Saturday, June 22, 2013

တကောင်းမြို့နယ်ခွဲက အထကကျောင်းမှာ ကောလာဟလတွေ ပျံ့နှံ့


ယမန်နေ့က တကောင်းမြို့နယ်ခွဲက အထကကျောင်းမှာ ကောလာဟလတွေ ပျံ့နှံ့မှုကြောင့် သူတို့ သား၊ သမီးတွေအတွက် စိုးရိမ်ပြီး ကျောင်းသား မိဘာတွေက ကျောင်းကို စုပြုံရောက်လာကြ ပါတယ်။

ကျောင်းအုပ်ကြီး ကလည်း ကျောင်းထဲမှာ ဘာပြဿနာမှာ မရှိဘူးပြောပြီး ကျောင်းဝန်းထဲ ကိုလည်း ၀င်ခွင့် မပေးခဲ့ပဲ ထားခဲ့ပြီး လူစုကွဲသွားခဲ့တယ်လို့ ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာ မှာ ဖော်ပြပါတယ်။

ဒီအပြင် တကောင်းမြို့နယ်မှာ ဖန်တီးစကားတွေနဲ့ ကောလာဟလ တွေဖြစ်ပြီး လူစုလူဝေးဖြစ် ကာ မော်တော်ဆိုင်ကယ်နဲ့ နေအိမ်၊ ကုန်စုန်ဆိုင်၊ လူသုံးပစ္စည်းဆိုင်တွေကို ရိုက်ချိုးဖြိုဖျက်ခဲ့တာကို လုံခြုံရေး တပ်ဖွဲ့တွေက ထိန်းသိမ်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပျက်စီးသွားခဲ့တာတွေကတော့ နေအိမ် အကာထရံ၊ ခြံစည်းရိုး၊ မော်တော်ဆိုင်ကယ် ၂ စီး၊ ကုန်စုံ ဆိုင် တဆိုင်၊ လက်ဘက်ရည်ဆိုင် တဆိုင်၊ လူသုံးကုန်ပစ္စည်းဆိုင် ၁ ဆိုင်တို့ ပျက်စီးခဲ့တယ်လို့ ယနေ့ ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေ ထိန်းသိမ်းလိုက်နိုင်ချိန်မှာတော့ ဒေသခံ တချို့ရဲ့ နေအိမ်နဲ့ ဆိုင်တချို့က ပျက်ဆီး သွားခဲ့ရပြီလို့ တကောင်းမြို့ခံတဦးက ဧရာဝတီကို ပြောပါတယ်။

ပြည်တွင်းနေ နိုင်ငံရေးတက်ကြွသူတဦးကတော့ တချိန်က စစ်အစိုးရကို ဆန့်ကျင်ဖို့ လူ တဦးစ၊ ၂ ဦးစနဲ့ ဆန္ဒပြမှု လုပ်ရင်ပဲ လုံခြုံရေးတပ်ဖွဲ့ဆိုသူတွေက အလွယ်တကူ ဖမ်းဆီး ညှင်းပန်း ထောင်ချ ပစ်နိုင်ခဲ့ပေမယ့် အခုလို ယဉ်ကျေးတဲ့ မြန်မာနိုင်ငံမှာ ရိုင်းစိုင်းစွာ လှုံ့ဆော်ဖန်တီး၊ ဖျက်ဆီး ရမ်းကား၊ သတ်ဖြတ်မှုတွေ လုပ်နေ သူ ဒေသခံမဟုတ်တဲ့ လူစိမ်းတွေကို အခုထိ ဖမ်းဆီးနိုင်ခြင်း မရှိတာဟာ အံ့သြစရာပဲလို့ ဧရာဝတီကို ပြောပါတယ်။

blog.irrawaddy.org/2013/06/blog-post_8216.html

No comments: