Sunday, June 23, 2013

စနိုဒင် ကို ရုရှားကလည်း ခိုလှုံ ခွင့် ပေးမယ်


Monday, June 24, 2013

အမေရိကန်အစိုးရရဲ့  စုံစမ်း ထောက်လှမ်းမှုမှတ်တမ်း တွေကို ဖော်ထုတ်
ဖွင့်ချခဲ့တဲ့ စီအိုင်အေ က နည်းပညာလုံခြုံရေးကွန်ပျုတာပညာရှင် အက်ဒွပ် စနိုဒင် ဟာ တနင်္ဂနွေနေ့ က ဟောင်ကောင် Chek Lap Kok လေဆိပ်က
နေ ထွက်ခွာခဲ့ ပြီး ရုရှား နိုင်ငံ မော်စကို ရှားမီးတိုင်ယက်ဗို လေဆိပ်ကို ဆိုက်ရောက်ခဲ့ပါတယ်။

သူ့ ကို အီကွေဒေါ နိုင်ငံသံရုံး နံပါတ်ပြားကပ်ထား ပြီး ၊ အီကွေ ဒေါအလံ
လွှင့်ထားတဲ့ကားက လာ ကြိုခဲ့ ပြီး နောက် လူ မြင်ကွင်းက နေ ပျောက်ခြင်း မလှ ပျောက်ခဲ့တယ်လို့  လေဆိပ်မှာ အသင့်သတင်းယူ နေတဲ့
သတင်း ထောက်တစ်ဦးက ဂါးဒီးယန်း သတင်းစာကို ပြောပါတယ်။

စနိုဒင်တရုတ် နိုင်နဲ့  နိုင်ငံတကာ လေကြောင်းပိုင်နက်က နေ ထွက်ခွာ ပြီး တဲ့ နောက်မှာ “ဟောင်ကောင်ကျွန်းမှာ မရှိ တော့ဘူးလို့  ဟောင် ကောင် အာဏာပိုင် တွေက South China Morning ကိုပြောပါတယ်” ။

အမေရိကန်က အမြန်ဆုံးလွှဲ ပေးဖို့  တောင်းဆို နေတဲ့ ကြားက
ဟောင်ကောင်အာဏာပိုင်တွေက အသက် ၃၀ အရွယ် အက်ဒွပ်
စနိုဒင် မရှိ တော့ဘူး ပြောတာ ဖြစ်ပါတယ်။

တနင်္ဂနွေ မနက် ၁၁ နာရီထိုးဖို့  မိနစ်အနည်းငယ်အလို လောက်မှာ
ဟောင်ကောင် လေဆိပ်က နေ အဲရို ဖလုပ် လေကြောင်းလိုင်းနဲ့ 
ရုရှားကို ထွက်သွားတာပါလို့  ဆိုပါတယ်။

သူလိုက်ပါလာတဲ့ လေယာဉ်ဟာ တနင်္ဂနွေ နေ့  ညနေ ငါးနာရီ ကျော်
လောက်မှာ ရုရှား နိုင်ငံ ရှားမီးတိုင်ယက်ဗို လေဆိပ်ကို ရောက်မှာ ဖြစ် ပါတယ်။

ရုရှား ဟာ စနိုဒင် ရဲ့  နောက်ဆုံးခရီးစဉ်မဟုတ်ပဲ သူဟာ အိုက်လန်း
သို့ မဟုတ် အီကွေ ဒေါ ကို ခရီးဆက်မယ်လို့  သတင်း တွေမှာ
ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံ ခြားရေးဌာနက ပေးစာ ပြန်စာ တွေကို ဖွင့်ချတဲ့
ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အဆန် က တော့ စနိုဒင်ကို
အီကွေဒေါ နိုင်ငံမှာ ခိုလှုံခွင့်ရရှိ အောင် ကူညီခဲ့ ပြီး အီကွေဒေါ နိုင်ငံ
ခြား ရေးဝန်ကြီးကလည်း ခိုလှုံခွင့် ပြုခဲ့ပါတယ်။

ရုရှား နိုင်ငံ ခြား ရေးဝန်ကြီး ဆာဂျီ လာဗရောဗ် က စနိုဒင်သာ ခိုလှုံ
ခွင့် တောင်းမယ်ဆိုရင် ရုရှား နိုင်ငံကလည်း ပေးမှာ ဖြစ်တယ်လို့ 
ဆိုပါတယ်။

အမေရိကန် နိုင်ငံက စ နို ဒင် ရဲ့  နိုင်ငံကူး လက်မှတ်ကို ပြန်လည်
ရုတ်သိမ်းလိုက် ပြီလို့  သတင်းထုတ် ပြန်ပါတယ်။

ရီပတ်ဘလီကန်ပါတီက နေ သမ္မတ လောင်းအဖြစ် ၀င်ရောက်အရွေး
ခံခဲ့တဲ့ လွှတ်တော်အမတ် ဒေါက်တာ ရွန် ပေါလ် ရဲ့  သား ဖြစ်သူ ကင်တပ်
ကီ လွှတ်တော်အမတ် ရန်ပေါလ် က ” အမေရိကန် အမျိုးသား လုံ ခြုံရေး
အေဂျင်စီ (NSA) ၊ ထောက်လှမ်း ရေး အရှိချုပ် ဂျိမ်း(စ) ကလက် ပါ နဲ့ 
စနိုဒင် တို့ ကို သမိုင်းက အဆုံးအဖြတ် ပေးသွားမှာ ဖြစ်တယ်လို့  CNN
သတင်းဌာနကို ပြောပါတယ်။

Rand Paul က အမေရိကန်အစိုးရဟာ ပြည်သူတစ်ဦးချင်းစီရဲ့  လုံခြုံမှုကို
ချိုးဖောက် နေတဲ့အတွက် တရားစွဲဆိုမှု ပြုမှာလို့ လဲ ပြောပါတယ်။

စနိုင်ဒင် ဟာ အမေရိကန်နဲ့  ဗြိတိသျှတို့ က ပြည်သူတို့ ရဲ့  တယ်လီဖုန်း
ခေါ်ဆိုမှု မှတ်တမ်း တွေ ၊ ခေါ်ဆိုမှု တွေကို စောင့် ကြည့်ခဲ့တာနဲ့  ပတ်
သက် ပြီး ဖော်ထုတ်ဖွင့်ချခဲ့ပါတယ်။

အီကွေဒေါ နိုင်ငံမှာ ခိုလှုံမှု မပြုခင် ရုရှား နိုင်ငံမှာ ညအနည်းငယ် နေမှာ
ဖြစ် ပြီး ကျုးဘား ကတစ်ဆင့် အီကွေဒေါ ကို ရုရှား လေကြောင်းလိုင်းနဲ့ 
ပဲ သွားမယ်လို့  သတင်း တွေထွက် ပေါ် နေပါတယ်။

Edward Snowden
Freedom News Group(Burma)

No comments: