Thursday, April 23, 2009

Canada UDP Party news

British Columbia Securities Commission

Apr 17, 2009 16:30 ET
BCSC Executive Director's Bulletin: Securities Regulator Gives Notice of a Hearing Into Alleged Illegal Insider Trading

VANCOUVER, BRITISH COLUMBIA--(Marketwire - April 17, 2009) - The executive director of the British Columbia Securities Commission has issued a notice of hearing alleging that Michael Kyaw Myint Hua Hu contravened the insider trading provisions of the Securities Act when he purchased shares of a TSX Venture Exchange-listed company.

The notice of hearing says that between Sept. 21, 2007 and Oct. 12, 2007, Hu, a B.C. resident, was a director and chairman of Maple Leaf Reforestation Inc., an Alberta-incorporated company listed on the TSX-V. The notice alleges that during that period, Hu bought 887,800 shares of Maple Leaf at an average price of $1 per share for a total of $861,445.80, while in a special relationship with Maple Leaf, and with knowledge that the company had entered into a memorandum of understanding to establish a bio diesel production project in China.

The notice says that on Oct. 16, 2007 Maple Leaf issued a news release announcing the China project. Its shares opened trading at $1.60 the day after the announcement, from a close of $1.30 on Oct. 12, 2007.

The notice also alleges that Hu purchased the Maple Leaf shares through another person's trading account and that he breached the Act when he disclosed to the account holder that commission staff had summoned Hu to an investigatory interview. The notice further alleges that Hu made false and misleading statements during the interview.

These allegations have not been proven. Counsel for the executive director will apply to set dates for a hearing into the allegations before a panel of commissioners.

The B.C. Securities Commission is the independent provincial government agency responsible for regulating trading in securities within the province. You may view notices of hearings on our website www.bcsc.bc.ca. If you have questions, contact Andrew Poon, media relations, 604-899-6880.

For more information, please contact
British Columbia Securities Commission
Andrew Poon
Media Relations
604-899-6880 or (Canada) 1-800-373-6393

Wednesday, April 22, 2009

teacher and student (Philosophy)

(၁)
ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး
အတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။
ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊
"ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊
ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်"
.... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း
မဖြေနိုင်တော့ပါဘူး...
နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ်
"ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့
မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်.ဦးမှပဲ" ... သူကတော့
မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ
ဖြေဆိုနိုင်ခဲ့ပါတယ်....
ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင်
ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိ
အရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့
စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ၊ ဘာရည်ရွယ်ချက်နဲ.ပဲ မေးမေး "ဒုတိယ ကျောင်းသား"
လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်
(၂)
ဆရာက ကျောင်းသားတစ်ယောက်ကို စားပွဲရှေ .မှာ ထိုင်ခိုင်းပြီး "က"
တစ်လုံးရေးပြပါလို. ခိုင်းပါတယ်။ ကျောင်းသားက ရေးပြီး ဆရာ့ရှေ.ကို
ထိုးပေးလိုက်ပါတယ်.... ဆရာက သူ.အဖြေကို လက်မခံခဲ့ပါဘူး။
ဆရာ့ဘက်က ကြည့်တော့ အဖြေက "ယ" ဖြစ်နေတာကိုး...
နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်...ကျောင်းသားက ရေးပြီး
"စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်... ဆရာက သူ.အဖြေကို
သဘောကျ လက်ခံခဲ့ပါတယ်....
ဒီအဖြစ်ပျက်လေးမှာ "ကိစ္စရပ်တိုင်းမှာ Angle Of Vision လို.ခေါ်တဲ့ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ"...
ကျောင်းသားနှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ...ဒါပေမဲ့
ပထမကျောင်းသားဟာ သူ.ဘက်အမြင်အတိုင်း ဆရာ့ကို ပြတာကိုး... ဒီနေရာမှာ
သတိထားရမှာက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်က "က" လို. မြင်ရအောင် သူက "ယ"
လို. အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး...သူလည်း အမှန်ပဲ ရေးလိုက်ပြီး
ဆရာ့ဘက်ကလည်း အမှန်ပဲမြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်
အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ...
အချို.သော ကိစ္စရပ်တွေမှာ သူ.ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလည်းလို.
စဉ်းစားတွေခေါ်ချင့်ချိန်ပြီး သူ.ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊
ဆွေးနွေးပြဖို. လိုပါလိမ့်မယ်.... အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို
သူနားလည် လက်ခံနိုင်လာမှာပါ... အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ်ဆိုတာကို
ကိုယ့်ဘက်က အမြင်တစ်ခုတည်းနဲ. ကြည့်ပြီး
ဇွတ်အတင်းငြင်းခုံနေမယ်ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို
ဘယ်တော့မှ ရောက်တော့ မှာ မဟုတ်ပါဘူး...
(၃)
ဆရာက ကျောင်းသားကို ခုံပေါ်မှာ မတ်တပ်ရပ်ခိုင်းထားပြီး
အပြစ်ပေးထားပါတယ်... အချိန်အတော်ကြာတော့ ဆရာက ကျောင်းသားကို ဆုံးမဖို.
လက်ယပ်ခေါ်လိုက်တယ်... ဒါပေမယ့် အဲဒီအချိန်မှာ ကျောင်းသားက
ရပ်နေတာကြာပြီဖြစ်တဲ့အတွက် ဆရာက ပြန်ထိုင်ခိုင်းရင် ကောင်းမှာပဲလို.
တွေးနေချိန်ပါ... ကျောင်းသားက လိုရာတွေးပြီး
ထိုင်ချလိုက်ပါတယ်...အဲ့မှာတင် ပြသနာက စတက်ပါတော့တယ်...
ဒါဟာ misunderstanding (နားလည်မှု လွဲချော်ခြင်း) ပါ၊ များသောအားဖြင့် Body
Language လို.ခေါ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို အသုံးပြုပြီး အသံတိတ်
စကားပြောဆက်သွယ်တဲ့ အခါမျိုးမှာ နားလည်မှုလွဲချော်တာတွေ ဖြစ်တတ်ပါတယ်...
အဆိုးဝါးဆုံးကတော့ အထက်က ဖြစ်ရပ်ကလေးလို ကိုယ့်ရဲ့စိတ်အာရုံ (Emotion)
ရဲ့ လွှမ်းမိုးခြယ်လှယ်မှုကြောင့် သူတစ်ပါးရဲ့စကားကို တလွဲအဓိပ္ပာယ်ကောက်မိတာတွေ၊
အခြေအနေတွေကို အလွဲလွဲ အမှားမှား နားလည်သုံးသပ်မိတာတွေပါပဲ၊
ဘယ်ဘာသာစကားနဲ.ပဲပြောပြော ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပါ သူတစ်ပါး ကိုယ့်ကို
ဘာပြောတယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ. ပြောတယ်ဆိုတာကို အမှန်အတိုင်း အရှိအတိုင်း
နားလည်နိုင်အောင် ကြိုးစားခြင်းဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်
ထင်ပါတယ်...(၄)
ဆရာက ကျောင်းသားအားလုံး ရှေ.မှာ ရပ်ပြီး လက်ညှိုးတစ်ချောင်းထောင်ပြီး
ဒီလိုပြောပါတယ်...
"မင်းတို. အားလုံး လက်ညှိုးထောင်လိုက်ပါ"
ကျောင်းသားအားလုံး ဆရာ့ကို စိတ် ၀င်တစား ကြည့်နေရာကနေ ဆရာခိုင်းတဲ့
အတိုင်းလိုက်လုပ်ကြပါတယ်...
အဲဒီအချိန်မှာပဲ ဆရာက သူ.ရဲ့နားထင်ကို လက်နဲ.ထောက်ပြီး...
"အဲဒီလက်ညှိုးနဲ. ကိုယ့်နဖူးကို ထောက်လိုက်ကြပါ" လို. ထပ်ပြောပါတယ်...
ကျောင်းသားအားလုံးဟာ ဆရာလုပ်တဲ့အတိုင်း နားထင်ကို
လိုက်ထောက်ကြပါတယ်...ခဏနေမှ သူတို.မှားသွားမှန်း အားလုံးက
သဘောပေါက်လိုက်ကြပါတယ်... "ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ"
ဒီအဖြစ်အပျက်လေးမှာ အကြားနဲ.အမြင် တစ်ထပ်တည်းမကျမှုကို တွေ.ရပါလိမ့်မယ်...
တပြိုင်တည်းလို. ထင်ရပေမယ့် တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကို
အရင်ရောက်သွားတဲ့ သဘောပါ...အမြင်အာရုံဟာ အလင်းကို အခြေခံပြီး
အကြားအာရုံကတော့ အသံမှာ အခြေခံပါတယ်... အလင်းရဲ့အလျင်ဟာ အသံရဲ့အလျင်ထက်
ပိုမြန်တဲ့အတွက် ဒီလိုဖြစ်ခြင်းဖြစ်ပါတယ်...
ဒီသဘောတရားလေးကို ကောင်းစွာနားလည်မယ်ဆိုရင် ကိုယ်ပြောမယ့်စကားနဲ.
သင့်တော်မယ့် လိုက်လျောညီထွေဖြစ်မယ့် ဟန်ပန်အမူအရာ ထားမှသာလျှင်
ကိုယ်ပြောမယ့်စကား အရာထင်မှာပါ...
သိပ်ဆိုးတဲ့ ကလေးတစ်ယောက်ကို ငါရိုက်လိုက်ရ လို. မာန်ပြီး မျက်နှာက
ပြုံးစိစိလုပ်မယ်ဆိုရင် ကလေးက ကိုယ့်စကားကို အလေးမထားပဲ နေမှာပါ...
အဲဒီလိုပါပဲ ကိုယ့်လက်အောက်ငယ်သားတွေကို မင်းတို. ငါ့ကို
ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ၊ မှားတာကို ထောက်ပြပါလို. ပြောနေပေမယ့်
မျက်နှာက ငါ့ကို မကောင်းဘူးလို. ပြောလို.ကတော့ အလုပ်ထုတ်ပစ်မယ် ဆိုတဲ့
ရုပ်ပေါက်နေရင် ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်...
အရှင်းဆုံးပြောရရင် ရိုးသားဖို.၊ ပြီးတော့ သတိထားဖို.ပါပဲ...
လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ တကယ်ရှိတာကိုသာ ပြောမယ်ဆိုရင်
သူ.ရဲ့မျက်နှာကနေ သူ.ရဲ့ကောင်းတဲ့ စေတနာကို မြင် နိုင်ပါတယ်...
(၅)
ဆရာက ကျောင်းသားတွေကို စာရွက်အဖြူရောင် ထောင်ပြပြီး ဒါဘာအရောင်လည်းလို.
မေးပါတယ်... ကျောင်းသားအားလုံးက တညီတညွတ်တည်း ဖြေကြပါတယ်...
"အဖြူရောင်ပါ ..."ဆရာက White Borad ရဲ့ မျက်နှာပြင်ကို ထောက်ပြီး ဒါကရော ဘာအရောင်လဲလို.
မေးပြန်ပါတယ်... မဆိုင်းမတွပဲ အားလုံးက အဖြူရောင်ပါလို. ဖြေကြပါတယ်...
"အဲဒီနောက်မှာတော့ ဆရာက ခုနကစာရွက်ကို White Board မှာ ကပ်ပြီး
ဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ လို. မေးပြန်ပါတယ်"... ကျောင်းသားအားလုံး
ဖြေရန် စွံ.အ သွားပါတော့တယ်...
ဒီအဖြစ်အပျက်လေးမှာ လူတွေ သတ်မှတ်တဲ့ စံနှုန်းတွေရဲ့ေ၀၀ါးဆန်းပြားမှုကို
တွေ.မြင်နိုင်ပါတယ်....
လူတစ်ယောက်က ချမ်းသာမယ်...နောက်တစ်ယောက်က
ပိုချမ်းသာမယ်...နောက်တစ်ယောက်က
ပိုပြီးချမ်းသာမယ် စသဖြင့်ပေါ့... သတ်မှတ်ချက်တွေမှာ အဆုံးသတ်မျဉ်း
မရှိသလို အစစ်အမှန်ဆိုတာလည်း မရှိနိုင်ပါဘူး... ဒါကြောင့် ပြသနာတစ်ခုကို
ဖြေရှင်းတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်အခြေအနေတွေကို သေချာမှုမရှိတဲ့
သတ်မှတ်ချက်တွေ လာရောက်လွှမ်းမိုးတာမခံစေဘဲ တကယ့်အရှိတရား (Being) မှာပဲ
စူးစိုက်နှစ်မြှုပ်ထားနိုင်ဖို. လိုပါတယ်....ဒီလိုမှလည်း နည်းလမ်းကျပြီး
မျှတတဲ့ အဖြေတစ်ခုကို ထုတ်နိုင်မှာပါ...
(၆)
ဆရာက မေးပါတယ်...
"အဖြူမဟုတ်ရင် ဘာလည်းကွ"
အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားက ပြန်ဖြေပါတယ်...
တစ်ကယ်က "အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး ဖြစ်နိုင်တာလေ"
ကျနော်တို.လည်း လူ.လောကထဲက ပြသနာရပ် တော်တော်များများမှာ
အဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိုင်ချေ (Possibility) များစွာကို
မစဉ်းစားပဲ၊ ဆန်.ကျင်ဘက်အမြင် (Opposite View) တွေကိုသာ ရုတ်တရက်
စဉ်းစားမိတတ်ကြပါတယ်...ဥပမာ ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ. အခြားလူ
ပေးလာတဲ့ အဖြေတစ်ခုနဲ. ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ တစ်ဘက်သူ
မှားနေတယ်ဆိုပြီး ရုတ်တရက် ကောက်ချက်ချမိတတ်ပါတယ်... ကိစ္စရပ်တိုင်းမှာ
ဖြစ်နိုင်ခြေတွေ တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာ၊ စဉ်းစားပုံ
စဉ်းစားနည်း (The Way Of Thinking) အပေါ်မူတည်ပြီး အဖြေ ဒါမှမဟုတ်
ရလဒ်တွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာတွေကို
နားလည်ထားရပါမယ်...
"ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့ အမြင်တွေက လွတ်မြောက်ပြီး
ငါလည်းမှန်တယ်၊ မင်းလည်းမှန်တယ် ဒါပေမယ့် ဘယ်သူ .ရဲ့ လမ်းပေိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ...
ပြသနာဆိုတဲ့ စကားလုံးနဲ.တတ်နိုင်သမျှ ကင်းဝေးနိုင်ဖို.၊ နောင်တတွေ ခဏခဏ
မရဖို.၊ အနည်းဆုံး လောကထဲမှာ ပြုံးပြုံးကလေး နေနိုင်ဖို.
သိမိသမျှ၊ဖတ်မိသမျှ၊ ကျင့် ကြံအားထုတ်မိသမျှ ပေးဝေလိုက်ရပါသည်...
မှတ်ချက်၊ ကိုသိန်းထိုက် Email ကို Forward လုပ်ပါသည်။ကြာင်းက

Tuesday, April 21, 2009

The story of ugly girl

Young Age
She was a very beautiful and smart. Some people always said " She is so lovely, cute and good looking . Her background was wealthy and happy family.

Teenage
Unfortunately, she had got skin disease. She was so shameful. She had never been gone out since she gets this disease. One day, her brother (monk) visited to their house. All relatives welcome to him expect his younger sister. When he knew about sister, he advised her to do some meritorious deeds. He suggested that raise some money by selling off her jewellery to build a community hall where people perform all activities. She did all things as she was told. She clean up and fill the water pots everyday even while the construction was still going on. She began to get better because of her good deed. Why Ugly?Why she get this skin disease? All things are not happen without causes. Absolutely , she was at one time a chief queen in her past existences. The king had a favorite dancer and she was very jealous of the dancer. One day, she told her attendants to put some itching powder in the dancer's bed and her blankets, and to humiliate her by throwing some itching powder on her. The poor dancer itched all over and was in great pain and discomfort. Thus itching unbearably, she ran to her bed, which made her suffer even more. As a result of that evil action, she had to suffer the skin disease in this life.

Buddha Advice
Not to act foolishly in anger and not to bear any ill-will towards others. Her skin disease disappeared, and her complexion became clear and smooth after she realized the Dhamma.

Key Note
Put away anger,Abandon pride,Overcome every attachment,Cling not to Mind and Body Thus free from sorrow.

Dhammapanda(Rohini) by the Buddha

Saturday, April 18, 2009

A Nyake

Saturday, November 17, 2007
တန်ဆောင်တိုင်အငြိမ့်ပွဲ(၂)
ကြယ်သီး။ငွေနှင်းထန်စွာကျမှောင်တုန်းဟာမို့ နေမင်းဖလ်ဝါ မြအရောင်ဖုံးပြီး
လတန်ဆောင်မုန်း နတ်ပြည်လို သာလိုက်တာ ကြတ္တီကာ မိုးဘွေခွင် က မြန်းပြန်တော့
ကတိုးရေစင်ဖြန်းလို့ စန်းပေါ်ထွက်ကထဲက
မသိုးရွှေသင်္ကန်း နန်းတော် က ရက်သည့်ပြင်
ပန်းတော်ဆက် ပုလဲပွင့်တဲ့နံ့သာနီလို
ခ၀ဲပွင့်တဲ့ရာသီ တစ်အိမ်တရပ် မယွင်းပဲ
ကထိန်ဥာတ်ခင်း တန်ဆောင်တိုင် လှူသည့်
တောင်ခ၇ိုင်ဇမ္ဗူ စိတ်ဟာ ရွှင်ကြ
ဗြိစ္ဆာခွင် ထက်ရပ်ဘုံက
နက္ခတ်အစုံ စိန်ရောင်အသွေးလင်းတော့
တသိန်ဆောင်တဲ့တေးသီးချင်းနဲ့ ပညာဒြပ် မဆုံးနိုင်သည့်
တိမ်မှောင်ဝေးကင်း အစဉ်အလာ မပြတ်သုံးရအောင်(ရွာစားရေ)မင်္ဂလာ ပတ်လုံး ဖွဲ့။
(မင်းသမီး ထွက်လာ ကာ က စေ)
ပန်းသီး ။အဲဒါတွေ ခက်နေတာပဲ ခေတ်က ပြောင်းနေပြီ အင်တာနက်ခေတ် အိုင်တီ ခေတ် တစ်ခါလာ လဲ
တိန်နောင် တိန်နောင် နဲ့ ပြီးကြတော့မှာလား
စိန်သီး ။ဒါမြန်မာ့ရိုးရာ ကွ တို့ထိန်းရမယ်
ပန်းသီး ။တစ်ဆိတ်ရှိ ၇ိုးရာ နဲ့ကိုင် ကိုင် မပေါက်ပါနဲ့ မော်ဒယ်ရှိုးမှာ တုံးလုံးချွတ်မလို
လျောက်တာကျတော့ဒါ၇ိုးရာလား
စိန်သီး ။ဟဲဟဲ ဒါကတော့ ဘဘ တို့ ကြိုက်တာကိုး
ဇီးသီး ။အော် စကားတွေ ရော ကုန်ပြီ မင်းတို့ ဘာဖြစ်ချင်လဲပြော
ကြယ်သီး။ခေတ်နဲ့အညီပြောင်း၇မယ် ဟစ်ဟော့ ခေတ်ဆို ဟစ်ဟော့ ဒါမျိုး
စိန်သီး ။ဟေး မပြောင်းဖူး အပြောင်းအလဲကို ငါ မကြိုက်ဖူး ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ရုပ်ရှင်လေ
ဇီးသီး ။မပြောင်းဖူး ဗမာ မှ ဗမာ
ကြယ်သီး ။နိုင်ငံတကာ နဲ့ဗမာ ယှဉ်ကြည့်မလား
ဇီးသီး။စိန်လိုက်
(ဆိုင်းဝိုင်းမှ နတ်ဒိုးတီးပေးရန်)
ပန်းသီး ။သူများတကာ့နိုင်ငံတွေမှာ ဖောရင်းဆိုတဲ့နိုင်ငံတွေမှာ လေယာဉ်ပျံဆိုတာ အပေါစား များလွန်းတယ်တဲ့ဗျား။
စိန်သီး ။ဒီလောက်တော့အပျော့ပါကွယ် အဲဒီလောက်တော့အပျော့ပါကွယ်ငါတို့ဗမာ လေယာဉ်မနှေး
စင်္ကာပူတောင်မရောက်သေး ခရီးစဉ် ဖျက်ရတယ်တဲ့ဟေး
ဇီးသီး ။မှတ်ထား အဲဒါ ပုဂံ အဲလေ ဗမာ
ကြယ်သီး ။သူများတကာ့နိုင်ငံ့တွေမှာ ဖောရင်းဆိုတဲ့နိုင်ငံတွေမှာ စက်မှုပညာ လွန်ထွန်းကား မော်တော်ကားတွေ များ
စိန်သီး ။ဒိလောက်တော့အပျော့ပါကွယ် အဲသလောက်တော့အပျော့ပါကွယ် တို့ဗမာပြည်မော်တော်ကား စက်မှုဇုန်ထုတ်မော်တော်ကား ဘယ်ကိုကွေ့တော့ ညာကို သွား အားလုံးမာလကီးယား
ဇီးသီး ။မှတ်ထား အဲဒါ ထီလာဂျစ်
ပန်းသီး ။သူများတကာ့နိုင်ငံတွေမှာ ဖောရင်းဆိုတဲ့နိုင်ငံတွေမှာ နွားနို့မလိုင် လွန်ပေါများ လမ်းမပေါ်တောင်သွန်လို့ထား
စိန်သီး ။။ဒိလောက်တော့အပျော့ပါကွယ် အဲသလောက်တော့အပျော့ပါကွယ် တို့ဗမာတွေအကြံဥာဏ်ထုတ် အီအီး ကုန်း တဲ့စက္ကူစုတ် မလိုင် ဖြစ်အောင်လုပ်
ဇီးသီး ။ဗမာ ကွ
ကြယ်သီး ။။သူများတကာ့နိုင်ငံတွေမှာ ဖောရင်းဆိုတဲ့နိုင်ငံတွေမှာ လက်နက်တွေကို အပြိုင်အဆိုင်ထုတ် နျူကလီးယားတွေ အပြိုင်အဆိုင်လုပ် နျူထရွန် ဗုံးတွေ ထုတ်
စိန်သီး ။ဒီလောက်တော့အပျော့ပါကွယ် အဲဒီလောက်တော့အပျော့ပါကွယ် တို့ဗမာဆို ကမ္ဘာကသိ ဟော ဒီမှာ ဂျင်ဂလိ
(ဂျင်ဂလိ ထုတ်ချိန်ရာ အားလုံး ထွက်ပြေးကြပုံ)
ဆက်လက်ကပြပါဦးမည်

Posted by Zarganar at 9:22 PM 2 comments

Our hands for new history

သမိုင်းသစ် ဒို့လက်နဲ့ထုဆစ်မည်

ယနေ့ လူထု အလိုအပ်ဆုံးသည်ကား.......။
ပြတ်သားသည့်အတွေးအခေါ်၊ခိုင်မာတောင့်တင်းသည့်
ဦးဆောင်မှု ထိရောက်သည့်တိုက်ပွဲ၊များဖြစ်သည်။
မီဒီယာတခုနှင့် တွေ့ဆုံမေးမြန်းခန်း လုပ်ဖူးသည်။ မြန်မာပြည်၏ အခြေအနေကို ပြောပြပါဟု ဆိုလာသော အခါ မြန်မာပြည်သည် မီးတောင်ထိပ်ဝပေါ်သို့ ရောက်နေသည်နှင့် တူသည်ဟု မှတ်ချက်ပြုသည်။ မကြာခင် ရွှေဝါရောင် တော်လှန်ရေးကြီး တရပ် ဖြစ်ပွားပေါ်ထွန်းခဲ့သည်။ ဖိနှိပ်မှုရှိလျှင် တော်လှန်အုံကြွမှု မလွဲမသွေ ဖြစ်ကိုဖြစ်မည်ဟု ပြောတော့ ဤဟာကြီးဟာ သီအိုရီကြီးဖြစ်ပါတယ်ဟု တော်လှန်သည့် မိတ်ဆွေတယောက်က မှတ်ချက်ပြုသည်။ သူနားမလည်၍သာ ဤကဲ့သို့ ပြောခြင်းဖြစ်သည်ဟုသာ ခံယူမိပြီး အငြင်းမပွားမိလိုက်။ မြန်မာပြည်တွင် ဖိနှိပ်မှုများ ရှိနေသ၍ တော်လှန်အုံကြွမှုများ မလွဲမသွေ ဖြစ်ပေါ်လာအုံး မည်ဟု ကျနော်က အခိုင်အမာ ယုံကြည်သည်။
လွန်ခဲ့သော ၁၉၉၀ကျော်က မိုးသက်ပြင်းသည့် အချိန်ကာလများ၌ အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ရတော့မည့် လက်နက်ကိုင်တော်လှန်ရဲဘော်များအား စကားသုံးခွန်းပြောခဲ့ဖူးသည်။

အခြေအနေမပေးခင် ကျားသစ်လိုစောင့်ရမည်။
ရောက်သည့်နေရာမှာ အပင်ပေါက်ရှင်သန်နိုင်ရမည်။
လူထုဘ၀ကို မမေ့နဲ့ မျက်ခြေမပြတ်ကြစေနဲ့ ရန်ငါစည်းပြတ်ပါ

ပြန်ရှင်းပြပေးပါဆို၍ ဤသို့ ရှင်းပြဖူးသည်။
ရပ်တည်ရေး အခက်အခဲဖြစ်လာသည့်အခါ ရပ်တည်ရေးထဲ လုပ်ရင်းလုပ်ရင်း မြုပ်သွားမည်ကို ကြိုမြင်မိသဖြင့် ကျားသစ်လို စောင့်ရမည်ဟု ပြောခြင်းဖြစ်သည်။ ၀မ်းစာရေးလုပ်ရင်း ၀မ်းစာရေးထဲမှာ မနစ်မြုပ်သွားစေလိုသာ စေတနာဖြင့် ကြိုမြင်၍ ပြောခဲ့ခြင်းပင်။ အခြေအနေ မပေးခင်တော့ ကျားသစ်လို စိတ်ဓါတ်မျိုးထားကို ထားရှိရမည်။ ကျားသစ်သည် သားကောင်ကို ပိုင်မှခုန်အုပ်သည်။ ထိုသို့ခုန်အုပ်သည့်အခါ အခြေအနေနှင့် အချိန်အခါကောင်းကို စောင့်လေ့ရှိသည်။ သားကောင်သည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မည်သည့်အခါမှ သူ၏ ၀ိရိယကို လျှော့သူမဟုတ်၊ သူ၏ အားစိုက်ထုတ်မှုကိုလည်း လျှော့သူမဟုတ်။ အချိန်အခါရောက်လာလျှင် အားနှင့်မာန်နှင့် လေအလျှင်ကဲ့သို့ ခုန်အုပ်သည်။
တော်လှန်ရေး စိတ်ဓါတ်ရှင်သန်နေသ၍ မည်သည့်နေရာဘဲ ရောက်ရောက် ရောက်သည့်နေရာ၌ တော်လှန်သည့်ပန်းတွေ ရဲရဲနီနေဘို့ အရေးကြီးသည်။ တော်လှန်သွေးတော်လှန်စိတ်သည် ရန်ငါပြတ်မှုအပေါ်တွင် အခြေခံသည်။ ရဲသောသူသည် ရဲသော အလုပ်ကိုသာလုပ်မည်။ တော်လှန်ရေး စိတ်ဓါတ်အမြဲရှင်သန်ရင့်သန်နေရမည်။
အထက်ပါ အခြေခံသည် အတွေးအခေါ်နှစ်ခုသည်ကား လူထုဘ၀လွတ်မြောက်ရေး တိုက်ပွဲအတွက် ပြင်ဆင်ရမည့် အခြေခံ စဉ်းစားသည့် အတွေးအခေါ်ဖြစ်သည်။ လူထုဘ၀အား မျက်ခြေမပြတ်လေလေ လူထုနှင့် တော်လှန်ရေး သမားသည် တသားတည်း ဖြစ်လေလေဖြစ်သည်။ လူထုဘ၀အား မျက်ချေပြတ်သွားပါက ကိုယ်ကျိုးဝါဒီ သမားများဖြစ်ရန် သေချာနေပြီ ဖြစ်သည်။ တသားတည်းဖြစ်နေသမျှ ကာလပါတ်လုံး လူထုနှစ်လုံးသားနှင့် ကိုယ့်နှစ်လုံးသား နှစ်ကိုယ့်တစိတ် ဖြစ်စေသည်။ လူထုခံစားချက်သည် ကိုယ့်ခံစားချက် ဖြစ်လာသည်။ ခံစားချက်မှ ခံယူချက်များ ပေါ်လာသည်။ ခံယူချက်များမှတဆင့် သဘောထားများ ဖြစ်လာသည်။ လူထုအား ဒုက္ခပေးနေသူမည်သူ။ ဖိနှိပ်သူမည်သူ။ အဖိနှိပ်ခံများသည် မည်သူ။ ကိုကွဲကွဲပြားပြား ခွဲခွဲခြားခြား သိနိုင်မည် ဖြစ်သည်။ ဖိနှိပ်မှု၏ သဘောသဘာဝများနှင့် တော်လှန်ခြင်း သီအိုရီများသည် လူထုကို လေ့လာခြင်းနှင့် လူထုထံမှသာ အခိုင်အမာ ပေါက်ဖွားလာလေ့ရှိသည်။
ပြည်သူနဲ့လက်တွဲလို့သာအတည်၊ ပြည်သူကို ငါတို့အမြဲယုံသည်။ ပြည်သူအတွက် အလုပ်အကျွှေးပြုကာ အတည်။ ..သည်ကား ကျနော်တို့ တလျှောက်လုံးစွဲမြဲစွာကိုင်စွဲလာခဲ့သည့်မူ.................။ လူထုဘ၀အား မြက်ခြေပြတ်သွားလျှင် ကိုယ့်တဦးတည်းဘ၀ကိုသာ ဇောင်းပေးသွားလေ့ရှိသည်။ အများဆိုသည့် အများကောင်းစားရေးမှ မိမိတကိုယ်ရေကောင်းစားရေးဘက်သို့ ဦးလည်သွားတတ်သည့်အတွက် လူထုကို မျက်ခြေမပြတ်နှင့် ဆိုသည့် တော်လှန်လက်စွဲစကားပေါ်လာရခြင်းဖြစ်သည်။
ဤသို့ဖြင့် လုပ်ဖေါ်ကိုင်ဖက်တိုက်ဖေါ်တိုက်ဖက်များအား ဤစကားသုံးခွန်းကို အထက်ပါကဲ့သို့ ရှင်းလင်းပြခဲ့သည်။ လေထဲမိုးထဲရေထဲမှာ ရပ်တည်နေကြရသည့် ကျနော်တို့ရဲဘော်များအတွက် ကျနော်၏စကားသည် အားဆေးတခွက်၏ ယုံကြည်သည်။
မရှိရာမှ ရှိရာသို့ သွားသောဖြစ်စဉ်ကြီးတွင် တော်လှန်ရေးသမားများ၏ အခက်အခဲများသည် စာဖွဲ့၍ မကုန်နိုင်။ လူဆိုသည်ကား ပေးဆပ်ခြင်းထက် ပိုင်ဆိုင်မှုအတ္တကိုသာလျှင် တပွေ့တပိုက်ကြီးဖြင့် ထွေးပိုက်ထားလေ့ရှိသည်။ လူထဲမှ လူသားများဖြစ်သော တော်လှန်ရေးသမားများသည် လောကဓံတရားများနှင့် တွေ့တိုင်း ငါးကို ဆားနှင့်ပက်သကဲ့သို့ ဖြတ်ဖြတ်လူးလေ့ရှိသည်။ သို့သော်..............။
အခြွေအရံနည်းခြင်း..အခြွေအရံများခြင်း၊ ဂုဏ်ရှိခြင်း...ဂုဏ်မဲ့ခြင်း၊ ဆင်းရဲခြင်း..ချမ်းသာခြင်း စသည့် လူ၏ အတ္တခွံထဲမှ အနှစ်များကို မြတ်စွာဘုရားက သဗ ညုတညာဏ်တော်ဖြင့် ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။ ကြော့ကြော့မော့မော့ဖြင့် ၀တ်စားဆင်ရဲမှုကို မြင်ရတိုင်း၊ တိုက်တာအဆောက်အအုံများဖြင့် ခန့်ခန့်ညားညား နေထိုင်နေသည်ကို မြင်ရတိုင်း၊ အခြွေအရံများဖြင့် တပျော်တပါးသွားလာစားသောက်နေသည်ကို မြင်တိုင်း၊ အိတ်ဖေါင်းနေသူများကို မြင်ရတိုင်း၊ ၀င်းဝင်းပြောင်ပြောင် ဖြစ်နေသည့် မိသားစုများ စုံစုံလင်လင်ဖြင့် မြင်ရတိုင်း ဖြတ်ဖြတ်လူးမိသော စိတ်ကို အနုလုံပဋိလုံ ဆင်ခြင် ထိမ်းချုပ်ကွပ်ကဲ ရတော့သည်။
အစားကောင်း အသောက်ကောင်း စားရတိုင်း ငါတို့လူထု ထမင်းတောင် နပ်မှန်အောင် စားသောက်နိုင်ခြင်းမရှိ၊ ကားကောင်းစီးရတိုင်း ငါတို့လူထု ချွှေးသီးပေါက်များဖြင့် လိုရာခရီးကို ခြေလျင်ဖြင့် သွားနေရသည့်အဖြစ်၊ တိုက်ကြီးတာကြီးထဲဝင်ရောက်မိတိုင်း ကြယ်မြင်လမြင့် အမိုးအကာမရှိယိုင်နဲ့နေသော တဲကုပ်လေးများဖြင့် နေနေကြရသည့် လူထုဘ၀၊ သားသမီးများက အ၀တ်အစားလှလှလေး၊ဖိနပ်ကောင်းကောင်းလေး လေးပူဆာတိုင်း အဖာတရာနှင့် မွဲညစ်ညစ်ဝတ်ဆင်နေကြသည့် ခလေးငယ်များကိုသာ မြင်ယောင်နေမိတော့သည်။ ဇနီးသည်၏ ကိုယ့်အိုးကိုယ့်အခန်းနှင့်အတူနေရန်ပြောလာသည့်အခါတိုင်း အိုးအိမ်မဲ့ ခြေသလုံးအိမ်တိုင်ဘ၀နှင့် တောတိုးတောင်တက်နေသော လူထုများ၊ လမ်းဘေးတွင် မိုးကာခင်း၍ အိပ်နေကြရသောလူထုများကို မြင်ယောင်မိသည်။ တပျော်တပါးသွားလာစားသောက်နေကြသော အခြားနိုင်ငံသားများကို မြင်ရတိုင်း တနေကုန်ဖတ်ဖတ်မောအောင် ကြက်ယက်သကဲ့သို့ စီးပွားရှာဖွေစားသောက်နေကြရသည့် နေလောင်သည့် လူထု၏ မွဲခြောက်ခြောက်မျက်နှာများသည်သာ အာရုံမှာ တ၀ဲလည်လည်။
ယနေ့နအဖစစ်အုပ်စု၏ ဖိနှိပ်မှုများသည်ကား စာဖွဲ့၍ မကုန်။ နိုင်ငံရေးအရဖိနှိပ်မှု၊ စီးပွားရေးအရဖိနှိပ်မှု၊ ကျန်းမာရေး၊ပညာရေး၊ လူမှုရေးဖိနှိပ်မှုများစွာတို့ကြောင့် လူထု၏ဘ၀သည်ကား နင်းပြားဘ၀၊ မော်ဖူးစေမှ ဖူးနေရသည့်ဘ၀မျိုး။ ယနေ့ခေတ်သည်ကား အသက်ဦးခေါင်းပိုင်ဆိုင်သည့် ပဒေသရာဇ် ရှင်ဘုရင်ခေတ်ထက်ပင် ဆိုးဝါးပြင်းထန်လှသည်။ တခြိမ်းတခြိမ်းအာဏာလု၊လူသတ်ပွဲဆင်နွဲတတ်သည့် ပဒေသရာဇ်ခေတ်တွင်ပင်လျှင် သာသနာပိုင်များ၏ စကားများအား ဘုရင်က မညှင်းသာ။ မပယ်ဖျက်။
ဗိုလ်သန်းရွှေနှင့် ဗိုလ်ချုပ်တစု သည်ကား သာသနာပိုင်လည်းစော်ကား၊ သာသနာကိုလည်းစော်ကားသည့်အတွက် စစ်အာဏာရှင် စစ်ဘီလူးခေတ်ဟုပင် ခေါ်ဆိုလျှင် ရလောက်ပေသည်။ အမိမြန်မာပြည်ကြီးက ဝေသာလီပြည် ဘီလူးသရဲဝင်စီးနေသကဲ့သို့ပင် အခြေအနေဆိုက်ရောက်နေပေပြီ...။ ယနေ့အချိန်သည်ကား လူထုဘ၀ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲပေါင်းစပ်ရုံမှတပါး အခြားမရှိတော့ချေ။ တလျှောက်လုံးကိုင်စွဲလာသည့် အမှန်တရားလက်နက်သည်ကားရရင်ရ။ မရင်ချ ဖြစ်သည်။ ၈၈-မှ မွေးဖွားပေးလိုက်သော တိုက်ပွဲသဏ္ဍာန်ဖြစ်သည်။ မိမိတိုင်းပြည်ရေမြေတောတောင်သဘာဝနှင့် နိုင်ငံရေး အခြေအနေများ၊ ဖြစ်တည်လာခဲ့သော သမိုင်းများ၊ လူထုအခြေအနေများ၊ စစ်အုပ်စု၏ အခြေအနေများက ထိုတိုက်ပွဲဆီသို့သာ ဦးတည်သွားလျှက်ရှိနေပေသည်။
ယခုအချိန်သည်ကား.. လူထုမှ အပြောင်းအလဲကို အထူးလိုချင် အတောင့်တဆုံးအခြေအနေဖြစ်နေသည်။ ရွှေဝါရောင်တော်လှန်ရေးကြီး ပြီးသည့်နောက် လူထုမှ အဖြူအမဲကို သဲသဲကွဲကွဲမြင်ခွင့်ရလိုက်ပြီ ဖြစ်သည်။ လူထုတရပ်လုံးသည် ရန်ငါကို မြင်သွားကြပြီဖြစ်သည်။ ထိုလူထုစိတ်ဓါတ်အပေါ် အခြေခံ၍ ကျနော်တို့တော် လှန်ရေးသမားများက ကိုယ်စွမ်းဥာဏ်စွမ်းထုတ်ကာ အစွမ်းကုန် တိုက်ပွဲဝင်ကြရတော့မည့် အရေးကြီးသော အချိန်ဖြစ်လာနေသည်။ လူထုသည် မည်သို့သော အချိန်ခေတ်ကာလမှစ၍ သစ္စာ မဖေါက်ဘူးခဲ့။ နယ်ချဲ့တော်လှန်ရေးသမိုင်း၊ ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ ဂဂ-အရေးတော်ပုံတော်လှန်ရေးသမိုင်း ထိုထိုသောသမိုင်းများတွင် လူထု၏သတ္တိသွေးကို မြင်ခဲ့ကြရသည်။ ရွှေဝါရောင်တော်လှန်ရေး ကြီးတွင်လည်း သေနတ်နှင့် ဂျိုလုပ်တတ်သည့် သတ္တိရှင်သတ္တ၀ါများကို ရရာခဲ နှင့် တိုက်ပွဲဝင်ရဲသည့် လူထုကို မြင်တွေ့ကြရမည်ဖြစ်သည်။ လူထုသည် အရေးကြုံလျှင်သက်လုံကောင်းသည်။
လူထုရှေ့ရှိ၊ တပ်ဦးထိပ်တွင် အလံကိုင်၍ ထွက်လာမည့်သူများကယနေ့ကာလတွင် ပို၍ အရေးကြီးလာနေသည်။ မိမိသည် တပ်ဦးထိပ်တွင်ရောက်နေသလား၊ တပ်ဦး၏အလံကို အခိုင်အမာဆုပ်ကိုင်ထားနေပြီလား ဆိုသည်ကိုမူ မိမိသာ မိမိသိကြပေလိမ့်မည်ဖြစ်သည်။ မြန်မာလူထုကြီး၏ သဘာဝ၊အစဉ်အလာသည်ကား ရဲရဲအလံထူသည့်နောက်သို့ တစိုက်မတ်မတ်လိုက်လေ့ရှိသည်ကိုမူ မမေ့အပ်ပေ။ ၈၈-အရေးတော်ပုံကာလ၌ အလံထောင်၍ ချီတက်ခဲ့သော ကျောင်းသူလေးများ၏နောက်သို့ပင် လူထုက လိုက်ခဲ့သည့် သာဓက ရှိခဲ့သည်။
၁၉၈၈ခုနှစ် ကျောင်းသားများဦးဆောင်ပြီးတိုက်သည့် တိုက်ပွဲတွင် လူထုတရပ်လုံးသည် လှည်းနေလှေ အောင်းမြင်းဇောင်းပါမကျန် ပါဝင်ခဲ့သည်ကို အားလုံးသိပြီးဖြစ်သည်။ ဒေါက်တာမောင်မောင်က အရေးတော်ပုံကြီးကို သေးသိမ်စေရန် အိမ်ရှင်မများ ကျန်နေပါသည်ဟု ပြောခဲ့သဖြင့် ငရုတ်ကျည်ပွေ့များ၊ စကောများ၊ ငရုတ်ဆုံများကိုင်၍ အိမ်ထဲမှထွက်လာကာ လမ်းများပေါ်၍ တခဲနက်ကြွေးကြော်၍ တပါတီ အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားတိုက်ပွဲဝင်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားမဟုတ်ပါလား....။
ယခုရွှေဝါရောင်တော်လှန်ရေးကြီးတွင်လည်း လူထုသည် အသည်းကောင်းကောင်းဖြင့် တိုက်ပွဲဝင်မှုကို တကမ္ဘာလုံးက သိရှိခွင့် ရသွားခဲ့ပေပြီ..။ ယနေ့ လူထု အလိုအပ်ဆုံးသည်ကား.......။
ပြတ်သားသည့်အတွေးအခေါ်၊ခိုင်မာတောင့်တင်းသည့် ဦးဆောင်မှု ထိရောက်သည့်တိုက်ပွဲ၊များဖြစ်သည်။
ပြတ်သားသည့် အတွေးအခေါ်ရှိမှသာလျှင် ခိုင်မာသည့်ဦးဆောင်မှုရှိမည် ဖြစ်သည်။ ခိုင်မာသည့် ဦးဆောင်မှု ရှိမှသာလျှင် ထိရောက်သည့် တိုက်ပွဲများကို ဖေါ်ထုတ်ပေးနိုင်မည်ဖြစ်သည်။
တော်လှန်ကျောင်းသားများသည်ကား စစ်အာဏာရှင်စနစ်ကို ရန်သူဟု ပြတ်ပြတ်သားသားသတ်မှတ်သည်။ အာဏာရှင်၏ သဘောထား၊ အတွင်းသရုပ်ဗီဇအမှန်ကို သိထားသော တော်လှန်ကျောင်းသားများသည် အိုးကပ်ထဲမှ ဂျိုးထမင်းကိုစားကာ လူထုအတွက်၊ တော်လှန်ရေးအတွက် အခိုင်အမာရပ်နေခြင်းကိုက လူထုကို သစ္စာမဖေါက်ခြင်းပင်ဖြစ်သည်။ လူထုကို သစ္စာမဖေါက်သရွေ့၊ အမှန်တရားအပေါ် သစ္စာရှိခြင်း ပင်ဖြစ်သည်။ အမှန်တရားကို သစ္စာရှိခြင်းသည် ဓမ္မအပေါ်သစ္စာရှိခြင်းဖြစ်သည်။ ယနေ့တိုက်ပွဲသည်ကား ဓမ္မနှင့် အဓမ္မတိုက်ပွဲ...။ တရားသည့်သူသာ နိုင်ရမည်ဖြစ်သည်။ မတရားသည့်သူနိုင်သွားသည်ဟူ၍ ဤမြေ၀သုန်ကမ္ဘာကြီး၌ မကြုံဘူး၊ မတွေ့ဘူး။ မကြားဘူးခဲ့ချေ......။
အာဏာရှင်များ၏ စဉ်းစားချက်သည်ကား လက်တစုပ်စာလူတစုကောင်းစားရေးနှင့် အာဏာ ကုလားထိုင်မြဲရေးပင်ဖြစ်သည်။ ထိုအရေးကိုထိပါးလာလျှင် ဘာသာ၊သာသနာကိုပင်လျှင် ချေမှုန်းလေ့ရှိ သည်ကို ရွှေဝါရောင်တော်လှန်ရေးက သက်သေပြလိုက်ပြီဖြစ်သည်။
ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည်ကား ပြီးဆုံးသွားချေပြီ..။ စနစ်တခုကောင်းဖို့ အချိန်ယူရန်လိုသည်ဟု အမျိုးသားညွန်ပေါင်းအစိုးရမှ နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောဆိုခဲ့သော်လည်း နိုင်ငံတကာအခင်းအကျင်းကြီးက ဂမ်ဘာရီအား တရားဝင်မန်းဒိတ်ပေးရန် ပိတ်ဆို့ထားနေလေပြီ။ မီးလောင်ပြီးမှသာ ရေမပါသည့် မီးသတ်ကားရောက်လာသည့် ပုံစံမျိုး၊ မင်းသားက လူဆိုးများအားဝိုင်းဝန်းထိုးကြိတ်အနိုင်ယူပြီးမှသာလျှင် ပြည်သူရဲတွေဝိုင်းသည့်ပုံစုံမျိုးကို ကုလသမဂ္ဂ ပုံဖေါ်လျှက်ရှိနေသည်။ တရုပ်နှင့်ရုရှားရှိနေသ၍ မြန်မာ့အရေးလုံခြုံရေးကောင်စီရောက်ဖို့ထက် ရေပေါ် အရုပ်ရေးသည်ကမှ သေချာပေလိမ့်မည်။
ထို့ကြောင့် အတ္တာဟိအတ္တာနောနာထောသည် အဓိကကြလာနေပေသည်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကောင်းဆုံးကို မျှော့်လင့်၊ အဆိုးဆုံးကိုပြင်ဆင်ထား ဆိုသည့်စကားသည်ကား မင်းကိုနိုင်၏ မြန်မာ့သတ္တိ ကမ္ဘာကို ပြကြရတော့မည်ဟူသော ကြွေးကြော်သံနှင့် တထပ်တည်းဖြစ်လာနေပေ ပြီ......။
အကောင်းဆုံးကိုမျှော်လင့်ထားသည်ကား.....။ တွေ့ဆုံဆွေးနွေးရေးစကားဝိုင်း
အဆိုးဆုံးအတွက် ကျနော်တို့၏ ပြင်ဆင်မှုသည်ကား.........။

အတွေးအခေါ်
စိတ်ဓါတ်
တိုက်ပွဲများ
တိုက်ပွဲပေါ်အခြေခံသည့် တိုက်ပွဲနည်းနာများပင်ဖြစ်တော့သည်။

ယနေ့အချိန်သည်ကားပြတ်သားသည့် အတွေးအခေါ်တရပ်စိုက်ထူ၍ တိုက်ရချေတော့မည်။
ကိုယ့်ခြံထဲကိုဝင်၊ ကိုယ့်အိမ်ကိုဖျက်၊ ကိုသားမယားကိုစော်ကား၊ ကိုယ့်ထမင်းကို ရိုက်ခွဲ၊ ကိုယ့်အိမ်ပေါ်ချေး တက်ပါနေသော သူတွေအား မေတ္တာလက်နက်ဖြင့်ဖြင့် တုံ့ပြန်၍ မရနိုင်တော့။ ဒါးဆွဲလျှင်ဆွဲ၊ လှံဆွဲလျှင်ဆွဲ၊ ဂျင်ဂလိထုတ်ရင်ထုတ် “ချ” မှ ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာပြီဖြစ်သည်။ ရရင်ရ မရရင်ချတိုက်ပွဲ စိတ်ဓါတ်အပေါ်၌ ပြင်ဆင်မှုများပြုလုပ်ရတော့မည်။ ယနေ့အာဏာရှင်များသည်ကား ငြိမ်းတော့မည့်မီး အစွမ်းကုန်လောင်ပြနေခြင်းသာ ဖြစ်သည်။
၁၉၈၈-အရေးတော်ပုံကြီး၌ ကျောင်းသားများသွေးမြေခပြီး စစ်အုပ်စုကြောင့် အနယ်နယ်အရပ်ရပ်သို့ ဖြန့်ခွဲသွားခဲ့ရသည်။ ထိုသို့ဖြန့်ခွဲရောက်ရှိသွားခြင်းက မိမိတို့ဒေသဆိုင်ရာများ၌ စစ်အုပ်စု၏ ရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့ပုံများကို လူထုကြား၌ ဖွင့်ဟပြောဆိုခဲ့သည့် တိုက်ပွဲဝင်ကြမည့် စည်းရုံးရေးသမားများ၊ စစ်အာဏာရှင်ကို တပ်ဦးမှနေ၍ အလံကိုင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးသမားများ ဖြစ်သွားခဲ့ကြသည်။ သူတို့သည် ဒေသအသီးသီး၌ အာဏာရှင်တိုက်ဖျက်ရေး တာဝန်များကို ကျေပြွန်စွာထမ်းဆောင်ခဲ့ခြင်းကြောင့် တပါတီအာဏာရှင် ကျဆုံးခဲ့ရသည်။ ရွှေဝါရောင် တော်လှန်ရေးအတွင်း၌ ပြန့်နှံ့ထွက်သွားသော သံဃာတော်အရှင်မြတ်များသည်ကား ကိုယ့်မြေကိုယ်ရေ ဒေသအသီးသီး၌ စစ်အုပ်စုကို တွန်းလှန်ဖြိုချမည့် တိုက်ပွဲဝင် စည်းရုံးရေးသမားများဖြစ်ကုန်ကြချေပြီ...။
ကျောင်းသားက ကိုယ့်မိသားစုနှင့် ကိုယ်ဆွေမျိုးတစုကိုသာ စည်းရုံနိုင်ကောင်းစည်းရုံနိုင်မည်။ သာသနာအကျိုးကို သယ်ပိုးထမ်းရွက်နေသော သံဃာတော်အရှင်မြတ်များ၏ စည်းရုံးနိုင်မှုစွမ်းအား သည်ကား........။
သာသနာဆိုသည်ကား မြတ်စွာဘုရား၏ တရားတော်ဆုံးမစကားများ..။ ကမ္ဘာ အသင်္ချေ ပျက်သော်လည်း ထိုတရားတော်များသည်ကား လုံးဝပျက်စီးသွာမည် မဟုတ်သော(absolute truth)များသာ ဖြစ်သည်။ ဗုဒ္ဒမြတ်စွာဘုရား၏ သာသနာတော်ကို စောင့်ထိမ်းကုန်ကြသော ကိုယ်တော်များသည်ကား သာသနာအကျိုး၊ လူမျိုးအကျိုးကို ဖျက်စီးနေသော မိစ္ဆာဒိဌိများကို အသက်ပေး၍ ထပ်မံကာကွယ် တိုက်ခိုက်ကြအုံးမည် ဖြစ်သည်။ မြန်မာလူမျိုးများ၏ အစဉ်အလာသည်ကား ဦးဆောင်မှုကောင်း နောက်သို့ တစိုက်မတ်မတ်လိုက်လေ့ရှိသောသူများဖြစ်သည်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ ပြတ်ပြတ်သားသား ပြောလိုက်သည့် စကားသည်ကား...တိုက်ပွဲလမ်းညွှန် ဖြစ်သကဲ့သို့ လူထုကြီးတရပ်လုံးအား ခေါင်းဆောင်မှု၊ ဦးဆောင်မှုကို ပေးလိုက်ခြင်းဖြစ်ပေသည်။ သွေးထွက်သံယိုမှု အနည်းဆုံးဖြစ်သည့် အကြမ်းမဖက်အနုနည်းဖြင့် တော်လှန် တွန်းလှန်ခဲ့သော်လည်း ဒီပဲရင်းလုပ်ကြံမှုကြီးတွင် အသတ်ခံရမှုများ၊ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် ရဟန်းသံဃာများအား ရက်ရက်စက်စက်၊ သင်္ကန်းပင်မထောက်ညှာ၊ ဘုရားကိုပင်မချန် သတ်ဖြတ်ရိုင်းစိုင်း စော်ကားသော စစ်အုပ်စုကို အဆိုးဆုံးပြင်ဆင်ကြ ဟူသော ရာဇသံ ပေးလိုက်ပြီဖြစ်သည်။
ခေါင်းဆောင်မှု၊ တိုက်ပွဲဝင်စိတ်ဓါတ်၊ လူထုစည်းရုံးမှုများက နောက်မကြာမှီပေါ်လာတော့မည့် တိုက်ပွဲတွင် အဓိက
အခရာကျလာနေပြီဖြစ်သည်။

(ခွပ်ဒေါင်းနဖူးစည်း........... ရှာပြီးပြင်ထားပါ)

(ပိုစတာကားချပ်....... ရေးဖို့ပြင်ထားပါ)

(ဂျင်ဂလိကိုလည်း........ မြိနေအောင်သွေးထားပါ)


သားချစ်

၅-၄-၂၀၀၈


--
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။

Burmese Army officer's request

Army_Officer_request.MP3
2982K Play Download

Happy New Yesr

HEllo. . . . .


2009ခုနှစ် MYANMAR နှစ်သစ်မှာ

သူငယ်ချင်းများအားလုံး


ကိုယ်ကျန်းမာပါစေ။စိတ်ချမ်းသာပါစေ။အန္တရာယ်ကင်းပါစေ။မိမိချစ်တဲ့သူနဲ့
ဆုံစည်းပြီးပေါင်းဖက်နိုင်ကြပါစေ။





ဆုမွန်ကောင်းတောင်းလျက်..............



"HAPPY NEW YEAR"

Aung Moe

Za Gar Nar & Thee Lay Thee

ဇာဂနာ နှင့် သီးလေးသီး ရဲ့ ဆေးရောင်စုံ အငြိမ့် ပြက်လုံးခွင်များ
ဇာဂနာ
ဒီဇင်ဘာ ၂၉၊ ၂၀၀၇ စိန်သီး။ ။ အရွှမ်းမဖောက်ဘဲ ခွန်းထောက် ဆိုသွားတာ ညီလေးပန်းသီး မှတ်တယ်

ပန်းသီး။ ။ ဟုတ်ပ … အကိုစိန်သီး ခင်ဗျ။
--[endif]-->

စိန်သီး။ ။ ကျနော်တို့တွေ ဒါ ပထမဆုံးအကြိမ် နိုင်ငံခြားမှာ အငြိမ့်ကရတာ ပါပဲ။ ဒီက အကိုတော်၊ အမတော်များက ဖိတ်ကြားတော့ သူတို့ ကျေးဇူးနဲ့ ရောက်ရတာပါ။

ကြယ်သီး။ ။တစ်သက်နဲ့ တကိုယ် အိပ်မက်တောင် မမက်ဖူးတဲ့ လေယာဉ်ပျံကြီး ခုမှ စီးဖူးတော့တယ်။

ဂေါ်ဇီလာ။ ။ ခေတ်ကာလရဲ့ တိုးတက်မှုပေါ့ကွာ။ မြေကြောတွေ ရှုံ့ သွားပြီ၊ စင်္ကာပူ ရန်ကုန် လာတာ … ရန်ကုန် - မန္တလေး ထက်တောင် မြန်သေး။

ဇီးသီး ။ ။ ခေတ်က တိုးတက်လာပြီကိုး၊ အရင်က စာရေးတယ်၊ နောက်တော့ ဖုန်းဆက်တယ် ခုတော့ အီးမေးလ် ပို့တယ်၊ အပြောင်းအလဲတွေ သိပ် မြန်လာပြီ။
--[endif]-->

စိန်သီး။ ။ ဟုတ်တယ်ဗျာ။ ဒီနေ့ခေတ် ကလေးတွေ သင်ပုန်းကြီး ဖတ်စာတောင် ခေတ်နဲ့ အညီ ပြောင်းလဲနေပြီ။

ပန်းသီး။ ။ ဘယ်လိုများတုန်း။

စိန်သီး။ ။ ဟိုတုန်းက ဇွန်ပန်းရုံအနီး လှည်းဘီး နွံထဲ ကျွံနေသည်၊

ကူပြီး တွန်းပေးကြပါ၊

လေးလွန်းလို့ မတွန်းနိုင်ဘူးလား၊

ပြိုင်တူ တွန်းလျင် ရွေ့ နိုင်ပါသည် … တဲ့။

ဟော … ခု … ပြောင်းသွားပြီ။

ပန်းသီး။ ။ ဘယ်လို ပြောင်းသွားတုန်း။
စိန်သီး။ ။ ရယကအိမ်အနီး ဖဲဝိုင်း ထောင်နေသည်

ကူပြီးဖမ်းပေးကြပါ၊

အချင်းချင်းမို့ မဖမ်းချင်ဖူးလား၊

ပြိုင်တူ ဖမ်းလျင် မိနိုင်ပါသည် … တဲ့။ ကဲ …
ပန်းသီး။ ။ အောင်မာ … ဒါဆို ငါလည်း ပြောချင်ပါ့ဗျာ။ ပြောင်းလဲသွားပုံ ကလေး
--[endif]-->

ကြယ်သီး။ ။ ပြောစမ်းပါဦး …
ပန်းသီး။ ။ စောစောထ … သွားတိုက်

မျက်နှာသစ် … အစာစား

အ၀တ်လဲ … အိပ်ယာသိမ်း

အိပ်ယာခင်း … ပြန်အိပ်

အိပ်ရာထ … သွားတိုက်

မျက်နှာသစ် …. အစာစား

ပြန်အိပ် … အိပ်ယာထ …

ဂေါ်ဇီလာ။ ။ ငါ့သား … မင်း ဒီနေ့ ကျောင်းကော သွားဦးမှာလား။
ပန်းသီး။ ။ အဖေတို့ ပိုက်ဆံ ကုန်ပါတယ်။
ဂေါ်ဇီလာ။ ။သြော် … ရှာပါ့မယ်ကွာ။

ပန်းသီး။ ။ ဆရာမ ဈေးဖိုး၊ တံပျက်စည်းဖိုး၊ ဆရာမသမီး ကျုရှင်ဖိုး၊ ကျောင်းအုပ်ကြီး ကာရာအိုကေ ဆိုဖို့ … အဲဒါတွေ ပေးနိုင်လို့လား။

ဂေါ်ဇီလာ။ ။ ငါ့သား ဆယ်တန်း အောင်ရင် ပြီးရော …
ပန်းသီး။ ။ ဆယ်တန်း အောင်တော့ ဘာလုပ်ရမလဲ။
ဂေါ်ဇီလာ။ ။ ဘွဲ့ ရအောင် ဆက်သင်ပေါ့။
--[endif]-->

ပန်းသီး။ ။ဘွဲ့ ရတော့ရော …
ဂေါ်ဇီလာ။ ။ အင်း … အင်္ဂလိပ် စကားပြောသင်တန်း တက်ပေါ့။
ပန်းသီး။ ။ အဲဒါ တတ်တော့ကော …
ဂေါ်ဇီလာ။ ။ အင်း … အဲ … ကွန်ပျုတာ တက်ပေါ့ …
ပန်းသီး။ ။ အဲဒါ တတ် တော့ရော …
--[endif]-->

ဂေါ်ဇီလာ။ ။ ဟာ … ငါ့သားရယ်၊ ဒီလောက်တောင် တတ်နေမင့်ဟာ ဆိုက်ကားသာ နင်းစားတော့ ပေါ့ကွာ။

(၀ိုင်းရိုက်)
--[endif]-->

ဂေါ်ဇီလာ။ ။ ဟုတ်ပ … ငါ့ ဘာပြောရတော့မလဲ။ ခေတ်က တိုးတက်နေပြီ။ ဒီ မလေးရှားမှာ ပရိုတွန် ကားတွေ ထုတ်တယ်။ ကိုးရီးယားက ဟွန်ဒိုင်း။ ဟော … ငါတို့ မြန်မာက မြန်မာ ဆလွန်း ထုတ်ပြီ ဗျား။

ဇီးသီး။ ။ တယ်ဟုတ်ပါလား
--[endif]-->

ဂေါ်ဇီလာ။ ။ ကားတစ်စင်းလုံး … စတီယာရင် မပါဘူး၊ ဂီယာ မပါဘူး၊ ဘရိတ် မပါဘူး။
ပန်းသီး။ ။ ဘယ်လို မောင်းလဲ …

ဂေါ်ဇီလာ။ ။ အသံနဲ့ အမိန့် ပေးရတာ။ မောင်းဆို ကားက ထွက်ရော၊ မြန်ဆို အရှိန် တင်လာရော၊ ညာကွေ့ဆို ကွေ့တယ်၊ ရပ်ဆို ရပ်တယ်၊ ကားထဲက ကက်ဆက်ကိုလည်း အမိန့်ပေး ခိုင်းတာ။ သီချင်းကြီး ဆို “မြမန်းဂီရိ သေလာတောင်” ဆိုပြီး အသံ ထွက်လာရော။ ငါက လေးဖြူ လို့ ပြောလိုက်ရင် ကက်ဆက်က အလိုအလျောက် “အလင်းရောင် … သန်းကောင်ယံ ညဥ့်နက်ထဲ” ဆိုပြီး အသံ ပြောင်းသွားရော။ အဲဒီတုန်း နောက်က ကားက ဟွန်း အကျယ်ကြီး တီးပြီး ကျော်တက်တော့၊ ငါ စိတ်ဆိုးပြီး “ချေးထုပ် တွေ ခွေးသူခိုး …” လို့ ဆဲ လိုက်တာ၊ ကက်ဆက်က သီချင်း ပြောင်းသွားတယ်။

စိန်သီး။ ။ ဘာ သီချင်း လဲ

ဂေါ်ဇီလာ။ ။ နိုင်ငံတော် ပြိုကွဲမဲ့ အခြေအနေ ကို တို့ လက်မခံ နိုင်ပါ … တဲ့။

အားလုံး။ ။ ဟာ … ... …

(ဇာဂနာ စာကြွင်းများ - )

ကြားပေါက်လေး တခု တွေးမိတာလေး ရေးပါရစေ။ ကျနော်တို့ ဆေးကျောင်း ရောက်ကာစ က ဖားခွဲ ရပါတယ်။ ဦးထွန်းမောင် ဆိုတဲ့ ကုလားကြီး ဆီကနေ ဖားအရှင် ၃ကောင် တရာ နဲ့ ၀ယ်ရတာပါ။ ပြီးတော့ အဲဒီ ဖားတွေကို ပုံ မပျက်အောင် ကျွက်ကျွက်ဆူ နေတဲ့ ရေနွေးအိုးထဲ ထည့်ပြီး သတ်ရပါတယ်။

ကျွန်တော်တို့ က ဘာ သိမလဲ။ ဖားတွေကို ရေနွေးအိုးကြီးထဲ ပစ် ထည့် လိုက်တာ ကိုယ်တော်ချောတွေက ဆတ်ကနဲ ရေနွေးကို ခြေထောက်နဲ့ တစ်ချက်ပဲ ထိပြီး ခုန် ထွက် သွားလိုက်တာ ၃ ကောင်လုံး လွတ်သွားရော။

ကုလားကြီးက ရယ် သလေ့။ ဒီလို သတ်ရတယ်ကွ … တဲ့ ဆိုပြီး ရေအေးတွေထည့်၊ ဖားကို ရေအေး ဇလုံထဲ ထည့် လိုက်တာ၊ ရွှေဖားလေးတွေက ရေအေးကန်ထဲ ပျော်လို့ ကူးခတ် နေလိုက်တာ။

ဒီမှာတင် ကုလားကြီးက အပူချိန်ကို ဖြေးဖြေးချင်း တရစ်ချင်း တိုး လာလိုက်တာ၊ ငါး ဒီဂရီ လောက် တိုးတော့လည်း ဖားလေးများ ကူးခတ်ဆဲ၊ နောက်ထပ် ငါး ဒီဂရီ ထပ်တိုးလည်း သူကောင့် ဖားတွေက နေသာသေးတယ် ဆိုပြီး ကူးခတ်ဆဲပ၊ဲ

အပူချိန် ၆၀ လောက်လည်း ရောက် ရော ဖားတွေ မလှုပ်နိုင်တော့ဘူး။ ရှစ်ဆယ် လောက်လည်း ရောက် ရော အားလုံး … ဂန့် … ဂန့် … ဂန့် … ဂန့်။

ကျွန်တော်တို့လည်း ခုတော့ ဒီ ၀ဋ်တွေ လည်ပါပြီ။ တရစ်ချင်း တရစ်ချင်း ကျပ်လာပြီ။ ငါတို့တော့ နေလို့ ရသေးတယ်။ ဘာမှ မဖြစ်သေးဖူး ဆိုပြီး … ဆက်ပြီး ကူးမှာလား၊ ခုန် ထွက် မှာလား။ အပူချိန်မြှင့်နေတဲ့ လက်ကို ပြေး ကိုက် ကြမလား။ မျက်နှာကို ခုန်အုပ် ကြမလား။ တခုခုတော့ ဆုံးဖြတ် ရတော့မှာပဲ။ ဆုံးဖြတ်ပြီးရင်လည်း ဖြစ်အောင် လုပ်ရတော့မယ်။ မဟုတ်ရင်တော့ ရေနွေးအိုးထဲ သေရတာ သိပ် မတန် လှပေဘူး။

(သီးလေးသီး စင်္ကာပူတွင် တွေ့ရစဉ်)

Thursday, April 16, 2009

Shairing photos

















Anattalakkhana Sutta

Anattalakkhana-sutta

Blog Archive
▼ 2007 (19)
▼ March (19)
အနတ္တလက္ခဏာသုတ်

BarNyar
Hteik Khaung Tin
Sunday, March 25, 2007
အနတ္တလက္ခဏာသုတ်
အနတ္တလက္ခဏာသုတ်


ဗြဟ္မာ နတ် လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သော သီလ ဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်၊ ၀ိမုတ္တိညဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော် မူထပေသော သစ္စာ ဥေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေညဏ်ဖြင့် အမှန် ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူထပေသော ဣဿရိယ ဓမ္မယသ သီရိကာမပ ယတ္တ တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူပေထသော မြတ်စွာဘုရားအား ဘုရားတပည့်တော်တို့၏ ရှိခိုး ခြင်းသည် ဖြစ်ပါစေသတည်းဘုရား။


Anattalakkhana-sutta

Homage to the exalted,

the worthy, the fully

enlightened, the Buddha supreme.

Posted by BarNyar at 4:49 AM 0 comments
1
(၁)
ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ
တတြခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ "ဘိက္ခဝေါ"တိ
"ဘဒ္ဒန္တေ" တိ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ
ဘဂ၀ါ ဧတ ဒဝေါစ

(၁)

တစ်ပါးသောအခါ၌ မြတ်စွာဘုရားသည် ဗာရာဏသီနေပြည်တော်ကြီး၏ အနီး(၌) ရှေးခါခေတ်ဟောင်း ရသေ့သူမြတ် အပေါင်းတို့၏ သက်ဆင်းရာဖြစ်သော၊ သားသမင် အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံးနေတော်မူ၏။
ထိုသို့ သီတင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏ္ဍညအမှူး ငါးဦး အစုအဝေးရှိကုန်သော ရဟန်း တို့ကို "အို ရဟန်းတို့"ဟူ၍ ခေါ်တော်မူ၏။
ထိုပဉ္စ၀ဂ္ဂီရဟန်းတို့သည် "အရှင်မြတ်ဘုရား" ဟူ၍ မြတ်စွာဘုရားအား လျှောက်ထားကြကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤအနတ္တလက္ခဏသုတ်စကားကို မိန့်မြွက် ဟောကြားတော်မူလေသတည်း။


(1)

At one time, The Bhagavā was dwelling in Benares, at the deer park, Isipatana.

There the Bhagavā addressed the group of five Bhikkhus,

“ O! Bhikkhus! ”

And the Bhikkhus answered, “Bhaddante”.1

Then the Bhagava spoke thus:-

1. Bhaddante =ဘဒ္ဒန္တေ အရှင်မြတ်ဘုရား


“Sir”, “Reverened Sir”, “Venerable Sir”, A contracted form of Bhaddante is Bhante.





Posted by BarNyar at 4:38 AM 0 comments
2
(၂)
ရူပံ ၁ ဘိက္ခဝေ အနတ္တာ
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘ၀ိဿ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ
လဗ္ဘေထ စ ရူပေ "ဧ၀ံ မေ ရူပံ ဟောတု ဧ၀ံ မေ ရူပံ မာ အဟောသီ" တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ရူပေ "ဧ၀ံ မေ ရူပံ ဟောတု ဧ၀ံ မေ ရူပံ မာ အဟောသီ" တိ

(၂)

ချစ်သားရဟန်းတို့ ရုပ်တရားအပေါင်းသည် အစိုးမရ အလိုသို့မလိုက်သော အနတ္တ အမှန်ပင်တည်း။
ချစ်သားရဟန်းတို့ ရုပ်တရားအပေါင်းသည် ဧကန်စင်စစ်အလိုသို့ လိုက်သော အတ္တ သဘောရှိသည် ဖြစ်ပါမူကား ဤရုပ်တရားသည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏ရုပ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ရုပ်တရား၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် ရုပ်တရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ရုပ်တရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဖောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ရုပ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့အလိုဆန္ဒအတိုင်း ရုပ်တရား၌ အခွင့်မရနိုင်။


(2)

“Matter, Bhikkhus, is not the self ”.

If matter, Bhikkhus, were the self, then matter would not tend to sickness.

And one could say of matter, “Thus let matter be thus for me, let matter not be thus for me.”

“But, Bhikkhus, in as much as matter is not the self, that is why matter tends to sickness.

And one cannot say of matter, “Thus let matter be thus for me, let matter not be thus for me.”

၁။ ရူပ = ရုပ်၊ သရုပ်သဘော၊ အဆင်း၊ သဏ္ဌာန

Rǔpa - Matter, principle of form, figure, shape, image, object of the eye, appearance.







Posted by BarNyar at 4:30 AM 0 comments
3
(၃)
ဝေဒနာ ၁ အနတ္တာ
ေ၀ဒနာစ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ နယိဒံ ေ၀ဒနာ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ ဝေဒနာယ "ဧ၀ံ မေ ဝေဒနာ ဟောတု ဧ၀ံ မေ ဝေဒနာ မာ အဟောသီ"တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ဝေဒနာယ "ဧ၀ံ မေ ဝေဒနာ ဟောတု ဧ၀ံ မေ ဝေဒနာ မာ အဟောသီ "တိ

(၃)

ချစ်သားရဟန်းတို့ ခံစားမှုဝေဒနာအပေါင်းသည် အစိုးမရ အလိုသို့ မလိုက်သော အနတ္တ အမှန်ပင်တည်း။
ချစ်သားရဟန်းတို့ ခံစားမှုဝေဒနာအပေါင်းသည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တသဘောရှိသည် ဖြစ်ပါမူကား ဤဝေဒနာသည် အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ဝေဒနာသည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ဝေဒနာတရား၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် ဝေဒနာတရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ဝေဒနာတရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ဝေဒနာသည် ဤသို့ မဖြစ်စေလင့်"
ဤသို့ မိမိတို့ဆန္ဒအတိုင်း ဝေဒနာတရား၌ အခွင့်မရနိုင်။


(3)

Feeling, Bhikkhus, is not the self.

If feeling, Bhikkhus, were the self, then feeling would not tend to sickness.

And one could say of feeling, “Thus let feeling be thus for me.”

“But, Bhikkhus, in as much as feeling is not the self, that is why feeling tends to sickness.”

And one cannot say of feeling, “Thus let feeling be thus for me, let feeling not be thus for me.”

၁။ ဝေဒနာ = ခံစားခြင်း

Vedanā - Feeling, sensation, pain, suffering











Posted by BarNyar at 4:22 AM 0 comments
4
(၄)
သညာ ၁ အနတ္တာ
သညာ စ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ နယိဒံ သညာ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ သညာယ"ဧ၀ံ မေ သညာ ဟောတု ဧ၀ံ မေ သညာမာအဟောသီ"တိ

(၄)

ချစ်သားရဟန်းတို့ မှတ်သားမှု သညာအပေါင်းသည် အစိုးမရ အလိုသို့မလိုက်သော အနတ္တအမှန်ပင်တည်း။
ချစ်သားရဟန်းတို့ မှတ်သားမှု သညာအပေါင်းသည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တသဘောရှိသည် ဖြစ်ပါ မူကား ဤသညာသည် အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဖောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏သညာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏သညာသည် ဤသို့ မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း သညာတရား၌ အခွင့်ရနိုင်လေရာ၏။


(4)

Perception, Bhikkhus, is not the self.

If perception, Bhikkhus, were the self, then perception would not tend to sickness.

And one could say of perception, “Thus let perception be thus for me, let perception not be thus for me.”

၁။ သညာ = မှတ်ခြင်း၊ အာရုံ၏သဘောကို မှတ်ခြင်း

Saňňā - Perception, mark, recognition

ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ သညာယ " ဧ၀ံ မေ သညာ ဟောတု ဧ၀ံ မေ သညာ မာ အဟောသိ "တိ

ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်သာလျှင် သညာတရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် သညာတရားသည် အလိုသို့မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏သညာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏သညာသည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း သညာတရား၌ အခွင့်မရနိုင်။


“But, Bhikkhus, in as much as perception is not the self, that is why perception tends to sickness.”

And one cannot say of perception, “Thus let perception be thus for me, let perception not be thus for me.”









Posted by BarNyar at 4:11 AM 0 comments
5
(၅)
သင်္ခါရာ ၁ အနတ္တာ
သင်္ခါရာ စ ဟိဒံဘိက္ခဝေ အတ္တာအဘ၀ိဿံသု နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ
လဗ္ဘေထ စ သင်္ခါရေသု "ဧ၀ံ မေ သင်္ခါရာ ဟောန္တု ဧ၀ံ မေ သင်္ခါရာ မာ အဟေသု" န္တိ

ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ န စ လဗ္ဘတိ သင်္ခါရေသု "ဧ၀ံ မေ သင်္ခါရာ ဟောန္တု ဧ၀ံ မေ သင်္ခါရာ မာ အဟေသု" န္တိ

(၅)

ချစ်သားရဟန်းတို့ ပြုပြင်စီရင်မှု သင်္ခါရတရား အပေါင်းတို့သည် အစိုးမရ၊ အလိုသို့ မလိုက်သော အနတ္တအမှန်တို့ ပင်တည်း။
ချစ်သားရဟန်းတို့ ပြုပြင်စီရင်မှု သင်္ခါရ အပေါင်းတို့သည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တသဘောရှိကုန်သည် ဖြစ်ပါကုန်မူကား ဤသင်္ခါရတို့သည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်နိုင်ကုန်ရာ။
"ငါ၏ သင်္ခါရတို့သည် ဤသို့ဖြစ်ပလေစေကုန်၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်လင့်" ဤသို့ မိမိတို့ အလို ဆန္ဒအတိုင်း သင်္ခါရတရားတို့၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် သင်္ခါရတရားတို့သည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေကုန်၏။ ထို့ကြောင့် သင်္ခါရတရားတို့သည် အလိုသို့မလိုက်ပါဘဲလျက် ကျင်နာခံခက် နှောင့်ယှက် ဘောက်ပြန်ခြင်းငှာ ဖြစ်ကုန်၏။
"ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်ပလေစေကုန်၊ ငါ၏ သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်လင့်" ဤသို့ မိမိတို့ အလို ဆန္ဒအတိုင်း သင်္ခါရ တရားတို့၌ အခွင့်မရနိုင်။


(5)

Mental formation, Bhikkhus, is not the self.

If mental formation, Bhikkhus, were the self, then mental formation would not tend to sickness.

And one could say of mental formation, “Thus let mental formation be thus for me, let mental formation not be thus for me.”


But, Bhikkhus, in as much as mental formation is not the self, that is why mental formation tends to sickness.

And one cannot say of mental formation, “Thus let mental formation be thus for me, let mental formation not be thus for me.”

၁။ သင်္ခါရ = ပြုပြင်စီရင်တတ်သော အကြောင်းတရား

Sahkhāra - Mental formation, essential condition, mental coefficients.







Posted by BarNyar at 4:06 AM 0 comments
6
(၆)
ဝိညာဏံ ၁ အနတ္တာ
၀ိညာဏဥၥ ဟိဒံ ဘိကၡေ၀ အတၱာ အဘိ၀ိႆ နယိဒံ ၀ိညာဏံ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ ၀ိညာဏေ "ဧ၀ံ မေ ၀ိညာဏံ ဟောတု ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ" တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ၀ိညာဏံ အနတ္တာ တသ္မာ ၀ိညာဏံ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ၀ိညာဏေ "ဧ၀ံ မေ ၀ိညာဏံ ဟောတု ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ" တိ

(၆)

ချစ်သားရဟန်းတို့ သိမှုဝိညာဉ်သည် အစိုးမရ အလိုသို့မလိုက်သော အနတ္တ အမှန်ပင် တည်း။
ချစ်သားရဟန်းတို့ သိမှုဝိညာဉ်အပေါင်းသည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တ သဘောရှိသည် ဖြစ်ပါမူကား ဤ၀ိညာဉ်သည် အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏၀ိညာဉ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏၀ိညာဉ်သည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ၀ိညာဉ်တရားအပေါင်း၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်သာလျှင် ၀ိညာဉ်တရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ၀ိညာဉ်တရားသည် အလိုသို့မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ ၀ိညာဉ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏၀ိညာဉ်သည် ဤသို့မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ၀ိညာဉ်၌ အခွင့်မရနိုင်။


(6)

Consciousness, Bhikkhus, is not the self.

If consciousness, Bhikkhus, were the self, then consciousness would not tend to sickness.

And one could say of consciousness, “Thus, let consciousness be thus for me, let consciousness not be thus for me.

“But, Bhikkhus, in as much as consciousness is not the self, that is why consciousness tends to sickness.”

And one cannot say of consciousnesss, “Thus let consciousness be thus for me, let consciousness not be thus for me.”

၁။ ၀ိညာဏ = အထူးသဖြင့်သိခြင်း၊ အာရုံကိုသိခြင်း၊ ၀ိညာဏ်
Viññăha Consciousness







Posted by BarNyar at 3:51 AM 0 comments
Older Posts Subscribe to: Posts (Atom)

Thus have I hard: The Exalted One was at one time residing at Benares in the Deer Park at Isipatana. There the Exalted One addressed the group of five monks saying: "Monks and they replied to Him",

"Venerable Sir"

Then the Exalted One said:

" Form (rupa or matter) is not soul (anatta). If from,monks, were soul, then this form would not lead to affliction, and one would be able to say, "Let my form be thus. Let my form not be thus". But since form is not soul, so it leads to affliction, and no one can say ' Let my form be thus. Let my form be not thus.'

" Feeling (vedana) is not soul. If feeling, monks, were soul, then this feeling would not lead to affliction, and one would be able to say,'Let my feeling be thus. Let my feeling not be thus'. But since feeling is not soul, so it leads to affliction, and no one can say 'Let my feeling be thus. Let my feeling not be thus'.

" Perception (sanna) is not soul. If perception, monks, were soul, then this perception would not lead to affliction, and one would be able to say, " Let my perception be thus. Let my perception not be thus." But since perception is not soul, so it leads to affliction, and no one can say, 'Let my perception be thus. Let my perception not be thus."

"Mental formations (sankharas) are not soul. If mental formations, monks, were soul, then these mental formations would not lead to affliction, and one would be able to say,'Let my mental formations be thus. Let my mental formations not be thus.' But since mental formations are not soul, so they lead to affliction, and on one can say, ''Let my mental formations be thus. Let my mental formations not be thus."

"Consciousness (vinnana) is not soul. If consciousness, monks, were soul, then this consciousness would not lead to affliction, and one would be able to say 'Let my consciousness be thus. Let my consciousness not be thus'. But since consciousness is not soul, so it leads to affliction, and no one can say 'Let my consciousness be thus. Let my consciousness not be thus."
Buddha " Monks, what do you think? Is form permanent or impermanent?"
pancavaggi " Impermanent, Venerable Sir."
Buddha " Now what is impermanent, is it unsatisfactory (dukkha) or satisfactory (sukha)?"
Pancavaggi " Unsatisfactory Venerable Sir"
Buddha "Now what is impermanent, what is unsatisfactory, what is transitory is it fit to be perceived thus: ' This is mine, this is I; this is my soul?"
Pancavaggi " No, Venerable Sir"
Buddha " Monks, what do you think? Is feeling permanent or impermanent?"
Pancavaggi " Impermanent, Venerable Sir"
Buddha " Now what is impermanent, is it unsatisfactory or satisfactory?"
Pancavaggi " Unsatisfactory, Venerable Sir"
Buddha " Now what is impermanent, what is unsatisfactory what is transitory is it fit to be regarded thus:' This is mine. This is I. This is my soul?"
Pancavaggi "No, Venerable Sir"
Buddha " Monks, what do you think? Is perception permanent or impermanent?"
Pancavaggi " Impermanent, Venerable Sir"
Buddha "Now what is impermanent, is it unsatisfactory or satisfactory?"
Pancavaggi "Unsatisfactory Venerable Sir"
Buddha "Now that is impermanent, what is unsatisfactory what is transitory is it fit to be regarded thus: 'This is mine. This is I. This is my soul?'
Pancavaggi " No, Venerable Sir"
Buddha " "Monks, what do you think? Are mental formations permanent or impermanent?"
Pancavaggi "Impermanent, Venerable Sir"
Buddha " Now What is impermanent, is it unsatisfactory or satisfactory?"
Pancavaggi " Unsatisfactory, Venerable Sir"
Buddha " Now what is impermanent, what is unsatisfactory what is transitory is it fit to be regarde thus: 'This is mine. This is I. This is my soul"
Pancavaggi " No , Venerable Sir"
Buddha " Monks, what do you think? Is consciousness permanent or impermanent?"
Pancavaggi " Impermanent, Venerable Sir"
Buddha "Now, what is impermanent, is it unsatisfactory or satisfactory?"
Pancavaggi "Unsatisfactory, Venerable Sir"
Buddha "Now what is impermanent, what is unsatisfactory, what is transitory is it fit to be regarded thus: 'This is mine. This is I. This is my soul?"
Pancavaggi " No, Venerable Sir"

" So, monks, whatever perception, whether past, future, or present: whether gross or subtle; whether is oneself or in others; whether inferior or superior; whether far or near; must with right understanding of things as they really are, be regarded thus: 'This is not Mine. This is not I. This is not my soul."
"So, monks, whatever mental formations, whether past, future, or present; whether gross or subtle; whether far or near; must, with right understanding of things as they really are, be regarded thus: 'This is not mine. This is not I. This is not my soul."
" So, monks, whatever consciousness, whether past, future, or present; whether gross or subtle; whether in oneself or in others; whether inferior or superior: whether far or near; must, with right understanding of things as they really are, be regarded thus:'This is not mine. This is not I. this is not my soul."
"Seeing thus, monks, the learned disciple of the Noble Ones becomes weary of form, weary also of feelings, weary also of consciousness. Being weary, he becomes detached; being detached, he becomes free; being free, the knowledge arises, 'I am Free."
" And he knows, 'Rebirth is no more; I have finished practising of the life of purity; done is what should be done; of this there is no more beyond."
This is what the Exalted One Said. Delighted, the group of five monks rejoiced at the Exalted One's words.
And while this discourse was being given, the minds of the group of five monks were liberated from defilements through clinging on more.

Translated by U Silanadabivamsa