Monday, December 19, 2011

ကင်ဂျုံအီ သေပြီ


Zaw Win 5:54am Dec 19
ကင်ဂျုံအီ သေပြီ မကောင်းမှုတွေ ရဲ့ ထိပ်ခေါင်...ကင်ဂျုံအီ သေပြီ



မကောင်းမှုတွေ ရဲ့ ထိပ်ခေါင်


မြောက်ကိုရီးယား က အာဏာရှင်ခေါင်းဆောင်


ကင်ဂျုံအီ ဆိုတဲ့ ငနဲကို


ရှင်သေမင်း က ခေါ်လေပြီ။




သေနပ်ပြောင်းဝမှာအာဏာတည်စေ


ပြည်သူတွေကိုလက်နှက်နဲ့ဖိ


နားမျက်စေ့တွေပိတ်ပြီး


စစ်တပ်နဲ့မင်းမူဆိုးသွမ်းခဲ့ေ
ပမဲ့

သေမင်းကိုမလွန်ဆန်နိုင်


အခုတော့ ဈာပနဖြစ်ပြီ။




နိုင်ငံက နျူကလီယား ပိုင်ပေမဲ့


လူထုမှာ စားရမဲ့ မျက်နှာမွဲနဲ့


လွတ်လပ်မှုမှန်သမျှပိတ်ဆို့


အမှန်တရား အမှန်စကားတွေကိုပိတ်ဆို့


လူထုကိုဖိနှိပ် စစ်တပ်နဲ့အောင်ပွဲခံ


ကွန်မြူနစ် စနစ်နဲ့ နိုင်ငံကိုပြုစား


နျူကလီယား စွမ်းအားနဲ့ ကမ္ဘာကို လှည့်စား


ကိုယ်ကျိုးကိုသာ တွင်တွင်ဖန်တည်းပြီး


အယူမမှန်တာတွေကိုသာ ပလူပျံအောင် ဝါဒဖြန့်ခဲ့သူ။




ရုပ်ခန္ဓာ သာ ရပ်ပေမဲ့ သူ့စိတ်ဓါတ် နဲ့ သူ့လုပ်ရပ်ကအထင်းသား


အာဏာရှင်တွေ အာဏာရှင်တွေ မျက်လုံးမှိတ်ဖို့တောင် စိတ်မချနိုင်ကြ


နိုင်ငံကို အုပ်ချုပ်ဖို့ သူ့သွေးသားကိုမှ ကြိုတင်အာဏာလွှဲခဲ့သတဲ့


အမျိုးကို တကယ်ချစ်တပ်တဲ့ ကိုရွှေမျိုးချစ်တွေပါကလား


ဖခင် ကင်အီဆွန်း က သား ကင်ဂျုံအီ


ဖခင် ကင်ဂျုံအီ က သား ကင်ဂျုံဝန်း သို့ အာဏာကို လက်ဆင့်ကမ်း


အာဏာရှင်မျိုးဆက် တည်တံ့ရေးသာ အလေးထားကြတဲ့


အာဏာဘီလူး အာဏာရူးတွေ ပါတကား။




မြောက်ကိုရီးယား တပ်မတော်ရေ


အာဏာရှင် ကို မရှိခိုးကြနဲ့တော့


တဦးတယောက် ကို ဒူးမထောက်ကြနဲ့တော့


အမျိုးသားတွေကို ဆန့်ကျင်ပြီး


အမျိုးသားချင်းစစ်တွေ မခင်းကြနဲ့တော့


အာဏာရှင်တွေအတွက် အသေမခံကြနဲ့တော့


ညစ်ပတ်သည့် တပ်မတော် အဖြစ်မခံကြနဲ့တော့


ပစ်ခတ်သည့် တပ်မတော် အဖြစ်မခံကြနဲ့တော့


ကိုရီးယား နှစ်နိုင်ငံပေါင်းပြီး ကိုရီးယား ပြည်သူ့တပ်မတော်ထူထောင်ကြတော့


လွတ်လပ်တဲ့ ကိုရီးယားဒီမိုကရေစီ နိုင်ငံအဖြစ်ထူထောင်ကြပြီး


အောင်ပွဲလီလီ ပန်ချီလို့ အောင်ပွဲဆင့်ဆင့်ရစေသတည်း။




ဇော်ဝင်း


(ခေတ္တ- မဲဆောက်)


ဒီဇင်ဘာ ၁၉ ၂၀၁၁ တနင်္လာနေ့

Posted: 19 Dec 2011 12:10 AM PST
Posted: 18 Dec 2011 08:34 PM PST
ကျွန်တော်တို့လို အသက်ကို မွေးပေမယ့် မိမိတို့ ကိုယ်လက်အင်္ဂါ တချို့ကို ပေးလိုက်ရသူတွေလည်း ရှိတာမို့ ကျွန်တော်တို့ ထောင်အိပ်ခန်းဟာ ဈေးက အမဲသားတန်းထက်တော့ ပိုပြီး သွေးညှီနံ့ လွှမ်းပါတယ်။ လက်ကောက်ဝတ်က ဖြတ်ထားခံရတဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီး (နောက်တော့ ခေါင်းပါဖြတ်ပေး လိုက်ရ) လက်ချောင်းတွေ ခုတ်ထားခံရတဲ့ ကိုအောင်ဖိုးတို့ ခြေထောက်ထဲကို ဖနောင့်ကနေ သံချောင်းကို မီးဖုတ်ပြီး ရှိုသွင်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်တို့ဆီက သွေးညှီနံ့တွေအပြင် ရံဖန်ရံခါ အကွဲအပြဲ အဖြတ်အတောက်တွေကြားမှာ ကျွန်တော် ကိုယ်တိုင်လည်း ခေါင်းကိုမကြာခဏ အစိမ်းချုပ်ချုပ် ခံရတတ်တာမို့ ကိုယ်ပေါ်က အ၀တ်တွေမှာ သွေးနံ့စွဲနေတာ အဆန်းမဟုတ်တော့ပါ။htein linn
Posted: 18 Dec 2011 08:29 PM PST
 မြောက်ကိုရီးယား ကို ကြာရှည်စွာ...
Zaw Win2:15am Dec 19
မြောက်ကိုရီးယား ကို ကြာရှည်စွာ ကွန်မြူနစ်စနစ်ဖြင့် တင်းကြပ်စွာ အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင် ကင်ဂျုံအီ သေဆုံးသွားခဲ့ ရပြီ ဖြစ်ကြောင်း ပြုံးယမ်းရှိ အစိုးရပိုင် သတင်းဌာနမှ အထူးသတင်းတရပ်အနေဖြင့် ဒီဇင်ဘာ ၁၈ ရက် တနင်္လာနေ့က ထုတ်ပြန်ကြေငြာလိုက်ပြီ ဖြစ်သည်။ ကင်ဂျုံအီ သေဆုံးခြင်း ဟာ ကွန်မြူနစ်ပါတီ၊ မြောက်ကိုရီးယားနိုင်ငံတော် နှင့် နိုင်ငံသားအားလုံးအတွက် "ကြီးမားသောဝမ်းနည်းကြေကွဲမှု့ကြီး" ဖြစ်ပါတယ်လို့ သတင်းကြေငြာသူမှ မျက်ရည်စက်လက်ဖြင့် ကြေငြာသွားပါတယ်။
North Korean Leader Kim Jong Il, 69, Has Died
www.foxnews.com

DEVELOPING: Kim Jong Il, North Korea's mercurial and enigmatic leader, has died. He was 69


အာဏာအမွေ အသက် ၀င်-မ၀င်



"Dear Leader" of North Korea (officially, the Democratic People's Republic of Korea),


၂၀၁၁ ဒီဇင်ဘာ ၁၇ရက် စနေနေ့ နံနက် ၈ နာရီ ခွဲ အချိန်တွင် မြောက်ကိုရီးယား ခေါင်းဆောင် မြောက်ကိုးရီးယား အလုပ်သမားပါတီအထွေထွေအတွင်းရေးမှူး မြောက်ကိုးရီးယား နိုင်ငံတော်ကာကွယ်ရေးကော်မတီဥက္ကဌ- အသက် ၆၉ နှစ်အရွယ် ကင်ဂျုံအီ သေဆုံးပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြားက တနင်္လာနေ့က ကြေညာခဲ့ကြောင်း သိရသည်။
ကင်ဂျုံအီသည် မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံကို တည်ထောင်သူ ကင်အီဆောင်၏ သားဖြစ်ပြီး ၎င်း၏ ဖခင် အသက် ၈၂ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သော ၁၉၉၄ ခုနှစ်မှ စတင်၍ နိုင်ငံ့ အာဏာကို ရယူခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား ရုပ်သံသတင်းကြေငြာသူက ခေါင်းဆောင် ကင်သည် ၎င်း၏ ပြည်သူ လူထုအတွက် ဘဝကို မြိုတ်နှံပြီး အလုပ်လုပ်ခဲ့သောကြောင့် အလုပ်ဝန်ပိကာ သေဆုံးရခြင်း ဖြစ်ကြောင်း ကြောင်း ကြေငြာခဲ့သည်။

မြောက်ကိုရီးယား အာဏာရှင် စစ်ခေါင်းဆောင် ကင်မ်ဂျုံအီလ်သည်
Party Center of the WPK (1970s)
Vice-Chairman, WPK Central Committee (1972–80)
Dear Leader (Chinaehanuen Jidoja) (late 1970s–1994)
Intelligent Leader (1973–84)
Member, Presidium of the Supreme People's Assembly of the DPRK
Secretary of the Worker's Party of Korea (1980–94)
Supreme Commander of the Korean People's Army (25 December 1991–17 December 2011)
Marshal of the DPRK (1993–2011)
Chairman, National Defense Commission of North Korea (1993–2011)
Great Leader (Widehan Ryongdoja) (July 1994 – December 2011)
General Secretary, Workers Party of Korea (1997–2011)
Supreme Leader of the People's Republic (2009–2011) စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။

မြောက်ကိုရီးယား၏ နာမည်ဆိုးဖြင့် ကျော်ကြားသော အာဏာရှင် စစ်ခေါင်းဆောင်သည် (၂၀၀၈)ခုနှစ်ကတည်းက လေဖြတ်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူးသော်လည်း ပြန်လည် သက်သာလာကာ တရုတ်၊ ရုရှားတို့နှင့် ဆက်ဆံရေး တိုးမြှင့်မှုများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သေးသည်။
ထိုအတောအတွင်း ဆယ်စုနှစ်သုံးခုအတွင်း မြောက်ကိုရီးယား၏ အကြီးမားဆုံး နိုင်ငံရေးဆိုင်ရာ အထူးအစည်းအဝေးပွဲ မတိုင်မီ နာရီပိုင်းအလိုတွင် ၄င်း၏ အငယ်ဆုံးသား အသက် ၂၇ နှစ်အရွယ်ရှိ ကင်ဂျုံအန်အား ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး အဆင့်သို့ ရာထူးတိုးမြှင့် ခန့်ထားပေးလိုက်သည်။
ကင်ဂျုံအီ၏ နှမဖြစ်သူ ကင်ဂျုံဟွေးအားလည်း ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးသို့ တစ်ချိန်တည်းတွင် တိုးမြှင့်ပေးခဲ့သည်။ နောင်တစ်ချိန် ခေါင်းဆောင်ကြီးသည် ကျန်းမာရေးအရ ရာထူးမှဖယ်ပေးရလျှင်သော်လည်းကောင်း၊ သေဆုံးသွားလျှင်သော် လည်းကောင်း နိုင်ငံရေးရာကိစ္စများတွင် သူ၏သားအား နှမဖြစ်သူက ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ခဲ့သည်။
သို့သော် ကင်ဂျုံအန်းသည် ပြည်ပတွင် အချိန်အတော်ကြာနေထိုင်ခဲ့သူဖြစ်၍ လက်ရှိနိုင်ငံရေးခေါင်းဆောင်များ၏ အပြည့်အ၀ယုံကြည်မှုရရန် ခက်ခဲဦးမည်ဖြစ်ကြောင်းကရန်းဖီးတက္ကသိုလ်မှ မြောက်ကိုရီးယားရေးရာကျွမ်းကျင်သူ ပါမောက္ခဟေဇယ်စမစ်က ဆိုသည်။




မည်သို့ပင်ဖြစ်စေသူ၏နေရာကိုဆက်ခံရန် ရွေးချယ်မှုကို စနစ်တကျ အစပျိုးထားခြင်းဖြစ်သည်။ ကင်ဂျုံအန်သည် ဆွစ်ဇလန်နိုင်ငံတွင် ပညာသင်ကြားခဲ့၍ ၄င်း၏ရုပ်ပုံကို နိုင်ငံပြင်ပတွင် တစ်ကြိမ်မျှ ဖော်ပြခဲ့ဘူးခြင်း မရှိချေ။
သူသည် သူ၏အဖိုး ခေါင်းဆောင်ကြီး ကင်အီဆွန်းနှင့် ပိုပြီး တူစေရန် ၆ကြိမ် မျက်နှာခွဲစိတ် ပြင်ဆင်မှု ပြုလုပ် ခဲ့ဖူးသည်။ သူသည် ကင်ဂျုံအီ၏ တတိယဇနီး ဖြစ်သူ Ko Yong-Hi မှ ၁၉၈၃ခုနှစ် သို့မဟုတ် ၈၄ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ယူဆရသည်။
၂၀၀၈ ခုနှစ်တွင် လေဖြတ်ဝေဒနာ သိသိသာသာ ခံစားခဲ့ရသော ကင်ဂျုံအီသည် သူ၏ အငယ်ဆုံးသားဖြစ်သူ ကင်ဂျုံအမ် ကို နျူကလီးယား လက်နက်များ ပိုင်ဆိုင်သော ကွန်မြူနစ်နိုင်ငံရှိ ပြည်သူလူထု ၂၄သန်း၏ နိုင်ငံခေါင်းဆောင် တစ်ယောက် ဖြစ်လာစေရန် လက်သပ် မွေးခဲ့ဖွယ် ရှိသည်။ ကင်ဂျုံအီ၏ ကျန်းမာရေး အခြေအနေကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုများ မြင့်တက်လာပြီး အကယ်၍ သူကွယ်လွန်ခဲ့ပါက အရိုက်အရာ ဆက်ခံသူ မခန့်အပ်နိုင်ဘဲ ကျန်ခဲ့မည့် အခြေအနေအတွက် ခေါင်းဆောင်သစ် ရွေးချယ်ပွဲကို ကြိုတင် စီစဉ်ခဲ့ခြင်း ဖြစ်သော်လည်း လက်သပ် မွေးခဲ့သည့်အချိန် တိုတောင်းသေးသည်။





























Kim Jong-un (Korean: ,[1] Hanja: ,) also known as Kim Jong-eun or Kim Jung-eun, formerly Kim Jong-woon or Kim Jung-woon (born 1983 or early 1984),is the third and youngest son of deceased North Korean leader Kim Jong-il and his consort Ko Young-hee.



အသက် ၂၇ နှစ် အရွယ်ရှိတဲ့ ကင်ဂျုံအန်ဟာ နိုင်ငံရဲ့ အကြီးအကဲ ဖြစ်လာမှာ ဖြစ်ပြီး မြောက်ကိုရီးယားဗဟို စစ်ကော်မရှင် ရဲ့ ဥက္ကဌ အဖြစ် ကို လည်း ရရှိတော့မှာ ဖြစ်ပါတယ်။ လက်ရှိ မှာ စစ်ကော်မရှင် ရဲ့ ဒုတိယ ဥက္ကဌ အဖြစ် လည်း တာဝန် ထမ်းဆောင် နေပါတယ်။



မြောက်ကိုရီးယား က အခု လို ကွန်မြူနစ် အာဏာရှင် အမွေ ဆက်ခံ တာနဲ့ ပတ်သက်ပြီးနိုင်ငံတကာက ဝေဖန် မှု တွေ ရှိနေ သလို မြောက်ကိုရီးယား စစ်ခေါင်းဆောင် အချို့ နဲ့ ပြည်သူတွေ ကလဲ ဝေဖန် ပြစ်တင်မှု တွေ ရှိနေပါတယ်။

၁၉၉၆ က စတင်ချ မှတ်ခဲ့သော မြောက်ကိုရီယားခေါင်းဆောင်ကြီး ကင်ဂျုံအီ၏ ရာ သက်ပန် ရာဇာပလ္လင်မြဲရေး မဟာဗျူဟာမြောက် ‘ဆွန်ဂန်’ ပေါ်လစီနှင့် မြောက်ကိုရီယားပြည်သူများ လုံးထွေးရစ်ပတ်မှု မည်မျှရှိနေသည်ကို ယခုမကြာမှီ မျက်ဝါးထင်ထင် မြင်ရတော့မည်။
**ဆွန်ဂန် (စစ်တပ်ပထမ) ပေါ်လစီ ဖြစ်သည်။



ဆွန်ဂန်ပေါ်လစီကြောင့် မြောက်ကိုရီးယားမှာ နယူးကလီယားလက်နက်ပိုင်လာပြီး မြောက်ကိုရီးယားကျွန်း ဆွယ်သည် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အာဏာစက်အာက်မှ ရုန်းထွက်နိုင်ခဲ့သည်။ အီ ရတ်လို ကံကြမ္မာမျိုးမှ လွတ်မြောက်ခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယားက အာကာသလမ်းကြောင်းထဲကို နျူကလီယား ပစ်လွှတ်ပြီးသော နောက်ပိုင်းမှာ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးဖြတ်တောက်ထားသော နိုင် ငံများ အပြေးအလွှား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်လာကြသည်။ ထို့ကြောင့် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများကို တစစီ ရိုက်ချိုးနိုင်လိုက်သည်ဟု အချို့ ပညာရှင်များက ဆန်းစစ်ပြသည်။


ထိုအောင်မြင်မှုဆိုသည်များသည် မြောက်ကိုရီးယားက (၂၄) သန်းသော ပြည်သူများကို မည်သို့အကျိုး ဖြစ်ထွန်းစေသည်ကို - ပြီးခဲ့သည့် ဆယ်စုအတွင်း စားနပ် ရိက္ခာပြတ်လပ်မှုကြောင့် လူသန်းချီပြီး သေဆုံးခဲ့ရခြင်း ကမ္ဘာပေါ်တွင် ပြည်ပအလှူရှင်များထံမှ ရိက္ခာကို မှီ ခိုရာ၌ အီသီယိုးပီးယားပြီးလျှင် မြောက်ကိုရီးယားက ဒုတိယဖြစ်ခြင်း ယူနီဆက်ဖ်၏ အစီရင်ခံစာအရ က လေးတရာတွင် (၇) ဦးမှ (၃၇) ဦးသည် အာဟာရမပြည့်ဝကြ ကလေးမိခင်များတွင်လည်း (၃) ယောက် တွင် (၁) ယောက်သည် အာဟာရမပြည့်ဝဟုဆိုခြင်း တို့နှင့် တိုင်းတာဖို့ လိုပေမည်။




မြောက်ကိုရီးယားစစ်တပ်အင်အားမှာ လူ (၂၄) သန်းရှိသော တိုင်းပြည်တွင် အမြဲတမ်းစစ်တပ် အင်အား တသန်းနှင့် နှစ်သိန်းရှိသည်။ ကျန်းမာသန်စွမ်းသော အရွယ် အသက် (၁၇-၅၄) အကြား လူဦးရေ၏ (၅) ပုံ (၁) ပုံသည် စစ်သားများ ဖြစ်နေသည်။ ထို့အပြင် (၆) သန်းကို အရံအင်အားအဖြစ် ထားသည်ဟုဆိုသည်။




ပြည်ပရန် ကာကွယ်ရေးအတွက် စစ် တပ်ကို အင်အားရှိဖို့လိုသည်ဆိုမှာ သဘာဝဘေးအန္တရာယ် နှင့် တလွဲစီမံခန့်ခွဲမှုများကြောင့် တိုင်းပြည်စီးပွားရေး ကျပ်တည်းလာသောအချိန်တွင် တတိုင်းပြည်လုံး အာခံမ လာအောင် စစ်ဇာတ်သွင်းခဲ့ခြင်းပြု ပီး အာဏာမြဲရေးအတွက် စစ်တပ်ကို အပိုင်ကိုင်ထားသည့် “အဖိုးကင်”


“အဖေကင်” “သားကင်” ကင်နန်းဆက်ကို ကင်ဂျုံအီ၏ ဖခင် ကင်အီဆွန် လက်ထက်(၁၉၉၁)ကပင် ပြည်သူလူထုခေါင်းထဲကို ရိုက်သွင်းခံထားရသည်ကိုလည်းမြင်တတ်ဇို့ လိုမည်။
ကင်ဂျုံအီ သေပြီ




ကင်ဂျုံအီ သေပြီ 

No comments: