Wednesday, June 26, 2013

အမျိုးစောင့်ဥပဒေ (သို.) အမျိုးသားရေးဆိုင်ရာ တားမြစ်ချက်များ အားဆန်းစစ်ခြင်း

စိတ်ဝင်စားစရာကောက်ချက်တွေပါပဲ။


ကမ္ဘာ့  ကိုးကွယ်ယုံကြည်မှုများမှာ အဓိက၄မျိုးပဲရှိသည်ဟု ပြောလျှင်မလုံလောက်ပါ။ 
ဗုဒ္ဓဘာသာ၊ ဂျူဒေဆမ်၊ ဟိန္ဒူ၊ ခရစ်ယှာန်၊ အစ္စလာမ်၊ ဖူလွန်ဂေါင်း၊ တောင်ရစ်ဆမ်၊ နေနတ်နှင့်တရိ စ္ဆာန်နတ်ကိုးကွယ်မှု၊ ဗဟိုင်းကိုးကွယ်မှု၊ ဆိုင်ယန်တိုလိုဂျီ၊  ယူနီတေရီယန်ယူနီဗာဆယ်လ်လစ်ဆမ်၊ မာယမ်ကိုးကွယ်မှုစသည်ဖြင့် တပြုံကြီးရှိပါသည်။  ထိုဘာသာတရားများအားလုံးကို အလေးမထားပဲ အားများရာ အနိုင်ကျင့်ပြီး အဓိကဘာသာတရားလေးခုပဲရှိသည်ဆိုလျှင် နည်းလမ်းမကျပါ။  ထိုသို့ လုပ်လျှင်လဲ ကျွန်တော်တို့၏ဗုဒ္ဓဘာသာသည် စတုတ္ထအကြီးဆုံးဘာသာအဖြစ်တွင်သာရှိသည့်အ တွက် ကျွန်တော်တို့ထက်အင်အားကြီးသောဘာသာတို့က အနိုင်ကျင့်ပြီးသတ်မှတ်ခွင့်ကိုလဲ  ကိုယ် တိုင်ကပင် အားကြီးရာစားသတ်မှတ်လုပ်ဆောင်သောကြောင့် လက်ခံပြီးသားဖြစ်နေပေလိမ့်မည်။
ဗုဒ္ဓဘာသာအများဆုံးကျင့်သုံးသောနိုင်ငံများမှာ တရုတ်၊ ဂျပန်၊ တိဘက်၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ကိုရီးယား၊ ဘူတန်၊ ထိုင်ဝမ်တို့ဖြစ်ကြပြီး ဗုဒ္ဓဘာသာဦးရေအများ ဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပါသည်။ 
Country
Number of Buddhists
China
102 000 000
Japan
 8 965 000
Thailand
55 480 000
Vietnam
49 690 000
Myanmar
41 610 000
Sri Lanka
12 540 000
South Korea
10 920 000
Taiwan
9 150 000
Cambodia
9 130 000
India
7 000 000
(All Statistics on this page sourced from www.adherents.com)
မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်ဦးရေမှာ တိုင်းပြည်လူဦးရေ၏ ၈၈ရာခိုင်နှုန်း ရှိပြီး လူဦးရေရာနှုန်းအရဆို လျှင် တတိယနေရာသာရှိသည်။  ထိုင်းနိုင်ငံ၏ဗုဒ္ဓဘာသာဝင်ဦးရေမှာ ၉၅ရာနှုန်းရှိပြီး ကမ္ဘောဒီးယား နိုင်ငံ၏ဗုဒ္ဓဘာသာဦးရေမှာ သူတို့တိုင်းပြည်လူဦးရေ၏ ၉၀ရာနှုန်းရှိသည်။  ထိုအချက်အလက်များကို ထည့်သွင်းစဉ်းစားပြီး မည်သည့်အတွက်ကြောင့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ၏ဗဟိုချက်မနိုင်ငံအဖြစ် မိမိဘာသာသတ်မှတ်ခြင်းကို ပြန်လည်သုံးသပ်သင့်သည်။  ထိုင်းနိုင်ငံကလဲ သူတို့နိုင်ငံတွင် သူတို့လူ ဦးရေ ၆၅သန်းကျော်၏ ၉၅ရာနှုန်းရှိသောကြောင့် ဗုဒ္ဓဘာသာ၏ဗဟိုလ်ချက်မဟု သတ်မှတ်ချင်လဲ လု ၍သတ်မှတ်နိုင်ပေသည်။  ထိုသို့အလုအယက်သတ်မှတ်နေကြလျှင် ဘာမဟုတ်သောကိစ္စအတွက် ကျွန်တော်တို့ ဘာသာတရားပဲ ထိခိုက်ရမည်ဖြစ်သည်။  ထို့ကြောင့် မိမိဘာသာမိမိ သုံးသပ်ချင်သလို သုံးသပ်၊ သတ်မှတ်ချင်သလိုသတ်မှတ်ခြင်းမျိုးကို ဘာသာတရားအတွက်ရှေ့ထားလျှင် ရှောင်ရှားသင့် သည်။ 
ခရစ်ယှာန်ဘာသာဟုတမျိုးတည်းပြောလျှင် မကောင်းသော်လည်း ခြုံပြောရလျှင် ခရစ်ယှာန်ဘာသာ ကျမ်းစာအတွင်း အိမ်ထောင်သမှုပြုခြင်းကို တဦးနှင့်တဦးအကြား လူမှုရေးတသက်တာပေါင်းစည်းခြင်း ဟူ၍အသိအမှတ်ပြုထားသည်။  သို့သော် ဘာသာခြားနှင့် လက်ထပ်ထိမ်းမြှားခြင်းကို တားမြစ်သည် ဟုမပါရှိပေ။  ယခုပြောပြောနေသော အမျိုးဘာသာစောင့်ရှောက်ရေးဥပဒေဆိုသည်မှာ the Spanish inquisition ကာလအတွင်း ဥရောပတွင်ဘာသာရေးအစွန်းရောက်ပြီး the middle ages တွင်လုပ်ခဲ့ကြ သောလုပ်ဆောင်မှုနှင့်တထပ်တည်းဖြစ်နေသည်။  ထိုသို့အစွန်းရောက်လုပ်ဆောင်မှု၏ဆိုးကြိုးများကို သိရှိလာပြီးနောက် ဥရောပနိုင်ငံများတွင် ထိုသို့ဖိနှိပ်ချုပ်ခြယ်သည့် ဥပဒေကို ပယ်ဖျက်ခဲ့ကြသည်။  ထိုအချိန်က အပြိုင်အဆိုင်ဖြစ်နေခဲ့ကြသော အစ္စလာမ်ဘာသာအတွက် ထိုဖိနှိပ်ချုပ်ချယ်သည့်ဥပဒေ ကပင် အထောက်အကူပြုခဲ့ကြသည်။  ဘာသာတရားကို ထိုဖိနှိပ်မှုကြောင့် အယုံအကြည်ကင်းမဲ့သွား ပြီး ထိုဘာသာမှ ထွက်ခွါသွားသူများတပြုံတပင်ဖြစ်ခဲ့သည်။  ထိုအကျိုးဆက်ကို ယင်းဘာသာတရား က ယင်းဘာသာမှထွက်ပြီး ဘာဘာသာမှအယုံအကြည်မရှိဆိုသူများများသထက်များလာခြင်းဖြင့် ယ နေ့အထိပေးဆပ်နေရဆဲဖြစ်သည်။  ကျွန်တော်တို့၏ ဗုဒ္ဓဘာသာက ထိုအခြေအနေများကို သင်ခန်း စာယူလေ့လာမှုမရှိပဲ ခေတ်နောက်ပြန်ဆွဲလျှင် ဘာသာတရားကို ထိမ်းသိမ်းရာမရောက်ပဲ ဖျက်ဆီးရာ ရောက်မည်ကိုလဲ သတိထားသင့်သည်။ 
ကျွန်တော်တို့မြန်မာလူမျိုးများတွင် တလင်တမယားစံနစ်ကျင့်သုံးခြင်းကို အားပေးသည်။  တခါတရံ တွင် ထိုလူမှုရေးဖိအားကြောင့်ပင်လျှင် လင်ဆိုးမယားဖြစ်ပြီး တသက်လုံးဒီလင်၏နှိပ်စက်မှုကို ခံရခဲ့ သည့်သာဓကများလဲ အများကြီးဖြစ်သည်။  အမျိုးသမီးတို့အနေနှင့် သူတို့ဆက်၍မပေါင်းဖက်လိုဟု ဆုံးဖြတ်သည့်အခါ လွတ်လပ်စွာဆုံးဖြတ်ခွင့်ကို အားပေးကြရမည်ဖြစ်သည်။  ဥရောပတွင်ကော၊ အမေ ရိကန်တွင်ပါ တလင်တမယားစံနစ်ကိုပဲ အသိအမှတ်ပြုသည်။  လက်ထပ်ထားလျှက်နှင့် နောက်ထပ် ထပ်ယူလျှင် ဥပဒေအရအရေးယူမည်ကို အသေအခြာဖေါ်ပြထားသည်။  သို့သော် သူတို့နိုင်ငံတွင် လက်ထပ်သည့်အခါ လွယ်လွယ်လက်ထပ်နိုင်သကဲ့သို့ ကွာရှင်းသည့်အခါတွင်လဲ အမျိုးသမီးကော၊ အမျိုးသားပါ တဦးစီဆန္ဒနှင့် လွယ်လွယ်ကူကူ ကွာရှင်းနိုင်သည်။  အမျိုးသမီးကော အမျိုးသားပါ ကွာ ရှင်းမှုလုပ်သည့်အခါ ပိုင်ဆိုင်မှုကို မျှမျှတတရကြစေရန် လဲ ဥပဒေအရ စောင့်ရှောက်ထားသည်။  ယောင်္ကျားမယူပဲနှင့် ကလေးမွေး၊ အတူနေထိုင်ကြသည်မှာတော့အဆန်းမဟုတ်ပေ။  သို့သော်ထိုက လေးအတွက် တာဝန်ယူရန်နှစ်ယောက်စလုံးတွင် တာဝန်ရှိကြသည်။  မပြောပဲနှင့်တာဝန်သိကြသည်။  မြန်မာနိုင်ငံတွင် လူမှုရေးထိမ်းချုပ်မှုကြီးသည့်အတွက်၊ ထို့အပြင် လူမှုအဖွဲ့အစည်းက အမျိုးသမီး တယောက်လက်မထပ်ရသေးပဲ ကိုယ်ဝန်ရသွားလျှင် ဝိုင်းဝန်းကူညီရမည့်အစား ဝိုင်းဝန်းနှိမ်ချ၊ ဖိနှိပ်ကြ သည့်အတွက် လက်သည်မပေါ်ပဲမွေးသော ကလေးများတပြုံတပင်ဖြစ်ရသည်။  ကလေးကို မိခင်က လဲ မစောင့်ရှောက်နိုင်သည်ကော၊ ရီးစားလုပ်သူကလဲ တာဝန်မသိတတ်သည်ကောတွေကြောင့်အပြင် မိန်းကလေးကို ပါတ်ဝန်းကျင်က ဝိုင်းဝန်းပြောဆိုကြမည်ဖြစ်သောကြောင့် ကလေးကို ထိမ်းသိမ်းစောင့် ရှောက်ခြင်း မလုပ်တော့ပဲ ဖြစ်ချင်ရာဖြစ်စွန့်ပြစ်ခြင်းများဖြစ်လာကြသည်။  တဘက်နိုင်ငံ မဲဆောက်မြို့ တွင် ကျွန်တော်တို့မြန်မာမိန်းကလေးများမှ စွန့်ပစ်ခံရသော မိဘမဲ့ကလေးများ ထိမ်းသိမ်းစောင့် ရှောက်ရေးခေါင်းကိုက်စရာဖြစ်သည့်အထိ၊ မိဘမဲ့ဂေဟာများကပင် လက်ခံနိုင်သောအတိုင်းအတာ မ ရှိဖြစ်သည်အထိ ဖြစ်ရသည်။  ကျွန်တော်တို့ ပါတ်ဝန်းကျင်နှင့် လူ့အသိုင်းအဝိုင်းက မိန်းကလေးများ ကို လူမှုရေးကျင့်ဝတ်နှင့်ကာကွယ်စောင့်ရှောက်သည်လား၊ ဝိုင်းဝန်းကဲ့ရဲ့ကြခြင်းဖြင့် ထိုအခြေအနေ ရောက်အောင် တွန်းပို့သည်လားကို သုံးသပ်ပြီး မည်သို့ကူညီကြမည်ကို အဖြေရှာရန်လိုသည်။  ထို သို့မဟုတ်ပဲ အတင်းအကြပ်ဥပဒေထုတ်၊ အပြစ်ပေးအရေးယူရေးတွေနှင့်သာဆိုလျှင် ကူညီရာမ ရောက်ပဲ ထိုအခြေအနေမျိုးသာရောက်အောင် တွန်းပို့ပြီးရင်းတွန်းပို့ရင်းဖြစ်နေတာသာဖြစ်ပေလိမ့် မည်။ 
မြန်မာနိုင်ငံတွင် ကျွန်တော်တို့ဗုဒ္ဓဘာသာတဘာသာတည်းရှိနေခြင်းမဟုတ်သည်ကိုလဲ အသိအမှတ် ပြုသင့်သည်။  ကျွန်တော်တို့ဗုဒ္ဓဘာသာအတွက်ချည်းစောင်းပေးပြောဆိုနေခြင်းပင်ကလျှင် အခြား ဘာသာတရားများကို အလေးမထားပဲ နှိမ်ချရာကျပေသည်။  ထိုသို့ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အတွက်အကာ အကွယ်ပြုသည့် ဥပဒေထုတ်ရမည်ဆိုလျှင် အခြားဘာသာများကလဲ သူတို့ဘာသာ အသီးသီးအတွက် ကာကွယ်စောင့်ရှောက်ရန် ဥပဒေများထုတ်ပေးရန်တောင်းဆိုခွင့်ရှိမှသာလျှုင်မျှ တ မည်ဖြစ်သည်။  ငါတို့ဗုဒ္ဓဘာသာက အားများလို့ ငါတို့ဗုဒ္ဓဘာသာအတွက်ပဲလုပ်မည်ဆိုလျှင် ကျွန် တော်တို့သည် ဗုဒ္ဓဘာသာအမည်ခံ ကြီးနိုင်ငယ်ညှင်းဝါဒီများသာဖြစ်ကြပေလိမ့်မည်။  မျှတမှုကိုအခြေ မခံပဲနှင့်လဲ အေးချမ်းညီမျှစွာ ယှဉ်တွဲနေထိုင်ခြင်းဖြစ်ပေါ်စေမည်မဟုတ်ပေ။  တခုပေါ်ပေါ်တင်တင်ဖြစ် နေတာကို သတိပြုမိစေချင်သည်။  ကျွန်တော်တို့ရွာတိုင်းမြို့တိုင်းတွင် ဘုန်းကြီးကျောင်းများဆောက် ချင်သလောက်ဆောက်ကြသည်။  ဘယ်သူ့ခွင့်ပြုချက်မှမလိုပေ။  သို့သော် ခရစ်ယှာန်ဘာသာ ကျောင်းတကျောင်းဆောက်လျှင်၊ သို့မဟုတ် အခြားဘာသာရပ်တခုခုမှ ကျောင်းတခုခုဆောက်လျှင် တော့ ခွင့်ပြုမိန့်မရထားပဲနှင့်ဆောက်သည်ဆိုပြီး ကျွန်တော်တို့ မကျေနပ်ချင်ကြပေ။  တော်တော်မျှ တသည့် ကျွန်တော်တို့၏လေးစားစရာကောင်းသော ဥာဉ်များဖြစ်သည်။ 
သံဃာတော်တို့သည် မြတ်စွာဘုရား၏တရားတော်များကို ဆက်လက်ဖြန့်ဖြူးပေးနေသူများဖြစ် သည်။ သူတို့၏အဆုံးအမများကို အလေးထားရမည်မှာ အမှန်ဖြစ်သည်။  သို့သော် လူသားဖြစ်သည် နှုင့်အညီ ကျွန်တော်တို့၏ ကိုယ်ပိုင်ဦးနှောက်များကို အသုံးချ၍စဉ်းစားစင်ချင်သမှုပြုပြီးလိုက်နာမှသာ သာသနာတော်ကို တကယ်ကြည်ညိုရာကျပေမည်။  မြတ်စွာဘုရားရှင်ကလဲ ကျွန်တော်တို့၏ခန္တာအ တွင်းဖြစ်ပျက်နေမှုများကို စဉ်းစားဆင်ခြင်ပြီး အသိတရားပေါက်အောင် ကြိုးစားရန်ညွှန်ကြားသည် မ ဟုတ်ပါလား။  ထိုသို့မဟုတ်ပဲ ရှေ့ကပြောလို့ ပြောတဲ့အတိုင်းလေးပဲလုပ်သည်ဆိုလျှင် ဘွတ်အဲအော် သောနွားထက်ထူးမည်မဟုတ်ပေ။  မိမိ၏ဆင်ခြင်သုံးသပ်မှုကို အသုံးမချတတ်ပဲ ခိုင်းရာစေရာသာလုပ် တတ်လျှင် ကျွန်တော်တို့လူဖြစ်မည်မဟုတ်ပါ။  ပြောဆိုသွန်သင်သော သံဃာတော်များကလဲ မြတ်စွာ ဘုရားရှင်ဟောကြားသော တရားနည်းလမ်းဘောင်များအတိုင်းသွန်သင်ကြရမည်ဖြစ်သည်။  မြတ်စွာ ဘုရား၏အသွန်အသင်အဆုံးအမများကို ဆန့်ကျင်ပြီးအမုန်းထားရေးကို သင်ပြနေလျှင်၊ သတ်ဖြတ် ရေးကို ရှေ့ရှုလျှင် သဘာဝမကျပေ။  ရဟန်းဖြစ်ပြီးမှ ရူးသွပ်စိတ်ရူးပေါက်သွားသော တစုံတယောက် က သူပြောချင်ရာပြော သင်ချင်ရာသင်နေသည်ကို သင်တို့ဦးနှောက်အသုံးမချပဲ လိုက်နာရန်လိုအပ် သည်ဟုဆိုလျှင် ထိုသို့လုပ်ခြင်းက ကျွန်တော်တို့၏သာသနာကို ထိမ်းသိမ်းတာလားဖျက်စီးတာလား အသေအချာစဉ်းစားကြည့်သင့်သည်။ 

No comments: