Tuesday, June 25, 2013

အမျိုးစောင့်ဥပဒေ (သို.) အမျိုးသားရေးဆိုင်ရာ တားမြစ်ချက်များ အားဆန်းစစ်ခြင်း

သူ့အတွေးအမြင်



- အမျိုးစောင့်ဥပဒေ (သို.) အမျိုးသားရေးဆိုင်ရာ တားမြစ်ချက်များ အားဆန်းစစ်ခြင်း
-ကောင်းမြတ်သူ --၂၃-၆ -၂၀၁၃


အခြားသော ကိုးကွယ်မှုဘာသာများတွင် သက်ဆိုင်ရာဘာသာဝင် အမျိုးသမီးတို့အား အခြားသော ဘာသာခြားများနှင့် လက်ထပ်ထိမ်းမြားခြင်း မပြုရန် ၎င်း တို့ကျမ်းစာတွင် အတိအလင်း ဖေါ်ပြမှုမျိုးရှိ၏။
သို့သော်လည်း အမျိုးသားများ အတွက် တော့ ထိုသို့တားမြစ်မှုမျိုးမရှိတတ်ပေ။
ကျမ်းစာပါ တားမြစ်ချက် ဖြစ်၍ ထိုတားမြစ်ချက်ကို ကန့်ကွက်လျှင် တော့ လွတ်လပ် စွာကိုးကွယ်ခွင့် ကိုဆန့်ကျင်ရာ ကျပေလိမ့်မည်။

ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုး (သို့) ဘာသာတရားတစ်ခု မပျောက်ကွယ်ရေးမှာ ကမ္ဘာ့လူသားတိုင်းတွင် တာဝန်ရှိ၏။
ဤ သို့ဆိုပါလျှင် ဘာသာခြားနှင့် လက်ထပ် ထိမ်းမြားခြင်းအတွက် ကျမ်းစာပါတားမြစ်ချက် တစ်စုံတစ်ရာမရှိ သော ဘာသာ တရား များ ကွယ်ပျောက်ခြင်း မရှိအောင် ကာကွယ်ရန်အတွက် ထိုသက်ဆိုင် ရာလူ့အဖွဲ့အစည်းတွင် တားမြစ်ချက် တစ်ခုပြဌာန်း မည်ဆိုပါက ဆီလျှော်သောကိစ္စအဖြစ် မှတ်ယူရပေမည်။
မည်သို့ မည်ပုံပြဌာန်းမည်လဲဆိုသည် ကိုသာလေ့လာ ဆန်းစစ် ရမည်ဖြစ်၏။ မိမိတို.၏ အမျိုးဘာသာ သာသနာနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်သင့်သော တားမြစ်ချက်များ ပြဌန်းဖို.ဆိုသည်မှာ လက်ရှိအခြေအနေတွင် မိမိတို. သာသနာအား ပြင်ပမှ လွမ်းမိုးနိုင်ရန်ချိန်းချောက်မှု ရှိမရှိ ဆိုသော အခြေအနေအား တွက်ဆရန် ပထမအဆင့်လိုအပ်ပါသည်။


ကမ္ဘာပေါ်တွင် ဘာသာကြီးလေးမျိုးနှင့်ပတ်သက်၍ ပင်မဌာန ကြီးများလည်း ၄ ခုရှိပါသည်။
ဟိန္ဒိုတို.အတွက် အိန္နိယတိုက် ကိုသတ်မှတ်နိုင်ပြီး ခရစ်ယန်တို.အတွက် ဗာတင်ကန် စီးတီးဖြစ်၍ အစ္စလာမ်သာသနာအတွက် အရှေ.အလယ်ပိုင်း နိုင်ငံတို. အဓိကကျလေသည်။
ထေရ၀ါဒ သာသနာအတွက် ပြပါလျှင်မူ မြန်မာပြည် ကအဓိက ကျသော တိုင်းပြည်ဖြစ်ပါသည်။
မြန်မာ ပြည်ကို ထေရ၀ါဒ သာသနာအတွက် အဓိက အကျဆုံးတိုင်းပြည်ဟု သတ်မှတ် ရခြင်းမှာ မှတ်တမ်းတင် နိုင်သော ခေတ်တွင် သံဃာယနာ (၂) ကြိမ်တင်နိုင်၍ဖြစ်ပါသည်။ သက်ဆိုင်ရာ ဒေသအသီးသီးတို.တွင် သက်ဆိုင်ရာ ဘာသာကြီးတို.ကွယ် ပျောက်ပါက ကမ္ဘာပေါ်တွင်ပါ ထိုသက်ဆိုင်ရာ ဘာသာကြီးတို.ကွယ်ပြောက်ဖို.ရှိလေသည်။



မြန်မာနိုင်ငံတွင် ထေရ၀ါဒ သာသနာ ပျောက်ဆုံးလျှင် ကမ္ဘာပေါ်တွင်ပါ ထေရ၀ါဒ သာသနာပျောက် ကွယ်မည်ဖြစ်သည်ကို မြန်မာ ဗုဒ္ဓ ဘာသာဝင်များသတိပြုသင့်၏။ ထို.ကြောင့် ထေရ၀ါဒ သာသနာတည်တံ့နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အထူး တာဝန်ရှိလေသည်။ ဤ သည်ကို အခြားသော ဘာသာ များကလည်း လက်ခံမည်ဆိုလျှင် မြန်မာပြည်တွင် ပိုမို၍ငြိမ်းချမ်းဖို. ရှိပါ၏။
အခြားဘာသာတစ်ခုသည် ဗာတင်ကန်စီးတီးတွင် ၎င်း တို.၏ ဘာသာအတွက် သာသနာပြု လုပ်ငန်းများလုပ် မည်ဆို ပါက ကျွန်ုပ်တို. မှ ကန်.ကွက်ရပေမည်။ မိမိဘာသာကို မည်မျှပင် လွတ်လပ်စွာ ပြန်.ပွားလိုသည်ဖြစ်စေ အခြားသော ဘာ သာ၏ မူလဘူတကို သွားရောက်ထိပါးခြင်း မပြုအပ်သောကြောင့် ဖြစ်၏။

ကမ္ဘာပေါ်တွင် သက်ဆိုင်ရာ ဘာသာကြီးများ၏ အားပြိုင်မှုသည် ထင်ရှားစွာရှိနေဆဲဖြစ်၏။ မြန်မာပြည် ရှိ ထေရ၀ါဒ သာသ နာ အတွက် ပြင်ပမှ ခြိမ်းချောက်မှု ရှိမရှိ ကိုပထမအဆင့် အနေဖြင့် သုံးသပ် ရလျှင် ခြမ်းချောက်မှု ရှိသည်ဟူ၍ သာ အဖြေထွက်ရှိပါသည်။ ခြိမ်းချောက်မှု ရှိလျှင် ကာကွယ်မှုလည်း ရှိဖို.လိုအပ်ပါသည်။ ပြီးခဲ့သော နှစ် ၅၀ ကျော်အတွင်း ဗုဒ္ဓ ဘာသာ နိုင်ငံမှ အခြားဘာသာ နိုင်ငံအဖြစ် ကြေငြာနိုင်ခဲ့သော တိုင်းပြည်တို.အားလေ့လာသင့်ပါ၏။ လာမည့် နှစ် ၅၀ ကာလ သည် ထေရ၀ါဒ သာသနာအတွက် အလွန် အရေးကြီးသောကာလဖြစ်၏။ ဒီမိုကရေစီ ရေစီးကြောင်းနှင့် အတူ အလွန်မြန် သော နည်းပညာအပြောင်းအလဲများကြောင်း လူငယ်မျိုးဆက်သစ်တို. ၏ အတွေးအခေါ်ပြောင်းလဲမှုကလည်း အလွန်မြန် လာသောကြောင့်ဖြစ်၏။ ဥရောပတွင် လူငယ်မျိုးဆက်သစ်တို. ၏ ၅၀% ကျော်က ဖန်ဆင်းရှင်ကို လက်မခံနိုင်ကြောင်းတင် ပြလာကြ၏။

ဤ သည်မှာ လွန်ခဲ့သော နှစ် ၅၀ အတွင်း ပြောင်းလဲလာသော မျိုးဆက်သစ်များ၏ အတွေးအခေါ်ဖြစ်ပါသည်။

မိမိ၏ လူမျိုးနှင့် ကိုးကွယ်မှုအား တရားသောနည်း လမ်းဖြင့် ကာကွယ်စောင့်ရှောက်ရန်ကြိုးပမ်းသော ကိစ္စကို ကန့်ကွက်သူ များသာလူ့အခွင့် အရေးချိုးဖေါက်မှုဖြစ်၏။ ရဟန်းတော်တစ်ပါး အနေဖြင့် သူ၏ သာသနာကို တရားသောနည်းလမ်းဖြင့် စောင့်ရှောက်ဖို့ကြိုးစားနေခြင်းကို မည်သည့်ဘာသာဝင်ကမှ ရှုံ့ချဖို့မသင့်ပါချေ။
ထေရ၀ါဒ သာသနာတော်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခရီးတွင် မည်သို့ ခက်ခဲစွာရပ် တည်ခဲ့ရ သည်ကို ရဟန်း တော်များကို အပြစ်တင်နေသော ဗုဒ္ဓဘာသာ ၀င်များ လေ့လာသင့်၏။
( မောင်အံ့ရေးသော သာသနာ ၂၅၀၀ ခရီးတွင်ရှု)။ ထိုခေတ် ထိုအခါက ဥပဒေကဲ့သို့ အာဏာပြင်းသော မင်းမိန့်များဖြင့် မထိမ်းသိမ်းခဲ့ပါလျှင် ယခု ကာလတွင် ထေရ၀ါဒသာသနာတော်ဟူ၍ ရှိမည်မဟုတ် တော့ပါ။


သာသနာတော်တစ်ခု မပျောက်ပျက်စေရန် ဓမ္မစက်ဖြင့်သော်၎င်း အာဏာစက်ဖြင့်သော်၎င်း ထိန်းသိမ်းရ၏။ တရုတ်နှင့် အိန္နိယလူမျိုး များတွင် မိမိ အမျိုးနွယ် များကိုသာ လက်ထပ်ရမည်ဟူသော နှစ်ပေါင်းထောင်ချီ တည်တံ့နေသည့် ရိုးရာ အစဉ်လာ ထိန်းသိမ်းမှုများ ထင်ရှားစွာရှိ၏။ လူဦးရေသန်းထောင်ကျော်စီ ရှိသော ၎င်း တို့က အစဉ်အလာက ထိုသို့ပြဌာန်း ပါလျှင် ၎င်းတို့၏ အိမ်နီးနားခြင်း ဖြစ်သော ကျွန်ုပ်တို့အနေဖြင့်လည်း နည်းကောင်းလမ်း ကောင်းတစ်ခုတော့လိုအပ် နိုင်ပါသည်။ ဘန်ကီမွန်းတို့ရုံးစိုက်သော တိုင်းပြည်အနီးနားတွင် လူဦးရေသန်း ထောင်ချီသောနိုင်ငံများမရှိ ဘေးတစ် ဖက်တစ်ချက်တွင် သမုဒ္ဒရာ ၂ စင်းသာလျှင်ရှိ၏။

ဥရောပတိုက်ကိုလေ့လာကြည့်ပါဦး။ အီးယူ (၂၇) နိုင်ငံဖြင့် ဖွဲ့စည်းထားသော လူ့အခွင့်ရေးသမားများ နေထိုင်ရာဒေသတွင် တူရကီနိုင်ငံအား အဖွဲ့ဝင်အဖြစ်လက်မခံပဲကန့်သတ်ထား၏။ လူဦးရေပေါက်ကွဲမှု သန်း၈၀ ကျော်သာရှိသော တူရကီ အား သန်း ၅၀၀ ကျော်ရှိသည့် ဥရောပက လက်မခံရဲပေ။
တူရကီ အီးယူ အဖွဲ့ဝင်ဖြစ်လာခဲ့လျှင် ဥရောပတစ်တိုက်လုံးက တူရကီနိုင်ငံသားများအားပြည်ဝင်ခွင့် ပေးရမည်ဖြစ် ပြီး ဥရောပကို အလွယ်တကူဝင်နိုင်မည့် တံခါးပေါက်ဖြစ်လာမည်ကို ဥရောပ လူ့အခွင့်ရေးသမားဆိုသူတို့ ကလက်မခံနိုင်ကြပါ။ တူရကီသည် အစ္စလာမ်ကိုးကွယ်သော နိုင်ငံဖြစ်၍ ဥရောပ သို့လာရောက် အခြေချချင်နေ သော အစ္စ လာမ် တို့၏ တံခါးပေါက်ဖြစ်လာမည်ဟု အလွန်စိုးရိမ်ကြလေသည်။

ကမ္ဘာပေါ်တွင် လူအခွင့် အရေးအပြည့်အ၀ရှိပါသည်ဆို သော နိုဘယ်ဆု နိုင်ငံရှင် နော်ဝေနိုင်ငံကိုလည်း ကြည့်လိုက်ပါဦး။
၎င်း တို့တိုင်းပြည်ရှိ နော်ဝေ အမျိုးသားများ သည် ထိုင်း အမျိုးသမီး များနှင့် လက်ထပ် သည် ကို တိုင်းပြည်မှ မနှစ်သက်ကြ။
ထို့ကြောင့် ထိုင်းအမျိုးသမီးတစ်ဦး နော်ဝေ ယောက်ျား နှင့်လက်ထပ်လျှင် ကလေးတစ်ယောက်ယူမှ နိုင်ငံသား ဖြစ်ခွင့်ပေးလေ၏။
ယောကျာ်းများကို စောင့် ရှောက်သောတိုင်းပြည်ပါပေ။ နော်ဝေတွင် ထိုင်းအမျိုးသမီးများ လူ့အခွင့် ရေးချိုးဖေါက်ခံနေရခြင်းဖြစ်ပါ၏

ဥရောပသို့ပြောင်းရွေ့အခြေချနေထိုင်သော တိုင်းရင်းသားမွန်လူငယ်များ၊ ချင်းလူငယ်များ၊ ကရင်လူငယ်များအား မိမိတို့မွန် မိန်းကလေး၊ ချင်းမိန်းကလေးများ၊ ကရင် မိန်းကလေးများဖြင့်သာ လက်ထပ်ရန် ကျွန်ုပ်တို့တိုက်တွန်းခဲ့၏။
ပြောင်းရွေ့ နေထိုင်သော လူဦးရေပမာဏ က ထောင် သောင်းချီ၍ ရှိသဖြင့် လူမျိုးခြားနှင့် လက်ထပ်ခဲ့လျှင် ပြည်ပရောက် အဖိုးတန်မျိုး ဆက်သစ်များ ဆုံးရှုံးမှာကို မလိုလား၍ ဖြစ်ပါသည်။
နောက်တစ်ကြောင်းကလည်း အရှေ့ အနောက်ယဉ်ကျေး မှုခြင်းကကွာခြားလွန်းသည်ဖြစ်၍ အရှေ့တိုင်းမှတန်ဖိုး ထားသော အိမ်ထောင်မှု သဘာဝပျက် စီးနိုင်သည့်အတွက် ကြောင့်ဖြစ်ပါသည်။
သို့သော်လည်း လူငယ်များအနေဖြင့် လွတ် လပ်စွာ လက်ထပ်ပိုင်ခွင့်ကို ချုပ်ချယ်ခြင်း မဟုတ်ဘူး လားဟု စောဒက တက်သည်များရှိပါ၏။
လူခြင်း အတူတူပဲမဟုတ်ဘူး လားဟုဆိုကြသည်။ လူခြင်းတူသော်လည်း ယဉ်ကျေး မှုခြင်းမတူသည်ကို ရှင်းပြရ၏။


ဥရောပသူ ဆယ်ကျော်သက်ရွယ် မိန်းကလေးငယ်သည် လက်ထပ်သော ယောက်ကျားတစ်ယောက်မရှိပဲ ကလေးမွေးရဲ၏။
ထိုသို့ မွေးရုံမျှ မကသေး ထိုကလေးအဖေအား လက်မထပ်လိုဟု ငြင်းဆိုပြီး အခြားသူယူချင်သော ယောက်ျားတစ် ယောက်ကို လည်း အပူအပင်မရှိ လက်ထပ်ရဲလေသည်။
ယောက်ျားလေးများသည်လည်း ထိုနည်းတူပင်ဖြစ်၏။
လက်မ ထပ်ပဲ မိန်းကလေးတစ်ယောက်နှင့် ကလေးရပြီး သူလက်ထပ်ချင်သော မိန်းမတစ်ယောက်အားလက်ထပ် လေ၏။ သူတို့လို လုပ်နိုင်မည်လားဟု ပြောင်းရွေ့အခြေချနေသာ မြန်မာလူငယ်များအား မေးခွန်းထုတ်သည့် အခါ သူတို့အနေဖြင့် ထိုသို့ တော့မလုပ်နိုင်ပါဟု ဖြေကြ၏။
ဥရောပတွင်တော့ ထမင်းစားရေသောက်မျှသာဖြစ်၏။
လက်ရှိ ဗြိတိန်လေဘာပါတီ ခေါင်း ဆောင်တဦး သည် ပင်လျှင် လက်မထပ်ပဲ ကလေးအရင်မွေးလေ၏။

ကျွန်ုပ်အနေဖြင့် မတူညီသော ယဉ်ကျေးမှုတစ်ခုအားမှားသည် မှန်သည် အကဲဖြစ်ခြင်းမဟုတ်ပါ။ ကွာခြားလွန်းလေ၊ ဘေးထွက်ဆိုးကျိုးများလေ၊ ဟုသာတင်ပြခြင်းဖြစ်ပါသည်။ ပြီးခဲ့သော အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အိုဘားမားက လိင်တူ လက်ထပ်ထိမ်းမြားခြင်းအား အဆိုပြုခဲ့စဉ်က ၎င်း ၏ ပြိုင်ဘက် သမ္မက အမေရိကန် နိုင်ငံသည် ခရစ်ယာန်တန်ဘိုး များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု သတိပေးခဲ့၏။

ထိုသို.ဆိုပါလျှင် မြန်မာနိုင်ငံ သည် ဗုဒ္ဓ၀ါဒ တန်ဖိုးများဖြင့်တည် ဆောက်ထားသည်ဆိုခြင်းကို မည်သူမျှငြင်းနိုင်လိမ့်မည်မဟုတ်ပါ။ ဗုဒ္ဓ စာပေနှင့်အတူ မြန်မာစာပေ အက္ခရာပါထွန်းကားခဲ့၏။
မြန်မာစာပေ ဘာသာစကားထင်ရှားစွာ ပေါ်ထွန်းသည်ဖြစ်၍ မြန်မာနိုင်ငံသည် ကမ္ဘာတွင် စာတတ်သူ အများဆုံးတိုင်းပြည် များ စာရင်းတွင်ပါဝင်ခဲ့သည်။
ထို.ကြောင့် မြန်မာလူမျိုးများသည် သင်လွယ်တတ်လွယ်ကြ၏။
မြန်မာများ စာတတ်ရခြင်း ၏ အကြောင်းရင်းမှာလည်း သာသနာတော် မှ ရဟန်းတော်များကြောင့်ဖြစ်၏။ ရဟန်းတော်များ၏ တာဝန်တို.ကလည်း သမိုင်း တစ်လျှောက်တွင် အလွန်များပြားခဲ့၏။
သာသနာတော်ကို တည်တံ့စေရုံသာမက တိုင်းရေးပြည်ရေးနှင့်ပတ်သက်၍ လည်း သက်ဦးဆံပိုင် ဘုရင်ကိုပင်လျှင် မှန်ရာကို တင်ပြရဲသော အစဉ်အလာများရှိခဲ့၏။

ဗုဒ္ဓသာသနာမရှိခဲ့လျှင် မြန်မာစာပေသည်လည်း ရှိလာနိုင်တော့မည် မဟုတ်ခဲ့၊ မြန်မာပြည် သည်ပင်လျှင် ပေါ်ထွန်း လာမည် မဟုတ် တော့ ဆိုသည်ကို လူငယ်မျိုးဆက်များ နားလည်ဖို.လို၏။
သမိုင်း အဆက်ဆက်တွင် ရဟန်းတော်များ၏ ဆုံးမမှု ကြောင့် ခင်ဗျားကျွန်တော် သူသူငါငါ တို.လူဖြစ်လာသည်ကို မမေ့အပ်ပေ။
ထေရ်ကြီး ၀ါကြီး စာတတ်ပေ တတ် သံဃာ ရဟန်း တော်များက ဆုံးမလျှင် ဗုဒ္ဓဘာ သာ အမျိုးကောင်းသားသမီးတို.အနေဖြင့် လေးစားစွာ ခံယူထိုက်၏။
ကက် ကက်လန် ရန် တွေ.၍ သံဃာတော်တို.အား အပစ် မတင်အပ်ပေ။
သံဃာတော်များမှ ချမှတ်သော စည်းကမ်းကလနားများက သိပ်ကြီးမား နေလျှင် လည်း ခေတ်စနစ်နှင့် လျှော်ညီစွာဖြင့် မည်သို.မည်ပုံ စည်ကမ်း ပြန်လည်သတ်မှတ် ပေးရန်သာ ရိုသေစွာလျှောက် ထားအပ်၏။

သံဃာ ရဟန်းတော်များ၏ ဆိုဆုံးမမှုကို လူ့အခွင့် အရေး စံချိန်စံညွှန်းများဖြင့် မကိုက်ဟုဆိုကာ ကက် ကက်လန်နေကြပါ လျှင် နောင်တစ်ချိန်တွင် သံဃာ ရဟန်းတော်များ၏ ဆုံးမမှုကို ရနိုင်လိမ့်မည်မဟုတ်တော့။


မြန်မာ လူအဖွဲ့အစည်း သည် ဆုံး မပဲ့ပြင်မှုများဖြင့် လူလားမြောက်လာခြင်းဖြစ်ပြီး၊ လူ.အဖွဲ့ အစည်းအတွက် ကြောက်စရာ အကောင်းဆုံး အရာ မှာ ဆိုဆုံး မ မှုနှင့် ကင်းဝေးရခြင်းဖြစ်၏။
ထို.ကြောင့် မိမဆုံးမ ဖမဆုံးမဟု အပြောခံရလျှင် မြန်မာများ ဆတ်ဆတ် ခါအောင်နာကြခြင်းဖြစ် ၏။
မိဘနှင့်တစ်ဂိုဏ်းတည်းဖြစ်သော သံဃာနှင့် ဗုဒ္ဓ တရားတော်များ၏ ဆိုဆုံးမမှု များနှင့်ဝေးလျှင် ကျွန်ုပ်တို.မျိုးဆက်အ တွက် ကောင်းသော အမွေတစ်ခု မဖြစ်နိုင်တော့ပေ။


- ကောင်းမြတ်သူ (မူဝါဒရေးရာဌာန) မြန်မာအမျိုးသားကွန်ဂရက်ပါတီ-

( ဟစ်တိုင်စာမျက်နှာ )

No comments: