝင်သော အစုအဖွဲ့များ
() ကျောင်းသား အစုအဖွဲ့များ
စသည့် အစုအဖွဲ့များသည် နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး ကဏ္ဍအသီးသီးတွင် ပူးပေါင်းချိတ်ဆက်ပါဝင်မှုများ
ရှိနေသည်။

(.) လက်ရှိနိုင်ငံရေး လှုပ်ရှားမှုများ

ပြည်ပရောက်မြန်မာများ၏ လက်ရှိနိုင်ငံရေး လှုပ်ရှားမှုများသည် နိုင်ငံရေးတက်ကြွလှုပ်ရှားမှု (Political activism) အကောင်အထည်ဖော်မှုများတွင် အခြေခံသည်။ နိုင်ငံရေးအဖွဲ့အစည်း ရာပေါင်းများစွာမှာ နိုင်ငံ အနှံ့အပြားတွင် ပျံ့နှံ့နေပြီး၊ တက်ကြွလှုပ်ရှားသူ အရေအတွက် ထောင်နှင့်ချီ၍ ရှိသည်။ ယင်း တက်ကြွလှုပ်ရှားသူများမှ နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက် နိုင်ငံရေးလှုပ်ရှားမှုများကို ပြုလုပ်ကြသည်။ လှုပ်ရှားမှုများ ပြုလုပ်ရာတွင်
() ဆန္ဒပြပွဲများ ပြုလုပ်ခြင်း
() အထိမ်းအမှတ်နေ့များတွင် အခမ်းအနားများ ပြုလုပ်ခြင်း
() သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံခြားရေးဌာနများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ သို့ ကင်ပိန်းများ ပြုလုပ်ခြင်း
() အစည်းအဝေးများ၊ ကွန်ဖရင့်များနှင့် ဖိုရမ်များ ကျင်းပခြင်း
စသည်တို့ ပါဝင်သည်။

(.) လူထုထောက်ခံမှု အခြေအနေ သုံးသပ်ချက်

လူထုထောက်ခံမှုအပိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှုများကို တက်ကြွစွာ ပြုလုပ်နေသူများအား လူ့အဖွဲ့အစည်းမှ တိုက်ရိုက် ထောက်ခံမှုနှင့် သွယ်ဝိုက်ထောက်ခံမှု အခြေအနေ နှစ်ပိုင်းရှိရာ တိုက်ရိုက်ထောက်ခံမှုသဏ္ဍာန်ဖြစ်သော သတင်းအချက်အလက်များ ပေးပို့မှု၊ တော်လှန်ရေးသမားများနှင့် ဆက်သွယ်မှု ကဏ္ဍများတွင် အားနည်းချက်များ ရှိနေသကဲ့သို့၊ သွယ်ဝိုက်ထောက်ခံမှု သဏ္ဍာန်ဖြစ်သော အာဏာရှင်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ငြင်းဆန်ခြင်းများတွင်လဲ အားနည်းချက်များ ရှိနေသည်။

အဓိက အားနည်းချက် အရှိဆုံးကဏ္ဍမှာ တော်လှန်ရေးသမားများနှင့် လူ့အဖွဲ့အစည်းကြားမှ ကွင်းဆက်ပြတ်မှု များပင်ဖြစ်သည်။ တော်လှန်ရေးသမားများသည် လူထုနှင့် တသားတည်းမရှိပဲ မိမိကိုယ်ကို တော်လှန်ရေးသမား ဖြစ်ရခြင်းကို ဂုဏ်ဖော်ကြွားဝါနေခြင်း၊ လူထု၏ အမြင်နှင့် တန်ဖိုးထားမှုများကို မဖော်ထုတ်ပဲ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာခြင်း မရှိသေးသူများကို စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လူတဦးချင်းစီ၏ နိုင်ငံရေး ရေချိန်နှင့် အသိကို တိုင်းတာခြင်း မပြုပဲ နိုင်ငံရေးအဖွဲ့အစည်း အတွင်းသို့ ၀င်ရန် အတင်းအကြပ် သိမ်းသွင်းခြင်း၊ အစည်းအဝေးများကို မဟာဗျူဟာ အစည်းအဝေး၊ လုပ်ငန်းဖော်ဆောင်ရေး အစည်းအဝေး စသည်ဖြင့် ကဏ္ဍခွဲခြား ပြုလုပ်ခြင်း မရှိပဲ ရောနှော ပြုလုပ်ခြင်းများကြောင့် မဟာဗျူဟာရေး၊ မူဝါဒရေးရာ အစည်းအဝေးများ၏ သဘောသဘာဝအရ ငြင်းခုံဝေဖန် ဆွေးနွေးမှုများဖြင့် လူသစ်များ၏ အတွေးအမြင်ကို ရှုပ်ထွေးစေခြင်း၊ အတွေ့အကြုံနှင့် ရာထူးအဆင့်အတန်းအပေါ် မာန်တက်၍ ပမာမခန့် ပြောဆိုပြုမူခြင်းများ ရှိနေခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများမှာ လူထုသို့ empowerment လုပ်ခြင်းဖြင့် လက်တွဲခေါ်ယူခြင်း မရှိပဲ နိုင်ငံရေးတက်ကြွသူများအကြားတွင်ပင် ပြန်၍ လည်ပတ်နေခြင်း စသည့် အားနည်းချက်များနှင့် လူထုနှင့် ကွင်းဆက်ပြတ်မှုများ ဖြစ်ပွားလျက်ရှိသည်။

(.) လူထုထောက်ခံမှုရယူခြင်း

မည်သည့် တော်လှန်ရေးမဆို လူထုနှင့် ကွင်းဆက်ပြတ်သည်နှင့် အောင်မြင်မှု နှောင့်နှေးမည်မှာ သေချာလှပေသည်။ ပြည်ပနိုင်ငံတွင် အခြေစိုက်နေသော လူထု၏ အင်အားကို ထည့်သွင်း မတွက်ချက်၍ မရပါ။ ပြည်ပတွင် အခြေစိုက်ထားသော သိန်းနှင့်ချီနေသည့် မြန်မာလူအဖွဲ့အစည်းသည် ပြည်တွင်းတွင် နေထိုင်နေသော သန်းနှင့် ချီသည့် မြန်မာလူ့အဖွဲ့အစည်းနှင့် တိုက်ရိုက်ဆက်သွယ်မှု ရှိနေသူများ ဖြစ်သည်။ ပြည်ပအခြေစိုက် မြန်မာလူ့အဖွဲ့အစည်း၏ အတွေးအမြင်၊ သုံးသပ်ချက်နှင့် သဘောထားများသည် ပြည်တွင်းလူ့အဖွဲ့အစည်းသို့ တစုံတရာသော အတိုင်းအတာတခုအထိ သက်ရောက်မှု ရှိနိုင်ပေသည်။ သို့ဖြစ်ရာ ပြည်ပရောက် မြန်မာလူ့အဖွဲ့အစည်း၏ အင်အားကို တော်လှန်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ပါက ပြည်တွင်း နိုင်ငံရေး လုပ်ငန်းဆောင်တာများတွင် တိုးတက်မှုများ ရရှိလာမည်မှာ မလွဲဧကန်ဖြစ်သည်။ သို့ဆိုလျှင် ထောက်ခံမှုကို မည်သို့ ရယူမည်နည်း။

() Charismatic attraction
ပြည်ပအခြေစိုက် မြန်မာ့တော်လှန်ရေး အဖွဲ့အစည်းများတွင် အရည်အချင်းရှိသော မျိုးဆက်ဟောင်းခါင်းဆောင်များနှင့် မျိုးဆက်သစ်ခေါင်းဆောင်များ ပါဝင်မှုရှိနေသည်။ ယင်းခေါင်းဆောင်များ၏ ကိုယ်ရည်ကိုယ်သွေး၊ အသိပညာ၊ အတတ်ပညာ များကို အသုံးပြုပြီး လူ့အဖွဲ့အစည်းတွင် အများလက်ခံနိုင်မည့် ခေါင်းဆောင်များကို မွေးထုတ်ရန် လိုအပ်သည်။ လူ့အဖွဲ့အစည်း အတွင်းရှိ လူမျိုးစု အစုအဖွဲ့များ၊ ဘာသာရေးအစုအဖွဲ့များ၊ လူထု လူတန်းစား အလွှာများသို့ ထိုးဖောက်ဝင်ရောက်ရန် လိုအပ်သည်။ လူထုအား လှေကားချ စည်းရုံးရန် လိုအပ်သည်။ နိုင်ငံရေးခေါင်းဆောင်အနေဖြင့် အသာစီးယူ၍ သွားရောက်ဟောပြောဆရာလုပ်ခြင်း မဟုတ်ပဲ တသားတည်းဆက်ဆံရေး လုပ်နိုင်သည့် ခေါင်းဆောင်များမှသာ
ဤနည်းလမ်းကို အကောင်အထည်ဖော်သင့်သည်။ “မင်းဘာလဲ၊ ငါဘာလဲ” လုပ်တတ်သည့် ခေါင်းဆောင်များမှ ဤတာဝန်ကို မယူသင့်ပါ။

() Esoteric appeals
ပြည်ပနိုင်ငံများတွင် ပညာတတ် လူ့အလွှာ တရပ် သီးခြားရပ်တည်နေလျက်ရှိကြသည်။ ယင်းတို့သည် လူအများနှင့် ရောနှောနေထိုင်ခြင်း မရှိပဲ မိမိတို့၏ ကျွမ်းကျင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လက်တွေ့အသုံးချနေသူများ ဖြစ်သည်။ ပညာတတ်လူတန်းစားတို့၏ ဖြစ်လေ့ဖြစ်ထရှိသော အားနည်းချက် ဥာဉ်တခုမှာ တော်ရုံတန်ရုံနှင့် တဘက်သားကို အထင်မကြီးတတ်ခြင်း ဖြစ်သည်။ တခါတရံတွင် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မပြည့်သူဖြစ်ပါက တဘက်သားကို အထင်သေးတတ်သည်။

သို့ရာတွင် အဆိုပါ ပညာတတ်တို့သည် အယူအဆ၊ အတွေးအခေါ်၊ ရပ်တည်ချက် တို့နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းနှင့် တိတိကျကျ ပြောဆိုစည်းရုံးနိုင်သူများနှင့် တွေ့ဆုံရပါက အမှန်တရားကို ပညာဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်ပြီး တော်လှန်ရေး၏ အမာခံအင်အားစုများ အထိ ဖြစ်လာတတ်ပေသည်။ ဘဏ္ဍာရေးအရ ကူညီပံ့ပိုးပေးသည့် တက်ကြွစွာ ထောက်ခံသူများလည်း ဖြစ်လာတတ်ပေသည်။ ယင်းတို့ကို စည်းရုံးမည့် ခေါင်းဆောင်များသည် အပြန်အလှန်လေးစားမှုနှင့် တန်ဖိုးထားမှုကို အကောင်အထည် ဖော်နိုင်သူ ဖြစ်ရမည်။ အခြေအနေ၊ အချိန်အခါနှင့်အညီ ဆုံးဖြတ်လုပ်ကိုင်တတ်သူ ဖြစ်ရန် လိုအပ်သည်။ တဦးချင်းစီအလိုက်၊ လိုက်လျောညီထွေရှိမည့် တာဝန်များကို ခွဲဝေ ပေးနိုင်သူ ဖြစ်ရမည်။ ထိုသူများကို လူအင်အား များလာစေရန် ရည်ရွယ်ချက် တခုတည်းနှင့် အဖွဲ့အစည်းများအတွင်းသို့ သွတ်သွင်းရန် ကြိုးပမ်းမှုများကို ရှောင်ကြဉ် သင့်သည်။ နိုင်ငံတကာ အစည်းအဝေးပေါင်းများစွာကို တက်ဖူး၊ လုပ်ဖူးနေသူ တယောက်ကို အရေမရ၊ အဖတ်မရ ဆွေးနွေးငြင်းခုံနေကြမည့် အစည်းအဝေး တခုသို့ ခေါ်သွားမိပါက တကြိမ်တည်းနှင့် လှည့်ပြေးသွားပေလိမ့်မည်။ ထိုသူတို့၏ တော်လှန်ရေးအပေါ် အမြင်နှင့် နှုတ်ထွက်စကားတို့သည် လူအများအပေါ်တွင် သက်ရောက်မှုများစွာ ရှိနိုင်သည်ဖြစ်ရာ Esoteric appeals ကို လုပ်ငန်းစဉ်တရပ်အနေဖြင့် သီးခြား အကောင်အထည်ဖော်ရန် လိုအပ်သည်။

() Exoteric appeals

ဤလုပ်ငန်းစဉ်မှာ လူထုထဲတွင် အမှန်တကယ် ခံစားနေရသော အခြေအနေကို ဖော်ထုတ်၍ လူထုနှင့် တော်လှန်ရေး နီးကပ်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်းဖြစ်ရာ အရေးကြီးသည့် လုပ်ငန်းစဉ်တရပ်ဖြစ်သည်။ ပြည်ပရောက် မြန်မာ့ လူ့အဖွဲ့အစည်းတွင် ရေပေါ်ဆီ လူတန်းစား လက်တဆုပ်စာမှ လွဲလျှင် လူအများစုမှာ စစ်အာဏာရှင်စနစ်ဆိုး၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ယုတ်လျော့မှုများကြောင့် ပြည်တွင်းတွင် မနေနိုင်ပဲ ပြည်ပသို့ ထွက်ခွာလာကြသူများ ဖြစ်သည်။ စိတ်ထဲတွင် အာဏာရှင်စနစ်၏ ဆိုးကျိုးများကိုကား အနည်းနှင့်အများ သိနေကြပြီး ဖြစ်သည်။ သို့ရာတွင် ထိုသူများသည် အဘယ်ကြောင့် တော်လှန်ရေးသမားများ၊ တော်လှန်ရေးကို ထောက်ခံသူများ မဖြစ်လာသေးသနည်း။ တော်လှန်ရေး သမားများ၏ ၀ါဒဖြန့်ချိရေးနှင့် စည်းရုံးရေးယန္တရားများ အားနည်းနေမှုကြောင့် ဖြစ်နိုင်သကဲ့သို့၊ တက်ကြွလွန်သူများ၏ အတင်းအကြပ် စည်းရုံးမှုများကြောင့်လဲ ဖြစ်နိုင်ပေသည်။ စည်းရုံးရေးပထမ အဆင့်တွင် စနစ်၏ ဆိုးကျိုးများကို မီးမောင်းထိုးပြခြင်းများ ပြုလုပ်ရသည် ဖြစ်လေရာ ပြည်ပအခြေစိုက် မြန်မာလူ့အဖွဲ့အစည်းအတွင်း စနစ်၏ ဆိုးကျိုးများကို လူအများက သိရှိလက်ခံလာစေရေးကို ဦးတည် လုပ်ဆောင်သင့်ပေသည်။ ယင်းမှတဆင့် ထောက်ခံသူဖြစ်လာစေရန် ဒုတိယအဆင့်ကို တက်ရောက်စည်းရုံးရပေမည်။ ထောက်ခံသူမှ တက်ကြွလှုပ်ရှားသူ ဖြစ်လာစေရန်မူ စည်းကျော်နိုင်မည့် အခြေအနေနှင့် အချိန်အခါကို ချိန်ကိုက်ဖော်ဆောင်ပေးရန် လိုအပ်ပါသည်။

လူတယောက်အနေဖြင့် ကြီးပြင်းအရွယ်ရောက်နေသည့် အချိန်တခုတွင် ကြီးမားသော လူထုတိုက်ပွဲများ၊ နိုင်ငံရေး လှုပ်ရှားမှုများကို မကြုံရပါက (သို့မဟုတ်) တော်လှန်ရေးမိသားစု အသိုင်းအ၀ိုင်းနှင့် မနီးစပ်သူ ဖြစ်ပါက ကောက်ခါငင်ခါ တော်လှန်ရေးသမား တယောက်ဖြစ်လာနိုင်ချေ အလွန်ရှားပါးပါသည်။ လူထုလှုပ်ရှားမှု အခြေပြု ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တွင် လူထုတိုက်ပွဲများ စဉ်ဆက်မပြတ်ဖော်ဆောင်မှု လိုအပ်ချက်ကို ထည့်သွင်းဖော်ပြထားချက်မှာ အဆိုပါ
လူထုတိုက်ပွဲများသည် အဆုံးသတ်အောင်ပွဲကို မဆောင်ကျဉ်းနိုင်စေကာမူ တော်လှန်ရေးမျိုးဆက်များကို မွေးဖွားပေးနိုင်စေ၍
ဖြစ်ပါသည်။ သို့ဖြစ်ရာ စည်းကျော်ရမည့် အခြေအနေ၊ အခင်းအကျင်း မရှိသေး၍ ငြိမ်နေသူများကို ကြောက်ရွံ့သူများဟူ၍
သုံးသပ်၊ စွပ်စွဲမှုများ မပြုမိစေရန် လိုအပ်ပါသည်။ လူ့အဖွဲ့အစည်း၏ သဘောသဘာဝ၊ အမြင်နှင့် တန်ဖိုးများကို လေ့လာပြီးမှသာ Exoteric appeals လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်သင့်သည်။

() လှုပ်ရှားမှုများ အကောင်အထည်ဖော်ခြင်း
လူအများ ပြုလုပ်နိုင်မည့် လှုပ်ရှားမှုများကို အကောင်အထည်ဖော်ဆောင်ပေးရန် လိုအပ်သည်။ လှုပ်ရှားမှုသဏ္ဍာန်များမှာလဲ အမျိုးအစား အမျိုးမျိုး ရှိရန် လိုအပ်သည်။ လူတယောက်၏ လှုပ်ရှားနိုင်မှု အခြေအနေကို မကန့်သတ်ရ။ တော်လှန်ရေးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရာ၌ ပြည်ပတော်လှန်ရေးသမားအများစုသည် မိမိက ခေါင်းဆောင်လုပ်ပြီး တိုက်ပွဲခေါ်ခြင်းများကို အလွန်အားသန်ကြသည်။ ဖော်ဆောင်ထားသည့် လှုပ်ရှားမှုတွင် လာရောက်ပူးပေါင်းရန်ကိုသာ လှုံ့ဆော်ခြင်း၊ ဆွဲခေါ်ခြင်းများ လုပ်လေ့ရှိကြသည်။ မိမိ၏ လှုပ်ရှားမှုကိုသာ ဗဟိုပြု စဉ်းစားလေ့ရှိရာ မပါဝင်လာသူများကို အပြစ်တင်လေ့ရှိကြသည်။ သို့ရာတွင် အောင်ပွဲ၏ အသက်သွေးကြောမှာ လူထုဖြစ်ရာ လူထုဗဟိုပြု စဉ်းစားမှုကိုလဲ သီးခြား ပြုလုပ်သင့်ပေသည်။ ယင်းသို့ မလုပ်လျှင် လူထုနှင့် တော်လှန်ရေး ကွင်းဆက်ပြတ်၍ တော်လှန်ရေး ခါးဆက်ပြတ်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ပြည်ပတွင် လက်ရှိအကောင်အထည်ဖော်နေသော လှုပ်ရှားမှုများတွင် အခြေအနေအမျိုးမျိုးကြောင့် မပါဝင်နိုင်သူများကို မည်သည့် လုပ်ငန်းတာဝန်များ ပေးအပ်မည်နည်း။ ထိုသူတို့ ပါဝင်နိုင်သည့် မည်သို့သော လှုပ်ရှားမှုများကိုပါ တွဲဖက် အကောင်အထည်ဖော်မည်နည်း။ ယင်းအချက်မှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လူအများ ပူးပေါင်းပါဝင်လာနိုင်ရေးအတွက် အခြေခံကျသော မေးခွန်းများပင်ဖြစ်သည်။

() Demonstration of potency

တော်လှန်ရေးသမားများတွင် တိုင်းပြည်အနာဂတ်ကို ပုံဖော်ဖန်တီးနိုင်သော အရည်အချင်းနှင့် အလားအလာများ ရှိသည်ကိုလည်း လူထုကို ပြသရန် လိုအပ်ပေသည်။ လူ့အဖွဲ့အစည်းအတွင်းတွင် “အာဏာရှင်ကိုလဲ မကြိုက်ဘူး။ ဒါပေမယ့် တော်လှန်ရေးသမားဆိုတဲ့ လူတွေကိုလဲ အယုံအကြည်မရှိဘူး” ဆိုသော အတွေးအခေါ် တရပ် ပြန့်နှံ့သွားမှုသည် တော်လှန်ရေးတရပ်အတွက် မည်မျှ အန္တရာယ်ကြီးမားသည်ကို တော်လှန်ရေးသမားတိုင်း သတိပြုရန် လိုအပ်သည်။ လူထုနှင့် တော်လှန်ရေး တသားတည်းဖြစ်ရန် ကြိုးပမ်းနေချိန်တွင် လူထုကြီးမှ တော်လှန်ရေးသမားများကို အကဲဖြတ် လေ့လာနေသည်ကို စွဲမြဲစွာ မှတ်သားထားရန် လိုအပ်သည်။ မိမိ၏ အရည်အချင်းနှင့် အရည်အသွေးကို တောက်ပြောင်နေစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ လူအများအထင်လွဲစေမည့်၊ အထင်သေးစေမည့် လုပ်ငန်းဆောင်တာများကို ရှောင်ကြဉ်ခြင်း တို့ကို လူထုထောက်ခံမှု ရယူရေး နည်းလမ်းအဖြစ် အသုံးပြုနိုင်သည်။



() ပတ်ဝန်းကျင်အနေအထား

(.) Physical aspect
ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်း၏ ကိုးဆယ်ရာခိုင်နှုန်းခန့်သည် အီးမေးလ်နှင့် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်ကို အသုံးပြုနိုင်ကြသည်။ ဆက်သွယ်ရေး စနစ်များ ကောင်းမွန်သည်။ ပြည်ပမှ မြန်မာနိုင်ငံသို့ ခေါ်ဆိုသော ဖုန်းများ၊ မြန်မာပြည်သို့ ပေးပို့သော အီးမေးလ်နှင့် စာများမှာ နေ့စဉ် ထောင်နှင့်ချီ၍ ရှိနိုင်သည်။

(.) Human Dimension
စီးပွားရေး အခြေအနေမှာ အလုပ်အကိုင်အခွင့်အလမ်းပေါ် မူတည်၍ ကွဲပြားခြားနားမှုများ ရှိသည်။ မြန်မာပြည်တွင်းမှ သိန်းနှင့်
ချီသော လူဦးရေ၏ စားဝတ်နေရေးကို ထောက်ပံ့ပေးနေသော အလုပ်သမားအင်အားစု တခုအဖြစ် ယူဆ၍ ရသည်။ အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင် များစွာလည်း ပါဝင်သည်။ မြန်မာ့ပညာရေး အဆင့်မြင့်မြင့် ရှင်သန်ရပ်တည်နိုင်ရေးကို ပေါင်းကူးပေးမည့် ကျောင်းသားအင်အားစုများလဲ ပါဝင်သည်။ ဤ အလုပ်သမား၊ ကျောင်းသား အင်အားစုကြီးသည် တည်ငြိမ်နေသော အင်အားစုကြီး မဟုတ်။ ရွေ့လျားနေသော အင်အားစုကြီး
ဖြစ်သည်။ အ၀င်အထွက်၊ အသွားအပြန်များ ရှိနေသည်။

(.) တော်လှန်ရေး အခွင့်အလမ်းများ
တော်လှန်ရေးတခု၏ အရေးကြီး လုပ်ငန်းဆောင်တာများဖြစ်သော မြေအောက်လှုပ်ရှား ချိတ်ဆက်ရေး၊ ပြန်ကြားရေးနှင့် သတင်းဖြန့်ဖြူးရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ တည်ဆောက်စည်းရုံးရေး၊ ဆက်သားတာဝန် စသည်များကို ဤအင်အားစုကြီးပေါ်တွင် မူတည်ဖော်ဆောင်နိုင်သည့် အခြေအနေများ ရှိသည်။

() အဖွဲ့အစည်း

(.) လက်ရှိအဖွဲ့အစည်းများ အခြေအနေ
ပြည်ပမှ မြန်မာ့အရေး လှုပ်ရှားမှု စစ်မျက်နှာတွင် အဖွဲ့အစည်း ရာပေါင်းများစွာ ပါဝင်နေသည်။ အဆိုပါအဖွဲ့အစည်းများသည် နိုင်ငံအလိုက် ဖွဲ့စည်းထားသော တပ်ပေါင်းစုများတွင် ထပ်မံ ပါဝင်နေကြပြီး၊ တကမ္ဘာလုံးကို ကိုယ်စားပြုချိတ်ဆက်နေသော ကွန်ယက် အဖွဲ့များနှင့် ဖိုရမ်အဖွဲ့များလည်း ရှိသည်။ အဖွဲ့အစည်းများ၏ ပင်မလှုပ်ရှားမှုများမှာ ဆန္ဒပြပွဲများ ပြုလုပ်ခြင်း၊ အခမ်းအနားများ ကျင်းပခြင်း၊ သက်ဆိုင်ရာ နိုင်ငံအစိုးရများအား ကင်ပိန်းများ ပြုလုပ်ခြင်း တို့ဖြစ်သည်။

(.) အားနည်းချက်များ
များပြားလှသော အဖွဲ့အစည်းများအကြားတွင် ခေါင်းဆောင်ပိုင်း အားပြိုင်မှုများ ရှိနေသည်။ တပ်ပေါင်းစု ချိတ်ဆက်ကွန်ယက်
လှုပ်ရှားမှုပေါ်တွင် အခြေမခံပဲ အဖွဲ့များ ပေါင်းစည်းလိုက်၊ တဖွဲ့ထပ်ပေါ်လာလိုက်၊ ကော်မတီများ ဖွဲ့စည်းပြီး သက်ဝင်လှုပ်ရှားမှုများ လျော့နည်းလိုက်၊ ခေါင်းဆောင်နေရာနှင့် တာဝန်ယူမှုပေါ် မူတည်၍ သဘောထား ကွဲလဲပြီး ပြိုကွဲလိုက်၊ အသစ်ပေါ်လာလိုက် စသည်များဖြင့် နှစ်ပေါင်းများစွာ သံသရာ လည်နေသည်။

အဖွဲ့အစည်းရေးရာကဏ္ဍတွင် scope နှင့် structure နှစ်မျိုးရှိရာ structure ထဲတွင် ပါဝင်မည့် ခေါင်းဆောင်နေရာများကို ဦးစားပေးမှု လွန်ကဲသွားခြင်းကြောင့်၊ scope တွင် အားနည်းသွားသည်။ လူအများ စုပေါင်းပြုလုပ်ခြင်းမှ ထွက်ပေါ်လာသည့် synergy ကို ထုတ်ဖော်နိုင်ခြင်း မရှိ ဖြစ်လာသည်။ တည်ဆောက်စည်းရုံးရေးနှင့် ၀ါဒဖြန့်ချိရေး လုပ်ငန်းများကို အကောင်အထည် မဖော်နိုင်ခြင်းကြောင့် လူ့အဖွဲ့အစည်းနှင့် ကင်းကွာလာသည်။ လူတဦးတယောက်က “နိုင်ငံရေး လုပ်ချင်တယ်၊ ဘာလုပ်ရမလဲ” ဟု မေးလာချိန်တွင် ဆန္ဒပြပွဲနှင့် အခမ်းအနားများ လာခိုင်းရုံမှ လွဲ၍ ဘာတာဝန်ပေးရမည် မသိဖြစ်နေတတ်ကြသည်။

အဖွဲ့အစည်းအများစုတွင် လက်ဆင့်ကမ်း ပညာပေးမှု မရှိသလောက် နည်းပါးသည်။ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်များ အကြား ပေါင်းကူးတံတားများ မရှိ။ လက်ဆင့်ကမ်းခေါင်းဆောင်မှုစနစ်ကို နေရာလုမှုဟု တလွဲတွေးထင်နေသူများ ရှိသည်။ တော်လှန်ရေး၏ လည်ပတ်မှု ယန္တရားကို အသက်ဆက်စေမည့် လေ့ကျင့်ပညာပေးရေးနှင့် ကေဒါကောင်းတယောက် ဖြစ်စေရန် ပြုစုပျိုးထောင်ပေးရေး စီမံချက်ကို အကောင်အထည်ဖော်မှု အလွန်နည်းသည်။ ဆွေးနွေးလိုက်၊ ဆုံးဖြတ်လိုက်၊ ပြန်ဆွေးနွေးလိုက်၊ ဆုံးဖြတ်လိုက်ဖြင့် အကောင်အထည်ဖော်မှုအဆင့်သို့ လုံးဝမတက်တော့သည့် မူများ ထွက်ပေါ်လျက်ရှိသည်။

(.) လိုအပ်ချက်များအား ဖြည့်ဆည်း ခြင်း
အဖွဲ့အစည်းအတွင်းတွင် ပါဝင်လာသူများ၏ တဦးချင်း ကိုယ်ရေးမှတ်တမ်းများကို လေ့လာဆန်းစစ်ပြီး မည်သို့သော လုပ်ငန်းတာဝန်များနှင့် သင့်လျော်မည်ကို ခေါင်းဆောင်များ မှ ဆုံးဖြတ် တာဝန်ပေးခြင်း ပြုလုပ်ခြင်းဖြင့် လူနှင့် တာဝန် သတ်သတ်မှတ်မှတ် ဖြစ်လာစေနိုင်သည်။

စုပေါင်းခေါင်းဆောင်မှုနှင့် အလှည့်ကျခေါင်းဆောင်မှုစနစ်များ ကျင့်သုံးခြင်းဖြင့် ထိရောက်မှု မရှိသော ခေါင်းဆောင်မှုကို အစားထိုးနိုင်သည်။ ရာထူးနှင့် တာဝန်ယူမှုကို ပြန်လည်ဆန်းစစ် ဝေဖန်ချက် ပြုခြင်း၊ စီမံချက်များ၏ ထိရောက်မှုကို ပြန်လည်ဆန်းစစ်ခြင်း တို့ဖြင့် အရည်အသွေး ထိန်းချုပ်မှု လုပ်နိုင်သည်။

အစည်းအဝေးတိုင်းတွင် ယခင်အစည်းအဝေးများက ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များကို မည်မျှအထိ အကောင်အထည်ဖော် ပြီးစီးခဲ့သနည်း၊ မည်သူက တာဝန်ယူခဲ့ပြီး မည်မျှအတိုင်းအတာအထိ တာဝန်ယူပြီးမြောက်ခဲ့သနည်း ဆိုသည်ကို ပြန်လည်ဆန်းစစ်ပြီး မှသာ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ချမှတ်သင့်သည်။ လုပ်ငန်းစဉ်တခု ချမှတ်ပြီးပါက အလုပ်အဖွဲ့တခုကို ထိုလုပ်ငန်းစဉ်နှင့် တွဲဖက်၍ ချမှတ်သင့်သည်။ ထိုအလုပ်အဖွဲ့၏ လုပ်ငန်းဆောင်တာများကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်၍ တိုးတက်မှုမရှိပါက အစားထိုးသင့်သည်။

နိုင်ငံရေးအစည်းအဝေးများကို အလုပ်အဖွဲ့အစည်းအဝေးများနှင့် လေ့လာဆွေးနွေးရေး အစည်းအဝေးများ အနေဖြင့် သီးခြားခွဲကျင်းပသင့်သည်။ နိုင်ငံရေး ရေချိန် မတူသည့်လူများကို လုပ်ငန်းစဉ်ချမှတ်ရေး အစည်းအဝေးများသို့ ခေါ်ဆောင်သွားပါက အစည်းအဝေးများတွင် ကြန့်ကြာမှုများ ဖြစ်ခြင်း၊ အရေမရ အဖတ်မရ ငြင်းခုံနေရခြင်းများဖြင့်သာ အချိန်ကုန်လိမ့်မည်ဖြစ်ရာ မည်သည့်နေ့တွင်၊ မည်မျှ လူအင်အားဖြင့် မည်သို့သော အစည်းအဝေးကို လုပ်လိုက်သည်ဟူ၍ မီဒီယာများပေါ်တွင် ကြွားဝါရန် မဟုတ်ပဲ ထိရောက်စွာ အမှန်တကယ် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်မျာ ချမှတ်ရသော အစည်းအဝေးဖြစ်ပါက သီးခြားခွဲ ကျင်းပသင့်သည်။

သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံရေးသင်တန်းများ၊ ခေါင်းဆောင်သင်တန်းများ၊ စီမံခန့်ခွဲရေးသင်တန်းများနှင့် capacity building သင်တန်းများ ဖွင့်လှစ်၍ တော်လှန်ရေး ခါးဆက်မပြတ်စေရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။

() ကွင်းဆက်ပြတ်မှု

(.) ကွင်းဆက်ပြတ်မှုများ

ပြည်ပ အခြေစိုက် နိုင်ငံရေး လှုပ်ရှားမှုများတွင် ကွင်းဆက်ပြတ်မှု သဏ္ဍာန်သုံးမျိုး ဖြစ်ပွားတတ်သည်။

() ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ အကြားမှ ကွင်းဆက်ပြတ်မှု

ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ အကြားမှ ကွင်းဆက်ပြတ်မှုသည် စဉ်ဆက်မပြတ် လှုပ်ရှားမှုများကို ပြတ်တောင်းပြတ်တောင်း
လှုပ်ရှားမှုအဖြစ်သို့ ကျဆင်းသွားစေနိုင်သည်။ ခေါင်းဆောင်မှုဆိုသည်မှာ အခမ်းအနားများ၊ လှုပ်ရှားမှုများ ရှိမှ ခေါင်းဆောင်ရောက် လာခြင်းကို ဆိုလိုသည်မဟုတ်။ အတူတကွ နီးနီးစပ်စပ် နေထိုင်နေခြင်းကို ဆိုလိုသည်မဟုတ်။ ရုံးခန်း တခန်းတွင် ထိုင်နေပြီး တကမ္ဘာလုံးမှ စီးပွားရေး လုပ်ငန်းများကို ဦးဆောင်နေသည့် စီးပွားရေး ခေါင်းဆောင်များ၊ ကွန်ပျူတာ
တလုံးရှေ့တွင် ထိုင်နေပြီး မိုင်ပေါင်းများစွာ ဝေးကွာနေသော နေရာမှ ဖြစ်ရပ်များကို အပ်ကျတာကအစ သိရှိဆုံးဖြတ် ပေးနေရသော နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များ ယနေ့ကမ္ဘာတွင် များစွာရှိသည်။ အရေးကြီးသည်က ဆက်သွယ်ရေး စနစ်နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။ အဖွဲ့ဝင်တယောက်၏ ဆက်သွယ်မှုတွင် အကြောင်းအရာ၊ အချက်အလက် အရေးကြီးမှုပေါ်တွင် အခြေခံ၍ လိုအပ်သော ဆုံးဖြတ်ချက်များကို ခေါင်းဆောင်များမှ ဆုံးဖြတ်ချက် ပေးကြရမည်ဖြစ်သည်။

() တော်လှန်ရေးအဖွဲ့အစည်းများအကြားမှ ကွင်းဆက်ပြတ်မှု
တော်လှန်ရေးအဖွဲ့အစည်းများ အကြားတွင် ကွင်းဆက်ပြတ်လျှင် လှုပ်ရှားမှုများ ဟန်ချက် မညီပဲ ဖြစ်တတ်သည်။ ယင်းထက် ပိုဆိုးပါက လှုပ်ရှားမှုများ ထပ်နေခြင်းဖြစ်သည်။ လှုပ်ရှားမှုအတွက် အရေးပါသော ငွေအင်အား၊ လူအင်အားများကို အလဟဿ ဖြုန်းပစ်လိုက်သကဲ့သို့ ဖြစ်တတ်သည်။ ရေတွင်းတူးရာတွင် မည်မျှပင် အားစိုက်စိုက်၊ ရေကြောမရှိသည့် နေရာတွင်သာ ထပ်တလဲလဲ ၀ိုင်းတူးနေပါက တွင်းကြီးသာ ပိုနက်သွားမည်။ ရေတော့ ထွက်လာမည် မဟုတ်။ ကွင်းဆက်ပြတ်မှု မရှိမှသာ ချိတ်ဆက်လှုပ်ရှားမှု ပြုနိုင်ပြီး၊ အင်အားကို စနစ်တကျ သုံးနိုင်မည်ဖြစ်သည်။

() တော်လှန်ရေးသမားများနှင့် လူ့အဖွဲ့အစည်းအကြားမှ ကွင်းဆက်ပြတ်မှု
ဤသည်မှာ တော်လှန်ရေးကို ရှေ့တိုးမရအောင် နိုင်ငံရေး အကျပ်ဆိုက်မှု ဖြစ်စေနိုင်သော အဓိက အချက်ဖြစ်သည်။ အလွန်အရေးကြီးရုံမက အန္တရာယ် အလွန်ကြီးမားသည့် ကွင်းဆက်ပြတ်မှု ပြဿနာဖြစ်သည်။

(.) ကွင်းဆက်လိုအပ်ချက်များအား ဖြည့်ဆည်းခြင်း
သက်ဆိုင်ရာ အဖွဲ့အစည်း၊ သက်ဆိုင်ရာ တပ်ပေါင်းစု၊ သက်ဆိုင်ရာ ဖိုရမ်များ အလိုက် ခေါင်းဆောင်များနှင့် ဆက်သွယ်ရေး စနစ်၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ပြန်လည်သုံးသပ်၍၊ ကွက်လပ်များ ရှိပါက ဖြည့်ဆည်းရန် လိုအပ်သည်။ အဖွဲ့အစည်းများအကြားတွင် ကွင်းဆက်မပြတ်စေရန် တပ်ပေါင်းစုသဏ္ဍာန် ချိတ်ဆက်လှုပ်ရှားမှုနှင့် စုပေါင်းခေါင်းဆောင်မှု လိုအပ်သည်။ တပ်ပေါင်းစုတွင် စုပေါင်းခေါင်းဆောင်မှု သဏ္ဍာန်မပါလျှင် အလုပ်များ ရှေ့ဆက်မတိုးပဲ ခေါင်းဆောင်စောင့်ခြင်း၊
မျှော်ခြင်းများဖြင့် အချိန်ကုန်မည် ဖြစ်သည်။ ပြည်တွင်း လူထုတိုက်ပွဲဖော်ဆောင်ရေး ဆိုသည်ကို အကြိမ်များစွာ ရေရွတ်ပြီး၊ ထိုလူထုတိုက်ပွဲဖော်ဆောင်ရေးကို တွန်းအားပေးရန် အနီးတွင် ရှိနေသည့် လူ့အဖွဲ့အစည်း အင်အားကို မေ့မကျန်ခဲ့စေရန် သတိပြုသင့်သည်။ ထို လူ့အဖွဲ့အစည်း၏ အင်အားသည် ပြည်တွင်း လှုပ်ရှားမှုများကို တစုံတရာ သက်ရောက်မှုရှိနေသော အင်အားဖြစ်ကြောင်းကို အမှန်အတိုင်း သိမြင်ရန် လိုအပ်သည်။

() ပြည်ပထောက်ခံမှု

(.) ထောက်ခံမှုလေးရပ်
ပြည်ပထောက်ခံမှုဆိုရာတွင် စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှု (Moral Support) ၊ နိုင်ငံရေးထောက်ခံမှု (Political Support)၊ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု (Material Support) နဲ့ နယ်မြေဒေသ၊ အခြေစိုက် စခန်း ပံ့ပိုးပေးမှု (Sanctuary Support) များ ပါဝင်သည်ဖြစ်ရာ မိမိတို့ လုပ်နေသည့် လုပ်ငန်းဆောင်တာများက မည်သည့် ထောက်ခံမှုကို ဦးတည်ဆောင်ရွက်နေသနည်း ဆိုသည်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်။ Moral support ဆိုရာတွင် နိုင်ငံခြားအစိုးရ(သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းများမှ တော်လှန်ရေးကို ထောက်ခံမှုအား စတိတ်မင့်များနှင့် ကြေငြာချက်များ တရားဝင် ထုတ်ပြန်ကြေငြာခြင်း ဖြစ်သည်။

Political support ဆိုရာတွင် နိုင်ငံရပ်ခြား အစိုးရများမှ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံတကာ ရည်မှန်းချက်များကို ပြည့်မှီလာအောင် အကူအညီ ပေးခြင်းဖြစ်သည်။ Material support ဆိုရာတွင် တော်လှန်ရေးအတွက် ငွေကြေး၊ လက်နက်ပစ္စည်းနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို ပံ့ပိုးပေးခြင်းကို ဆိုလိုပြီး၊ Sanctuaries ဆိုသည်မှာ တော်လှန်ရေးသမားများအား လေ့ကျင့်သင်ကြားပေးရေး၊ လက်နက်များ သိုလှောင်သိမ်းဆည်းရေး၊ အော်ပရေးရှင်းများ စီမံရေးဆွဲရေးနဲ့ ခေတ္တဆုတ်ခွာလာနိုင်မှုများအတွက် လိုအပ်သည့် နယ်မြေဒေသ ပံ့ပိုးပေးထားခြင်းကို ဆိုလိုသည်။

(.) သုံးသပ်ချက်
ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုမှ အဖွဲ့အစည်းအားလုံးနီးပါးသည် သက်ဆိုင်ရာ နိုင်ငံ အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းတို့၏ ထောက်ခံမှုများ ရရှိစေရန် တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်လျက်ရှိကြသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့မှ ၄င်းတို့၏ နိုင်ငံခြားရေး မူဝါဒများနှင့်အညီ ထောက်ခံနိုင်မှု မည်မျှအဆင့်အထိရှိသည်၊ မည်မျှအဆင့်အထိ ထောက်ခံပေးထားပြီဆိုသည်ကို သုံးသပ်ဆန်းစစ်ဖို့ လိုသည်။ ၅၀ သာ တတ်နိုင်သူထံမှ ၁၀၀ တိုးတောင်းလဲ ထူးမည် မဟုတ်။ တောင်းဆိုနေရင်း အချိန်သာ ကုန်သွားမည်။ ၅၀ တတ်နိုင်ပြီး ၁၀ ပဲ ထုတ်ပေးထားလျှင်ကား တောင်းဆိုခြင်းသည် အကျိုး ရှိနိုင်ပေသည်။ ထုတ်ပေးနိုင်သမျှ အကုန်ထုတ်ပေးထားပြီး၊ မုန့်သွားဝယ်စားခိုင်းသည်ကို မုန့်စားဖို့ အားမထုတ်ပဲ ၁၀၀ ရအောင် တောင်းနေလျှင်တော့ မပေးနိုင်သည့်သူက စိတ်ရှုပ်လာပြီး ပေးထားသော ၅၀ ကိုပါ ပြန်သိမ်းသွားသည့် အခြေအနေဆိုက်လိမ့်မည်။



() အာဏာရှင်တို့၏ ခြေလှမ်းများ

(.) စိန်ခေါ်မှုများ

စစ်ပွဲတခုတွင် တိုက်စစ်ကိုသာ အာရုံစိုက်ပါက အရှုံးနှင့် ရင်ဆိုင်ရတတ်သည်။ ရန်သူ့ ခြေလှမ်းများ မိမိတို့ ထိန်းချုပ်ရာ နယ်မြေများအတွင်းသို့ မည်မျှအထိ ၀င်ရောက်နေသည်ကို သတိပြုကြည့်မိရန် လိုအပ်သည်။ လူအများက ရန်သူ့သတင်းပေးများကို ကြောက်လေ့ရှိကြသည်။ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုသဏ္ဍာန်တွင်မူ မြေအောက် လှုပ်ရှားမှုနှင့် ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် လူများမှ အပ ကျန်အဖွဲ့အစည်းများ၏ သတင်းအချက်အလက်နှင့် လှုပ်ရှားမှုများမှာ လူအများ မသိမှာ စိုး၍ မီဒီယာများ၊ အင်တာနက်များပေါ်သို့ ဓာတ်ပုံများ၊ သတင်းများ တွန်းတင်နေရသည့် အခြေအနေဖြစ်နေသည်။ ဆန္ဒပြပွဲ အချိန်၊ နေရာဆိုသည်ကလဲ မည်သည့်နေ့ရက်တွင် မည်သည့် အချိန်မျိုး၌ မည်သည့်နေရာမျိုးတွင် ဆန္ဒပြပွဲရှိနိုင်သည်ကို မသိသိအောင် ကြေငြာနေကြရသည်။ အခမ်းအနား ဆိုသည်မှာလဲ ထိုနည်း၎င်း။ ဓာတ်ပုံများ အင်တာနက်ပေါ် မပါလာခြင်းများ၊ လှုပ်ရှားမှုသတင်းများ မီဒီယာများပေါ်တွင် မပါလာခြင်းများကိုပင်
ပြန်စိုးရိမ်ကြရမည့် နိုင်ငံရေးအသွင်သဏ္ဍာန်မှာ ရှိနေသည်။

သို့ဖြစ်ရာ ရန်သူ့သတင်းပေးများ၏ အန္တရာယ်ကား သိပ်မကြီးလှ။ အမှန်တကယ် အန္တရာယ် ကြီးသည်က တော်လှန်ရေး၏ အောင်မြင်ရေး သော့ချက်တခုဖြစ်သော နိုင်ငံတကာ ထောက်ခံမှုကို ပုံပြောင်းသွားစေရန် ကြိုးပမ်းလှုပ်ရှားမှုများ ဖြစ်သည်။ လူ့အဖွဲ့အစည်းမှ တော်လှန်ရေးအပေါ် အမြင်မှားများ ဖြစ်လာစေရန် ဖော်ဆောင်သည့် ကြိုးပမ်းမှုများ ဖြစ်သည်။ တော်လှန်ရေးတွင် ဝေဖန်ဆန်းစစ်သူ နှစ်မျိုး ရှိသည်။ ပထမ တမျိုးမှာ အားနည်းချက်များကို ထောက်ပြဝေဖန်၍ လုပ်ငန်းဆောင်တာများကို မည်သို့ တိုးတက်ဆောင်ရွက်သင့်သည်ကို အကြံပေးသူများ ဖြစ်ပြီး၊ ဒုတိယ တမျိုးများ အားနည်းချက်များကို ရှုံ့ချဝေဖန်၍ “အာဏာရှင်လဲ မကောင်း၊ တော်လှန်ရေးသမားများလဲ ထိုနည်းလည်းကောင်း” ဆိုသော အမြင်မှားကို ဖြန့်ဝေသူများဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင်များမှ ဤလူနှစ်မျိုးကို ကွဲကွဲပြားပြား မြင်တတ်ဖို့ လိုသည်။ အပြုလားမသိ၊ အဖျက်လား မကွဲပြားလျှင် တုန့်ပြန်မှုများ မှားတတ်သည်။ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်သွားတတ်သည်။ သတိပြုရန် လိုအပ်သည်။

မည်သို့ဆိုစေ ပြည်ပအခြေစိုက် မြန်မာ့နိုင်ငံရေး မျက်နှာစာတွင် ဤစိန်ခေါ်မှု နှစ်ရပ်မှာ အလွန်ပင် အရေးကြီးပါသည်။ တိုက်ပွဲချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်ရာ ရန်သူ့လူများမှ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းကို ချဉ်းကပ်လှုပ်ရှားမှုများ၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် အယူအဆများအား လူ့အဖွဲ့အစည်းသို့ ဖြန့်ဖြူးခြင်းများကို သတိပြုလေ့လာစောင့်ကြည့်ကြရန်နှင့် ကန့်ကွက်မှုများ ပြုလုပ်ရန် လိုအပ်လှပေသည်။ လူနှင့် စနစ်ကို ခွဲခြားပြီး စည်းရုံးရေး လုပ်ငန်းများ ဖော်ဆောင်သင့်ပြီဖြစ်သည်။

နိဂုံး

ယခု တင်ပြထားသော အကြောင်းအရာများတွင် ရေတိုလုပ်ငန်းဆောင်တာများ ပါဝင်သကဲ့သို့ ရေရှည် လုပ်ငန်းဆောင်တာများလဲ ပါဝင်ပါသည်။ ပြည်ပရောက် မြန်မာ့လူ့အဖွဲ့အစည်းသဏ္ဍာန်၊ တည်နေရာအနေအထား၊ နိုင်ငံတကာထောက်ခံမှု ရရှိနိုင်မှု အခွင့်အလမ်း စသည်များသည် (၂၀၁၀) အလွန်ကာလ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွက် အတိုင်းအတာ တခုအထိ အရေးကြီးပါသည်။ ရေရှည်လုပ်ငန်းများကိုပဲ ဖိနေစဉ် ရေတိုတွင် ပေါ်လာသော အခွင့်အလမ်းများကို မဆုပ်ကိုင်နိုင်သောကြောင့် အမှားအယွင်းများ ဖြစ်ခြင်း၊ ရေတိုအိပ်မက်များဖြင့် စိတ်ကူးယဉ်မှုများ မပြည့်ဝသောအခါ ရေရှည်တည်ဆောက်ပြင်ဆင်မှုများ မရှိထားခဲ့သောကြောင့် ခါးဆက်ပြတ်သွားခြင်း စသည့် အစွန်း နှစ်ဘက်ကို ရှောင်ကျဉ်နိုင်ရန် ရေတိုလုပ်ငန်းစဉ်၊ ရေရှ


Daw Khin Ma Ma Myo
ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ.pdfပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ.pdf
54K   View   Download  

Monday, February 21, 2011


Link to Human Rights Myanmar

Posted: 18 Feb 2011 07:53 AM PST
အစိုးရ၏လမ်းပြမြေပုံခုနစ်ချက်အရ ဖြစ်ပေါ်လာသော ၂ဝ၁ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ
အပြီး လွှတ်တော်များအသီးသီးပေါ်ပေါက်လာခဲ့သည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ
လည်း ပထမအကြိမ်လွှတ်တော်စုံညီအစည်းအဝေးခေါ်ယူပြီးသည်နှင့် အတည်ပြုသွားပြီဖြစ်သည်။
လွှတ်တော်များခေါ်ယူပြီး နိုင်ငံ့အာဏာကို လွှဲပြောင်းယူရမည့် သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်သူ့လွှတ်
တော်ဥက္ကြ၊ အမျိုးသားလွှတ်တော်ဥက္ကဠ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်း/ပြည်နယ်ဝန်ကြီးချုပ်
များ၊ တိုင်း/ပြည်နယ် လွှတ်တော်ဥက္ကဠနေရာများကို ရွေးကောက်ပွဲတွင် လွှတ်တော် 
အမတ်နေရာအများစုအနိုင်ရရှိထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်
အမတ်များက ရယူထားနိုင်ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နေပြည်တော်တွင် လွှတ်တော် 
အစည်းအဝေးများ အမှန်တကယ်ပင် ဆက်တိုက်ဆိုသလို ကျင်းပနေပြီး အဆိုပါလွှတ်တော်
အစည်းအဝေးတက်ရောက်သော လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် NDF ပါတီမှ 
အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်နှင့် ပြည်သူ့လွှတ်တော်အမတ်ဦးကြည်မြင
့်တို့ကို လွှတ်တော်တက်ရောက်ရသည့်အခြေအနေများနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထား
သည်များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။

မေး-လွှတ်တော်အစည်းအဝေး တွေ စတက်နေရတဲ
့ အခြေအနေလေး ကိုပြောပြပေးပါ။

ဖြေ- ပထမတော့ ကိုယ့်မှာလည်း 
လွှတ်တော်တက်တဲ့အတွေ့အကြုံလည်း မရှိဘူး။
နောက် မေးလို့မြန်းလို့ရတဲ့ လူလည်း မရှိဘူးလေ။ 
လွှတ်တော်ဥက္ကဋ္ဌ ပြောသလိုပေါ့။ လွှတ်တော်နိုင်ငံရေး 
စနစ်က နှစ်ငါးဆယ်လောက်ပြတ်နေ တာကိုး။ 
ပထမတော့ စိတ်လှုပ်ရှားတာ ပေါ့လေ။ ဒါတွေက 
အထိုက်အလျောက် စိတ်လှုပ်ရှားမှုရှိပေမယ့် အချိန်တန်တော့ ပြီးသွားတာပါပဲ။ အဓိက,က ဘာဖြစ်သလဲ 
ဆိုတော့ လွှတ်တော်ထဲမှာ မဲခွဲတဲ့အခါ မျိုးမှာ ထုံးစံအတိုင်း သူ့လူသူမဲပေး၊ ကိုယ့်လူကိုယ်မဲပေးတယ်။ 
ကိုယ့်လူက အရေအတွက်နည်းတဲ့အခါကျတော့ နည်းနည်းကုတ်နေရတယ်။

ဖြေ-လွှတ်တော်က စနစ်ကျနမှုရှိ တယ်။ အထက်လွှတ်တော်လို့ခေါ်တဲ့ အမျိုးသားလွှတ်တော်ကို 
လူမျိုးစုပုံစံမျိုး ထားပေးထားတယ်။ပြီးတော့ လွှတ် တော်ဒုတိယဥက္ကဋ္ဌနေရာအတွက် ဥပဒေ သမားတွေကိုပဲ 
ရွေးချယ်ထားတယ်။ ဒါကလည်း စနစ်ကျတယ်ပြောရမယ်။(ဦးကြည်မြင်)

မေး-တပ်မတော်သားလွှတ် တော် ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေနဲ့ရော ဆက်ဆံ ရေး 
ဘယ်လိုရှိပါသလဲ။

ဖြေ-တပ်မတော်ကိုယ်စားလှယ်တွေ က လူငယ်တွေများတယ်။ ၃ဝ၊ ၄ဝ ကျော်လေးတွေချည်းပဲ။ 
အဲဒီတော့ တော် ရုံတန်ရုံ ထမင်းစားတန်းစီတာကြတော့ သူတို့က ကိုယ့်ကို ဦးစားပေးပါတယ်။
နေရာပေးတယ်။ အစ်ကိုကြီးခေါ်တယ်။ လေးလေးစားစားဆက်ဆံတယ်။ အဲဒါ မျိုးတွေတွေ့ရတယ်။
လူချင်းရင်းနှီးနေပေမဲ့ မဲခွဲတဲ့အခါကျရင် သူ့ဘက်သူပဲ။ လွှတ်တော်ထဲမှာ မဲခွဲ တာက 
လျှို့ဝှက်မဲခွဲစနစ်ပါ။ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေက အတိုက်အခံဘက်ပေးမယ်ဆိုရင် ပေးလို့ရတယ်။ 
ဒါပေမဲ့ မပေးဘူး။ မဲခွဲလိုက်ရင် အတိုက်အခံဘက်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မဲတခုမှ
ပါမလာဘူး။

မေး-လွှတ်တော်ထဲမှာ ဘာဥပဒေ တွေ တင်သွင်းဖို့ရှိလဲ။

ဖြေ-အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ရှင်းပြတယ်။ အရင်လွှတ်တော် အတွေ့အကြုံတွေ၊ 
လွှတ်တော်ထဲမှာ မေးတာ မြန်းတာတွေကို ရှင်းပြတယ်။ အမျိုးသားလွှတ်တော်ဥက္ကကြပြော တာက 
နောက် ၁ဝ ရက်လောက်ဆိုရင် အစိုးရ ပေါ်လိမ့်မယ်။ ခင်ဗျားတို့ မေးချင်တာ၊ မြန်းချင်တာ၊ သိချင်တာ 
ရှိလို့ရှိရင် အခုကတည်းက ကြိုပြီးပေး ထားပါဆိုပြီး ပြောတယ်။ ကျွန်တော် လည်း လွှတ်တော်မှာ
မေးဖို့ ပညာရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းပြင်နေတယ်။ လွှတ်တော်မှာ တင်တယ်ဆိုတာက 
အကြောင်း အရာအချက်အလက်စုံ အောင် ရှာထားရတယ်။ အခုအချိန် မှာ အင်အားနည်းတဲ့အတွက် 
အင် အားနည်းတဲ့အလျောက် မဲခွဲတဲ့ကိစ္စ တွေမှာ မနိုင်ပင်သော်ငြားလည်း သူတို့ဖွဲ့တဲ့ အစိုးရအဖွဲ့ 
ချို့ယွင်းချက် တွေ၊ အားနည်းချက်တွေ၊ ကိုယ် မရှင်းလင်းတဲ့ အချက်တွေ ကိုယ်က မေးလို့ရသွားတာ
ပေါ့။ ကိုယ့်ဘက်က လည်း အားနည်းချက်လေးတွေ ထောက် ပြနိုင်အောင်လို့ အကြောင်းအရာ အချက်
အလက်တွေ ရှာထားတယ်။ ရှာထားပြီးတော့ ကိုယ်က လွှတ်တော်ကို တင်လိုက်မယ်။ ပြီးတော့ သက်ဆိုင်တဲ့
သူက ဖြေမှာပေါ့။ မေးတာ၊ ဖြေတာတွေ တော့ ပြည်သူတွေသိရမှာပေါ့။ မေးတဲ့ သူအရည်အချင်းတေ
ွ၊ ဖြေတဲ့သူအရည် အချင်းတွေ သိလာရမှာပါ။ အဲဒီ လောက်တော့လုပ်နိုင်မယ်။ အဲဒီလောက် တော့ဖြစ်ရ
မှာပေါ့။

လွတ်ငြိမ်းချမ်းသာခွင့်တို့ ဘာတို့ တင်ရင်တော့ ထောက်ခံသွား မယ်။ ကိုယ်တိုင်လည်း ဥပဒေတွေတင်
ဖို့ရှိတယ်။
ဒါပေမဲ့ အချိန်ယူပြီး သေ သေချာချာလေ့လာရဦးမယ်။

မေး-လွှတ်တော်ထဲကနေ ဘယ်လိုတိုးတက်မှုတွေရှာလာနိုင်
လဲ။

ဖြေ-ဒီကနေ့အချိန်က လမ်းပြ မြေပုံ အဆင့် ၆ ပဲရှိသေးတယ်။ အဆင့် ၆ ဆိုတော့ အာဏာမလွှဲရသေးဘူး။ 
လက်ရှိက တပ်မတော်အစိုးရက အာဏာရှိနေသေးတယ်။ အဆင့် ၇ အာဏာလွှဲပြီးရင်တော့ တပ်မတော် 
အစိုးရက အာဏာမရှိတော့ဘူး။ သမ္မတ ဦးဆောင်တဲ့ အစိုးရပေါ်လာမယ်။ သမ္မတအစိုးရပေါ်လာလို့ရှိရင
် အမိန့် တွေ၊ ညွှန်ကြားချက်တွေက ဖောချင်း သောချင်း လွယ်လွယ်ကူကူထုတ်လို့ မရတော့ဘူး။ 
အမိန့်တွေ၊ ညွှန်ကြား ချက်တွေထုတ်ဖို့ဆိုရင် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရမယ်။ မဲခွဲဆုံးဖြတ်မှာ
ဖြစ်တဲ့အတွက် ကျန်တဲ့ အတိုက်အခံ ပါတီတွေရဲ့အသံတွေ ထွက်တော့မှာပါ။ အမိန့်တွေ၊
ညွှန်ကြားချက်တွေ လွယ် လွယ်ကူကူ မထွက်နိုင်တော့ဘူး။ အပြန် အလှန်ဆွေးနွေးမှုတွေရှိမယ်။
မဲခွဲလို့ ရှုံးရင်လည်း ရှုံးတဲ့ဟာကို ပြည်သူတွေ သိခွင့်ရှိမယ်။ ပညာရေး၊ ကျန်းမာရေး နိမ့်နေတာ
တော့မှန်တယ်။ ဒါပေမဲ့ ပိုက်ဆံ၊ အဓိက ပြည်သူတွေ ဘတ်ဂျက် စာရင်းတွေ့လာမယ်။ ပိုက်ဆံ ဘယ် 
လောက်ရလို့ ဘယ်လောက်လုပ်နေလဲ ဆိုတာ မြင်လာမှာပေါ့။ ပိုက်ဆံမရှိဘဲ နဲ့တော့ သိပ်အများကြီး 
မမျှော်လင့် နဲ့လေ။ တိုင်းပြည်က ဆင်းရဲနေတယ်။ ဆင်းရဲတဲ့အလျောက် ပိုက်ဆံတွေဘယ် နေရာ 
ဘယ်လောက်ရောက်တယ်ဆိုတာ ကိုတော့ တွေ့လာရမှာပေါ့။ ခေတ်က လည်းပိုက်ဆံရှိမှ 
အကုန်လုံးပြီးမယ့် ခေတ်ကိုး။ ဒါပေမဲ့ ဒီပိုက်ဆံတွေအကျိုး ရှိအောင် အသုံးချသလား၊ မချသလား၊ 
သိန်းတစ်ရာတန်တံတားကို နှစ်ရာပြ နေသလားဆိုတာတော့ ခင်ဗျားတို့ စဉ်း စားကြည့်ပေါ့။ 
စဉ်းစားလို့ရအောင် လည်း အမေးတွေ အဖြေတွေ ထွက်လာ မှာပေါ့။

မေး-ဒီငါးနှစ်အတွင်းမှာ အပြောင်းအလဲတွေ ရှိလာမယ်လို့ ထင်ပါသလား။

ဖြေ-အခုတော့ဗျာ။ ဖွဲ့စည်းပုံ ဥပဒေအုပ်ချုပ်ရေးတော့ ပေါ်တာပေါ့ ဗျာ။ 
ဥပဒေအုပ်ချုပ်ရေး ဆိုတာက ဥပဒေ စာအုပ်တွေ တစ်ထပ် ကြီးပေးထားတာ ရှိတယ်။ အဲဒါတွေဖတ်
ကြည့်ပေါ့။ ဥပဒေနဲ့ မကိုက်တာဆိုရင်တော့ ပြောလို့ ဆိုလို့ရမှာပေါ့။ အခုက ဥပဒေခေတ် ဆိုတော့ ဥပဒေစာအုပ်တွေဖတ်ပေါ့။ ဥပဒေသမားတွေအတွက် ပိုပြီးတော့ အခြေအနေကောင်းမှာပါ။ သူတို့ အတွက် အခွင့်အလမ်းကောင်းတွေ ပေါ် နိုင်မှာ သူတို့သိမှာပါ။ ကျွန်တော်တို့က ဥပဒေပိုင်းမှာ အားနည်းချက်ရှိတော့ အားသာချက်တွေ၊ အားနည်းချက်တွေ ကို သူတို့ကတစ်ဆင့် မေးရဦးမှာပါ။

မေး-လွတ်ငြိမ်းချမ်းသာခွင့် တွေ ဘာတွေကော တင်ဖို့ရှိလား။

ဖြေ-တင်မှာပါ။

မေး-လွှတ်တော်ပိုင်းမှာ ဘာ ပြောစရာရှိလဲ

ဖြေ-ဦးခင်အောင်မြင့်ကလည်း ပြောတယ်။ ကျွန်တော်တို့ ခေတ်စနစ် နဲ့လျော်ညီအောင် တချို့ စာသားအသုံး အနှုန်းပြောင်းတာပဲတဲ့။ ကျောရိုးက ၁၉၄၇ ခုနှစ် ပါလီမန်စနစ်ကဟာတွေ ကိုပဲယူထားတယ်။ အဲဒီကအချက် အလက်တွေကိုပဲ မိတ္တူကူးပြီးတော့ ဖြန့်ဝေမယ်ဆိုပြီးတော့ ဖြန့်လည်းဖြန့် ဝေထားတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို မေတ္တာဖြင့် ဝေငှ တယ်ဆိုပြီး စာသားနဲ့လွှတ်တော်မှာ မေးတာ၊ ဖြေတာတွေကို ဖြန့်ဝေထား တယ်။ သူ့ဘက်၊ ကိုယ့်ဘက် ချနေ တာ ထက်စာရင် အများပြည်သူအကျိုး စဉ်းစားရမှာပေါ့။ အများပြည်သူ ဆင်းရဲနေတယ်။ အများပြည်သူ အကျိုးစီးပွား ကိုယ်မလုပ်နိုင်လို့ သူတို့ လုပ်တယ်ဆိုရင်တော့ ကျွန်တော်က တော့ သူတို့ရဲ့ စိတ်ကောင်း စေတနာ ကောင်းကို လက်ခံရမှာပေါ့ဗျာ။

မေး-လွှတ်တော်မှာ သတင်း သမားတွေ သတင်းယူခွင့်မရဘူး။ အဲဒီတော့ လွှတ်တော်အမတ်တွေအနေနဲ့ သတင်းသမားတွေ သတင်းယူခွင့်ရ အောင် တစ်ခုခုလုပ်ပေးဖို့ရှိပါသလား။

ဖြေ-ကျွန်တော်ပြောပြမယ်။ သတင်းသမားတွေ သတင်းယူခွင့်မရ တော့ သတင်းပေးခွင့်ရှိတဲ့ ကျွန်တော် 
တို့တွေ အာပေါက်နေတာပေါ့။ ခင်ဗျား တို့ သတင်းသမားတွေ သူ့ဟာသူ သတင်းယူခွင့်ပြုရင် ကျွန်တော် 
သက် သာတာပေါ့။ အဲဒီတော့ ကျွန်တော်သက်သာချင်ပါတယ်။ သတင်းသမား သူ့အလုပ်သူ လုပ်မှာပေါ့။ 
လွှတ်တော်မှာ ပြောလို့ဆိုလို့ရရင် ကျွန်တော်ပြောပါ့ မယ်။ သတင်းသမားတွေ နိုင်ငံတကာ မှာပေါ့လေ။ 
အပြည်ပြည်ဆိုင်ရာ စနစ် ကိုလည်း ကြည့်ရမှာပေါ့။ သူတို့ လုပ်နိုင် ရင် ကျွန်တော်တို့ ဘာလို့မလုပ်နိုင် 
ရမှာလဲ။ လွှတ်တော်မှာ အဲဒါတွေ တင် ရမှာပေါ့။ လိုအပ်တဲ့အတိုင်းအတာ လုံခြုံ ရေးအရတော့
လည်း သူတို့ စစ်ဆေး စရာ ရှိမှာပေါ့ဗျာ။ နိုင်ငံခြားသတင်း ထောက်တွေလည်း စစ်ဆေးစရာရှိတာ 
စစ်ဆေးလိုက်ပေါ့ဗျာ။ စစ်ဆေးလို့ ခွင့်ပြုလို့ရရင်တော့ ခွင့်ပြုရမှာပေါ့ဗျာ။ အများပြည်သူအတွက်
လည်းကောင်းပါ တယ်။ တချို့က အစွဲရှိတယ်လေ။ ကျွန်တော် ပြောတာဆိုရင် ဒီအမတ်က ဟိုဘက်က
အမတ်ပြောတာပဲလို့ အစွဲရှိ နိုင်တယ်။ သတင်းထောက်ကတော့ ပိုကောင်းအောင် ပြောနိုင်တာပေါ့။

မေး- ဒုတိယ ပင်လုံညီလာခံဆိုတာတွေကရော ဖြစ် လာနိုင်ပါသလား။

ဖြေ-အဲဒါက မဖြစ်နိုင်ဘူးထင် တယ်။ လွှတ်တော်လည်း ပေါ်နေပြီလေ။

Letter to the Globe and Mail

Toronto, Canada

 Dear editor
  I was very disappointed to see Mark MackKinnon’s  report on the sanctions
  issue, Myanmar: Where the generals plays and the people pay. In my opinion,
  he has joined the ruthless military dictators of Burma and the German
  government in calling for an end to Western sanctions.

He ignored the fact that the people are hurting not because of the

  sanctions (western countries) but because of five decades old mis-management 
of the  military regimes.
  Mr Mackinnon wrote that Burma is "arguably becoming more open". That is an
  absolute wrong. The elections were a sham. Approval of the constitution in
  the wake of Cyclone Nargis was a fraud. There are still 2200 political
  prisoners serving long sentences. The military aggression and killing of
  innocent ethnic nationalities are going on daily basis. The regime is now
  making threats against Daw Aung San Suu Kyi and the NLD.
  Daw Aung San Suu Kyi, NLD and ethnic leaders called many times for genuine
  dialogue with the regime to achieve the national reconciliation; and the
  regime failed to respond instead threatened them. The article failed to
  mention these important facts.
  The Canadian has the strongest sanctions on Burma. I would hope that Canada
  continues to show leadership on democracy and political freedom for the
  people of Burma; and play leadership role to achieve the national
  reconciliation in Burma
  I hope your paper will carefully consider the true nature of Burma and
facts before publishing.
  Zaw Kyaw
  Canadian Campaign for Free Burma

Toronto
အမျိုးသားပြန်လည်သင့်မြတ်ရေး:  ပြည်ထောင်စုစိတ်ဓါတ်နှင့်၂၁ရာစုပင်လုံညီလာခံ(၃)
                                                                                
                                                                           
ခွဲထွက်ခြင်းနဲ့ တွဲဖက်ခြင်း (အဆက်)

ခွဲထွက်ရေးလှုပ်ရှားမှုများ။

ကမ္ဘာပေါ်ရှိပြည်ထောင်စုနိုင်ငံနဲ့လူမျိုးစုတွေနဲ့စုစည်းထားတဲ့တပြည်ထောင်နိုင်ငံတော်တော်များများမှာ

၊ကုလ
သမဂ္ဂပဋ္ဋိညာဉ်စာတမ်းပါကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့အချက်ကိုကိုင်ပြီးခွဲထွက်ဖို့ကြိုးစားခဲ့ကြ၊ကြိုးစားနေကြ

တာတွေရှိပါတယ်။

 လက်နက်ကိုင်လှုပ်ရှားမှုနဲ့ကြိုးစားနေတာရှိသလို၊လက်နက်ကိုင်မဟုတ်တဲ့နည်းလမ်းနဲ့ကြိုးစားနေတာတွေ

လည်းရှိပါတယ်။အောင်မြင်သွားတဲ့နိုင်ငံများ(ဖေါ်ပြခဲ့ပြီးဖြစ်တယ်)လည်းရှိသလို၊မအောင်မြင်ခဲ့တာတွေ၊
မ အောင်မြင်သေးတာတွေလည်းရှိပါတယ်။ခွဲထွက်ရေးလှုပ် ရှားမှုရှိနေတဲ့ နိုင်ငံတွေထဲက
မအောင်မြင်တဲ့၊ မအောင် မြင်သေးတဲ့၊
လတ်တလောထင်သာမြင်သာအဖွဲ့အချို့အကြောင်းဖေါ်ပြရရင်။

သီရိလင်္ကာနိုင်ငံ တမီလ်ခွဲထွက်ရေး။
။တမီလ်လူမျိုးစုတွေဟာဆယ်စုနှစ်သုံးခုနီးပါးလက်နက်ကိုင် တိုက်ပွဲ
ဆင်နွဲပြီးသိရိလင်္ကာနိုင်ငံထဲကခွဲထွက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီခွဲထွက်ရေး
လှုပ်ရှားမှုရဲ့အခြခံ နောက်ကြောင်းကို အကျဉ်းခြုံးပြန်ကြည့်ရင် သီရလင်္ကာနိုင်ငံဟာ
၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ၇က်နေ့မှာ ဗြိတိသျှလက်အောက်က
လွတ်လပ်ရေးရခဲ့တယ်။ဗြိတိသျှမတိုင်ခင်က ပေါ်တူဂီ နှင့် ဒခ်ျ
တို့လက်အောက်ကျရောက်ခဲ့သေးတယ်။ အင်္ဂလိပ်လက်အောက်က လွတ် လပ်ရေးယူစဉ်က ရေးခဲ့တဲ့
အခြေခံဥပဒေအရသီရိလင်္ကာဟာ တပြည်ထောင်စနစ်နိုင်ငံဖြစ်တယ်။ အင်္ဂလိပ်စာကို တရားဝင်ရုံး
သုံး စာပေအဖြစ်ပြဌာန်းခဲ့တယ်။

 ၁၉၅၆ ခုနှစ်မှာ အက်စ်. ဒဗလျူ. အာ. ဒီ. ဗန္ဒရာနိုက်ကေး ဝန်ကြီးချုပ်ဖြစ်လာတော့
ဆင်ဟာလာ ဘာသာစကား တခုတည်းသာရုံးသုံးဘာသာစကားဖြစ်ရေးဆိုတဲ့ သူရဲ့ရွေးကောက်ပွဲဂတိကို
အကောင်အထည်ဖေါ်ပါတော့ တယ်။ ဒီမှာ ပြဿနာကစတာပါ။ လူမျိုးရေးပဋိပက္ခတွေစတင်လာပါတယ်။ 
လူမျိုးရေးဆိုလို့ သီရိလင်္ကာမှာ ဆင်ဟာလီနဲ့တမိလ်လူမျိုးဆိုပြီး အဓိကလူမျိုး ၂
မျိုးရှိတယ်။ ဆင်ဟာလီလူမျိုးများက လူများစုဖြစ်ပြီး ဗုဒ္မွ ဘာသာဝင်တွေဖြစ်တယ်။ ဘီစီ
၅၀၀ ခုနှစ်လောက်ကတည်း(ယခု အိန္ဒိယနိုင်ငံ) ကနေလာ ရောက် အခြေချကာ
ဘုရင့်နိုင်ငံထူထောင်ခဲ့ကြတယ်။ ၁၃ ရာစုလောက်မှာ တမီလ်လူမျိုးတွေက
မြောက်ပိုင်းကိုဝင်ရောက် အခြေချ နေထိုင်လာခဲ့တယ်။ တမိလ်တွေကတော့
ဟိန္ဒူဘာသာဝင်တွေဖြစ်တယ်။ ဒါ့အပြင် ဆင်ဟာလီမွတ်စလင်၊ တမီလ် မွတ်စလင်တွေ ရှိသလို
ဆင်ဟာလီခရစ်ယာန်၊ တမီလ် ခရစ္စယာန်တွေလည်း ရှိပါတယ်။ 

အထက်ကဖေါ်ပြတဲ့တရားဝင်ဘာသာစကားကစခဲ့တဲ့ပြဿနာဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက

်ရေး
တောင်း ဆိုချက်မှသည် ခွဲထွက်ရေးတောင်းဆိုချက်အထိရောက်ခဲ့ရတယ်။ အဓိက ပါတီကြီးဖြစ်တဲ့
Tamil United Liberation Front က တမီလ်တွေကို မျိုးချစ်စိတ်တွေပြင်းထံစေခဲ့တယ်၊
မျိုးချစ်ဝါဒီလူငယ်တွေ မွေးထုတ်ပေးခဲ့ တယ်။ တမီလ်တွေအမျိုးသားရေးစိတ်
တွေပြင်းထန်လာသလို တဖက်မှာလည်း ဆင်ဟာလီ မျိုးချစ်အစွန်းရောက် သမားတွေ
လည်းရှိနေပါတယ်။ ၁၉၇၀ ခုနှစ် နောက်ပိုင်းမှာတော့လက်နက်ကိုင်
တိုက်ပွဲဝင်ခြင်းဖြင့်သာ လွတ် လပ်ရေး ရနိုင် တယ်ဆိုတဲ့ ကျောင်းသားလူငယ်တွေရဲ့
လက်နက်ကိုင်လှုပ်ရှားမှုအဖွဲ့များလည်း ပေါ်လာခဲ့တယ်။ ၁၉၈၀ခုနှစ်များ
အစောပိုင်းကစလို့ ပြည်တွင်းစစ်ဖြစ်လာတော့ အလယ်အလတ်သဘေားထားရှိတဲ့ TULF ဟာ
ဆင်ဟာလီတို့ရဲ့ အပစ်တင်ခြင်းခံရသလို၊ တမီလ်လက်နက်ကိုင်
အဖွဲ့အစည်းရဲ့ပစ်မှတ်လည်းဖြစ်လာခဲ့ရတယ်။ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်တချို့
လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်။ 

၁၉၇၆ ခုနှစ် ကဖွဲ့စည်းခဲ့တဲ့တမီလ်တိုင်းဂါးအဖွဲ့(LTTE)ဟာအင်အားတောင့်တင်းတဲ့
အဓိကကျတဲ့ လက်နက် ကိုင်အဖွဲ့ကြီးဖြစ်လာပြီး ဂျဖနာကျွန်းအပါအဝင် တမီလ်နယ်မြေ
တော်တော်များများကိုထိန်းချုပ်ထား နိုင်ခဲ့တယ်။ De facto Government 
(ဥပဒေအရမဟုတ်တဲ့) အစိုးရ အဖြစ်ရပ်တည်နိုင်ခဲ့တယ်။  ဒါပေမဲ့ အယူအဆ မတူတဲ့
လက်နက်ကိုင်အုပ်စုများကလည်းရှိနေကြတော့ အုပ်စုအချင်းချင်း အားပြိုင်မှုတွေ၊
ပဋ္ဋိပက္ခဖြစ် မှုတွေက လည်းရှိကြတယ်။  ဆိုတော့ကာ အုပ်စုထဲမှခွဲထွက်ပြီး
သီရိလင်္ကာအစိုးရနဲ့ပေါင်းတဲ့ အဖွဲ့ရှိသလို၊ ပြည်သူ့ စစ်ဖွဲ့ပြီး အစိုးရကို
ကူညီနေတာလည်းရှိခဲ့ပါတယ်။ ခွဲထွက်တာကို မလိုလားဘဲ ပြည်ထောင်စုတည်ဆောက်ပြီး အာဏာခွဲ
 ဝေရေးကို လိုလားတဲ့ တမီလ် အဖွဲ့များလည်းရှိကြပါတယ်။

 သီရိလင်္ကာ လူနည်းစုတမီလ်လူမျိုးတွေကို လူများစုဆင်ဟာလီ
အစိုးရကရဲ့ခွဲခြားဖိနှိမ်မှုအပေါ် နိုင်ငံတကာက စာနာထောက်ထားမှု ရှိခဲ့သော်လည်း၊
နောက်ပိုင်းမှာတော့ ထောက်ခံမှုတွေကျဆင်းလာခဲ့တဲ့အပြင်၊ အမေရိကန် ပြည်ထောင်စုအပါအဝင်
နိုင်ငံပေါင်း ၃၂ နိုင်ငံကဒီအဓိကအဖွဲ့ကြီးဖြစ်တဲ့ တမီလ်တိုင်းဂါးအဖွဲ့(LTTE)
ကိုအကြမ်းဘက်အဖွဲ့လို့ သတ်မှတ်ခဲ့ကြပါတယ်။ တမီလ်တိုင်းဂါးအဖွဲ့ဟာ
တော်လှန်ရေးအဖွဲ့ဖြစ်ပေမဲ့ တော်လှန်ရေး အဖွဲ့တွေလိုက်နာသင့်တဲ့
စံစည်းမျဉ်းတွေမရှိဘူး၊ လူအခွင့်အရေးချိုးဖေါက်မှုတွေရှိတယ်။ လူမျိုးပြုန်း သတ်ဖြတ်
မှုတွေလုပ်တယ်။ သူတို့ထိန်းချုပ်ရာဒေသတွေ မှာနေထိုင်တဲ့တမီလ်မွတ်စလင်
စင်ဟာလီစကားပြောမွတ်စလင်၊ သောင်းနဲ့ချီတဲ့မွတ်စလင်တွေကို နေ့ချင်းညချင်း
အတင်းအကြပ်ရွေ့ပြောင်းခိုင်းတယ်၊ ဗလီထဲမှာ ဘုရားဝတ်ပြုနေ စဉ်
ရာနဲ့ချီတဲ့မွတ်စလင်တွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်။ ဆင်ဟာလီတွေကို
မောင်းထုတ်တယ်။ အသေခံဗုန်းခွဲတိုက်ခိုက်မှုအစီအစဉ်တွေနဲ့ အရပ်ဘက်ဆိုင်ရာတွေကို
ပစ်မှတ်ထားတိုက်ခိုက်တယ်၊ ဆိုတဲ့အချက် တွေကြောင့် နိုင်ငံတကာက
အကြမ်းဘက်အဖွဲ့အဖြစ်သတ်မှတ်ခဲ့တာဖြစ်တယ်။

၂၀၀၉ခုနှစ်မေလမှာသီရိလင်္ကကာအစိုးရစစ်တပ်ကတမီလ်တိုင်းဂါးထိန်းချုပ်နယ်မြေအားလုံးကိုစစ်ဆင်
သိမ်းပိုက်လိုက်တယ်။တိုင်းဂါးခေါင်းဆောင်ဘယ်လူပီလိုင်းဘရာပကရာန်နဲ့
စစ်ခေါင်းဆောင်များဟာလည်း စစ်ပွဲမှာကျဆုံးကာခွဲထွက်ရေးကိစ္စတခန်း ရပ်သွားပါတယ်။ 

အင်ဒိုနီးရှားမှ အာချေးပြည် ခွဲထွက်ရေး။Free Aceh Movement အာချေးပြည်လွတ်မြောက်ရေး
လို့ခေါ်တဲ့ GAM ဟာ  ၁၉၇၆ ခုနှစ်မှာ ပေါ်လာပြီး
လက်နက်ကိုင်တိုက်ပွဲနည်းလမ်းနဲ့အင်ဒိုနီးရှားနိုင်ငံထဲက ခွဲထွက်ဖို့ ကြိုးပမ်း
ခဲ့တာ ဖြစ်တယ်။ အာချေးဒေသဟာ ရေနံထွက်တယ်၊ သယံဇာတပစ္စည်းကြွယ်ဝတယ် ဆိုပေမဲ့လည်း ဒီ
သယံဇာ တရဲ့ အကျိုးအမြတ်များကို အာချေးဒေသသားများမခံစားရတာရယ်၊ နောက် ၁၉၅၉
ခုနှစ်တုန်းက အင်ဒိုနီးရှား အစိုးရက အာချေးကို အထူးကိုယ်ပိုင်
အုပ်ချုပ်ခွင့်နယ်မြေအဆင့် သတ်မှတ်ပေးခဲ့ပြီး သီးခြားလွတ်လပ်တဲ့ ဥပဒေ စနစ်
ကျင့်သုံးခွင့်ပေးအပ်ခဲ့တာ လက်တွေ့မှာတော့ ဟုတ်တိပတ်တိမရတာရယ် စတာတွေကို
မကျေမနပ်လို့ အင်ဒိုနီးရှားက ခွဲထွက်ပြီးနဂိုမူလ အတိုင်းလွတ်လပ်တဲ့
အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ပြန်လည်နေထိုင်ဖို့ ကြိုးပန်းခဲ့တာဖြစ်တယ်။

သမိုင်းကြောင်းအရ အင်ဒိုနီးရှားနိုင်ငံ စူမားတြားကျွန်းမြောက်ပိုင်းက
အာချေးပြည်နယ်ဟာ ၁၈၇၅ ခုနှစ် ဒခ်ျတွေ မသိမ်းပိုက်ခင်အချိန်အထိ လွတ်လပ်တဲ့
စူလတန်စော်ဘွားနိုင်ငံဖြစ်ခဲ့တယ်။ ၁၉၄၉ခုနှစ် အင်ဒိုနီးရှားကိုလွတ်လပ် ရေးပေးတဲ့အခါ
အာချေးဒေသကို ဒခ်ျတို့က အင်ဒိုနီးရှားထဲပေါင်းထည့်ခဲ့တယ်လို့ဆိုပါတယ်။ အဲသလို
အင်ဒိုနီးရှား ထဲပေါင်းလိုက်တာမှာ အာချေးပြည်သူတွေကို ဘာမှတိုင်ပင်ခြင်းမရှိဘဲ
ပြည်သူများရဲ့ဆန္ဒမပါဘဲ ပေါင်းလိုက်တာ ဖြစ်လို့ တရားမဝင်ဘူးလို့ GAM ဆိုပါတယ်။

ဒီအဖွဲ့ရဲ့ လက်နက်ကိုင်တိုက်ပွဲ ကျယ်ကျယ်ပြန့်ပြန့်မဆင်နွဲနိုင်ခင်မှာဘဲ
အင်ဒိုနီးရှားစစ်တပ်ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရတယ်။ အဖွဲ့ခေါင်းဆောင် (အမေရိကန်
ကိုလံဘီယာ တက္ကလိုလ်ဆင်း) ဟာဆန်ဒီတီရို လည်း အသက် ဘေးမှ သီသီလေးလွတ်ကာ
မလေးရှားကိုရှောင်တိမ်း ခဲ့ရတယ်။ ဂျီအေအဲမ်အဖွဲ့ မအောင်မမြင်ဖြစ်ရတာကတော့
ဒေသတွင်းထောက်ခံမှုမရသလို အနောက်နိုင်ငံများကလည်း ဗိုလ်ချုပ်ကြီးဆူဟာတိုရဲ့
ကွန်မြူနစ်ချေမှုန်းရေး မူ ကို ထောက်ခံနေတဲ့အပေါ်မှာ
အစိုးရနဲ့နီးနီးကပ်ကပ်ဆက်ဆံနေရတော့ ဂျီအေအဲမ် အနေနဲ့ နိုင်ငံတကာ ထောက်
ခံမှုလည်းမရခဲ့ဘူး လို့ဆိုကြပါတယ်။ ဒါပေမဲ့ ဟာဆန် ဒီတီရိုဟာ ပြည်ပကနေ
ဆက်လက်ကြိုးစားခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့
စနစ်တကျလက်နက်ကိုင်တပ်များကိုစုစည်းပြီး ပြန်လည်လှုပ်ရှားလာပါတယ်။ အင်အား
လည်းအတော်အသင့် တိုးတက်လာခဲ့တယ်။ ပြည်တွင်းထောက်ခံမှုတွေလည်း အရှိန်မြင့်လာတဲ့အတွက်
အင်ဒိုနီးရှား အစိုးရက အာချေး ဒေသကို
အထူးစစ်ဆင်ရေးဇုံအဖြစ်ကြေညာရသည်အထိဖြစ်ခဲ့ပြီး အပြတ်ချေမှုန်း ပြန်ပါတယ်။
ဒီတကြိမ်မှာတော့အစိုးရ စစ်ဆင်ရေးအောက်မှာ အာချေးပြည်သူများ
အလူးအလိမ့်ခံခဲ့ကြရပါတယ်။ အစိုးရက လူ့အခွင့်အရေး ချိုးဖေါက်မှု တွေကျူးလွန်ခဲ့သလို
ဂျီအေအဲမ် အဖွဲ့ဝင်များကလည်း အရပ်သားနေရာ တွေကို ပစ်မှတ်ထားတိုက်တာတွေ
ရှိတယ်လို့ဆိုတယ်။ စစ်တပ်သတင်းပေးလို့ သံသယရှိသူတွေကို သတ်ဖြတ်
တာတွေလုပ်ခဲ့တယ်လို့ဆိုတယ်။ ၁၉၉၆ ခုနှစ်မှာတော့ အစိုးရက ဂျီအေအဲမ်အဖွဲ့ကို
အပြီးသတ်ချေမှုန်းနိုင်ခဲ့ ကြောင်းကြေညာပါတယ်။ ဂျီအေအဲမ် အဖွဲ့ဝင်များဟာလည်း
မလေးရှား နယ်မြေထဲသို့ တိမ်းရှောင်ခဲ့ကြပြန်ပါ တယ်။

၁၉၉၈ ခုနှစ် သမတ ဆူဟာတိုပြုတ်ကျပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံရေး
အပြောင်းအလဲဖြစ်လာတဲ့ ကာလမှာ တော့ အာချေးကနေ စစ်တပ်တွေရုပ်သိမ်းလိုက်ပါတယ်။
အဲဒီအချိန်မှာ ဂျီအေအဲမ် အတွက်အကွက်ကောင်း ဆိုက်လာပါတယ်။
လှုပ်ရှားမှုတွေတိုးချဲ့လာနိုင်ပြန်တယ်။ နယ်မြေတွေကိုလည်း တစုံတရာ ထိန်းသိမ်းလာ
နိုင်ခဲ့တယ်။ အထူးစစ်ဆင်ရေးကာလတုန်းက စစ်တပ်ရဲ့မတရားရက်စက်တဲ့ လုပ်ရပ်တွေအပေါ်မှာ
ခံပြင်းစိတ် တွေကြောင့် လူငယ်များဟာ အာချေးလွတ်လပ်ရေးတပ်ဖွဲ့ထဲ (ဂျီအေအဲမ် တပ်)
ဒလဟော ဝင်ရောက်ခဲ့ကြ ပါတယ်။  ၁၉၉၉ ခုနှစ်နိုဝင်ဘာလထဲမှာ ပြည်သူအင်အား ၅
သိန်းကျော်ကလည်း လွပ်လပ်ရေးအတွက် ဆန္ဒပြခဲ့ပါ ကြပါသေးတယ်။ 
ကွန်မြူနီတီခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနဲ့ အရပ်ဘက်ရုံးဝန်ထမ်း များက
စစ်တပ်မှ အာချေးလွတ်မြောက် ရေးအဖွဲ့အားထိုးစစ်ဆင်တာကို ဆန့်ကျင်ခဲ့ကြပါတယ်။
အဖွဲ့ခေါင်းဆောင် ဟာဆန် ဒီတိုတီနဲ့ ဒုခေါင်းဆောင်၂ယောက်တို့ဟာ ဆွီဒင်နိုင်ငံ
စတော့ဟုန်မ်း ကနေပြီး အာချေးလှုပ်ရှားမှုကို စီစဉ်နေတာ အရှိန်မြှင့်လာပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အစိုးရက ၂၀၀၁ ခုနှစ်မှာ
အာချေးအထူးကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကိုပြဌာန်းပေးပါတယ်။ အဲဒီဥပဒေထဲမှာ
အာချေးပြည်နယ် သယံဇာတ ဝင်ငွေရဲ့ ၇၀% ကို အာချေးပြည်နယ်ကယူဖို့နဲ့၊ ရှရီယာ ဘာသာ
ရေးဥပဒေပြဌာန်းလိုက ပြဌာန်းခွင့်များပါပေး ထားပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့
ဆွီဒင်အစိုးရရဲ့ ကြားဝင် ဆောင် ရွက်ပေးမှုကြောင့် အင်ဒိုနီးရှားအစိုးရနဲ့
ငြိမ်းချမ်းရေးဆွေးနွေးဖြစ်ပါတယ်။ သို့သော်အဆင်မပြေခဲ့ပါ။ အစိုးရက ဂျီအေအဲမ်အနေနဲ့
အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကို လက်ခံစေခြင်တယ်။ ဂျီအေအဲမ်က လွတ်လပ်ရေး အ တွက်
လူထုဆန္ဒခံယူပွဲ ကျင်းပခွင့်ကိုတောင်းတယ်။ အဲဒါအစိုးရကလက်မခံပါ။ အစိုးရက ဂျီအေအဲမ်
အနေနဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကို ၂၀၀၂ ဒီဇင်ဘာလမှာ နောက်ဆုံးထားလက်ခံဖို့
ရာဇသံပေးလိုက်တယ်။ လက်မခံရင်တော့ ထိုးစစ်ဆင်မယ်ပေါ့။ ဆိုတဲ့အတိုင်းဘဲ ၂၀၀၂- ၂၀၀၄
မှာတော့ အစိုးရက အာချေးဒေသ စစ်ဆင်ရေးပြန်လည်စတင်ခဲ့ပါတယ်။ ဂျီအေအဲမ်က
အထိနာလာပြန်ပါတယ်။ တပ်အင်အား ၅၀%လောက်အထိ ဆုံးရှုံး ရပြန်တယ်။ အတွေ့အကြုံကလည်းနည်း၊ 


 တပ်အင်အားကလည်းသောင်းဂဏန်းသာသာ လောက်ဘဲရှိတဲ့ လွတ်မြောက်ရေးအဖွဲ့ဟာ
အင်အားလေးသိန်းကျော်ရှိတဲ့ အစိုးရစစ်တပ်ကို  လွတ်လပ်ရေးစိတ်ဓါတ်နဲ့သာ ကျား
ကုတ်ကျားခဲ တိုက်ပွဲဝင်နေရတဲ့အထဲ သဘာဝတရားကပါရောပြီး ဖိစီးပေးလိုက်ပါတယ်။
အာချေးပြည်သူ များကံခေတယ်လို့ဆိုရမလားဘဲ၊ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ဆိုနာမီ
ပင်လယ်ငလျှင်ဒဏ် အကြီး အ ကျယ်ခံလိုက်ရရှာတယ်။

 ဆိုနာမီဒဏ်ခံလိုက်ရတော့ကာ အင်ဒိုနီးရှားအစိုးရကလည်း နိုင်ငံခြားမှ အကူအညီများ
ဆူနာမီ ဒုက္ခသည်များထံ အရောက်ပို့ပေးစေနိုင်ဖို့ ရှိထားတဲ့ကန့်သတ်ချက်တွေကို
လျော့ပေးခဲ့တယ်။ အစိုးရဘက်က အာချေးလူထု အပေါ် စာနာပျော့ပြောင်းမှု သဘော
ထားတွေဖေါ်ထုတ်ပြသခဲ့တယ်။ အစိုးရကကန့်သတ်ချက်တွေ လျှော့ပေး လိုက်တဲ့အပေါ် ဂျီအေအဲမ်
အနေနဲ့ အခွင့်ကောင်းယူ စစ်ရေးအရဝင်လှုပ်ရှားရင်ဖြင့် ဒါအလွန် မလျှော်ကန်ရာကျ
မှာဖြစ်တယ်။ တဘက် မှာလည်း ဖင်လန်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဂျီအေအဲမ်နဲ့
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုက်တွန်းမှု တွေကရှိနေပါတယ်။   ၂၀၀၅
ခုနှစ်အကုန်မှာတော့ ငြိမ်းချမ်းရေးကိစ္စပြေလည်သွားကြပါတယ်။ အင်ဒိုနီးရှား
တပြည်ထောင်နိုင်ငံထဲမှာဘဲ အာချေးအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလက်ခံပြီး
ငြိမ်းချမ်းရေးစာချုပ် လိုက်ပါတော့ တယ်။

ပြောရရင် အာချေး  လွတ်လပ်ရေးလှုပ်ရှားမှုကို နိုင်ငံခြားတိုင်းပြည်များက
စာနာမှုရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံ ပဲ့ထွက်တာမျိုးကို မထောက်ခံလိုကြပါဘူး။
အာချေးလွတ်မြောက်ရေးအဖွဲ့က အာချေးရှိ အမေရိကန် Exxom Mobile Gas ကုမ္ပဏီကို
တိုက်ခိုက်ခဲ့ပေမဲ့လည်း အမေရိကန်ပြည်ထောင်စုက ဒီအဖွဲ့ကို အကြမ်းဘက်အဖွဲ့
(Terrorist)စာရင်းမသွင်းခဲ့ပါဘူး။ သတိပေးရုံသာပေးခဲ့ပါတယ်။ ဒါအပြင် ဂျီအေအဲမ်ကို
ယူနိုက်တက် အင်ဒိုနီးရှား နိုင်ငံထဲမှာ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်
ဆွေးနွေးဖို့ကိုဘဲ ယခင်ကလည်း တိုက်တွန်းခဲ့သလို ဆက်လက်ပြီး လည်းတိုက်တွန်းခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံတွင်းက ခွဲထွက်ရေး လှုပ်ရှားတဲ့ နယ်မြေတွေ(အာချေးနဲ့ အနောက်
ပါပူးဝါး) မှာ အရှေ့တီမောမှာ ထားခဲ့တဲ့မူမျိုး မထားတော့ဘဲ အင်ဒိုနီးရှား
နယ်မြေတည်တံ့ရေးကို အားပေးသွား မယ်လို့ အမေရိကန်ကဆိုပါတယ်။ ဒါကြောင့်လည်း
အာချေးလွတ်မြောက်ရေး အဖွဲ့ခေါင်းဆောင်များဟာ အခြေအနေမပေးတဲ့အလျှောက်၊ ပါးနပ်စွာဘဲ
အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျေနပ်လိုက်ကြပုံပါတယ်။ နှစ်ပေါင်း ၃၀ ကြာ
လက်နက်ကိုင် လွတ်လပ်ရေးတိုက်ပွဲဟာလည်း အဆုံးသတ်လိုက်ပါတယ်။
     (ဆက်လက်ဖေါ်ပြမည်)

ဝင်းမောင်
( ၁ရ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၁)


လစ်ဗျား စစ်တပ်နှစ်ခြမ်းကွဲပြီး လူထုဘက်ရပ်၊ ကဒါဖီ ရဲ့သားမှ မှားပါတယ်ဟု ၀န်ခံ

E-mail Print PDF
လစ်ဗျားနိုင်ငံ ဒုတိယမြို့တော် ဘန်ဟာဇီ တွင် ၅ ရက် ဆက် ဆန္ဒပြမှုအတွင်း လူ ၂၀၉ ဦး သေဆုံးပြီး ၉၆၀
ကျော် ဒဏ်ရာရရှိပြီးနောက် လစ်ဗျားစစ်တပ် နှစ်ခြမ်း ကွဲသွားခဲ့သည်။  အများစုက အဏာရှင် ကဒါဖီ အပေါ်
ကာလရှည် သစ္စာခံမှု ရဲရဲဝံ့ဝံ့ စွန့်လွှတ်လိုက်ပြီး လူထုဘက် မားမားမတ်မတ် ထွက်ရပ် လာခဲ့ကြသည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဆန္ဒပြသူတွေက သေဆုံးသူများရဲ့ အလောင်းများ ပခုန်းပေါ်ထမ်း စီတန်း
ဆန္ဒပြကြစဉ်  ရဲများက  ၀င်ပစ်ခတ်ပြီး ၂၅ ဦး ထပ်သေဆုံးခဲ့သည်။ ဆန္ဒပြသူ အချို့ကလည်း ကားများတွင်
ပေါက်ကွဲစေတဲ့ လက်နက်များ တပ်ဆင်ပြီး ရဲစခန်းများနဲ့ စစ်တပ်ဝင်း အချို့ကို ၀င်ရောက် စီးနင်း 
တိုက်ခိုက်ခဲ့သည်။ မြို့တော် ထရီပိုလီ တွင်လည်း ဆန္ဒပြမှုများ စတင်ဖြစ်ခဲ့ပြီး လုံထိန်းများနှင့် ထိပ်တိုက်
တိုးမှုများ ဖြစ်လျက်ရှိသည်။
ယခု ဘန်ဟာဇီမြို့ကို ဆန္ဒပြလူထုကြီးက သိမ်းပိုက်လိုက်ပြီး စစ်တပ်မှ တစ်ဝက်ကျော် 
ခွဲထွက်လာပြီး ၀ိုင်းရံပေးလျက် ရှိသည်။ လစ်ဗျား အစိုးရက သတင်းဆက်သွယ်ရေးလိုင်းများ 
လုံးဝဖြတ်တောက်ထားသောကြောင့် ဖြစ်ပေါ်နေတဲ့ အသေးစိတ် အခြေအနေ သတင်းများမှာ အီဂျစ်
လောက် မလွယ်ကူဘဲ သတင်းမုဆိုးတို့ အသည်းအသန် လိုက်နေကြရ သည်။
အာရပ်အဖွဲ့ချုပ်ရှိ လစ်ဗျားသံအမတ်က နှုတ်ထွက်ကြောင်း ကြေငြာလိုက်ပြီး “လစ်ဗျားမှာ အစုလိုက် 
အပြုံလိုက် သတ်ဖြတ် မှုတွေ ဖြစ်ပွားခဲ့တယ်။ တိုင်းပြည်ဟာ စိုးရိမ်ရတဲ့ အခြေအနေရောက်သွားေ
အာင် အစိုးရက ဖန်တီးလိုက်ပြီ၊ ကဒါဖီ အာဏာ ဆုပ်ကိုင်ထားမယ့်ရက်က တစ်ရက် နှစ်ရက်ထက် 
မပိုတော့ဘူး။ သူ့မှာ လူထုမရှိတော့ဘူး၊ စစ်တပ်ထဲက အများစု လူထုဘက် ရောက်ကုန်ပြီ” ဟု CNN 
ကို ပြောခဲ့သည်။
မွမ်မာ ကဒါဖီရဲ့ သား ဆေးဖ် အယ်လ် အစ္စလာမ် က အစိုးရ ရုပ်သံကနေ ဆန္ဒပြသူများဘက် 
ပါသွားတဲ့ စစ်တပ်များကို အပစ်တင် ပြောဆိုခဲ့သည်။ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တဲ့ ရဲတွေကို 
အသေချာ ထရိန်နင် ပေးထားမှု မရှိတဲ့အတွက် အမှားများစွာလုပ်ခဲ့ကြောင်း ၀န်ခံပြီး “တိုင်းပြည်မှာ 
ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အချိန်ကြပါပြီ” ဟု ပြောဆိုခဲ့သည်။ သူ မိန့်ခွန်း ပြောနေစဉ် ထရီပိုလီ 
မြို့တော် လမ်းမများပေါ် လူအများထွက် ဆန္ဒပြကြသည်။
ကဒါဖီ သားက ပြင်ပနိုင်ငံရောက် အတိုက်အခံများက အီဂျစ်စတိုင် ဖေ့စ်ဘွတ် တော်လှန်ရေးကို 
အတုခိုးပြီး လစ်ဗျားမှာ မငြိမ်မသက် လုပ်ကြတယ်ဟု စွတ်စွဲခဲ့သည်။ လစ်ဗျားက လူတိုင်း လက်ထဲမှာ 
လက်နက်ရှိနေတာကြောင့် ပြည်တွင်းစစ် ဖြစ်နိုင်ကြောင်း  သတိပေး ပြောဆိုခဲ့သည်။
ဘန်ဟာဇီ နဲ့ ထရီပိုလီမြို့ကြီးများတွင်တော့ ဆန္ဒပြသူများက “အရက်သမား သားအဖ၊ သူခိုး သားအဖ 
အုပ်ချုပ်တာ အလိုမရှိ” ဟု အော်ဟစ် ကြွေးကြော်နေကြသည်။
မောက္ခနိုင်ငံတကာရေးရာ၊
Source: BBC & CNN

ဘိက္ခူမာတာ


“ဒီ အကြောင်းတွေရေးရင် အာဏာပိုင်တွေက အနှောင့်အယှက် ပေးမှာကို စိုးရိမ်မိတယ်။ အန်တီ့အတွက်
စိုးရိမ်တာ မဟုတ်ဘူးနော်။ အန်တီ ထောင်ဝင်စာတွေ့ပေးနေရတဲ့ သံဃာတွေကို ထောင်ဝင်စာ သွားတွေ့
မယ့်လူ မရှိတော့မှာစိုးလို့”

saffron-revolution
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလ မြင်ကွင်း။ ရွှေဝါရောင်တော်လှန်ကို အာဏာပိုင်များက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက် သံဃာနှင့် သီလရင် အများအပြားကို ဖမ်းဆီး ထောင်ချခဲ့သည် (ဓာတ်ပုံ - http://raquelgan.wordpress.com/ )
မေးသမျှကို စိတ်ရှည်လက်ရှည်
ဖြေကြားပေးနေတဲ့ ဒေါ်ရှုက ပြောလက်စ
ကို ခဏရပ်လိုက်ရင်း သူ့စိုးရိမ်မှုကို ဖွင့်ဟ
ပါတယ်။

အဲဒီနောက်မှာတော့ သက်ပြင်းတချက်
ရှုသွင်းလိုက်ရင်း ဒေါ်ရှုက စကားဆက်
ပြန်ပါတယ်။

“အန်တီဘာတွေ လုပ်နေတယ်ဆိုတာ
လည်း စောင့်ကြည့်နေတဲ့သူတွေ၊
ထောင်ဝန်ထမ်းတွေက သိကြပါတယ်။
အန်တီက နိုင်ငံပုန်ကန်နေတာလည်း
မဟုတ်ဘူး၊ ဘယ်သူမှ ထောင်ဝင်စာ
လာမတွေ့နိုင်တဲ့ သံဃာတွေကို သနား
လွန်းလို့  ထောင်ဝင်စာ တွေ့ပေးနေတာ
သက်သက်ပါပဲ”

ဒေါ်ရှုဆိုတာကတော့ နိုင်ငံရေးနဲ့ ပတ်
သက်လို့ အကျဉ်းကျခံနေရပြီး ထောင်ဝင်
စာတွေ့မယ့်သူ မရှိတဲ့ သံဃာတွေကို
ထောင်ဝင်စာ တွေ့ပေးနေသူပါ။

စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်
ရပ်ကွက်မှာရှိတဲ့ ဒေါ်ရှုရဲ့ နှစ်ထပ်အိမ်
လေး ထဲမှာတော့ မြန်မာနိုင်ငံတ၀န်းက
အကျဉ်း ထောင်တွေမှာ ထောင်ဝင်စာတွေ့မယ့်သူ မရှိဖြစ်နေတဲ့ သံဃာတွေဆီကို ပေးပို့မယ့် ထောင်ဝင်စာ
ထုပ်တွေ အမြဲမပြတ် ရှိနေတတ်တယ်လို့ အရှင်စန္ဒောဘာသက မိန့်ဆိုပါတယ်။ အရှင် စန္ဒောဘာသဟာ
၁၆ နှစ်ကြာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ပြီး ဒေါ်ရှုရဲ့ ထောင်ဝင်စာအလှူကို လက်ခံခဲ့ဖူးသူလည်း
ဖြစ်ပါတယ်။

“ဦးပဉ္ဇင်း ၂၀၀၉ ခုနှစ်မှာ အင်းစိန်ထောင်ကနေ လွတ်လာတော့ သူ့အိမ်မှာ ၃ ရက်လောက် တည်းခိုခဲ့ဖူး
တယ်။ သူ့အိမ်ထဲမှာ နယ်ထောင် တွေဆီပို့မယ့် ထောင်ဝင်စာထုပ် ကလေးတွေ အမြဲမပြတ် ရှိနေတတ်တယ်။
အပတ်စဉ် ထောင်ဝင်စာထုပ်တွေ ပေးပို့နိုင်ဖို့ ဈေးတကာလှည့် ဈေးဝယ်ရ၊ ချက်ရ ပြုတ်ရနဲ့ သူ့မှာ နားနေ
ချိန်ရယ်လို့ မရှိသလောက်ပါပဲ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စမ်းချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ရှုဟာ ၂၀၀၇ ခုနှစ်
ဇူလိုင်လ အတွင်းက  ကျောက်တော်ကြီးဘုရားမှာ ၀တ်ပြု ဆုတောင်းခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့
၄၅ ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းမှု ကိုလည်း ခံခဲ့ရသူပါ။

စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းတဲ့အပြင် အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို မကြာခဏ ခံနေရတဲ့ အလုပ်ကို
ဘာကြောင့် ဒေါ်ရှု လုပ်ဖြစ်ခဲ့တာပါလဲ။

ဒေါ်ရှုက ရှေ့နေ ကိုဖိုးဖြူ၊ ကိုညီညီနိုင်တို့နဲ့ ရင်းနှီးခဲ့တဲ့အကြောင်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်း
အပြီးမှာ ကိုဖိုးဖြူက သူ ရှေ့နေလိုက်ပေးနေတဲ့ အမှုမှာပါတဲ့ မြောက်ဥက္ကလာ ဘုန်းကြီးကျောင်းက
သံဃာတော်တွေနဲ့ သီလရှင်တွေကို ထောင်ဝင်စာ တွေ့မယ့်သူ မရှိတာကြောင့် ဆွမ်းကပ်ပေးဖို့ အကူအညီ
တောင်းခဲ့တဲ့အကြောင်း၊ အဲဒီကနေစပြီး သံဃာတော် ၇ ပါးနဲ့ သီလရင် ၇ ပါးတို့ကို စပြီး ဆွမ်းကပ်ဖြစ်တဲ့အ
ကြောင်း ပြောပြပါတယ်။

“ရှေ့နေ ကိုဖိုးဖြူက အန်တီရယ်၊ သူများတွေက ထမင်းစားနေချိန်မှာ သူတို့မှာ အငတ်နေရတယ်။ သိပ်
သနားစရာကောင်းတာပဲ ထမင်းလာ ကျွေးပေးပါလားလို့ ပြောလာလို့ စကျွေးတာ။ နောက်တော့ အဲဒီ
ဘုန်းကြီးတွေကနေ ဘယ်ဘုန်းကြီးတွေလည်း ထောင်ဝင်စာ မရကြပါဘူး၊ ကူပါဦး ဒကာမကြီးရယ်ဆိုတော့
ကျန်သံဃာတွေကိုပါ ထောင်ဝင်စာတွေ့နေရတော့တာ။ အခုဆို ၃ နှစ်နဲ့ ၄ လ ရှိလာပြီပေါ့” လို့ ဒေါ်ရှုက
ထင်မှတ်မထားပါဘဲ သံဃာတွေကို ထောင်ဝင်စာပေးပို့ ဖြစ်ခဲ့ပုံကို ပြန်ပြောပါတယ်။
monk_2
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလ မြင်ကွင်း။ ရွှေဝါရောင်တော်လှန်ရေးတွင် ဖမ်းဆီးထောင်ချ ခံရသော သံဃာနှင့် သီလရင် အများအပြားမှာ ထောင်ဝင်စာတွေ့မည့်သူ မရှိကြပေ (ဓာတ်ပုံ - http://raquelgan.wordpress.com/ )

အခုချိန်မှာတော့ ဒေါ်ရှု အပတ်စဉ် ထောင်ဝင်စာပေးပို့နေရတဲ့ သံဃာ အပါး ၅၀ ကျော်နေပါပြီ။ ဒီလို
တိုးပွားလာတဲ့ သံဃာ ဦးရေကို အပတ်စဉ်ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် NLD ကလည်း  ဒေါ်ရှုကို
ကူညီထောက်ပံ့ပေးပါတယ်။ NLDက နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလကို ၅၀၀၀ ကျပ်နှုန်း
ထောက်ပံ့ ပေးနေပေမယ့် လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။

အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ဘိုကလေးသူ ဒေါ်ရှုဟာ မြန်မာနိုင်ငံအနှံ့ နိုင်ငံရေးကြောင့် အထိန်းသိမ်းခံ
ထားရတဲ့ သံဃာတွေဆီကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေးအတွက် ကူဖော်လောင်ဖက် အမျိုးသမီး
၂ ဦးနဲ့အတူ လုပ်ကိုင်နေရတာပါ။ အဲဒီ အမျိုးသမီး ၂ ဦးကို တယောက်အတွက် တလ ကျပ် ၂ သောင်းပေး
ပြီး အကူအညီ ခေါ်ထားရတယ်လို့ ဆိုပါတယ်။ ဒေါ်ရှုနဲ့ အတူနေကြတဲ့ သားနဲ့ သမီးက ဒီလို ထောင်ဝင်စာပို့
တဲ့အလုပ်လုပ်တာကို သဘောမတူတာကြောင့် ကူမယ့်သူတွေ ခေါ်ထားရတာလို့ ပြောပြပါတယ်။

“သားတွေ၊ သမီးတွေ သဘောမတူဘူး ဆိုတာက အန်တီပင်ပန်းတာကို သူတို့ မကြည့်ရက်လို့ပါ။ သူတို့
တားပေမယ့် အန်တီက ဆက်လုပ်နေတော့ နောက်ပိုင်းမှာ သားသမီးတွေကလည်း သိပ်မကြည်တော့ဘူးပေါ့။
အန်တီ့ အမျိုးသားနဲ့ ကွဲခဲ့ရတာလည်း ဒီအလုပ်တွေ ကြောင့်ပေါ့” လို့ ဒေါ်ရှုက ဆိုပါတယ်။

တကယ်တော့ ဒေါ်ရှုဟာ သူ့ဆီက ပို့လိုက်မယ့် ထောင်ဝင်စာထုပ်ကို စောင့်မျှော်နေမယ့် ထောင်တွင်းက
သံဃာတော်တွေရဲ့ မျက်နှာနဲ့ သားသမီး တွေရဲ့ ငြူစူတဲ့ မျက်နှာတွေအကြား ဗျာများ နေရသူ ဖြစ်ပါတယ်။


ဒေါ်ရှုဟာ သံဃာတွေကို ထောင်ဝင်စာထုပ် ပို့နိုင်ရေးအတွက်ဆိုရင် သူ့သမီး လက်ဝတ်လက်စားတောင်
ပေါင်ဖို့ လက်မနှေးဘူးလို့ အရှင် စန္ဒောဘာသက မိန့်ပါတယ်။

“ဦးပဉ္ဇင်း ထောင်က လွတ်လာပြီးနောက် သူ့အိမ်ကို ရောက်ပြီး အပြန်မှာ သူလည်း လမ်းကြုံတာနဲ့ နိုင်ငံခြား
မှာ ရှိနေတဲ့ သူ့သားပို့လိုက်တဲ့ ငွေကို ဘဏ်မှာ လိုက်ထုတ်တယ်။ ငွေလည်း ရရော အပေါင်ဆိုင် ပြေးပြီး
သူ့သမီး လက်ဝတ် လက်စားလေးကို ပြန်ရွေးတယ်။ သားပို့တဲ့ငွေက ထောင်ဝင်စာထုပ်ပို့ချိန် မမီတော့
သမီးလက်ကောက်လေး ခဏ အပေါင်ထားလိုက်ရတယ် ဦးပဉ္ဇင်းလို့ ပြောတယ်။ ဒေါ်ရှုဆိုတာ အဲလို
အမျိုးသမီးပါ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလ ၅၀၀၀ ကျပ်ဆိုတဲ့ NLD ရဲ့ထောက်ပံ့ငွေဟာ မြင့်တက်လာတဲ့
ကုန်ဈေးနှုန်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး တိုးပွားလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကြောင့်
ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေ ရတယ် လို့လည်း အရှင်စန္ဒောဘာသက မိန့်ကြားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ
နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပါတယ်။ ဒီစာရင်းထဲမှာ သံဃာ အပါး ၂၅၀ ကျော်နဲ့ သီလရှင် ၁ ပါး
ပါဝင်နေပေမယ့် ဒေါ်ရှု ထောင်ဝင်စာထုပ် ပေးပို့နိုင်တာက သံဃာ အပါး ၅၀ လောက်ပဲ ရှိပါသေးတယ်။
တကယ်တော့ ဒေါ်ရှုဟာ သံဃာအပါး ၅၀ သာမကဘူး ထောင်ဝင်စာ တွေ့သူ မရှိဖြစ်နေကြတဲ့ နိုင်ငံရေးအ
ကျဉ်းသား လူပုဂ္ဂိုလ်တချို့ကိုပါ ထောင်ဝင်စာ ပေးပို့နေတာပါ။

ဒေါ်ရှုဟာ သံဃာတော်တွေကို ထောင်ဝင်စာတွေ့နေပေမယ့် သူ့ထောင်ဝင်စာထုပ်ကို လက်ခံရယူနေတဲ့
သံဃာတော်တိုင်းကို မြင်တွေ့ဖူးသူတော့ မဟုတ်ပါဘူး။

“မိသားစုဝင်ဖြစ်မှ ထောင်ဝင်စာ တွေ့ခွင့်ရတာလေ။ အန်တီက ထောင်ဝင်စာထုပ်တွေကို အင်းစိန် ထောင်
ဘူးဝမှာပဲ ပေးထားခဲ့ရတာ။ နယ်ထောင်တွေအတွက် ဆိုရင်တော့ ထောင်ဝင်စာထုပ်ကို သေချာ ထုပ်ပိုးပြီး
စာတိုက်ကြီးကနေ ပါဆယ် ပို့ရတာပေါ့။ တရားရုံးက စီရင်ချက် မချသေးလို့ တရားရုံးထုတ် ထွက်လာတဲ့
သံဃာတချို့ကိုပဲ အန်တီ တွေ့ဖူးသေးတယ်” လို့ ဒေါ်ရှုက ပြောပါတယ်။

ဒီလိုတွေ့ခွင့်ရတဲ့အထဲက တချို့မြင်ကွင်းတွေဟာ သူ့စိတ်ကို ထိခိုက်စေခဲ့ပြီး သူ့အလုပ်ကို ဆက်လုပ်စေဖို့အ
တွက် တွန်းအားတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

“၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ အဖမ်းခံရတဲ့ မြောက်ဥက္ကလာ သစ္စာသရဖူကျောင်းထိုင် ဆရာ
တော်ကို ထောင်ဝင်စာ သွားတွေ့ရတုန်းက ဒကာမကြီးရယ် ဒကာမကြီးရဲ့ ထောင်ဝင်စာကြောင့်သာ
ဦးပဉ္ဇင်းမှာ လူလူသူသူလေး စားရသောက်ရပါတယ်။ ဒကာမကြီး ကျေးဇူးကြီးမားပါပေတယ်ဆိုပြီး အသက်
၇၀ ကျော် ဘုန်းကြီးက လက်အုပ်လေးချီပြီး အန်တီ့ကို ပြောတော့ အန်တီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ
တော့ဘူး။ အဲဒီမြင်ကွင်းကို ခုထိ မြင်ယောင်နေတုန်းပဲ။ ပြန်တွေးမိတိုင်းလည်း ငိုချင်နေတုန်းပဲ” လို့ ဒေါ်ရှုက
ရှိုက်သံကို ထိန်းရင်း ပြောပြပါတယ်။

၁၉၉၃ ခုနှစ်က နိုင်ငံရေးပုဒ်မနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတဲ့ အရှင်စန္ဒောဘာသ ဟာ
၂၀၀၇ ခုနှစ်အထိ ထောင်ဝင်စာ တွေ့သူမရှိဖြစ်နေရာက ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး အင်းစိန်
ထောင်ထဲကို သံဃာတော်တွေ ထပ်မံ ရောက်ရှိလာပြီး ချိန်မှာတော့ ဒေါ်ရှုရဲ့ ထောင်ဝင်စာထုပ်ကို လက်ခံရ
ရှိ လာပါတော့တယ်။

“သံဃာတွေဆိုတာက တောသားတွေများတယ်လေ။ သံဃာတွေရဲ့ ဆွေမျိုးသားချင်းတွေဆိုတာကလည်း
တောသူ တောင်သားတွေ များတာဆိုတော့ သူတို့ ဒေသလေးက လွဲရင် မသွားတတ် မလာတတ်။ ဒီတော့
ထောင်ဝင်စာလည်း လာမတွေ့တတ်ကြ၊ မတွေ့နိုင်ကြ။ ဒီလိုအချိန်မှာ ဒေါ်ရှုက မိသားစုတွေ ကိုယ်စား
ထောင်ဝင်စာထုပ်လေး ပို့ပေးလာတော့ ဦးပဉ္ဇင်း အရမ်းကို ၀မ်းသာသွားတယ်။ ဒကာမကြီးကိုလည်း အရမ်း
တွေ့ချင်လာတယ်” လို့ အရှင်စန္ဒောဘာသာက ဆိုပါတယ်။

အရှင်စန္ဒောဘာသ အင်းစိန်ထောင်က လွတ်မယ့်အချိန်မှာ သူအရမ်းတွေ့မြင်ချင်လွန်းတဲ့ ဒေါ်ရှုက လာကြို
နေပေမယ့် တွေ့ခွင့် မသာခဲ့ပါဘူး။

“အဲဒီနေ့က ဦးပဉ္ဇင်းကို သူ လာကြိုနေတယ်တဲ့။ ဒါပေမယ့် ဦးပဉ္ဇင်းက ကျန်းမာရေးကြောင့် လဲကျသွားတော့
အာဏာပိုင်တွေ စီစဉ်ပေးတဲ့ ကားနဲ့ လိုက်သွားရပြီး သူနဲ့ မတွေ့လိုက်ရတော့ဘူး။ နောက်တော့ သူ့အိမ်ကို
ဦးပဉ္ဇင်းသွားတွေ့တယ်။ သူ့အိမ်မှာလည်း ၃ ရက် တည်းခဲ့တယ်”

အရှင်စန္ဒောဘာသ ဒေါ်ရှုအိမ်မှာ တည်းခိုနေချိန်မှာ စမ်းချောင်းမြို့နယ် မယက အဖွဲ့က ဒေါ်ရှုနဲ့
အရှင်စန္ဒောဘာသကို ဆင့်ခေါ်ပါတော့တယ်။ အာဏာပိုင်တွေ သူ့ကို ခေါ်ပြီဆိုတဲ့အချိန်မှာ ဒေါ်ရှုဟာ
အေးဆေးတည်ငြိမ်စွာနဲ့ပဲ သူ ထောင်ထဲရောက်ရင် လိုအပ်မယ့် ပစ္စည်းတွေကို အသင့်ပြင်ပြီး လိုက်ပါသွား
တာပါ။

“သူ့မျက်နှာမှာ တုန်လှုပ်တဲ့ အရိပ်အယောင်မတွေ့ရဘူး။ သူ့ကို ဖမ်းဆီးရင် ထောင်ထဲမှာ လိုအပ်မယ့်
အသုံးအဆောင် တွေကိုလည်း သူက အသင့် ထုပ်ပိုးထားပြီးသား။ ဦးပဉ္ဇင်းကို လက်ခံထားတဲ့အတွက်ဆိုပြီး
စမ်းချောင်း မယက ရုံးမှာ သူ ဆူပူ ကြိမ်းမောင်းခံရတယ်။ သူကတော့ ဦးပဉ္ဇင်းကို လက်ခံတာဟာ ဘာပြစ်မှု
ကိုမှ ကျူးလွန်တာမဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေကို ပြောတယ်” လို့ ဒေါ်ရှုခေါ်ယူ စစ်မေးခံရတဲ့ ကိစ္စနဲ့
ပတ်သက်ပြီး အရှင် စန္ဒောဘာသက မိန့်ပါတယ်။

စမ်းချောင်း မယက ရုံးက ပြန်လာကြတဲ့နောက်မှာ ဒေါ်ရှုဟာ သူ့အိမ်မှာပဲ ဆက်လက် တည်းခိုနေနိုင်ပါ
ကြောင်း ပြောပေမယ့် သူ့အတွက်နဲ့ အာဏာပိုင်တွေက ထပ်မံနှောင့်ယှက်မှာကို မလိုလားတဲ့ အရှင်စန္ဒော
ဘာသဟာ သူ့ နယ်ကို ပြန်လည် ကြွသွား ပါတော့တယ်။

နိုင်ငံရေးမှုနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံခဲ့ရတဲ့အပြင် ထောင်ကလွတ်လာချိန်မှာလည်း
ဘုန်းကြီးကျောင်း တွေမှာ သီတင်းသုံး နေထိုင်လို့မရအောင် အာဏာပိုင်တွေက နှောင့်ယှက်ပြန်တာကြောင့်
ထိုင်းနိုင်ငံကို ထွက်လာခဲ့ရတဲ့ အရှင် စန္ဒောဘာသက ဒေါ်ရှုကို အောင့်မေ့သတိရနေဆဲ၊ ဒေါ်ရှုနဲ့ ပတ်သက်
လို့ သူ့မှာ အမှတ်ရစရာတွေ အများကြီးပဲလို့ ဆိုပါတယ်။

ဆက်လက်ပြီး အရှင်စန္ဒောဘာသ မိန့်ကြားတာကတော့ ...။

“သူ့ကျေးဇူးတွေဟာ ဦးပဉ္ဇင်းတို့ သံဃာတွေအပေါ်မှာ အများကြီးပဲ။ ဦးပဉ္ဇင်း သူ့ကို နှုတ်ဆက်လေ့ရှိတဲ့
စကားလေး တခွန်းရှိတယ်။ အဲဒီစကားလေးကိုကြားရင် သူ့မျက်နှာမှာ ပီတိဖြာသွားတာကို တွေ့ရတယ်။
အဲဒီစကားကတော့ ဘိက္ခူမာတာတဲ့”

“ဘိက္ခူမာတာ” ဆိုတာ ပါဠိဘာသာစကားဖြစ်ပြီး “သာသနာ့အနွယ်ဝင်တို့ရဲ့ မိခင်” လို့ အဓိပ္ပာယ်ရပါတယ်။

လာမည့် မတ်လ(၂၇)ရက်နေ့မှာ ကျရောက်မယ့် (၆၆)နှစ်မြောက် တပ်မတော်နေ့

အခမ်းအနားအား နေပြည်တော်၌ ကျင်းပပြုလုပ်မည် မဟုတ်ပဲ..

ပြည်နယ်နှင့်တိုင်းများ၌သာ ကျင်းပမည်...


သတင်း.... ဒီမိုဝေယံ 


 
























 သန်းရွှေ တရုတ်ပြည်ထွက်မယ်ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ထွက်ပေါ်နေ


Than Shwe
အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က လာတဲ့သတင်းအရ   ဗိုလ် ချုပ် သန်းရွှေဟာ ပြေးဖို့ ပြင်နေပြ
ီလို့ သိရတယ်။ တရုပ်ပြည်မှာ ဒေါ်လာ တဘီလီယံကျော်တန်တဲ့အိမ်ကို ၀ယ်ထားပြီ ဖြစ်တယ်။ ဒီအိမ်မှာ
သူမြေးက အခု ကြီးကြပ်နေတယ်လို့ သိရတယ်။
ဒေါ်လာသန်းပေါင်းများစွာကို တရုပ်ဘဏ်တွေကို ပြောင်းရွှေ့ပြီး ဖြစ်တယ်။ တရုပ်ပြည်ကအိမ်ကို ၀ယ်ယူ
တာတွေ ရွှေ့ပြောင်းတာတွေကို ဗခ-တင် အောင်မြင့်ဦး နဲ့ ခင်အောင်မြင့် တို့က ဆောင်ရွက်ပေးခဲ့တာလို့
သိရတယ်။ အခြေအနေမဟန်ရင် ပြေးနိုင်ဖို့ ဆောင်ရွက်နေတာလို့ သိရပါတယ်။
နေပြည်တော်ရှိ သူရဲ့ အိမ်ထဲက အကောင်းစာ ပရိဘောဂတွေကို တရုပ် ပြည်ကို ပြီးခဲ့တဲ့ အပတ်ကတည်းက
စတင်ရွှေ့ပြောင်းခဲ့တယ်။ နေပြည် တော်က သူအိမ်ကို မောင့်ပလဲစန့် (Mt. Pleasant ) လို့ သူတို့ စကား
ဝှက်နဲ့ ခေါ်ကြတယ်။ ဒီအိမ်ဟာ နေပြည်တော်က တောင်ကုန်းတခုပေါ်မှာ တည် ဆောက်ထားတာ ဖြစ်တယ်။
ရောမခေတ် ကျောက်တိုင်ကြီးတွေနဲ့ တည် ဆောက်ခဲ့ပြီး ဥရောပက အကောင်းဆုံး ပရိဘောဂတွေကို
တပ်ဆင်အသုံး ပြုခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာသန်း ၇၀ လောက် ကုန်ခဲ့တယ်လို့ သိရတယ်။
စစ်တပ်ထိပ်ပိုင်းထဲမှာလည်း နှစ်အုပ်ကွဲနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး၊ နအဖ စစ်အုပ်စုတွင်း
ဖယိုဖရဲ အကွဲကွဲ အပြားပြားနဲ့ ရှုတ်ထွေးနေတဲ့ အခြေအနေတွေကို ပြည်သူလူထုက စိတ်ဝင်စားမှုမရှိတာ
တွေ့ရှိနေရတယ်လို့ ရန်ကုန်မြို့ခံ လူငယ်တဦးက ပြောပြပါတယ်။
မောင်သိန်းနိုင် (နေပြည်တော်)http://www.naytthit.net/?p=8731