Saturday, June 29, 2013

ကနေဒါနိုင်ငံမှာ ၈ လေးလုံးညီလာခံ ဆက်လက်ကျင်းပ


2013-06-29
ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မှာ ဆက်လက်ကျင်းပနေတဲ့ ၈ လေးလုံး ၂၅ နှစ်ပြည့်ညီလာခံမှာ ဇွန်လ ၂၉ ရက်နေ့ မနက်မှာတော့ မြို့ တော်ခန်းမမှာ စတင်ပြုလုပ်နေပြီး မနက်ပိုင်းအစီအစဉ်မှာ ကနေဒါနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌါနရဲ့ ပါလီမန်ဆိုင်ရာ အတွင်းရေးမှူး Lois Brown တက်ရောက်ခဲ့ပြီး ကနေဒါဝန်ကြီးချုပ် Steven Harper ရဲ့ သဝဏ်လွှာ၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Jason Kenning ရဲ့ သဝဏ်လွှာတွေ ဖတ်ကြားသွားပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖွံ့ ဖြိုးရေးနဲ့  အပြောင်းအလဲတွေအတွက်ကို အရေးကြီးတဲ့အဆင့်တွေ ဆောင်ရွက်နေတာတွေ ရပါတယ်။ ဒါပေမယ့် ဒီအပြောင်းလဲတွေ ဆက်ပြီးတိုးတက်လာဖို့ အတွက် ဆောင်ရွက်စရာတွေ အမြောက်အများ ကျန်နေပါသေးတယ်။ ဒီညီလာခံတက်လာသူ အားလုံးကလည်း မြန်မာပြည်သူတွေ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးတွေအတွက် ကိုယ်စားပြုဆောင်ရွက်နေကြတယ်လို့လဲ နားလည်သဘောပေါက်ပါတယ်လို့  ဝန်ကြီးချုပ်ရဲ့သဝဏ်လွှာကို ဖတ်ပြသွားတာပါ။
ကနေဒါနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးရဲ့ သဝဏ်လွှာမှာလဲ ဒီညီလာခံကျင်းပတာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုရေစီရေးတိုက်ပွဲအတွက် စွန့်လွှတ်အနစ်နာခံမှုတွေကို အမှတ်တရဖြစ်စေတယ်လို့ ပြောဆိုသလို၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို ထောက်ပံ့နေတာဖြစ်တဲ့အကြောင်း၊ ကနေဒါနဲ့  မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်နေတာလို့ မျှော်လင့်တဲ့အကြောင်း၊ ဒီကြိုးစားမှုတွေကြောင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့  ဒီမိုကရေစီရလာမယ်လို့ မျှော်လင့်တဲ့အကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ညီလာခံကို ကနေဒါနိုင်ငံရဲ့ လေဘာပါတီခေါင်းဆောင် Justin Trudeau ကလဲ သဝဏ်လွှာပေးပို့လိုက်သလို၊ ABSDF ကျောင်းသားတပ်မတော်ကလည်း သဝဏ်လွှာ ပို့လိုက်ပါတယ်။
ညီလာခံနေ့လည်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ကိုရောက်နေတဲ့ မြန်မာနိုင်ငံက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်နဲ့ ကိုပြုံးချို၊ ဘန်ကောက်မြို့ကိုရောက်နေတဲ့ ကိုနေမျိုးဇင်တို့ကလဲ အင်တာနက်ကနေတဆင့် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၈လေးလုံး ငွေရတုအခမ်းအနား ကျင်းပရေး ကော်မီတီ) ၏ အခမ်းအနားအကြို ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေရတုကြေညာစာတမ်း


☮ ★ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၈လေးလုံး ငွေရတုအခမ်းအနား ကျင်းပရေး ကော်မီတီ) ၏ အခမ်းအနားအကြို ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေရတုကြေညာစာတမ်း ★ ☮
(ဇွန်လ၊ ၂၉ ရက်၊ ၂၀၁၃ခုနှစ်)

၂ဝ၁၃ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်နေ့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့သောရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးသည် ငွေရတုတိုင်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော (၂၅)နှစ်က ဒီမိုကရေစီဆိတ်သုဉ်းမှု၊ စီပွားရေးနိမ့်ကျမှုတို့နှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာသော အထွေထွေမကျေနပ်မှုများကြောင့် ဤရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ မြန်မာ့သမိုင်းတွင် တိုင်းရင်းသားပေါင်းစုံ၊ လူထုလူတန်းစားအလွှာပေါင်းစုံ၊ မျိုးဆက်အသီးသီး ပါဝင်သောအကြီးမားဆုံး လူထုလှုပ်ရှားမှုကြီးဖြစ်သည်။

မျက်မှောက်ကာလ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြောင်းလဲမှုအရပ်ရပ်သည် ဤရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ အကျိုးဆက် ရလဒ်များပင်ဖြစ်သည်။ တစ်နည်းအားဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် သန္နိဋ္ဌာန်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံဖြင့်သာ အောင်မြင်နိုင်မည်ဟု ယုံကြည်သည်။ ထို့အပြင် တိုင်းရင်းသားတန်းတူညီမျှရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးသည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၏ အဓိကအုတ်မြစ် ဖြစ်သည်။

အာဏာရှင်စနှစ်အောက်တွင် ရာစုနှစ်ဝက်ကျော် ဖြတ်သန်းခဲ့ရပြီးနောက် ယခုကဲ့သို့သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ တွင် အခြားသော နိုင်ငံရေးငံရေး၊ စီးပွားရေး၊ လူမှုရေးစိန်ခေါ်မှုများကိုလည်းရင်ဆိုင်နေကြရဆဲ ဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်လဲမှု ဆိုရာတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာ (၃) ရပ်အကြား အပြန်အလှန်ထိန်းညှိမှု ပိုမိုအားကောင်းလာစေရေး၊ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပိုမိုတက်ကြွစွာ ပါဝင် ဆောင်ရွက်ခွင့် ရရှိရေးနှင့် အုပ်ချုပ်မှုယန္တရားထိရောက် ထက်မြက်လာစေရေးနှင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေးတို့သည် အဓိကကျသော နိုင်ငံရေးစိန်ခေါ်မှုများဖြစ်သည်။

ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် အခြေခံအဆောက်အအုံများ အားကောင်းလာစေရေး၊ သယံဇာတအခြေပြု စီးပွားရေးပုံသဏ္ဍာန်မှ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုအခြေပြု စီးပွားရေးပုံသဏ္ဍာန်သို့ ပြောင်းလဲနိုင်ရေး၊ တိုင်းရင်းသားဒေသများ အချိုးညီဖွံ့ဖြိုးတိုးတက်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖြတ်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့်စပ်လျဉ်းသည့် မြေယာပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ အလုပ်သမားတို့၏ လုပ်ခလစာနှင့် ရပိုင်ခွင့်၊ အစရှိသည့် ပြဿနာများသည် ယနေ့ ရင်ဆိုင်နေရသော စီးပွားရေးစိန်ခေါ်မှုများပင် ဖြစ်သည်။

ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ တွေးခေါ်ဆင်ခြင်မှုနှင့် ဖန်တီးနိုင်စွမ်းကို ဦးတည်သည့် ပညာရေးစနစ်တစ်ရပ် ပေါ်ထွန်းလာစေရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ခံစားရရှိနိုင်ရေး၊ လူထုအခြေပြု အဖွဲ့အစည်းများ အားကောင်းစွာပေါ်ထွန်းလာစေရေး၊ အသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့ရလေ့ရှိသော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများအား ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးတို့သည် ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှုများပင်ဖြစ်သည်။

ဤစိန်ခေါ်မှုများသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ပေ။ လွန်ခဲ့သော (၂၅)နှစ်က တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တညီတညွတ်တည်း ပါဝင်ဆင်နွှဲခဲ့ကြသည့် ရှစ်လေးလုံး ဒီမိုကရေစီစိတ်ဓာတ် ဖြင့်သာ ဖြေရှင်း ကျော်လွှားနိုင်မည်ဖြစ်သည်။ ဤသည်မှာ နယ်ပယ်အသီးသီး၊ နေရာဒေသ အသီးသီးတွင် ပြန့်ကျဲရောက်ရှိနေကြသော ဒီမိုကရေစီ အင်အားစုများအားလုံး၏ တူညီသော ယုံကြည်ချက်ပင်ဖြစ်သည်။

ဤ (၂၅) နှစ်မြောက် ရှစ်လေးလုံး ငွေရတုအခါသမယ၌ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး တိုက်ပွဲအဆက်ဆက်တွင် ကျဆုံးသွားခဲ့ကြသော၊ စွန့်လွှတ်အနစ်နာခံခဲ့ကြသော တိုင်းရင်းသားပြည်သူအပေါင်းအား အလေးအနက် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

ယနေ့အထိ ရှစ်လေးလုံး ဒီမိုကရေစီစိတ်ဓာတ်ကို လက်ဆင့်ကမ်း သယ်ဆောင်လာကြသော မျိုးဆက်အသီးသီး၏ စုစည်းညီညွတ်မှု အားဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံမူများကို ကိုင်စွဲလျက် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် ကိုဝိုင်းဝန်း တည်ဆောက်ကြပါရန် အလေးအနက် တိုက်တွန်း နှိုဆော်အပ်ပါသည်။

★ ☮ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကျင်းပရေးကော်မတီ
Picture
နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒီိမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မီတီဝင်များ ဖြစ်တဲ
ကိုမောင်မောင်သိန်း၊ ကိုရဲထွဋ်၊ ဒေါက်တာခင်စိန် ၊ပြည်တွင်း ( ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုအံ့ဘွယ်ကျော်၊ ကိုပြုံးချို ၊ ကိုမင်းဇေယျာ တို့ နှင့် ဇွန် (၂၉-၃၀ ) ရက် ၊ စနေ နေ့  လက်ရှိမြန်မာ့နိုင်ငံရေးနှင့် ပြည်တွင်း-ပြည်ပအထွေထွေလုပ်ငန်းရပ်များ စပ်လျဉ်းပတ်သက်ပြီး
တွေ့ ဆုံကြ။   အမေရိကန်ပြည်ထောင်စု ၊ အိန္ဒိယ ၊သြစတြေးလျှ ၊ဥရောပနိုင်ငံ ၊ နှင့်ကနေဒါနိုင်ငံ တို့ မှာ အွန်လိုင်း (အင်တာနက်) ပေါ်မှနေ၍ ယခုချိန်ထိ
တွေ့ ဆုံဆွေနွေးလျက်ရှိကြသည်။
Picture
__._,_.___




Friday, June 28, 2013

မြစ်ဆုံစီမံကိန်း ဆိုင်းငံရုံသာဖြစ်ပြီး ဆက်လုပ်ဖို့ အစိုးရဘယ်လိုသဘော တူထားလဲဆိုတာ အစိုးရကို အရင်မေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ဒေါ်အောင်ဆန်းစုကြည်မှ

အဲဒီဟာက အစကတည်းက အန်တီပြောတယ်၊ ရပ်လိုက်တယ်ဆိုတာ၊ ဆိုင်းငံ့လိုက်တယ်ဆိုတာ (၅)နှစ်၊ ဘယ်လိုစာချုပ်တွေချုပ်ချုပ် ဘယ်လိုသဘောတူညီမှုတွေ ယူထားမှန်းကို မသိဘူး၊ ပွင့်လင်းမြင်သာမှုမရှိဘူး။

အဲဒီတော့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကိစ္စပေါ်မှာ အန်တီတို့အနေနဲ့ မှတ်ချက်ချဖို့ အင်မတန်ခက်တယ်။

အဲဒါလည်း အစိုးရကို မေးရမှာ၊ ဘယ်လိုသဘောတူညီချက်တွေရှိတယ်၊ ဘယ်လိုအချက်အလက်တွေနဲ့ ဒီဟာကို သဘောတူညီမှုယူထားတာလဲ၊

ဒီဟာကို ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ၊ ဆိုင်းငံ့တာ ဆိုင်းငံ့တာပဲ၊ နောင်ဘယ်လိုအစီအစဉ်ရှိလဲ၊ ဆိုင်းငံ့လိုက်တဲ့ အစိုးရကိုမေးရမှာ။

ဟု ဖြေကြားခဲ့ပါသည်။

DVB News ဒေါ်အောင်ဆန်းစုကြည်နဲ့ လမ်းလျှောက်အင်တာဗျုး မှ ကောက်နှုတ်ဖေါ်ပြပါသည်။

စစ်အာဏာရှင်တို့ရဲ့ ဒုတိယမ္ပိ ငရဲလမ်းစဉ်


by Zaw Win (Notes) on Friday, June 28, 2013 at 6:05am
လူတွေရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းဟာ သူတို့ဘဝမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး ရွေးချယ်ခွင့် မရခဲ့ကြဘူး။ ရွေးချယ်ခွင့် ရတဲ့အချိန်မှာလည်း မရွေးချယ်ရဲကြဘူး။ ဒါ့ကြောင့် ၉၉ % သော လူတွေ အတွက် ဘာသာတ ရား ဆိုတာဟာ သူတို့ဘဝမှာ ပြဌာန်းပေးခံလိုက်ရတဲ့ အရာဖြစ်လာတယ်။

လူတယောက်မှာ မွေးလာကတည်းက အပြဌာန်း ခံလိုက်ရတဲ့ အချက်တော်တော်များများ ရှိတယ်။ မွေးလာ တဲ့ ကလေးတယောက်ဟာ သူဘာလူမျိုးဖြစ်ချင်တယ်ဆိုတာ ရွေးချယ်ခွင့် မရှိဘူး။ သူ့မှာ အသားအရေ ဘာရောင်၊ ဆံပင်ဘာရောင်၊ မျက်လုံးဘာရောင်ဆိုတာကိုလည်း ရွေးချယ်ခွင့် မရှိဘူး။ ယောက်ျားဖြစ်ချင်သလား၊ မိန်းမဖြစ်ချင်သလား ဆိုတာလည်း သူ့မှာ ရွေးပိုင်ခွင့် မရှိဘူး။ အဖေ ဘယ်သူ အမေဘယ်သူ ဆိုတာလည်း သူ့မှာ ရွေးချယ်ခွင့် မရဘူး။ သူဘယ်နိုင်ငံသား ဖြစ်ချင်တယ်ဆိုတာလည်း ရွေးချယ်ခွင့် မရဘူး။ ဒီနေ့ခေတ်ကြီးမှာ ဆိုရင် ဆင်းရဲသား၊ သူဌေးဆိုတာကိုလည်း ရွေးချယ်ခွင့် မရဘူး။ လူတစ်ယောက်ဟာ မွေးလာကတည်းက ဆင်းရဲသား အဖြစ် ဒါမှမဟုတ် သူဌေး အဖြစ် မွေးလာပြီးသား ဖြစ်နေတယ်။ ဒါတွေအားလုံးဟာ လူတယောက်ဘဝမှာ မွေးရာပါ အပြဌာန်းခံလိုက်ရတဲ့ အရာတွေလို့ ခေါ် တယ်။ လူ့ရဲ့ မူလသဘာဝ ဖြစ်တဲ့ လွတ်လပ်ခြင်း ဆိုတဲ့ မွေးရာပါ ပိုင်ဆိုင်ပစ္စည်းနဲ့ အတူတူ ပါလာတဲ့ မွေးရာပါ နှောင်ကြိုးတွေလည်း ဖြစ်တယ်။ အဲသလို အပြဌာန်းခံရတဲ့ နှောင်ကြိုးတွေထဲမှာ စောစောက ပြော သလို ဘာသာရေးဟာလည်း တခုအပါအဝင်ပဲ။ လူတွေရဲ့ ၉၉ % ဟာ လူမှန်းသိတတ်ပြီး စဉ်းစားဆင်ခြင်တတ်တဲ့ အရွယ်ရောက်လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်တာနဲ့ တပြိုင်နက် တည်းမှာ သူတို့မှာ ကိုးကွယ်စရာ ဘာသာတခု အလိုလို ရှိနေပြီးသား ဖြစ်နေတာကို တွေ့ကြရတယ်။ ဒါဟာ ၉၉% သော လူတွေ ကြုံတွေ့ရင်ဆိုင်ကြရတဲ့ အဖြစ်အပျက်ပဲ။

လူတယောက်ကို အဲသလို မွေးကတည်းက ပါလာတဲ့  အပြဌာန်းခံ အချက်တွေကြောင့် ခွဲခြား ဆက်ဆံမယ်၊ အရေးယူ အပြစ်ပေးမယ် ဆိုရင် အဲဒီ အရေးယူ အပြစ်ပေးမှု၊ ခွဲခြား ဆက်ဆံမှုဟာ ဘယ်နည်းနဲ့ မှ တရားမျှ တတဲ့ လုပ်ရပ် ဖြစ်နိုင်မှာ မဟုတ်ဘူး။

လူတယောက်ဟာ မွေးကတည်းက မိန်းမအဖြစ်နဲ့ မွေးလာတယ်။ မိန်းမအဖြစ်နဲ့ မွေးလာလို့သူ့ကို ခွဲခြား ဆက်ဆံမယ်။ သူ့ကို အခွင့်အရေး တခုခု ဆုံးရှုံးစေမယ် ဆိုရင် တရားတယ်လို့ ဆိုနိုင်မလား။ ဘယ်လိုမှ တရား တယ်လို့ ဆိုနိုင်စရာ မရှိဘူး။ ဒီလိုပဲ လူတယောက်ကို မွေးရာပါ မည်းလာတဲ့ အသားကြောင့် တခြား လူတွေထက် အနှိမ်ခံရမယ်၊ အခွင့်အရေး တန်းတူမရဘဲ ခွဲခြား ဆက်ဆံခံရမယ် ဆိုရင် တရားပါ့မလား။ ဒါလည်း မတရားဘူး။ အလားတူပဲ လူတယောက်ဟာ မိခင့်ရိုးရာ၊ ဖခင့် အစဉ်အလာကို လိုက်ပြီး မိရိုးဖလာ လိုက်ပြီးယူလာတဲ့ ဘာသာတရားကြောင့် အပြစ်တင် အရေးယူခံရရင် တရားမျှတတယ်လို့ ဆိုနိုင်မလား။ ဘယ်လိုနည်းနဲ့မှ တရားမျှတတယ်လို့ မဆိုနိုင်ဘူး။

ခုတော့ မြန်မာပြည်မှာ မွတ်စလင်တချို့ဟာ ဘာမှ အပြစ်မရှိရှာဘဲ မွတ်စလင်ဖြစ်ခြင်းသက်သက်ကြောင့် အသတ်ဖြတ်ခံခဲ့ကြရတယ်။ အနည်းဆုံး မိတ္ထိလာမြို့မှာ သေဆုံးခဲ့ကြရတဲ့ မွတ်စလင် အများစုဟာတော့ဖြင့် ရင် ဘာမှ အပြစ်မရှိဘဲ၊ သေဆုံးခဲ့ရသူတွေ ဖြစ်တယ်လို့ တိတိကျကျဆိုနိုင်တယ်။ တောင်ကုတ်မှာ အသတ်ခံခဲ့ရတဲ့ အစ္စလာမ် ဘာသာရေးဆရာ ဆယ်ယောက်ဟာလည်း အပြစ်မရှိဘဲ အသတ်ခံခဲ့ရသူတွေ လို့ ဆိုနိုင်တယ်။ တချို့က ပြောကြလိမ့်မယ်။ မသီတာထွေးကို မွတ်စလင်တွေက သတ်လို့ အဲဒီ မွတ်စလင် တွေကို သတ်ခဲ့ကြတာ၊ ဒါ့ကြောင့် အဲဒီ မွတ်စလင် ၁၀ ယောက်သေတာဟာ တရားတယ်လို့....။ မိတ္ထိလာမှာ ဘုန်းကြီး ဦးသောဘိတ အသတ်ခံရလို့ မွတ်စလင် ၄၃ ယောက်အသတ်ခံရတာလည်း တရားတယ်လို့....။ အဲဒီလို ပြောဆိုချက် ယူဆချက်တွေဟာ တရားမျှတရဲ့လား အာဃာတတရားတွေကို ဘေးဖယ်ထားပြီး လွတ်လွတ်လပ်လပ် မျှမျှတတ စဉ်းစားကြဖို့ သင့်ပါပြီ။ မသီတာထွေးကို သတ်တဲ့သူဟာ လူသတ်သမားဖြစ်တယ်။ အဲဒီလူသတ်သမားက မသီတာထွေးကို သတ်တဲ့ အတွက်ကြောင့် သူနဲ့ အရောင်အသွေးတူ၊ လူမျိုးတူ၊ ဘာသာတူတဲ့လူတွေကို လိုက်သတ်တာဟာ တရားတယ်လို့ မဆိုနိုင်ဘူး။ ဘုန်းကြီး ဦးသောဘိတကို သတ်တဲ့လူဟာ လူသတ်သမား ဖြစ်တယ်။ ဘုန်းကြီး ဦးသောဘိတ အသတ်ခံရတဲ့ အတွက် သူနဲ့ ဘာသာတူတဲ့လူ ၊ အသွေးအရောင်တူတဲ့လူတွေကို လိုက်သတ်တာဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတတယ်လို့ မဆိုနိုင်ဘူး။ ဒါဟာ သဘာဝမကျတဲ့ ယေဘုယျပြုမှု ဖြစ်တယ်။ အာဃာတ အခြေခံတဲ့ ယေဘုယျပြုမှုဖြစ်တယ်။ အမုန်းအခြေခံတဲ့ ယေဘုယျပြုမှုဖြစ်တယ်။ လူလူချင်း အကြားမှာ အားလုံးလူတွေပါလား ဆိုတဲ့ အသိစိတ်ပျောက်ကွယ်ပြီး လူလူချင်းကို ခွဲခြား ဆက်ဆံမှု ၊ ဂိုဏ်း ခွဲမှု ၊ သင်းခွဲမှု ဖြစ်တယ်။ ဂိုဏ်းခွဲ သင်းခွဲရာမှာလည်း အမုန်းစိတ် အခြေခံပြီး ဂိုဏ်းခွဲတဲ့ ခွဲခြားမှု ဖြစ်တယ်။ ခင်ဗျားကို ခွေးတကောင်က ကိုက်မယ်ဆိုပါတော့။ ဒါကို အာဃာတထားပြီး မြင်မြင်သမျှ ခွေးတွေကို လိုက်သတ်ရင် ခင်ဗျားရဲ့ စိတ်အနေအထားဟာ ပုံမှန်လို့ ဆိုနိုင်ပါ့မလား။ လူကို မဆိုထားနဲ့၊ ခွေးကို တောင် ဒီလို ယေဘုယျပြုရင် မတရားပါဘူး။

တကယ်ဆိုတော့ ကျွန်တော်တို့ အားလုံးဟာ လူတွေသာဖြစ်ကြတယ်။ ကျွန်တော်တို့အားလုံးဟာ ဒီလောက ကြီးထဲမှာ ဧည့်သည်ပမာ ခေတ္တခဏ အလည်ရောက်လာကြသူတွေဖြစ်တယ်။ ဘယ်လောက်အသက်ရှည် ရှည် ဒီနေ့ခေတ်မှာ လူတစ်ယောက်ဟာ နှစ်ပေါင်း ၂၀၀ နေရဖို့ မျှော်လင့်ချက် မရှိဘူး။ အများစုဟာ နှစ်ပေါင်း ၇၀၊ ၈၀ ကြာရင် ဒီလောကထဲက ပြန်ထွက်ခွာသွားကြရမယ့်သူတွေချည်းပဲ။ ဒီလောကကို ရောက်လာကြတဲ့ ကျွန်တော်တို့အားလုံးဟာ ဘဝကို မြတ်နိုးကြတယ်။ အသက်ရှင်ချင်ကြတယ်။  ခံစားတတ်ကြတယ်။  နာကျင်မှာ အသတ်ခံရမှာကို ကြောက်တတ်ကြတယ်။ ဒီလို သဘာဝရှိတဲ့ လူသားချင်း အတူတူ သူလည်းလူ ငါလည်းလူပါလားလို့ သဘောမထားဘဲ၊ သူတို့က မွတ်စလင်တအုပ်စု၊ ငါတို့က ဗုဒ္ဓဘာသာ တအုပ်စု၊ သူ့အုပ်စုကလူတွေက ငါ့အုပ်စုကို ဘယ်လို မတရားလုပ်တယ်။ သူ့အုပ်စုက ငါ့အုပ်စုကို ဘယ်လိုကျူးကျော်တယ်။ သူ့အုပ်စုကလူတွေကို ဘယ်လို ထိန်းချုပ်ရမယ်၊ ဘယ်လို တုတ်နှောင် ကန့်သတ်ရမယ်၊ ဆိုတဲ့ အတွေးအခေါ်အားလုံးဟာ ငါတကောကော ကောတဲ့ ဝါဒမဟုတ်ရင် ဘာဝါဒလို့ ခေါ်ဆိုကြမလဲ။ ဘာသာဆိုတာ တခုနဲ့ တခု ကွာကြတာချည်းပဲ။ ဘာသာဝင်တိုင်းကလည်း ကိုယ့်ဘာသာ ကိုယ်မှ အမှန်လို့ ထင်ကြတာချည်းပဲ။ ဒီကွဲပြားမှုဟာ သဘာဝတရားဖြစ်တယ်။ ဒီကွဲပြားမှုဟာ သဘာဝ တရား ဖြစ်သလို ဒီလူတွေအားလုံးဟာ လူတွေချည်းပဲ ဆိုတဲ့ တူညီမှုလည်း ရှိကြတယ်။ အဲဒီတူညီမှုဟာလည်း သဘာဝတရားပဲ ဆိုတာကို သဘောပေါက်ကြဖို့ လိုတယ်။ ကိုယ်နဲ့ မတူရင် ရန်သူလို့ သဘောထားတဲ့ အယူအဆဟာ အလွန်သေးသိမ်တဲ့ အယူဝါဒဖြစ်တယ်။ ငါ့လူမျိုးမှတကယ့်လူ၊ ငါ့ဘာသာမှ တကယ့်ဘာသာ ဆိုတဲ့ အယူဟာ အတ္တဝါဒဖြစ်တယ်။ အနတ္တဝါဒနဲ့ ဆန့်ကျင်ပါတယ်။ ဒီ့ထက် ပိုပြီး ပြင်းပြင်းထန်ထန် ပြောရရင် ငါ့လူမျိုးမှတကယ့်လူ၊ ငါလူမျိုးကိုချစ်ရမယ် ဆိုတဲ့ ဝါဒဟာ နာဇီဝါဒ ၊ ဖက်ဆစ်ဝါဒဖြစ်တယ်။ ကိုယ်နဲ့ မတူတဲ့လူကို ကန့်သတ်ရမယ် ၊ ထိန်းချုပ်ရမယ်လို့ ယူတဲ့ အယူအဆဟာ ရန်ကိုမွေးတဲ့ အယူအဆဖြစ်တယ်။ ဒေါသကို ဖြစ်စေတဲ့ အယူဖြစ်တယ်။ ဒီအယူဟာ ဓါးတွေလှံတွေထက် အန္တရာယ်ရှိတဲ့ အယူအဆဖြစ်တယ်။ အဲဒီအယူ အဆကြောင့် လူ့အသက်များစွာ သေကြေ ဆုံးရှုံး စေနိုင်တယ်။ သေလည်း သေခဲ့ပြီးဖြစ်တယ်။

ကိုယ်လည်းလူ၊ သူလည်းလူ လူလူချင်း ကိုယ်ချင်းစာတရား ထားဖို့လိုတယ်။ သူ့မှာလည်း ငါ့လို အသွေးနဲ့ အသားနဲ့ပါလားလို့ စာနာနားလည်တတ်ဖို့လိုတယ်။ ဒီလို မဟုတ်ဘဲ လူတဖက်သားကို ဒုက္ခရောက်စေချင်တဲ့ ဆန္ဒသဘောတရားဟာ သူတော်ကောင်းတရား မဟုတ်ဘူး။ မွတ်စလင်ရယ်၊ ဗုဒ္ဓဘာသာဝင်ရယ် မဟုတ်ဘူး၊ အားလုံးကို မေတ္တာတရား ထားအပ်တာချည်းပါပဲ။

ခုနေမြတ်စွာဘုရားရှင်သာရှိရင် မွတ်စလင်တွေကို ဘယ်လို သဘောထားမယ်လို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဝင်တွေ ယူဆကြပါသလဲ။ ကျွန်တော်ကတော့ ဘုရားရှင်သာရှိရင် ဘုရားရှင်ဟာ မွတ်စလင်တွေကိုလည်း ရင်ဝယ်သားသဖွယ် သဘောထားလိမ့်မယ်လို့ ထင်မိတယ်။ ဒါဟာ ဘုရားရဲ့လမ်းစဉ်ပဲ။ ဘုရားရှင်ဟာ  ဒီလမ်းစဉ်အတိုင်း တသမတ်တည်း ကျင့်သုံးပေလိမ့်မယ်။ ဒါဟာ သူတော်ကောင်းလမ်းစဉ်ပဲ။ သူတော်ကောင်း မှန်သမျှ ဒီလမ်းစဉ်ကို ကျင့်သုံးကြလိမ့်မယ်။ လူတဖက်သားကို စေတနာထားတာ ကောင်းစားစေချင်တာ မုဒိတာပွားတာဟာ သူတော်ကောင်းလမ်းစဉ်မဟုတ်ဘူးလား။ ဒီလမ်းစဉ်နဲ့ ဆန့်ကျင်ဖက်ကို ပြောရရင် လူတဖက်သားကို ပျက်စီးစေချင်တာဟာ သူယုတ်မာလမ်းစဉ်ပဲ။ ဒီနေရာမှာ  လူတဖက်သားဆိုတာဟာ မိမိမဟုတ်တဲ့ တခြားလူအားလုံးကို ဆိုလိုတာဖြစ်တယ်။ မွတ်စလင်ဖြစ်ဖြစ် ၊ ခရစ်ယန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် လူဟာလူပဲ။ အဲဒီလူအားလုံးကို ဆိုလိုတယ်။ ဗုဒ္ဓဘာသာကို ပျက်စီးစေချင်တဲ့လူမှ သူယုတ်မာ၊ တခြားဘာသာဝင်တွေကို ပျက်စီးစေချင်တဲ့သူတွေတော့ သူယုတ်မာ အဖြစ်က လွတ်စေလို့ ဘုရားရှင်က သဘောပိုက်တော်မူလိမ့်မယ် မထင်ဘူး။ သူ့သာသနာကို ကာကွယ်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ တခြား ဘာသာဝင်တွေ အသတ်ဖြတ်ခံနေရတာကို ဘုရားရှင်သိရင် ဝမ်းမြောက်တော်မူလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။

အခု ဆရာတော်ဦးဝီရသူ ဘယ်လိုလူလဲဆိုတာ ရဟန်းရှင်လူ ပြည်သူတွေ သေသေချာချာ ချင့်ချိန် စဉ်းစားကြဖို့ သင့်ပါပြီ။ ဂိုဏ်းဂဏ အမြင်တွေခွာ၊ သူ့လူငါ့လူဆိုတဲ့ အစွဲတွေခွာပြီး ဦးဝီရသူ ဘယ်လိုလူဆို တာ စဉ်းစားကြည့်ကြပါ။ သူဟာ သူယုတ်မာလား၊ သူတော်ကောင်းလားဆိုတာ အားလုံးထင်ထင်ရှားရှား တွေးခေါ်နိုင်ကြပါလိမ့်မယ်။

ဦးဝီရသူ မန္တလေးမှာဟောတဲ့ တရားဗီဒီယိုခွေ တခွေကို ထောက်ပြပါရစေ။ မန္တလေးမှာ ၂၀၀၃ ခုနှစ်တုန်းက ဟောခဲ့တဲ့ အခွေလို့ ဗီဒီယို ကလစ် တင်ပေးတဲ့ ဒီမိုဖက်တီးက ရေးထားတဲ့ ကလစ်ကလေးပါ။ အဲဒီအထဲမှာ ဘာပြောထားသလဲဆိုတော့ မန္တလေးမှာ ကုလားတွေ စားစရာမရှိအောင် တပည့်တော် လုပ်ပြမယ်တဲ့။ စားစရာတင်မဟုတ်ဘူး၊ မန္တလေးမှာ ကုလားတွေ နေစရာ မရှိအောင်လည်း တပည့်တော် လုပ်ပြမယ်တဲ့။ ကုလားတွေဟာ ငါတို့ရန်သူဆိုတဲ့ အမုန်းစိတ် ဂိုဏ်းဂဏစိတ်ကလေးကိုခွာပြီး ခင်ဗျားတို့ စဉ်းစားကြည့်ကြ ပါ။ ဒါသူတော်ကောင်းတရားလား၊ ဒါသူတော်ကောင်းစကားလားဆိုတာ....။ သူတပါးကို ပျက်စီးအောင် လုပ်ပြမယ်လို့ ကြိမ်းဝါးတဲ့သူ ကြံစည်တဲ့သူဟာ သူယုတ်မာလား၊ သူတော်ကောင်းလား၊ ခင်ဗျားတို့ အစွဲတွေ ခွာပြီး အလေးအနက်စဉ်းစားကြည့်ကြပါ။ သူပြောနေတဲ့သူဟာ တချို့လူတွေ ရန်သူလို့ သတ်မှတ်ထားကြတဲ့ ကုလားမဟုတ်ဘဲ ခင်ဗျားတို့ မိသားစုသာဖြစ်မယ်ဆိုရင် ခင်ဗျားတို့ ဦးဝီရသူကို ဘယ်လိုထင်ကြမလဲ။ သူတော်ကောင်းလို့ မှတ်ယူနိုင်ကြပါ့မလား။ ဒီကုလားတွေ စီးပွားပျက်ဖို့ ဒီကုလားတွေဆီမှာ ဈေးမဝယ်ဖို့ ဦးဝီရသူဟာ တွင်တွင်ကျယ်ကျယ် ဝါဒဖြန့် ပြောဆိုပါတယ်။ ကုလားမကောင်းတာ၊ ကုလားမုဒိန်းကျင့်တာ၊ တွေကို စုစည်းပြီး ပြသပါတယ်။ အဲသလိုပြပြီး ကုလားမှန်သမျှ အတူတူ၊ မွတ်စလင်မှန်သမျှ အတူတူ၊ မွတ်စလင်မှန်သမျှ တို့ရန်သူဆိုတဲ့ စိတ်ဓါတ်ပွားများလာအောင် မွေးမြူပေးနေပါတယ်။ ယေဘုယျ ပြုပေးနေပါတယ်။ ဒီလိုဟောပြောမှု တွေကြောင့် အသိဥာဏ်နည်း မိုက်မဲတဲ့ တချို့ဗုဒ္ဓဘာသာဝင်တွေရဲ့ ရင်ထဲမှာ အမုန်းတရား ကိန်းဝပ်သွားပါ တယ်။ အဲဒီအမုန်းတရားကြောင့် တုတ်၊ဓါးလက်နက်ကိုင်ပြီး လူသတ်ပါတယ်။ ဦးဝီရသူဟောတဲ့တရားဟာ တုတ်ဓါးလက်နက်ထက် အန္တရာယ်ပိုကြီးပါတယ်။ ဦးဝီရသူ ကျူးလွန်တဲ့ အပြစ်ဟာ တုတ်၊ ဓါးကိုင်သူထက် အပြစ်ပိုကြီးပါတယ်။ မိတ္ထိလာမှာ လူ ၄၃ ယောက်ကို သတ်တဲ့ အဓိက တရားခံဟာ ဦးဝီရသူပါပဲ။ ဦးဝီရသူကို ကျွန်တော့် အနေနဲ့ သံဃာအဖြစ် မသတ်မှတ်တာ ကြာပါပြီ။ ဦးဝီရသူလို လူယုတ်မာကို လူသတ်သမားပြောလို့ ကျွန်တော်ငရဲ မကျနိုင်ဘူးဆိုတဲ့ ယုံကြည်စိတ်နဲ့ အခုလို ပြတ်ပြတ်သားသား ပြောနေတာပါ။ ယုံကြည်မှု အပြည့်ရှိလို့ ဒီစကားကို ဆိုတာပါ။ ကိုယ့်စရဏတရားကိုယ် ကိုယ်ယုံကြည်ပါတယ်။ ကိုယ့်မေတ္တာတရားကိုယ် ကိုယ်ယုံကြည် ပါတယ်။ လူသားအားလုံးအပေါ်မှာထားတဲ့ ကျွန်တော့် မေတ္တာ၊ ကျွန်တော့်စေတနာကို ရိုးရိုးသားသားပဲ ကျွန်တော်ယုံကြည်ပါတယ်။ ဦးဝီရသူလိုလူမျိုးထက် ကျွန်တော့်ကိုယ်ကျင့်တရားက ပိုပြီး မြတ်တယ်လို့ ရိုးရိုးသားသားပဲ ယုံကြည်ပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တချို့ဟာ မသီတာထွေးကို မွတ်စလင်က မုဒိန်းကျင့်တော့ ဒါမွတ်စလင်တွေက မုဒိန်းကျင့်တာပဲ မွတ်စလင်တွေဟာ မုဒိန်းကောင်တွေပဲကွလို့ ယေဘုယျပြုပြီး မွတ်စလင်တွေကို သတ်တာ ကို လက်ခုပ်တီးကြပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တချို့ဟာ ဦးသောဘိတကို မွတ်စလင်တချို့က သတ်တော့ ဒါမွတ်စလင်တွေသတ်တာပဲ မွတ်စလင်အားလုံးအတူတူပဲ၊ မွတ်စလင်တွေကို လက်စားချေရ မယ်လို့ သဘောထားပြီး ကလေးလူကြီးမရှောင် မွတ်စလင် ၄၃ ယောက် (ဒါ အစိုးရစာရင်းပါ၊ ဒီ့ထက်ပိုများမှာ သေချာပါတယ်။) ကို လက်စားချေသတ်ဖြတ်ပါတယ်။ မွတ်စလင်တွေကို ဒီလို ယေဘုယျပြု သတ်ဖြတ်ခဲ့ပေမဲ့ ဦးဝီရသူကို ဗုဒ္ဓဘာသာ အကြမ်းဖက်မှုရဲ့ မျက်နှာလို့ တိုင်းမ် မဂ္ဂဇင်းက ဆိုတော့ ဗုဒ္ဓဘာသာ အားလုံးကို ယေဘုယျပြုပြောဆိုရမလားဆိုပြီး ဆရာတော်ကြီးတချို့ပါမကျန် ဆတ်ဆတ်ခါ နာကျင်ကြပါတယ်။ ဆရာတော်ကြီးများလည်း ဆင်ခြင်တော်မူကြပါဘုရား၊ တကယ်တော့ ဗုဒ္ဓဘာသာတခုလုံးကို အကြမ်းဖက်ဝါဒလို့ တိုင်းမ် မဂ္ဂဇင်းက ဆိုလိုတာ မဟုတ်ပါဘူး။ ဦးဝီရသူဟာ ဗုဒ္ဓဘာသာ အကြမ်းဖက်မှုရဲ့ မျက်နှာလို့ ဆိုတာပါ။ နောက်ဆုံး ဗုဒ္ဓဘာသာကို ဆိုခဲ့ရင်တောင်မှ ဦးဝီရသူလို သူတပါး ပျက်စီးကြောင်း ပြောတဲ့သူကြောင့် ဗုဒ္ဓဘာသာ နာမည်ပျက်ရတယ်ဆိုတာ နှလုံးသွင်းပြီး နောင်ဒီလို မဖြစ်အောင် ဘယ်လို ကာကွယ်မလဲဆိုတာ စဉ်းစားဆင်ခြင်သင့်ပါပြီဘုရား။

ဘာသာရေး၊ လူမျိုးရေး အမုန်းမီးဆိုတာ ပွားရလွယ်ပေမဲ့ ငြှိမ်းသတ်ရခက်တတ်ပါတယ်။ ဘာသာရေး လူမျိုးရေး အမုန်းမီးသာ ကြီးထွားလာပြီ ဆိုရင် တိုင်းပြည်လည်း သိက္ခာကျ၊ ဘာသာလည်း သိက္ခာကျရုံသာ မက၊ အင်မတန် ဆိုးဝါးတဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းကြီးတွေ ပေါ်ထွက်တတ်ပါတယ်။ အခုချိန်ထိ ဗမာပြည်မှာ ရှိတဲ့ မွတ်စလင်တွေထဲမှာ အကြမ်းဖက်သူ၊ အသေခံဗုံးခွဲသူဆိုတဲ့ အစွန်းရောက်သမိုင်း မရှိဘူးသေးပါဘူး။

ဒါပေမဲ့ အကြမ်းဖက်မှု ဆိုတာ စစ်ရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ စစ်ဆိုတာ နိုင်ငံရေးရဲ့ အဆက်ဖြစ်ပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်တဲ့အခါ စစ်ဆိုတာ နိုင်ငံရေးရဲ့ အဆက်အဖြစ် ပေါ်ထွက်လာတတ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုဆိုတာကတော့ စစ်ရဲ့ အဆက်ပါ။ စစ်ကို စစ်ချင်း ၊ အင်အားကို အင်အားချင်း မယှဉ်သာတဲ့ အချိန်မှာ နိုင်ငံရေးပြဿနာက မပြေလည်သေးရင် ထွက်ပေါ်လာတတ်တဲ့ စစ်ပွဲ ကြီးရဲ့ အဆက်ဖြစ်ပါတယ်။ ချောင်ပိတ် အရိုက်ခံရတဲ့သူတွေဟာ စစ်ကိုစစ်ချင်း၊ အင်အားကို အင်အားချင်း မဖြေရှင်းနိုင်တဲ့အခါ အသေခံပြီး အကြမ်းဖက်ကြတာ ဖြစ်ပါတယ်။ ဗမာပြည်မှာ မွတ်စလင်တွေကို ချောင်ပိတ် ရိုက်ရင် တနေ့မှာ သူတို့ဟာ ဒီနည်းကို သုံးမလာဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ကိုယ့် အန္တရာယ်ကိုယ် မြင်ကြပါ။ ကိုယ့်သားသမီးမြေးမြစ်ကို ချစ်ခင်ကြပါ။ သူများကို သတ်ချင်ဖြတ်ချင်တာချည်း တွေးရင် မှားပါလိမ့်မယ်။ ကိုယ်ကချည်း သတ်ခွင့်ရလိမ့်မယ်လို့ မထင်ကြပါနဲ့။ ဝဋ်ဆိုတာ လည်တတ်ပါတယ်။ ဘယ်သူမှ တဖက်သတ် ရာသက်ပန် အနိုင်ရရိုးမရှိပါ။ ဒီတိုင်းပြည်မှာ မရှိခဲ့ဖူးတဲ့ အကြမ်းဖက်မှုတွေသာ အစပျိုး ပေါ်ပေါက်လာခဲ့ရင် နောင်လာနောက်သား မျိုးဆက်ပေါင်းများစွာအထိ ဒုက္ခပင်လယ်ဝေကြပါလိမ့်မယ်။ အဲဒီအခြေ၊ အဲဒီအဆင့်ထိရောက်လာရင်၊ ဗုဒ္ဓဘာသာရော၊ မွတ်စလင်ရော ဘာသာနှစ်ခုစလုံး အကြီးအကျယ် ဒုက္ခရောက်ကြပါလိမ့်မယ်။ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ အမြှော်အမြင်ရှိရှိ ချင့်ချိန်သုံးသပ်ကြဖို့ အချိန်တန် ပါပြီ။ မဲကိုမျှော်ပြီး ခေါင်းရှောင်နေတာတွေကိုလည်း ရပ်တန်းက ရပ်ပြီး သတ္တိရှိရှိ တာဝန်ယူကြဖို့လည်း သင့်ပါပြီ။

တကယ်တော့ ဒါတွေအားလုံးဟာ အစိုးရရဲ့ လက်ချက်တွေချည်းပါပဲ။ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ အစိုးရက အဓိက လက်သည်ပါ။ အစိုးရလက်ချက်ဖြစ်ကြောင်း အစိုးရ အကြံသာဖြစ်ကြောင်းကို အရင် ဆောင်းပါးတွေထဲမှာ အကြိမ်ကြိမ်အခါခါ ထောက်ပြသုံးသပ်ပြခဲ့ပြီးပြီမို့ ဒီဆောင်းပါးမှာ အကျယ်မပြောတော့ ပါဘူး။ အစိုးရဟာ သူအာဏာတည်မြဲဖို့ ၊ အတိုက်အခံဒီမိုကရေစီ သမားတွေကို သွေးခွဲဖို့၊ ဒီမိုကရေစီ သမားတွေနဲ့ ဗုဒ္ဓဘာသာအကြားမှာ သပ်လျှိုဖို့ ၊ သူတို့ စစ်အာဏာရှင်အင်အားစုတွေကို ဗုဒ္ဓဘာသာတွေ ထောက်ခံလာဖို့ အတွက် ငရဲ မကြောက် ၊ သံသရာ မကြောက်ဘဲ မှောက်မှောက်မှားမှား ဆောင်ရွက်နေတာ သာ ဖြစ်ပါတယ်။

သူတို့သာ ငရဲ မကြောက်တာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာအများအပြားကိုလည်း ငရဲကျအောင် အပြစ် ကျူးလွန်အောင် မြှောက်ပေးဆွပေးနေပါတယ်။ ဒါတွေအားလုံးကို သူတို့အာဏာ ရရေး တခုတည်း အတွက် ဆောင်ရွက်နေတာပါ။ သူတို့ အာဏာရရေး အတွက် ငရဲလည်း မကြောက် ၊ သံသရာလည်း မကြောက်၊ လူ့အသက် လူ့အသွေး များစွာကို စတေးရမှာကိုလည်း မကြောက်ဘဲ ရက်ရက်စက်စက် ယုတ်ယုတ်မာမာ ပြုမူနေတာသာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ အာဏာတခုတည်းကို မက်မော၊ မောဟတွေဖုံး၊ အသိဥာဏ် အမိုက်မှောင်ကြီးကျပြီး ငရဲလမ်းစဉ်ကို လိုက်တာဟာ တကယ်တော့ ဒါပထမ အကြိမ် မဟုတ်ပါဘူး။ ပထမအကြိမ်က သံဃာတွေကို သတ်ဖြတ်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ပါ။ အခုတကြိမ်က ဒုတိယမ္ပိ ငရဲလမ်းစဉ်ပါ။

ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး မေတ္တာတရား လက်ကိုင်ထားပြီး ငရဲကို ရှောင်ရှားကြပါစို့။ မွတ်စလင် တွေကို ရင်ဝယ်သားသဖွယ် မေတ္တာပွားများကြပါစို့။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ဒီမိုကရေစီသမား အားလုံး စည်းလုံးညီညွတ်ကြပါစို့။

လူအချင်းချင်း သတ်ဖြတ်ခြင်း၊ ကင်းရှင်းကြပါစေ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၂၈၊ ဇွန်၊ ၂၀၁၃။

Thursday, June 27, 2013

အမေရိကန်ရောက် ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်တို့ကို ၈၈အရေးတော်ပုံငွေရတု အခမ်းအနား ဆက်သွယ်ဆွေးနွေးနိုင်

အမေရိကန်ရောက် ကိုပြုံးချို၊ ကိုအံ့ ဘွယ်ကျော်တို့ကို ၈၈အရးတော် ပုံငွေ ရတုအခမ်းအနားဆက် သွယ်ဆွေးနွေးနိုင်
မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၂၈၊ ၂၀၁၃
          ဇွန် ၂၃ က အမေရိကန်ပြည်၊ ဆန်ဖရန်စစ္စကိုသို့ ရောက်ရှိလာတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ၂ ဦး ဖြစ်တဲ့ ကိုပြုံးချို နဲ့ ကိုအံ့ဘွယ်ကျော် တို့က ပြည်ပရောက် မြန်မာအရေးလှုပ်ရှားသူများနဲ့ လက်ခံတွေ့ဆုံပြီး မြန် မာပြည် မှာ ကျင်းပရန် စီစဉ်နေတဲ့ ၈လေးလုံး အရေးတော်ပုံငွေရတု အခမ်းအနားနဲ့ ပတ်သက်ပြီး အကြံပြုမှု
များ၊ ဆွေးနွေးမှုများ ရယူသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဇွန် ၂၈ မှာ ၈၈ မျိုး ဆက်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းဇေယျာ ရောက်ရှိလာပြီးနောက် အမေရိကန်ပြည်တွင်း ခရီးစဉ်များ စီစဉ်ပြီး ပြည် ပရောက် ၈၈ မျိုးဆက်များ၊ ဒီမိုကရေစီအင်အားအစု အဖွဲ့များနဲ့လည်း တွေ့ဆုံ ရန်၊ ဆွေးနွေးပွဲ များ ပြုလုပ် သွားမယ်လို့ ဆိုပါတယ်။
           ကိုအံ့ဘွယ်ကျော်ရဲ့ ဖေ့စ်ဘွတ်မှာ သူတို့ကို ဆက်သွယ်နိုင်မယ့် ဖုံးနံပါတ်တွေ တင်ဆက်ထားပါတယ်။ သူတို့ခရီးစဉ်ကို ဖိတ်ကြားပေးသူကတော့ ပြည်ပတွင် ဖွဲ့စည်းထားသည့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒီိမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မီတီ ဖြစ် တယ် လို့ သိရပါတယ်။
ကိုအံ့ဘွယ်ကျော် ဖေ့စ်ဘွတ်က ကောက်နုတ်ချက်မှာ …
          ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားအတွက် ပြည်ပတွင် ဆက်သွယ် ဆွေးနွေးနိုင်ရန်
         ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားအတွက် ပြည်ပရောက် ရှစ်လေးလုံးမျိုးဆက်များနှင့် ဆက်သွယ် ဆွေးနွေးနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေကြသော ကိုပြုံးချိုနှင့် ကိုအံ့ဘွယ်ကျော်တို့၏ အောက်ပါ ဖုန်းနံပါတ်များကို ဖော်ပြပေးလိုက်ပါသည်။ (ထိုဖုန်းနံပါတ်များကို ဇူလိုင်လ၊ ၂၂ ရက် အထိ ဆက်သွယ်နိုင်ပါသည်။)
           ကိုပြုံးချို – ၄၁၅ ၆၇၆ ၀၃၈၅။ ကိုအံ့ဘွယ်ကျော် – ၄၁၅ ၉၇၁ ၄၆၆၆
(ဓာတ်ပုံ – ကိုပြုံးချိုနှင့် ကိုအံ့ဘွယ်ကျော်တို့ ဆန်ဖရန်ဘေးဧရိယာ၊ တည်းခိုရာနေအိမ်မှာ တွေ့ရစဉ်)

သူရဦးရွှေမန်းအနေဖြင့် သမ္မတဖြစ်ရန်ဆန္ဒရှိလျှင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ထောက်ခံသဘောတူကြောင်းပြော


by Myanmartandawsint Newspaper (Notes) on Thursday, June 27, 2013 at 6:15pm


နေပြည်တော်၊ ဇွန် ၂၅

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ အမေရိကန်ခရီးစဉ်အတွင်း သတင်းဌာနများနှင့် တွေ့ဆုံစဉ် သမ္မတဖြစ်ချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် ပြည်တွင်းနိုင်ငံရေး အသိုင်းအ၀ိုင်းမှ ဝေဖန်သုံးသပ်မှု အမျိုးမျိုးပြုလုပ်နေကြချိန်တွင် သူရဦးရွှေမန်းအနေဖြင့် ပြည်ခိုင်ဖြိုးပါတီ လက်ရှိ ဥက္ကဋ္ဌဖြစ်နေသဖြင့် ၎င်းက သမ္မတလုပ်ရန်ဆန္ဒရှိလျှင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် သဘောတူ ထောက်ခံ သွားမည်သာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ဖွင့်ဟပြောကြားလိုက်သည်။
““ဥက္ကဋ္ဌဆိုတာက ကျွန်တော်တို့ ပါတီရဲ့ အကြီးအကဲပဲ။ ပါတီရဲ့ အကြီးအကဲကို တကယ်လို့ သူကိုယ်တိုင်ကလည်း ဆန္ဒရှိတယ်ဆိုရင် ဘယ်သူက မထောက်ခံမှာလဲ။ ယေဘုယျအားဖြင့်တော့ ဒီအတိုင်းအမှန်ပဲ။ ပါတီဖြစ်တဲ့အတွက် ထောက်ခံမှာပေါ့””ဟု ပြောကြားခဲ့သည်။
သို့သော် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွင် အင်အားအများဆုံးဖြစ်သော ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် သမ္မတအဖြစ် ဦးသိန်းစိန် တင်မြှောက်ခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအများဆုံး အနိုင်ရပါက သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံတင်မြှောက်ရန် ပါတီတွင် စီမံကိန်းချမှတ်ထားမှု ရှိ/မရှိ အပေါ်တွင်မှု ““ဒီကာလအတွင်းမှာ ကြိုးစားရဦးမယ်။ အခြေခံအချက် တွေညီအောင် ကြိုးစားရဦးမယ်။ အဲဒီအခါကျမှ စဉ်းစားရမှာလေ။ အခုပြောနေကြတယ်ဆိုရင် စဉ်းစားဖို့ နည်းနည်းခက်လား။ သို့သော်လည်း ယေဘုယျအားဖြင့် ကျွန်တော်တို့ သဘောတူရမှာပဲ”” ဟု ဦးဌေးဦးက ပြောသည်။
သူရဦးရွှေမန်း၏ သမ္မတဖြစ်ချင်ကြောင်း ဖွင့်ဟပြောကြားမှုအပေါ် မိမိကိုယ်တိုင် သမ္မတဖြစ်ချင်ကြောင်း ပြောကြားမှုများရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ““အဲဒီလို ပွင့်ပွင့်လင်းလင်းပြောတာကောင်းတယ်။ နိုင်ငံရေးဆိုတာ ဒီလိုပဲလုပ်ရမှာပဲ။ နိုင်ငံရေးလုပ်နေပြီးတော့ ရှိုးတိုးရှန့်တန့်လုပ်နေရင် မဖြစ်ဘူးလေ။ အန်တီက ဒီကိစ္စနဲ့ မေးတာကို။ သမ္မတဖြစ်ချင်လားဆိုတော့ ဖြစ်နိုင်ရင်ဖြစ်ချင်တာပေါ့။ သမ္မတဖြစ်မှ ကိုယ့်ရဲ့ မူဝါဒတွေအရ ကိုယ့်တိုင်းပြည်ကို ကောင်းတယ်လို့ထင်အောင် လုပ်ပေးနိုင်တဲ့ အခွင့်အရေးရမှာလေ။ အဲဒါအမှန်ပဲ။ ဒါပေမဲ့ အန်တီ ဒီဟာကိုဆုံးဖြတ်ဖူးတယ်။ ဒီမိုကရေစီနိုင်ငံရေးလုပ်နေပြီပေါ့လေ။ ပါတီတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေပြီ။ လုပ်နေပြီးတော့မှ နိုင်ငံခေါင်းဆောင် မဖြစ်ချင်သလိုလို ဖြစ်ချင်သလိုလိုဆိုရင် ဒါဟာ အန်တီ့အနေနဲ့ ပွင့်လင်းမှုနည်းပါးတယ်လို့ ပဲထင်တယ်။ အစကတည်းက ဒီဟာလုပ်နေတာ ဘာလုပ်ဖို့လုပ်နေတာလဲ။ အန်တီတို့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်တွေနဲ့ သေသေချာချာ ရှင်းပြထားပြီးပြီ။ ဒီမိုကရေစီစနစ်ကို ထူထောင်မယ်။ ကိုယ်လုပ်ချင်တာတွေကအများကြီးပဲ။  ဒါတွေလုပ်နိုင်ဖို့ဆိုတာ အစိုးရဖြစ်မှ။ အစိုးရဖြစ်ရင်တောင် အားလုံးမလုပ်နိုင်ဘူးနော်။  အစိုးရဖြစ်မှ လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများဆုံးရမှာ။ အစိုးရမဖြစ်ချင်လို့ရှိရင် ဘာဖြစ်လို့ ဒီအဖွဲ့အစည်းနဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည် ဖော်ချင်ပါတယ်လို့ပြောသလဲ။ ဖော်ချင်ပါတယ်လို့ ပြောထားပြီးမှတော့ ဖော်လို့ရမယ့် အခြေအနေကိုဖန်တီးရမယ်။ ပါတီခေါင်းဆောင်ဖြစ်နေပြီးတော့ သမ္မတဖြစ်ချင်တယ်ဆိုတာ တကယ်တော့ မဖြစ်ချင်ပါဘူး တို့ပြောလို့ရှိရင် ဒါကတော့ မရိုးသားဘူးလို့ထင်တယ်။ ဦးရွှေမန်းအနေနဲ့ သမ္မတဖြစ်ချင်တယ်၊ အရွေးခံချင်တယ်လို့ ပြောတာတော့ အန်တီ့အနေနဲ့တော့ ဖြောင့်မတ်တယ်၊ ပွင့်လင်းတယ်၊ ဒါကြောင့်မို့လို့ သဘောကျတယ်”” ဟု ပြောကြားသည်။
လက်ရှိအချိန်တွင် သမ္မတ တာဝန်ထမ်းဆောင်လျက်ရှိသော ဦးသိန်းစိန်အပါအ၀င် ထိပ်ပိုင်း အစိုးရအဖွဲ့ဝင်များကို ယခင်နယက အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးချယ်နေရာချထားပေးခဲ့သည်ဆိုသော ဝေဖန်သုံးသပ်မှုများကိုမူ ဦးဌေးဦးက ငြင်းဆိုခဲ့သည်။ သို့သော် မကြာမီရက်သတ္တပတ်အတွင်းက ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သူ ဦးအောင်သောင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံတော်အလံကို ပြည်ခိုင်ဖြိုးပါတီအားလဲခဲ့ကြောင်းနှင့် အဓိပ္ပာယ်မှာ အာဏာကို ပါတီအားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ခဲ့သည့် နယက၏ နောက်ဆုံးအစည်းအဝေးတွင် ၀န်ကြီးများနှင့် အစိုးရအဖွဲ့ လျာထားခြင်းခံရသူများ အကုန်ပါကြောင်း အစိုးရအဖွဲ့ကို ကြိုတင်လျာထားခဲ့သည့် သဘောမျိုးသက်ရောက်စွာ ပြောကြားထားမှုရှိသည်။
အထက်ပါဝေဖန်သုံးသပ်ချက်နှင့် တစ်ဆက်တည်းတွင် လက်ရှိသမ္မတရာထူးအတွက် သူရဦးရွှေမန်းကို ယခင်ကလျာထားခဲ့ပြီး နောင်တွင်မှ ဦးသိန်းစိန်ကို သမ္မတအဖြစ် ထားရှိရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စိတ်ပြောင်းသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦး ရွှေမန်းတို့ကြား ပုဂ္ဂိုလ်ရေး ကွဲပြားမှုများရှိနေကြောင်းလည်း နိုင်ငံရေး အသိုင်းအ၀ိုင်းက သုံးသပ် လျက်ရှိကြသည်။
ထိုသုံးသပ်ချက်များအပေါ်တွင်လည်း ဦးဌေးဦးက ငြင်းဆိုလိုက်ပြီး ““ပါတီဥက္ကဋ္ဌကြီးဖြစ်တဲ့ သူရဦးရွှေမန်း၊ နိုင်ငံတော်သမ္မတကြီးဖြစ်နေတဲ့ အရင်တုန်းက ကျွန်တော်တို့ ပါတီဥက္ကဋ္ဌတစ်ဖွဲ့တည်းပါပဲ။ မသိတဲ့လူတွေလည်း မဟုတ်ဘူး။ အတိုက်အခံတွေလည်း မဟုတ်ဘူး။ အတူတကွ ပူးပေါင်းပြီးတော့မှ ပါတီသည် ပါတီတာဝန်နဲ့၊ အစိုးရသည် အစိုးရတာဝန်နဲ့ ဆောင်ရွက်မယ်။ အစိုးရသည် သူ့လုပ်ပိုင်ခွင့်၊ လုပ်နိုင်တဲ့အတိုင်းအတာ သူ့စည်းကမ်းနဲ့လုပ်မယ်။ ပါတီသည် ပါတီစည်းကမ်းနဲ့ လုပ်မယ်ဆိုတဲ့ဟာကို ဆောင်ရွက်နေကြတာပဲ””ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ လက်ရှိနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အနက် မည်သူက သမ္မတအဖြစ် နိုင်ငံကိုဦးဆောင်ရန် ပိုသင့်တော်ကြောင်းမှာ ပြည်သူ လူထု၏သုံးသပ်ချက်ကိုသာ စောင့်၍နားထောင်ရမည်ဖြစ်ကြောင်း မြန်မာသံတော်ဆင့်သို့ပြောသည်။
၂၀၁၅ တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားမှုပြုလိုက်သည့် သူရဦးရွှေမန်းသည် ယခင်နယက အစိုးရလက်ထက် အမြင့်ဆုံးဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် နံပါတ် ၃ အဆင့်ရှိခဲ့သူဖြစ်သည်။

အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးကျောင်း၌ ပြုလုပ်သည့် သြ၀ါဒခံယူပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် အတည်ပြုကြောင်း ကြေညာချက်ထုတ်ပြန်


================================
Created on Friday, 28 June 2013 02:44

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ဇွန် ၂၇ ရက်က ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပေးပညာပေး တားဆီးကာကွယ်ရန်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး စည်းရုံးရန် အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းပြည်နှင့် လူမျိုးကို တရားဥပဒေဖြင့် ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အခမ်းအနားတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်သည်များ ဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ရှင်းလင်းခြင်း၊ အဆိုတင်ခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀န၊ အမေရိကန်နိုင်ငံတွင် သီတင်းသုံး နေထိုင်သည့် ဆရာတော် ဦးဇောတလင်္ကာရ၊ မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတေဇောသာရဘိဝံသ၊ မော်လမြိုင်မြို့ မြစေတီ စာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိစသည့် ဆရာတော်များ တက်ရောက်ခဲ့ပြီး သီတဂူဆရာတော် ဦးဥာဏိဿရလည်း တက်ရောက်ခဲ့သည်။

အခမ်းအနား နံနက်ပိုင်းတွင် မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးတေဇောသာရဘိဝံသက အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းပေးရန်နှင့် မျိုးစောင့် ဥပဒေကဲ့သို့သော အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေကို အသိပညာရှင်၊ အတက်ပညာရှင်များနှင့် နိုင်ငံတကာ စံထားလောက်သည့် ဥပဒေများကို မှီငြမ်းပြီး ဖွဲ့စည်းပေးရန် စသည်တို့ကို အဆိုတင်သွင်းခဲ့ပြီး မော်လမြိုင်မြို့ မြစေတီစာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိက ထောက်ခံခဲ့သည်။

အဆိုပါ အစည်းအဝေး ကြေညာချက်တွင် (၁)နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့တို့အား အမျိုးဘာသာ သာသနာရေး ကိစ္စများနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ (၂)နိုင်ငံတော်သားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပဋိပက္ခများ ထပ်မံ မဖြစ်ပေါ်စေရန် ၀ိုင်းဝန်းဆောင်ရွက်မည်၊ (၃) အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်းရန် အစည်းအဝေးမှ ထောက်ခံအတည်ပြုသည်၊ (၄) မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးမှ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သံဃာတော် ၁၅၃၀ ကျော်တို့က တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုကြောင်း၊ (၅) ဦးဝီရသူ၏ပုံနှင့် (The Face of Buddhist Terror) ဟု ဖော်ပြခဲ့သည့် တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း စသည်တို့ ပါဝင်သည်။
http://news-eleven.com/
မီဒီယာတွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်နေစဉ်

ဘင်္ဂါလီ အချင်းချင်း ချ



ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး

ELEVEN MEDIA GROUP

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် အလုပ်သမားခ ငွေကြေးမပြေမလည် ဖြစ်သဖြင့် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး အဖွဲ့များက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရကြောင်းနှင့် တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် ပေါက်တောမြို့နယ် ကြိမ်နီပြင် ကျေးရွာတွင် UNHCR က လှူဒါန်းသည့် ဒုက္ခသည်စခန်း အဆောက်အအုံများကို ကစ္ဆပမဟာ ဆောက်လုပ်ရေး ကုမ္ပဏီသို့ ဆောက်လုပ်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီတွင် အလုပ်သမားများ အတွက် ကြိမ်နီပြင်စခန်းမှ ဘင်္ဂါလီလူမျိုး လာလု ဆိုသူကို အလုပ်သမား ခေါင်းဆောင်အဖြစ် တာဝန်ပေး၍ တဲကြီးများကို ဆောက်လုပ်စေခဲ့ရာ အတော်အတန် ပြီးမြောက်နေပြီ ဖြစ်ပါကြောင်း၊ ဇွန် ၂၇ ရက် နေ့လည် ၁၂ နာရီ အချိန်က အလုပ်သမားခေါင်းဆောင် လာလု ဆိုသူနှင့် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီဒုက္ခသည်အချို့ အလုပ်သမားခ ငွေကြေးကိစ္စများ မပြေမလည် ဖြစ်ရာမှ လူအုပ်စုဖြင့် ယာယီတဲကြီးများ ဆောက်လုပ်နေသည့် အလုပ်သမား ခေါင်းဆောင် လာလုနှင့် အလုပ်သမားများကို အကြမ်းဖက် တိုက်ခိုက်ရာ လုံခြုံရေး တာဝန်ထမ်းဆောင် နေသူများက လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ခြောက်လှန့်ပစ်ခတ်ရာမှ ဘင်္ဂါလီ အမျိုးသားတစ်ဦး သေဆုံးသည်ဟု သိရကြောင်း ထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက် ဖြေရှင်းနေပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးဦးသာလူချေနှင့် ၀န်ကြီးဦးလှဟန်၊ UNHCR မှတာဝန်ရှိသူတို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။

ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ အဖွဲ့ဝင် ဦးမျိုးသန့်က ''အခင်းဖြစ်တာက နေ့လည် ၁၂ နာရီမှာ ဖြစ်ခဲ့တာပါ။ UNHCR က တဲတွေဆောက်ဖို့ ကြိမ်နီပြင် ဒုက္ခသည်စခန်းက စခန်းတာဝန်ခံ လာလုကို အလုပ်သမားစုပေးဖို့ ကုမ္ပဏီက ငှားရမ်းတဲ့အတွက် လာလုက ဘင်္ဂါလီ(၃၅)ဦး စုဆောင်းပေးပါတယ်၊ သဘောထား တင်းမာသော ဘင်္ဂလီဒုက္ခသည် ခေါင်းဆောင်တွေက တဲဆောက်လုပ်ရေးအတွက် အလုပ်သမားအဖြစ် မပါဝင်ကြရန် ဆော်သြမှုတွေ ရှိပါတယ်၊ စားဝတ်နေရေးအတွက် ငွေရပေါက်ဖြစ်လို့ အလုပ်လုပ်ချင်တဲ့ သူတွေကလည်း များပါတယ်။ ၃၅ ဦးသာ အလုပ်ပေးနိုင်တော့ အလုပ်မရသူတွေကလည်း လာလုကို မကျေနပ်ရာက ပဋိပက္ခအသွင် ဆောင်ခဲ့ကြပါတယ်။ လုံခြုံရေး တာဝန်ရှိသူတွေက လာလုနဲ့ အလုပ်သမား ၃၅ ဦးကို အကြမ်းဖက် မခံရအောင် ကာကွယ်ပေးထားခဲ့ပါတယ်။ အလုပ်သမားတစ်ဦး ၀ါးသယ်ဖို့ အသွားမှာ ကြိမ်နီပြင်က ဘင်္ဂါလီ အုပ်စုက ခဲနဲ့လှမ်းပေါက် နောက်ကထပ်ကြပ်မကွာ တုတ်၊ ဓား၊ လက်နက်တွေနဲ့ ဆူဆူ ညံညံ ညာသံပေးပြီး လာကြပါတယ်။ ရှေ့ဆုံးမှာ ကလေးနဲ့ မိန်းမတွေလည်း ပါပါတယ်။ လုံခြုံရေး တာဝန်ယူသူတွေက အလုပ်သမားများကို ကာကွယ်ရင်း တဖက်ကလည်း မိမိတို့ကို ကာကွယ်ရင်း၊ မဖြစ်တန်တာ မဖြစ်ရအောင် သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး လူစုခွဲခဲ့ရပါတယ်၊ ဘင်္ဂါလီတစ်ဦး သေဆုံးပါတယ်။ ပေါက်တောကို သယ်ယူပြီး အလောင်းစစ်ဆေးမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

"ဒတ္ထတို့တိုင်းပြည်”


by Soe Min (Notes) on Thursday, June 27, 2013 at 4:56pm
          အံ့သြကုန်နိုင်ဖွယ်။ ကဲ မယုံချင်နေ။ ဆိုတဲ့ ထူးဆန်းထွေလာ ပြည်မြန်မာက အံဖွယ်သုတတွေထဲမှာ လောလောလတ်လတ် ပူပူနွေးနွေးအရှိဆုံး သတင်းထူးကြီးကတော့ ဆက်သွယ်ရေးဝန်ကြီးဌာနက တင်ဒါခေါ်ယူတာကို ပြည်ထောင်စုလွှတ်တော်ပေါ်အထိ အဆိုတင်သွင်းဆွေးနွေး ဆုံးဖြတ်ယူရတဲ့ ကိစ္စကြီးပါ။ တညိုးကြီးတော့ တညိုးကြီးပေါ့နော်။ ရှေးကဆိုရင် ရှင်ဘုရင်တန်မဲ့နဲ့ မူး၊ ပဲ၊ မတ်၊ ကျပ် ငွေကဲခတ်တဲ့အလုပ်များ ၀င်ပါမိရင်တောင် ပွဲစားကြီးက ပွဲကတော်ကြီးက နဲ့ မင်းမိဖုရား နှစ်ပါးစလုံး ဦးပေါ်ဦးငေါ့သမျှကို အောင့်သက်သက် ခံခဲ့ရဖူးသတဲ့။ သမုတိနွယ် မင်းဧကရာဇ်တို့မည်သည် ဒီလိုအသေးအဖွဲမျိုး သိရိုးထုံးစံ မရှိဘူးတဲ့။ အောက်ကလူတွေကသာ စီမံရရိုးမို့လို့ ကိုယ့်အရာနဲ့ ကိုယ်နေရတယ် လို့ ရှင်ဘုရင် အမုန်းခံ ဆုံးမရတဲ့ ပညာရှိစကား မှတ်သားဖတ်ကြားဖူးတာပါ။

           ခုခေတ်မှာလည်းပဲ စောစောပိုင်းကဆို အဲသလို တင်ဒါမျိုးရော အဲသည်ထက်ကြီးတဲ့ သဘောတူစာချုပ်တွေပါဆိုတာ သက်ဆိုင်ရာ ၀န်ကြီးဌာနထဲက ညွှန်မှူး ညွှန်ချုပ်များနဲ့သာ တိုင်ပင်ဆုံးဖြတ်တဲ့ ၀န်မင်းများ အရေးအရာပိုင်မို့လို့ နေပစေ လူမသိလေ ပိုကောင်းလေဆိုပြီး မပြီးခင် ဗမာမမြင်စေနဲ့ လက်ဝါးချင်းရိုက်လိုက်ကြတာ ဖတ်ကနဲတောင် မကြားလိုက်ရပါဘူး။ (မြစ်ဆုံတို့ လက်ပံတောင်းတို့ဆိုတာ ပြဿနာ အကြီးကြီးတက်လာတော့မှသာ စာမျက်နှာပေါ် ရောက်ရတာ။) အကယ်၍များ ကိုယ်သာ အဲသည်ဝန်ကြီးဌာနက တာဝန်ရှိသူ အကြီးအကဲနေရာမှာ ဆိုရင်လည်း အရာရာ တုတ်ထိုးအိုးပေါက် ရွာရိုးရောက်အောင် လူသိရှင်ကြား ထုတ်ဖော်မနေပါဘူး။ အခုဟာက ထူးတော့ ထူးသား။ ဧကန္တတော့ ဧကန္တပဲ ဆို စုံစမ်းစပ်စု ကြည့်မိတော့ အရင်ဝန်မင်းလက်ထက်ကလို စာမရေးနဲ့ ဟွာဝေးပေးလိုက်ဆိုတာမျိုး မလုပ်ချင်တော့လို့ နေမှာပေါ့။ ရှော့ခ်တွေရိုက်ကုန်တာ ဘာကြာသေးတာမှတ်လို့။ ကောလာဟလတွေဆိုတာများ တမိုးလုံးဖျောက်ဆိတ်။ ချိတ်ပိတ်သိမ်းလိုက်ရတဲ့ ရွှေချောင်းတွေက ဘယ့်နှယ်။ ဟုတ်တာ မဟုတ်တာ အပထား။ အပြောခံ အရေးခံလိုက်ရတာ ရစရာကို မရှိဘူး။ “ညောင်မြစ်တွေ လာလာမတူးနဲ့။ ပုတ်သင်ဥတွေ အိတ်စပို့လုပ်လိုက်ရမလားဆိုလို့ တော်တန်တိတ် ငါးကြော်ပန်းကန်ဖိတ် လုပ်ပလိုက်ရတယ်” လို့ ကြားလိုက်မိတယ်။

         ဒီကိစ္စမျိုးဆိုတာ ကိုယ်ကမြိန်ရည်ယှက်ရည် စားပိုးနင့်ထားလို့ ဆိုရင်တော့ တလောကလုံးက ပြောချင်တဲ့သူပြော။ ဂရုစိုက်စရာ မလိုဘူး။ ပြောပစေ။ တန်တယ်။ ဒါပေသိ ကိုယ်လည်း ဟုတ်ဟုတ်ငြားငြား မစားရသေးပဲနဲ့ မဟုတ်ကဟုတ်က အပြောခံရရင် နာလည်းနာသေး နံလည်းနံသေးသဗျ။ ကိုယ့်စိတ်နဲ့ နှိုင်းပြီး ကိုယ်ချင်းစာမိတာပါ။ သည်လိုအဖြစ်အပျက်မျိုး အပြင်မှာ တကယ်မရှိဘူး။ သိလား။ ဖျားစူး။ မိုးကြိုးကြီး ပစ်ရစေရဲ့။ အဲ့တော့မှပဲ ဇာတ်ရည်လည်လာတော့တယ်။ ဟုတ်လည်း မဟုတ်ပဲနဲ့ သူများတံတွေးခွက်မှာ ပက်လက်ရော မှောက်ခုံပါ မမျောချင်လို့ ပွင့်လင်းမြင်သာမှုရှိအောင် တမင် လွှတ်တော်တင်ပြီး ဆုံးဖြတ်ပြလိုက်တာကိုး။ ဘရားဗိုးပါ ဘရားဗိုး။ ဒါမျိုးကတော့ လက်ခုပ်တီးပြီး ကြိုဆိုသင့်ပါတယ်။

        အရင်စာတွေမှာ ရေးရေးနေတဲ့ ပွင့်လင်းမြင်သာမှုဆိုတာကို ပထမဆုံး အကောင်အထည်နဲ့ ပြလိုက်တာ ဆိုပါတော့လေ။ မပြလို့လည်း မရဘူး။ သူတို့ကုလားထိုင်တွေ ကြမ်းပိုးကိုက်နေပြီ လို့ ပြောတဲ့သူက ပြောကြတယ်။ ထိပ်သီးအရာရှိကြီးတွေ ပြုတ်တာနဲ့ ဂျာနယ်စာမျက်နှာပေါ်မှာ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နေကြတာလည်း မကြာခဏဆိုတော့ သနားလှပါဘိ။ တရားကျစရာချည့်။ ကလောင်ကျင့်ဝတ် စည်းကမ်းဆိုတာ ချိုနဲ့လား လို့ မေးရမယ့် အင်တာနက်စာမျက်နှာပေါ်မှာဆို တခါတရံ ညှာတာမှုကင်းမဲ့သော ဓါတ်ပုံနှင့်တကွ ဖော်ပြချက်တွေ တွေ့ရတယ်။ နိုင်ငံတော် အစိုးရရဲ့ “လျှို့ဝှက်” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဌာနတွင်း ကြားနာစစ်ဆေး အရေးယူ အပြစ်ပေးတဲ့ အမိန့်စာကြီးများဟာ ဖေ့စ်ဘုတ်ပေါ်မှာ ရုံးတံဆိပ်၊ အမည်၊ လက်မှတ်၊ နေ့စွဲ နဲ့တကွ မြင်ရဖတ်ရတဲ့အခါ သက်ဆိုင်သူဝန်ထမ်းကို ဘယ်လောက်တောင် မစာမနာ ရှိလိုက်မလဲ စဉ်းစားပါဦး။ သူ့မှာလည်း မိသားစု၊ သားသမီးဆွေမျိုးများ ရှိပေလိမ့်မယ်။ အဲသည်လူတွေရော အရှက်ရ သိက္ခာကျဖို့ သင့်သလား။ မတော်လို့များ ကိုယ့်အဖေဟာ မိသားစုဘ၀နောင်ရေးအတွက် မလူးသာမလွန့်သာတဲ့ ရိုးရာစရိုက်အောက်မှာ မိုးခါးရေသောက်ရင်း အစားမတော်တလုပ် ဒုက္ခများရတယ် ဆိုပါစို့။ လက်ညှိုးပေါင်းတစ်ထောင် မျက်လုံးပေါင်းတစ်သိန်းအောက်မှာ ကိုယ်လည်းပဲ တော်လှန်ရေးကို သစ္စာမဖောက်ချင်လို့ ကွန်မြူနစ်ဇာတ်ကားတွေထဲမှာ ရိုက်ပြသလို သွေးပွက်ပွက်ဆူလာနိုင်ပါ့မလား။ ဒါကြောင့်မို့လို့ ပွင့်လင်းမြင်သာမှုဆိုတာ ဘယ်ဟာတွေကို အသိပေးပြီး ဘယ်ဟာတွေကို လျှို့ဝှက်စောင့်ထိန်းထားရမယ် လို့ သဲသဲကွဲကွဲ သိဖို့လိုတာပေါ့။ အိမ်သာကိုတော့ မှန်ကာလို့ ဘယ်ဖြစ်ပါ့မလဲ။ (ကာချင်သပဆို ပြဒါးသုတ်ပြီးမှကာ။ ပြီးရင် ပြုံးပြုံးလေးပါကြ။)

         ခုခေတ် လူကြီးမင်းများအနေနဲ့ မတော်တဆ ပြုတ်စော်နံရင် လွှတ်ကြောက်ဖို့ကောင်းတယ်။ သတင်းစာထဲ၊ ဂျာနယ်ထဲ၊ စာလုံးမည်းကြီးနဲ့ ပါရော။ ၀မ်းသာအားရ မယားကတသွယ်နဲ့ ၀ိုင်းဝန်းအားပေးကြသူတွေထဲမှာ မနေ့တနေ့ကတင် ကိုယ့်ဆီ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနေတဲ့ တပည့်တပန်းတွေက အတက်ကြွဆုံးပဲ။ ကိုယ်မရှိမှ သူတို့တက်မှာကိုး။ အနည်းဆုံးတော့ နောက်လူမလာခင် သူတို့လက်အပ်ထားရတာ မဟုတ်လား။ ကုလားထိုင်ပေါ်မှာ မင်းတို့စကား မိုးကြိုးသွားလောက် တန်ခိုးထွားလေလေ၊ အောက်ဆင်းပေးလိုက်ရတဲ့အခါ သမဆိုင် မီးလောင်တုန်း စာရင်းပြသလို ရုံးရှိသမျှ အမှုတွဲတွေ တရားခံဖော် အမြီးတပ်လွှတ်လိုက်တာမို့ ခွေးလုံးလုံး ဖြစ်ရလေလေ။ အကျမနာတဲ့သူရယ်လို့ မရှိသလောက်ပဲ။ လူတွေက အဲသည်အပိုင်းကျ လိုက်မကြည့်ဘူးလေ။ အပေါ်ရောက်ရင် ဘာစားပေါက်ရှိတယ်ပဲ မြင်ကြတာ။ အဲဒါ ကိုယ့်တိုင်းပြည်မှ မဟုတ်ဘူး။ ဘယ် ဗြူရိုကရက် ယန္တရားမဆို အဲ့တိုင်းချည့်ပဲ။ ပြုတ်တော့မလို့ တဲ့ လို့ သတင်းလေးပဲ သိုးသိုးသန့်သန့် ထွက်ကြည့်စမ်းပါလေ။ ကိုယ့်ရုံးခန်းရှေ့ တန်းစီနေတဲ့ ဧည့်သည်တွေ လျော့သွားရော။ အရေးတကြီး မဟုတ်ရင် ဂဏန်းငြိမ်အောင် စောင့်ကြတာပေါ့။ တစ်ခါ ပြောဖူးသားပဲ။ ပါဝါအချိန်း ရေလောင်းမှားရင် ပလုံ စွပ် တောင် မကြားရဘူးလို့။

          အဲသလို အဲသလို အလွန်တရာ လူမုန်းများဖွယ်ရာ မဟုတ်တမ်းတရားများကို ရေးသားနေသူ မောင်စံဖားကလေးဟာ သည်တစ်ခါမှာတော့ ထော်လော်ကန့်လန့်တိုက်ပြီး ပြောင်းဘူး ပြုတ်သူ ဘဘကြီးတွေဘက်က မျှတအောင် တွေးကြည့်မိပါတယ်။ အိမ်း ဒါလည်း မတရားသေးပါဘူး ပေါင်းတာရဲရယ်။ လူတွေက သူတို့ကိုချည့် ဖြစ်သမျှဒဏ် င၀က်ခံ မေတ္တာတွေ ၀ိုင်းဝိုင်းပို့နေတာ။ တကယ်တော့ သူတို့ဘ၀ဟာ ပြည့်တန်ဆာမှုနဲ့ ထောင်ထဲရောက်ရတဲ့ မိန်းမသားတွေနဲ့ ဘာမှ မခြားပါလားကရို့။ စဉ်းစားကြည့်လေ။ ပြည့်တန်ဆာဆိုတာ တစ်ယောက်တည်း အမှုဖြစ်လို့ရတဲ့ ကိစ္စမျိုးလား။ မှောင်ရိပ်ခိုမှုဆိုတာ တကယ်တော့ မသင်္ကာမှုပဲ။ လက်ပူးလက်ကြပ်လည်း သက်သေမပြနိုင်ပဲနဲ့။ “လုပ်ထားဦးပေါ့ ရှင်။ ရှင်တို့က ရဲတွေကိုး။”ဆိုပြီး အထဲဝင်လိုက်ရတာ။ တကယ့် ပြည့်တန်ဆာမှုဆိုရင် ယောင်္ကျားမပါပဲနဲ့ ဘယ်လိုလုပ် ကျူးလွန်မလဲ။ (သူတို့ ယောင်္ကျားတွေသာ တခါတခါ မိန်းမမပါပဲ ကျူးလွန်ချင်လွန်မယ်) ပြစ်မှုတစ်ခုကို အတူတူ ကျူးလွန်တဲ့သူချင်းအတူတူ၊ ယောင်္ကျားက သက်သေနေရာမှာ ရှိပြီး မိန်းမတွေသာ တရားခံဖြစ်ရတာလေ။ အသွင်ယူထားတဲ့ ရဲကိုကိုတွေဆို ပိုဆိုးသေး။ ကြိုတင်သတ်မှတ် သဘောတူထားတဲ့ အခကြေးငွေ ယူမိတာကလေးတစ်ခုတည်းနဲ့ မိန်းမက ထောင်ကျစေ။ ယောင်္ကျားက လွတ်စေ။ ဆိုတဲ့ သဘောကြီး ဖြစ်နေတာပေါ့။ တောပြောတောင်ပြောနဲ့ စကားတွေက ဘယ်ရောက်ကုန်မှန်း မသိဘူးနော်။ စဉ်းစားကြည့်ပါဗျာ။ တို့ဘဘကြီးတွေကို လာဘ်စားမှုနဲ့ အိုကြီးအိုမကျမှ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ဒဏ်ခတ်ဆုံးမ အရေးယူတဲ့ကိစ္စမှာ သူ့သီလကို ဖျက်ဆီးတဲ့ ကိုယ်လိုချင်တဲ့ အခွင့်အရေးကို ငွေပေးဖြားယောင်းဝယ်ယူသူက နိုင်ငံ့အကျိုးတော်ဆောင် အလှူ့ဒကာကြီးအဖြစ်နဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ရပြီးရင်းရ။ နောက်တစ်ယောက်ဝယ် အိပ်ထဲထည့်၊ လုပ်ချင်ရာလုပ်ဆိုရင် အဲသည်အမှုကြီးက စောစောက ပြည့်တန်ဆာ အမှုနဲ့ ဘာကွာလို့လဲ။

          တချို့အမှုတွေကျတော့ တကယ်တမ်း ပြန်တွေးကြည့်မိတဲ့အခါ ငိုအားထက် ရယ်အားသန် ဖြစ်ရပ်တွေ တွေ့ရပါတယ်။ နေရာကောင်းမှာ ရောက်နေတော့ ရာထူး အပြောင်းအရွှေ့ထွက်တဲ့အထဲ မတော်တဆများ ပါမသွားရလေအောင် သိန်းပေါင်းများစွာ ပသထားပြီးမှ သူ့နံမယ်ကြီး ပြောင်းမိန့်ထွက်လာတဲ့အခါ ကက်ကက်လန်အောင် ရန်သွားတွေ့ပြီး ဟိုတိုင်သည်တိုင် လုပ်ပါသတဲ့။ ဟုတ်တာပေါ့လေ။ ရုံးမင်းကြီးများက လာဘ်စားပေသကိုး။ နို့ ဒါပေသိ နေစမ်းပါဦး။ သူကရော အများနည်းတူ နိုင်ငံတော်က လိုအပ်ချက်အရ အခါအားလျော်စွာ ထုတ်ပြန်သော စီမံခန့်ခွဲမှု အမိန့်ကြေညာစာများကို လေးစားလိုက်နာဖို့ တာဝန်မရှိဘူးလား။ မြန်မာနိုင်ငံတ၀ှမ်းလုံးကို ကိုယ့်အဖေအမွေပေးသွားတဲ့ ကုလားထိုင်ကလေးများလို နေချင်ရာနေ ထိုင်ချင်ရာထိုင်၊ ပုံလိုက်ပိုင်လုပ်နေတာ အပြစ်မရှိဘူးပေါ့နော်။ ဒီနေရာမှာ ဒီလိုပိုက်ဆံပေးပြီးနေဖို့အတွက် ဒီနေရာကလူတွေဆီကနေ ခြစ်သည် ညှစ်သည် ဗျစ်ရည် မလုပ်ဘူး မို့လို့လား။

         လာဘ်စားမှုတို့ ခြစားမှုတို့ဆိုတဲ့ကိစ္စတွေမှာ ကိုယ်လိုချင်တဲ့ အခွင့်အရေး တစုံတရာအတွက် နိုင်ငံတော်က အနှစ်နှစ်အလလ လေ့ကျင့်ပျိုးထောင်ထားရတဲ့ အထက်တန်းအရာရှိတွေကို အကျင့်စာရိတ္တပျက်ပြားအောင်၊ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ဖြားယောင်းသွေးဆောင်လျက် တာဝန်ဝတ္တရား လုပ်ပိုင်ခွင့်များကို အရောင်းအ၀ယ်ပြုသူ နှစ်ဦးစလုံးမှာ အတူတူ အပြစ်ရှိကြပါလိမ့်မယ်။ စင်္ကာပူမှာဆို အငှားကားစီးရင်း ထိုင်ခုံခါးပတ်မပတ်ရင် ရဲဖမ်းသတဲ့။ ကိုယ့်ဆီမှာလို မှတ်လို့ ဖမ်းတဲ့ရဲကို မုန့်ဖိုးပေးမိရင် နောက်တစ်မှုတိုး၊ သတင်းစာထဲ ဓါတ်ပုံနှင့်တကွ ပါသတဲ့။ ကိုယ့်ဆီမှာတော့ သူတို့က ကျေးဇူးတင်လို့ လာကန်တော့ကြတာပါ။ ကိုယ်ကူညီပေးလိုက်လို့ သိတတ်တာပါ။ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖြေတွေးပေးရင်းကနေ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်၊ အများမိုးခါးရေသောက်နေမှဟာ ဆိုပြီး နောက်ဆုံး ဟိုဘူတာ ဆိုက်ကြပါတယ်။ သူများတကာဘက်ကလည်း ပေးကမ်းခြင်း အောင်မြင်ရာ တို့၊ ထောင်မြင်ရာစွန့် တို့။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ တို့၊ ဆင်ခြေတွေ ရေလဲနဲ့သုံးရင်း သည်လူကို ဘယ်လောက်နဲ့ ၀ယ်ရင် ငါလိုချင်တာရမလဲ ချင့်ချိန်ကြပါတယ်။ အတိအလင်း ဈေးညှိ ကြေးပြောနေတာတွေ ရှိသလို ပွဲစား အကျိုးဆောင်များတောင် ခြေချင်းလိမ်နေတဲ့အထိ ဈေးကွက် ကျယ်ပြန့်ပါတယ်။

          ခြစားမှုကို တိုက်ဖျက်ချင်တယ်ဆိုရင်တော့ တစ်ဘက်တည်းကို အရေးယူပြနေရုံနဲ့ ပြီးလိမ့်မယ် မထင်ပါဘူး။ လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်တယ် မဟုတ်လား။ ၂၀၁၀ ရဲ့နောက်ပိုင်းမှာ တင်းကျပ်တဲ့ သတိပေး အရေးယူမှုတွေ ရှိလာလို့ ဌာနဆိုင်ရာတွေမှာ နေရာတော်တော်များများ လာဘ်ပေးလာဘ်ယူကိစ္စတွေ ပေါ်ပေါ်ထင်ထင် မရှိတော့တာ တော်တော်ကြာပါပြီ။ ရှိခဲ့ရင်လည်း အောက်ခြေအဆင့်တွေမှာ အတိုင်အတောတွေက မနည်းတော့ အရင်ကလောက် မဆိုးတော့တာ သေချာပါတယ်။ ဒါဟာ အကြောက်တရားတစ်ခုတည်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားတာပါ။ လုပ်စားကိုင်စားသူတွေတောင် ကျီးလန့်စာစားဘ၀နဲ့ ညောင်သီးလည်းစား လေးညှို့သံလည်း နားထောင်ရတယ်။ နောက်ကွယ်မှာ ကာဗာပေးမယ့် မောင်ကြီးနတ်ရှိသူတွေသာ ခေါ်ပြောမပျက် ခွင်ကောင်းလျက် ရှိကြပါတယ်။
ကိုယ်က အောက်တန်းစား။ အခြေခံဝန်ထမ်းအလွှာမို့လို့ သည်လောက်ပဲ သိပါတယ်။ ဟိုးအထက်မှာကတော့ အထက်တန်းလွှာအချင်းချင်းက ပိုသိကြပါလိမ့်မယ်။ ခြေသလုံးမွှေး ထွေးရှုပ်ရှုပ်ဆိုတာ ဆံပင်ကရယ်တာပေါ့။ နောက်ဆယ်နှစ်လောက်နေရင်တော့ စာအုပ်တွေ ထွက်လာပြီး ရောင်းကောင်းဦးမှာပေါ့လေ။ ဘယ်သူကမှ မရေးပါဘူး။ သူတို့ဟာသူတို့ပဲ တစ်ယောက်တစ်ယောက်ရေးကြရင်း ဇာတ်ရည်လည်လာလိမ့်မယ်။ ခေတ်နောက်ကျတယ်ဆိုတာ အဲဒါပြောတာလေ။ ခများတို့ ကျုပ်တို့က အခုမှ ၈၈ပတ်ချာလည်လောက်က ဇာတ်ကြောင်းတွေ ခြေရာကောက်နေတုန်း။ အသက် ၈၀ နားနိးကြီး ခုမှရေးတဲ့ နှစ် ၅၀အတွေ့အကြုံတို့၊ ဖဆပလသမိုင်းဦးတင်စက တာတေစနေသားတို့ကို အောင်မယ်မင်း မသေလို့ဖတ်ရလေတယ်။ ဟုတ်လိုက်လေခြင်း၊ မှန်လိုက်လေခြင်း နဲ့ အတိတ်ကိုလှန်သော် လုပ်နေကြတုန်း။ (ဒါတောင် စာဖတ်ဖော်ရတဲ့သူကို ကျေးဇူးတောင် တင်နေရသေး။) အတိတ်ပဲ လှန်တာ ကောင်းပါတယ်လေ။ ချက်ချင်းလက်ငင်း သွားလှန် ပါးရိုက်ခံရမှာပေါ့။ ခြောက်လလောက် ရုံးချိန်းအခါခါ သွားပြီးမှ တစ်ထောင်ပဲ ရမယ့်ဟာ မနိပ်သေးပါဘူး။

           နိဂျုန်းမခုပ်ခင် အောက်က မှတ်ချက်တွေမှာ ကျွမ်းသဒ္ဒါလန်အောင် ထောက်ပြမယ့် အရေးတစ်ခုလည်း ကြိုကြိုတင်တင် အစသတ်ခဲ့ပါဦးမယ်။ “ပေးတဲ့လခက မလောက်မငှမို့လို့ ကိုယ့်ဘက်က အထူးအားထုတ် ကူညီပေးခဲ့တာကို ပြည်သူက မေတ္တာတုန့်ပြန်လာရင်ကော ခံစားခွင့် မရှိဘူးလား။” ဆိုတဲ့ မေးခွန်းပါ။ မငြင်းနိုင်တာ သုံးချက်ရှိပါတယ်။ တစ် မလောက်ငှဘူး။ နှစ် အထူးအားထုတ် ကူညီမှု။ သုံး မေတ္တာတုန့်ပြန်ချက်။ လက်ရှိ အရာရှိတစ်ယောက်အနေနဲ့ လစဉ်ရနေတဲ့လခ တစ်သိန်းရှစ်သောင်းဟာ အမ်းမှာတုန်းက လောက်ပါတယ်။ ရန်ကုန်မှာ အလျဉ်မမှီပါဘူး။ လကုန်ရက်ဆို ကြပ်တည်းပါတယ်။ တစ်သိန်းမပြည့်တဲ့သူတွေ ဘယ်လိုနေမလဲ မသိပါဘူး။ အထူးအားထုတ် ကူညီမှုဆိုတာကျတော့ ကိုယ့်အလုပ်ချိန်အတွင်းမှာ ကိုယ်လုပ်နေကျ တာဝန်ဝတ္တရားထက် ပိုပိုမိုမို တသီးတခြား ဂရုစိုက်ဆောင်ရွက်ပေးတာမျိုးကို ဆိုလိုတာပါ။ ဥပမာ ဆိုကြပါစို့။ အဲဒီရုံးကိစ္စအတွက်နဲ့ တစ်နေကုန် တစ်ခန်းပြီးတစ်ခန်း ၀င်လိုက်ထွက်လိုက် လက်မှတ်ထိုးလိုက်၊ စာရွက်တွေ ဖြည့်လိုက်၊ ဟိုဘက်ပြေးလိုက် သည်ဘက်ပြေးလိုက် မောင်းထားမယ်။ လူကြီးတွေဆိုတာ ကိုယ်တွေ့ချင်တဲ့အချိန် တံခါးတွန်းဖွင့် ၀င်တွေ့လို့ရတာ မဟုတ်ဘူး။ ဒီအလုပ် ဒီနေ့မပြီးရင် နောက်နေ့ကူးမယ်။ တစ်မြို့တစ်ကျေးကလာရတာမို့ အချိန်မီ ပြန်နိုင်မှာ မဟုတ်။ စိတ်မောလူမော အခက်တွေ့နေမယ်။ လွယ်ချင်ရင် တစ်ခွန်းပဲ။ “ကူညီပါ ညီမလေးရယ်။ အကုန်အပ်ထားခဲ့မယ်။” သာဆိုလိုက် “စိတ်သာချ။ ပြီးရင် အိမ်အရောက်တောင် ပို့ပေးလိုက်မယ်။” အဲသလိုမျိုး မေခလာနတ်သမီးနဲ့ ရုံးထဲမှာတွေ့ရရင် ဘယ်သူက ကျေးဇူးမတင်ပဲ နေမှာလဲ။ မြန်မာလူမျိုးတွေ ရိုင်းပါ့မလား။

              ဒီကိစ္စလောက်ဟာ ဘယ်သူ့ကိုမှလည်း နစ်နာထိခိုက်သွားတာ မရှိဘူး။ ၀န်ထမ်းအချင်းချင်း အဆင်ပြေအောင် အပြန်အလှန် ကူညီတဲ့သဘောပဲ ရှိတယ်။ နည်းနည်းတော့ သိက္ခာ ပွန်းပဲ့သွားလိမ့်မယ်။ သိက္ခာကို ရိက္ခာနဲ့ လဲရတာကိုး။ ကိစ္စမရှိပါဘူး။ လဲချင်သပဆိုလဲကြ။ သည်အတိုင်းတော့ မရဘူး။ သိက္ခာကို ရိက္ခာ နဲ့ လဲတဲ့အခါ လိပ်ပြာကိုလည်း အဆစ်ပေးရတတ်တယ်။ ရုံးထဲမှာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အဲသလို အပိုဝင်ငွေရှာမိတဲ့အခါ လိပ်ပြာမလုံတော့ဘူး။ သူများသိရင် သိက္ခာလည်းကျတယ်။ တကယ်တမ်းစဉ်းစားကြည့်ရင် ကိုယ့်ဘက်က နာတယ်။ လိပ်ပြာတွေ သိက္ခာတွေဆိုတာ ဗိုက်ဆာရင် ဖဲ့စားလို့လည်းမရတာ အမှန်ပါ။ ဒါပေမယ့် ဘ၀ကိုရင်ဆိုင်ဖို့ စိတ်ဓါတ်ခွန်အားကို ထမင်းက မပေးနိုင်ဘူး။ သူတို့ကပဲ ပေးနိုင်တယ်။ မယုံရင် အဲဒီနှစ်ခု ရအောင်ထိန်းကြည့်။ ဗိုက်ဆာရင်ဆာမယ်။ စိတ်တော့မဆာဘူး။ မိသားစု ထမင်းကျွေးရမယ့်သူတွေ အတွက်တော့ ဘယ်ကောင်းပါ့မလဲ။ ဒါကြောင့် သူတို့ကိုလည်း အပြစ်မပြောရက်ပါဘူး။ သီလဆိုတာ စောင့်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ငါ့ဝမ်းပူဆာ မနေသာ လို့ဆိုရင်လည်း ဘာပြောစရာရှိမှာလဲ။ ဒါပေမယ့် မိုးပေါ်က ပြဒါးသေ တစ်ပြည်ဝ၊ သံသေ တစ်ဆွေဝ၊ ငါသေ တစ်ဆွေလုံးတစ်မျိုးလုံးဝ ဆိုတဲ့ သိဒ္ဓိရှင်ကြီးများအတွက်တော့ မုဒိတာ ဘယ်ပွားနိုင်ပါ့မလဲ။ ကိုယ်နဲ့လခအတူတူရပြီး ညနေတိုင်း ကာရာအိုကေဆိုင်မှာ မောင့်မူပိုင်ရှင်ကလေး နဲ့ ပြီးရင် အနှိပ်ခန်း၊ ပချုပ်ဆိုင်မြန်း၊ ကိုကြီးကျော် လာမယ့်လမ်း ဆီးကြိုလှည့်စမ်း ဆိုတဲ့ လူတွေကိုလည်း အတုယူ မမှားချင်ပါဘူး။

               ပြုပြင်ပြောင်းလဲစ နိုင်ငံငယ်တစ်ခုအနေနဲ့ အကျင့်ပျက်ခြစားမှုဆိုတာ တော်တော် ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့် အဟန့်အတားကြီးတစ်ခုပါပဲ။ ခေါင်းဆောင်တွေ ရှေ့ကနေ မယိမ်းမယိုင် ဦးဆောင်တဲ့နောက်ကို နောက်လိုက်တွေက မတွေမဝေ ဖြောင့်ဖြောင့်မတ်မတ် လိုက်နိုင်မှ ကျော်လွှားနိုင်လိမ့်မယ်။ ခုအတိုင်းတော့ မနီးစပ်သေးဘူး။ လူတွေရဲ့ စိတ်ထဲမှာ အသိပညာကို အလုံအလောက် မရှိသေးဘူး။ လူကြီးတွေဘက်က လက်ကိုင်ထားတဲ့ “ယခုပင်လျင် မအိုခင်က ကြိုတင်ထောင်းထု ရသလောက်စုလော့။” ဆိုတဲ့ အနတ္တလက္ခဏသုတ် နဲ့လည်း ကျွတ်တမ်းမ၀င်နိုင်သေးဘူး။ ဒီကိစ္စကြီးဟာ မမှန်မကန် လုပ်နေတဲ့အလုပ် ဖြစ်တယ်လို့ လက်ခံတယ် ဆိုရင်တော့ သည်စာကို ရေးရကျိုးနပ်တယ်လို့ ကျေနပ်ရမှာပေါ့လေ။

လွှတ်တော်နှင့် အစိုးရအဖွဲ့ကြား ပဋိပက္ခ ဖြစ်ပေါ်နေသည် ဆိုခြင်းမှာ မဟုတ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ငြင်းဆို

လွှတ်တော်နှင့် အစိုးရအဖွဲ့တို့၏ကြားတွင် သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခများ ဖြစ်ပေါ်နေသည်ဆိုသော ထင်ကြေးပေး ပြောဆိုမှုများ၊ ကောလာဟလများမှာ မဟုတ်မှန်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန် ၂၇ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး တတိယမြောက်နေ့တွင် ပြောကြားသည်။
လွှတ်တော်နှင့် အစိုးရတို့သည် ဖွဲ့စည်း ပုံအခြေခံဥပဒေအရ မိမိတို့လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေပြီး အပြန်အလှန် ထိန်းကျောင်းခြင်းများကိုသာ လုပ်ဆောင်နေကြခြင်းသာ ဖြစ်ကြောင်း သူရဦးရွှေမန်းက လွှတ်တော်နှင့် အစိုးရအဖွဲ့ ပဋိပက္ခများ ဖြစ်ပွားနေသည်ဆိုသော ကောလာဟလများအပေါ် ပြန်လည်ရှင်းလင်းသည်။
''ကျွန်တော်တို့ လွှတ်တော်နဲ့ အမြင်ချင်းမတူ၊ သဘောထား ကွဲလွဲနေတဲ့ ပဋိပက္ခများ ဖြစ်နေတယ် ဆိုပြီးတော့ ဘေးမှာ ကောလာဟလ ပြောဆိုမှုတွေ ရှိနေပါတယ်။ တကယ်တမ်းကျတော့ လွှတ်တော်ဟာ လွှတ်တော်ရဲ့ လုပ်ငန်းကို လုပ်နေပါတယ်။ အုပ်ချုပ်ရေး အစိုးရအဖွဲ့အစည်းက အုပ်ချုပ်ရေး လုပ်ငန်းကို လုပ်နေပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့ နေရာမှာ အချင်းချင်း အပြန်အလှန် ထိန်းညှိ ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် ဒီနေ့ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတာတွေကို ဆန့်ကျင်နေသလို ဖြစ်တဲ့အတွက် မိမိတို့ လုပ်ငန်းတာဝန်ကို ပိုင်းခြားဆောင်ရွက်တဲ့ နေရာမှာ ဒီလိုအခြေအနေမျိုးက ဆက်လက် ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေးပယောဂတွေကို ဘေးဖယ်ထားပြီး ကိုယ့်တာဝန်ကိုယ် လုပ်နေတယ်ဆိုတဲ့ အသိနဲ့ ဆောင်ရွက်သွားဖို့ လွှတ်တော်ကို ပြောကြားလိုပါတယ်'' ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
လွှတ်တော်သည် ဥပဒေများကို ပြည်သူ့အသံအပေါ် နာခံ၍ ရေးဆွဲပြဋ္ဌာန်းခြင်း ဖြစ်သောကြောင့် ယင်းဥပဒေများကို အစိုးရအဖွဲ့များ၊ ပြည်သူများသာမက လွှတ်တော်ကပါ လိုက်နာရမည်ဖြစ်ကြောင်း ဦးရွှေမန်းက ပြောကြားသည်။
ထို့အတူ အစိုးရအဖွဲ့အနေနှင့် လွှတ်တော်တွင်း မေးမြန်းမှုများကို ပြန်လည်ဖြေဆိုမှုများသည် ကတိက၀တ်များ ဖြစ်သွားသည့်အတွက် လိုက်နာဆောင်ရွက် ပေးကြရန်လည်း သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ''ကျွန်တော်တို့ ဥက္ကဋ္ဌကြီးနဲ့ သမ္မတကြီးတို့ အဆင်ပြေပါတယ်။ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရတောင် ရံဖန်ရံခါ စကားပြောဆိုလေ့ ရှိပါတယ်'' ဟု ဇွန် ၂၂ ရက်တွင် ပြုလုပ်သော ပါတီဗဟိုကော်မတီ အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲတွင် သူရဦးရွှေမန်းနှင့် သမ္မတဦးသိန်းစိန်တို့ အကြား ပုဂ္ဂိုလ်ရေး အဆင်မပြေမှုများ ရှိနေသည် ဆိုသည့်အပေါ် ပြောကြားခဲ့သည်။

A Leading Buddhist Monk Warns Boycott to MP Who Reject Bill to Ban Inter...

၂၀၁၅ အတွက်စဉ်းစားကြပါအုံး


by Myat Thi Ha (Notes) on Thursday, June 27, 2013 at 2:51pm
လူမင်းခ--၂၈ -၆ -၂၀၁၃

အခုတလော ဦးဝီရသူအကြောင်းတွေဘဲ ဆက်တိုက်ဆိုသလို ပြောနေဆိုနေကြတယ်။
ကျတော်တို့တကယ်အာရုံစိုက်ရမှာ ၂၀၁၅ ရွေးကောက်ပွဲဆိုတာ မေ့နေကြ အုံးမယ်နော်။


ဒီမျိုးစောင့်ဥပဒေဆိုတာကမြစ်ဆုံကိစ္စ၊ လက်ပံတောင်းကိစ္စ၊ လယ်မြေယာမြေ သိမ်းသည့်ကိစ္စ၊ ရခိုင်က ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ၊ ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဆင်လိုသည့် ကိစ္စ အစရှိသော များပြားလှသည့် ကိစ္စရပ်များအပေါ် လူတွေ အာရုံ မရောက်စေရန် လမ်းလွှဲသော လုပ်ရပ်ဟု ထပ်ပြောလိုသည်။
ကုလားမုန်းတီးရေး မွတ်စလင် မုန်းတီးရေး လုပ်နေကြသည်။ လူမျိုးရေး သွေးထိုးသည်မဟုတ်။
သို့သော် ကိုယ့်တိုင်းပြည်ကို ကြေမွအောင် သမနေသည့် တရုတ်ကုမ္ပဏီနှင့် နိုင်ငံသားအတု၊ တရုတ်မုန်းတီးရေး ကိုတော့ ဘာကြောင့် မလုပ်ကြသလဲဟု မေးခွန်းမေးစရာ ဖြစ်လာသည်။

မွတ်စလင်မုန်းတီးရေးကို ဦးပိုင်နှင့် တရုတ်ကုမ္ပဏီများက နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့ နေသလားဟုပင် ထင်ရသည်။
သမ္မတအကြံပေးဆိုသူများတွေလည်း ဒါမျိုးတွေနဲ့ ပတ်သက်ပြီး ထောက်ပြပြောဆိုခြင်း မရှိကြ၊ နှုတ်ဆိတ်နေကြသည်။
အလားတူပင်နိုင်ငံရေးသမားများလည်း ပါးစပ်ပိတ်နေကြသည်။

မီဒီယာများလည်း ကြားနေနေကြသည်။ အကျဉ်းသားဟောင်း သူရဲကောင်းများလည်း အာစေးမိနေကြသည်။
နည်းနည်းဝင်ပြောမိသည့် ဒေါ်စုလည်း ထောင်ချောက်ကို မြင်လို့လားမသိ ကိုယ်ရှိန်သတ်သွားသည်။
ဒီကြားထဲ ကုလားနဲ့ ပေးစားခံလိုက်ရသေးသည်။

မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုများသည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် တဖြည်းဖြည်းနှင့် လက်နက် တခုသဖွယ် ဖြစ်လာသည်။
လူ့အခွင့်အရေးဟု မွတ်စလင်များဘက်မှ ပြောမိသူ နိုင်ငံရေးသမားသည် ရွေးကောက်ပွဲတွင် မဲရှုံးနိုင်သည့်ကိန်း ဆိုက်နေသည်။


အဲဒါတွေအဲဒါတွေကအဲသလိုအဲသလိုဖြစ်လာကြတော့ ဘာမဆိုင်ဘဲ ကျွန်တော်က ဗိုလ်ချုပ်ရဲ့စာတန်းတခုမှာ ပါတဲ့စာပိုဒ်လေးကို သွားသတိရမိတယ်။စာပိုဒ်ကတော့

"ဗမာပြည်သစ်တွင်အလုပ်သမား၊ လယ်သမားများရဲ့ ဘ၀တွေကိုမြှင့်တင် ပေးရမယ်။ လယ်မလုပ်သော လယ်ပိုင်ရှင်စနစ်ကို ဖြုတ်သိမ်းပစ်ရမည်။ သစ်တော၊ မီးရထား၊ ရေကြောင်းသယ်ယူ ပို့ဆောင်ရေး၊ သတ္ထုတွင်း၊ စက်မှုလုပ်ငန်းကြီးများ၊ ဘဏ်လုပ်ငန်းစသည်တို့ကို ပြည်သူပိုင် လုပ်ရမည်။ လူမှုရေးတွင် မိန်းမယောက်ျားတန်း တူအခွင့်ရေး ခံစားနိုင်ရမည်။ ဘာသာရေးတွင် လွတ်လပ်စွာယုံကြည် ကိုးကွယ်နိုင်ကြရ မည်။ အခမဲ့ ပညာရေးနှင့် လူငယ်များ ပညာရေးနှင့် လူငယ်များယဉ်ကျေးမှု စာရိတ္တမြှင့်တင် ရေးကိုအထူး စောက်ရှောက်အားပေး ရမည်။လူနည်းစုများအတွက် ယဉ်ကျေးမှုလွတ် လပ်ခွင့်ရှိစေရမည်"... လို့ဖော်ပြထားပါတယ်။

ဒါဟာ ၁၉၄၀ ခုနှစ်၊ မက်လ (၂၉) က်နေ့က သခင်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့ အန္ဒိယပြည် ကွန်ကရက်ညီလာခံကို မသွားခင် သခင်အောင်ဆန်း ရေးခဲ့တာဖြစ်ပြီး ပြန်အလာမှာ ဒို့ဗမာအစည်း အရုံးကြီး က ကြေငြာလိုက်တဲ့ စာတန်းတခု ထဲကပါ။


ကျွန်တော်စဉ်းစားမိတာကအထက်ကပြောခဲ့တဲ့ ဗိုလ်ချုပ်ဖြစ်ချင်ခဲ့တာလေးတွေဟာ ဘယ်လောက်ထိ အကောင်အထည် ပေါ်သွားပြီလဲ။
ဦးသိန်းစိန်အစိုးရ အနေနဲ့ပြည် သူတွေအတွက်ဘာတွေ လုပ်ပေးပြီပြီလဲ။ ဒါဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်က ဗိုလ်ချုပ်ရဲ့ပြည်သူတွေ အပေါ်ဖြစ်စေချင်တဲ့ စေတနာလေးပါ။အခုထိအကောင်အထည်မပေါ်သေးပါဘူး။

ဒီထက်ဒီဘက်ခောတ်မှာထပ်ပြီးလုပ်ပေးရမဲ့လိုအပ်ချက်လေးတွေပါရှိပါသေးတယ်။ သူရဦးရွှေမန်းတတ်မှာလား၊ အန်တီစုတတ်လာမှာလား။ ဘယ်သူကဒါတွေကိုလုပ်ပေးနိုင်မလဲဆိုတာကတော့ရှင်းပါတယ်။


အဲဒီတော့ ရှည်ရှည်ဝေးဝေးလဲ ပြောမနေချင်တော့ပါဘူး။
တကယ်တော့အခုလက်ရှိ အစိုးရအဖွဲ့ထဲမှာလည်း လုပ်ရည်ကိုင်ရည် တော်တဲ့လူတွေ ရှိပါတယ်။
ပြည်သူအပေါ် ထားတဲ့စေတနာထားမှုလေးဘဲ ကွာနေတာပါ။
ကျွန်တော် တဦးတည်းဆန္ဒကို ပြောရမယ် ဆိုရင်တော့လက်ရှိ အာဏာရပါတီ ကြံခိုင်ရေးဟာ အခုအလှည့်မှာတော့ အတိုက်ခံပါတီ လုပ်ရမယ့် အလှည့်ဖြစ်သင့်တယ်လို့ ထင်ပါတယ်။

အန်တီစုဘက်ကလည်း တိုင်းရင်းသား ပါတီတွေကတကွဲတပြား ဖြစ်မနေကြဘဲ အန်တီစုကို ၀န်းရံ ပေးလိုပါတယ်။
လက်ရှိအစိုးရ လည်းဘေးက ၀န်းရံပေးပြီး တကယ့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်အောင် ၀ိုင်းပြီးကြိုးပမ်း မယ်ဆိုရင် ကျတော်ထင်ပါတယ်။
သမ္မတသက်တမ်း (၂) ခုလောက်ဆိုအာရှရဲ့ ကျားတကောင်ဖြစ်လာမှာပါ။ ဆယ်စုနှစ်တခုလောက်တော့ ကျွန်တော်တို့ ရုန်းကန်ဖို့အတွက် အခုလာမယ့်(၂၀၁၅) တည်းက စနစ်တကျ လုပ်ကြပါစို့လို့ တိုက်တွန်းလိုက်ချင် ပါတော့တယ်။


လူမင်းခ-

မိမိတွင်အကြမ်းဖက်သမားတစ်ဦး၏ အမူအကျင့် လုံးဝမရှိဟု ဆရာတော် ဦးဝီရသူတုံ့ပြန်


Tuesday, June 25, 2013

တိုင်းမ်မဂ္ဂဇင်း က ဗုဒ္ဓဘာသာအကြမ်းဖက်ဟု သုံးနှုန်းဖော်ပြခဲ့မှုနှင့် ပတ်သက် ၍ မိမိတွင် အကြမ်းဖက်သမား များ၏ အမူအကျင့်၊ စရိုက်လက္ခ ဏာမျိုး လုံးဝမရှိကြောင်း ဆရာ တော်ဦးဝီရသူက ရန်ကုန်တိုင်းမ် သတင်းစာသို့ မိန့်သည်။

''အကြမ်းဖက်ဆိုတာ ဘာ ကို ကြည့်ပြီးပြောတာလဲ။ လက် နက်တွေကိုင်၊ အဖွဲ့အစည်းတွေ ဖွဲ့ပြီး ပြဿနာရှာ၊ အဓိကရုဏ်း တွေ ဖန်တီး စတဲ့ အကြမ်းဖက် လုပ်ရပ်တွေလုပ်တာမျိုး လုံးဝမရှိ တဲ့အတွက် ဗုဒ္ဓဘာသာအကြမ်း ဖက် လုံးဝ မဟုတ်ပါဘူး''ဟု ဆ ရာတော်ဦးဝီရသူက မိန့်သည်။ ဆရာတော်ဦးဝီရသူအား ဗုဒ္ဓဘာသာအကြမ်းဖက်ဟု တိုင်းမ် မဂ္ဂဇင်းတွင် သုံးနှုန်းဖော်ပြခဲ့ခြင်း နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မ တရုံးက ကန့်ကွက်ကြောင်း ဇွန် ၂၃ ရက်က ထုတ်ပြန်ခဲ့မှုအပေါ် တွင်လည်း ဦးဝီရသူနှင့် နိုင်ငံရေး အသိုင်းအဝိုင်း၊ လူမှုအဖွဲ့အစည်း များက ကြိုဆိုခဲ့ကြသည်။ ဆရာတော်က ''အငိုသန် တဲ့သူတွေ၊ အဆဲသန်တဲ့သူတွေ ရှိတယ်။ သူတို့တွေက အခန်းတံ ခါးပိတ်ပြီး တိုင်းမ် မဂ္ဂဇင်းစာရေး သူကို ငိုပြ၊ ဆဲပြတာတွေကို မိန်း မသားလဲဖြစ်တော့ ယုံသွားတာ ပါ။ နောက် ဧရာဝတီတို့လို အွန် လိုင်းစာမျက်နှာတွေက တစ်ဆင့် တိုက်ခိုက်လို့မရတော့ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းလိုမျိုး နေရာက နေ တိုက်ခိုက် တာဖြစ်ပါတယ်'' ဟု ဆက်လက်မိန့်သည်။ တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြ ချက်သည် နှစ်ပေါင်းထောင်ချီ ၍ တည်တံ့လာခဲ့သော မြန်မာ နိုင်ငံသားအများစု ကိုးကွယ်ရာ ဖြစ်သော ဗုဒ္ဓဘာသာ သာသနာ တော်အပေါ် အထင် အမြင်လွဲမှား စေပြီး လက်ရှိ ဆောင်ရွက်နေ သည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှုတည် ဆောက်နေခြင်းကိုလည်း ထိခိုက် စေနိုင်သောကြောင့် ကန့်ကွက် ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ကိုဇွဲ ရန်နိုင်က ''တိုင်းမ်မဂ္ဂဇင်းက ဒီလိုဖော်ပြထားတာကိုကျွန်တော် မြန်မာနိုင်ငံသား လူငယ်တစ် ဦးအနေနဲ့ ကန့်ကွက်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာကြီးတစ်ခုလုံး ကို အပုပ်ချ လိုက်တယ် လို့ယူဆပါ တယ်။ ဘာသာရေးလှုပ်ရှားနေ သူတွေက ဒီကိစ္စကိုမခံနိုင်ဖြစ်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးလို့ သမ္မတရုံးက ထုတ် လိုက်တယ်လို့မြင်ပါတယ်။ သမ္မ တရုံးက ဒီလိုထုတ်ပြန်လိုက်တာ ကောင်း ပါ တယ်။ ကြိုဆို ပါတယ်'' ဟုပြောသည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ချုပ်မှ ဦးမြင့် ဝင်းမောင်က ''ဒီကိစ္စက မလေး ရှားမှာဖြစ်တဲ့ ပြဿနာထက် ပို ပြီး သက်ရောက်မှုပြင်းပါတယ်။ သက်ရောက်မှု ပြင်းတယ်ဆိုတာ က ဗုဒ္ဓဘာသာကိုထိခိုက်စေပါ တယ်။ နိုင်ငံတော် က တရားဝင် ကန့်ကွက်ပြောဆိုတာကို ထောက် ခံပါတယ်''ဟုပြောသည်။

နိုင်ငံတော်သမ္မတ၏ပြော ရေးဆိုခွင့်ရှိသူဦးရဲထွဋ်က ''တိုင်းမ် မဂ္ဂဇင်းက ဆောင်းပါးရေးသား ထားတာကို ကြည့်လိုက်တဲ့အ ခါ နှစ်ဖက်ဖြစ် ပွားနေတဲ့ အခြေ အနေကို မျှမျှတတရေးထားတာ မရှိဘူး။ ဗုဒ္ဓဘာသာတွေက အ ကြမ်းဖက် နေတယ်လို့ ယူဆပြီး ရေးထားတာတွေ့ရတယ်။ အဆိုးဆုံး ကတော့ အဖုံးမှာဖော်ပြထား တဲ့ပုံနဲ့ ဗုဒ္ဓဘာသာအကြမ်းဖက် နေတယ်ဆိုတာကို လုံးဝ ကန့် ကွက် တယ်။ ဒါကြောင့်သမ္မတရုံးရဲ့ အ မြင်နဲ့ ထုတ်ပြန် ရခြင်း ဖြစ်တယ်'' ဟုပြောသည်။ ဆရာတော်ဦးဝီရသူက ''ပြည်တွင်းပြည်ပက ရဟန်းရှင် လူတွေ ဒီလောက်ထောက်ခံလိမ့် မယ် မထင်ခဲ့ဘူး။ သမ္မတရုံးနဲ့ ရဟန်း ရှင်လူ ပြည်သူ တွေအား လုံးကို ကျေးဇူးတင်ပါတယ်။ ဆရာတော် လျှောက်လှမ်းနေ တဲ့ လမ်းကြောင်းကိုလဲ အတိမ်း အစောင်းမခံဘဲနဲ့ ဆက်လက် လျှောက်လှမ်းသွားပါမယ်''ဟု မိန့်သည်။

ရွှေရည် ၊ လင်းအောင်

YMG

နော်ဝေမှ Telenor နှင့် ကာတာမှ Ooredoo တို့ မြန်မာ့ဆက်သွယ်ရေး တင်ဒါ အနိုင်ရရှိ


==========================================
ဧရာဝတီ
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန် အတွက် နော်ဝေ နိုင်ငံမှ Telenor ကုမ္ပဏီနှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့ တင်ဒါ အောင်မြင်ခဲ့ကြောင်း ဆက်သွယ်ရေးတင်ဒါ လိုင်စင် စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ ညနေ ၅ နာရီတွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

Orange နှင့် Marubeni ကုမ္ပဏီတို့ကို အရန်စာရင်း အဖြစ် ရွေးချယ်ထားကြောင်း၊ တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ နှစ်ခုကို ဆက်သွယ်ရေး လိုင်စင် ဆက်လက် ချထားပေးမည်ဖြစ်ပြီး အသစ်ထွက်ရှိလာမည့် ဆက်သွယ်ရေးဥပဒေပါ အချက်အလက် များကိုလည်း လိုက်နာရမည် ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင်ပါဝင်သည်။

“သူတို့တင်ဒါမှာ သွင်းထားတဲ့ ဝန်ဆောင်မှုတွေ စလုပ်တော့မယ်။ စာချုပ်ချုပ်ရင်တော့ ဆက်သွယ်ရေး ဥပဒေနဲ့အညီ ချုပ်ရမှာပေါ့။ သူတို့ အခုလုပ်တဲ့ ကိစ္စတွေထဲက စည်းကမ်းနဲ့ မကိုက်ရင် ပြန်ပြင်ရမှာပေါ့၊ တင်ဒါအောင်တယ် ဆိုပေမယ့် ပြင်ဆင်ရတာတွေ ရှိအုံးမှာပါ။ လွှတ်တော်ဘက်ကလည်း ဆက်သွယ်ရေး ဥပဒေကြမ်းကို ဒီကာလထဲမှာ အမြန်ဆုံး အတည်ပြုနိုင်အောင် ကြိုးစားမှာပါ” ဟု ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

ဆက်သွယ်ရေးတင်ဒါ လိုင်စင်စိစစ် ရွေးချယ်ရေးအဖွဲ့က သင့်တော်မည်ဟု ထောက်ခံထားသည့် ကုမ္ပဏီများကို အစိုးရက လက်ခံ သဘောတူသဖြင့် ဆက်သွယ်ရေးတင်ဒါ အနိုင်ပေးလိုက်သည်ဟု သိရသည်။

Telenor ကုမ္ပဏီ၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ၎င်းတို့ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်တင်ဒါကို ခက်ခက်ခဲခဲ အောင်မြင်ခဲ့ကြောင်း၊ ၎င်းတို့ကို မြန်မာအစိုးရက တင်ဒါ အနိုင်ပေး၍ ဆက်သွယ်ရေး လုပ်ငန်းလုပ်ပိုင်ခွင့် ချပေးခြင်းသည် မြန်မာပြည် သွားနေသည့် ပန်းတိုင်သို့ ရောက်ရန် Telenor က တနည်းတဖုံ ကူညီနိုင်မည့် အခွင့်အရေးရသည်ဟု ယူဆကြောင်း အဆိုပါ ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် Jon Fredrik Baksaas ၏ ပြောဆိုထားသည်။

“မြန်မာနိုင်ငံဟာ ကျနော်တို့ ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နည်းဗျူဟာမှာ အရေးပါတဲ့ ထောက်တိုင် ဖြစ်လာမှာပါ။ မြန်မာနိုင်ငံသား အားလုံးအတွက် မိုဘိုင်း ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်အောင် ပြိုင်ဘက် ကုမ္ပဏီတွေကို တွန်းအားပေး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုထားသည်။

လာမည့် ၂၀၁၄ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှ စတင်၍ ပြည်တွင်း၌ Telenor ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ပြည်တွင်းကုမ္ပဏီ ၂ ခု အဖြစ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ လည်းကောင်း၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီအား အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်း၍လည်းကောင်း ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ချထားပေးရန် စီစဉ်ထားရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်သွယ်ရေး ဥပဒေ ထွက်လာပြီးမှသာ တင်ဒါ အောင်မြင်သည့် စာရင်းကို ကြေညာရန် ယမန်နေ့က လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သော်လည်း သမ္မတက အကောင်းဆုံး ဆောင်ရွက်ရန် အားပေးသည့်အတွက် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ ၂ ခု စာရင်းကို ယနေ့ ကြေညာခြင်းဖြစ်ကြောင်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းတင်ဒါ ခေါ်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ယနေ့ နံနက်ပိုင်းက ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ကြေညာချက်တွင် တင်ဒါ တင်သွင်းလာသည့် ပြည်တွင်း ပြည်ပကုမ္ပဏီ ၉၁ ခု အနက်မှ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်၍ ပဏာမအဖြစ် ကုမ္ပဏီ ၁၂ ခု ရွေးချယ်ခဲ့ပါကြောင်း၊ ၎င်းအနက်မှ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၂ ခုအား အပြီးသတ် ရွေးချယ်နိုင်ခဲ့ကြောင်း၊ ၎င်းတို့နှင့် သက်ဆိုင်သော သတင်းအချက် အလက် များကို ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးသို့ ရှင်းလင်းတင်ပြ၍ လမ်းညွှန်ချက် ရယူကာ ဥပဒေနှင့်အညီ လိုင်စင်ချထားပေးမည် ဖြစ်ကြောင်း၊ ပြည်ပကုမ္ပဏီ ရွေးချယ်လိုခြင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်ရန်နှင့် ၎င်းတို့ထံမှ အဆင့်မြင့် နည်းပညာများ မျှဝေရရှိနိုင်ရန် ဖြစ်ကြောင်း အစရှိသည်ဖြင့် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်း သုံးစွဲနိုင်မှုသည် လူဦးရေ ၇ ဒဿမ ၈ ရာခိုင်နှုန်းသာ ရှိပြီး အာဆီယံ ၁၀ နိုင်ငံ၏ နံပါတ် ၁၀ နေရာတွင်သာ ရှိကြောင်း သိရသည်။

ဧရာဝတီ

အဓမ္မ သိမ်းထားသည့် လယ်မြေများထဲမှ ဧက ၂၀ ကို သမ္မတ ယူထား


======================================
ဧရာဝတီ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ယခင်က အဓမ္မ လယ်မြေသိမ်းမှုများ၌ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ပါဝင်နေပြီး တောင်သူလယ်သမားများက ယင်းလယ်မြေများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုထားကြောင်း သိရသည်။

၂၀၀၇ ခုနှစ်တွင် လယ်မြေဧက ၆၀၀ ကျော်ကို စီမံကိန်းအတွက်ဟုဆိုပြီး သိမ်းယူခဲ့ရာ ဗိုလ်ချုပ်များ၊ ဗိုလ်မှူးကြီးများနှင့် လက်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ကြီးများ ပါဝင်ကြောင်း၊ ထို သိမ်းယူခဲ့သည့် လယ်မြေများထဲမှ သမ္မတ ဦးသိန်းစိန်က လယ်ဧက ၂၀ ယူခဲ့ခြင်းဖြစ်ကြောင်း လယ်မြေသိမ်းခံရသည့် ဒေသခံများက စွပ်စွဲပြောဆိုထားသည်။

“ကျနော်တို့ လယ်မြေတွေကို အစက စီမံကိန်းအတွက် ဆိုပြီး အတင်းသိမ်းတယ်။ အခုဆို စီမံကိန်းလုပ်ပြီး ပိုတဲ့မြေတွေ ရှိနေတာကြာပြီ။ ဒါတွေကို ကျနော်တို့ ပြန်ပြီး လုပ်ကိုင်စားချင်တယ်။ သမ္မတခြံဆိုတာ ဒီမှာ အတော် နာမည်ကြီးပါတယ်။ သမ္မတခြံအတွက် မြေဧက ၂၀ အသုံးပြုထားတယ်။ ၁၀ ဧကကိုပဲ သမ္မတက လျော်ကြေးငွေ ပေးပါတယ်။ ၁ ဧကကို ၂ သိန်းနှုန်းနဲ့ပါ။ ကျန်တဲ့ ၁၀ ဧကကို လျော်ကြေးမပေးဘဲ ဒီအတိုင်း သိမ်းထားတာပါ” ဟု နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာမှ ဦးကိုကိုက ဧရာဝတီသို့ ပြောသည်။

သမ္မတ သိမ်းဆည်းထားသည် ဆိုသည့် လယ်ယာမြေပိုင်ရှင်များမှာ နေပြည်တော် ပုဗ္ပသီရိမြို့နယ်၊ ၀ဲကြီးအုပ်စု၊ ၀ံကြီးကျေးရွာတွင် နေထိုင်သူများ ဖြစ်ကြပြီး ဦးပေါက်စ၊ ဦးတင်စိုးနှင့် ဦးမောင်လေးတို့၏ ယာမြေဧက ၄.၅၀ ဧက၊ ဦးတင်ငွေ၏ ယာမြေဧက ၄.၆၀ ဧကနှင့် ဦးအောင်တင့်၏ ယာမြေဧက ၅ ဧကတို့ဖြစ်ကြောင်း သိရသည်။ ကျန်မြေဧက ပိုင်ရှင်များကိုမှု ဆက်သွယ်၍ မရသေးပေ။

စစ်အစိုးရ လက်ထက်တွင် ၂၀၀၆ ခုနှစ်မှ စတင်ပြီး ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ် နယ်နိမိတ် အတွင်းရှိ စုစုပေါင်း မြေဧက ၁၃၀၀ ကျော်ကို သိမ်းဆည်းထားကာ ဆောက်လုပ်ရေး စီမံကိန်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းများ ဆောင်ရွက်ပြီးနောက် လက်ရှိ အနေထားအရ မလိုအပ်သည့် ကျန်ရှိ မြေဧကများကို တောင်သူ လယ်သမားများအား ပြန်မပေးဘဲ သမ္မတနှင့် ဗိုလ်ချုပ်ကြီးများက ဆက်လက် သိမ်းဆည်းထားကြောင်း ၀ဲကြီးကျေးရွာရှိ သိမ်းဆည်းခံ လယ်သမားများက ဆိုသည်။

လက်ရှိ သမ္မတ ဦးသိန်းစိန်၊ လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တခြား ဗိုလ်ချုပ် ၈ ဦးတိုက သိမ်းဆည်းခဲ့သည့် လယ်မြေ ဧက ၆၀၀ ကျော်ရှိကြောင်း ၀ဲကြီးကျေးရွာ ဒေသခံ ကိုဇော်လတ်က ပြောသည်။

“စစ်ဗိုလ်ချုပ်တွေ သိမ်းထားတဲ လယ်မြေဧကကိုက ၆၀၀ ကျော်လောက် ရှိတယ်။ ဒီထဲမှာ ဗိုလ်ချုပ် မောင်မောင်လတ်တို့၊ ဗိုလ်ချုပ် ခင်မောင်သန်းတို့လည်း ပါတယ်။ ၀န်ကြီး ဦးအုန်းမြင့်လည်း ပါတယ်။ သူတို့တွေက ကျနော်တို့ လယ်တွေကို သိမ်းထားပြီး မြေဧကတွေကို ကုမ္ပဏီတွေကို ပြန်ရောင်းစားတယ်၊ သူတို့ကိုယ်ပိုင် ခြံတွေအဖြစ်လည်း လုပ်နေကြတာတွေ ရှိတယ်။ သူတို့တွေက အဲဒီလို မတရား လုပ်ထားတော့ အောက်က ကျေးရွာဥက္ကဌ၊ မြေတိုင်းစာရေးတွေကပါ ကျနော်တို့ ကျေးရွာသူ၊ ကျေးရွာသားတွေ ပိုင်ဆိုင်တဲ့ မြေဧကတွေကို ရောင်းစားနေကြတယ်။ အခုလက်ရှိပဲ မန္တလေးက တရုတ်သူဌေးကို ၁ ဧကကို ၄ သိန်းခွဲနဲ့ သူတို့ ရောင်းစားနေတာ။ ဒါကို ကျနော်က တိုင်တော့ ပုဗ္ဗသီရိမြို့က တရားရုံးက ကျနော့်အမှုကို ပလပ်တယ်။ သူတို့က ကျနော့်ကို ပုဒ်မ ၄၄၇ (ကျူးကျော်မှု) နဲ့ တရားစွဲတာကြတော့ တရားရုံးက လက်ခံပြီး စစ်ဆေးတယ်။ အခု ကျနော် တရားရင်ဆိုင်နေရပါတယ်” ဟု ကိုဇော်လတ်က ဆက်ပြောသည်။

ကိုဇော်လတ်သည် ထိုသို့ တရားစွဲခံရသည့်အတွက် ဇွန်လ ၂၅ ရက်နေ့က ပထမဆုံး ရုံးချိန်းသွားခဲ့ရကြောင်း သိရသည်။

ကိုဇော်လတ်က ဆက်လက်၍ “ကျနော်တို့ ကျေးရွာက ပိုင်ဆိုင်တဲ့ လယ်သမားတွေရဲ့ မြေဧက ၅၀၀ ကျော်ကို သိမ်းထားတာ။ အဲဒီထဲက စီမံကိန်း တခုဖြစ်တဲ့ သတင်းစာတိုက်အတွက် မြေဧက ၁၀၀ ကျော် သုံးပြီးသွားပြီ။ ကျန်တဲ့ မြေဧက ၄၀၀ မှာကို ကျနော်တို့က လုပ်ကိုင်စားဖို့အတွက် ပြန်တောင်းတာပါ။ ကျနော်တို့က ရောင်းလည်း မရောင်းချင်ဘူး။ ကိုယ့်မြေကို လယ်စိုက်တာဖြစ်ဖြစ်၊ ရာသီပေါ် သီးနှံ စိုက်စားတာပဲဖြစ်ဖြစ် ကျနော်တို့က လုပ်ကိုင်စားချင်တယ်။ ဒီလယ်ယာမြေတွေ ဆိုတာ ကျနော်တို့ အဖိုးအဖွားတွေ လုပ်ကိုင်စားလာတာ နှစ်ပေါင်း ၅၀ ကျော်နေပါပြီ။ ကျနော်တို့မှာ ပိုင်ဆိုင်မှု သက်သေတွေ ပြနိုင်ပါတယ်” ဟု ပြောသည်။

ယခုလ ၂ ရက်နေ့က ရန်ကုန်တိုင်း သုဝဏ္ဏ အားကစားကွင်း၊ အမျိုးသားအားကစားရုံ (၁) တွင် ကျင်းပသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်က အစိုးရအနေဖြင့် ဆင်းရဲမွဲတေမှု လျှော့ချရန် ပြည်တွင်းပြည်ပမှ ရရှိသော ထောက်ပံ့ချေးငွေများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည် အပြင် အကြောင်းကြောင်းကြောင့် လယ်ယာဆုံးရှုံးခဲ့ကြသော တောင်သူ လယ်သမားများအတွက်လည်း ဥပဒေနှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) ၏ မန္တလေးတိုင်း တာဝန်ခံ ကိုစောလှအောင်က “သမ္မတကိုယ်တိုင် ပြောထားတဲ့ စကားအတိုင်း ရှိနေပြီးသားပါ။ ဒါပေမယ့် သမ္မတကိုယ်တိုင် ဒီလို သိမ်းဆည်းထားတယ် ဆိုတာတော့ မကောင်းဘူးထင်တယ်။ သမ္မတကိုယ်တိုင် တောင်သူလယ်သမားတွေ အရေးမှာ စံပြဖြစ်ဖို့လိုတယ်။ ဒါမှလည်း တိုင်းပြည်အနာဂတ် ပိုမိုလှပသွားမှာပါ။ အဲလိုမှ မဟုတ်ဘူးဆိုရင် ပြည်သူလူထုရဲ့ အယုံကြည် ကင်းမဲ့သွားတာမျိုးတွေ သမ္မတ ကြုံတွေ့ရနိုင်ပါတယ်” ဟု ပြောသည်။

သိမ်းဆည်းထားသည့် မြေယာများထဲမှာ သမ္မတ ဦးသိန်းစိန်က ဧက ၂၀ ယူထားခြင်းနှင့် ပတ်သက်၍ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဒုဝန်ကြီး ဦးရဲထွဋ်နှင့် ပုဗ္ဗသီရိမြို့နယ်ကိုယ်စားပြု အမတ် ဦးဖြိုးဇေယျာသော်တို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မြန်မာနိုင်ငံ တ၀န်းလုံးတွင် အကြောင်းအမျိုးမျိုးဖြင့် စစ်တပ်မှ သိမ်းဆည်းထားသည့် လယ်မြေဧကပေါင်း ၂၄၇၀၇၇.၀၆ ဧက ရှိကြောင်း၊ လက်ရှိ မြို့ ပြတိုးချဲ့တည်ဆောက်ရေးနှင့် စက်မှုဇုန် တည်ဆောက်ရေးအတွက် သိမ်းဆည်းခံရသည့် မြေဧက ၁၀၉၆၃၄.၁၅ ဧက ရှိကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အမရပူရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောသည်။

ဧရာဝတီ

အရှင်ဝီရသူ သူ့အလုပ်သူလုပ်နေတာပါ

  (ဆောင်းပါးရှင် ကျော်ကျော်ခိုင်)
Posted: 27 Jun 2013 04:13 AM PDT
အရှင်ဝီရသူ သူ့အလုပ်သူလုပ်နေတာပါ 
(ဆောင်းပါးရှင်  ကျော်ကျော်ခိုင်) 

ဗုဒ္ဓ၏သားတော် အရှင်ဝီရသူ အမည်ရတဲ့ သံဃာတော်တပါးဟာ ရှေးနှစ်များစွာကတည်းက သံဃာအလုပ်လုပ်ပါတယ်။ ဘာသာသာသနာ တည်တံ့ခိုင်မြဲစေရေးမှာလည်း ကိုယ့်နိုင်ငံအတွင်းမှာ ကိုယ်နေပြီး ကိုယ်ရဲ့ကိုးကွယ်ရာ ဘာသာသာသနာကို ထိပါးစော်ကားခံနေရတာကို သိနေတာကြောင့် သည်းခံတတ်လွန်းပြီးအလွန်သဘောကောင်းလှတဲ့မြန်မာတွေ၊ ကိုယ်တိုင်ထိမှနာမှန်းသိတတ်တဲ့မြန်မာတွေ ကောက်ရိုးမီးစိတ်ဓါတ်နဲ့မြန်မာတွေကို အသိပညာပေးတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့ရတယ်။

ပညာရေးအတွက်လည်း “လောကအလင်း” ပညာဒါန ကျူရှင်ကျောင်းကိုလည်း ဖွင့်လှစ်ပေးထားပြီး ၂၀၁၂- ၂၀၁၃ ပညာသင်နှစ်မှာဆိုယင် ကျောင်းသားကျောင်းသူ ၄၉ ဦးမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူကလေးတဦးက ရူပဗေဒဂုဏ်ထူး၊ ခရစ်ယာန်ဘာသာဝင် ကလေးနှစ်ဦးအပါအဝင် စုစုပေါင်း ကလေး ၁၅ဦး အောင်မြင်မူရရှိခဲ့ပါတယ်။ ဆရာတော်ဟာ လူမျိုးဘာသာခွဲခြားခြင်းမရှိသော်လည်း ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးကတော့ ဘာသာသာသနာကို ထိပါးလာနေသူတွေ ရှိနေတဲ့အတွက်သာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာသာသာသနာကာကွယ်ရေးအတွက် အသိပညာပေးခြင်းကိုတော့ ယခင်ကပင် သမားရိုးကျလုပ်ခဲ့ပါတယ်။ ဆရာတော်အပြင် အခြား အမျိုးဘာသာသာသနာကို ချစ်မြတ်နို်းပြီး ကာကွယ် စောင့်ရှောက်စေချင်တဲ့ အသိအမြင်ကျယ်သူ သံဃာ လူပုဂ္ဂိုလ်များလည်း ဟောကြားခဲ့တာပါပဲ။ မြန်မာတွေ ဘယ်လောက်သည်းခံမှု အားကောင်းသလည်းဆိုယင် မြန်မာမလေးတွေကို ပညာရေးအဆင့်လိုက်ပြီး မိဘအဆင့်လိုက်ပြီး ယူနိုင်ရင် ဗလီကထောက်ပံကြေးပေးမယ်ဆိုတာ သတင်းတွေရအထောက်အထားတွေ ရတာတောင် ရီမောနေနိုင်ကြတဲ့သူတွေပါ။

မြန်မာမအချို့ ဗုဒ္ဓဘုရားပုံတော်ကို ခြေနဲ့နင်းပြပြီးမှ မွတ်ဆလင် ဇာတ်ကိုသွင်းခဲ့တာတွေ သိရလည်း ဒီနေ့မကျေမနပ်ပြောပြီး မနက်ဖြန်ဆိုမေ့ထားခဲ့ကြတာပါ။ ဘာမှ ပဋိပက္ခမဖြစ်ခဲ့ကြပါဘူး။ မဖြစ်တော့ လူ့အခွင့်အရေးတွေ လူအများစုလူနည်းစုတွေလည်း မအော်ကြပါဘူး။ ဆရာတော်ကလည်း ကာကွယ်စောင့်ရှောက်ဖို့ ကိုယ့်တာကိုယ်လုံဖို့ သတိပေးတာကလွဲလို့ ဘာမှရန်ရှာဖို့ မတိုက်တွန်းခဲ့ပါဘူး။ ဒါလုပ်သင့်ပါတယ်။ လုပ်ပိုင်ခွင့်ရှိပါတယ်။ ရှင်းနေတာက ဆရာတော် အရှင်ဝီရသူဟာ ယခု ဗုဒ္ဓဘာသာနဲ့မွတ်ဆလင်ဘာသာရေးအသွင်ဖြစ်တယ်ဆိုတာမှာ လှုံ့ဆော်သူမဟုတ်ခဲ့ဘူးဆိုတာပဲ။ ဘာကြောင့်လည်းဆိုတော့ ယခုဖြစ်ပွားလာတာတွေဟာ ဘင်္ဂလီကရခိုင်မှာပြဿနာစပြီးနောက်ပိုင်း ဘာသာရေးနဲ့လူမျိုးရေးအသွင် ပြောင်းပစ်လိုက်တာက စခဲ့တာမို့ပါ။ အချို့ပညာယှိပညာတတ်ကြီးများက အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတရားပေါ်မှာပဲလိုက်ပြီး သံဃာသံဃာအလုပ် လုပ်ပါ၊ လှူုအခွင့်အရေး ဘာသာရေးပြဿနာဖန်တီးသူ အကြမ်းဖက်ဘင်လာဒင်နဲ့နှိုင်းသူနှိုင်း အချစ်ဂျီဟတ်ပြောလိုပြော နောက်ဆုံး ဝီရသူ ဘာညာဆိုပြီးတောင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ပြောလာကြတယ်။ အပြင်လူနဲ့ ကိုယ့်အိမ်သားပြဿနာဖြစ်တယ် ကိုယ့်အိမ်သားမှန်တယ်။ ဒါပေမယ့်သူများကို မပြောရဲတော့ ကိုယ့်လူကိုပဲ ပြန်ပြီးအော်ငေါက်နေတဲ့သူတွေ လိုပဲခင်ဗျ။ ခဲပစ်တဲ့သူကို မလိုက်ပဲ ခဲနောက်လိုက်နေသလိုပဲ မြင်မိပါတယ်။
ပြောနေတာတချို့ကိုအရင်ရှင်းချင်ပါတယ်။

လူ့အခွင့်အရေးသမားကတော့ နေရာတိုင်း ဒါကြီးပဲကိုင်ပြောနေလို့ ရှုထောင့်အစုံကနေကြည့်မပြောတတ်တဲ့ ငါ့စကားနွားရသမားများဖြစ်လို့ ချန်လိုက်ပါပြီး။ တချို့က ဘာသာရေးနဲ့တောင်ကိုင်ပေါက်လိုက်သေး။ ငါက မဟာစည်ဆရာတော်ကြီး ကိုယ်တော်တိုင် ဆံချပေးခဲ့ရတဲ့သူ၊အရှင်ဝီရသူကို ဝီရသူခေါ်မယ်ပေါ့။ အချို့က ဘုရားလက်ထက်တော်မှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘာသာခြားနဲ့ယူခဲ့တာ ဘုရားတောင်ဘာမှမပြောဘူးဆိုပဲ။ အဲဒီခေတ်က ဘာသာခြားဆိုတာ ဟိန္ဒူ၊ ဒါပေမယ့် ငါ့ဘာသာထဲဝင်ရမယ်အတင်းမခေါ်ဘူး။

ဒီကနေ့လို ဘာသာရေးနဲ့ ယှဉ်တဲ့အိမ်ထောင်ခန်းပြဿနာ မရှိဘူး။ ငါ့ဘာသာဝင်ရင်ဝင် မဟုတ်ရင် အကုန်သတ်မယ်ဆိုပြီး ဓါးကြိမ်း ကြိမ်းတာမရှိဘူး။ ဘာသာဝါဒအယူပြိုင်ကြတာပဲ ရှိခဲ့တယ်။ နှစ်ပေါင်း ၅၀၀-၁၀၀၀ လောက်မှ အခြား ဘာသာကြီးတွေ ပေါ်လာပြီး စစ်တိုက်သာသနာပြုတာတွေ ပေါ်ပေါက်လာခဲ့တာပဲ။ ကမ္ဘာကျော် TIME မဂ္ဂဇင်း ဟာ ဘာသာရေး အစွန်းရောက်မှု၊ ဘာသာရေး အကြမ်းဖက်လှုံဆော်မှုတွေ ကို ကမ္ဘာ့ပြည်သူတွေ သိရှိအောင် ထုတ်ဝေရေးသားဖော်ပြလေ့ရှိတဲ့ ကမ္ဘာကျော်မဂ္ဂဇင်း ကြီးတစောင်ဖြစ်တယ်ဆိုပဲ။ ဘာပဲဖြစ်ဖြစ် ဝါဒဖြန့်မှုမှာ အမေရိကန်ထောက်လှမ်းရေးခြေရာလက်ရာ ရှိတယ်ဆိုတာမမေ့ပါနဲ့။ ပြီးတော့ မွတ်ဆလင် အစွန်းရောက်ဆိုတာဖြစ်လာတာလည်း အမေရိကန်ရဲ့စွပ်စွဲချက်နဲ့တိုက်ခိုက်မူတွေ တာဝန်မကင်းဘူး။ ဘင်လာဒင်နဲ့ အယ်လ်ခိုင်းဒါးကို ဘာသာရေးအကြမ်းဖက်ပြောချင်ရင် မှန်နိုင်မယ် လက်နက်ကိုင်ပြီး ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးနေကြတာကိုး။

ဗုဒ္ဓဘာသာနဲ့ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေခဲ့တာတွေဟာ အကြမ်းဘက်လှုံ့ဆော်မူကြောင့်မဟုတ်ဘူး။ လက်နက်ကိုင်ပြီးပစ်ခတ်တိုက်ခိုက်ပြီး မူဆလင်လူမျိုးတွေကို ဖျောက်ဖျက်နေတာမဟုတ်ဘူး။ လုံးဝကွဲပြားတဲ့အခြေအနေပါ။ ဆရာတော် အရှင်ဝီရသူက လှုံ့ဆော်တိုက်တွန်းလို့ မဟုတ်ဘူး။ TIME မဂ္ဂဇင်းကို ဘုရားစင်ပေါ်သာတင်ထားပါလေ။ ဆရာတော် အရှင်ဝီရသူဟာ သံဃာစစ်စစ်ဖြစ်တာကြောင့် ဓမ္မ န္တရာယ် သံဃာစိမ်ရေသင့်နိုင်တယ်ဆိုတာမမေ့ကြပါနဲ့။ ပါရာဇိက ဟန်ဆောင်ဘုန်းကြီး မဟုတ်ပါဘူး။

အခု မျိုးစောင့်ဥပဒေဖြစ်ပေါ်လာရခြင်းရဲ့အခြေခံတခုဖြစ်တဲ့ ဗုဒ္ဓဘာသာနဲ့မူဆလင်ပဋ္ဋိပက္ခဗုံး ပေါက်ကွဲသွားရခြင်း အကြောင်းတရားကို ဗုံးတလုံးကိုနမူနာထားပြီး တင်ပြချင်ပါတယ်။ ဗုံးကိုယ်ထည် ကတော့ ပထမ BBC ကထုတ်လုပ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှင်မဖြူကျွန်းအရေးပေါ်ပေါက်ကတည်းက မြန်မာတပြည်လုံး အမျိုးနဲ့နိုင်ငံချစ်သူတိုင်း ရင်မှာဝမ်းပန်းတနဲခံစားနေခဲ့ကြရတာပါ။ ဒါတောင် ရခိုင်သမိုင်းမဖတ်ဖူးတဲ့ ပညာယှိကြီး တယောက်က တရားရုံးမျှတကြောင်း၊ မြန်မာတွေပြောနေတဲ့ ရှင်မဖြူ ကျွန်းဆိုတာတောင် သူစိတ်အထင် ယခုအငြင်းပွားနေတဲ့ကျွန်းမဟုတ်ပါဘူးတဲ့ခင်ဗျာ။ ဘီဘီစီကလည်း ရခိုင်ပြည်နယ်မြေပုံပေါ်မှာ ဘင်္ဂလီလေးတွေဗလီတက်နေပုံနဲ့ တင်ထားခဲ့ပါတယ်။ ကမ္ဘာကျော်ဘီဘီစီကြီး မို့ အချို့ကထောက်ခံနေဦးမလား။ 


 အဲဒီကတည်းက ဒေါသတွေအလိပ်လိုက်တက်နေပါပြီး။ မကြာပါဘူး ရခိုင်တိုင်းရင်းသူ မသီတာထွေးကို ဘင်္ဂလီသုံးဦးက မုဒိန်းကျင့်လည်လှီးသတ်ဖြတ်ခဲ့တဲ့မူခင်း ပေါ်ထွက်လာပါတယ်။ ဒါလည်း အချို့ကတမင်ဖန်တီးတလိုပြောကြပါတယ်။ ကုလားလေးသုံးဦးကို မင်းတို့ မုဒိန်းသွားကျင့်ပြီးသတ်ခဲ့လို့ ခိုင်းခဲ့တယ်များထင်နေလား။ ပြီးတော့ ဒီလိုပြဿနာမျိုးတွေ ရခိုင်လူမျိုးတွေ ခံစားခဲ့ရတာ ကြာလှပါပြီ။ မသီတာထွေးကျမှ လူသိရှင်ကြားပေါ်လာတာပါ။ သတင်းစာမှာပါတဲ့ မူဆလင်လို့ သုံးနှုန်းခဲ့တာက သတင်းရေးတင်ရာမှာ ဒီလိုမူခင်းသတင်းကို ဝန်ကြီးအဆင့်ထိမတင်ပါဘူး။ 

သတင်းအယ်ဒီတာလောက်ကသာ ကိုင်တွယ်ပါတယ်။ သမားရိုးကျပါပဲ။ အဲဒီဒေသမှာ ရိုဟင်ဂျာလူမျိုးရယ် လို့ ဘယ်သူမှမသိဘူး။ ဘင်္ဂလီိဆိုတာတောင် ပြည်မနေသူတွေသိပ်မသိကြဘူး။ ဘင်္ဂလားကခိုးဝင်လာတဲ့ ကုလားလူမျိုးတွေလို့သာ သိကြတာပါ။ ဒါနိုင်ငံရေးသမားအချို့လည်း မသိကြပါဘူး။ ရောက်လည်း မရောက်ဘူးကြပါဘူး။ အဲဒီတော့ ရခိုင်တိုင်းရင်းသားနဲ့ဖြစ်တာ လူမျိုးမဖေါ်ပြနိုင်ပဲ မူဆလင်လူမျိုးသုံးဦး ဆိုတာဖြစ်သွားပါတယ်။ အဲဒီမှာ ပြည်မကမူဆလင်တွေ ကန့်ကွက်ကြတော့တာပါပဲ။ ပြည်မကမူဆလင် တချို့လည်း ရခိုင်ပြည်နယ်ထဲသွားပြီး ဒေါသရဲ့တုံ့ပြန်မူကိုခံစားသွားရတာလည်း ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ပြည်မကမူဆလင်အချို့ ဘင်္ဂလီများနဲ့ ဘာသာရေးစီးပွားရေးအဆက်အသွယ်ရှိနေပါတယ်။
ပြည်မကနေသူတွေသိထားတာက ပြည်မကအိန္ဒိယသွေးပါသူများဟာ ဘိုးဘွားဘီဘင်များ လက်ထက်က ပေါက်ဖွားလာတဲ့ မြန်မာနိုင်ငံသားတွေဆိုတာပါ။ ဘာသာကတော့ မူဆလင်ဟိန္ဒူစသဖြင့်။ ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီဆိုတာနဲ့ မူဆလင်ဘာသာတူတာကလွဲပြီး လူမျိုးမတူဘူးဆိုတာလောက်ပါပဲ။


 မောင်တောမှာ ကုလသမဂ္ဂဝန်ထမ်းဘင်္ဂလီလူမျိုးပါဝင်တဲ့ ဘင်္ဂလီအုပ်စုကြီးက ဒေသခံရခိုင်လူမျိုးတွေကို အကြမ်းဘက်တိုက်ခိုက်မူလုပ်ခဲ့ပါတယ်။ ဒီလို ရခိုင်လူမျိုးတွေ ရှေးကလည်းခံစားခဲ့ရဘူးပါတယ်။ အခုတော့ ရခိုင်လူမျိုးတွေကလည်း နေရာဒေသအနှံ့ တန်ပြန်ခဲ့ကြတာကြောင့် ရခိုင်-ဘင်္ဂလီအရေးအခင်းပေါ်ခဲ့တယ်။ အဲဒီမှာ ဇာတ်လမ်းစပါတယ်။ ဗုံးကိုယ်ထည်ထဲကို ပင်မယမ်းဖြည့်သွင်းပေးသူကတော့ ကုလသမဂ္ဂက လူ့အခွင့်အရေးတာဝန်ခံ မစ္စတာ ကင်တားနားပါပဲ။ သုတ်သီးသုတ်ပြာနဲ့ရောက်ချလာခဲ့တယ်။ တကမ္ဘာလုံး ကင်တားနား ဘာပြောမလဲစောင့်နားထောင်ခဲ့ကြတယ်။ ကင်တားနားဟာ ဘင်္ဂလီတွေဘက်က ရိုဟင်ဂျာမူဆလင်တွေက မတရားအလုပ်ခံခဲ့ကြရသယောင် ပြဿနာကိုလှည့်လိုက်တယ်။ 

သူ့ကို မောင်တောမှာ ဆန္ဒအပြခံ ခဲ့ရတာကိုလည်း နှစ်သက်ပုံမရသလို အငြိုးလည်းထားခဲ့ပုံရပါတယ်။ ကင်တားနားသတင်းစာရှင်းပြီးတာနဲ့ မူဆလင်နိုင်ငံတွေကလည်း ငါးရံ့ပြာလူးပြကြတော့တယ်။ အဲဒါကင်တားနားရဲ့ပင်မယမ်းထဲထည့်လိုက်တဲ့ စံနက်တံဖြစ်ပါတယ်။ မလေးရှား တူရကီ OIC တို့ လာရောက်လေ့လာမယ် ထောက်ပံ့မယ်တွေ ဖြစ်လာခဲ့တယ်။ ပြည်တွင်းပြည်ပက ဘင်္ဂလီ တွေကလည်း အဲဒီမှာ လူမျိုးရေးဘာသာရေးပုံစံပြောင်းပစ်လိုက်ကြတော့ပါပဲ။ ဒါတွေရဲ့တာဝန်ရှိသူနံပါတ် (၁)ဟာ မစ္စတာကင်တားနားပါပဲ။ အကြမ်းဖက်မူကိုစီစဉ်ညွန်ကြားခဲ့တဲ့သူက ကုလသမဂ္ဂ ဝန်ထမ်းဖြစ်နေတော့ မြန်မာပြည်ဥပဒေကို ဘေးဖယ်အမြန်လွှတ်ပါဆိုပြီး ရာဇသံတောင်ပေးခဲ့သေးတာပဲ။ 

အကယ်၍ကင်တားနားဟုတ်ပဲ အခြားသမာသမတ်ရှိတဲ့ပုဂ္ဂိုလ်(သို့)မစ္စတာနမ်ဗီးယားဆိုလျင် ပါးပါးနပ်နပ်ကိုင်တွယ်တတ်တာကြောင့် ဒီနေ့အခြေအနေထိမရောက်နိုင်ဘူးလို့ စာရေးသူတွေးထင်မိပါတယ်။ ဆက်ဆံရေးအရာရှိတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မူဟာအများကြီးစကားပြောပါတယ်။ ဒါတွေကိုပြည်မနေမြန်မာများ အားလုံးဒေါသ ဖြစ်ခဲ့ကြရပါတယ်။ အစိုးရကခြေမကိုင်မလက်မကိုင်မိဖြစ်နေချိန် OIC ဟာ မြန်မာပြည်သူ လူထုကလက်မခံတာကြောင့် တပ်ခေါက်သွားခဲ့ရပါတယ်။ ဒါတောင် ဆီလိုအပေါက်ရှာဝင်ရအောင် ချောင်းနေခဲ့ပါနေသးတယ်။ 

ဒီနေရာမှာအရှင်ဝီရသူဟာ တာဝန်သိသိနဲ့ဝင်ပါခဲ့ရပါတယ်။ အဲဒီမှာ သတင်းလောကနဲ့ မူဆလင်လောက က ဆရာတော်ကိုအကြီးအကျယ်အမျက်ထွက်လာပါပြီ။ ဆက်ပြီး မြန်မာပြည်သူတွေ မခံမရပ်နိုင်ဖြစ်စရာကတော့ ပြည်တွင်းနေအိန္ဒိယသွေးပါမူဆလင်များကပါ မူဆလင်ဆိုပြီးဘာသာရေးညာညှိလိုက်တာပါပဲ။ မြန်မာတွေက ဒီပြည်မနေမူဆလင်တွေဟာ ဘင်္ဂလီမဟုတ်ဘူး။ မြန်မာနိုင်ငံသားဖြစ်တာကြောင့် မြန်မာနိုင်ငံနဲ့လူမျိုးအပေါ်သစ္စာစောင့်သိမယ်လို့ ယုံကြည်ထားခဲ့ ကြပါတယ်။ အခု ပြည်မနေမူဆလင်ပြောရေးဆိုခွင့်ရှိသူ မူဆလင်ခေါင်းဆောင်ပိုင်းက ပြောတာဖြစ်တာမို့ အားလုံးကတော့ မူဆလင်အားလုံးရဲ့သဘောထားလိုပဲ မှတ်ယူကြရပါတယ်။ စုံစမ်းရေးကော်မရှင်မှာပါတဲ့ ပြည်မနေမူဆလင်ဘာသာဝင်ပုဂ္ဂိုလ်နှစ်ဦးကိုတောင် ဘာသာရေးမျက်နှာနဲ့ မမှန်မကန်လုပ်နေလို့ ထုတ်ပစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကိုမြအေးတဦးတည်းသာ လူမျိုးရေးဘာသာရေး အမြင်နဲ့မကြည့်ပဲ အမျိုးသားရေးအသွင်နဲ့ကြည့်ပြီးဆောင်ရွက်ဖို့ နိုင်ငံတော်ကာကွယ်ဖို့ ပြောခဲ့ပါတယ်။ 

ကြားထဲမှာအားဖြည့်ယမ်း ထည့်ပေးနေသူတွေကတော့ သတင်းဌာနတွေပါပဲ။ ဘင်္ဂလီပြဿနာမှာ ပြည်မနေမူဆလင်ပြောရေးဆိုခွင့် ရှိသူလို့ပြောရမယ့်သူတွေကို ထည့်ထည့်ပြီးဗျူးနေကြခြင်းပါပဲ။ အဲဒီသတင်းဌာနတွေဟာ မြန်မာပြည်သတင်းနဲ့ လုပ်စားနေကြရတာကြောင့် မြန်မာပြည်သတင်းအေးနေရင် နေမထိထိုင်မထိ ဖြစ်နေကြရပြီး
 မြန်မာပြည်မှာယခုလို လှုပ်လှုပ်ရွရွဖြစ်မှ ဝမ်းသာကြရတဲ့သူတွေပါ။ အဲဒီဗုံးကို တပ်ဆင်ပေးခြင်းပါပဲ။ အရှင်ဝီရသူကိုလည်း သတင်းတင်ရဖို့အရေးအပြေးအလွှား ဦးခိုက်ကြရပါသေးတယ်။ ဆရာတော်ကိုလည်း လိုင်းပေါ်ဆွဲတင်နေတယ်ပြောချင်ရင်လည်း မမှားပါဘူး။ ဆရာတော်အနေနဲကတော့ ပုံမှန်အလုပ်လုပ်နေခဲ့တာပါ။ စာရေးမယ် ကာကွယ်ရေး သတိရှိရေးဟောမယ် တရားအလုပ်လုပ်မယ်။ ၉၆၉ ဆိုတာလည်း သာသနာကိုကာကွယ်စောင့်ရှောက်ဖို့ပါ။ 

မူဆလင်နိုင်ငံတွေ မြန်မာနိုင်ငံကိုချောင်းမြောင်းနေ ပြီဆိုတာ နားလည်ပြီး၊ ယခင်နဲ့ယခုဆရာတော့်ဆိင်္မှာရောက်ရှိဖြေရှင်းနေရတဲ့ မူဆလင်ဘာသာဝင်အချို့ မူခင်းပြဿနာတွေကြောင့် စိုးရိမ်ကြောင့်ကြမူရှိတော်မူတဲ့အတွက် ၉၆၉ တရားဟောပါတယ်။ ဒါပေမယ့် ၉၆၉ ဟာ ဆရာတော် အရှင်ဝီရသူတည်ထွင်တာမဟုတ်ပါဘူး။ စတင်တာကြာပြီဖြစ်သလို ဘာသာရေးအထိမ်းအမှတ်တခုပါ။ ဒါကို သတင်းဌာနတွေက လေဖမ်းဒါန်းစီးပြီးဆရာတော်က စတင်သယောင် လှုံ့ဆော်သယောင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီး လေသံပစ်လာခဲ့ပါတယ်။ ဒီအထိ မူဆလင်နဲ့ဗုဒ္ဓဘာသာ ဘာပြဿနာမှ မရှိသေးပါဘူး။ဗုံးရဲ့ပင်ကိုဖြုတ်ပေးလိုက်တာကတော့မူဆလင်အချို့ ကိုယ်တိုင်ပါပဲ။

မိတ္ထီလာဈေးမူဆလင်ပိုင်ရွှေဆိုင်တခုမှာ ရွှေလာရောင်းတဲ့မြန်မာတွေကို ဝိုင်းရိုက်ရာကစတာပါ။ နောက်တခုကလည်း ဆွမ်းခံကိုရင်ကလေးကို မူဆလင်အမျိုးသမီးတိုက်မိပြီး သပိတ်ကျကွဲသွားတာကို ချေငံပြေလည်စွာမပြောပဲ စကားကိုရိုင်းစိုင်းစွာစတင်ရာက တုံ့ပြန်မူဖြစ်လာရတာပါ။ လားရှိုးဖြစ်စဉ် မှာလည်း မူဆလင်အမျိုးသားတဦးက မြန်မာအမျိုးသမီးကိုဓါတ်ဆီလောင်းမီးရှို့ရာက စတင်တာပါ။ 


ဘယ်မှာလည်း မြန်မာဗုဒ္ဓဘာသာဝင်တွေက မူဆလင်တဦးတယောက်ကိုစတင်စော်ကားရိုက်နှက်တာ။ ဆရာတော်ဦးဝီရသူအနေနဲ့ ဖြစ်ပွားတဲ့နေရာတွေမှာလိုက်ပြီးကူညီပေးခဲ့တာပါ။ သတင်းဌာနတွေက အတင်းဗျူးပြီး ဆရာတော်ကိုသွေးထိုးပေးနေသယောင် သံသယဖြစ်အောင်တင်ဆက်ခဲ့ကြပါတယ်။ အချို့ ဆရာတော်အပေါ် အမြင်စောင်းစပြုလာပါပြီး။ ငြိမ်းချမ်းရေးအတွက် မူဆလင်တွေလည်း ဆရာတော်ဦးဝီရသူနဲ့ပဲ တွေ့ဆုံဆွေးနွေးနေတာတွေကလည်း ဆရာတော်ရဲ့လှုံ့ဆော်မူကြောင့်ဆိုတာမျိုး ဖြစ်စေခဲ့ပါတယ်။ 

အဲဒီအချိန်မှာ မြန်မာဗုဒ္ဓဘာသာဝင်ပညာယှိကြီးများ ဆရာတော်ကိုအရိုသေတန်အောင် ရေးသားလှုံ့ဆော်နေခဲ့ပြီဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ပဲ ဗုဒ္ဓဘာသာကိုအကြမ်းဘက် ဘာသာတခုအဖြစ် မြင်တော့မယ် ဆရာတော်ဘင်လာဒင်ဖြစ်တော့မယ်ဆိုတဲ့ ရှေးပြေးနိမိတ်တွေပြခဲ့တာ ဒီရေးသူတွေပါပဲ။ ဆရာတော်က သူ့အလုပ်သူကောင်းစွာ လုပ်ကိုင်နေခဲ့တာပါပဲ။ ဘာမှပိုထူးပြီး လုပ်နေတာမဟုတ်ပါဘူး။
နောက်ဆုံးတော့ ယခု မျိုးစောင့်ဥပဒေဆိုတဲ့စာတမ်းကို ဘာသာသာသနာကာကွယ်ရေးနဲ့ ပါတ်သက်နေတဲ့အတွက် ဆွေးနွေးနေတာကိုသတင်းသမားများက ဖွလိုက်ပြန်ပါတယ်။ အမျိုးသမီးတဦးကို သတင်းလုပ်နိုင်ရေးအတွက်ဗျူးခဲ့ပြီး အမျိုးသမီးကလည်းစာတမ်းမမြင်ဘူးသေးဘူး ကန့်ကွက်ပါတယ် ဆိုတာကို အမျိုးသမီးအဖွဲ့ဆိုပြီး ပုံကြီးထပ်ချဲ့ပါတယ်။ အမှန်က မြန်မာအမျိုးသမီးတယောက်အနေနှဲု့ ဆရာတော်သံဃာတော်များကို သွားရောက်ပြီးလျောက်ထားစုံစမ်းတာ အရင်လုပ်သင့်ပါလျက် စားပွဲဝိုင်း ထိုင်ပြီးဆွေးနွေးပွဲလုပ် သတင်းထုတ်ပြန်နဲ့လုပ်နေတာဟာလည်း မရိုးသားပါဘူး။


 တနေ့ကလည်း နာမည်ကြီး BBC က မွတ်ဆလင် ဆန့်ကျင်ရေး ဟောပြောလှုပ်ရှားမှုတွေကြောင့် ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်စေသလား ဆိုပြီး ဆွေးနွေးဖလှယ်လုပ်ပါတယ်။ ခေါင်းစဉ်ကိုက ဦးဆောင်မေးခွန်းပေးပြီးသားပါ။ မူဆလင်ဘာသာမှ မဟုတ်ဘူး ဘယ်ဘာသာတရားကိုမဆို ဆန့်ကျင်ရေး ဟောပြောလှုပ်ရှားတာ မကောင်းမှန်းကလေးပင်သိပါတယ်။ သူပြောစေချင်တာက ဒါပါပဲ။ တကယ်ကတော့ မြန်မာပြည်တွင်း ဖြစ်နေတာဟာ မူဆလင်ဆန့်ကျင်ရေးမဟုတ်ဘူး။ ဘင်္ဂလီရဲ့လှည့်ကွက်ထဲဝင်သွား ကြတာပါပဲ။ ဘာသာသာသနာကာကွယ်ရေး ပုံမှန်ဟောပြောမူလုပ်တာဟာ မူဆလင်ဆန့်ကျင်ရေးနဲ့ ကွာခြားလှပါတယ်။ ဒါဟာလည်း တင်ပြခဲ့ပြီးတဲ့နောက်ခံအကြောင်းတွေကြောင့် ဖြစ်လာရတဲ့အကျိုးပါပဲ။ 

ဘာသာရေးတွေအတူတကွ အေးအေးချမ်းချမ်းနေထိုင်ခြင်းကိုတော့ စာရှည်မှာစိုး၍မဆွေးနွေးတော့ပါဘူး။
အချုပ်အားဖြင့်ဆိုသော် မြန်မာတိုင်းရင်းသားတို့သည်အချင်းချင်း ပြဿနာအတန်အသင့်ရှိကြ သော်လည်း သူတို့ချင်းကွဲနေပြီ တို့အနေချောင်တယ် အချောင်နှိုက်မယ်ဆိုပြီးဝင်လာလို့မရဘူးဆိုတာကို သူတို့တတွေသဘောမပေါက်ကြပါဘူး။ လက်သဲထိရင်လက်ထိပ်နာပါတယ်။ ထပ်တူခံစားကြရပါတယ်။ မဆလခေတ်ကို ဘယ်လိုပင်အပြစ်ပြောစရာရှိပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တို့တိုင်းရင်းသားများဆိုတာကို ငယ်စဉ်ကျောင်းနေစဉ်ကပင် နားလည်အောင် သင်ကြားပေးထားပြီး ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတို့နဲ့အတူ ပြည်မနေပြည်သူအားလုံး နားလည်ခံစားတတ်ကြပါတယ်။ 


ဆရာတော်သံဃာတော်များကပင် အေးအေးလူလူနေထိုင်နိုင်ခြင်းမရှိပါဘူး။ အရှင်ဝီရသူလည်းတပါး အပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ ဆရာတော်ဦးဝီရသူဟာ အကြမ်းဘက်ဖို့တိုက်တွန်းနှိုးဆော်တာ တခုမှ မလုပ်ခဲ့မပြောခဲ့ဘူးပါဘူး။ သူလုပ်ရမယ့်အမူကိစ္စအရပ်ရပ်ကိုသာ ပုံမှန်လုပ်ကိုင်နေတာဖြစ်ပါတယ်။ TIME က အမျိုးသမီးကသာ ဆရာတော်ကိုအမေးတခြားအခြေတခြားနဲ့ တပါတ်ရိုက်ခဲ့ပါတယ်။ ယခု မျိုးစောင့်ဥပဒေကိစ္စမှာ ဆရာတော်ကိုကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီး အပြစ်တွေတင် လူ့အခွင့်အရေးတွေ ပြော ဝိုင်းဝန်းအပုတ်ချနေကြတာဟာ သူ့အတွက်မကောင်းရေးဖို့ ဂွင်တဲ့သွားခဲ့တာပါ။ သူရေးသလို အဖြစ်မှန်ကတခြားဆိုတာကိုလည်း သူမသိနေပါတယ်။ သူတပါးကိုလိမ်လို့ရပေမယ့် သူမကိုသူမ လိမ်လို့ မရပါဘူး။ စေတနာအကျိုးပေးပါလိမ့်မယ်။ 

သူမရဲ့ရည်ရွယ်ချက်တခုကို တချိန်ချိန်မှာတော့ မြန်မာပြည်သူတွေ မလွဲမသွေတွေ့ကြရမှာပါ။ ဆရာတော်အရှင်ဝီရသူကတော့ အကြမ်းဘက်သမားမဟုတ်တဲ့ ဗုဒ္ဓရဲ့သားတော် သံဃာတပါးစစ်စစ်သာ ဖြစ်ပါတယ်။ အရောင်မဆိုးကြဖို့ ပန်ကြားလိုပါတယ်။ ဆရာတော်အရှင်ဝီရသူ သူ့အလုပ်သူပုံမှန်လုပ်နေ ပါလိမ့်မယ်။
                                                 ကျော်ကျော်ခိုင်