Saturday, December 31, 2011

Happy New Year 2012 to all my friends.

Happy New Year 2012 to all my friends.

ကျောက်ဖရုံသီးနဲ့ အတူတိုက်



ထားရစ်ခဲ့ပြီ။ မျက်ရည်စက်လက်နှင့် ညီမငယ်၊ အမေနှင့်အဖေ့ကို ထားရစ်ခဲ့ပြီ။ နှစ် ၂၀ လုံးလုံး မွေးဖွားကြီးပြင်းလာခဲ့ရာ အိမ်ကို ကျနော် ထားရစ်ခဲ့ပြီ။ တဖက်သတ် ကြိတ်ချစ်နေသော ကောင်မလေးနှင့် တက္ကသီလာ ကျောင်းတော်ကြီး ကိုလည်း ကျနော် ထားရစ်ခဲ့ပြီ။

irr-yeni

ဧရာဝတီ သတင်းအယ်ဒီတာ ရဲနည်သည် ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုတွင် သပိတ်မှောက် တက္ကသိုလ် ကျောင်းသား တဦးအဖြစ် ပါဝင်လှုပ်ရှား ခဲ့ပြီး ၁၉၈၉ တွင် ထိုင်း - မြန်မာ နယ်စပ်သို့ ထွက်ခွာ လာကာ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အဖွဲ့ဝင် ဖြစ်လာ ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဧရာဝတီ မဂ္ဂဇင်း၌ စတင် တာဝန်ယူ ခဲ့သည်။
ခရစ်သက္ကရာဇ် ၁၉၈၈၊ မြန်မာသက္ကရာဇ် ၁၃၅၀ ပြည့်နှစ်၊ မြန်မာပြည်တ၀န်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုကြီး တောင်းဆို အုံကြွခဲ့သော ဒီမိုကရေစီ လမ်းမများပေါ် စစ်တပ်က သွေးချောင်းစီး သတ်ဖြတ်အပြီး ထိုင်း-မြန်မာ နယ်စပ်သို့ စိတ်တူကိုယ်တူ ရဲဘော်သူငယ်ချင်းများနှင့် ကျနော်ထွက်လာခဲ့သည်။

တောတောင်ချောင်းမြောင်း များကို ဖြတ်ကျော်ပြီး နယ်စပ်ဒေသသို့ ရောက်လာသူများကဲ့သို့ပင် ကျနော် အိပ်မက်မက်ခဲ့သည်။ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်သော လက်နက်ကိုင် စစ်တပ်ကို တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးကာကွယ် စောင့်ရှောက်တတ်သော တပ်မတော်တရပ်နှင့် အစားထိုးမည်။ စစ်တပ်သည်သာ အမိအဖဟု သံန္နိဌာန်ပြုထားသည့် စစ်တပ်ကို ပြည်သူသည်သာ အမိအဖဟု ခံယူထားသည့် စစ်တပ်နှင့် အစားထိုးမည်ဟူ၍ ကျနော်တို့ အိပ်မက် မက်ခဲ့ကြသည်။

၂၂ နှစ်ကြာခဲ့ပြီ။ အိပ်မက်ကား အကောင်အထည် မပေါ်ခဲ့။ သို့သော် အိပ်မက်ကိုမူ တခုတ်တရ တကယ်မက်ခဲ့ကြသည်။

* * *

ဖလံတောင်ဝှေးတို့ ပေါက်ရောက်ရာ၊ သင်တိုင်းဖြူမလေးများ မွေးဖွားကြီးပြင်းရာ ကရင့်လက်နက်ကိုင်နယ်မြေတွင် အိပ်မက်ကို စတင် အကောင်အထည်ဖော်ကြသည်။ သို့နှင့် ကျောင်းသားတပ်မတော်ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ပေါက်ဖွားလာခဲ့သည်။


မှတ်မိသေးသည်။ ကျနော် ရွေးချယ်ဝင်ရောက်ခဲ့သော တပ်ရင်း ၁၀၂ အခြေစိုက်သည်က မွန်တို့ ဌာနေ ရာမညပြည်၏ နယ်စွန်နယ်ဖျား ဘုရားသုံးဆူတောင်ကြား ဂျပန်ရေတွင်း အမည်ရ ရွာကလေးအနီး။ တပ်ထဲတွင် ရန်ကုန်သား တက္ကသိုလ် ကျောင်းသား အများအပြားပါသည်။

တပ်ခွဲအလိုက် ဘားတိုက်တတိုက်စီ ခွဲ၍ ဆောက်ရာ ကျနော်တို့ တပ်ခွဲ လူအယောက် ၃၀ စာ ဘားတိုက်တခုကို ဆောက်ရသည်။  ထိုအဆောက်အအုံအတွက် နာမည်ကျော် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများက ဦးစီးဦးဆောင်ပြုကြသည်။ ကျောင်းတွင် သင်ကြားခဲ့သော ပညာစွမ်းဖြင့် ပုံစံထုတ်၊ မြေရှင်း၊ ပန္နက်ချ အရာရာစနစ်တကျ။ သက်ကယ် ဘယ်နှပျစ်၊ ၀ါးလုံးရေ မည်မျှ စသည်ဖြင့်။

ဆောက်ပြီး သိပ်ကြာကြာ မနေလိုက်ကြရ။ ဘားတိုက် တဲကြီး ပြိုစောင်းကျသွားသည်။ တဲဆောက်ကျွမ်းသည့် တခြားတပ်ခွဲမှ ရဲဘော်များက ပြန်ကူကြ၍ နေရာ ထိုင်ခင်း အဆင်ပြေသွားသည်။ နောက်ပိုင်း “ခင်ဗျားတို့ အာရ်အိုင်တီ ကျောင်းသားတွေ” ဟု အချင်းချင်း နောက်ပြောင် ပြောလျင် ပြုံးကြရသည်။

တကယ်တမ်းလည်း မိဘအိမ်တွင် ခူးခပ်ပြီးသော ထမင်းပွဲကို အခန့်သား လက်ဆေးစားရသည့် ဘ၀မှ ချက်ခြင်းဗြုန်းစားကြီး ကိုယ်ထူကိုယ်ထ လုပ်ကြရသည်။ ကျောင်းသင်ခန်းစာတွင် မပါသည်များကို လက်တွေ့သင်ကြားကြရသည်။ ကျနော်ဆိုလျင် ကြက်ဥတလုံး မည်သို့  ကြော်ရမည်၊ မီး ဘယ်သို့ မွှေးရမည်ကိုပင် မသိ။

အစားအသောက်တွင် ကကြီး မှ စကြရသည်။ တပ်ရင်းရှိလူအကုန် ၁၀၀ ကျော်အတွက် အလှူမှာ ချက်သလို မိုးပြဲဒယ် ၂ လုံးနှင့် ထမင်းတည်ရသည်။ မီးမညီ၍ တချို့နေရာက တူး၊ တချို့အပိုင်းက ပျော့၊ တချို့က မနပ်သောကြောင့် ကျနော်တို့က ပျော့တူးမနပ် ထမင်းဟု သမုတ်ကြသည်။ ယင်း ပျော့တူးမနပ်ထမင်းနှင့်အတူ ဗီတာမင်အတွက် စိတ်ချရသည့် ကုလားပဲကို အမျိုးမျိုး ဟင်းချက်စားကြသည်။ တခြား လျှာလည်စရာဆို၍ ငပိနှင့် ငရုတ်သီးသာ ရှိသည်။

ဝင်ငွေဆို၍လည်း ပြည်ပရောက် မြန်မာများ၏ အလှူငွေမှတပါး အခြားမရှိ။ တဘက်တလမ်းမှ ၀င်ငွေရှာဖွေရေး (income generating) အတွက် လူကြီးတချို့က အကြံထုတ်ကြသည်။ ကျနော်အမှတ်မမှားလျှင် ကိုကျော်ကြီး (ရန်ကုန် ပြန်ဝင် သွားပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူ) နှင့် ကိုဘစောထွန်း (ယခု ဂျာမနီတွင် ဂစ်တာတီးနေသူ) တို့ဖြစ်မည်။ တယောက်က ဘုရားသုံးဆူဈေးတွင် ရောင်းသော ကျောက်ဖရုံယိုထုပ်များကို မြင်ပြီး ရွှေဉာဏ်တော် စူးရောက်ကာ ကျောက်ဖရုံသီး စိုက်ရောင်းမည် အဆိုပြု၍ တပ်ရင်းတွင် စိုက်ခင်းဖော်တော့သည်။

တွက်ရေးက စက်သူဌေး။ ရာထောင်ချီထွက်လာသော ကျောက်ဖရုံသီးများကို မည်သူမျှ ၀ယ်မည့်သူမရှိ။ တပ်ရင်းရိက္ခာသာ ဖြစ်လာခဲ့သည်။ ကျနော်တို့၏ နေ့စဉ် စားမြိန်ဖွယ်စာရင်းတွင် အဖုံဖုံသော ကျောက်ဖရုံသီးဟင်းပါ တိုးလာခဲ့ပြီ။ မနက်ကုလားပဲဆို၊ ညနေ ကျောက်ဖရုံသီး။ မနက် ကျောက်ဖရုံသီးဆို၊ ညနေ ကုလားပဲ။ ကြာတော့ လူတွေက ညစ်လာကြသည်။ သည်းမခံနိုင်တော့။ တော်လှန်ရေးပဲဆိုပြီး တောင့်မထားနိုင်ကြတော့။

မည်သူက မည်သို့ အစပြုခဲ့သည်ကို မသိ။ မှတ်မိသည်က မနက်အလံတင် အလေးပြုအပြီး အခြေခံစစ်ရေးပြလေ့ကျင့်ရာတွင် တနေရာကနေ အသံထွက်လာသည်။ "ဘယ်ညာ ဘယ်ညာ" အော်နေရာက "ကျောက်ပဲ၊ ကျောက်ပဲ" ဟူလတ္တံ့။ လေ့ကျင့်ရေးဆင်း အမောင်ကျောင်းသားများ အားလုံး လိုက်အော်ကြတော့သည်။

"ကျောက်ပဲ ကျောက်ပဲ၊ ကျောက်ပဲ ကျောက်ပဲ"

အကျိုးရလဒ်ကား စခန်းကော်မတီဥက္ကဌ (ယခု အမေရိကားရှိ) ကိုသီရိညွှန့် နားပေါက်သွားပြီး နောက်ပိုင်း ချက်ပြုတ်စရာ စာရင်းထဲ တခါတရံကြက်ရိုး၊ တခါတရံ ကြက်ဒူးခေါင်းများ တိုးပွားလာခဲ့သည်။ ကျောက်ဖရုံသီးများကား ဘုရားသုံးဆူနယ်မြေ စစ်တပ် လက်ထဲ ကျသွားသည်အထိ တပ်ရင်းရိက္ခာဂိုဒေါင်တွင် အမြောက်အမြား ကျန်ရစ်ခဲ့သေးသည်။

ထောင်သောင်းချီသော ကျောင်းသားလူငယ်များ လက်နက်မစုံသော်လည်း ရန်သူ စစ်တပ်နှင့် နင်လားငါလား တိုက်ခဲ့သော တိုက်ပွဲ အရေအတွက်ထက် ငှက်ဖျား၊ တုပ်ကွေး၊ ၀မ်းပျက်ဝမ်းလျှော၊ ချောင်းဆိုး၊ ရင်ကျပ်စသည့် အပူပိုင်း တောတွင်း ဖြစ်ပွားတတ်သော ရောဂါများကို တိုက်ခိုက်ရသည့် အကြိမ်က အပုံကြီးများခဲ့ပါသည်။ ကွီနင်၊ တက်ထရာ၊ ပါရာစီတမော၊ ဘီစစ် ဟူသည် လူတိုင်း၏ ပါးစပ်ဖျားတွင် အလွတ်ရနေသည့် ဆေးရောင်စုံတွဲများ၏ အမည်နာမများဖြစ်သည်။

8888-22-05ဤ နေရာတွင် ဆေးမှူး၊ ဆေးကျောင်းသား ဆရာဝန် လောင်းများမှာ မျက်နှာ အပွင့်ဆုံးပင်။ ကျနော်တို့ အချင်းချင်းကြား အားကိုး အားထား ပြုရုံမက ရွာနီးချုပ်စပ်မှ လူအများ ကလည်း ဆရာ ဆရာနှင့်။ တခါတရံ ချက်ပြုတ် ထားသော ဖွယ်ဖွယ် ရာရာ ဟင်းကောင်း များနှင့်လည်း လာရောက် ဂါရ၀ပြု ကြသည်။

“စိတ်ဓာတ် ကလေး ဖြူစင် သန့်ရှင်းတယ်၊ ကျေးလက်က ဆရာဝန် သူငယ်ချင်းရယ်” ဟု ကျောင်းသား တပ်မတော် သားကြီး ကွယ်လွန်သူ တေးပြုစာဆို ထူးအိမ်သင်၏ သီချင်းကို ငှက်ဖျားသံနှင့် ဆိုခဲ့သည့် နေ့ရက် များအား အမှတ်ရနေ မိသေးတော့။

*  *   *

၂၂ နှစ်ကြာခဲ့ပြီဆိုသော်ငြား ပြန်တွေးလိုက်တိုင်း အမှတ်ရစရာများကား မနေ့တနေ့ကလိုပင်။ သေသောသူ ကြာပေမယ့်လည်း မမေ့နိုင်။ ပျောက်သောသူများကိုလည်း စာရင်း အင်းနှင့် စနစ်တကျ မှတ်တမ်းပြုစေချင်သည့် ဆန္ဒတို့သာ ရင်မှာ တိုးပွားလျက်။

သြော် ......... တခါက … ဒုက္ခက ပျားရည်လို ချိုသော နေ့ရက်တွေ ...........။


















ရော်နယ်အောင်နိုင့် အင်တာဗျူး(ဘာသာပြန်)


by Hlaing Bwa Maung on Saturday, December 31, 2011 at 7:46am
နယ်စပ်မှာ ဂျာနယ်လစ်သင်တန်းပေးတော့ ဗမာ၊ကရင်စကားပြန်တွေနဲ့ အလုပ်လုပ်ရပါတယ်။
ဘာသာပြန် တယောက်က အောင်နိုင်ပါ။
သူက ဂျာနယ်လစ်တယောက်ဖြစ်ပြီး နိုင်ငံရေးအမြင်ရှိသူ၊ ဟာသ ဥာဏ်ရွှင် သူပါ။
သူနဲ့ အလုပ်လုပ်ရတာအဆင်ပြေပါတယ်။
ဒါပေမယ့်သူ့ မှာအင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇတ် လမ်းတခု ရှိပြီး ကျနော်ဒါကို ပိုသိချင်နေပါတယ်။
သူ့ မျက်နှာသွင်ပြင်က ရိုးသားတဲ့ပုံပန်းသဏ္ဍာန်တော့မဟုတ်ပါဘူး။
ဝတ်စားဆင်ယင်ထားတာတော့ ဆရာ ၀န်တယောက်လိုပါပဲ။
အပြာရောင်ရှပ်အင်္ကျီ ကိုအညိုရောင်ဘောင်းဘီနဲ့ သပ်သပ်ယပ်ယပ်ဝတ်ဆင်လို့ ။ အင်္ဂလိပ်စကားပြောကတော့ သိပ်ကောင်းပါတယ်။
သူ့ ဘ၀ရဲ့  ကြေကွဲစရာဇတ်လမ်းတွေ ကို အေးအေးဆေး ဆေးပြက်လုံးထုတ်ရယ်မောသူပါ။
တချိန်က သူဟာ ကျောင်းသားတပ် မတော်မြောက် ပိုင်းရဲ့  ဥက္ကဌတဦး ဖြစ်ခဲ့သလို ကျောင်းသားတပ်မတော်ရဲ့ နှလုံးသည်းပွတ်ကို ထိမှန်ခဲ့တဲ့ အကြီးမားဆုံး နာမည်ပျက်မှုမှာ အဓိက နေရာကပါဝင်ခဲ့သူတဦးပါ။
၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျောင်းသားစစ်သားတွေဟာ သူတို့ ရဲ့ ရဲဘော်ရဲဘက် ၁၅ ယောက်ကို အစိုး ရရဲ့ သူလျှိုလို့ စွပ်စွဲပြီး သုတ်သင်ခဲ့ပါတယ်။
ကျနော်က ဒီကိစ္စအောင်နိုင် ကို အင်တာဗျူးလုပ်ချင်နေပါတယ်။
ဘာလို့ လည်းဆိုတော့ သူက ဒီသုတ်သင်မှုကို အမိန့် ပေးခဲ့တဲ့ ခေါင်းဆောင်တွေထဲက တယောက်ဖြစ်နေ လို့ ပါ။
ဒီအင်တာဗျူးက သူ့ ကိုအကျပ်အတည်းထဲပို့ သလိုပါပဲ။
ဒီကိစ္စကိုအရင်ကတယောက်မှ အင်တာဗျူး သူမရှိခဲ့လို့ သူအံ့သြသွားပုံပါ။
အင်တာဗျူးဖို့ သူသဘောတူပါတယ်။ ကျနော်တို့ မဲဟောင်ဆောင်မှာ တွေ့  ကြတယ်။

သူ့ အတန်းကအဖွဲ့ တွေအဲဒီမှာရှိကြတယ်။ မြန်မာဒေါက်တာတွေနေတဲ့ အိမ်ပေါ့။
အဲဒီမှာ ကျ နော်လည်းနေတယ်။ ကျနော့် မှတ်စုစာအုပ်နဲ့  တိပ်ရီကော်ဒါကို စားပွဲပေါ်ပြင်လိုက်တဲ့ အချိန်မှာ အောင်နိုင်က ဒီညတော့ ညတာရှည်ဦး တော့မှာပဲလို့ ဆိုတယ်။
ဝီစကီနဲ့ ရေခဲနဲ့  ။ဝီစကီသောက်ရင်း ကျနော့် မေးခွန်းတွေကိုသူဖြေပါတယ်။
သူ့ ထွက်ဆိုချက်တွေ အတွက် တိပ်ရီကော်ဒါကို ကျနော် စဖွင့်လိုက်ပါတယ်။
၁၉၈၈ မှာကျနော်က မန္တလေးဆေးကျောင်းမှာ တက်နေပါတယ်။
ဆန္ဒပြပွဲတွေဖြစ်တော့ ကျနော် က ကျောင်းသားခေါင်းဆောင်တယောက်ပါ။
အစိုးရက နိုင်ငံေ၇းလှုပ်ရှားမှုတွေကြောင့် စွပ်စွဲဖမ်းဆီးမှုတွေ လုပ်တဲ့အခါ ၁၉၈၉ မှာ မန္တလေးကနေ မြောက်ပိုင်းကို ကျောင်းသား တပ်မတော် ကိုရောက်ခဲ့ပါတယ်။
တော်တော်ခက်ခဲကြမ်းတမ်းပါတယ်။ ကျနော်တို့ က မြို့ ကျောင်းသားတွေပါ။
အများစုက တောထဲမှာနေဖူးတဲ့အတွေ့  အကြုံ မရှိကြပါဘူး။
ကျနော် တို့ နေဖို့ ဝါးတဲတွေဆောက်ကြတယ်။ ကေအိုင်အိုက ရိက္ခာ ထောက်ပါတယ်။
ရပ်တည်ဖို့ ခက်ပါ တယ်။ ကျနော်တို့ ကဗမာတွေဆိုတော့ ကချင်တွေ အပြည့်အ၀မယုံပါဘူး။
ငွေရဖို့ အတွက် ကျောက်စိမ်းရှာ ဖို့ မိုင်း ကွင်းတခုပေးပါတယ်။ ပေ၈၀၀၀ ထောင်လောက်မြင့်ပါတယ်။
ကျောက်တောင်တွေဖြစ်လို့ ပါးကောက်ပဲသီးနှံ စိုက်ဖို့ ခက်ပါတယ်။ ထောက်ပံ့တာနဲ့ မှီခိုရပါတယ်။
မိုးရောက်တော့ ဗမာစစ်တပ်က လာတိုက်ပြီး ကျနော်တို့ စတိုကို ဖျက်ဆီးလိုက်ပါတယ်။
ဆားမရှိစားစရာမရှိဆယ်ရက်လောက်ဖြစ်သွား တယ်။ အားပြတ်ပြီး ငှက်ဖျားတွေလည်းဖြစ်လို့ တချို့ လည်းသေကုန်ကြတယ်။
သူငယ်ချင်းတော်တော်များများ ဆုံးရှုံးခဲ့ရတယ်။ တချို့ ဆယ့်ရှစ်နှစ်လောက်ပဲရှိသေးတယ်။
တယောက်ကိုတလမှ ၅၀ကျပ်သုံး ဖို့ ရ တယ်။ကျနော်တို့ မျောက်တွေထောင်တယ်။
မျောက်၊ကြွက်၊ဖြူကောင် ...ရတာအကုန်စားတယ်။

လူတွေသေကြတာကြည့်ပြီးရှော့ ရတယ်။ ကျနော့်မှာစစ်ပွဲအတွေ့ အကြုံမရှိဘူး။
ဒါပေမယ့် ကျနော်တိုက် တယ်။
၁၉၉၀ မှာ ရက်လေးဆယ်လောက် စစ်တိုက်ရတယ်။ အဲဒီတိုက်ပွဲမှာ ခေါင်းဆောင် ဒဏ်ရာရ တော့ကျနော်ကအမိန့် ပေးရတယ်။
ကေအိုင်အိုဆီကလက်နက်တချို့ ရတယ်။ သေသွားတဲ့ ရန်သူစစ်သား ဆီကလည်းလက်နက်ရတယ်။
အဲဒီအချိန်က ကျနော်ကရွေးကောက်ခံရတဲ့ အထွေထွေအတွင်းရေးမှူးပါ။
မြေအောက်လှုပ်ရှားမှုတွေ မှာတာဝန်ခံပါ။
ဗမာပြည်ထဲမှာ တပ်သားသစ်စုဆောင်းပါတယ်။
တခုသတိပြုလာမိတာက ရန်သူ့ လိုင်းတွေ ကြားထဲမှာ ပြဿနာတစုံတရာမရှိပဲသွားလို့ ပြန်လို့ ရနေတာပါ။
စစ်ထောက်လှမ်းရေးမိသားစုနဲ့ ဆက်နွယ် နေတဲ့ ကျောင်းသားတချို့ တပ်သားသစ်စုဆောင်းရေးထဲမှာပါလာတာပါ။
အချိန်ခဏလေးအတွင်းမှာ တပ်သားအရေအတွက် ၈၀၀ ကျော်အထိတိုးလာပါတယ်။
စစ်ထောက်လှမ်းရေး နဲ့ ချိတ်ဆက်နေသလားသံသယဖြစ်လာပါတယ်။
ရှေ့ တန်းကရတဲ့သတင်းတွေအရလည်းကျနော်တို့ ဘက်က ကျဆုံးနေပါတယ်။ အခြေအနေက သံသယဖြစ်စရာ အခြေအနေပါ။
နအဖစစ်သားတွေကို ကျနော်တို့ တည်နေရာကိုလမ်းညွှန်ပေးနေတဲ့ အမှတ်အသားတွေကို သစ်ပင်တွေမှာ ရဲဘော်တွေက သတိပြုမိပါတယ်။
ဒါနဲ့ တချို့ ကိုစောင့်ကြည့်ပါတယ်။ လေးငါးယောက်လောက်ကိုဖမ်းပြီး စစ် ကြောရေးလုပ်တော့ ထောက်လှမ်းရေး စာရင်းတချို့ ရပါတယ်။
အဲဒီစာရင်းထဲမှာဗဟိုကော်မတီ အဖွဲ့ ဝင် တွေပါပါနေတယ်ဗျ။
တချို့ ကထောက်လှမ်းရေး လေ့ကျင့်ပေးထားတဲ့ စပိုင်တွေဖြစ်ပြီး တချို့ က အင်ဖော်မာသတင်းပေးတွေပါ။တချို့ ဗမာလူမျိုးကြီးဝါဒအမြင်နဲ့ လှုပ်ရှားနေတယ်လို့ ထင်ပါတယ်။
ဘာလုပ်ရမလဲ ဆိုတာစဉ်းစားရတော်တော်ခက်ပါတယ်။
I panicked.လူ့ အခွင့် အရေးတို့ ဘာ တို့ ဆိုတာလည်းကျနော်တို့  အဲဒီအချိန်ကနားမလည်ခဲ့ပါဘူး။
စပိုင်စာရင်းက အယောက်ရှစ် ဆယ်ကျော် ဖြစ်နေတယ်။
ကျနော်တို့ ကို မယုံမှာစိုး လို့ ရိုက်ထား တဲ့ဗွီဒီယိုခွေပါရှိပါတယ်။
ဒီစပိုင်တွေကို သံခြေကျင်းတွေ ခတ်ပြီး ဘားတိုက်ထဲမှာပိတ်ထားပါတယ်။
နောက် ဆုံး မြောက်ပိုင်းကျောင်း သားတပ် မတော်ဗဟိုကော်မတီက စပိုင် ၁၅ယောက်ကို သေဒဏ်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျနော် တို့ စစ်ဖြစ်နေ တာပါ။ စစ်တပ်နဲ့ လက်နက် ကိုင်စစ်ပွဲဆင်နွှဲနေတာပါ။
စပိုင်ကို သေဒဏ်ပေးရမယ်လို့ ကျနော် တို့ ဖွဲ့ စည်းပုံနဲ့ ဥပဒေမှာရေးသား ထားပါတယ်။
ကျနော်တို့ ရဲဘော်တွေဟာ ဒီစပိုင်တွေကြောင့် အသတ်ခံခဲ့ကြရပါတယ်။
တချို့ အဖွဲ့ ဝင်တွေ က စပိုင်အယောက်ရှစ်ဆယ်လုံး ကို သေဒဏ်ပေး ဖို့ တောင်းဆို ပါတယ်။

ငြင်းရင်းခုန်ရင်း နဲ့ နောက်ဆုံးမှာ ၁၅ ယောက် နဲ့ သဘောတူညီချက်ရပါတယ်။
ဒီသေဒဏ်စီရင်ချက်က စပိုင်တွေလုပ် ခဲ့တဲ့လုပ်ရပ်တွေ နဲ့  စစ်အစိုးရအတွက် သူတို့ ဘယ်လောက် အရေးပါသလဲဆိုတဲ့ အချက်အပေါ် မူတည်ပြီး ဆုံးဖြတ် ချက်ချခဲ့ တာဖြစ် ပါတယ်။
သတ်ပွဲဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကိုပြောနေတဲ့အောင်နိုင်ဟာအဖြစ်အပျက်တွေကိုတွေး စိတ်ဆင်းရဲ နေ ပုံပါပဲ။
ဘယ်လိုဘယ်ပုံ သေဒဏ်ပေးခဲ့သလဲလို့ မေးကြည့်တဲ့အခါ သူ့ ကိုကြည့်ုပြီး ပိုလို့ စိတ်မသက်မ သာဖြစ်ရပါတယ်။
တချို့ ကိုပစ်သတ်တယ်။ တချို့ ကိုခေါင်းဖြတ်သတ်တယ်။ ကျနော်တို့ အရာရှိတွေကသူတို့ ကို အနီးကပ် ပစ္စ တိုနဲ့ ပစ်သတ်တယ်။
သေနတ်နဲ့ ပစ်သတ်တာ ပိုပြီးဝေဒနာခံစားရတယ် လို့ ကျနော်တို့ ထင်ပါတယ်။ ဓားကို ပြောင်းသုံးရင် သူတို့ ဝေဒနာ ခံစားရနည်းနည်း သက်သာမယ်လို့ ထင်တဲ့အတွက်ဓားကိုပြောင်းသုံးပါ တယ်။
ဒါပေမယ့် ခေါင်းက တိတိရိရိမပြတ်ဘူးဗျ။
But they were not cleanly beheaded, even though the spinal cords were severed.သတ်တာကို ကျနော် စောင့်ကြည့်တယ်။
ဒါဟာ ကျောင်းသားတပ်မတော်စစ်သားတွေရှေ့ မှာဖြစ်ခဲ့တာပါ။
ကျနော်တို့ သူတို့ အားလုံးကို လွှတ်လိုက်ချင်ပါတယ်။ ဒါပေမယ့် လွှတ်လိုက်ရင် ကျနော်တို့ သူလျှိုတွေကို ကြိုဆိုသလိုဖြစ်နေမယ်။
ဒီဆုံးဖြတ်ချက်ချရတာ တော်တော်ခက်ခဲပါတယ်။
ဒီလိုမကွက်မျက်ခင်မှာ ကေအိုင် အိုကနေ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၊ကမ္ဘာ့ကြက်ခြေနီတို့ ကို ချဉ်းကပ် ပါသေးတယ်။
အကျဉ်းသားတွေကို သူတို့ ဆီကိုလွှဲဖို့ ကျနော်တို့ အကူအညီလိုပါတယ် လို့ ။
သူတို့ ပြောတာက သူတို့  တရုတ်မြန်မာနယ်စပ်ကို မရောက်နိုင်တဲ့အတွက် သူတို့ မကူညီနိုင်ပါဘူးတဲ့။
ဒီကိစ္စဟာ ကျနော်အတွက် အခက်ခဲဆုံးကိစ္စတခုပါပဲ။ ဒါပေမယ့် ကျနော်တို့ မှာ ရွေးစရာလမ်းမရှိဘူးလို့ ခံစားရတယ်။
သူလျှိုတွေကို သတ်ပစ်တာ ဗမာပြည်မှာသိပ် တော့ မဆန်းလှပါဘူး။ ဗမာစစ်တပ်က သူလျှိုမိရင် တရား ရုံး တွေတင်မနေပဲနေရာမှာတင် သတ်ပစ်ပါတယ်။
အောင်နိုင်အခန်းပြင်ကိုထွက်သွားပါတယ်။ ပြန်ဝင်လာတော့ စကားမဆက်ခင် လေကိုခပ်ပြင်းပြင်းရှူသွင်း လိုက်ပါတယ်။
ဘ၀တွေက ငြိမ်းချမ်းနေရင်တော့ စံချိန်စံနှုန်းတွေနဲ့ သွားဖို့ လွယ်ပါတယ်။ ဒါပေမယ့် စစ်တိုက်နေတဲ့အချိန် ကတော့ မတူပါဘူး။ တောထဲမှာ နိုင်ငံရေးလုပ်ဖို့ တခုတည်းသောလမ်းက လက်နက်နဲ့ ပါ။ ဒီလိုသတ် လိုက်လို့  နိုင်ငံရေးအရ ရှေ့ ကိုတိုးတက်သွားတယ်လို့ ဆိုတယ်။ ဒါပေမယ့် တယောက်မှ နိုင် ငံ ရေး အကျိုးအမြတ်မရခဲ့ဘူး။ ကျနော်တို့ ထဲမှာ အကွဲအပြဲမရှိခဲ့ပါဘူး။ တယောက်မှ ဘာတခုမှ မရခဲ့ဘူး။ ဒီသတ်ပွဲ မတိုင်ခင်က ငပိနဲ့ စားတယ်။ သတ်ပွဲပြီးတော့လည်း ငပိနဲ့ ပဲ။ ၁၅ယောက် အစားအ ယောက် ရှစ်ဆယ်ဖြစ်သွားနိုင်တာပါ။ မိသားစုတွေက စိတ်ဆိုးကြမယ်၊စိတ်ထိခိုက်ကြမယ်ဆိုတာ နားလည် ပေးနိုင် ပါတယ်။ မိဘတွေကို လာဖို့ ကျနော်တို့ နဲ့ စကားလာပြောဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။
ကျနော်တို့ ကိုသစ္စာဖောက်သူတွေဟာ ကျနော်တို့ ရဲ့  သူငယ်ချင်းတွေပါပဲ။ ကျနော့်သူငယ်ချင်း ထွန်းအောင် ကျော် (အဲဒီအချိန်က ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌပါ) အသတ်ခံခဲ့ရပါတယ်။ သူက ကျနော့် အကိုကြီးလိုပါပဲ။ ကျနော်တို့ အရမ်းကို ရင်းနှီးပါတယ်။ သူက သူလျှို လို့ ဝန်မခံပါဘူး။ ဒါပေမယ့် သက်သေ အထောက်အထားတွေအရ သူကသူလျှိုပါ။
တိုက်ပွဲက ပြင်းထန်ပါတယ်။ စစ်ဆိုတာဟာ ကွဲပြားခြားနားတဲ့အမှန်တရားတခုပါ။
ကျနော်တို့ က သီးခြားဖြစ်နေပြီး တော့ လူ့ အခွင့်အရေးအဖွဲ့ တွေနဲ့ လည်း အဆက်အသွယ်မရှိပါဘူး။
ဒီမိုကရေစီ၊လူ့ အခွင့် အရေးတွေကိုသင်ကြားဖို့ လည်း အခွင့်အလမ်းမရှိပါဘူး။
တကယ်လို့ များရှိခဲ့ရင် အခြေအနေက တမျိုးဖြစ် သွားနိုင်ပါတယ်။
ကျနော်တာဝန်ယူပြီး ပြဿနာကိုဖြေရှင်းဖို့ လိုအပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။
တောင်အာဖရိက က အမှန်တရားကော်မရှင်လိုမျိုး စုံစမ်းစစ်ဆေးရေးတခု ဖြစ်သင့် ပါတယ်။
ဘာတွေဖြစ်ခဲ့သလဲဆိုတာ လူတွေ သိဖို့ လိုအပ်ပါတယ်။
The problem will be to get MI to hand over their files.
ကျနော်တို့ ရဲ့ သူရဲကောင်းအောင်ဆန်း ကိုအတုခိုးပြီး ကျနော်တို့ နိုင်ငံလွတ်မြောက်ရေးအတွက် တောခိုခဲ့ ကြတယ်လို့ ထင်ခဲ့ကြတာပါ။
ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဗမာပြည်လွတ်လပ်ရေးရခဲ့တယ် ဆိုတာတောင် မသိခဲ့ ပါဘူး။
အဲဒီတုန်းကကျနော့်အသက် ၂၄ နှစ်ပါ။
ကျနော့်ကိုယ်ကျနော် လူကြီးဖြစ်ပြီလို့ ထင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီအတွေ့ အကြုံပြီး တဲ့နောက်ပိုင်းမှာ ခေါင်းဆောင်တယောက်ဖြစ်ဖို့ ကျနော် အရမ်းငယ် ပါသေး လားဆိုတာသဘောပေါက် သွားပါတယ်။
နိုင်ငံရေးအပြင်ဖက်ကိုရောက်လာတဲ့အတွက် ကျနော်ဝမ်းသာ တယ်။
အင်တာဗျူးအပြီးရက်အနည်းငယ်အကြာမှာ မဲဟောင်ဆောင်မှာ အောင်နိုင်နဲ ကျနော်နေ့ လည် စာစားပါတယ်။
ကျနော်ကအနံ့ ပြင်းပြင်းနဲ့ ဟင်းခွက်ကိုဘာလဲလို့ မေးကြည့်တော့သူကရီပါတယ်။
ပြီးတော့ မှပြောတာ ကမျောက်အူတွေပါ တဲ့ ။




ပညာရေးရန်ပုံငွေပွဲ သိန်း ၃၅ဝ ကျော် ရရှိ


2011-12-31
ရန်ကုန်မြို့ MCC မြန်မာကွန်ဗင်းရှင်းစင်တာမှာ မနေ့က ကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲက ရတဲ့ ဝင်ငွေပမာဏကို စာရင်းမပိတ်ရသေးပေမယ့် အခုအချိန်အထိ မြန်မာ ကျပ်ငွေ ၂၁၅ သိန်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၅၅ဝ၊ ဂျပန်ယန်းငွေ ၁ သောင်း ရရှိထားပြီလို့ သိရပါတယ်။
AFP
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့က ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်သည့် ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး တို့ကို တွေ့ရစဉ်။
ရန်ပုံငွေပွဲ အမှတ်တရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်တွေ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံပါ အနီရောင်တီရှပ်ကို ကြမ်းခင်းဈေး ကျပ် သိန်း ၃ဝ နဲ့ လေလံပစ်ပါတယ်။

အဲဒီ တီရှပ်ကို ည ၈ နာရီက စပြီး စီးပွားရေးကုမ္ပဏီ ၆ ခု အပြိုင် လေလံဆွဲရာမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းတွေ တင်သွင်းတဲ့ Heavy Machinery Volvo ကုမ္ပဏီပိုင်ရှင် ဒေါ်မာလာသိန်းက ကျပ် ၁၂၅ သိန်း နဲ့ ဈေးအမြင့်ဆုံး ပေးပြီး ဝယ်ယူသွားပါတယ်။

နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပညာရေးက အရေးကြီးတာကြောင့် အခုလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ တဖက်တလမ်းက ပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်မိတယ်လို့ ဒေါ်မာလာဝင်းက ပြောပါတယ်။

“MCC ခမ်းမက ကျမအိမ်ရှေ့ မျက်နှာချင်းဆိုင်မှာလေ။ အမေစုလည်း ကိုယ်တင်လာပြီး တက်တက်ကြွကြွနဲ့ ရန်ပုံငွေပွဲကို အားပေးလာတယ်။ ကျမလည်း မနေနိုင်တော့ဘူး။ အထဲကိုဝင်ပြီး သွားအားပေးတယ်။ ဒီ စတိတ်ရှိုးပွဲမှာ ခဏထိုင်ကြည့်ရင်းနဲ့ ကျမ လှူချင်တယ် ဘယ်လိုလှူရမလဲ စဉ်းစားနေရင်းနဲ့ ဒီအင်္ကျီ ၂ ထည်ကို လေလံပစ်မယ်၊ တထည်ကတော့ အမေစုဆီမှာ ထားပေးမယ်၊ တထည်ကတော့ အများဆုံး လှူတဲ့လူကို ပေးမယ်ဆိုတော့ လှူကြတာ တကယ်အားရဖို့ကောင်းတယ်။ ကျမလည်း ဝင်ပါလိုက်တာပေါ့။ ပညာရေးရန်ပုံငွေ ဆိုတော့ ကျမလည်း အရမ်းလှူချင်တယ်၊ အမေစုလည်း ဝမ်းသာကျေနပ်လိမ့်မယ်လို့ မျှော်လင့်တယ်။ နောက် အနုပညာသမားတွေကိုလည်း ချစ်ခင်လေးစားတဲ့အနေနဲ့ ဒီ အင်္ကျီလေးလည်း ရတယ်ပေါ့”

ဒေါ်အောင်ဆန်းစုကြည်က ဒေါ်မာလာဝင်းကို လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာ ညစာနဲ့ တည်ခင်းဧည့်ခံပြီး အဲဒီ တီရှပ်ကို ပေးအပ်မယ်လို့ သိရပါတယ်။

ကိုယ်ချင်းစာစိတ်နည်းနည်းလေးထားပေးကြပါ

ကိုကိုဦးရေ
ခင်ဗျားပြောတာသိပ်မှန်တယ်ဗျာ ၊ မတရားနှိပ်စက်ညှင်းပန်းပြီးကိုယ်လိုချင်တဲ့အဖြေရအောင်ယူထားတဲ့ဝန်ခံချက်တွေဟာတကယ်တော့
တရားမဝင်တဲ့အပြင်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပါတယ်၊ တချို့ခံခဲ့ရတဲ့ရဲဘော်တွေဟာ ABSDF ကိုနစ်နာမှာစိုးလို့ နှစ်ပေါင်း ၂၀ လောက်ရေငုံ နှုတ်ပိတ်နေခဲ့ကြတယ်၊ တကယ်လေးစားဘို့ကောင်းပါတယ်၊ မြောက်ပိုင်းကအသက် လုပြေး လာပြီး၊ နအဖက သူတို့အတွက်အန္တရာယ်ရှိတဲ့အတွက်ထောင်နှစ်ရှည်ထပ်ချပြီး ၊နအဖ ထောင်ထဲ မှာဆုံးပါးသွား ရတဲ့ ကိုရာကျော် (ရော်နယ်အောင်နိုင်ကသူလျှိဆိုပြီးဖိနပ်ချွတ်ပြီးမျက်နှာကိုရိုက်ခဲ့သူ)တို့ ဟာစပိုင် တွေ မဟုတ် ဘူးဆိုတာခိုင်မာတဲ့သက်သေပြချက်တွေဘဲ၊ ဒါကိုဘယ်သူတွေက ငြင်း ချက်ထုတ်ချင်သေးလဲ? အလင်းပြန်ဝင်တဲ့သူတွေထဲကထောင်ထပ်ကျသူတွေ ဘယ်နှစ်ယောက်ရှိလဲ၊ သိတဲ့ သူတွေပြောရင်သိပ်ကောင်း မယ်၊ တကယ်တော့သူလျှို  လို့မတရားစွပ်စွဲခံရပြီးနှိပ်စက်ခံဒါဏ်ရာတွေနဲ့ အသက် လုပြေးလာတဲ့ကျောင်း သား တွေကို စစ်အစိုးရကလွှတ်မပေးဘဲ ထောင် ထဲမှာဆက်ထားတာကြည့်ရင် မြောက် ပိုင်းသူလျှိဖမ်းပွဲဟာအမှား အယွင်းများစွာရှိနေခဲ့တယ်လို့မှတ် ချက်ချ ရမှာ ဖြစ်တယ်။ သူတို့လူဆိုရင် ဘယ်သူ ကထောင်ချမှာလဲ။
 
နောက်တခုသတိပြုရမှာကအဖြစ်မှန်တွေဖေါ်ထုတ်တယ်ဆိုပြီးကျောင်းသားတပ်မတော်ကိုရန်သူ့လူတွေ
ကဝင်ဖြဲမဲ့အန္တရာယ်ကိုတော့အထူးသတိထားရမယ်လို့မြင်တယ်၊ ABSDF ဟာဒီမိုကရေစီနည်းကျဖွဲ့စည်းခဲ့ပြီး၊ လူ့အခွင့် အရေးတွေကိုတိတိကျကျလေးစားလိုက်နာရမယ်၊ စောင့်သိရိုသေရမယ်ဆိုတာ အခြေခံဥပဒေထဲမှာအတိ အလင်း ပြဌါန်းထားပြီးဖြစ်တယ်၊ ဒါကြောင့်ဒီလိုလုပ်ရပ်ကိုကျူးလွန်တာဟာ ABSDF စည်းမျဉ်းဥပဒေကို ချိုးဖေါက်ခဲ့တာဖြစ်တယ်။ ဒီလိုလုပ်ခဲ့တဲ့လူတွေဟာABSDF ဥပဒေကိုချိုးဖေါက်တဲ့ အပြစ်ရှိတယ် နောက်တမှုကလူ့အခွင့်အရေးကိုချိုးဖေါက်တဲ့အပြစ်ရှိတယ်။
 
ကိုကိုဦး ခင်ဗျားအနေနဲ့ တတိယအကြိမ်ညီလာခံမှာ ဘာဖြစ်ခဲ့တယ်၊ အေဘီနှစ်ခြမ်းကွဲတဲ့အခါ မြောက်ပိုင်းက ဘယ်သူ့ဖက်မှာရပ်ခဲ့ သလဲဆိုတာပြောပြနိုင် ရင်မြောက်ပိုင်းကဘယ်အုပ်စုဘက်က ရပ်တည်ခဲ့ သလဲဆိုတာ အ များသိနိုင်မှာပါ။ ဒီအခါမြောက်ပိုင်းကိစ္စကို ဘယ်ဗဟိုကကိုင်တွယ်ဖြေရှင်းတယ်၊ ဘယ်သူတွေမှာတာဝန်ရှိ တယ်ဆိုတာပိုပြီးရှင်းလာမယ်လို့ထင်တယ်။ သံလွင်စခန်းမှာတတိယအကြိမ်ညီလာခံလုပ်တော့ကိုမိုးသီးက မြောက်ပိုင်းမှာသူလျှိတွေမိတယ်ဆိုတာေ
ကြးနန်းရတယ်လို့ထုတ်ပြောလာတော့ကျုပ်ရှိနေသေးတယ်။ နောက် ကိုယ်စားလှယ်တွေအားလုံး၊ လုံခြုံရေးအရ ၊စစ်ပူလာလို့မဲနယ်ပလောကိုညီလာခံရွှေ့သွားတော့မလိုက် တော့ ဘဲဘန်ကောက်ကိုပြန်တက်သွားလို့နောက်ပိုင်းဘာတွေဖြစ်တယ်ဆိုတာမသိတော့ဘူး။ ခင်ဗျားကညီလာခံဆက်တက်တော့ကျုပ်ထက်အများကြီးသိတယ်။ ABSDF စစ်တမ်းမညှာတမ်း ထုတ်ဘို့ တော့လိုနေပြီလို့ထင်တယ်။ အသက်တွေလဲကြီးလာကြပြီလေ၊ “နေပါအုံးအချိန်မကျသေးဘူး”ဆို တဲ့သူတွေ ကိုတခုတော့ပြောချင်တယ်၊ မင်းတို့မှမခံရဘဲကိုးကွလို့၊နှစ်၂၀ ဆိုတာလုံလောက်တဲ့စောင့်ထိန်းမှုဘဲ၊ မတရား လုပ်သူတွေသေမှအမှုကိုစစ်ပါတော့လို့ပြောကြမှာလား။ သေတဲ့သူတွေသေကုန်ကြပြီ၊ ကိုယ်ချင်းစာစိတ်က လေးထားပြီး၊ အသတ်ခံလိုက်ရတဲ့ကျောင်းသားစစ်စစ်တွေရဲ့ဂုဏ်သိက္ခာကိုပြန်ဆယ်ဖို့ ကိစ္စမှာမတရားစွပ်စွဲ ခဲ့တဲလူတွေအားလုံးမှာတာဝန်ရှိတယ်၊ ဒီလူတွေဟာသူတို့အမှားကိုဝန်ချတောင်းပန်ရမယ်၊ တော်လှန်ရေးသမားတွေဘဲကွာလုပ်ရဲရင်ခံရဲရမှာပေါ့၊ ကိုယ့်အလှည့်ကျမနွဲ့စတမ်းပေါ့။ ABSDF ဂုဏ်သိက္ခာကျအောင်လုပ်တဲ့သူမှန်သမျှတော့ဘယ်တော့ မှခွင့်မ လွှတ်ဘူးဆိုတာမှတ်ထားလိုက်။
ထွန်းအောင်ကျော်


ကိုယ်ချင်းစာစိတ်နည်းနည်းလေးထားပေးကြပါလို့၊
ကိုကိုဦး(၁၀၂)
မြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ လူရမ်းကားတစ်စုရဲ့ ဂိုဏ်းဂဏဆန်ဆန် ဗိုလ်ကျသတ်ဖြတ်မှု
နဲ့ပတ်သက်လို့ ဒါမကဒတကိုသက်သက်စော်ကားနေတာလို့ခံစားမိသူတွေရှိနိုင်ပါတယ်၊ ဒီနေရာမှာ ကိုယ်ချင်းစာတတ်ပါမှအမြင်မှန်ကိုတွေ့နိုင်ပါတယ်၊ငါသာဒီလိုမျိုးအလုပ်ခံခဲ့ရရင်ဆိုတဲ့အတွေး
လေးကိုတကယ်တွေးကြည့်ကြပါ၊ သိပ်ကိုရင်နာဖို့ကောင်းတယ်ဆိုတာကိုလူတိုင်းကိုယ်ချင်း
စာမိပါလိမ့်မယ်၊ မကဒတကိုသက်သက်သိက္ခာချနေပါတယ်လို့ထင်နေတဲ့သူတွေ အပြန်ပြန်
အလှန်လှန်စဉ်းစားကြစေချင်ပါတယ်၊ဒီကိစ္စတွေကိုလူမသိစေချင်လို့ဖုံးတာကသိက္ခာကြတာ
လား၊တရားဥပဒေအတိုင်းဖြစ်စေသူတွေလုပ်ရပ်ကသိက္ခာကြစေသလား၊
တကယ်ခံခဲ့ရတဲ့ကံယကံရှင်တွေဟာ အံသြစရာကောင်းအောင် ဒီနေ့အထိမျိုသိပ်နေခဲ့တယ်။
သူတို့မှာလည်းစိုးရိမ်စိတ်တွေရှိနေကြပြီ၊ငါတို့တစ်တွေအသက်တွေကြီးကြပြီ၊ကြရင်ဒီသမိုင်း
ဟာအမှန်မပေါ်ပဲပျောက်ကွယ်သွားတော့မယ်၊ငါ့တို့အသက်ရှင်နေခိုက်မတရားပြုကျင့်ခံခဲ့ရယုံ
မျှမက သမိုင်းကွေးနေအောင်စပိုင်အဖြစ်သေခဲ့ရတဲ့အဖြစ်ဆိုးမျိုးကို ဘယ်သူကလိုချင်မလဲ၊
ကိုယ်ချင်းစာတတ်သူတိုင်းသူတို့ကိုနားလည်ပေးရမယ်၊ ၀ိုင်းလည်းဝိုင်းရံပေးကြရယ်၊
အဖြစ်မှန်၊သမိုင်းအမှန်အတွက်ငါတို့သတ္တိရှိကြရမယ်၊ပုဂ္ဂိုလ်ရေးခင်မင်မှုကိုဘေးချိတ်ပြီး တကယ်နစ်နာသူတွေအတွက်ငါတို့အားလုံးအမှန်တရားဖက်က ရပ်တည်ပေးကြရမှာပဲ၊ ဒါမှမကဒတဟာ သူ့သမိုင်းကိုလာဖျက်တဲ့သူတွေကို လုံးဝလက်မခံဘူးဆိုတာဖြစ်လာမယ်၊ ရေငုံနှုတ်ပိတ်နေရင် စစ်အစိုးလုပ်ရပ်မျိုးနဲ့သွားတူနေမှာပေါ့၊ ဖြစ်လာခဲ့ပြီမို့သတ္တိရှိရှိရင်ဆိုင် ဖြေရှင်းကြရမှာပဲ၊ ဖုံးထားလို့ရတဲ့ကိစ္စမဟုတ်သလို ပြစ်ပယ်ထားလို့လည်းသင့်တဲ့ကိစ္စမဟုတ်
ဘူး၊မကဒတမူဝါဒထဲမှာလည်း။ ဒီလိုလက်လွတ်စပယ်မင်းမဲ့စရိုက်ကိုလက်မခံဘူးဆိုတာပြဒါန်း
ထားတာငါတို့အားလုံးအသိပဲ၊ ပထ၀ီအနေအထားအရဖြစ်စေ၊ မဟာမိတ်ဆက်ဆံရေး အခက်အခဲကြောင့်ဖြစ်စေ(ဒါမှမဟုတ်)အုပ်စုအစွဲကြောင့်ဖြစ်စေ၊လက်တွေ့အနေအထားမှာ
ကျူးလွန်ခဲ့သူတွေကို မကဒတ အနေနဲ့ဒီနေ့အထိအရေးမယူနိုင်ခဲ့တာလို့ပဲ နားလည်ထားခဲ့
ကြသူတွေများပါတယ်၊ တကယ်ဆိုရင် အမှန်တရားကိုလိုလားသူတွေ ဒီမိုကရေစီကိုချစ်မြတ်နိုး
သူတွေ ကျောင်းသားတော်လှန်ရေးကိုအသက်နဲ့ထပ်တူချစ်မြတ်နိုးသူတွေအားလုံးရင်ထဲမှာ
လည်း ဒီလိုပဲရှိကြမှာပဲ၊
ငါတို့အားလုံးတောင်းဆိုနေကြတဲ့ဒီမိုကရေစီစံနှုန်းနဲ့ပဲဆိုဆို၊ လူ့အခွင့်အရေးစံနှုန်းနဲ့ပဲဆိုဆို တကယ်ဆိုရင်ဒါတွေဟာလုံးဝမတရားသလို လုံးဝကိုလက်ခံအားပေးရမဲ့ကိစ္စမဟုတ်ဘူး၊ အွန်လိုင်းမှာ အသံတွေမျိုးစုံကြားရပေမဲ့ ဒီလိုအသံမျိုးတွေကိုကျနော်ပိုကြိုက်တယ်၊
==== ငါတို့ဟာ ကျောင်းသားအစစ်တွေဖြစ်တယ် ကွ။ ငါတို့ဟာ ကျောင်းသားအစစ်တွေ ဖြစ်တယ်ကွ။ သူများကို လူမဆန်စွာ မသတ်ရဲပေမဲ့ တော်လှန်ရေးမှာ ဘယ်လို ပုန်သဏ္ဍန် နဲ့ သေရသေရ သေရဲတယ်မှတ်ပါ။ သေရဲလို့ တော်လှန်ရေးလုပ်နေတာ။ ငါ့နာမည် သံဒုတ်ဖြစ်တယ်။ ငါမှာ အုပ်စုမရှိဘူး ဂိုဏ်မရှိဘူး၊ ငါတို့ ရန်သူနဲ့ စေ့စပ်တဲ့ သမိုင်းမရှိဘူးကွ။ မြောက်ပိုင်းမှာ လူမဆန်စွာ အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေကို သံဒုတ် အလေးပြုတယ်။ ငါဟာကျောင်းသား အစစ်ဖြစ်တယ်။=====
အချို့အသံတွေကမှုံဝါးဝါးနိုင်လွန်းတယ်၊ ငါတို့အားလုံးချစ်ကြတဲ့မကဒတသိက္ခာကိုထိခိုက်
နိုင်တယ်ဆိုပြီး ခံရသူတွေကိုမလုပ်ပါနဲ့တော့မပြောရုံတမယ်ရေးသူတွေရှိလာတာအံကြ
စရာပါပဲ၊ တကယ်ဆိုရင်လူသတ်ကောင်တွေပဲဆိုဆို မကဒတအလံတော်ကိုညှစ်နွမ်းအောင်
လုပ်သူပဲဆိုဆို ထိုသူတွေကိုပြစ်တင်ရမဲ့အစား သူငယ်ချင်းပြောနေကြ လူရာသွင်းပေးနေကြ
မြှောက်ပင့်ပြောနေကြသူတွေကိုလည်းတွေ့နေရပါတယ်၊ ဒါဟာကိုယ်ချင်းစာရာမရောက်သလို
ဒီမိုကရေစီစံနှုန်းနှင့်လူ့အခွင့်အရေးစံနှုန်းတွေကို ပျက်ရယ်ပြုရာလည်းရောက်ပါတယ်၊
တစ်ချို့လူတွေဆိုရင်ရော်နယ်လ်အောင်နိုင်ကိုဥက္ကဌလေးဆိုပြီး တလေးတစားခေါ်ပြောနေတာ ကိုတွေ့ရလို့အံ့ကြစရာတောင်ကောင်းတယ်၊
တကယ်ခံရသူတွေအတွက်နှလုံးကြေကွဲခံခဲ့ရပေမဲ့ လုပ်ခဲ့တဲ့သူတွေဟာဘာမှ မဖြစ်သလို ကနေ့အထိလူရာသွင်းနေတဲ့သူတွေရှိနေတာက အလွန်အရုပ်ဆိုး အကျည်းတန်လှပါတယ်၊
တစ်ချို့ကမိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာသလိုမျိုး မဆီမဆိုင်တဲ့အကြောင်းပြချက်တွေနဲ့
ဆိုလာကြတာကိုလည်းတွေ့နေရပါတယ်၊ ခုအချိန်မှာထပြီးလာလုပ်တာလည်း ညာလည်းပေါ့
ခံခဲ့သူတွေလည်းခံခဲ့ရ၊အသက်ဆုံးရှုးသူတွေလည်းဆုံးရှုံးခဲ့ရပြီ၊သမိုင်းလည်းအဖျက်ခံခဲ့ပြီးပြီ
သူတို့အောင့်အီးပြီး ဒီလောက်အထိနေနိုင်တာ မအံ့သြပဲ ငါသာဒီလိုခံခဲ့ရရင်လို့ကိုယ်ချင်းမစာ
ခုအချိန်မှာထပြီးဘာလာလုပ်တာလည်းပြောသူတွေကို အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်၊
ညီအစ်ကိုချင်းလိုကိုယ့်ချင်းစာစိတ်မထားနိုင်တောင်မှ တော်လှန်သောညီအစ်ကိုများသဘွယ်
ကိုယ်ချင်းစာစိတ်နည်းနည်းလေးထားပေးကြပါလို့၊

Friday, December 30, 2011

Daw Aung San Suu Kyi @ Charity Concert for Assisting Education

NLD Party's Charity Music Concert

သန်းကြွယ်သူဌေး George Soros နဲ့ ဒေါ်စုတွေ့ဆုံမည် ဗွီအိုအေ

  1. Images for George Soros 



အမေရိကန်ပြည်ထောင်စုက သန်းကြွယ်သူဌေးကြီးလည်းဖြစ်၊ ပရဟိတ အလှူရှင်ကြီးလည်းဖြစ်သူ ဂျော့ဂ်ျဆိုးရော့စ် (George Soros) ဟာ အခု မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေပြီး မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့သီတင်းပတ်ထဲမှာ တွေ့ဆုံဖို့ရှိတယ်လို့ NLD ပြောခွင့်ရသူက သောကြာနေ့က အတည်ပြု ပြောဆိုလိုက်ပါတယ်။
ကမ္ဘာမှာ အချမ်းသားဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်သူ သူဌေးကြီး ဂျော့ဂ်ျဆိုးရော့စ်ဟာ မြန်မာ့ ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် ရန်ပုံငွေတွေ ပံ့ပိုးပေးနေသူ ဖြစ်ပါတယ်။ အခု သူ မြန်မာနိုင်ငံကို ရောက်ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇန်န၀ါရီလ ၂ ရက်၊ တနင်္လာနေ့မှာ တွေ့ဆုံမှာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အတည်ပြု ပြောဆိုလိုက်တာပါ။ စေတနာရှင် သူဌေးကြီး ဂျော့ဂ်ျဆိုးရော့စ် အနေနဲ့ ပရဟိတလုပ်ငန်းတွေအတွက် အလှူဒါနပြုရေး ဆွေးနွေးကြဖွယ် ရှိတယ်လို့ ဆိုပါတယ်။
Open Society Institute (OSI) ရန်ပုံငွေအဖွဲ့ ထူထောင်သူ မစ္စတာဆိုးရော့စ် က မြန်မာ့ဒီမိုကရေစီရေးနဲ့ ပညာရေး အစီအစဉ်တွေအတွက် နှစ်စဉ် ဒေါ်လာ ၂ သန်းခန့် ပညာသင်ဆုတွေ ချီးမြှင့်နေတာဖြစ်ပါတယ်။ အသက် ၈၁ နှစ်အရွယ် မစ္စတာ ဆိုးရော့စ်ဟာ မိသားစုနဲ့အတူ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေစဉ် အင်းလေးနဲ့ ပုဂံကိုလည်း လေ့လာရေးခရီး သွားဖို့ရှိတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။




                                                      George Soros

လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက် မမှန်ကန်ဟု ဦးဝင်းတင်ဝေဖန်

အင်းစိန်အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ ထောင်အာဏာပိုင်တွေ လိမ်ညာတာကို ခံခဲ့ရတာလို့ နိုင်ငံရေး နှစ်ရှည်အကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ အင်းစိန်ထောင်နဲ့အတူ လှေလှော်အင်း ရဲဘက်စခန်းတွေကို သွားလေ့လာအပြီး ထုတ်ပြန်လိုက်တဲ့ စာနဲ့ပတ်သက်လို့ ဦးဝင်းတင်က အခုလို တုံ့ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်စုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
ဒီဇင်ဘာလ ၃၀ ရက် နေ့စွဲနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အင်းစိန်ထောင်နဲ့ လှေလှော်အင်း ရဲဘက်စခန်းတွေအကြောင်း သတင်းထုတ်ပြန်တာကို အစိုးရသတင်းစာတွေမှာရော မြန်မာ့ရုပ်မြင်သံကြား တွေမှာပါ ပြသခဲ့တာပါ။
အချက် ၈ ချက်နဲ့ ဖော်ပြထားတဲ့ ဒီထုတ်ပြန်ချက်ထဲမှာ အင်းစိန်ထောင်ထဲနဲ့ လှေလှော်အင်း ရဲဘက်စခန်းတွေက အကျဉ်းသားတွေကို အကျဉ်းထောင်လက်စွဲနဲ့အညီ အကျဉ်းသားတွေကို ပြုစုစောင့်ရှောက်သလို ကုလမဂ္ဂရဲ့ အနိမ့်ဆုံးစံနှုန်းတွေနဲ့ အခြေခံထား လုပ်ပေးနေတယ်လို့ ထောင်အာဏာပိုင်တွေက လူ့အခွင့်အရေးကော်မရှင်အဖွဲ့ကို ရှင်းပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အင်းစိန်ထောင်မှာ အနှစ် ၂၀ နီးပါး အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့  ထောင်အာဏာပိုင်တွေဟာ ထောင်ကိုလာကြတဲ့ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်ဧည့်သည်ကိုမဆို အမှန်အတိုင်း ရှင်းလင်းပြတာ မရှိတာမို့ အခု လူ့အခွင့်အရေး အဖွဲ့ဟာလည်း ထောင်အာဏာပိုင်တွေရဲ့ လိမ်ညာမှုကို ခံလိုက်ရတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ထောင်အာဏာပိုင်တွေ ဆိုတာက အဲဒီလို အထက်ကလူတွေ လာတယ်။ ပြင်ပကလူတွေ လာတဲ့အခါမှာ ဘယ်တော့မှ အမှန်မပြောဘူးခင်ဗျ။ လိမ်လွှတ်မယ်၊ တမျိုး ပြောင်းပြောမယ်။ ဒါပဲဗျ။ အဲဒီတော့ ဒီလူ့အခွင့်အရေး ကော်မရှင်ဟာ ထောင်အာဏာပိုင်တွေရဲ့ နောက်ဆုံး အလိမ်ခံရတဲ့ လူတွေအနေနဲ့ပဲ ဖြစ်တယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။”
ဒါ့အပြင် အကျဉ်းထောင်နဲ့ ရဲဘက်စခန်းတွေတွင်း ကျန်းမာရေး စောင့်ရှောက်မှု၊ အနားယူမှု၊ အစားအစာနဲ့ ဘာသာစကားလို သင်တန်းတွေအပြင် ကွန်ပျူတာသင်တန်း၊ ကျောင်းပညာရေး၊ ဘာသာရေး ကိစ္စတွေကအစ လုပ်ပေးနေတာတွေကို သူတို့ တွေ့ခဲ့ရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ရေးထားပါတယ်။ ဦးဝင်းတင်ကတော့ သူရဲ့ နှစ်ရှည်ထောင်တွင်း အတွေ့အကြုံတွေအရရော လက်ရှိနိုင်ငံရေး အကျဉ်းသားတွေ အတွက်ရော အနုတ်လက္ခဏာ ပြတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ပထမဦးဆုံး လိုအပ်ချက်က လူတွေရဲ့ စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ စိတ်ကျန်းမာရေး၊ လူကျန်းမာရေး။ အဲဒါတွေက လိုတာဗျ။ အဲဒါတွေအတွက် ဘာတစ်ခုမှ ပြည့်စုံအောင် လုပ်ပေးတာမရှိဘူး။ ကျနော် ရှိတဲ့အချိန်ရော၊ အခုချိန်ရော ဘာမှထူးမှာမဟုတ်ဘူး။ ဥပမာဗျာ ကျနော့်အတွေ့အကြုံ ပြောရရင် ကျနော် အူအတက်ပေါက်လို့ အူခေါက်ပြီးတော့ အမျိုးမျိုး ဒုက္ခတွေနဲ့ မခံစားနိုင်လောက်အောင်ကို ဒုက္ခသုက္ခ ရောက်နေတယ်။ အဲဒီလိုဖြစ်တဲ့ အနေအထားမျိုးမှာတောင်မှ ခွဲစိပ်မပေးဘူး။ အဲဒါ ဘယ်လောက်ကြာလဲ ဆိုတော့ ၅ နှစ်ကြာတယ်ဗျ။ အဲဒီလိုဟာမျိုး အလားတူပဲ ဆိုပါတော့ဗျာ ကျနော့်ကို ထောက်လှမ်းရေးက ရိုက်တာနှက်တာနဲ့ ကျနော် သွားတွေ ပြုတ်ကုန်တယ်ဗျာ။ ကျနော် သွားတွေ မရှိဘူး။ အထက်သွားတွေ တစ်ချောင်းမှမရှိဘူး။ အဲဒါကို ကျနော့်ကို သွားစိုက်မပေးဘူးဗျ။ သွားစိုက်ပေးဖို့လည်း မကြိုးစားဘူး။ ကျန်းမာရေး စောင့်ရှောက်တယ်ဆိုတာ ဘယ်တော့မှ မလုံလောက်ဘူး။ ဘယ်တော့မှ မပြည့်စုံဘူး။”
စစ်ခွေးတိုက်နဲ့ ပတ်သက်လို့ ရေးသားထားတာလည်း တွေ့ရပါတယ်။ မကြာသေးခင်ကာလတွေက အစာငတ်ခံ ဆန္ဒပြသူတွေကို စစ်ခွေးတိုက်တွေမှာ ထားတယ်လို့ တိုင်တာရှိပေမဲ့ သူတို့အဖွဲ့ ထောင်ထဲမှာတွေ့ပြီး မေးမြန်းခဲ့တော့ ဒါဟာ သတင်းမှား ဖြစ်တယ်လို့လည်း ရှင်းလင်းထားပါတယ်။ ဒီစစ်ခွေးတိုက်နဲ့ပတ်သက်လို့ ဦးဝင်းတင်က သူ့အတွေ့အကြုံကို ရှင်းပြရာမှာတော့ -
“သမံတလင်းပေါ်မှာ အိပ်ရတယ်။ ဖျာတောင်မပေးဘူး။ စစ်ခွေးတိုက်တွေမှာ ကျနော်တို့ အိမ်သာဆိုတဲ့ ဟာတွေက ကျနော်တို့မှာ သေးအိုးရော ချေးအိုးရောက အငွေ့တွေ ပြန်ထွက်ပြီးတော့ နေတဲ့ဟာ။ ကျနော် ကြုံခဲ့တယ်။ ဒီ ခွေးတိုက်ဆိုတဲ့ဟာက တမင်ကို ငြင်းပမ်းဖို့ကို ပြစ်ဒဏ်မှာ အမြင့်ဆုံးထားတဲ့တိုက်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ခွေးတိုက်မှာ အကြာကြီး နေခဲ့ဖူးတဲ့သူအနေနဲ့ သက်သေခံနိုင်ပါတယ်။”
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်ရှင်ရဲ့ ထုတ်ပြန်စာထဲမှာ အင်းစိန်ထောင်တွင်းမှာ ရှိနေတဲ့နေရာထက် လက်ရှိ အကျဉ်းသား ဦးရေကများနေတာ တွေ့ရတယ်လို့ ရေးသားထားသလို ဘာသာရေးဆိုင်ရာ သင်တန်းတွေနဲ့ စခန်းတွေကို ပိုဖွင့်ပေးဖို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလာဖို့ကိုလည်း မျှော်လင့်ကြောင်း ရေးထားတာတွေ့ရပါတယ်။
“ကျနော် ထောင်ထဲမှာ အနှစ် ၂၀ နေခဲ့တဲ့သူ။ နောက်ပြီးတော့ ထောင်ထဲမှာ နေရာစခန်းပေါင်းများစွာ၊ ဆေးရုံပေါင်းများစွာကို ကျနော် နေခဲ့ဖူးတဲ့သူ တစ်ယောက်အနေနဲ့ သူတို့ပြောတာတွေ တစ်ခုမှ မယုံဘူး။ ကျနော် မယုံဘူး ဆိုခြင်းဟာ ကျနော့်ကို သက်သေခံမယ့် ကျနော့်လိုပဲ မယုံဘူးဆိုတဲ့သူတွေ အများကြီး ရှိလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။ ကျနော် ခုမှပြောတာ မဟုတ်ပါဘူး။ ကော်မရှင်ဟာ အမြဲတမ်း အစိုးရနဲ့ အပြန်အလှန်လုပ်ပြီးတော့ လုပ်နေတဲ့သူတွေလို့ပဲ ကျနော် သဘောထားတယ်။ အစိုးရနဲ့ သံတူကြောင်းကွဲတွေ ပြောနေတာပဲ။”
နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်၊ ထောင်တွင်း အတွေ့အကြုံတွေကို “နင်လားဟဲ့ လူ့ငရဲ” ဆိုတဲ့ စာအုပ်တစ်အုပ်ကိုလည်း ရေးသားခဲ့တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် ပြောသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင်အရေးကော်မရှင် ဥက္ကဋ္ဌနဲ့အဖွဲ့ဝင် ၇ ဦးတို့ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်းစိန်ထောင်နဲ့ ၂၈ ရက်နေ့မှာ လှေလှော်အင်း ရဲဘက်စခန်းတွေကို သွားပြီး လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာခဲ့တာနဲ့အတူ အစောပိုင်းမှာလည်းး မြစ်ကြီးနားထောင်တွေကို သူတို့အဖွဲ့ လေ့လာတာတွေ လုပ်ခဲ့ပြီးတဲ့နောက် အခုလို အကျဉ်းထောင်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။



ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလ ၁ ရက်နေ့

မြန်မာနိုင်ငံမှာ လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲတွေကို ရှေ့လာမယ့်နှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲတွေ ကျင်းပအပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်တွင်းမှာ လစ်လပ်နေတဲ့ နေရာ ၄၈ နေရာအတွက် အစိုးရက ကြားဖြတ် ရွေးကောက်ပွဲတွေ ပြန်လည် ကျင်းပသွားမှာပါ။
မြန်မာအစိုးရရဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့တယ်ဆိုပြီး ပါဝင်ခြင်းမရှိခဲ့တဲ့ အဓိက နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အစိုးရသစ် တက်လာပြီးနောက် အပြောင်းအလဲတွေနဲ့အတူ လွှတ်တော် နိုင်ငံရေး လုပ်ငန်းတွေမှာ ပြန်လည် ပါဝင်ဖို့ ဆုံးဖြတ်ကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံရေး ပါတီအဖြစ် ဒီလထဲမှာပဲ ရွေးကောက်ပွဲ ကော်မရှင်ထံမှာ ကိုယ်စားလှယ် ၂၀ ကျော်နဲ့ မှတ်ပုံတင်လျှောက်ထားပြီး ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ပါဝင်မယ်လို့ ပြောဆိုထားတာပါ။
မှတ်ပုံတင် ခွင့်ပြုချက်ကိုတော့ ကော်မရှင်က အခုအချိန် အထိတော့ တရားဝင် လက်ခံမထားသေးပါဘူး။ မှတ်ပုံတင်ရာမှာ အဓိကခေါင်းဆောင် တစ်ဦးအနေနဲ့ အမည်စာရင်း ထည့်သွင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နယ်မြေကနေ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ဆန္ဒရှိကြောင်း ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှာ မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။


UK သံတမာန်တစ်ဦး၏ ကော့မှူးသို့ စက်ဘီးစီး ခရီးစဉ်


UK သံတမာန်တစ်ဦး၏ ကော့မှူးသို့ စက်ဘီးစီး ခရီးစဉ် – UK diplomat on the bike in Rangoon

ကိုငယ်
ဒီဇင်ဘာ ၃၀၊ ၂၀၁၁

ဗြိတိသျှ သံရုံးမှ ဒုတိယအတွင်းဝန် Mr. Joe Fisher ဟာ ( ၂၇.၁၂ .၁၁ ) အင်္ဂါနေ့  မနက် ( ၆ ) နာရီမှာ ရန်ကုန်မြို့ မှ စက်ဘီးနဲ့ စတင် ထွက်ခွာပြီး ကော့မှူးမြို့ သို့ မနက် ( ၁၁း ၃၀ ) နာရီမှာ ချောမောစွာ ရောက်ရှိခဲ့ပါတယ်။
ကော့မှူးမြို့  အဖွဲ့ ချုပ်အ၀င်များ၊ ပညာရေးကွန်ယက်မှ လူငယ်များ၊ အမေ့အလင်းရောင် ပညာဒါနကျောင်းမှ ကလေးငယ်များက ၀မ်းမြောက်စွာ ကြိုဆိုခဲ့ကြပါတယ်။
NLD ပညာရေးကွန်ယက်ရဲ့ အမေ့အလင်းရောင် ပညာဒါနကျောင်းလေးကိုလည်း သွားရောက် လေ့လာပြီး ကလေးငယ်များ၊ ဆရာဆရာမများနဲ့  ရင်းနှီးစွာ တွေဆုံ နှုတ်ဆက် စကားပြောခဲ့ကြပါတယ်။
သူ့ ခရီးစဉ်ရဲ့  အဓိက ရည်ရွယ်ချက်ကတော့
( ၁ ) NLD ပညာရေး ကွန်ယက်က လုပ်ဆောင်နေသည့် ပညာရေး လုပ်ငန်းများကို လေ့လာရန်။
( ၂ ) ဒလ နှင့် ကော့မှူးဒေသရှိ လူနေမူ ဘ၀ အခြေအနေကို လေ့လာရန်။
( ၃ ) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ပြည်သူများ လိုက်ပါဆောင်နိုင်စေရန် တို့ ဖြစ်ပါတယ်။

ကော့မှူးမြို့ ဆံတော်ရှင် ဆုတောင်းပြည့် စေတီ၊ ဘုရားကြီး ဆရာတော်တို့ ကိုလည်း သွားရောက်ဖူးမြော်ခဲ့ပြီး ကော့မှူးဒေသ လူနေမူဘ၀ ၀ါးယက်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း လေ့လာသွားခဲ့ပါတယ်။
Mr. Joe Fisher ဟာ မွန်းလွဲ ( ၃း၃၀ ) နာရီမှ ကော့မှူးမြို့ NLD အဖွဲ့ဝင်များကို နှုတ်ဆက်ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။










share
 

ကူးတို့ဆိပ်အတွက် နိဗ္ဗာန်ကူးတို့


ဒီဇင်ဘာ ၃၀၊ ၂၀၁၁

နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ ပြန်ကြားရေးအဖွဲ့ဝင်များသည် ၁.၁.၂၀၁၂ ရက်နေ့တွင် ကျင်းပ မည်ဖြစ်သော (၁၁) နှစ်ပြည့် အခမ်း အနားအတွက် လုပ်ငန်းဆောင်တာများကို ၂၉.၁၂.၂၀၁၁ ရက်နေ့ နံနက် (၀၁း၃၀) နာရီအချိန်ခန့်အထိ လုပ်ဆောင်ကြပြီး မြောက်ဒဂုံမြို့နယ် ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် အိပ်စက်အနားယူရန် ပြင်ဆင်နေစဉ် “အုန်း” ကနဲဟူသော ကျယ်လောင်သော မြည် ဟိန်း သံကြီးနှင့်အတူ အဆောက်အဦးတစ်ခုလုံးတုန်ခါသွားတော့သည်။ ထို့ကြောင့် ပြန်ကြားရေးအဖွဲ့ဝင်များသည် ရုံးအဆောက်အဦး တစ်ခုလုံး ကို အထက်အောက်လိုက်လံစစ်ဆေးကြရာ ထူးခြားမှုတစ်စုံတစ်ရာမရှိသည့်အတွက် အနားယူအိပ်စက်ခဲ့သည်။

နံနက် (၅း၃၀) နာရီအချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ်နေ အသင်းသား/သူများထံမှ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်းရှိ ဂိုဒေါင်များ မီးလောင်ပေါက်ကွဲမှု သတင်းဆိုးကြီးအား ကြားသိရတော့သည်။ သတင်းကြားလျှင်ကြားချင်း၌ ဥက္ကဋ္ဌ ဦး ကျော်သူမှ ကူညီကယ်ဆယ်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့အား တွဲဖက်အတွင်းရေးမှူး (၂) ဦးစန်းအေးဦးဆောင်၍ သွားရောက် စုံစမ်းမှုကို ပြုလုပ်ခဲ့သည်။ ပေါက်ကွဲမှု၊ မီးလောင်မှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူများ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှသိရှိကာ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အသင်းသား/သူအချို့တို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွား ရောက်၍ လူနာများအား ဆေးဝါးနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဆေးဝါး တန်ဖိုး (၅) သိန်း၊ လူနာတစ်ဦးလျှင် (၁) သောင်းကျပ်နှင့် လူနာဦးရေ (၈၀) ဦးခန့်ကို ကိုယ်တိုင်ကိုယ်ကျ လူနာများလက်ထဲသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ရုံးချုပ်တွင် လည်း စုံစမ်းရေးအဖွဲ့ ပြန်လည် ရောက်ရှိသည်နှင့် မီးဘေးဒုက္ခသည်များအတွက် လိုအပ်လျှက်ရှိသော စောင်၊ ဒန်အိုး၊ ဒန်ခွက်၊ စတီးဇလုံ၊ စတီးမတ်ခွက်၊ စတီးဇွန်းကြီး၊ ဆပ်ပြာတို့အား မင်္ဂလာဈေးနှင့် သံသုမာလမ်းရှိဆိုင်ခန်းများတွင်သွားရောက်ဝယ်ယူကာ ခေါင်းလျှော်ရည်၊ အ၀တ်အထည် (ကျား/မ/ကလေး) များကို၎င်း၊ မီးဘေးဒုက္ခသည်များထဲတွင် ပါဝင်ခဲ့သော သံဃာတော်(၇)ပါး အတွက် သင်္ကန်းများနှင့် စုစုပေါင်းတန်ဖိုး သိန်း (၄၀) ကျပ်ခန့် လှူဒါန်းမှုကို ဦးကျော်သူနှင့် အသင်းသား/သူများမှ သွားရောက် လှူဒါန်းမှုများပြုခဲ့သည်။ လှူဒါန်းမှုခရီးစဉ်မထွက်ခွာမှီ အလှူရှင် တစ်ဦးမှ ခေါင်းအုံး အလုံး (၂၀၀) ကျော် လာရောက်လှူဒါန်းမှုပြုခဲ့ပါ၍ ယင်းခေါင်းအုံးများကိုပါ တစ်ပါးတည်း မီးဘေးဒုက္ခသည် စခန်းရှိရာသို့ သယ်ဆောင်လှူဒါန်းနိုင်ခဲ့သည်။
ထိုသို့ လှူဒါန်းမှုပြုလုပ်ရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးဝါးအလှူငွေ လှူဒါန်းပြီး၍ ပြန်လာ ကြသော ဒေါ်သန်းမြင့်အောင်၊ ဒေါ်ရွှေ ဇီးကွက်နှင့် အသင်းသူ/သားများနှင့် ချိတ်ဆက်ပူးပေါင်းကာ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ “မဟာဝိဇယာရာမတိုက် ပုသိမ်ညွှန့်ရာကျော် ကျောင်းကြီး”ရှိ ကျောင်းထိုင်ဆရာ တော်ကြီးထံတွင် ကိုယ်တိုင်ကိုယ်ကျစုပေါင်း၍ လှူဒါန်းမှုကို ပြုလုပ်နိုင်ခဲ့သည်။ ပုသိမ်ညွှန့်ရာကျော် ကျောင်း ကြီးအတွင်းရှိ “အောင်သြဘာသိဒ္ဓိဓမ္မာရုံ” ၌ နေထိုင်နေရကြသော မီးဘေးဒုက္ခသည်များအား ၀င်ရောက်၍ အားပေးစကားများ ပြော ကြားခဲ့ပါသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများ၊ ပညာရေးကိစ္စများကို (အခမဲ့) ကူညီဖေးမ ပေးလျှက်ရှိသလို ရန်သူမျိုးငါးပါးဖြစ်သော ရေဘေးဒုက္ခ၊ လေဘေးဒုက္ခ၊ စစ်ဘေးဒုက္ခ၊ မီးဘေးဒုက္ခစသည့် ဒုက္ခမျိုးစုံတို့ကိုလည်း ကူညီဖေးမလှူဒါန်းမှုများကို အသင်းသူ/သားများ၊ ၀န်ထမ်းများနှင့် လက်ချင်းယှက်ကာ စည်းလုံးညီညွှတ်စွာဖြင့် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားကာ မင်္ဂလာ တောင် ညွှန့်မြို့နယ် ကူးတို့ဆိပ်ရှိ မီးဘေးဒုက္ခသည်များအား အများပြည်သူတို့မှ လှူဒါန်းမှုတို့ကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှ နိဗ္ဗာန် ကူးတို့အဖြစ် ကူညီဖေးမပေးဆပ်မှုပင်ဖြစ်တော့သည်။














share
 

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း – ၁ ) (အပိုင်း-၂-) (အပိုင်း-၃-)


မြောက်ပိုင်း ဒေသ မှ အရိုးတွန်သံများ ( အပိုင်း – ၁ )

by FNG on December 21, 2011

387340_1672262343808_1754885806_845850_1449347218_n

အောင်မိုးဝင်း၊             
  ၊(၁)ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသက ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီးချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။ ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြုမခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါလိမ့်မယ်။ လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုးကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။
တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း  တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်းအရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့သူတွေဟာ၊ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ်ခံ ပျော်မြူးခဲ့ကြတယ်။ ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။
(၂)
ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော်ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊ “ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် – ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။ ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။
တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေအပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။
(၃)
ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို ပေးပို့လိုက်ပါတယ်။  လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။
တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ်ထားခဲ့တယ်။ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။  ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲစစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။
အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။
(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။
(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။
(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။
(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။
(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။
(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။
(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊
(၈) ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။
(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊
(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၂) ဗိုလ်သာဓု ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ
 ( ၁၃) ရဲဘော်အောင်အောင် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၄) ရဲဘော်အေးမြင့် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်
(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ
(၁၇)ပည်စိုးနိုင် ( ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။
အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက
(၁) ကိုကျော်ဝေ ( မန္တလေး)
(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။
(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊
(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်
(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) – ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်
ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။
FNG မှကူးယူဖော်ပြပါသည်။

(သူကတော့ဒီအဖြစ်အပျက်ကိုမသိခဲ့တာပဲလား၊ရေးခွင့်မကြုံသေးလို့ မရေးခဲ့တာပဲလားမသိပါဘူး။ ဒီအကြောင်းကိုသူ့ စာထဲမှာတစိုးတစိမှရေးထားတာမတွေ့ ပါဘူး။ ဘာပဲဖြစ်ဖြစ် အေဘီမြောက်ပိုင်း
တောခို တယောက်ရဲ့ အတွေ့ အကြုံမို့  လင့် လိုက်ပါတယ်။)
မောင်မောင်ခင်(ရမ်ဘို) ရဲမြောက်ပိုင်းအေဘီအတွေ့ အကြုံ ပါ။
(ဒီလူသတ်ပွဲကြီးပြီးတဲ့နောက်  သြဂုတ်(၈)ရက် အေဘီ ၄ နှစ်မြောက်အခမ်းအနားကျင်းပခဲ့ပုံ၊လူသတ်သမားမျိုးဝင်းအကြောင်း
သေဆုံးခဲ့တာတွေကိုရေးသားထားပါတယ်။ ကိုဈာန်ရဲ့ ဘလော့က လင့်ပါတယ်။)

Sunday, September 7, 2008


ဥတ္တရ ယဉ်စွန်းတန်းက ခွပ်ဒေါင်းတို့ရဲ့ မာန်ဟုန်ဝင့်သံ

မောင်မောင်ခင် (ရမ်ဘို)
မောင်မောင်ခင်(ရမ်ဘို) မှာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ရင်း (၇၀၁)မှ ဖြစ်ကာ၊ ယမန်နှစ် ဒီဇင်ဘာလက ကမ္ဘာနှင့် အ၀ှမ်းဖြန့်ချီလိုက်သော ရမ်ဘို(၄) ဇါတ်ကားတွင် ဟောလီးဝုဒ် မင်းသား ဆီဗက်စတာ စတောလုံးနှင့် အပြိုင်သရုပ်ဆောင်ခဲ့ သော မြန်မာစစ်တပ်မှ ကာနယ်တင့် အဖြစ် သရုပ်ဆောင်ခဲ့သူ

- အချိန်ကား ၁၉၉၂ သြဂုတ်လ (၈)ရက်နေ့၊ ၈လေးလုံး ပြည်လုံးကျွတ် အုံကြွမှုကြီး အပြီး လေးနှစ် မြောက် ပေါ့၊ ကျောင်းသားတပ်မတော် မြောက်ပိုင်း ဗဟိုဌာနချုပ် ရှိရာ ပါဂျောင် ဒေသ၊ လိုင်စင်ဘွန်း၊ ဒေါင်း မိခင် ခမ်းမမှာ (၈) လေးလုံး နှစ်ပါတ်လည် အခမ်းအနား ကျင်းပ နေချိန်။

ကျနော်သည် ထိုအခမ်းအနား ကျင်းပရာ ဒေါင်းမိခင် ခမ်းမ၏ ထေါင့်တနေရာတွင် မလှုပ်မယှက် ငုတ်တုတ်ထိုင်နေလျှက်။ တော်လှန်ရေး အဖွဲ့အသီးသီးမှ ဧည့်သည်တော်များ နေရာယူပြီးကြသော အခါ အခမ်းနားမှူးမှ ခွပ်ဒေါင်း အလံတော် အလေးပြုရန် အားလုံး မတ်တတ်ရပ်ပေးကြပါ ခင်ဗျားဟု စကားသံ ထွက်ပေါ်လာသည်နှင့် ခမ်းမထဲတွင်ရှိနေသော သူများအားလုံး ကမန်းကတန်း မတ်တတ်ထရပ်ကြသည်။ ထိုအစဉ် အခန်းနားမှူးမှ -
“အားလုံးးးးးးးးးးးးးးးးသတိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော် အား အလေးးးးးးးးးပြု။
နေမြဲ……။

ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးသွားကျသော အာဇာနည် သူရဲကောင်းများအား ဦးညွှတ်အလေးးးးးးးးးးးးးပြု” ။

ဟုကြားရသည်နှင့် ကျနော့်ရင်ထဲ၌ ခံစားမှု တစုံတရာ ဖြစ်ပေါ်လာပြီး အတွေးပုံရိပ် အပိုင်းအစများသည် ဟိုအဝေး တနေရာဆီသို့ ခေါ်ဆောင်သွားသည့် နှယ် စိတ်လေတံခွန် လွှင့်လျက်…..လွင့်လျှက်။

သဘာဝတရားမှာ အရုဏ် အလင်း ရောက်ယင် တောရဲ့ သဘာဝအတိုင်း ကျေးငှက်တို့လည်း အိပ်တန်းမှ နိုးးထ ပြည့်ဝတဲ့ အင်အား တွေနဲ့ အနာဂါတ်တခုအတွက် မနက်ဖြန်များစွာကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့  မြည်တွန်မြူးတူး အားဖြည့် နေကြလေပြီ ။

လက်ရေ တပြင်တည်း
ကျနော်သည် ခရီးပမ်းလာ၍လား မသိအိပ်ပျော်သွားသည်မှာ တုန်းကနဲ အသိချပ်တဲ့ အချိန်မတော့ ကျေးငှက်တွေရဲ့ အသံများသည် သံစဉ်မျိုးစုံဖြင့် ကျနော်အား ကလူဤသို့ မြူဤသို့ နိုးထရန် လာရောက် အချက်ပြ နေလေပြီ။ ကျနော်မျက်လုံး အစုံကို ဖွင့်ကြည့်လိုက်တော့ စိမ်းလန်းတဲ့တောအုပ် ကြီးထဲ ကျေးငှက်တို့ လှုပ်ရှား နေကြသလို ကျနော်တို့ ရဲဘော်တွေလည်း လှုပ်ရှားနေကြရသည်။ ကျနော့်မျက်စိရှေ့ တည့်တည့်က ရဲဘော် တယောက်သည် သစ်ရွက်များပေါ်တွင် ခင်းထားသော ထမင်းစား မိုးကာ (၂ပေ ၃ပေခန့် ဖြန့်ခင်းထား သောမိုးကားငယ်) ပေါ်သို့ ဟန်းကောထဲမှ ထမင်းများကိုခူး၍ ပုံနေသည်။ ထမင်းကို ဘယ်အချိန်က ချက်လိုက်သည် ကျနော်မသိ ထို့ကြောင့် သိလိုဇောနဲ့ “ အငယ်လေး ထမင်း ဘယ်တုန်းက ချက်လိုက်တာလဲ ” ဆိုတော့ ရဲဘော်အငယ်လေးက “ မနက်လေးနာရီက ထချက်တာ၊ မိုလင်းလာယင် မီးခိုး ရန်သူ မြင်မှာစိုးလို့ ကျနော့်အား ရှင်းပြပြီး ဟန်းကော(စစ်သုံး ထမင်းဘူး) အလွတ်များကို ဆေးကြောရန် ကျောက်ချောင်းလေးရှိရာသို့ ဆင်းသွားလိုက်တော့သည်။ ခဏအကြာတွင် ဟန်ကောအလွတ်များတွင် ရေခတ်လာပြီးသူတို့ တပ်စိတ်ထမင်းစားရန် လှမ်းခေါ်၍ ကျနော့်အား ထမင်းစားရန် လာခေါ်သည်။ ကျနော်လည်းမျက်နှာကို မြန်မြန်သစ်ပြီး ထမင်းစားဝိုင်းထဲသို့ ၀င်လိုက်သည်၊ ထမင်း၏ အလယ်တွင် ဟန်းကောအဖုံးများနှင့် ထည့်ထားသော ဟင်းနှစ်မျိုးကိုသာ တွေ့လိုက်ရသည် ဟင်းပျင်းလှော် နဲ့ ဟင်းပျင်း ဟင်းချိုရည်(ဟင်းပျင်း ဆိုသည်မှာ ကချင်ပြည်နယ်မှာသာ ရှိသော ဟင်းရွက်တမျိုးသာ) သူတို့ တပ်စိတ်တွင်(၆)ယောက်သာရှိသည် ရှေ့တန်းတပ်စိတ်များကို များသောအားဖြင့်(၅ယောက်၊၆ယောက်) သာ စုဖွဲ့ကြသည်။ တိုက်ပွဲက များသည်ဖြစ်လျှင် တနိုင်တပိုင် စီမံကွတ်ကဲနိုင်သည်။ ကင်းစောင့်နေသော ရဲဘော်တယောက်အတွက် ထမင်းနဲ့ ဟင်းကို ခွဲထားပေး၍ ကျနော်နှင့် ကျနှ်(၆)ယောက် ထမင်းဆက်စားကြသည် ။ လက်ရေ တပြင်တည်း ဆိုသော ရှေးထုံးစကားသည် ကျနော်တို့ တော်လှန်ရေးသမားတွေ အတွက် ရေးထားလေသလား မသိခဲ့ပါချေ။ ထမင်းစား မိုးကာနဲနဲမြင့်တဲ့ နေရာမှာ ရဲဘော်က ဟင်းရည်ကို လောင်းချလိုက်ရင် မိုးကာအနိမ့်ပိုင်းတွင် စားနေသောရဲဘော်များမှာ ဟင်းချိုရည်ကို ထပ်ထည့်စရာ မလိုတော့ပဲ စီးလာသော ဟင်းချိုရည်ကို ရွံရှာမှု အလျဉ်းမရှိဘဲ လက်ရည်တပြင်ထဲ စားသောက်ကြရသည်။ ကျောင်းသားရဲဘော်များသည် ဖြူစင်တဲ့ စိတ်ဓါတ်၊ ရိုးသားမှု အရင်းခံ ၊အာဏာရှင်ကို တော်လှန်လိုသော စိတ်တို့ကို အခြေတည်ကာ ညီရင်းအကိုပမာ အသက်ကိုပေး၍ ချစ်ကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ ဟင်းပျင်းလှော်ထဲတွင် ကျောက်ချောင်းမှ ကျောက်ပုဇွန်လုံးလေးတွေ ပါနေသဖြင့် ဟင်းပျင်း၏ အချိုဓါတ် ပုဇွန်လုံးများရဲ့ အချိုဓါတ်တွေ ပေါင်းစပ်လိုက်တော့ ကျနော်တို့ရဲ့ တော်လှန်ရေးဟင်းလျာသည် ကြယ်ငါးပွင့်ဟော်တယ်တွင် မှာစားရသည့် (၁၂)မျိုးဟင်းချိုအလား အရသာရှိရှိနှင့် မြိန်ရည်ရှက်ရည် စားလိုက်ကြသည်။ (၅)မိနစ်အတွင်း အလယ်တွင် ပုံထားသော ထမင်းပုံကြီးမှာ ကျနော့်မျက်စိရှေ့အောက်က ပျောက်ကွယ် သွားတော့သည်။ ထမင်းစားပြီးသော် အခါတွင် ရဲဘော်များသည် သူ့နေရာကိုယ့်နေရာတွင် ပစ္စည်းများကို သိမ်းထုပ်ပြီး ကျောပိုးအိတ်ကို မှီကာခွဲတမ်းကျ ဝေထားသော ဆေးမှုန့်ထုပ် (သတင်းစာနှင့် လိပ်သောက်ရသော ဗာဂျီးနီးယားဆေး)ကို ထုတ်၍ လိပ်သောက်ကာ ထမင်းလုံးစီကြသည်။ ဤသည်ကား စနစ်ဆိုးတခုကို တော်လှန်နေတဲ့ တော်လှန်ရေးသမားတို့၏ လောကစည်းစိမ် မဟုတ်ပါလား။ တောထဲတွင် ခြင်ကိုက် ဖြုတ်ကိုက် ဒဏ်ခံနိုင်အောင် သောက်ရင်း ဆေးလိပ် မသောက်တတ်သော ရဲဘော်လည်း ဆေးလိပ်စွဲသွားတတ်ကြသည်။ ထမင်းစားပြီး ဆေးလိပ်တလိပ်ကို သောက်ရင်း ကျနော် စဉ်းစားနေမိသည် ဖိနှိပ်မှုတိုင်းကို တွန်းလှန်ဘို့ ကျနော်တို့ ကျောင်းသားတွေ နိုင်ငံအတွက် ဓါးစာခံ ဖြစ်ပေါ်လာ ရသလားမသိxxx ပေးဆပ်မှုတွေက မကုန်နိုင်သေး စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေကလည်း ဒုနဲ့ဒေး များလှသည်။ ပထမတော့ ……

မိသားစုကိုစွန့်xxxxxx
စာသင်ခန်းကိုစွန့်xxxxxx
မြို့ပြကိုစွန့် xxxxxx
မိဘကိုစွန့် xxxxxx
ချစ်သူကိုစွန့် xxxxxxx
လ္ဘက်ရည်ဆိုင်ကိုစွန့် xxxxxxxx

အားလုံးကို စွန့်လွှတ်ပြီး ကြမ်းတမ်းတဲ့ ခရီးကြမ်းမှာ သေနတ်ကို ကိုင် ဦးတည်ချက် ကို မယိုင် လဲရအောင် ငှက်ဖျားနဲ့ စစ်ခင်း သေမင်းကို စိန်ခေါ် အစားဆင်းရဲ အနေဆင်းရဲ စိတ်ဆင်းရဲ ဆင်းရဲမှုတွေ အစုစုနဲ့ ပြည်သူလူထု အာဏာရှင်လက်အောက်မှ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေ သူတွေပါလားဟု စဉ်းစားနေမိသည်။

ဆေးလိပ်တလိပ်ခန့် အကုန်တွင် ရဲဘော်တယောက်ရောက် လာကာ ကျနော့်အား အတွင်းရေးမှူး ကိုမျိုးဝင်း ခေါ်ခိုင်းသည်ဟု သတိဆွဲ၍ သတင်းလာပို့သည်။ ကျနော်လည်းထလိုက်သွားကာ အမ် (၂၀) သေနတ်အတိုကို အပ်ပြီး သေနတ်အရှည်တလက် ပြန်ထုတ်ပေးသည် ပြီးတော့မှ ကိုမျိုးဝင်းက “ငါတို့ ခရီးဆက်ထွက်ရမယ် အစည်းဝေးတခု လုပ်ဘို့ ရှိတယ် စစ်တပ်ကတော့ ညစ်ပတ်ပြန်ပြီဟေ့ ! ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာမလွှဲတဲ့ အပြင် လွှတ်တော် ကိုယ်စာလှယ်တချို့ကို လိုက်ဖမ်းလို့ တချိုလည်း တောခိုကုန်ပြီ။ အခုရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ ငါတို့ ဘာတွေ ဆက်လုပ်မယ်ဆိုတာ အစည်းဝေးဆက်ထိုင်မယ် ဟုရှင်းပြသည်” ပြီးတော့မှ သူ့လက်ကို သူစိုက်ကြည့်ပြီး “ ငါ့လက်က သွေးစွန်းသွားပြီ အဖွဲ့စည်းကို မင်းတို့ပဲဆက် ဦးဆောင်ကြပါဟု” လေးပင်းစွာ ငြီးတွားသလိုမျိုး ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်တော့ ကျနော်သည် သူဘာကို ဆိုလိုနေသည်ကို နားမလည် သူဘာများဆက် ပြောမည်ဟု ငံ့လင့် နားစွင့်နေမိသည်။ စကားတခွန်းမှ ထပ်မထွက်လာတော့ သောကြောင့် သဘောမပေါက်သည့် အလျှောက် ကိုယ့်နေရာကိုယ် ပြန်လာခဲ့တော့သည်။

သေကံမရောက် အသက်မပျောက်
ထိုစခန်းလေးတွင် ကျနော်တို့ တပါတ်ခန့် နေခဲ့ရသည်။ ကျနော်ရောက်ပြီး နောက်တရက်တွင် ကိုမျိုးဝင်းက ပြန့် (ခေါ်) နမ္မားသို့ ဆင်းသွားသည် သူ့ပြန်အလာကို စောင့်ရင်နဲ့ သေကံမရောက်တဲ့ အကြောင်းလေးတခုကို သွားသတိရမိသည်။ သုံးရက်မြောက်နေ့တွင် စားစရာ ဆန်နည်းလာ၍ ရွာမှဝယ်ထား သောဆန်များကို သွားထမ်းသောအခါ ကျနော်လိုက်သွားသည်၊လမ်းတွင်ကျနော်တို့၏ ဆလန်ကဘာ (စည်းရုံးရေးမှူး) ဦးစက်အောင်နဲ့ လမ်းတွင်ဆုံကြသည်၊ သူသည် နမ္မားဖက်မှ တက်လာသည် သူ့တွင် နမ္မားတွင် နာမည်ကြီးသည့် မက်စီကျို့(သစ်သီးစိမ်အရက်) ရဲဘော်များ သောက်ရအောင် ပါလာသည်။ ကျနော်လည်း နာမည်ကြီးတဲ့ မက်စိကျို့ကို တခွက်ြမည်းကြည့်လိုက်သည် အရသာတွေ့သွား၍ နောက်တခွက် ထပ်ချလိုက်ပြန်သည်။ အပြန်ခရီးတွင် မက်စီကျို့ အရှိန်လေးနဲ့ ဆန်လေးပြည်အပါအ၀င် သေနတ်ကို ထမ်းခဲ့သည်မှာ ပါလို့ပါမှန်းတောင် မသိ ပေါ့ပါးသွက်လက်၍ လေပေါ်တွင်မြှောက်ကာ မိုက်ကယ်ဂျက်ဆင်ရဲ့ မွန်းဝေါ့ခ် အကထဲကလိုမျိုး ပေါ့ပါးလျှက်ရှိနေသည်။ စခန်းအ၀င်လမ်းကို ကျနော်မမှတ်မိတော့ သတိရလို့ ကြည့်လိုက်သောအခါ အရှေ့ကရဲဘော်တွေလဲ မတွေ့ရ နောက်က ရဲဘော်တွေလည်း မတွေ့တော့ပါ။ ကျနော် လမ်းမှားလာသည်ဟု ချက်ချင်းသိလိုက်သည် လမ်းပြန်ရှာသည် မတွေ့တော့ပါ စခန်းနဲ့ သိပ်မဝေးသေးမှန်းတော့ သိသည်။ တနာရီခန့် ကြိုးစားရှာကြည့်သည် မတွေ့ ဆက်ရှာလျှင် စခန်းနဲ့ ဝေးတော့မည်။ ရောက်တဲ့နေရာမှ သေနတ်တချက် ဖေါက်လိုက်သည်။ (၁၀)မိနစ်ခန့် အကြာတွင် ရဲဘော်နှစ်ယောက် စိုးရိမ်ကြီးစွာဖြင့် လာကြို၍ စခန်းကို ပြန်ရောက်ခဲ့သည်။ စခန်းပါတ်လည်တွင် မိုင်များထောင်ထားကြောင်း ပြောပြီး မိုင်းတာဝန်ယူထားသော ရဲဘော်မှမိုင်းများကို သွားရောက်စစ်ဆေးကြည့်ရာ ကျနော်မိုင်းကြိုးများကို တိုက်ဖြတ်ထားသည်ကို တွေ့ရပြီး မိုင်းခလုပ်နေရာ လျှပ်စီးလိုက်မဲ့ နေရာတွင် ခြတွေ တောင်ဘို့ တည်ထားသောကြောင့် မိုင်းမကွဲဘဲ ကျနော် အသက်ချမ်းသာရာ ရခဲ့ကြောင်း ပြန်ပြောင်းတွေးမိတော့ ကြက်သီးမွေးညင်းများ ထောင်းလမောင်း ထဆဲ။ ခြတွေကယ်လို့ ကျနော်သေကံမရောက် အသက်မပျောက်ခဲ့ရသည်။ သုံးရက်ခန့် စောင့်ပြီးသောအခါ ကိုမျိုးဝင်းနဲ့ ရဲဘော်သုံးယောက် ပြန်ရောက်လာကြသည်။

နောက်တနေ့ မနက်စောစော မြေနုပို့(စ်)တွင် ရဲဘော်ထွန်းလွင် ဦးဆောင်တဲ့ တပ်စိတ်တစိတ် ချန်၍ ကျနော်တို့ ခရီးဆက်ထွက် ခဲ့ကြသည်။ တနေကုန် ဒေါင်းတောက်အောင် လျှောက်ခဲ့သည် ညနေစောင်းတော့ ကျနော်တို့ ခရီးတထောက်နားမည့် ဟိုပင်ပို့(စ်)ကို ရောက်ခဲ့ကြသည်။

မပစ် သေနတ်နဲ့ အမတ်ကြီးများ
ထိုပို့(စ်)တွင် ကျနော်တို့ကို အသင့်စောင့်နေသော ကျနော်တို့ရဲဘော်များနဲ့ မိုးညှင်မြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မောင်နဲ့ မိုးညှင်းမြို့နယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးကြာမြတို့ ကိုပါတွေ့ရသည်။ ဟိုပင်ပို့(စ်)က မြေနုပို့(စ်)နဲ့မတူတဲ့ ဟာတွေကတော့ စခမ်းကို အခိုင်အခန့် ဆောက်ထားသည်ကို တွေ့ရသည်၊ မြေနုပို့(စ်)ကတော့ မြို့နဲ့ နီးလွန်းသောကြောင့် မိုးကာတဲများသာ ထိုး၍နေကြသည်။ နယ်မြေခံရဲဘော်များ နေရာချထားရာတွင် အထုပ်အပိုး များချကာ နားကြသည်။ နောက်တနေ့တွင် ခရီးဆက်မထွက်ပါ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အကြမ်းဖျင်း ဆွေးနွေးကြသည်။ ကေအိုင်အေမှ ပေးထားသော နိုင်းမမ ပစ္စတိုကို ခါးတွင်ချိတ်၍ လွှတ်တော်ကိုယ်စားလှယ်ဦးကြာမြ တက်ကြွနေသည်ကို တွေ့တော့ ရဲဘော်တယောက်က ကျနော့်ကိုလာပြောသည်။ “ ဆရာမပစ် သေနတ် မြင်ဘူးလားတဲ့ ” ကျနော်က “ တို့ ကချင်ပြည်နယ်မှာ မခုတ်ဒါးနဲ့ မထိုးလှံပဲ ကြားဖူးပါတယ် အဲဒါက ကချင်တွေ မိန်းမတောင်းရင် လိုတယ်လေလို့ ” ပြောတယ်၊ မပစ်သေနတ်ကို မြင်ဘူးချင်ရင် ဟောမှာ ကြည့်ဟုဆိုကာ ဦးကြာမြခါးက သေနတ်ကို လက်ညှိုးထိုးပြသည်။ သူ့သေနတ် ပစ်ရင်မထွက်ဘူး ခါးမှာချိတ်ထားတဲ့ သေနတ်ဆိုပြီး ဦးကြာမြ မကြားအောင် ပြောပြီး ကြိတ်ရယ်ကြသည်။ ရဲဘော်များသည် တောထဲတွင် ပျော်စရာဆိုတာ မရှိ၍ ကြံဖန်ပြီးပျော်ကြရသည်။ အပျော်အပျက်အဖြစ်သာ နောက် ကြသည် ပြည်သူက တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်တွေကို အသက်ပေး ကာကွယ်ရမည်ဆိုတာ ပြည်သူ့အတွက် တော်လှန်ရေးလုပ်နေသော ကျောင်းသားရဲဘော်တိုင်း၏ စိတ်ထဲတွင် နှလုံးသွင်းပြီးသား ဖြစ်သည်။

၎ နှစ်မြောက် ၈ လေးလုံး အခမ်းအနားသို့ တက်ရောက်လာသော KIA မှ ဗိုလ်မှူးပန်းအောင် နှင့် မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ဥက္ကဋ္ဌ ကိုအောင်နိုင်
၁၉၉၂ ခုနှစ်က ကျောင်းသားတပ်မတော်(မြောက်ပိုင်း -ဗဟို) မှ ၈လေးလုံး အထိမ်းအမှတ် အခမ်းအနား
ကျနော်သည် တနေ့တာရဲ့ အချိန်တွေကို မတွေ့တာကြာ ပြီဖြစ်တဲ့ ရဲဘော်တချို့နဲ့ ရောက်တတ်ရာရာ စကားပြောခြင်းဖြင့် အချိန်ကာလက နိုင်င်ငံရေးအရ ကြီးမားသောကာလဟု ပြောလျှင်ရနိုင်သည်။ ပြည်သူ လူထု၏ နိုင်ငံရေးရေချိန် အမြင့်ဆုံးကိုရောက်နေသည်။ အာဏာရူးတဲ့ စစ်အုပ်စုက လူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားနေပြီ။ ကျနော်တို့ တော်လှန်ရေးသမား တွေကလည်း အာဏာရှင် သက်ဆိုးမရှည်ရအောင် နိုင်ငံရေး/စစ်ရေး ထိုးစစ်များ ကိုပြင်ဆင်ကြရန် ဖြစ်ပေတော့သည်။

ခရီးစပြီ
နောက်ရက်တွင်ကျနော်တို့အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များလူစုခွဲ၊ စစ်ကြောင်းများခွဲ၍ ကေအိုင်အေနည်းဗျူဟာအမှတ်(၄)သို့ စတင်ချီတက်ကြသည်။ နိုင်ငံရေး/စစ်ရေးထိုးစစ်များပြင်ရန် ကျနော်တို့ကျောင်းသား (ABSDF) ၊အန်အယ်ဒီ(NLD)၊ကေအိုင်အေ(KIA) သုံးဖွဲ့ပေါင်းကာ သုံးပွင့်ပူးပေါင်း စစ်ဆင်ရေးကို စတင်နေပြီ(သ.ပ.စ.က) ထိုအစည်းဝေးလုပ်ရန် ရှေ့တန်းအသီးသီးတွင် ရောက်နေကြသော သုံးဖွဲ့စလုံး၏ စည်းရုံးရေးမှုများ၊ တပ်တွေကို ကေအိုင်အေနည်းဗျူဟာ အမှတ်(၄)တွင် လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်ကြရန်ဖြစ်သည်။ ထိုအစည်းဝေးသို့( ABSDF) နိုင်ငံရေးမှုနဲ့ စည်းရုံးရေးမှုများသာ တက်ရောက်ရန်နှင့် တိုက်ခိုက်ရေး တပ်တွေကိုတော့မြို့နဲ့ အနီးဆုံးတွင် ကပ်ထားရန် ကိုမျိုးဝင်းမှ ညွှန်ကြား ချက်ပေးထားသည်။

ငှက်တွေက ကျီစယ်လေသလား
ကျနော်တို့တွင် တိုက်ခိုက်ရေးတပ် အင်အားများများစားစား မပါလာပါ။ အတွင်းရေးမှူး ကိုမျိုးဝင်းရဲ့ လုံခြုံရေးတပ်စိတ် တစိတ်နဲ့ ရဲဘော်နိုင်ဦးနဲ့ ရဲဘော်ခွက်ကြီးတို့ ဦးဆောင်တဲ့ရဲဘော်သစ် တပ်စိတ်တစိတ် စုစုပေါင်းဖွဲ့စည်းပုံ မပြည့်တဲ့တပ်စိတ် နှစ်စိတ်သာဖြစ်သည်။ ထိုလမ်းကြောင်းများမှာ ရန်သူ၏ထိုးစစ်ဆင်သည့် စစ်ကြောင်းများ မရှိသဖြင့် လုံခြုံရေးတပ်များကို မခေါ်လာခြင်းဖြစ်သည်။ ရန်သူရဲ့ ထိုးစစ်မရှိပေမဲ့ ကျနော်တို့ကို တိုက်ခိုက်နေတဲ့ အမြဲတမ်း ရန်သူကတော့ရှိနေသည်။ ဒေသတခုတခုတွင် တမင်းတမူ ကြီးစိုးနေကြတဲ့ ငှက်ဖျားဖြစ်သည်။ ငှက်ဖျားသည် ဒေသတခုနဲ့ တခုမတူကြပါ။ သံလမ်းရိုးငှက်ဖျားသည် ကျနော့်အတွက် အသစ်အဆန်း မဟုတ်ပေးမဲ့ ဖားကန့်ဒေသတွင် တနှစ်ကျော်ကျော် နေလာသောကြောင့် သံလမ်းရိုးငှက်က သူစိမ်းဆန်ဆန်ဖြစ်ခဲ့ ရပြီပေါ့။ အခုတော့ သံရိုးလမ်းငှက်က ကျနော့်ကိုလာ ကျီစယ်နေကြပြီ ။ နားနားနေနေ လျှောက်ခဲ့ကြသော်လည်း ညကင်းစောင့်ကတော့ စောင့်ရသည် မည်မျှပင် အေးဆေးတယ်ပြောပြော တော်လှန်ရေး သတိဆိုတာ ကျနော်တို့မှာ အမြဲရှိကြရသည်၊ ညကင်းစောင့်၍ အိပ်ရေးပျက်လျှင် ငှက်ဖျားက၀င် သည်။ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွဲနေကြတဲ့ တော်လှန်ရေးသမားတွေမှာ ငှက်ဖျားဆိုတာ အထူအဆန်းမဟုတ်ပါ။ ဆေးရှိလျှင် ဆေးကိုသောက် ဆေးမရှိလျှင် မက္ကလောင်ခြစ် (ဒေသကုထုံးတမျိုး)့ ဆေးမရှိလို့ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလည်း မှတ်တမ်းတင်လို့ပင် မနိုင်။ ဒီလို့နဲ့ပဲ ဖျားလိုက်၊ နားလိုက်၊ သွားလိုက်နဲ့ အာဏာရှင်ကို တော်လှန်နေကြရသည်။ ကျနော်တို့အဖွဲ့ နှစ်ရက်ကျော်ကျော် လျှောက်ပြီးသောအခါ တောင်ယာတခုသို့ ရောက်ခဲ့ကြသည်။


တောင်ယာပန်း နဲ့ ထမင်းဝိုင်း
ထိုတောင်ယာသည် ရင်း(၅)ဂွင်နဲ့ ရင်း(၁၁) ဂွင်ကြားတွင်ရှိသည်။ မိုးညှင်းမြို့နယ်ကို ရင်း(၅)ဂွင်းဟု သတ်မှတ်ထားပြီး မိုးကောင်းမြို့နယ်ကို ရင်း(၁၁)ဂွင်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ကျနော်တို့ရည်မှန်းချက်ကို ရောက်ရန် သိပ်မဝေးတော့ပါ။ ထိုတောင်ယာတွင် မုဆိုးတယောက် ပြောင်သားခြောက်လာရောင်း သောကြောင့် (၁)နာရီခန့် နားပြီး ထမင်းချက်စားကြသည်။ ကချင်တောပုန်း ရွာများ၊ တောင်ယာများသည် ဟင်းသီးဟင်းရွက်များကို စုံလင်အောင် စိုက်ထားတတ်ကြသည်။ ထို့ကြောင့်ဟင်းကောင်းကောင်း စားရသောနေရာများ ဖြစ်သဖြင့် ရဲဘော်များမှာ တောင်ယာများတွင် နားချင်ကြသည်။ ထိုနေ့ နေ့လည်စာကိုတော့ ပြောင်းသားခြောက်မီးဖုတ်၊ ဟင်းချိုတမျိုးနဲ့ ခရမ်းသီးထောင်းထဲတွင် တောင်ယာပန်း ( ကချင်ပြည်နယ် တောင်ယာများတွင် စိုက်သည့် ဟင်းခတ်အမွေးအကြိုင် ) ထည့်ထောင်းထားသဖြင့် မြိန်ရည်ယှက်ရည် စားသောက်လိုက်ကြသည်။ စားသောက်ပြီးသောအခါ ရဲဘော်တယောက်သည် ဟန်ကောများကို ရေပန်းကျနေသော နေရာသို့ဆေး ကြောရန် ယူသွားရင်း သီးချင်းတပိုင်းတစ ဆိုသွားသည်ကို ကျနော်ကြားလိုက်ရသည်။ “ငါသည်တော်လှန်ရေး xxx လုပ်ရမယ်လေ xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရှိရမယ် xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရသင့်ပါတယ်” …. ကျနော်တို့ ရဲဘော်များသည် အသားထုတ်ပေးသောနေ့ ဟင်းကောင်းသောနေ့များတွင် တက်ကြွ၍ အထက်ပါ သီချင်းမျိုးကို ဆိုတတ်ကြပြီး ပင်ပမ်းပြီး ဟင်းမကောင်းရင်တော့ စိုင်းထီးဆိုင်ရဲ့….စိတ်ဓါတ်ကျတယ် ဆိုတဲ့ သီချင်းကို… ဆိုတတ်ကြတယ်လေ။

ထိုတောင်ယာမှ တညအိပ်နှစ်ရက် ဆက်လျှောက်ပြီးသောအခါ ကေအိုင်အေ နည်းဗျုဟာ (၄) တပ်စခန်းကို ရောက်ခဲ့ကြသည်။ ထိုစခန်းသည် ဆားမှော်ရဲ့ အရှေ့မြောက်၊ ထိုပူးရဲ့အရှေ့တည်တည်၊ မိုးကောင်းအရှေ့မြောက်အရပ်တွင် တည်ရှိပြီး စခန်း၏သုံးဖက်တွင် ဆက်စပ်နေသော တောင်ကုန်းများဖြင့် ကာရန်ထားသည် ကျန်တဖက်သည် မြေပြန့်ဖြစ်ပြီး ရွာဟောင်းဖြစ်သည်။ ကျနော်တို့ရောက်ပြီး နောက်နှစ်ရက်အတွင်းမှာ မိုးညှင်းဖက်မှ ခရိုင်မှူးကိုစိန်အေးအဖွဲ့၊ ဆားမှော်ဖက်မှ ဆလန်ကဘာ ဦးထွန်းဖေအဖွဲ့နှင့် NLD(L.A)အဖွဲ့၊ KIAမှလည်း အမှတ်(၅)(၁၁)(၁၅) တပ်ရင်းများနှင့် တပ်းရင်းအမှတ်(၂၅၁) (၂၅၄)အစရှိတဲ့ ဒေသအသီးသီးမှ တပ်များ နိုင်ငံရေး/စည်းရုံးရေးမှူးများ ရောက်လာကြသည်။ ကျနော်နဲ့အတူ ရဲဘော်သစ်များ တပ်စိတ်တစိတ်သည် ချောင်းကလေး၏ တဖက်ကမ်း ရွာဟောင်းလမ်းတွင် ရှေ့ကင်းအဖြစ် တာဝန်ယူနေရပေသည်။

အစည်းဝေးစပြီ
နည်းဗျူဟာ(၄) ကွတ်ကဲမှုဒေသ အသီးသီးမှ တပ်များစုံပြီး ဖြစ်သဖြင့် ၁၉၉၂ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် ရန်သူကို မည်သို့နိုင်ငံရေး/စစ်ရေးများ ထိုးစစ်ကို ဘယ်လို မြှင့်တင်ဆောင်ရွက်မလဲ ဆိုတာကို စတင်ဆွေးနွေးကြသည်။ ကရင်ပြည်နယ် ကေအန်ယူ ထိမ်းချုပ်ရာ မာနယ်ပလောတွင် နိုင်ငံရေးအရ အားကောင်းသော တပ်ပေါင်းစုကြီးကိုဖွဲ့ပြီး ဒီအေဘီ စစ်ကြောင်းများဖြင့် စတင်ထိုးစစ် ဆင်နေသော အချိန်လည်းဖြစ်သည်။ မြောက်ပိုင်းကျောင်းသားတပ်မတော် ခေါင်းဆောင် ကိုသံချောင်း၊ ကိုလဆိုင်းတို့ အဖွဲ့သည် မြစ်ကြီးနားမြို့ လေဆိပ်အနီး ဧရာဝတီမြစ်တဖက်ကမ်း စန်းကားဖက်သို့ ထိုးစစ်ဆင်ရာ အပြန်တွင် ရန်သူ့လက်နက် (၅)လက်ရခဲ့သည်ဟု စက်သတင်းဝင်လာသည်။ ထိုသတင်းကို ကြားတော့မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းရေးမှူးကိုမျိုးဝင်းသည် အားကျမခံ “ ငါတို့ဘက်ကလည်း အနည်းဆုံး (၆)လက်ရမှ ပြန်လာမည် ”ဟု ပြန်ပြောသည်။ ထိုစဉ်က တပြည်လုံးတော်လှန်မှ တပြည်လုံး အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း ဖြတ်ကနဲ တွေးမိနေသေးသည်။


ထမင်းရှာ ရန်သူတွေ့

၁၉၉၂ ဇူလိုင် (၁၂) အစည်းဝေး ဒုတိယနေ့အဖြစ် စတင်ကျင်းပနေသည်။ အစည်းဝေးကို နံနက်(၉)နာရီတွင် စနေကြပြီ ကျနော်တို့ ရှေ့ထွက်အဖွဲ့သည်လည်း နံနက်စာစားပြီး၍ မိမိအိမ်ပြန် ရောက်သည့်အလား စားပြီးဟန်းကေားများကိုပင် မသိမ်းသေး အိပ်ယာခြင်ထောင်များလည်း ဖရိုဖရဲနဲ့ စိတ်အေးလက်အေး ဆေးလိပ်လိပ်သောက် စကားဖေါင်ဖွဲ့နေကြသည်။ ထိုအချိန်မှာပဲ ရုတ်တရက် “ ဝုန်း ”ဆိုတဲ့ အသံနက်ကြီးတခု ကြားလိုက်သည်။ ကျနော့ လက်ပါတ်နာရီကို တချက်ဖြတ်ကနဲ ကြည့်မိလိုက်သည်မှာ နာရီလက်တန်သည် မနက်(၁၀)နာရီကို (၁၀)မိနစ်စွန်းစပြု နေပြီဖြစ်သည်။

ရဲဘော်တယောက်က သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပြောနေသေးသည် “ ဒါတောကောင် တကောင် ကောင် မိုင်းနင်းမိတာပဲ ဖြစ်ရမယ် ညနေစာကိုတော့ အသားဟင်းစားရအုံးမယ် ထင်တယ် ” ကျနော်ကတော့ ရဲဘော်တွေကိုလှမ်း သတိပေးလိုက်သည်။ “ အိပ်ယာတွေတော့ သိမ်းထားကြဟေ့ ဘာမှန်းမသိဘူး ” ဟုပြောပြောဆိုဆို နောက်(၅)မိနစ်အကြာတွင် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျနော်လည်း အဲဒီအခါကြမှ စကားပြောစက် ကမှန်းကတမ်း ကောက်ဖွင့်သည်။ ရဲဘော်တွေကို ပစ္စည်းများ အမြန်သိမ်းရန် လှမ်းပြောလိုက်သည်။ သိပ်မကြာပါ လက်နက်ကြီးအသံများ ဆက်တိုက်ကြားနေရသည်။ ဘယ်ကို ကျနေမှန်း ကျနော်တို့မသိ ကျနော်၏ စကားပြောစက်မှ ညွန်ကြားချက်ပေးသံထွက်ပေါ်လာသည်။ ကျနော်၏ တပ်စိတ်ကို သူ့နေရာသို့ အမြန်လာရောက်ပူးပေါင်းရန်ပြောနေသည်။ ကျနော်ရဲဘော်များ မကျန်အောင်စောင့်ခေါ် နေရသည်။ ကျနော်၏ စကားပြောစက်ထဲတွင် ကိုမျိုးဝင်းဆဲသံများ ဆက်တိုက်ထွက်လာသည် “ ဟေ့ကောင် မင်းသေနေပြီလား မြန်မြန်လာပါဆို ” ကျနော်နဲနဲ စိတ်တိုသွားသည်။ ကျနော် ရေချောင်းလေး ဖြတ်အကူးတွင် လက်နက်ကြီးအသံနဲ့အတူ လဲကြသွားသည် ရွံနဲ့ချော်၍ လဲကျသွားခြင်း ဖြစ်သည်။ ကျနော်ပြန်ထပြီး ပါတ်ဝန်းကျင်ကို အကဲခတ်လိုက်သည် ကျနော်တို့ တဲဖက်က ဝါးရုံများ ရန်သူရဲ့ လက်နက်ကြီးဒါဏ်ကြောင့် မြေကြီးတွင် ပြားပြားဝပ်ကာ ခံစားနေကြလေပြီ။

ကျနော်၏ တပ်စိတ်သည် ခဏအတွင်းမှာပင် အတွင်းရေးမှူး ကိုမျိုးဝင်း ဆီသို့ရောက်သွားကြသည်။ ထိုအခါတွင် ကိုမျိုးဝင်းသည် စောစောက သူမဆဲထားတဲ့ မျက်နှာမျိုးနဲ့ ကျနော့်ကို အပြုံးနှင့်ကြိုဆို၍ “ မင်းတို့ဖက်က လက်နက်ကြီးကျည်တွေ တအားကျနေတော့ ငါက စိုးရိမ်နေတာ ” ဟု မှတ်ချက်ပြု ပြောသည်။ နောက် ဆားမှော်ဖက် တာဝန်ယူရသည့် စစ်မြေပြင်ထောက်လှမ်းရေး ရဲဘော်ဗညားမှ ကျနော့်အား လှမ်းနုတ်ဆက်၍ ပလပ်စတစ်ခွက်ထဲမှ အရက်တခွက်ကို လှမ်းပေးသည်။ ကျနော်လည်း လှုပ်ရှားနေတဲ့ စိတ်တွေငြိမ်သွားအောင် အဖြေမပေးပဲ တချိုးထဲ မော့ချလိုက်သည်။ ပြီးမှ အခြေအနေ မေးကြည့်သည်။ “ စခန်းလုံခြုံရေးအတွက် ကေအိုင်အေ တပ်စိတ် တစိတ်တင်ထားတဲ့ ကုန်းဖက်ကို ရန်သူဝင်လာလို့ မိုင်းအရင် ထကွဲတယ် ကင်းစောင့်နေတဲ့ ရဲဘော်တယောက်က လွဲလို့ ကျန်တဲ့ရဲဘော်တွေမရှိ ကြဘူးတဲ့ ကင်းစောင့်တဲ့ ရဲဘော်လည်း အောက်ကိုပြေးဆင်းရော ရန်သူက အဲဒီကုန်ကိုယူပြီး အပေါ်စီးက ပစ်နေတာ လက်နက်ကြီးက ဒီကိုကျော်ပြီး မင်းတို့ဖက်သွား ကျနေလို့ အတွင်းရေးမှူးက စိတ်ပူနေတာ ”ဟု ရဲဘော်ဗညားမှရှင်းပြသည်။ အဲဒီအချိန်အထိ ကျနော်တို့ဖက်က သေနတ်သံ တချက်မျှ မထွက်သေးပါ။ ရန်သူစီးထားသော ကုန်းကိုပြန်တက်ထိုးဖို့ ပြင်ဆင်နေကြသည်။ ကျနော်တို့ ကျောင်းသားတပ်ဖွဲ့လည်း တိုက်ခိုက်ရေး အင်အားကို ထုတ်နုတ် ပြန်လည်စုဖွဲ့သည်။ ရဲဘော်မြအောင်နဲ့ ရဲဘော်တာတီး ဦးဆောင်တဲ့ တပ်စိတ်တစိတ်။ ကျနော်နဲ့ ရဲဘော်ဗညား ဦးဆောင်တဲ့ တပ်စိတ်တစိတ် စုစုပေါင်းတိုက်ခိုက်ရေး တပ်စိတ်(၂)စိတ်သာ ထုတ်နုတ်နိုင်သည်၊ ရဲဘော်နိုင်ဦးကိုတော့ ရဲဘော်သစ်များကို အုပ်ချုပ်ရန် NLD(L.A) အဖွဲ့နဲ့ ထားခဲ့ရသည်။ ကေအိုင်အေ တပ်တွေတော့ ကုန်းကိုဝိုင်း၍ စတင်တက်ထိုးနေပြီ ဖြစ်သည်။ ကေအိုင်အေမှ တဖွဲ့ လန်၍ဆင်းလာသည်ဟု သတင်းကြားသောအခါ ကိုမျိုးဝင်းသည် ဗျူဟာမှူးထံ ကျနော်တို့အဖွဲ့ တက်ထိုးမည်ဟု ခွင့်သွားတောင်းသည်။ အဲဒီအချိန်တုန်းက ဗျူဟာမှူးက ဗိုလ်မှူးလဇိန်ဘောက်နော် (လိုင်ဇာတွင် ဗုံးခွဲလုပ်ကြံခံရ၍ သေဆုံးသွားသူ)၊ ဒုတိယ ဗျူဟာမှူးက ဗိုလ်မှူးလဆမ်အောင်ဝါ(ယခု ကေအိုင်အေ ခွဲထွက်)။ ဗိုလ်မှူးလဇိန်ဘောက်၏ ခွင့်ပြုချက် ရသည်ဆိုရင် အတွင်း ရေမှူးမျိုးဝင်းသည် သူစိတ်ကြိုက်ရဲဘော်များနှင့် စိတ်ကြိုက်လက်နက် တပ်ဆင်ကာ တက်ထိုးရန် ထွက်သွားသည်။ ကျနော်နဲ့ ဗညားဦးဆောင်တဲ့ တပ်စိတ်က ပွိုင့်(5) လုံခြုံရေးအတွက် လက်နက်ကြီး ကုန်းတွင် နေရာယူရသည်။ ညနေပိုင်းရောက်မှ အပြင်းအထန်ပြန်လည်း တိုက်ခိုက်တော့ ရန်သူက ခံစစ်အနေအထားကို ပြန်ရောက်သွားသည်။ တတောလုံး တတောင်လုံး ကာဗိုက်ယမ်းငွေ့များနဲ့ ဖုံးလွှမ်းနေသည် ရန်သူဖက်မှ အော်သံ/ဆဲဆိုသံများ ထွက်ပေါ်နေဆဲ။

ညပိုင်းကို ၀င်ရောက်လာ သောကြောင့် အမှောင်ထုက တဖြေးဖြေး ဖုံးလွှမ်းစပြုလာသည်။ ကျနော်တို့ရဲ့ ပွိုင့်(5)စက်ကြီး ပစ်လျှင် မီးရောင်များ ပါတ်ဝန်းကျင် တ၀ိုက်လင်းလျက် သွားစေသည်။ စက်ကြီးသေနတ်ကို တာဝန်ယူ ပစ်ခတ်ရသော ကချင်ရဲဘော်မှာ လက်နက်ကြီးဆူညံသံကြောင့် နားအုံကွဲကာ နားမကြားရတော့ပါ့….ပြင်းထန်သည့် စက်ကြီးသေနတ်သံများကို ကာကွယ်ရန် နားကျပ်တို့ ဦးထုတ်တို့ စသည့် အကာအကွယ်များ မရှိမှုကြောင့် ထိုရဲဘော်၏ နားစည်သို့ပြင်းထန်တဲ့ စက်ကြီး သေနတ်သံများက ဖျက်စီးပြစ်လိုက်ပြီ ဖြစ်သည်၊ ရန်သူ၏(၆၀)မော်တာ ကျည်ဆံများလည်း တခါတရံ ကျနော်တို့ဖက်သို့ ရစ်ဝဲလာနေခြေပြီ။ ထို့ကြောင့် စက်ကြီးသေနတ်ကို နေရာရွေ့ရန် ညွန်ကြားချက်ဝင်လာသည်။ ပွိုင့်(5)သေနတ် ရွေ့ရန်သာ ညွန်ကြားချက်ပါပြီး ကျနော်တို့ တပ်စိတ်နေရာရွှေ့ရန် ညွန်ကြားချက်ပါမလာ။ ပွိုင့်(5)စက်ကြီးအဖွဲ့ ရွေ့သွားသောကြောင့် ကျနော်တို့ တပ်စိတ် ထိုနေရာတွင် ကျန်နေကြသည်။ တိုက်ပွဲကြားထဲတွင် နေရာယူ၍ စကားပြော ဖြစ်နေကြသည်။ ထိုတပ်စိတ်တွင်ကျနော်ရယ် ရဲဘော်ဗညား၊ ရဲဘော်ဝင်းရွှေ၊ ရဲဘော်ခွက်ကြီး၊ ရဲဘော်မြင့်ဝင်း၊ ရဲဘော်အငယ်လေး စုစုပေါင်း (၆)ယောက်ဖြစ်သည်။ မိုးချုပ်လာ၍ သေနတ်သံများက မစဲသေး ယမ်းငွေ့များကြားတွင် ယမ်းနံ့များကြောင့် ရဲဘော်တိုင်း ထမင်းစားချင်စိတ် သိပ်မရှိကြပါ။ သို့သော်လည်း ဗိုက်ထဲမှ အစာအိမ်ရဲ့ အချက်ပေးမှုကြောင့် ထမင်းစားရန် သိလာရပြန်သည်။

တွေ့ပြီ ထမင်း
တိုက်ပွဲဖြစ်လျှင် အနီးစပ်ဆုံးရွာများမှ ထမင်းဟင်းချက်၍ ထမင်းထုပ်များ ပို့ပေးကြသည်။ ရွာနဲ့က မနီး ထမင်းလည်း မချက်နိုင်သော တိုက်ပွဲများတွင် ရိက္ခာခြောက်ရှိလျှင်ရှိ မရှိလျှင် ဆန်ကိုဝါးစားပြီး တိုက်ကြရသည်။ ယခုတိုက်ပွဲတွင် ထမင်းထုပ်များ တိုက်ပွဲကြားထဲ လိုက်ဝေနေသည်။ ကျနော်တို့ဖက် မရောက်လာ၍ တောင်ကြောအတိုင်း သွားပြီး ထမင်းထုပ်နေသော နေရာလိုက်ရှာကြသည်။ လက်ပါတ်နာရီကို ကြည့်လိုက်တော့ ည(၈)နာရီ(၄၅)မိနစ် ရှိနေချေပြီ၊ သစ်ပင်ခြေရင်းတွင် ၀ပ်နေသော ကချင်ရဲဘော်များကို ကျနော်တို့ ကချင်လို မေးကြည့်သည် “ အေ့ခေါင် ရှပ်ဂရာကော့ ငါအီး ” (ယောက်ဖ ထမင်းက ဘယ်မှာလဲ )ဟု ရဲဘော်ဗညားမှ မေးလိုက်သည် “ရှောင်းတဲ့” (အရှေ့မှာ)ဟု ကချင်ရဲဘော်မှ ပြန်ဖြေသည်။ ကျနော်တို့ ရှေ့ကိုဆက်သွားပြီး မေးတော့ စောစောက အတိုင်းသာဖြေသည်။ တောင်ကြောအတိုင်း ကေအိုင်အေ ရဲဘော်များ ၀ပ်၍ နေရာယူနေကြသည် ကျနော်တို့(၆)ယောက်ကတော့ လမ်း လျှာက်ပြီး ထမင်းထုပ်သာ လိုက်မေးနေတော့သည်။ ဆက်မေး၍သာ လာခဲ့ရာ အရှေ့နားတွင် ထမင်းထုပ်ခြင်းတောင်ကြီးကို တွေ့သဖြင့် တယောက်ကို နှစ်ထုပ်စီယူပြီးသောအခါ အရှေ့ကို ဆက်သွားခိုင်းသောကြောင့် ကျနော်မေးလိုက်သည် “အရှေ့မှာ ဘာရှိလဲ ယောက်ဖ” ကချင်တပ်မှူးတယောက်က “အရှေ့မှာ ရန်သူပဲရှိတော့တယ်”ကျနော်ကြောင် သွားသည်။ ငါတို့ကို ဘာလို့သွားခိုင်းတာလဲလို့ မေးတော့ “မင်းတို့ တက်ထိုးမလို့ လာတာ မဟုတ်ဘူးလား ”“မဟုတ်ဘူး၊ ငါတို့ ထမင်းထုပ်လာယူတာ” မင်းတို့ တက်ထိုးပါဟု ပြောလာသည်။ အဲဒီအခါကြမှ ကျနော် သေသေချာချာ သိလိုက်သည်မှာ ကုန်းပေါ်ကို တက်ထိုးလိုက် ပြန်လန်ကျလာလိုက် ဖြစ်နေသောကြောင့် ကချင်ရဲဘော်များ တက်ထိုးရန် တုန့်ဆိုင်းနေကြသည် ဖြစ်သောကြောင့် ကျနော်တို့ကို တက်ထိုးခိုင်းခြင်း ဖြစ်သည်။

ထိုစဉ် လကလဲ မိုက်၊ ဗိုက်ကလဲ ဆာ၊ ဥတ္တရ ယဉ်စွန်းတန်း တနေရာဆီ မတော့ ညဦးယံကို ကာဗိုက်ယမ်း ရနံ့တွေနဲ့ သုတ်လူးထားလို့ နေတယ်။ ထမင်းထုပ်များကိုဖွင့်ပြီး လက်မဆေးနိုင်တော့ပါ၊ ထမင်းစားယင်း ရဲဘော်ဗညားနဲ့ ကျနော်တိုင်ပင်သည်။ ကျနော်တို့ ရင်ဆိုင်ကျားတက်ထိုးရန် ကျနော်တို့ တပ်စိတ်၏ လက်နက်များမှာ အကောင်းမရှိ တိုက်ပွဲဝင်အဆင့်ရှိသော လက်နက်မျာကို ရွေးယူသွားပြီဖြစ်သည်။

တက်မထိုးဘူး ပြောလျှင်လည်း ခွပ်ဒေါင်းသွေး မနီရာကြတော့မည် သွေးကြောင်သည်ဟု ထင်တော့မည်။ ကျနော်ကိုင်ထားသော ကာဘိုင်သေနတ်မှာ တိုက်ပွဲဝင်အဆင့် မရှိ ကျည်ဆံအတောင့်(၄၀)သာ ရှိသည်၊ ဗညားကိုင်ထားသော စတင်းဂမ်းက ပိုဆိုးသည်။ ထိုကြောင့်ကျနော်နဲ့ ရဲဘော်ဗညားတို့ ကချင်တပ်မှူးနဲ့ လက်နက်အလဲအလှယ် လုပ်ရန်ဆွေးနွေးသည် သူတို့တွင်လည်း မရှိကြောင်း သူတို့နဲ့အတူ တွဲ၍ ကျားတက်ထိုးရန်သာ ပြောနေတော့သည်။

ထို့ကြောင့် ရဲဘော်အငယ်နဲ့ ရဲဘော်ခွက်ကြီးကို နောက်သို့ ပြန်ခေါက်ခိုင်း၍ ကျနော်ရယ် ရဲဘော် ဗညား၊ ကျနော်နဲ့အတူ ဖားကန့်နယ်မြေမှ ပြန်လာသော ရဲဘော်ဝင်းရွှေ၊ ရဲဘော်မြင့်ဝင်း စုစုပေါင်း(၄)ယောက်သည် လက်နက်များ မကောင်းပေမဲ့ ရန်သူကို တပွဲတလမ်း အကဲစမ်းလိုသော သူများဖြစ်သောကြောင့် ကျားတက်ထိုးရန် နေခဲ့ကြလေတော့သည်။ ကျနော်တို့ လေးယောက်နှင့်အတူ ကေအိုင်အေ ရဲဘော်သုံးယောက်သည် ရန်သူနဲ့ အနီးဆုံးတောင်ကုန်း၏ အောက်ခြေတွင် ဖြန့်တက်ရန် နေရာယူထားပြီး ထမင်းထုပ်ကိုဖွင့်ယင်း ထမင်းစားရင်း တက်ထိုးရန် အမိန့်ကို စောင့်နေကြသည်။

မောင်မောင်ခင်(ရမ်ဘို) လဲ စစ်သားကြီးလုံးလုံး ပေမဲ့ ဘုရား၊ တရားတော့ မမေ့ခဲ့ပါ
၎နှစ်မြောက် ၈လေးလုံး အောင်းမေ့ဖွယ် အခမ်းအနားတုန်းက

တော်လှန်ရေး ဆိုတာ
ကျနော်နဲ့ ရဲဘော်ဗညား ကပ်လျက်ထိုင်နေကြသည်၊ ကေအိုင်အေမှ စကားပြောသံများ ကျနော်တို့စက်ထဲကို ၀င်လာသည်။ ကျောင်းသားတပ်မတော်မှ အရာရှိတယောက်ကျတယ်၊ အမိန့်စာ ပြန်တမ်းဖတ်ဖို့ ပြင်နေကြသည်။ မည်သူမည်ဝါ ဆိုတာတော့ အတိအကျမသိပါ။ ရဲဘော်ဗညားမှ ကျနော့်အားလှမ်းပြောသည် “ငါတို့ဆီက တယောက် ကျသွားပြီးတဲ့” လက်နက်ကိုင် တော်လှန်ရေး တရပ်ကို ဆငိနွှဲမှတော့ သေမင်းနဲ့ မိတ်ဖွဲ့ပြီးသားပဲကွာ ဘယ်တတ်နိုင်မလဲဟု ဖြေရင်း ခြင်နဲ့ဖြုတ် တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ရက်ပီတိုခြင်ဆေးရည်ကို မျက်နှာနဲ့နားများကို လိမ်းပြီးအတွေးကိုယ်စီနဲ့ အမိန့်ကိုစောင့်နေကြ၏။

မိုးတွင်းဖြစ်သဖြင့် ယမ်းငွေ့များကိုဖြတ်သန်းပြီး ကျရောက်လာသော မိုးပေါက်များသည် ကျနော်တို့လိမ်းထားသော ခြင်ဆေးများကို အရည်ဖျော်ပစ်လိုက်ပြန်သည်။ ကျနော် ငုတ်တုတ်ထိုင်းရင်း တခါတခါ မှေးကနဲ မှေးကနဲ အိပ်ပျော်သွားသည်။ ကျနော်ရဲ့ ငိုက်မျဉ်းမှုကို မိုးဖွဲမိုးပေါက်များက မဖျက်ဆီးနိုင် သို့သော်လည်း ဖျက်ဆီးနေသော အရာများက ရှိသည် ခြင်နဲ့ဖြုတ်၏ အတင်းအဓမ္မ ထိုးစစ်ဆင်မှုနဲ့ ရန်သူကြေးစားတပ်၏ သွေးရူးသွေးတမ်း ပစ်ခတ်နေသည့် ဂျီဖိုးသေနတ်သံများ ဖြစ်သည်၊ ထိုကြောင့် မှေးကနဲ ငိုက်လိုက် လန့်နိုးလာလိုက်နဲ့ မနက်အရုဏ် အလင်းပိုင်းကို ၀င်ရောက်လာသည် တညလုံး တဖွဲဖွဲကျနေသော မိုးပေါက်မိုးဖွဲကလေးများလည်း ပျောက်ကွယ်သွားပြီ ပါတ်ဝန်းကျင်ကို ကြည့်လိုက်တော မှုံဝါးဝါးနဲ့ မြင်နေရသော သစ်ပင်များတောင်ရိပ်များကို တဖြေးဖြေးနဲ့ ထင်ထင်ရှားရှားမြင်ရလာပြီး………ကျနော်တို့ စကားပြောစက်ထဲကို အသင့်ပြင်ထားရန် ညွန်ကြားချက် တချို့ဝင်လာသည်။

ညဦးပိုင်း ကုန်းကို ကျားတက်ထိုးခဲ့တုန်းက ရန်သူမှ အပေါ်စီးက အမှောင်ထုကို အကာကွယ်ယူ၍ ကျနော်တို့မတက်နိုင်အောင် ပစ်အားကို သုံးပြီးကာကွယ်ခဲ့သည် ထို့ကြောင့် သုံးကြိမ်တိတိ ကျနော်တို့ဖက်မှ လန်ဆင်းခဲ့ကြရသည်။ ညတိုက်ပွဲကို ဆက်ဆင်နွဲလျှင် ကျနော်တို့ဖက် အထိနာတော့မည် မိမိအင်အားကို မိမိဖြုန်းတီးရာ ရောက်ပေတော့မည်။ ဗိုလ်မှူးလဇိန်ဘောက်သည် ထိုအချက်ကို သိသည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူလည်းဖြစ်၍ ထိုကြောင့်မိုအလင်းကို စောင့်နေခြင်းသာ ဖြစ်သည်။


စိတ်ဓါတ်အင်အားနဲ့ ကျားတက်ထိုးပြီ

ကျနော်တို့ကို ကျားတက်ထိုးရန် ညွှန်ကြားချက် ၀င်လာလေပြီ။ သစ်ပင်အောက်တွင် တက်ရန် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသော ကချင်ရဲဘော်လေးကို တွေ့သောအခါ ရဲဘော်ဗညားမှ သူ့ စတင်းဂမ်းနှင့် ထိုရဲဘော်လေး ကိုင်ထားသော M(21) သေနတ်ကိုလဲ ယူလိုက်ပြီး ငါတို့တက်တော့မယ် မင်း ဒီမှာပဲနေခဲ့ဟု ပြောကာ တောင်ကုန်းလေးကို ဖြန့်တက်ခဲ့ကြသည်။ ၅မိနစ်ခန့် ဖြေးဖြေးတက်လာ ပြီးသောအခါ ကျနော်တို့ရဲ့ ဘယ်ဖက်တောင်ကုန်းမှ ဂျီ(4)ဖြင့် ရမ်းပစ်နေသည်ကို ကျနော်တို့ သိလိုက်ရသည်။ ကျနော်တို့ကို ညွန်ကြားချက်ပေးတာက ညာဖက်ကို ပစ်ရှင်းပြီး တက်ခိုင်းနေပြန်သည်။ စကားပြောစက်ဖြင့် ကချင်အရာရှိ ဗိုလ်ကို ကျနော်တို့ ပြန်ပြောသောအခါ ဘယ်ဖက်မှာ ကိုယ့်လူတွေရှိတယ် အချင်းချင်း ပစ်မိမည်ဟု ပြန်ပြောသည်။ ကျနော်တို့လည်း ပစ်လိုက် အော်လိုက် ဆဲလိုက် တက်လိုက်နဲ့ သိပ်မကြာလိုက်ပါ ကုန်းကြောထိပ်သို့ ရောက်သွားသည်။ ကျနော်လည်း အော်ဆဲပြီး ပစ်တက် တက်သွားသည် “မအေ-ိုးတဲ့ ခွေးတွေ ဘယ်ရောက်ကုန်ပြီလဲ ထွက်ခဲ့လေ” အော်သာအော်သည် ဘယ်ဖက်မှလည်း ပစ်ခတ်မှု မရှိတော့ချေ၊ ကုန်းပြောင်ပြောင် အလယ်တွင် ပစ္စည်းတွေကို စုပုံထားသည်၊ တောစပ်တွင် သေနေသော ရန်သူ့ရဲဘော် ကလေးစစ်သား အလောင်း(၂)လောင်းကို မဆွဲနိုင်ပဲ ပစ်ထားသည်ကိုသာ တွေ့ရသည်။

တချို့ နေရာများတွင် အလောင်းများကိုမြှုပ်ထားသော မြေစာပုံများနှင့် မကွဲသော ကေအိုင်အေ လုပ် လက်ပစ်ဗုံးများကိုလည်း တွေ့လိုက်ရသည်။ အခြေအနေကို ကျနော်သုံးသပ်လိုက်မိသည် ရန်သူလည်း တော်တော်အထိနာ သွားပုံရသည်။ ကျနော်သည် ကုန်းကြောပြောင်ပြောင်တွင် (၂)မိနစ်ခန့် ဟိုလျှောက်ဒီလျှောက်နဲ့ ကျနော့်ရဲဘော်များအား လှမ်းပြောနေသည် “ ဒီမှာ ပစ္စည်းတွေ ဒီကောင်တွေ သယ်တောင်မသွားနိုင်ဘူး ” ထိုအချိန်မှာ ကျနော်နဲ့(၅)လှမ်း အကွာတွင် သစ်ပင်အကြီးတပင် ခြေရင်းမှ ခေါင်းတလုံး ပြူထွက်လာပြီး ကျနော့်ကို လှမ်းမေးလိုက်သည် “မင်းတို့ ဘယ်အဖွဲ့ကလည်း” အခြေအနေကို သူစကားဆုံးတာနဲ့ တွက်ဆမိသောကြောင့် ကျနော်နောက်ကို ချက်ချင်းလှည့်၍ ကျန်သူများပါပစ်နိုင်ရန် “ရန်သူ”ဟု ကျနော်အော်လိုက်သည်နှင့် နှစ်ဖက်၏ ပစ်ခတ်သံများ ဆူညံသွားတော့သည်။ ရဲဘော်ဗညားမှ ကျနော့်အား လှမ်းပြောလိုက်သည် “ဟိုမှာ ၀င်းရွှေလဲနေပြီ ထိသွားပြီ” ဒါဆိုရင် မင်းနဲ့ငါသွားဆွဲမယ်။ ကျနော်တို့ နှစ်ယောက် ရဲဘော်ဝင်းရွှေဆီရောက်လို့ သူ့သေနတ်ကို ရဲဘော်ဗညားမှ ကောက်ကိုင်လိုက်ရင်ပဲ ရန်သူရဲ့သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရဲဘော်ဗညားမှ ကျနော့်အားလှမ်းပြောသည် “ငါတော့ ထိသွားပြီ” ကျနော်လည်း သိချင်ဇောနဲ့ ဘယ်မှာထိတာလဲဟု မေးလိုက်မိသေးသည်။ “ငါမသိဘူး မင်းငါ့ကို ကာပစ်ပစ်ပေး ငါကုန်းအောက်ကို ဆင်းပြေးမယ်” ကျနော် ကာပစ် ပစ်ပေး နေသောအချိန်တွင် ရဲဘော်ဝင်းရွှေ သေနတ်ကိုကိုင်ပြီး ရဲဘော်ဗညား ပြေးဆင်းသွားသည်။ ကျနော်ဗညားကို တချက်လှည့်ကြည့်လိုက်သည် သူ …. ပြေးအဆင်းကို ရန်သူ၏ ကျည်များသည် သူ၏ ဘေးနားတွင်ရှိသော သစ်ကိုင်းသစ်ရွက်များကို တဖေါက်ဖေါက်မြည်သံနှင့် ထိုးဖေါက်ဖျက်စီး နေကြသည်။ ကျနော်တို့ သူတို့ရဲ့ပစ်ကွင်း၊ သတ်ကွင်းထဲကို ရောက်နေကြပြီ် ဆိုတာကို သိလိုက်ရသည်။ ရန်သူက သူတို့အင်အားခြင်း မယှဉ်နိုင်သည်ကို သိ၍ ပစ္စည်းများကိုပုံကာ နည်းပရိယာယ် ဆင်ထားခြင်းဖြစ်သည်။ ရန်သူရဲ့ လှည့်စားမှု စစ်နည်းဗျုဟာ အကွက်ထဲကို ကျနော်တို့ ရောက်နေခြင်းဖြစ်သည်။ ရဲဘော်ဗညားတော့ လွတ်သွားပြီ ကျနော်ပြားပြားဝပ်၍ ရန်သူ့ပစ်ကွင်းထဲမှာ ကျန်နေသည်၊ ခေါင်းထောင်၍လည်းမရ ရဲဘော်ဝင်းရွှေ၏ ဒါဏ်ရာ လိုက်ရှာကြည့်နေမိသည် ကိုယ်ပေါ်တွင် ဘာဒါဏ်ရာမှ မတွေ့ရပါ။ သူရဲ့ နောက်ဖက်သစ်ရွက်များပေါ်တွင် ဖြူဖြူအဖတ်များ ကိုသာတွေ့ရသည်။ ထိုကြောင့် သူမျက်နှာကိုကြည့်မိလိုက်သည်။ နဖူးတွင် မှန်ထားသောကြောင့် ဦးခေါင်းနောက်ပိုင်း ပွင့်ထွက်သွားသည်။ သစ်ရွက်ပေါ်တွင် တွေ့လိုက်သော ဖြူဖြူအဖတ်တွေက သူရဲ့ဦးနှောက်များ ထွက်နေခြင်းဖြစ်သည်။

ဥတ္တရ စစ်မြေပြင်မှာ ကျား တက်ထိုးစဉ်
ရေခဲပြင်ပေါ်က မြောက်ပိုင်း ကျောင်းသားတပ်မတော်

ဒဏ်ရာရပြီ

သေနတ်သံနဲနဲ ကျဲလာသောကြောင့် ရဲဘော်ဝင်းရွှေရဲ့ အီကွတ်မင့်ကို ဖြုတ်ရန် ခေါင်းထောင်လိုက်သောအခါ ရန်သူရဲ့ပစ်ခတ်တဲ့ သေနတ်သံနဲ့အတူ ကျနော်၏ဦးခေါင်းကို အလွန်မတန်မှကြီးမားတဲ့ တူကြီးနဲ့ အထုခံရသကဲ့သို့ ဖြစ်သွား၍၀ပ်လျက် မိချောင်းသွားကို နောက်ပြန်ဆုတ်သွားပြီး ၀ပ်နေလိုက်သည်။ သိပ်မကြာပါ ကျနော်ရဲ့ဆံစများမှ နေ၍ သွေးစက်ကလေးများ စတင် စီးဆင်းလာသည်။ ထိုအခါမှ ကျနော်အသိ ပြန်ဝင်လာပြီး ဦးခေါင်းကို လက်နဲ့စမ်းကြည့်သည် ရဲဘော်ဝင်းရွှေကဲ့သို့ ဦးခေါင်းတွင် အပေါက်ဖြစ်နေသည်ကို မစမ်းမိ သို့သော်ဦးခေါင်းမှ သွေးများစီးကျလာသည် တဖြည်းဖြည်းများလာသည်။ အတွေးတခု ကျနော်တွင်ဝင်လာသည် ထိထားသည့် ဒဏ်ရာမှာ သေလောက်တဲ့ ဒဏ်ရာ ဟုတ်မဟုတ် ကျနော်မသိနိုင် သွေးပူနေချိန်ဖြစ်သည်။ ငါသေရင်တော့ ဒီကုန်းပေါ်မှာ မသေချင် ရဲဘော်တွေရှိတဲ့ နေရာမှာသာ ပြန်သေချင်သည်ဟု စဉ်းစားမိသည်။ ကျနော်ဝပ်နေသည့် နေရာနှင့် နှစ်လှမ်းခန့်မျှ ဆင်းပြေးနိုင်လျှင် ပစ်ကွင်းက လွတ်သည်။ သို့သော် ကျနော်မှာ ခေါင်းထောင်ဖို့ကို အခြေအနေ မပေးဖြစ်နေသည်။

ကျနော်ငြိမ်ငြိမ် နေလိုက်သောကြောင့် ရန်သူက ကျနော်သေပြီဟု ထင်ပုံရသည် သေနတ်သံ ခဏရပ်သွားသည်။ ကျနော်သည် လူရွှင်တော်များ ပျက်လုံးထုတ်သည့် မဟာဇနက္က စကားသုံးခွန်း ဆိုတာကို သွားသတိရမိသည် သင်္ဘောရွက်တိုင်ပေါ်က မခုန်ချခင် စကားသုံးခွန်းပြောဘူးတယ် အဲဒါက တစ် နှစ် သုံးတဲ့ ကျနော်သေဘေးနဲ့ ကြုံတော့ မဟာဇနက္ကထုံးကို နှလုံးမူပြီး သေနတ်သံလည်း တိတ်ရော တစ်… နှစ်… သုံး ဆိုထပြေးတော့ ရန်သူကျည်ဆံများ ကျနော်နောက်ကို အပြေးအလွှား ဒလဟော လိုက်လာကြသည်။ သိုသော် ကျနော်ကိုမမှီ ကျနော်ပစ်ကွင်းက လွတ်လာတော့ ကျန်နေတဲ့ ရဲဘော်မြင့်ဝင်းကို ထပ်လှမ်းခေါ်လိုက်သည်။ “မြင့်ဝင်း ဆုတ်မယ် မင်းတယောက်ထဲ မနေခဲ့နဲ့” “ဟုတ်ကဲ့ ကျနော် လေးငါးချက်လောက်တော့ ပြန်ပစ်လိုက်မယ်”ဟု ပြန်ပြောပြီး ဆက်ပစ်နေသည်။

ပြီးတော့မှာ ကုန်းပေါ်တွင် စစ်တပ်မှ လည်းစည်းတခုကို ဖြုတ်ယူနေသည်။ အဝါရောင် လည်စည်းလေးကို ကြည့်လိုက်တော့ ခမရ(၂၅၉)စာတမ်းကို ထိုးထားသည်။ ထိုအချိန်တွင် ကျန်နေသော ကေအိုင်အေမှ ရဲဘော်များရောက်လာကြသည်။ ကျနော်က အေအိုင်အေ တပ်စိတ်မှူးကို “ငါတို့တော့ထိထားပြီ ပြန်ဆင်းတော့မယ် ဒီကောင်တွေ ပစ်အားက နှစ်ယောက်လောက်ပဲ ရှိတော့တယ်”ဟု ပြောပြီးဆင်းလာကြသည်။ ကုန်းအောက်နားတွင် သွေးတိတ်ဆေးနဲ့ အသင့်စောင့်နေသော ဆေးမှူးနှစ်ယောက်ကို တွေ့သည်။ ထိုဆေးမှူးနှစ်ယောက်သည် ကျနော်နဲ့ ရဲဘော်ဗညားကို လက်မောင်းကို အကျီမချွတ်ပဲ သွေးတိတ်ဆေးတချောင်းစီ ထိုးပေးပြီး။ ကျောင်းသားဆေးမှူး ဗြောက်သောက်(နံမည်ပြောင်)နဲ့ ကျန်ရဲဘော်တယောက် ခေါ်ဆောင်လာသည့် ကျောင်းသားနဲ့ NLD(LA) ရှိတဲ့ နေရာကို ပြန်လာခဲ့တော့တယ်။

အဆိုးထဲတွင် ကံကောင်းကြသူများ
ကျည်လွတ်ရာ ပြန်ရောက်မှ ကျနော်တို့ ဒဏ်ရာများကို ထုံးဆေးမပါ အစိမ်းချုပ်ကြသည်။ ကျနော်က ဦးခေါင်းထိပ်တွင် ရှပ်မှန်းပြီး ရဲဘော်ဗညားမှာ နောက်ကျောကို ကျောပိုးအိတ်နဲ့ကြားမှ ဖောက်ထွက်သွားပြီး အသီးသီး ရှပ်မှန်ကြသည်။ ကျနော်တို့ နှစ်ယောက် ကံကောင်းသည်လို့ ပြောရမည်။ ကျနော်ကို နောက်ထပ်(၀့ ၅) စင်တီမီခန့် ဒဏ်ရာအောက်ကျလျင် ကျနော်အသက်ရှင်စရာ အကြောင်းမရှိ။ ရဲဘော်ဗညားသည်လည်း နောက်(၀့ ၅ )စင်တီမီတာ လောက် ဒဏ်ရာအထက်ကို တက်လျှင် အာရုံကြောကိုထိ၍ အောက်တပိုင်းလုံး သေသွားနိုင် သည်။ ကျနော်၏ ကျောပိုးအိတ်ကြည့်လိုက်ရာ ကျည်ဆံဖောက်ထားသည့် အရာများကိုတွေ့ရသည်။ ကျောပိုးအိတ်အတွင်းမှ အ၀တ်အစားများတခုမှ အကောင်းမရှိ၊ မုတ်ဆိတ်ရိတ်တဲ့ဗူးကို ထိမှန်သွား၍ ဘရိတ်ဓါးများ ကော့လန် ကောက်ကွေးသွားသည်။ သို့သော်ကံဖယ်သည်ဟု ပြောနိုင်မည် ကျောပိုးအိတ်ထဲတွင် ထည့်ထားသော ယမ်းဘီလူး(တီအန်တီ)နဲ့ ကက်ကို ထိမှန်ခြင်းမရှိပေ၊ အကယ်၍များ ကက်နဲ့ တီအန်တီကို ထိမှန်လျင် ထပေါက်ပွဲပြီး ကျနော်၏ ခန္ဓာကိုယ်မှာ တစစီဖြစ်သွားမည် သေခြာသည်။ အခုတော့ ကံကောင်းသောကြောင့် သေဘေးမှလွတ်လာသည်။

တချို့ရဲဘော်များ ကျဆုံးသွားခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသောကြောင့် စိတ်မကောင်းဖြစ်နေရသည်တော့ အမှန်ပင်ဖြစ်သည်။ ကျနော်တို့ဆင်းခဲ့ပြီး သိပ်မကြာလိုက်ပါ နံနက်(၁၀)နာရီကျော်ကျော်တွင် ကုန်းကိုအပြီး သိမ်းလိုက်နိုင်ပြီဟု သတင်းဝင်လာသည်။ နေ့လည်ပိုင်းရောက်တော့ အပြီးအပိုင် ရှင်းလင်းပြီး ရန်သူတပ်မှရသော လက်နက်ကြီး ကျည်ဆံများလက်နက်များ စားစရာရိက္ခာများ စသည်တို့ကို အများအပြား သိမ်းစည်းရမိသည်။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ခဲ့သော စစ်ကြောင်းကို ဒုဗိုလ်မှူးကြီးတင်အုန်း ဦးဆောင်ပြီး ခမရ(၂၅၈)မှ တပ်ခွဲတခွဲနဲ့ ခမရ(၂၅၉)တပ်ခွဲတခွဲ ခြေမြန်တပ်များဖြင့် ကျနော်တို့ ဂွင်ကို ထိုးစစ်လာခြင်းဖြစ်သည်။ ခမရ(၂၅၉) ခံပစ်နေချိန်တွင် ခမရ(၂၅၈)မှ စစ်ကူသွားခေါ်ရန် လွှတ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန် ကျနော်တို့ ကျောင်းသားများ မြန်မာစကားပြော၍ တက်သွားခြင်းကို သူတို့စစ်ကူလာခဲ့သည်ဟု ထင်ခဲ့သည်။ အပစ်ခဏရပ်ပြီး လှမ်းမေးသောကြောင့် ကျနော်တို့အား ကြောင်ပြီး ပက်ပင်း တိုးခဲ့ခြင်းဖြစ်သည်။ နယ်မြေတဝိုက် ရှင်းလင်းသောအခါ တချို့စစ်သားများသည် ငှက်ဖျားမိပြီး လမ်းဘေးတွင် သေနတ်များကိုချကာ ငုတ်တုတ်ထိုင်နေသည်ကိုသာ တွေ့ရသည်။ နောင် … ထိုသုံ့ပန်း စစ်သားများကို ဖမ်းမိ၍ဆေးကုပေးပြီး ပြန်လွှတ်လိုက်သည်ဟု သိရသည်။

ရန်သူတော့ တော်တော်အထိနာသွားသည် တပ်ခွဲ(၂)ခွဲလည်း ဖွဲ့စည်းပုံပျက်ပြီး တစစီဖြစ်သွားသည်။ ဒုဗိုလ်မှူးကြီးတင်အုန်းလည်း ဘယ်လိုထွက်ပြေးသွားသည်မသိ လွတ်မြောက်သွားသည်။ ကျနော်တို့ဖက်လည်း ၁၁ယောက်ကျဆုံး၍ သုံးဆယ်ကျော်ဒဏ်ရာရသည်။ ထိုတိုက်ပွဲတွင် ကျနော်တို့ ကျောင်းသားတပ်မတော်မှာ အတွင်းရေးမှူး ရဲဘော်မျိုးဝင်း နဲ့ ရဲဘော်ဝင်းရွှေနှစ်ယောက် ကျဆုံး၍ ကျနော်တို့နှစ်ယောက် ဒဏ်ရာရသည်။ ကျနော် ပြန်စဉ်းစားမိသည် တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးသွားသူများဟာ စနစ်ဆိုးရဲ့ သားကောင်များသာဖြစ်သည်။ စစ်ကိုမတိုက်ချင်ပဲ တိုက်နေကြရသည်ကို ကျနော်မျက်မြင်တွေ့ခဲ့ပြီး သေဆုံးကျဆုံးသွားသူများမှာ ဘာအပြစ်မှမရှိကြပါ မိမိအာဏာအတွက် စနစ်ဆိုးကို ဖန်တီးသူများသာ တာဝန်အရှိဆုံး ဖြစ်နေလေတော့သည်။

ရှေ့တန်း တောတွင်းဆေးရုံ
ကျနော့်မှာ ဒဏ်ရာသွေးထွက် များထားတာရယ် အိပ်ရေးပျက်ထားတာရယ် ယမ်းငွေ့များကြောင့်ရယ် ခေါင်းမူးနေသည်၊ ရဲဘော်ဗညားသည်လည်း ကျနော်ကဲ့သို့ဖြစ်နေလိမ့်မည်ဟု ကျနော်ထင်မိပါသည်။ ကျနော်တို့နှစ်ယောက်ရဲ့ ဒဏ်ရာတွေကို အသီးသီးချုပ်ပြီးသောအခါ ကျနော်တို့ရဲဘော်များမှ ထမင်းယူလာပေးသည် ဟင်းကတော့ အမဲသားဟင်းပေါ့ ထမင်းစားပြီးသောအခါတွင် အခါမှေးစင်းလာသော မျက်လုံးများကို အနားပေးရန် ကျနော့်တို့ တရေးစီ စိတ်ချလက်ချ အိပ်ပြစ်လိုက်ကြသည်။ အိပ်ယာမှနိုးသောအခါ ဆေးရုံမှာ ကျနော်တို့နှစ်ယောက်သွားနေရမည် ဆိုသောကြောင့် ဆေးရုံရှိရာဖက်သို့ လာခဲ့ကြသည် ဆေးမှူးများကို ကျနော်တို့နာမည်များ စာရင်းသွင်းပြီး သူတို့နေရာချထားပေးသော နေရာတွင်လှဲချလိုက်သည်။ ဆေးရုံဆိုပေမဲ့ မြို့ဆေးရုံများလို မထင်လိုက်နဲ့ လူနာများနေဖို့ တဲတန်းရှည်တခုသာဖြစ်သည်။

ဆေးရုံဆိုသောနေရာတွင် ဆေးမရှိပါ ကျနော်တို့ဒဏ်ရာ ကျက်ရန် ပယ်နယ်စလင် မထိုးပေးနိုင်ပါ။ ဒဏ်ရာပြင်းထန်သော သူများကိုသာ ပယ်နယ်စလင်းထိုးပေးသည် အဘယ်ကြောင့်ဆိုသော် ဆေးဝါးအလုံလောက် မရှိသောကြောင့်ဖြစ်သည်။ ဆေးရုံတွင် ကချင်တိုင်းရင်း ဆေးဆရာများလည်း ပူတွဲထားသည်။ ထိုတိုင်းရင်း ဆေးဆရာများသည် တောထဲတွင် သဘာဝတောတောင် တောဆေးမြစ်များနဲ့ လူနာများကိုကုသည်။ ရဲဘော်ဗညားကိုတော့ ဆေးရွက်တမျိုးထောင်းပြီး တိုက်သည် ကျနော့်ကိုတော့ ဆေးရွက်တမျိုးကို တရက် သုံးကြိမ်းဝါးစားရသည်။ ထိုတိုက်ပွဲတွင် ဒဏ်ရာရသူများထဲတွင် ကျနော်တို့နှစ်ဦးမှာ အသက်သာဆုံးဖြစ်နေသည်။ ကချင်ရဲဘော်များသည်လဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကြသည်။ အနာရင်းမှာ ဆိုသောကြောင့်လား မသိ စားစရာကိုတော့ တခြားမကျွေးပါ၊ ဆွန်ထန်(မုန့်ညှင်းချဉ်ခြောက်) ဟင်းရည်တမျိုးတည်းသာ ကျွေးသည်။ စားစရာတခြား ဘာမှမရှိ တောထဲတွင် ဝယ်စား၍လည်း မရ၊ ဒါပေသိ ကျနော်တွင် နို့ဆီတဗူးပါလာသည်။ ထိုနို့ဆီးဗူးသည် ရန်သူ့ထံမှ သိမ်းဆီးပစ္စည်းများတွင် ပါလာ၍ ကျနော်၏ ရဲဘော်မောင်မဲ(ယခုသေဆုံး)ဲမှ ကျနော့်အား လာပေးထားခြင်းဖြစ်သည်။ ကျနော်တို့နှစ်ယောက် ထိုနို့ဆီဗူးလေးကို ဖျော်သောက်ပြီး အားမွေးနေကြရသည်။

နောက်တရက်တွင် ထိုဗျူဟာစခန်းတွင် တိုက်ပွဲနိဂုံးချုပ် သုံးသပ်ချက် အစည်းဝေးတခု ပြုလုပ်ပြီး ဗျူဟာစခန်းတခုလုံး ပြန်ဆုတ်ခွာမည်ဟု ညွန်ကြားချက် ရောက်လာသောကြောင အားလုံးပြင်ဆင်ကြရသည်။ လူနာတွေထဲတွင် လမ်းမလျှောက်နိုင်သူက များသည်၊ ထိုလူနာများကို ထမ်းစင်များနှင့် ထမ်း၍ခရီးထွက်ကြ ပြန်သည်။ လမ်းတွင် အင်းကြီးတခုကို ဖြတ်ရသည် ထိုအင်းကြီးသည် မိုးတွင်းဖြစ်နေသောကြောင့် ရေပြည့်နေသည်။ ကျနော်တို့ ဖြတ်ကြတဲ့အခါ ပခုံးထိရေမြုပ်နေသည်။ လူနာများကို ထမ်းရသော ရဲဘော်များမှာလည်း လူနာတွေကို ရေမထိအောင်မကြရသည် ထမ်းကြရသည်၊ တော်တော်ခက်ခက်ခဲခဲ နိုင်လှသည်။ ရဲဘော်ဗညားမှာ ကျောက ဒဏ်ရာမပြင်းသောကြောင့် လမ်းလျှောက်ရသည် လျှောက်လည်း လျှောက်နိုင်သည် ရေးကူးရမည်ဆိုသောအခါ အနာကိုရေမစိုအောင်းကူးဖို့ အခက်ခဲဖြစ်လာသည်။

ထိုကြောင့် ပလပ်စတစ်ရေပုံးကို လုံအောင်ပိတ်ပြီး ဝမ်းဗိုက်အောင်တွင် ထည့်ကာ ရေပြင်ကျယ်ကြီးကို ကူးရပြန်သည်။ အင်းကြီးဖြတ်ပြီးသောအခါ ကျနော်တို့ စစ်ကြောင်းကို အသင့်ကြိုဆိုနေသော ကိုင်းကွင်းကျယ်ကြီးကို တဖန်တွေ့လိုက်တော့ ကြည်နူးမိသလိုလို ဒီ… မျက်စိတဆုံး ဖြစ်နေတဲ့ ကွင်းပြင် ကြီးကိုကြည့်ပြီး ငါတို့ တော်လှန်ခရီးလမ်းဟာလည်း ဘယ်လောက်ကြာရှည်စွာ ဖြတ်သန်းကြရအုံးမလဲ မသိဟု တွေးတောရင်း ခံစားမှု ရင်မှာ မောဟိုက်လာပြန်သည်။ ထိုကိုင်းကွင်းကို တနာရီမျှ လျှောက်ပြီးသောအခါ ကွင်းထဲတွင် အင်ပင်များကို တစတစနှင့် တွေ့မြင်လာရပြန်သည်။ ထိုအခါ ကျနော်စိတ်တွေ နဲနဲတက်ကြွလာပြန်သည်၊ ကျနော့်အတွေ့အကြုံအရ အခုလို အင်ပင်တွေ စိတ်လာလျှင် မကြာသောအချိန်တွင် ကိုင်းကွင်းကြီး အဆုံးသတ်တော့မည်။ သိပ်မကြာလိုက်ပါ ကိုင်းကွင်းဆုံး၍ တောတန်းရှည်ကလေးကို ချဉ်းနင်းဝင်ရောက်လာ ခဲ့ကြပြီ။ ကျနော်တို့ စစ်ကြောင်းကြီးသည် လူဦးရေများသောကြောင့် ခရီးမတွင်လှပေ လူနာများကို တရုတ်နယ်စပ်ရောက်မှ ဆေးပြည့်ပြည့်စုံစုံနဲ့ ဆေးကုသရမှာ ဖြစ်သောကြောင့် ရည်မှန်းချက်ကို ရောက်ရန် နေ့ရော ညပါ ခရီးနှင်ကြသည်။

သဲတွေကလည်း ဒုက္ခပေးတတ်တယ်
ခရီးစထွက်လာပြီး နှစ်ရက်အကြာရောက်တော့ လမ်းလျှောက်သူတွေ စစ်ကြောင်းကို မှီရန်ကြိုစားပြီး လိုက်နေကြရသည်။ မိုးရာသီးတွင် ခရီးထွက်ရတော့ ခန္ဓာကိုယ် အောက်ပိုင်းသည် အမြဲစိုစွတ်နေသည် လမ်းခရီးတွင် ရေချောင်းငယ်ပေါင်းများစွာ ရေအိုင်ပေါင်းများစွာကို ဖြတ်ကျော် လျှောက်ခဲ့ရသောကြောင့် ကျနော်တို့၏ ခြေထောက်များကို သဲမှုန်ကလေးများ ၀င်ရောက်ဒုက္ခပေးလာသည်။ ကျနော်တို့စစ်ကြောင်းတွင် လူတိုင်းသဲဝဲစားခြင်းကို ခံကြရသည်။ နားသောအချိန်များတွင် စစ်ဖိနပ်ကိုချွတ်လိုက်လျှင် ခြေထောက်များသည် ပဲကြီးတွန့် တွန့်ပြီး နီရဲကာကိုက်နေတော့သည်။ မိုးတွင်းစစ်ဖိနပ်စီး၍ ခရီးရှည်ထွက်သောအခါ ကြုံတွေ့သည့် ဒုက္ခတမျိုးပင်၊ ထိုအချိန်မျိုးတွင် ဖိနပ်မပါဘဲလမ်းလျှောက်လျှင် မြက်ပင်ပဲဖြစ်ဖြစ် တခြားဘယ်အရာနဲ့ဖြစ်ဖြစ် ထိမိလျှင် အသည်းခိုက်နာကြရသည်။ ထိုအခါ ကျနော်သည် ခေါင်းကဒဏ်ရာက ပြည်စတည်နေပြီ ကျနော်တို့ နေ့ရောညပါ သုံးရက်ခရီး အပြင်းနှင်ခဲ့သောကြောင့် ဧရာဝတီမြစ်ကို ရောက်ခဲ့ပြီ။ နေရာကို စုံစမ်းကြည့်တော့ ဆင်ဘိုအထက်နားကနေ ဧရာဝတီမြစ်ကိုဖြတ်ရမည်။ အခုတော ဧရာဝတီရဲ့ အနောက်ဖက်ခြမ်း တောတွင်းတနေရာတွင် အိပ်ကြ၍ မြစ်ကူးရန် စီစဉ်မှုကို စောင့်ကြခြင်းဖြစ်သည်။

နံနက်(၃)နာရီတွင် ထ၍ မြစ်ကမ်းသို့ ရောက်အောင် လမ်းနဲနဲ ဆက်လျှောက်ခဲ့ကြသည်။ မြစ်ကမ်းနံဖူးကို ရောက်သောအခါ အမှောင်ထုကို အကာကွယ်ယူပြီး လက်ဖြင့်လှော်သောလှေ ငါးစီးဖြင့် ကျနော်တို့ လူတွေကို ခေါက်တုန့်ခေါက်ပြန် ကဲကြိုနေသောရွာသားများကို တွေ့ရသည်။ စစ်ကြောင်းက လူများသောကြောင့် ကျနော်တို့စီးရသော အချိန်သည် နံနက်ငါးနာရီးကျော် ခြောက်နာရီးနီးပါး ဖြစ်နေပြီး မိုးလင်း၍အရာရာကို ထင်ထင်ရှားရှား မြင်တွေ့နေရပြီ မြစ်အရှေ့ကမ်းရောက်တော့ ကျနော်တို့ လမ်းဆက်လျှောက်ရသည် မိုးကလေးက တဖွဲဖွဲရွာနေသည် ဧရာဝတီမြစ်ထဲသို့ စီးဝင်နေသော ချောင်းသေးလေးတခုကို ဖြတ်ကြရသည်။ ချောင်းကလေးမှာ ရေအနည်းငယ်သာရှိပြီး သူ၏ကမ်းပါးဇောင်းမှာ ဝါးတပြန်မျှ မြင့်နေသောကြောင့် ချောက်တခုကဲ့သို့ ဖြစ်နေပြန်သည်။

ယဉ်စွန်းတန်းမှာ နေရစ်ပေတော့ ရဲဘော် ၀င်းရွှေ
စနစ်ပြောင်းချင်လို့ တိုက်တဲ့သူတွေရဲ့ ၄နှစ်မြောက် အထိမ်းအမှတ်နေ့
ထိုကမ်းပါးဆောင်းလေးကို ဖြတ်ကူးရန်အတွက် သစ်ပင်ငယ်တပင်ကို လှဲထားပြီး ဘေးနှစ်ဖက်တွင် ဝါးဖြင့်လက်တန်းကလေး လုပ်ထားသည်။ တံတားလေးမှာ ကနွဲ့ကလျနဲ့ ကျနော်တို့စစ်ကြောင်းမှ သူများသွားလို့ရအောင် ကြိုးစားအားယူနေဟန်နှယ်။ ကျနော်ထိုတံတာလေးကို ကူးဖို့အလှည့်ရောက်လာတော့ အရှေ့က သူများသွားထားသောကြောင့် ထိုတံတားလေးမှာ ရွှံ့တွေနဲ့ချော်နေလို့။ ကိုယ်ပေါ်က ကျောပိုးအိတ်တလုံး အီးကွတ်မင့်နဲ့ သေနတ်ကို လွယ်ထားရ၍ မိုးဖွဲဖွဲကလေးရွာအချိန်မှာ ရွံများနဲ့ ချော်ပြီးမကျသွားအောင် ဝါးတန်းနှစ်ဖက်ကို သေသေချာချာ အားပြုထားရသည်။ ထိုအချိန် သတ္တဝါတမျိုးက ဒုက္ခပေးပြန်သည် အဲဒါကတော့ တခြားအကောင်ကြီးများ မဟုတ်ပါ “ဖြုတ်”များသာဖြစ်သည်။ ကျနော်၏အရေပြားသည် သူများနဲ့မတူ ခြင်နဲ့ ဖြုတ်ကိုက်ခံရလျှင် ပိုယားတတ်သည် အဖုများမှာ ပိုပြီးကြီးယောင်ကာ အဆိပ်တက်လွယ်သည်။ အခုတော့ သွေးဆာနေသော ထိုသတ္တဝါများ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းကို ခံစားရပြီး လက်နှစ်ဖက်က ဝါးတန်းနှစ်ခုကို ကိုင်ထားရသည် ခြေထောက်က ချော်မကျ အောင်ရွေ့လျား ရပြန်သည်။ မျက်နှာနဲ့ နားရွက်များကို ပြွတ်သိတ်အောင် ကိုက်သဖြင့် လက်တဖက်က တခါခါလှုပ်ရှားကာ ဖြုတ်များနဲ့ပြွတ်သိပ်နေသော မျက်နှာကို လှမ်းပွတ်သပ်ရသည် ပြုတ်မကျအောင်လဲ ယိမ်းထိုးနေသော တံတားကိုထိန်းပြီး လျှောက်ရသေးသည်။

မျက်နှာကို သဲနဲ့ဆုပ်ပက် သကဲ့သို့ဖြစ်နေသည် ကျနော်ဘ၀တွင် ဤကဲ့သို့ ဆိုးဆိုးဝါးဝါး ဖြုတ်ကိုက်ခံရခြင်း မကြုံဘူးပါ ထိုတံတားလေးကို မိနစပိုင်းမျှ ဖြတ်ကူးပြီးသောအခါတွင် ကျနော့်မျက်နှာတခုလုံးမှာ ဖြုတ်ကိုက်ခံရသောကြောင့် ယားယံလွန်းလို့ မျက်နှာဆက်တိုက်ကို ပွတ်နေမိသည်။ အီကွတ်မင့်ထဲမှ မှန်ကလေးကို ထုတ်ကြည့်လိုက်တော့ မျက်နှာတွင် အပိန်းပိန်းတွေ ထပြီး ယောင်ကိုင်းနေသည်။ ကျနော်တို့မိနစ်(၃၀)ခန့် ဆက်လျှောက်ပြီးသောအခါတွင် တောင်ယာဟောင်းတခုသို့ ရောက်ခဲ့ကြသည် ထိုတောင်ယာဟောင်းတွင် အရှေ့မှာ ရောက်နှင့်သူများက နားနေကြပြီဖြစ်သည်။ နောက်ချန်အဖွဲ့များလည်း မြစ်ရဲ့ အရှေ့ခြမ်းသို့ ကူးလာပြီ ဖြစ်သောကြောင့် ထိုတောင်ယာဟောင်းတွင် နား၍ နံနက်စာ ချက်စားကြသည်။

အား မရှိတော့ဘူး
တောင်ယာဟောင်းတွင် ပါလာသော ရိက္ခာများဖြင့် ချက်ပြုတ်စားကြသည်။ သို့သော် ပါလာသောရိက္ခာတွင် အရေးအကြီးဆုံးဖြစ်တဲ့ ဆားက အလုံအလောက် ပါမလာ။ တောတွင်း တော်လှန်ရေးသမားများအတွက် အဓိက ရိက္ခာမှာဆန်နဲ့ဆားပဲဖြစ်သည် ကျန်တဲ့ဟင်းကိုတော့ သဘာဝက ပေးထားပြီးဖြစ်သည်နှင့် အမျှ ရှာဖွေစားသောက်ရသည်။ မြစ်ကိုကူးပြီး ဒုတိယနေ့ ကျနော်တို့တွင် ဆားလုံးလုံးပြတ်သွားသည် စစ်ကြောင်းတွင် ပါလာသော(NLD_LA)အဖွဲ့တွင် သွားရှာကြည့်တော့ သူတို့လည်း ကျနော်တို့နဲ့ အတူတူ ဆားပြတ်နေပြီ။ ဆားမပါတဲ့ဟင်းနဲ့ နှစ်နှပ်စားပြီး ခရီးဆက်ကြသည်။ လမ်းခရီးတွင် တောင်ကုန်းများကို ကျော်ဖြတ်ရသောကြောင့် တောင်တက်လျှင် ချွေးထွက်များ သည်။ ချွေးထွက်လျှင် ကျနော့်တို့၏ ခန္ဓာကိုယ်အတွင်း ဆားဓါတ်များချွေးနဲ့အတူ ရောပါသွားသည်၊ ခန္ဓာကိုယ်အတွင်း ကျဆင်းလာသော ဆားဓါတ်ကို ပြန်ဖြည့်စရာ ဆားမရှိသောကြောင့် ကျနော်အပါဝင် တခြားသူများလည်း နုံးပျော့လာကြသည် လမ်းလျှောက်ဖို့ အခက်ခဲဖြစ်လာသည်။ ထိုအချိန်မှာ အလယ်တန်းတွင် သင်ခဲ့ဘူးသော ကဗျာတပုဒ်ကို သွားသတိရလာသောကြောင့် ပါးစပ်မှ ရေရွတ်လိုက်မိသည်။ “ဝါးပြာထည့်ကြို အိုးနားတိုနဲ့ ဆောင့်ကြောင့်ထိုင်ကာ မွှေလိုက်မယ်၊ --- ချိုပေစွ ဟင်းချိုကို၊ု စလောင်းတို အခြေပဲ့နဲ့၊ အာခေါင်မှာ ပူအောင်ထည့်လို့၊ မြိုလှဲ့ကွယ်လေး” ဒီစာချိုးလို ဟင်းချက်တဲ့ အချိန်မှာ ဝါးအခြောက်များကို ထင်းအဖြစ်သုံးပြီး ကြွေကျလာသော ဝါးပြာများကို ချက်ထားသော ဟန်းကောအိုးထဲသို့ ဆားအဖြစ်ထည့် ရောမွှေလိုက်သည်။

ပြီးတော့မှာ ရဲဘော်တယောက်ကို “စားလို့ရပြီ မြည်းကြည့်” ဟုပြောလိုက်သည်။ ထိုရဲဘော်မှ ဟင်းဇွန်းနဲ့ ခပ်သောက်ပြီး ထွေးထုတ်လိုက်သည်။ ခါးတယ်စားလို့ မရတော့ဘူးဟု ပြောသောအခါ ကျန်သူများက ကျနော့်အားဝိုင်းရယ်ကြသည်။ ကျနော်လည်း အရှက်ပြေလိုက်ရယ်ပြီး ဟင်းကိုဇွန်းနဲ့ ခပ်သောက် ကြည့်ပြန်သည်။ ပြာတွေနဲ့ ရောနေသောဟင်းသည် စားလို့မရတော့ပါ။ ထိုကြောင့် သွန်လိုက်ရသည် ဆားမပါသောဟင်းကို ပြန်ချက်စားကြပြီး ခရီးဆက်ခဲ့သည်။ လေးလံသော ခြေထောက်များကို သယ်ဆောင်ရင်း တလှမ်းခြင်း လှမ်းခဲ့ကြသည် မိုင်ထောင်ချီသောခရီးကို ခြေတလှမ်းမှစရသည် ဆိုစကားမှန်သည်။ တရက်လျှောက်ပြီးသောအခါ ညအိပ်နားကြသည် နောက်ရက် နံနက်စောစောတွင် နားလုံရွာသို့ ရောက်လာကြသည် ရွာတွင်စားစရာများ ၀ယ်စားပြီး ဖျားနာသော ဒဏ်ရာရသော လူနာများကိုတင်ရန် လှည်းများကိုဆင့်ခေါ်သည်။ လှည်းများရသောအခါ ဖျားနာသူများနှင့် လူနာများကို လှည်းများဖြင့် တင်ဆောင်ပြီး ခရီးဆက်ရပြန်သည်။ လှည်းတန်းရှည်ကြီဖြင့် ကျနော်တို့စစ်ကြောင်း ဖြတ်သွားပုံမှာ အလှူလှည့်သကဲ့သို့ ဖြစ်နေသည်။ နားလုံရွာ ချောင်းတဖက်ကမ်းတွင် ရန်သူ့တပ်စခန်းတခုရှိသည် ထိုစခန်းသည် ကျနော်တို့ဖြတ်သွားတာမြင်တိုင်း လှမ်းပစ်လေ့ရှိသည်။

ဌာနချုပ်ရောက်တော့ ရှစ်လေးလုံး(၄)ပြည့် နှစ်ပါတ်လည်အတွက် ကျောင်းသားရဲဘော်ရဲမေများ အလုပ်ရှုပ်နေကြသည်။ ထိုအခမ်းအနားသို့ တော်လှန်အဖွဲ့အစည်း တော်တော်များများကို ဖိတ်ကြာထားသည် တော်လှန်ရေးခေါင်းဆောင်အသီးသီး ထိုအခမ်းအနားကို ရောက်နှင့်နေကြပြီ အခန်းနားစတာနဲ့ တိုက်ပွဲခွပ်ဒေါင်းအလံကို အလေးပြုကာ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို အလေးပြုပြီး ခေါင်းဆောင်အသီးသီး မိန်ခွန်းများပြောကြားကြသည်။ တော်လှန်ရေးသီးချင်းများဖြင့် ဖျော်ပြေတင်ကြသည်။ ဖျော်ဖြေတင်ဆက်မှုတွေ ပြီးလို့ အသီးသီးထပြန်ချိန်တွင် ကျနော်အတွေးနှင့် ဆက်ထိုင်နေသောကြောင့် တပ်ထိန်း(MP) ရဲဘော်မြင့်ဇော်ဦးမှ “ ဘာထိုင်လုပ်နေတာလဲ မပြန်သေးဘူးလား” ဟု မေးမှ သြော်အေးအေး ကျနော်သတိပြန်ဝင်လာသည်။ ထိုအခါမှ ရဲဘော်မြင့်ဇော်ဦးနဲ့အတူ အိပ်ဆောင်သို့ ပြန်လာခဲ့တော့သည်။

ယဉ်စွန်းတန်းမှာ နေရစ်ပေတော့
အဆောင်ပြန်လာတော့ လမ်းခုလတ်မှာ ဘယ်လိုမှ ဖြေသိမ့်မရသလို ပုံစံမျိုးနဲ့ ၀ုန်းကနဲ ဒိုင်းကနဲ ရွာချလိုက်တဲ့မိုးက ကျနော်တို့ မြောက်ပိုင်းကျောင်းသားတပ်မတော်မှ ကျဆုံးသွားသော အတွင်းရေးမှူး ကိုမျိုးဝင်း အပါအ၀င် ရဲဘော် ၁၁ယောက်အတွက် ဖြေမဆယ်နိုင်လို့ ရွာတယ်လို့ကို စိတ်အစဉ်က ထင်နေမိတယ်၊ မိုးရွာထဲ လျှောက်ယင်း မိုးရေစက်တွေကျရာ ကောင်းကင်ကို စိတ်ထဲက အော်ပြောလိုက်တယ် “ ဥတ္တရယဉ်စွန်းတန်းမှာ တာဝန်ကျေစွာ နေပေတော့ ကိုမျိုးဝင်း နဲ့ ရဲဘော်တို့ရေ ”လို့ ဆိုပြီး မိုးရေစက်လက်ကြားက ရင်ထဲမှာ ငိုနေမိတော့တယ်။
မောင်မောင်ခင် (ရမ်ဘို)(လူထုအသံ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။)

သို့သော်အခု ကျနော်တို့ အဖွဲ့များသောကြောင့်လားမသိ ပစ်ခတ်မှုတစုံတရာမှ ပြုလုပ်ခြင်းမရှိပါ။ နားလုံမှ တရက်လျှောက်လျှင် တရုတ်နယ်စပ်၊ လိုင်ဇာသို့ ညနေပိုင်းတွင် ရောက်ခဲ့ကြသည်။ လိုင်ဇာရွာထဲတွင် တအိမ်ကိုနှစ်ယောက် သုံးယောက်ခွဲ၍ တည်းခိုကြသည်။ နောက်တရက်မနက်တွင် လိုင်ဇာမှ ကျနော်တို့ တပ်စခန်းရှိရာ နောင်ရာပါစခန်းသို့ ရောက်လာကြသည်။ ကျနော်တို့ရောက်သောအခါ စခန်းတွင်ရှိနေသော ရဲဘော်ရဲမေများက လမ်းဝဲယာတွင် တန်းစီပြီး ပန်းစည်းများဖြင့် လက်ကမ်းကာ ကြိုဆိုနေကြသည်။ ရှေ့တန်းပြန်ကြိုဆိုပွဲတဲ …. ! စားသောက် ပျော်ရွှင်တဲ့သူတွေ ရှိသလို ကျနော့်စိတ်ထဲမှာတော့ ဆို့နင့်၍ ခံစားမှုတခုပြင်းထန် နေခြင်းမှာ တိုက်ပွဲတွင် ကျဆုံးသွား သောရဲဘော်များအတွက် ကျနော်၏ မျက်ဝန်းအိမ်မှ မျက်ရည်များအလို အလျောက်စီးကျလာတော့သည်။ ထိုစခန်းတွင် တရက်နားပြီး ကျနော်တို့ဗဟိုဌာနချုပ်ရှိရာ ပါဂျောင်ဒေသ၊ လိုင်စင်ဘွန့်ကို ခရီးဆက်ခဲ့ကြသည်။ကျနော်တို့ အခြေချရာ လိုင်စင်ဒေသ

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၂-)

အောင်မိုးဝင်း 

by Maung Maung Wann on Friday, 23 December 2011 at 22:50


မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၂-)
ခုခံချေပချင်သူတွေဘက်မှ ကျောင်းသားတယောက်ကနေ ဖေ့ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။                “  တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့ လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခ ရဲ့ မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်းရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊ ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့ ပြောရမလို ဖြစ်လာပါပြီ။ ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ တာဝန်ရှိသူတွေဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေလောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခုပြောပြမယ်ဗျာ။
မသတ်ရသေးပဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသား (၅၀) ကျော် အကျဉ်းထောင်က ဖောက်ထွက် လွတ်မြောက်သွားပြီ ဆိုတာ ကို သိလိုက်တဲ့ “မျိုးဝင်း” ဟာ အရုပ်ကြိုးပြတ်လဲကျသွားပြီး “ ဟာကွာ ငါ့ဘဝတော့ သွားပါပြီ” လို့ ငြီးငြူတယ်ဆိုပဲ။ သူမတရားသဖြင့် နှိပ်စက်နိုင်ခွင့်ရှိတဲ့ ကမ္ဘာမြေဟာ စတင်မီးလောင်ပြီးပြိုကျနေပြီ။ သိတ်မကြာဘူး။ အကုသိုလ်ကံက သူ့နောက်ကို လိုက်ပါလာတယ်။ နောက်ကျည်ထိ သေဆုံးသွားတယ်။ (တချို့ကတော့ နှုတ်ပိတ်ခံရတယ် လို့ ဆိုတယ်) တကယ်တော့ သူ့ကို မသေစေချင်ပါဘူး။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အဲ့သလို မြန်မြန်အသက်ထွက်သွားတာ မတန်လိုက်တာဗျာ။ တကယ်ဆို သံချောင်းလိုပဲ အကျဉ်းထောင်ထဲမှာ ကြိုးမိန့် (၅) ခါလောက်ကျရမှာ။ အင်း- ရော်နယ် အောင်နိုင် ကတော့ ဒီကိစ္စတွေကို ဘယ်သူ တာဝန်ခံဖြေရှင်းမှာလဲ။ အဖွဲ့ကို ဖျက်ပစ်မှဖြစ်မယ် လို့ အကြံပေးသတဲ့။ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ သမိုင်းကို ခြေရာဖျောက်ဖို့ ကြိုးစားတဲ့သူတွေက သွေးရောတကယ်ရှိလို့လား။ စိတ်ဝင်စားတယ်ဗျာ။ “ ဟော့ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမလဲ” ဆိုတဲ့အချက် ကိုပေါ့။
 နေပါအုံး။ တာဝန်ရှိသူတွေထဲမှာ “ လှဆိုင် ( ကချင်သံဝဲဝဲနဲ့ပြောရရင် လှဆောင် ပေါ့ဗျာ) ဆိုတဲ့သူရောပါမလား။ သူက တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေသူ လို့ သိရတယ်။ အာသံကုန်းမှာ မျိုးဝင်းနဲ့အတူ ကျောင်းသားတွေကို ဓါးနဲ့အပိုင်းပိုင်းခုတ်သတ်ခဲ့သူ လို့ နာမည်ကြီးတာပဲ။ တွေ့ချင်ပါသေးတယ်ဗျာ။  ဒီလောက် ဘီလူးသရဲစီးနေတဲ့ နှလုံးသား ဘယ်လို ဆဲလ်နဲ့များဖွဲ့စည်းထားသလဲ လို့ပါ။                      
(က)
ဒုတိယပိုင်းကို ဆက်ရေးတဲ့အခါ ခံစားမှုပြင်းထန်စွာနဲ့ ဝင်ရောက်မှတ်ချက်တွေရေးပေးတဲ့ မိတ်ဆွေတချို့ကို အနူးအညွတ်မေတ္တာရပ်ခံ ချင်တာတခုရှိပါတယ်။ ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ်ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ကျောင်းသားတွေက  မိဘတွေနဲ့အတူနေ၊ စာသင်ကျောင်းတွေမှာပျော်ပါး၊ စီးပွားရေးလုပ်၊ ဘဝရဲ့အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကိုချစ်ခဲ့ကြတယ်။ သူတို့ရဲ့ပုဂ္ဂလိက ဘဝတွေစွန့်လွှတ်ခဲ့ကြရတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ နားလည်မှုတခုတည်ဆောက်ဖို့အတွက် ဘဝပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့်  နေဝင်း၊ သန်းရွှေ ဖက်ဆစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီအပါအဝင်၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်မပြုချင်နေပါ။ ထိခိုက်စော်ကားစေတဲ့ စကားလုံးတွေ မပေးစေချင်ပါဘူး။  လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊ ကျောင်းသားတပ်မတော် ဆိုတာ ဒီလိုရက်စက်သလား ဘာညာ အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေထိခိုက်ခံစားလွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေဆင်းရဲဒုက္ခတွေက လွတ်မြောက်စေဖို့အတွက် တောခိုလက်နက်ကိုင်ကြတယ်၊ ဘဝကိုမြှုပ်နှံစတေးခဲ့ကြတယ် ဆိုတဲ့အချက်ကို လက်ခံစေချင်ပါ။  ရဲဘော်တွေက ရိုးသားချစ်စရာကောင်းပါတယ်။  ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော်ဆိုတာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းလို ပဲ၊ ခွဲခြားမရပါဘူး။ ဒီလိုခွဲမရတဲ့ ညီညွတ်မှုကို အိပ်မက်ဆိုးတွေကြားမှာ သတ်ပစ်ချင်တဲ့ လူတစုကတော့ ကိုထွန်းအောင်ကျော် လို မန္တလေး ဗမာနိုင်ငံလုံးဆိုင်ရာ၊ ညီလာခံက တရားဝင်တင်မြောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အပါအဝင်၊ ကျောင်းသား (၃၀) နီးပါးကို သတ်ဖြတ်ပြလိုက်ပြီး၊ ကျောင်းသားတပ်မတော်နဲ့ ရန်ကုန်၊ မန္တလေး ကျောင်းသားတွေကြားမှာ ခါးခါးသီးသီး နာကျင်မှုတခုဖြစ်သွားအောင် ကြံစည်ခဲ့ကြပါတယ်။ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ မန္တလေးကျောင်းသားထုဟာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်ဆိုသူတွေကို အမှုန့်ချေပစ်နေချင်ကြတာ အမှန်ပါ။ ဒါပေမဲ့ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ မရှိပါဘူး။ ပြဿနာတွေကို သတိတရားနဲ့ချည်းကပ် အဖြေရှာကြည့်ကြမယ်။ အဖွဲ့အစည်းတွေကြား အက်ကွဲကြောင်းတွေ၊ စိတ်ဒဏ်ရာတွေ ထင်အောင် ဘယ်သူလုပ်ခဲ့သလဲ ဆိုတာကို စမ်းစစ်ကြည့်ကြမယ်။  ဒီစာကိုရေးနေတဲ့အချိန်အထိ၊ ကျနော်ဟာ ကျောင်းသားတပ်မတော်ရဲဘော်တွေနဲ့ ခံစားချက်တူ၊ ရည်ရွယ်ချက်တူ တည်ရှိနေမယ်။ မြောက်ပိုင်း ကျောင်းသားတပ်မတော်ရဲ့ (၇၀၁) တပ်ရင်းကို စတင်ဖွဲ့စည်းစဉ်တုံးက ကျနော်တို့ကိုယ်တိုင်၊ မန္တလေးမြို့ မျက်ပါးရပ် စစ်တပ်နားမှာ စာရွက်တွေဝေခဲ့ဘူးခဲ့တယ်။ မန္တလေးမြို့ကို ကျောင်းသားတပ်မတော် နဲ့အတူပြန်လာမဲ့ သူငယ်ချင်းတွေကို မျှော်ခဲ့ဘူးတယ်။
(ခ)
 အဖြစ်အပျက်တွေကို တင်ပြတဲ့အခါ၊ လူတိုင်းမှာ လက်ခံပိုင်ခွင့်၊ ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ လူတွေအားလုံးမှာ သူတို့ရဲ့အမြင်တွေကို တင်ပြနိုင်တဲ့ အခင်းအကျင်းတခုရရှိထားကြပြီးသားပါ။ မြောက်ပိုင်း၊ ကချင်ဒေသမှာ လုပ်သွားခဲ့သလိုမျိုး၊ ဝန်မခံရင် နှိပ်စက်၊ နှုတ်တိုက်သင်ပေးထားတာကိုပြောရမယ်ဆိုတဲ့ ဇွတ်အတင်း၊ အကြမ်းဖက်အနိုင်ကျင့်တဲ့ အလုပ်မျိုး၊ စွပ်စွဲချက်မျိုးတွေကို၊ ကျနော်တို့ မလုပ်ပါဘူး။ ခုခံချေပချင်တဲ့သူတွေမှာလည်း ချေပပိုင်ခွင့်ရှိစေ ရပါမယ်။ ကျနော်တို့ကလည်း နားထောင်ချင်ပါတယ်။ ခင်ဗျားတို့ဆီမှာ စာရွက်စာတမ်းတွေ မပြည့်စုံဘူး ဆိုရင်လည်း ဖြည့်ဆည်းပေးဖို့ အသင့်ပါ။
“ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေမှ ဟုတ်ရဲ့လား။ ကျောင်းသားချင်း ဒီလိုလုပ်တာ ဖြစ်နိုင်ပါ့မလား”  လို့ သံသယနဲ့ကောက်ချက်ချသူ တယောက်ရဲ့ စကားလုံးတွေကို ကျနော်သဘောကျမိပါတယ်။ ဒီလိုဆို ကျနော်တို့ဘက်က ပြန်လည်မေးမဲ့ မေးခွန်းတခု ကို ဖြေဖို့ အသင့်ပြင်ထားပေးပါ။ ဒီအဖြစ်အပျက်တွေဟာ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုရင်၊ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ သူတွေဟာ ကျောင်းသားဖြစ်နိုင်ပါ့မလား။ လူသတ်မှုကို ယဉ်ပါးကျွမ်းဝင်နေတဲ့ ( စံနစ်တကျလေ့ကျင့်သင်ကြားထားတဲ့ စစ်ထောက်လှမ်းရေးတွေရောမဖြစ်နိုင်ဘူးလား)။ မန္တလေးသားတွေက မေးခွန်း( ၃) ခု နဲ့ စောင့်နေပါ့မယ်။
(၁) ကျောင်းသားချင်းသတ်တာလား
(၂) ကျောင်းသားတွေက စစ်ထောက်လှမ်းရေးတွေကို သတ်တာလား
(၃) စစ်ထောက်လှမ်းရေးတွေက ကျောင်းသားတွေကို သတ်တာလား
ဇာတ်လမ်းတခုလုံး ဇာတ်ရည်လည်လာတဲ့အခါကျရင် ဒီမေးခွန်းသုံးခုထဲက တခုခုကို စာဖတ်သူတွေ ဖြေနိုင်ကြမှာပါ။
 (ဂ)
ဒီကိစ္စကို ကျနော်က ဦးဆောင်ပြောပြနေတာ ကျနော့မှာ အကြောင်းရှိပါတယ်။ မျိုးဝင်း ( မိုးညှင်း) ဆိုတာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်သလို၊ သမိုင်းဆောင် အတူတကွ နေထိုင်ပျော်ပါးခဲ့ကြဘူးသူတွေပါ။ သမိုင်းဆောင်မှာကတည်းက သွေးဆာပြီး လက်ယဉ်လေ့ရှိတဲ့ မျိုးဝင်း တယောက် အရေးတော်ပုံအပြီး၊ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတယ် ဆိုတော့ ဘုရားတလိုက်မိတယ်။ နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ လူမိုက်တွေ လက်နက်ကိုင်တဲ့အခါ၊ တော်လှန်ရေးသမားဖြစ်မလာနိုင်ပါဘူး။ အကြမ်းဖက်သမား၊ ဓါးပြဂိုဏ်းလောက်သာဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်လည်း သူရှိနေတဲ့ မြောက်ပိုင်းကို သွားမယ်ဆိုတဲ့အတွေးမျိုးတခါမှ မတွေးခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်၊ ရော်နယ်အောင်နိုင်၊ ကိုစိုးလင်း ( အေဘီ ဗဟိုမှာ ဖမ်းဆီးခံရသူ) သုံးယာက်က မန္တလေးသားတွေပါ။ ခုတော့- ရော်နယ်အောင်နိုင် တယောက်သာ မဲဆောက်မှာ ကြီးပွားချမ်းသာပြီး၊ ပါတီပွဲတွေမှာ သောက်စားမူးယစ် အဆီယစ် ရီဝေနေတဲ့ မျက်နှာကြီးကို ကြိမ်ဖန်များစွာတွေ့ရ၊ ဖေ့ဘွတ်မှာ မိန်းကလေးတွေကို အီစကလီ စာလေးတွေ လိုက်ရေးနေတာကိုတွေ့ရပေမဲ့၊ ကိုထွန်းအောင်ကျော် ( ဗကသ-အထက်ဗမာပြည် ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားတပ်မတော်၊ မြောက်ပိုင်း-ဥက္ကဋ္ဌ) က အသတ်ခံရ၊ ကိုစိုးလင်းက မန္တလေးကို ပြန်လည်ထွက်ပြေးလာရပါတယ်။
မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက ၁၉၉၂ ဇွန်လ(၃) ရက်၊ ဗုဒ္ဓဟူးနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ ( မပူပါနဲ့။ သူတို့ရဲ့ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ကျနော်ပြောနေတဲ့အချက်အလက်တွေ ဘယ်သူက မှန်သလဲ ဘယ်သူက ပိုပြီး အသေးစိတ်လဲ ဆိုတာ သိရဖို့ ယှဉ်ပြီးတင်ပေးသွားပါမယ်။ Far Eastern Economic Review ( ၁၉၉၂ ဂျူလိုင် ၁၆)  မှာပါတဲ့ Bertil Lintner ရဲ့ Loss of innocence ဆောင်းပါးတွေကိုလည်း ဖတ်ကြရမှာပါ။ )  စစ်အစိုးရဆိုတာ ယုံကြည်ရတဲ့သူတွေမဟုတ်တော့ ကျနော်တို့က သူတို့ရဲ့ဝါဒဖြန့်ချီရေးဆောင်းပါးတွေ၊ သတင်းစာရှင်းလင်းပွဲတွေကို အရေးလုပ်ဖတ်လေ့မရှိပါဘူး။ သူတို့က မြစ်ထဲရေရှိတယ်ပြောနေရင်တောင်မှ ပြေးပြီးကြည့်ရအုံးမှာပါ။ တလျှောက်လုံးလိမ်ဆင်တွေပဲ ပြောနေတော့၊ သူတို့ဘာပြောပြော ယုံကိုမယုံခဲ့တာပါ။ ဒီအချက်အလက်တွေကို ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးဆီက ရတာလား လို့ နာမည်ဝှက်သုံးပြီး အပေါစားပျက်လုံး နဲ့ အောက်ဖဲ နဲ့ လာရှိုးနေသူတွေကို တခုပဲပြောလိုက်ပါရစေ။ ကျနော့အကြောင်းသိချင်ရင်၊ ABSDF မိုးညှင်းအုပ်စု က  RIT ကျောင်းသာတွေကို မေးကြည့်လိုက်ပါ လို့ အကြံပေးချင်ပါတယ်။  မျိုးဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သေသွားတော့ ထားလိုက်ပါတော့။ ဘယ်ကရလဲ သိချင်ရင် စိတ်မလောပါနဲ့။ သိလာရပါစေမယ် လို့ ဖြေထားပါရစေ။  တခုတော့ သတိပေးလိုက်ပါရစေ။ တခါတုံးက ABSDF ( မြောက်ပိုင်း) ခေါင်းဆောင်တွေကို ထောက်ခံခဲ့သူတွေဟာ အခုချိန်မှာ ထိတ်လန့်တုန်လှုပ်ပြီး ဖြောင့်ချက်တွေပေးထားခဲ့တယ် ဆိုရင် ခင်ဗျားတို့ဘယ်လိုနေမလဲ။
(ဃ)
ထောက်လှမ်ရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသားတွေဟာ ပြည်တွင်းကို ပြန်ဝင်လာတော့လည်း စစ်အစိုးရက ဖမ်းပြီး ထောင်ဒဏ်နှစ်ရှည်တွေချခဲ့ပြန်ပါတယ်။ ပါဂျောင်ဒေသမှာတုံးက ကိုယ်တိုင်ကိုယ်ကျ စစ်ကြောရေးစခန်းမှာ ဝင်ရောက်နှိပ်စက် ရိုက်နှက်ခဲ့တဲ့၊ လက်နက်မှုနဲ့ကျတယ်ဆိုတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တချို့ကတော့ ထောင်ဒဏ် (၂) နှစ်လောက်နေရပြီး၊ တက္ကသိုလ်တွေမှာ ကျောင်းပြန်လာတက်ကြပြန်တယ်။ သူတို့ကလည်း မိုးညှင်းဘက်က ကျနော့သူငယ်ချင်းတွေပါ။  စက်မှုမေဂျာ က တယောက်ဆို၊ “နန်းစော” ဆိုတဲ့ကောင်မလေးကို ကောင်းကောင်းနှိပ်စက်၊ ရိုက်နှက်ခဲ့တဲ့ထဲမှာ ပါခဲ့သေးတယ်။ အဲ့ဒီအချိန်က စပြီး မြောက်ပိုင်းဒေသရဲ့အဖြစ်အပျက်တွေကို စတင်ခြေရာခံလိုက်ခဲ့မိတော့တယ်။ စစ်ကြောရေးစခန်းက ထွက်ပြေးလွတ်မြောက်လာသူတွေရော၊ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေရော၊ နှစ်ဘက်လုံးက ကျနော်နဲ့ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်နေတယ်။ နှစ်ဘက်လုံးက ရင်ဖွင့်သံတွေကို ရင်နာနာ နားထောင်ခဲ့ရတော့တယ်။                          “ဘုရားရေ- ဘာတွေဖြစ်ကုန်တာလဲ” လို့ တနေခဲ့ရတယ်။ တကယ်တော့ ခေါင်းဖြတ်အသတ်ခံရသည့် (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ ညှင်းပမ်းနှိပ်စက် လို့ သေဆုံးသွားခဲ့သူ  (၁၄) ယောက်ရှိပါတယ်- နောက်ပိုင်းမှာ နာမည်တွေကို အသေးစိတ်ဖေါ်ပြထားပါတယ်။
ကဲ- ဟော့ဒီ စာရင်းတွေကရော၊ အစိုးရထောက်လှမ်းရေးဆီက ရတယ်လို့ ပြောချင်ပါသေးလား။ ခံခဲ့ရခဲ့သူတွေက ဘယ်မှာ မေ့နိုင်မှာလဲ။ လူတိုင်းမှာ ဝှက်ဖဲတွေ ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်။
ထောက်လှမ်းရေး သူလျှို လို့ စွပ်စွဲပြီး တာဝန်ခံဖမ်းဆီးသူတွေကတော့
(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်ခံခဲ့ရသည်)
(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)
(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)
(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)
စစ်ကြောရေးအဖွဲ့ဝင်များ
(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂
အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ( လှဆောင်) ဆိုသူဟာ တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေတယ် လို့ သိရတယ်။
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း ( မိုးညှင်း            တပ်ခွဲမှူး)
(၅) စောရင်ထွေး ( ရွှေကူ          တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( သူလည်း ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)
(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)
ထောင်မှူးတာဝန်ခံများ
(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)
တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း)
ရဲဘော် လက်သီး
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)
တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)
ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့
(၁) ရဲဘော် စိုးမင်းအောင်
(၂)  ဗဟိုကော်မတီဝင် ဦးစိန်
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)
ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေဖြစ်ခဲ့ရတာလဲ။ ပြဿနာရဲ့ အဓိကတရားခံဟာ ဘယ်သူတွေလဲ။ ဇာတ်လမ်းတခုလုံးကို တတိယပိုင်းမှာ ရေးသွားပါမယ်။ ခုခံချေပ ချင်သူတွေရဲ့ ဇာတ်လမ်းတွေကိုလည်း ဖတ်ချင်ပါတယ်။ ပြည်သူလူထု ဆိုတာ အကောင်းဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပါ။
 “ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်” တဲ့
ခရစ်စမတ်မှာ မိတ်ဆွေတွေအားလုံး ကံကောင်းကြပါစေ။
 
Thangyaung (L) and Dr Naing Aung (R).—MNA

Aik Saik (a) Tin Maung Aye (Katha) (deceased).—MNA

         



Hlawnm Moe (Moegaung) killed.—MNA  
 











U Sein (Bago) (deceased).—MNA 
by Aung Moe Win on Thursday, December 29, 2011 at 11:26pm
မိတ်ဆွေတွေကို အသိပေးစရာ နှစ်ခုရှိပါတယ်။ တကယ်တော့ ကျနော်ဟာ ဒီလို စိတ်ထိခိုက်၊ ဒဏ်ရာအနာတရဖြစ်စရာကောင်းတဲ့ အကြောင်းအရာတွေကို အင်တာနက်မှာ တင်ပြီးမရေးချင်ပါဘူး။ ၁၉၉၈ ထိုင်းနယ်စပ်ကိုရောက်လာကတည်းက ဒီကိစ္စတွေကို ရှင်းကြဖို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ဘူးတယ်။ “အရေးတော်ပုံပြီး ရင် ရှင်းမှာပါ” ဆိုတဲ့ စကားနဲ့သာ ချွေးသိပ်ခဲ့တယ်။ ဒါပေမဲ့ သိကြတဲ့အတိုင်းပဲ။ ပြည်ပမှာ ဒီလို စရိုက်တွေနဲ့သွားလို့ကတော့ အရေးတော်ပုံသက်တမ်း နောက်ထပ် နှစ်(၅၀) ကြာလည်း ပြီးနိုင်မယ် မထင်ဘူး။  လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဒေါက်တာနိုင်အောင်တယောက်၊ ကျနော့်ဆီကို လမ်းကြုံလို့အလည်ဝင်လာပါတယ်။ အဲ့ဒီတုံးကလည်း သူကတဆင့်၊ ရော်နယ်အောင်နိုင် ဆီကို စကားလက်ဆောင်ပါးလိုက်ပါတယ်။ ကာယကံရှင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါ။ ဒီကိစ္စဟာ လူတွေသက်ရှိထင်ရှားရှိနေစဉ်မှာ ရှင်းရမယ် လို့ ပြောလိုက်ပါတယ်။ အဲ့ဒီစကားတွေကို ကျနော့ဘာသာ ကြားကနေ ပွဲစားလုပ်ပြောပေးနေတာ အကြောင်းရှိပါတယ်။ သူ့ကို သဲကြီးမဲကြီးလိုက်နေတဲ့ အုပ်စုတွေရှိနေသလို၊ အချိန်ကြာလာတာနဲ့အမျှ၊ ဒီကိစ္စကြီးက ရှုပ်ထွေးလာတော့မှာမို့ပါ။ ပက်ပက်စက်စက် ခံလိုက်ရသူတွေက အများကြီးပဲလေ။ ဘယ်လိုလုပ်ကြေအေးနိုင်မှာလဲ။ ပြီးတော့ ရော်နယ်အောင်နိုင်တယောက် ဘီဘီစီ မှ ဘယ်လိုအလုပ်ပြုတ်ခဲ့သလဲ ဆိုတဲ့အချက်တွေကိုလည်း ကျနော်သိနေလို့ပါ။
ကျနော်က ဒီလိုတွေးတယ်။  “ လူသတ်မှုကြီးက ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီ။ ကျူးလွန်ခဲ့သူတွေက ကာယကံရှင်တွေကို သေသေချာချာ တောင်းပန်ပြီး အဖွဲ့အစည်းအတွက် သိက္ခာပြန်ဆယ်လို့ရမဲ့ ဇာတ်သိမ်းခန်းလေး တခုလိုမျိုးဆို သိတ်ကောင်းမှာပဲ” လို့ စိတ်ကူးခဲ့ မိတယ်။ ဥပမာ ရဝမ်ဒါမှာ ပြန်လုပ်တဲ့ ပြန်လည်သင့်မြတ်ရေးဇာတ်လမ်းတွေလိုမျိုးပေါ့။ ဒါပေမဲ့ ဒါကလည်း ကျနော့်စိတ်ကူးပါ။ ကြုံတွေခံစားခဲ့ရသူတွေရဲ့ ဆန္ဒကိုသာ ဦးစားပေးစဉ်းစားကြရမှာ မဟုတ်လား။ လူသတ်မှုမှာ တာဝန်ရှိသူတွေက ဘာမှအကြောင်းမပြန်လာတဲ့အတွက် ခုလို အင်တာနက်ပေါ်မှာ ချရေးပြီး ပြည်သူလူထုနဲ့သတင်းသမားတွေကို ချပြရတဲ့အဆင့်ကိုရောက်သွားတာပါ။ ဒါကလည်း ကျနော်ရွေးတဲ့ လမ်းမဟုတ်ဘူး။ ကာယကံရှင်တွေ ရွေးတဲ့လမ်းဖြစ်တယ်။
  ဒုတိယကအချက်ကတော့- ကျနော့ရဲ့ ဆောင်းပါးတွေဟာ ဖေ့ဘွတ်မှာတင်ရေးပြီး ပျောက်သွားလိမ့်မယ်ထင်ရင်တော့ အကြီးအကျယ် မှားသွားပါလိမ့်မယ်။ ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို တင်ပြတဲ့အခါ ကျနော်တို့သင်ကြားခဲ့တဲ့ အင်ဂျင်နီယာဘာသာရပ် တခုဖြစ်တဲ့ System Dynamics လို တည်ဆောက်ထားခဲ့ပါတယ်။ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို ခန့်မှန်းတွက်ချက်ထားတဲ့ System တွေမှာ ထည့်ထားတယ်။ အဲ့ဒီ ဒီဇိုင်းကို ပုံဖေါ်လည်ပတ်ကြည့်တယ်။ အရှိန်တခုရောက်ရင် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ ဇာတ်ဆောင်တွေဟာ ဟော့ဒီ System ထဲမှာ အလိုလို လိုက်ပြီးလည်ပတ်ရပါတယ်။ မလည်ပတ်ဘူးဆိုရင်၊ နောက်တဆင့်မှာ ကြိတ်ချေခံရတတ်ပါတယ်။ အခုမှ စလည်ပတ်ခါစပဲ ရှိပါသေးတယ်။  အရှိန်ရလာတာနဲ့အမျှ၊ ခရီးတခုဟာ မလွှဲမသွေရောက်လာမှာပါ။  လူတွေဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ဘယ်အရာနဲ့မှ မလဲဖို့လိုပါလိမ့်မယ်။ ဒီ အဖြစ်အပျက်ကြီးကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့တဲ့သူတချို့ ဟာ ယနေ့ချိန်ထိ တာဝန်မဲ့စွာ တိတ်ဆိတ်နေတာကို တွေ့ရပါတယ်။ ရှက်စရာကောင်းတဲ့ ဂုဏ်သိက္ခာတွေပါပဲ။
သွေးဆူပြီး ဆန္ဒစောနေတဲ့ မိတ်ဆွေတွေလည်း ဇာတ်လမ်းကို ဆုံးအောင်နားထောင် စေချင်ပါတယ်။ ပြည်သူလူထုရဲ့ အသံကို နားထောင်ကြည့်ပါ။ ကာယကံရှင်တွေရဲ့အသံတွေကို နားထောင်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။ တရားကို နတ်စောင့်ပါတယ်။
 မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၃-) ကို သုံးသပ်ကြည့်နိုင်ကြပါစေ။

(က)
ကမ်းပါးပြိုတဲ့ ညအောက်ကိုမှ အနီးကပ်ရောက်သွားမိခဲ့ကြတယ်။                                                          တဖြည်းဖြည်းမှောင်မိုက်လာတဲ့ ပါဂျောင်ရဲ့ အာသံကုန်းမြင့်ပေါ်မှာ ငါ့တို့ခန္ဓာကိုယ်တွေက ရွေ့နေဆဲပဲလေ                                    ဟိုး--- အေးစက်တဲ့လေထုထဲကနေ “ တက္ကသိုလ် ---- ဒို့ ကျောင်း------”  ဆိုတဲ့ ဆွေးဆွေးမြေ့မြေ့ ဆိုနေသံတွေလေ--- အိမ်ပြန်ချင်လိုက်တာကွာ---  “တက္ကသိုလ်နယ်မြေတနေရာဆီမှာ--” သီချင်းကို ဘယ်သူဆိုနေတာလဲ။ -----                         
ငါတို့လည်း သီချင်းသံတွေနဲ့အတူ လွင့်မျောနေတယ်။                                                          
   “လှဆောင်” ဆိုတဲ့ကောင်က ခေါင်းပြတ်ကြီးကို ကန်ချရင်း “ ကျောင်းသားဆိုတဲ့ကောင်တွေ တော်တော်ခေါင်းမာတဲ့ကောင်တွေပဲ”  “ တော်တော်လည်း သွေးသောက်ရဲဘော်တွေ ပီသကြပါလား”  တဲ့
သန်းဇော်တို့ အုပ်စုက သူတို့လက်ထဲက ဓါးတွေကို ပစ်ချလိုက်တယ်။
“ ဒီကောင်တွေကို ခုတ်ရတာ တော်တော်နဲ့ မပြတ်ဘူး”တဲ့
သူ့တို့ရဲ့အသံနက်ကြီးတွေကို့ ဝိညာဉ်တွေ နဲ့ လိုက်ကြည့်နေမိတယ်။ 
    ကျော်ဝေ- ချိုကြီး- စိုးဝင်းသန်း--- ထစမ်း ထစမ်း ခေါင်းပြတ်တွေကို နောက်မှ ပြန်ဆက်ကြကွာ---         
     အဲ့ဒီ လှဆောင်၊ မျိုးဝင်း၊ သန်းဇော် ၊ သံချောင်း ဆိုတဲ့ကောင်တွေ နောက်ကို လိုက်ကြရမယ်                                                  
သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြဟေ့                                                                                               
 သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြ----
ဟိုမယ် ----ဟိုမယ်-- “လှဆောင်” ဆိုတဲ့ကောင် ကချင်ပြည်နယ်ထဲမှာ ပြန်ပေါ်လာပြီ
သေချာနားထောင်စမ်း သေချာနားထောင်စမ်း အဲ့ဒီ လူသတ်သမားတွေရဲ့ခြေသံတွေကို ငါတို့ကြားနေဆဲပဲ
ကျော်ဝေ-- မင်းဟစ်ကြွေးခဲ့တဲ့စကားတခွန်း ပြန်အော်ပြောလိုက်စမ်းကွာ
“ငါ့ကို မင်းတို့ သတ်လို့ရမယ်- ငါ့ဝိညာဉ်ကို မင်းတို့မသတ်နိုင်ပါဘူးကွာ၊ ဓမ္မစစ်ကျောင်းသား ကျော်ဝေ ကွ”     
                        “ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ်- ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး”                                                                       “ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ် ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး”
(ခ)
ဝိညာဉ်စီး တယ်ဆိုတဲ့ ဝေါဟာရကို ခင်ဗျားတို့ ကြားဘူးမလားမသိဘူး။ ကျနော်ကတော့ အသံထွက်ခွင့်မရရှာတဲ့ ဝိညာဉ်တွေ ကို ကျနော့အခန်းငယ်လေးထဲမှာ သိမ်းထားခဲ့တယ်။ ညတိုင်ရင် ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ သစ္စာဆိုခဲ့တယ်။                                          “ သူတို့အတွက် ထုတ်ပြော နိုင်ခွင့်ရမဲ့ အခွင့်အရေး တခါလောက်ဖြစ်ဖြစ် ရပါရစေသား” လို့။
ခုတော့ ကာယကံရှင်တွေရဲ့ ကျွံဝင်လာတဲ့ စကားတွေထဲမှာ ဝန်ခံခြင်းတဝက်၊ အမှားတသက် ထင်ထင်ရှားရှားတွေ့နေရပြီ။
ဧရာဝတီမဂ္ဂဇင်း ( အင်္ဂလိပ်) ဆောင်းပါးထဲမှာ ဆောင်းပါးရှင်တွေက မြောက်ပိုင်းလူသတ်ပွဲနဲ့ပတ်သက်ပြီး၊ ရော်နယ်အောင်နိုင် ကို မေးခွန်းတခုမေးတော့၊ ရော်နယ်အောင်နိုင်က လူသတ်မှုကို ငြင်းဆန်မှုမရှိစွာပဲ ဖြေခဲ့တယ်။
“ ကျောင်းသား (၁၅) ယောက်ဟာ ထောက်လှမ်းရေးအစစ်အမှန်ဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေရှိပါ သတဲ့။
“ဆောင်းပါး (၁) နဲ့ (၂) မှာ ကျနော် ခင်းထားတဲ့ လမ်းကြောင်းထဲကို တည့်တည့်ဝင်လာတာပဲ” လို့ တွေးနေမိတယ်။
တကယ်တော့ ရော်နယ်အောင်နိုင်တယောက်၊
၁၉၉၂ ဖေဖေါ်ဝါရီ (၁၈) ရက်နေ့ The Nation သတင်းစာ ကို ပြန်ဖတ်သင့်တာပေါ့။ မြောက်ပိုင်း လူသတ်ပွဲ အပြီးမှာ၊ The Nation သတင်းထောက် Yindee Lertcharoenchok က အဲ့ဒီနေရာကို ရောက်သွားပြီး မြောက်ပိုင်း ABSDF ခေါင်းဆောင်တွေ၊ ဖမ်းဆီးထားခံရတဲ့ ကျောင်းသားတွေနဲ့တွေ့ဆုံအင်တာဗျူးထားမှုကို ဆောင်းပါးလုပ်ထားတာ။ ဆောင်းပါးအမည်က   Burmese Rebels Defend Executions။
 အဲ့ဒီဆောင်းပါးရဲ့ ( အပိုဒ်-၁၃) မှာ ကျော်ကျော် ( ကချင်) နဲ့ ရော်နယ် အောင်နိုင်က အခုလို ဝန်ခံထားတယ်။
Aung Naing and Kyaw Kyaw , however, admitted that torture, particularly “ beating and telephone-wire electric shocks ” were applied to force confessions.
“ဝန်ခံဖို့အတွက် ရိုက်နှက်ခြင်းနဲ့ လျှပ်စစ်ရှော့တိုက်ခြင်းလို နှိပ်စက်ညင်းပမ်းမှုတွေကိုအသုံးပြုခဲ့ပါတယ်” တဲ့။ သူတို့လိုချင်တဲ့ အဖြေမထွက်မချင်း နှိပ်စက်ညှင်းပမ်းမှုတွေကို ရက်ရက်စက်စက်လုပ်ခဲ့ကြတာဆိုတာမို့လား။ နှိပ်စက်ခံရသူတွေက နောက်ဆုံး သူတို့ပြောတာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ စစ်ကြောရေးစခန်းက လွတ်ရင်ပြီးရော၊ “ဟုတ်တယ်” လို့ အဖြေပေးလိုက်ကြရတော့တယ်။ ဒီအချက်ကို ထောင်ကျဘူး သူတိုင်းသိပါတယ်။
တကယ်တော့ မြောက်ပိုင်းလူသတ်မှုဖြစ်ပွားနေစဉ်ကာလတုံးက ကျနော်နဲ့လုပ်ဖေါ်ကိုင်ဘက်  ဗကသ ( အထက်ဗမာပြည်) ခေါင်းဆောင် တချို့ ဟာ မန္တလေးအကျဉ်းထောင်ထဲမှာပါ။ မန္တလေးထောက်လှမ်းရေးအုပ်စုတွေက သူတို့ကို အကျဉ်းထောင်ထဲကနေ ညတိုင်းဆွဲထုတ်ပြီး၊ ဓါတ်ပုံတွေကို ပြပြီး သေချာမှုတွေ ယူသတဲ့။
“ ဒါ-- ထွန်းအောင်ကျော် ဟုတ်တယ်မို့လား” “ ဒီ ပုံကတော့ စိုးဝင်းသန်း မို့လား” “ ဒီကောင်ကရော ဘယ်သူလဲ”
အကျဉ်းထောင်တွင်းမှာ ရောက်နေရှာတဲ့ ဗကသတွေဟာ ကြိတ်ပြီး ငိုခဲ့ရတယ် လို့ ဆိုတယ်။ လူတွေသေပြီးတိုင်း ဓါတ်ပုံတွေက အမြန်ရောက် ရောက်လာတော့ ပါဂျောင် စခန်းရဲ့ လူသတ်မှုတွေထဲမှာ အစိုးရစစ်ထောက်လှမ်းရေးရဲ့လူတွေက တောက်လျှောက် သတင်းပို့နေတယ် ဆိုတာ ခန့်မှန်းလို့ရတာပေါ့။ ဓါတ်ပုံတွေကို ကြည့်လိုက်ပြန်တော့လည်း လူသေတွေကို ညမှာ သေသေချာချာ ရိုက်ထားတာလို့ ဆိုတယ်။
ဒါဖြင့် မန္တလေး ထောက်လှမ်းရေးဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူလဲ။
မန္တလေးထောက်လှမ်းရေးတွေဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူတွေလဲ။
သေချာတာတော့ ထောက်လှမ်းရေးလို့စွပ်စွပ်ခံရ၊ အသတ်ခံရတဲ့သူတွေမဟုတ်ဘူးလေ။
                                                                   (ဂ)
ကိုထွန်းအောင်ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလမှာ “နန်းအောင်ထွေးကြည်” ဆိုတဲ့ ဘေဘီရဲမေလေးက သူနဲ့ စကားပြောခွင့်ရခဲ့တယ်။ နန်းအောင်ထွေးကြည်ဆိုတာ ကျနော်တို့တင်ပြထားတဲ့ ဓါတ်ပုံ ( ရဲမေ ၄ ယောက်ရပ်နေတဲ့ပုံ) ထဲက ညာဘက်အစွန်က ကောင်မလေး။ တကယ်တော့ မြောက်ပိုင်း ကျောင်းသားတပ်မတော် ရဲ့ စစ်ထောက်လှမ်းရေးခေါင်းဆောင်တွေဟာ နန်းအောင်ထွေးကြည် ကိုလည်း ထောက်လှမ်းရေးလို့စွပ်စွဲ၊ ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်။ သူမမျက်နှာကို မီးရဲရဲထောက်နေတဲ့ ထင်းမီးနဲ့ ထိုးနှိပ်စက်ခဲ့တယ်။ နဂိုက ချောမောလှပခဲ့တဲ့ မျက်နှာတခုလုံး ဒဏ်ရာဒဏ်ချက်တွေရခဲ့ရှာတယ်။ ပြီးတော့ နှမချင်းမစာနာ  မိုက်မိုက်ရိုင်းရိုင်း စစ်ဆေးနည်းတွေကို လုပ်ခဲ့တယ်။  ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကလည်း အသတ်ခံရတော့မယ် လို့ သူကိုယ်တိုင်သဘောပေါက်သွားတဲ့အခါမှာတော့ နန်းအောင်ထွေးကြည် ကို ပြောရှာတယ်။ “ မငယ်  ငါ့စိတ်ထဲမှာတော့ နင် လွတ်သွားလိမ့်မယ်လို့ထင်နေတယ်။ ဟုတ်တယ်ဟာ ငါ့စိတ်ထဲမှာ တကယ့်ကို ယုံကြည်နေတာ နင်လွတ်သွားလိမ့်မယ်။ နင်လွတ်သွားတဲ့ အခါကျရင် ဟော့ဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးကို ပြန်ပြီးပြောပြပေးပါမယ် လို့ ဂတိပေးစမ်းပါဟာ” တဲ့။ “ စိတ်ချပါအကိုကြီး ကျမပြောပြပါမယ်” တဲ့။ နန်းအောင်ထွေးကြည် က မျက်ရည်တွေကြားကနေ ဂတိပေးခဲ့တယ်။
ဘဝဆိုတာ အံသြ ဖို့ ကောင်းပါတယ်။ နန်းအောင်ထွေးကြည်အပါအဝင် မြောက်ပိုင်းဒေသမှာ ကြုံတွေ့ခံစားလာခဲ့ရသူတွေ၊ ကျူးလွန်ခဲ့သူတွေ အများအပြား နဲ့ ဆုံဆည်းခွင့်၊ စကားပြောဆွေးနွေးခွင့်တွေ ရလိုက်တယ်။ မငယ် (ခ) နန်းအောင်ထွေးကြည်က       “ ကျမလေ ဒီအဖြစ်အပျက်တွေကို တရက်မှ မမေ့နိုင်ခဲ့ဘူး” တဲ့။ သူမက ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ပဲ သူတယောက်တည်း အော်စီမှာ ဇာတ်မြှုပ်နေပြီး ဘဝကို ရှင်သန်ခဲ့ရတယ်။ ငရဲက သယ်လာတဲ့ ဒဏ်ရာတွေကို ကျနော်မြင်နေရတယ်။ ဟုတ်မှာပေါ့လေ။  ကျနော်လည်း သူတို့တတွေပြန်ပြောပြတဲ့ ဇာတ်လမ်းတွေကို ဆက်ပြီးနားမထောင်ရဲလောက်အောင်ပဲ။ ပါဂျောင်ဒေသ က အော်ဟစ်ဆူညံနေတဲ့ ဝိညာဉ်တွေ ကျနော့ရင်တခုလုံးဆီ မချိမဆန့်လူးလွန့်နေတယ်။
 “နန်းအောင်ထွေးကြည်” ကို ကျနော်ပြောခဲ့ဘူးတယ်။
“ ဖြစ်ခဲ့တာတွေအတွက် ယူကြုံးမရဘူးဗျာ။ ဒါပေမဲ့ အချိန်တန်ရင် ဒီလူတွေ သူ့အရှိန်နဲ့သူသွားမှာပါ။ ခင်ဗျား မပူပါနဲ့။ တည်ငြိမ်အောင်နေပါ။ အကုသိုလ်ကံတွေကို ရောက်မလာစေနဲ့။ ဒီ လူတွေ ဝဋ်လည်အုံးမှာပါ။ ယုံစမ်းပါ” လို့။
နန်းအောင်ထွေးကြည်က ကျနော့ကို ပြောတယ်။ “ ကိုအောင်မိုးဝင်း ကလည်း ထိန်လင်း အတိုင်းပဲ သံဝေဂ တရားစကားတွေ ပြောတယ်” တဲ့။
အေးလေ။ သူမရဲ့ ဘဝမှာ ရက်ရက်စက်စက်ကြုံတွေ့ခဲ့တာဆိုတော့ ပြင်းပြင်းထန်ထန်တုန့်ပြန်ချင်တဲ့စကားလုံးတွေကို အလိုရှိမှာ အမှန်ပဲ။ ကျနော်တွေးတာက ဒီလိုပါ။ ဒါဟာ အစုလိုက်အပြုံလိုက် လူသတ်ပွဲ ပဲ။ လူတွေကို လပေါင်းများစွာဖမ်း၊ နှိပ်စက်ညှင်းပမ်းပြီးမှ ခေါင်းဖြတ်သတ်တာမျိုးတွေဆိုတာ ကျနော်နေနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ တခါတလေပြတဲ့ စိတ္တဇ လူသတ်ကား ရုပ်ရှင်တွေမှာပဲ ကြည့်ဘူးတယ်။ ဒါပေမဲ့ ဒီလောက်မများဘူး။ ဒီလို လူမျိုးတွေကို ရင်ဆိုင်ဖို့အတွက် ဝုန်းဝုန်းဒိုင်းဒိုင်း စိတ်ခံစားမှုတွေနဲ့သွားလုပ်လို့မဖြစ်ဘူး။ စံနစ်တကျပြင်ဆင်ရမယ်။ သူတို့လိုပဲ သွေးအေးအေးနဲ့ တုန့်ပြန်ရမယ်။ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေယောင်ယောင် ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေကို တဆင့်ခြင်းဆွဲချွတ်ပစ်ရမယ်။
 တခါတလေတော့လည်း ရီစရာတော့ ကောင်းတယ်။ လူသတ်မှုနဲ့ ဆက်နွယ်နေတဲ့ သူတွေက သူတို့ကို အင်တာနက်မှာ တယောက်ယောက်က ချတိုင်း၊ နောက်ကွယ်ကနေ ကျနော်က မြှောက်ပေးတယ် လို့ ထင်ကြတယ်။ ကျနော်က ဘာလို့နောက်ကွယ်က နေရမှာလဲ။ ထိုင်းနယ်စပ်ကို ခြေချ ကတည်းက ဒီကိစ္စကို  ဗြောင်မေး၊ ဗြောင်ပြော၊ ဗြောင် စိန်ခေါ်နေခဲ့တာပဲ မို့လား။ လာရင် ရှေ့တည့်တည့်က လာမှာ စိတ်ချ လို့ စိတ်ထဲမှာ ပြောနေမိတယ်။ ကျနော်ကြောက်ရမဲ့အဖွဲ့ဆိုတာ တဖွဲ့မှ မရှိဘူးလေ။  ကြောက်တတ်ရင် အစောကြီးကတည်းက နိုင်ငံရေးမလုပ်ဘူး။ အထူးသဖြင့် ခွေးအ လိုလို လူမျိုးတွေကို ကြောက်စရာမလိုဘူး။ ခွေးအ ဆိုတာက အုပ်စုရှိမှ အမဲလိုက်ရဲတယ်။ အပုပ်ကို စားတယ်။ ဒါပေမဲ့ ခွေးအ တွေ အမဲလိုက်လေ့ရှိတဲ့ နေရာဒေသဟာ သိတ်ကျဉ်းပါတယ်။
ကျနော်တို့ အမဲလိုက်မဲ့နေရာက အများကြီးပါ။ ဘာပဲဖြစ်ဖြစ်၊ သမိုင်းဆိုတာကတော့ ရှင်းကြရအုံးမှာပါ။          
  လူဆိုတာ စိုက်တဲ့အတိုင်း ရိတ်သိမ်းကြရမယ်။
(ဃ)
ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) ၊ မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့ ပတ်သက်လို့ မှတ်မှတ်ရရဖြစ်နေတဲ့ အကြောင်းအရာလေးတခုကို ပြောပြချင်ပါတယ်။ ၁၉၉၂ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အေ နဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသားထုကို ရန်တိုက်ပေးထားတာတွေ့ကြပါလိမ့်မယ်။ ကေအိုင်အေ ဟာ ကချင်ကျောင်းသားတွေကို အသုံးချပြီး ဗမာကျောင်းသားတွေကို သတ်တယ်-- ဘာညာ ဆိုတဲ့ ဝါဒဖြန့်မှုတွေပါ။ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲကို သံယောင်လိုက်ပြီး လျှောက်ပြောနေတဲ့ သူတွေရှိတယ်။ တချို့ကတော့ ဖြစ်သမျှ ရာဇဝတ်မှုကို သေဆုံးသွားတဲ့ မျိုးဝင်းအပေါ်မှာ လွှဲချပြီး ဇာတ်လမ်းဆင်ရှောင်ထွက်ဖို့ ကြိုးစားချင်ပုံရပါတယ်။ တကယ်တော့ ရှောင်ထွက်လို့မရပါဘူး။ အာသံကုန်းမြင့်မှာ လူသတ်မှုကို ကျူးလွန်ခဲ့တာ မျိုးဝင်းတယောက်တည်း မဟုတ်သလို၊ ဖမ်းဆီးထားတဲ့ မန္တလေးကျောင်းသားတချို့ကို ရိုက်နှက်နှိပ်စက်ပြတဲ့ အထဲမှာ ရော်နယ်အောင်နိုင်လည်းပါပါတယ်။ မန္တလေးက ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုရာကျော်ရဲ့မျက်နှာ ကို စစ်ဖိနပ်နဲ့ ချွတ်ပြီး ရိုက်ခဲ့တာ ရော်နယ်အောင်နိုင်ပါ။ ဗမာပြည်ဆီကို ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုရာကျော် ကတော့ မန္တလေး အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် နှစ်ရှည်ကျရင်း ကျဆုံးခဲ့ပါတယ်။

မျိုးဝင်း တို့ အုပ်စုက ကေအိုင်အေဟာ သူတို့နောက်က ရှိတယ်။ သူတို့ကသာ ကေအိုင်အေနဲ့ပိုင်တယ် ဆိုတဲ့ ထင်ယောင်ထင်မှား ဟန်ပန်တွေကို လုပ်ခဲ့ကြပုံရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်တချို့က သတိပေးခဲ့တယ် လို့ဆိုပါတယ်။ “ ကျနော်တို့မှာ အတွေ့အကြုံရှိတယ်။ ဖြုတ်ထုတ်သတ် လုပ်ခဲ့မိလို့ ကျနော်တို့ပါတီဟာ တလျှောက်လုံးပေးဆပ်နေရတယ်။ ခင်ဗျားတို့မလုပ်ကြပါနဲ့ဗျာ” လို့ တိုက်တွန်းခဲ့တယ်။ နားမထောင်ပါဘူး။ လူသတ်မှုတွေ နားနဲ့မဆန့်အောင် ကြားလာရတဲ့အခါ ကေအိုင်အေခေါင်းဆောင်တွေရောက်လာပြီး အတင်းဝင်ရောက်တားဆီးပါတော့တယ်။ ကေအိုင်အေ ဟာ မျိုးဝင်းနဲ့ ကျောင်းသားတပ်မတော် မြောက်ပိုင်းခေါင်းဆောင်တွေကို အင်မတန်စိတ်ပျက်သွားခဲ့တယ်။ နန်းအောင်ထွေးကြည်ကို သူတို့စစ်မေးမယ် ဆိုပြီး၊ လွှဲပြောင်းယူခဲ့တယ်။ ဗိုလ်ချုပ်ဇော်မိုင် နဲ့ ခေါင်းဆောင် သုံးယောက်က နန်းအောင်ထွေးကြည်ကို စစ်ဆေးစဉ်ကာလက မှတ်တမ်းတွေ ကို ယူပြီး ပြန်လည်မေးခွန်းထုတ်ခဲ့တယ်။
“သမီးရဲ့ ထောက်လှမ်းရေး ကိုယ်ပိုင်နံပါတ်က (------x+) ဟုတ်လား”
“ ဟုတ်ပါတယ်”
ဗိုလ်ချုပ်ဇော်မိုင်နဲ့ ကေအိုင်အေ ခေါင်းဆောင်တွေက ရီကြတယ်။
“ ကဲ--- ငါ့သမီး ခုချိန်က စပြီး သမီးဝန်ခံပြောဆိုနေတဲ့ ထောက်လှမ်းရေးဆိုတာကြီးကို မေ့လိုက်တော့။
 “သမီးပြောတဲ့ ကိုယ်ပိုင်နံပါတ်က ဗိုလ်ချုပ်နေဝင်း နဲ့ တန်းတူဖြစ်နေတယ်” တဲ့။ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တသက်လုံးတိုက်လာခဲ့တဲ့ ကေအိုင်အေ က ရန်သူရဲ့ ကိုယ်ပိုင်နံပါတ်တွေ၊ သင်တန်းဆင်း နံပါတ်တွေကို အလွတ်ရတာပေါ့။ တကယ်တော့ စစ်ထောက်လှမ်းရေးနံပါတ်ဆိုတာတွေကလည်း မျိုးဝင်း၊ သံချောင်းနဲ့ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေက ဇွတ်အတင်းဖန်တီးဝန်ခံခိုင်းတာ ဆိုတော့ နန်းအောင်ထွေးကြည်အနေနဲ့ အဲ့ဒီအတိုင်းပဲ နုတ်တိုက်ရွတ်ဝန်ခံ ထွက်ဆိုရတော့တယ်။
ဗိုလ်ချုပ်ဇော်မိုင်က နန်းအောင်ထွေးကြည်ကို ပြောတယ်။
“ ငါ့သမီး- ဒီကိစ္စက ပြန်ပြီးရှင်းရမယ်။ ဒီလိုခံနေလို့မဖြစ်ဘူး။ ငါ့သမီးတို့က ခံခဲ့ရတာကိုး။ ဒါပေမဲ့ အချိန်ကို စောင့်ပါ။  ငါတို့လည်း အပစ်အခပ်ရပ်ဆဲတော့မှာဆိုတော့ ----”  မကြာခင်မှာပဲ ကေအိုင်အေ နဲ့ ဗမာအစိုးရကြားမှာ ငြိမ်းချမ်းရေးသဘောတူညီမှု စကားပြောပွဲတွေက စတင်ခဲ့တယ်။ နန်းအောင်ထွေးကြည်လည်း ဒုက္ခသည်စခန်းက တဆင့် အော်စီ ( ------) ကို ထွက်လာခဲ့တော့တယ်။ ဗိုလ်ချုပ်ဇော်မိုင်ပြောသလိုပါပဲ။
“ကျမ အချိန်ကိုစောင့်နေခဲ့ရတယ်” တဲ့။ စောင့်ခဲ့ရတဲ့ အချိန်ကလည်း အနှစ် (၂၀) လောက်ဖြစ်သွားတယ်။
တကယ်တော့ မြောက်ပိုင်း လူသတ်မှုဟာ တချက်ခုတ် (၃) ချက်ပြတ် ကြံတဲ့ပွဲဖြစ်တယ်။
(၁) ဒီမိုကရေစီအင်အားစုဘက်က ကျောင်းသားအစစ်အမှန်တွေကို သတ်ပစ်တယ်
(၂) ကျောင်းသားတပ်မတော်နဲ့ ကျောင်းသားသမဂ္ဂကြားမှာ အထင်အမြင်မှားအောင်ရန်တိုက်ပေးတယ်။
(၃) ဖေဖေါ်ဝါရီ (၁၂) ပြည်ထောင်စုနေ့မှာ အစုလိုက်အပြုံလိုက် သတ်ပြလိုက်ခြင်းအားဖြင့်၊ ကေအိုင်အေ ဟာ ဗမာကျောင်းသားတွေကို သတ်ဖြတ်လိုက်ကြပြီ ဆိုပြီး ဗမာကျောင်းသားနဲ့ ကေအိုင်အေ ကို ရန်တိုက်ပေးလိုက်တယ်။ မျိုးဝင်းတို့အုပ်စုကို ကချင်လက်နက်ကိုင်တပ်က ပစားပေးထား မြှောက်ပင့်ထားပြီး ဗမာကျောင်းသားတွေကို သတ်ခဲ့တယ် ဘာညာပေါ့။

၁၉၉၂ သတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်က အဲ့ဒါပါပဲ။ မျိုးဝင်းတို့အုပ်စုရဲ့ နှိပ်စက်မှု အစစ်အမှန်တွေကို ရောထည့်ပေးလိုက်ပြီး စစ်အစိုးရက သူတို့လိုချင်တဲ့ နိုင်ငံရေးဝါဒဖြန့်ချီပွဲကို လုပ်ခဲ့တယ်။
 ပြဿနာက ပြည်သူတွေဟာ အစိုးရသတင်းစာရှင်းလင်းပွဲထဲက အချက်အလက်တွေကို ဘာတခုမှ မယုံကြည်ခဲ့ကြတော့၊ မြောက်ပိုင်းမှာ နှိပ်စက်သတ်ဖြတ်ခဲ့ တာတွေကိုလည်း နားမထောင်ခဲ့ကြတော့ဘူး။ ပြန်ဝင်လာတဲ့ ကျောင်းသားတွေက သူတို့ရဲ့ ဒဏ်ရာကို လှန်ပြလည်း အစိုးရရဲ့လုပ်ကြံဝါဒဖြန့်မှု လို့ ထင်နေခဲ့ကြတယ်။ လှိုင်းက တအားကြီးနေတဲ့အချိန်၊ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးတွေ ကလည်း ဒီအချက်ကို သဘောပေါက်ပုံရတယ်။ မြောက်ပိုင်းကနေ အသက်လုပြေးလာတဲ့ ကျောင်းသားတွေလည်း ကံမကောင်းကြပါဘူး။ ထောင်ဒဏ်နှစ်ရှည်တွေ ကျကုန်ကြပြန်တယ်။
 (င)
ကိုထွန်းအောင်ကျော် အကြောင်းကို ပြောမယ်ဆိုရင် ဗကသ ညီလာခံနှစ်ခုအကြောင်းကို မိတ်ဆက်ပေးရမယ်။ ၁၉၈၈ အရေးတော်ပုံ အပြီး နောက်ဆုံးကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများညီလာခံ နှစ်ခုလုံးဟာ မန္တလေးမှာ ကျင်းပခဲ့တာဖြစ်တယ်။ ၁၉၈၉ မှာကျင်းပတဲ့ ဗကသ ညီလာခံကို မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ပြုလုပ်ခဲ့တယ်။ ရန်ကုန်ဗကသခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ကိုရန်မျိုးသိန်း ( ဆေးတက္ကသိုလ်)၊
ဒုတိယအကြိမ်ကျင်းပတဲ့ ညီလာခံက ၁၉၉၀ ၊ မန္တလေး မစိုးရိမ်တိုက်ထဲမှာ ကျင်းပတာဖြစ်တယ်။ ရန်ကုန် ဗကသ က နှစ်ဖွဲ့ကွဲ နေတယ်။ ကိုကိုကြီး ဦးဆောင်တဲ့ ဗကသ နဲ့ ကိုအောင်ထွန်း( ကျောင်းသားသမဂ္ဂ သမိုင်းစာအုပ်ရေးသူ)၊ ဗသက်အောင်၊ ဖြိုးမင်းသိန်း တို့ ခေါင်းဆောင် တဲ့ (အောက်ဗမာပြည်၊ ဗကသ)၊ အခု ရှစ်လေးလုံးမျိုးဆက်မှာ လုပ်နေတဲ့ ကိုထွန်းမြင့်အောင် ဆိုတာလည်း ဖြိုးမင်းသိန်းနဲ့တဖွဲ့တည်းပဲလေ။ ၁၉၉၀ တလျှောက်၊ ရန်ကုန် ဗကသ နှစ်ဖွဲ့လုံး မန္တလေးကို လာကြရတယ်။ ကိုပြုံးချို၊ ကိုညိုထွန်း၊ ကိုကိုကြီး တို့တတွေလည်း သက်ရှိထင်ရှားရှိနေပါသေးတယ်။ ပြည်ပမှာရောက်နေသော မဟာ့ မဟာ ကျောင်းသားတော်လှန်ရေး ခေါင်းဆောင် ဆိုသူများ----- ကိုယ့်သမိုင်းတွေချည်း ကိုယ်ရည်သွေး အမွှန်းတင်ပြောမနေပါနဲ့။ သူများတွေရဲ့ သမိုင်းတွေကိုလည်း အသိအမှတ်ပြုကြပါအုံး။ အပြင်မှာ သမိုင်းလိမ်တာတွေ၊ လက်ဝါးကြီးအုပ်တာတွေများလာတယ်။ ဂိုဏ်းဂဏဖွဲ့ရန်ဖြစ်တာကလည်း များလာတယ်။ တယောက်နဲ့တယောက် ကလည်း လေးစားမှုမရှိတော့ဘူး။ နောက်မျိုးဆက်တွေကလည်း မလေးစားတော့ဘူးလေ။  သမိုင်းနားမလည်တော့ ဗကသ ခေါင်းဆောင်က ထောက်လှမ်းရေးဖြစ်၊ NGOs တွေဆီမှာ ပိုက်ဆံရှာနိုင်တဲ့သူတွေက ခေါင်းဆောင်ဖြစ်လို့ဖြစ်နဲ့။ ပြည်ပမှာ အဲ့သလို မိုးကြီးချုပ်နေမဲ့အစား၊ ရှစ်လေးလုံးမျိုးဆက်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတော့ ဆယ်ယူကြစေချင်ပါတယ်။
ကိုထွန်းအောင်ကျော်

ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မန္တလေး ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အသံလွှင့်ဋ္ဌာနတခုရှိပါတယ်။ GTI ကျောင်းဝင်း အတွင်းကနေ ထုတ်လွှင့်တာပါ။ ကိုထွန်းအောင်ကျော် ဆိုတာ ဂျီတီအိုင် ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ပါ။ သူ့ကို ချစ်ခင်လေးစားသူ တွေက “အကိုကြီး” လို့ခေါ်ဆိုလေ့ရှိတယ်။ အရေးတော်ပုံအရှိန်မြင့်လာတယ်။ သူ့ကိုလည်း သပိတ်တပ်ပေါင်းစုထဲမှာ တွေ့လာရတယ်။ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း အစည်းအဝေးပွဲတွေမှာ သွားတက်ခဲ့တယ်။ ဒေါ်ခင်ကြည်ဈာပန အခမ်းအနားတွေမှာ ဦးဆောင်ပါဝင် ခဲ့တယ်။ ရန်ကုန်ကျောင်းသားခေါင်းဆောင်တော်တော်များများက သူ့ကို သိကြပါတယ်။ သူ့ရဲ့ ညီ ကိုလတ် က ကိုမောင်မောင်ဝမ်းတို့နဲ့ အတူ မကသ မှာ လုပ်တယ်။
ဗကသ သမဂ္ဂညီလာခံ ( ၁၉၈၉)

၁၉၈၈ သြဂတ်စ် (၂၈) မှာ ပြုလုပ်ခဲ့တဲ့ ဗကသ ညီလာခံဟာ တတိုင်းပြည်လုံးက ကျောင်းသားတွေကို မစုစည်းနိုင်ခဲ့ဘူး။ ကျောင်းသားတွေဟာ တနိုင်ငံလုံးကို ကိုယ်စားပြုမဲ့ ညီလာခံတခုကိုကျင်းပကြဖို့ ပြင်ဆင်ခဲ့ကြတယ်။ ထုံးစံအတိုင်း ဗကသ၊ မကသ ကွဲနေတော့ မန္တလေးမှာ ညီလာခံနှစ်ခုဖြစ်ခဲ့တယ်။ တခုက- မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ကျင်းပတဲ့ ဗကသ ညီလာခံ။ နောက်တခုက ကိုမောင်မောင်ဝမ်း၊ ကိုလတ်၊ တို့ ဦးစီးကျင်းပတဲ့ ရတနာဘုံမ္မိနယ်မြေ ကဉ္စနဆောင် ထဲက၊ မကသ ညီလာခံ။ ရန်ကုန် ဗကသ ကနေ တက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ရန်မျိုးသိမ်း တို့ဖြစ်တယ်။ ကိုညိုထွန်း ကတော့ မန္တလေးမှာ ဗကသ ဖွဲ့စည်းဖို့အတွက် ဘုရားကြီး၊ မြတောင်၊ မစိုးရိမ် -- စတဲ့ ဘုန်းကြီးကျောင်းအစည်းအဝေးတွေမှာ  ကတည်းက ကျောက်ချ ပါဝင်နေတော့တယ်။ အဲ့ဒီညီလာခံမှာ- ဗကက ( အထက်ဗမာပြည်) ဥက္ကဋ္ဌ က ကိုသန့်စင် ( ဆေးတက္ကသိုလ်) နဲ့ အပြိုင် ကျောင်းသားထုထောက်ခံတဲ့ခေါင်းဆောင်က ကိုထွန်းအောင်ကျော်။ သူကလည်း လူချစ်လူခင်များတယ်။ ၁၉၈၉ ဗကသ ညီလာခံကို ရော်နယ်အောင်နိုင် ( အနကလ)၊ ကိုစိုးလင်း ( အနကလ) တို့လည်း ပါဝင်ခဲ့ကြပါတယ်။ လူထုဒေါ်အမာ၊ MA ဒေါ်အုံး၊ ဒေါ်ကြည်ကြည် ( သခင်ဇင့် မိန်းမ) တို့လို နာမည်ကြီး မျိုးချစ် ပုဂ္ဂိုလ်တွေအပြင်၊ နိုင်ငံရေးအဖွဲ့အသီးသီးက ပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတော်တွေ၊ တက်ရောက်ခဲ့ကြတယ်။ ဒီညီလာခံထဲမှာ ဗိုလ်ကြီးမြင့်ဦးရဲ့ စစ်ထောက်လှမ်းရေးတွေကလည်း တရားဝင်တက်ရောက် သတင်းယူခဲ့ကြတယ်။ အဲ့ဒီတုံးက ကိုထွန်းအောင်ကျော်ဘေးမှာ တိုးတိုးတိတ်တိတ် နဲ့ အကြံပေးလိုက် လုပ်နေတာ ရော်နယ်အောင်နိုင် ပဲ မဟုတ်လား။  တကယ်တော့ ရော်နယ်အောင်နိုင်၊ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း ဆိုတာ ညီလာခံမှာ တတွဲတည်းထိုင်ခဲ့တဲ့ သူငယ်ချင်တွေမဟုတ်လား။ ကဲ-- ဗကသခေါင်းဆောင်တယောက်ဟာ ထောက်လှမ်းရေးဖြစ်လို့ ခေါင်းဖြတ်သတ်လိုက်ပါတယ် ဆိုတဲ့ အခိုင်အမာဝန်ခံချက်တွေကို မန္တလေးသားတွေကို ရှင်းပြပေးသင့်တာပေါ့။ မန္တလေးသားတွေကလည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုန့်ပြန်ကြမယ်ဆိုတာတော့ ယုံကြည်စေချင်ပါတယ်။

အချက်အလက်တွေ များနေမှာမို့ တတိယပိုင်း ကို ဒီမှာပဲ ရပ်လိုက်ပါမယ်။
စတုတ္ထပိုင်းမှာ “ နန်းအောင်ထွေးကြည်” ရဲ့ အစီရင်ခံစာတွေ ကို သူမရဲ့ မူရင်းလက်ရေးနဲ့အတူ တင်ပြပေးပါမယ်။

အောင်မိုးဝင်း