Thursday, December 22, 2011

email ထဲက ဟိုဟိုဒီဒီ

Aung Min 3:24pm Dec 22
(၈၈)မျိုးဆက် ကျောင်းသားအမည်ခံထားတဲ့ စိုးထွန်းခင်ဗျာ မိမိကိုယ်မိမိ ကျောင်းသားခေါင်းဆောင်လို့ အမည်ခံထားရင် အမျှော်အမြင်ရှိစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လက်ရှိအစိုးရနဲ့ နိုင်ငံရေးအရ အပေးအယူ အဆင်ပြေသွားပြီး တရားဝင် နိုင်ငံရေးပါတီအဖြစ်ရပ်တည်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မိမိဟာ မိမိကိုယ်မိမိ အမျိုးသားရေးကိုသာ ဦးတည်ပြီး သမာသမတ်ကျတဲ့အမျိုးသားတပ်ဦးကြီးဖြစ်တဲ့ ကျောင်းသားအဖွဲ့အစည်းကြီးတခုပေါ်ပေါက်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ကျောင်းသားခေါင်းဆောင်လုပ်နေတယ်ဆိုရင် ဘယ်ပါတီရဲ့နိုင်ငံရေး လုပ်ငန်းစဉ်တွေကိုမှ ကျောင်းသားအဖွဲ့အစည်းရဲ့အမည်ခံပြီး မထောက်ခံပါနဲ့ မကန့်ကွက်ပါနဲ့ (အမျှော်အမြင်ရှိပါ) ခင်ဗျားတို့က ကျောင်းသားအဖွဲ့အမည်ခံပြီး ပါတီတွေရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်နေရင် ကျန်တဲ့ပါတီတွေကလဲ သူတို့နဲ့ အလျှင်းသင့်တဲ့ ကျောင်းသားတွေကိုမွေး။ ပြီးရင် ကျောင်းသားအဖွဲ့အစည်းဖွဲ့ခိုင်း သူတို့ပါတီကိုထောက်ခံခိုင်း သူတို့နဲ့ ခံယူချက်ခြင်းမတူသူတွေကို ဆန့်ကျင်ခိုင်းစတာတွေ လုပ်လာရင် ကျောင်းသားထုအတွင်းမှာ ညီညွတ်မှု့ပြိုကွဲပြီးပြည် သူတွေကြားမှာလဲ ကျောင်းသားအဖွဲ့အစည်းဆိုတာ ပါတီတွေရဲ့ လက်ကိုင်ဒုတ်ဘဲလို့ ထင်သွားပြီး ကျောင်းသားတွေအပေါ် ယုံကြည်မှု့ ကျဆင်းသွားနိုင်တယ်ဆိုတာကို ခေါင်းထဲထည့်ထားပါ။ ကျောင်းသားအဖွဲ့အစည်းအမည်နဲ့ ဘယ်ပါတီရဲ့ နိုင်ငံရေးကိစ္စကိုမှ ဝင်ရောက်မစွက်ဖတ်ပါနဲ့။ ဒါပေမဲ့ခင်ဗျားတယောက်ထဲအနေနဲ့ ပုဂ္ဂိုလ်ရေးအရ ဝင်ရောက် စွက်ဖတ်ခွင့်ရှိပါတယ်။ လက်ရှိအစိုးရကို ထောက်ခံတာတွေ ကန့်ကွက် တာတွေကိုလဲ ဘယ်ပါတီ ၊ ဘယ်ပုဂ္ဂိုလ် ရဲ့အာဘော်နောက်ကိုမှ သံယောင်မလိုက်ဘဲ ကျောင်းသားသမဂ္ဂရဲ့ မူဝါဒ လုပ်ငန်းစဉ်များအတိုင်းသာ လုပ်ဆောင်ပါ။ ကျောင်းသားအဖွဲ့အစည်းအဓိက လုပ်ဆောင်ရမှာက တည်ဆဲအစိုးရတွေကို မျက်စိဒေါက်ထောက်ကြည့်နေပြီး အဲ့ဒီအစိုးရတွေရဲ့ အမျိုးသားရေးကို သွေဖယ်တဲ့ လုပ်ရပ်တွေကို အများပြည်သူနဲ့ ကျောင်းသားတွေ သိရှိနိုင်အောင် ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ မှတ်ချက် ။ ။ ( ကျုပ်လဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမေစုကို ကျုပ်ပုဂ္ဂိလိကအရ မျိုးနဲ့ ရိုးနဲ့ ထောက်ခံသူတယောက်ဆိုတာတော့ သိထားစေချင်တယ်)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
  ပြည်သူသည်သာ ထာဝရ၊ ပြည်သူသည်သာပဓါန

နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ၊ ဒီမိုကရေစီအပြောင်းအလဲတွေလုပ်နေပါပြီဆိုတာဟာ ၊စည်းချက်တခြား၊သံစဉ်တခြားကြားနေရသလိုဘဲ၊ ကြိုးပမ်းမှုတွေကိုတော့ အသိအမှတ်ပြုပါတယ် ဒါပေမဲ့ နားကလောနေတုံးဘဲဗျ။

ဒီမိုကရေစီကျင့်စဉ်ထဲက အားလုံးပါဝင်ရေးဆိုတာကို လျစ်လျူရှုထားသလိုဖြစ်နေတယ်၊ ဖယ်ထုတ်ထားရေးမူကိုကျင်သုံးနေရာရာက်နေတယ်။ အရပ်သားစကားနဲ့ ပြောရရင်တော့ ဒီမိုကရေစီရေးအတွက်၊ ထောင်ကျခံပြီး တောင်းဆိုနေတဲ့သူတွေကို ဆက်လက်ချုပ်နှေင်ထားပြီး ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့သူတွေကို ဖမ်းဆီး၊နှိပ်စက်၊ထောင်ချ၊တောထဲရောက်အောင်လုပ်၊  ပြည်ပြေးဖြစ်အောင်လုပ် ခဲ့တဲ့သူတွေက ဒီမိုကရေစီအစိုးရပါဆိုပြီး ဟစ်အော်နေတာ လည်းသိပ်ကို အကျည်းတန်လွန်းတယ်ဗျ၊ ရှက်ဘို့ လည်းကောင်းတယ်၊ ရှက်ရကောင်းမှန်းသိရင်ပေါ့၊  ပြောသူမရှက်၊ကြားသူရှက်ပဲဗျ။

၁၉၇၄ ခုနှစ်ကလို လိမ်ညာလို့ မရတောဘူး၊ ၂၀၁၁ (Digital Communication ) ခေတ်ကြီးမှာ ကိုယ်အိမ်ကကွန်ပြူတာထဲမှာ တကမ္ဘာလုံးက စာကြည့်တိုက်တွေရောက်နေတဲ့ခေတ်ကြီးဗျ။ ဦးသိန်းစိန်အစိုးရဟာ ၂၀၀၈ ဖွဲ့ စည်းပုံအရ လုပ်ပိုင်ခွင့် ရှိလို့ လုပ်နေတာကို နားလည်ပေးနိုင်တယ်၊ တကယ်ရိုးသားဘို့ လိုပါတယ်၊ တကယ်ဘဲဒီမိုကရေစီကျင့်စဉ်တွေကို လက်ခံ၊လေ့ကျင့်ပြီးအမြန်ပြောင်းလဲဘို့ လိုပါတယ်။

ဒီမိုကရေစီဆိုတာကျင့်စဉ်တခုပါ၊ အစိုးရကကော၊ ပြည်သူကပါကျင့်မှ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံအဖြစ် အောင်မြင်စွာချီတက်နိုင်မှာဖြစ်တယ်။ ဒိမိုကရေစီအကျိုးအားလုံးခံစားကြရမှာဖြစ်တယ်။ ဦးသိန်းစိန်အစိုးရ ဟာ
(၁) တကယ်ဘဲ စစ်မှန်တဲ့ အပြောင်းအလဲကိုလိုချင်ပါသလား၊
(၂) တကယ်ပဲပြည်သူ့ ထောက်ခံမှုနဲ့  တရှိန်ထိုး ပြောင်းလဲချင်ပါသလား၊
(၃) တကယ်ဘဲ ပြည်သူတွေအငတ်ဘေးကအမြန်ဆုံး လွတ်မြောက်လိုပါသလား။

(၁) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ခေါ်လိုက်ပါ၊
(၂) နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွတ်ယွင်းချက်မရှိ လွတ်ပေးလိုက်ပါ၊
(၃) ပြည်လုံးကျွတ် အပြစ်အခတ်ရပ်ဆဲရေး နဲ့ ထာဝရငြိမ်းချမ်းရေး စကားဝိုင်း တခုကို ခေါ်လိုက်ပါ။

သင့်အားပြည်သူများ ကယ်တင်လိမ့်မည်၊ ပြည်သူများနှင့်သာ တိုင်းပြည်ကိုတည်ဆောက်လို့ ရမယ်၊ အမိန့် အာဏာတွေနဲ့ တိုင်းပြည်ကိုတည်ဆောက်လို့ မရနိုင်ဘူး၊ အစိုးရနဲ့ အစိုးရအလိုတော်ရိတွေနဲ့  တိုင်းပြည်ကို တည်ဆောက်လို့ မရဘူး၊ မကြာသေးမိကမှ ကျဆုံးသွားတဲ့ ပုဆိုးဝတ် အာဏာရှင် ဦးနေ၀င်း ကိုကြည့်ပါ၊ ပြည်သူဆန္ဒကို မျက်ကွယ်ပြုလို့ မရဘူးဆိုတာပါဘဲ။

အစိုးရတွေသာအမျိုးမျိုးပြောင်းလဲသွားမယ်၊ ပြည်သူတွေဟာဘယ်တော့မှမပြောင်းလဲသွားဘူး၊ ထာဝရရှိနေမှာဖြစ်တယ်၊ ပြည်သူတွေမရှိရင်လည်း တိုင်းပြည်ဆိုတာမရှိတော့ဘူး၊ ဒါကြောင့်ပြည်သူသည်သာ ထာဝရ၊ ပြည်သူသည်သာပဓါနဖြစ်ပါတယ်။ပြည်သူသည်သာအမိ၊ပြည်သူသည်သာအဖပါ၊
ပြည်သူတွေထဲကပေါက်ပွါးလာတဲ့ ဘုရားသား ရဟန်းတော်များ၊ တိုင်းရင်သားများ၊ တပ်မတော်သားများ၊ကျောင်းသားများ ကိုမခွဲခြားပါနဲ့  အားလုံးဟာနိုင်ငံသားတွေပါ။    WE ALL ARE ONE
ပြည်သူများကိုဦးညွတ်လျက်
ကိုကိုလေး
ခေတ္တ ဆန်ဖရန်စစ္စကို

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



စစ်ဆိုတဲ့စကား မကြားချင်



စစ်ပွဲစစ်ပွဲ ဘယ်စစ်ပွဲဖြစ်ဖြစ်

သားပစ်မယားပစ် အမိအဖတွေကိုပစ်

ချစ်တဲ့သူအများအစား စွန့်လွှတ်ကာထား

တိုက်ပွဲထွက်သွားရတဲ့စစ်သား။



အမိအဖကသားဆုံး မယားကလင်ဆုံး

သားသမီးများကအဖေဆုံး

လောကရဲ့အချစ်ဆုံးကို လုံးလုံးရှုံးရ

ချုံးချငိုကြွေးရတဲ့ဒီစစ်ပွဲ။



ဘယ်ဖက်ကစဉ်းစားစဉ်းစား

အားလုံးသောသူဟာ အရှုံးသမား

ရှုံးမှန်းသိရက်နဲ့ ဘယ့်အတွက်အပြိုင်ချဲ

စစ်ပွဲတွေနွှဲနေရတာလဲ။



အာဏာကိုအဟုတ်အပိုင်

ချုပ်ကိုင်ချင်ကြတဲ့အာဏာရူး

အာဏာဘီလူးတွေကြောင့်

စစ်မီးတွေတောက် ဒုက္ခတွေရောက်

လောကကြီးတစ်ခုလုံးမှောက်

ကြောက်စိတ်မရှိတဲ့ အာဏာရူးသတ္တိ

ဖိနိုင်သမျှဖိ ရိနိုငိသမျှရိ

မိုးထိအောင် လှေခါးထောင်

မိုးကိုပါလောင်အောင်ရှို့

အာဘောင်မညှို့တဲ့အာဏာရှင်တို့ပါတကား။



ဂျန်ဂျစ်စခန် ကူဗလေခန်

နပိုလီယံ ဟစ်တလာက အစ

ကဒါဖီ၊ ကင်ဂျုံအီး၊ နေ၀င်းအဆုံး

အားလုံးသောအာဏာရှင်တွေ

မွှေနိုင်သမျှမွှေ ဝေနိုင်သမျှ စစ်အမွေတွေ

လူ့ပြေကိုမွှေနှောက်

ပေးဝေကာ အပင်ပေါက်ခဲ့သမို့

နောက်ဆုံးနိဂုံး သေခါနီးအဆုံး၌

အပြုံးနဲ့မသေ အမုန်းနဲ့သာ

သင်ပုန်းချေခဲ့ရတယ်မဟုတ်လား။



အဖြစ်ဆိုးလှတဲ့ စစ်အစိုးရလည်း

အပြစ်အမျိုးမျိုးပြခဲ့တာမို့

ဒီထက်ဆိုးလှတဲ့ကံကြမ္မာသာ ဖန်လာတော့မှာ။



ကံကြမ္မာအခါပြောင်း

ယတြာကောင်းချေနေလို့မရ

အကြောင်းကံကိုတောင်းခံနေလို့လဲမရ

ကိုယ့်ဘ၀ ကိုယ်ဖန်တီးမှ ရမယ်။



သိန်းစိန်အစိုးရက ပြောပါလေသဗျ

ဒီမိုကရေစီဗဟုသုတနည်းလို့

တဖွဲဖွဲနဲ့ကျဲကျဲဝိုင်းရမယ်တဲ့။



ကိစ္စမရှိ လွယ်လွယ်သိဖို့ ပြောလိုက်မယ်

မိုက်မိုက်ကန်းကန်း လုပ်နေတဲ့ခင်ဗျားတို့လုပ်ငန်းကို

လမ်းကြောင်းပြောင်းထူ ဗြောင်းပြန်ယူ

လူဖမ်းနေမဲ့အစား နိုင်ငံရေးအကျဉ်းသားအကုန်လွှတ်ပေး။

စစ်ရေးဆင်နေမဲ့အစား တိုင်းရင်းသားတိုက်ခိုက်ရေး ငြိမ်းချမ်းရေးပေး။

ဂုတ်သွေးစုပ်နေမဲ့အစား

စားထားတဲ့ဘဏ္ဍာထုပ် အကုန်အန်ထုတ်။

အတင်းအဓမ္မအုပ်ချုပ်နေမဲ့အစား

အများဆန္ဒခံယူ ကြည်ဖြူစွာနဲ့ပြည်သူ့လက်ထဲ

ကုတ်ဆွဲထားတဲ့အာဏာပြန်အပ်။

ဒီလုပ်ရပ်သာ ခုအခြေနေမှာလုပ်လာခဲ့ရင်

ဒီမိုကရေစီတံခါးပေါက် အလိုလိုရောက်နေပါပြီ။



ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ၁၂-၂၂ ၁၁




Message body

နိုင်ငံရေးနယ်ပယ်အတွင်းမှ မိတ်ဆွေများ ရဲဘော်များခင်ဗျား..
၁၉၈၈ခုနှစ်က လသားအရွယ်သားငယ်လေးကိုထားပြီး စစ်တပ်ကိုပြန်တိုက်ဖို့
တောခိုထွက်ခွာသွားခဲ့သူ ကိုစိုး သိန်း ခေါ် ကိုထင်ကျော် ကို
(တစ်ကြိမ်တစ်ခါမျှမမြင်ဖူးသေးတဲ့ ) အခု ၂၃ နှစ်ရှိနေပြီဖြစ်တဲ့ သားက
လိုက်ရှာ လျက်ရှိနေပါတယ် ။

မောင်ထွန်းမင်းထက် ဆိုတဲ့ အဲဒီကလေးဟာ မိခင်ကို အဖေနဲ့ပတ်သက်လို့
မေးမြန်းခဲ့တဲ့အကြိမ်တိုင်း မိခင်က နင့်အဖေသေပြီ ငါ့ကိုနင့်အဖေအကြောင်း
ဘာမှလာမမေးနဲ့လို့ပဲပြောဆိုခဲ့တာကြောင့် သူ့အဖေနဲ့ပတ်သက်ပြီး
ဘာမှများများစားစားပြောပြနိုင်တာမရှိဘူးလို့ပြောပါတယ် ။
အဖေလုပ်သူရဲ့မိဘတွေ ( သူ့အဖိုးအဖွားတွေ) ရဲ့ နာမည်တွေကိုတောင်
မသိဘူးလို့ပြောပြပါတယ် ။

အဒေါ်ဖြစ်သူပြောပြထားလို့သိရတာက သူ့အဖေဟာ ပဲခူးမြို့ မှော်ကန် ၂၃ လမ်း
နေအိမ်ကနေ ထွက်ခွာသွား တာဖြစ်တယ် ၊ အဲဒီအချိန်က သူ့အမေအမည်က
မသန်းသန်းဆွေဖြစ်တယ် ၊ ( အခုတော့ မသန်းနုလို့ ခေါ်ကြ တယ် ) သူ့အမေရဲ့အမေ ၊
သူ့အဖွားအမည်က ဒေါ်ရီဖြစ်တယ် ။ သူ့အဖေ ကိုစိုးသိန်း ခေါ် ကိုထင်ကျော် သာ
သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် အဲဒီလောက်ပြောပြရင် သိနိုင်ပါတယ်လို့
မောင်ထွန်းမင်းထက်က ပြောပြပါ တယ် ။

ကိုယ့်အဖေကိုကိုယ်၂၃ နှစ်လုံးလုံး သက်ရှိထင်ရှားရှိမရှိမသိရပဲ ၊
မျက်နှာပုံပန်းသဏ္ဍာန်ဘယ်လိုဆိုတာမသိရပဲ ကြီးပြင်းလာခဲ့ရတယ် ၊ အခု
ထိုက်သင့်တဲ့အရွယ်ရောက်လာပြီဖြစ်လို့ အဖေ့ကိုလိုက်ရှာမယ်ဆိုပြီး
ထိုင်းမြန်မာ နယ်စပ်ကိုထွက်လာခဲ့တယ် ၊ ဘဝရပ်တည်မှုအတွက်
စက်ရုံတရုံမှာအလုပ်ဝင်လုပ်ရင်း နီးစပ်ရာခင်မင်သူတွေ ကနေတဆင့်
မေးမြန်းရှာဖွေနေပါတယ် ။
ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ ၊ ကိုစိုးသိန်း ခေါ် ကိုထင်ကျော် ( ၈၈ တောခို)
နဲ့ပတ်သက်ပြီး သက်ရှိထင်ရှား ရှိ မရှိ သိသူများ ၊
မည့်သည့်နေရာဒေသတွင်ရှိနေနိုင်သည်ကို သိသူများ ၊
မောင်ထွန်းမင်းထက် ၀၈၀၅၅၆၆၃၉၈ , ၀၈၄၆၉၂၂၂၀၈
သို့ဆက်သွယ်ပြောကြားပေးကြပါရန် အကူအညီ တောင်း ပန်ကြားအပ်ပါတယ်


ကိုထင်ကျော်တော့ မသိပါခင်ဗျာ..ကိုထင်ကျော်ထက် ဆိုသူ ၈၈ မျိုးဆက်တယေက်တော့ ရှိပါတယ် ကိုထင်ကျော်ထက်ကိုစုံစမ်းချင်ရင်တော့ ကျနော့်ကိုဆက်သွယ်ပါခင်ဗျား (ဒေါက်တာ ခင်စိန်)
  

ဝိုင်းဝန်းကူညီနှိုင်စေရန်တင်ပြပေးလိုက်ပါတယ်။


No comments: