
စက်ရုံ၊လုပ်ငန်းများ ပျက်စီးဆုံးရှုံးစေရန် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ အကျင့်ပျက်ဝန်ထမ်းများ
လုပ်ဆောင်မှုကြောင့် နိုင်ငံတော်အတွက် များ စွာနစ်နာခဲ့ပြီး ဝန်ကြီးဋ္ဌာနအတွင်း ဆရာတ
ပည့်မွေး၊ အုပ်စုဖွဲ့ခြင်းတို့ကြောင့် စိက်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
(၁၉၈၈) ခုနှစ်တွင် ကျောင်းတက်နေခဲ့သောသူများအား (၈၈) ကျောင်းသားများဟုသတ်မှတ်ပြီး
ကာကွယ်ရေးဝန်ကြီးဋ္ဌာနအတွင်း ခွဲခြား ဆက်ဆံခြင်း၊ မတရားစွပ်စွဲ ခုံရုံးတင်စစ်ဆေးခြင်းတို့သည်
နိုင်ငံတော်တည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ခေတ်မှီသောမျိုး ချစ်တပ်
မတော်တည်ဆောက်ရေးတို့အတွက် လွန်စွာအန္တရာယ်ကြီးမားလှပါသည်။
ကာကွယ်ရေးဦးစီးချုပ်၏ သြဝါဒစကားများတွင်ပါဝင်သော လူမှုရေးကင်းရှင်းစွာနေထိုင်ခြင်း၊
တရားဥပဒေ၊ စစ်စည်းကမ်းနှင့်အမိန့်တို့ကို လိုက်နာနေထိုင်ကြရန် ဆုံးမလမ်းညွှန်ထားသော်
လည်း မြန်မာစီးပွားရေးကော်ပို့ရေးရှင်း (MEC) မှ အကျင့်ပျက်ဝန်ထမ်းများမှာ ဆုံးမလမ်း
ညွှန်မှုများကို မျက်ကွယ်ပြု ဆန့်ကျင်ဆောင်ရွက်နေကြပါသည်။
တစ်လင်၊ တစ်မယားစနစ်ကို ဂုဏ်ယူတန်ဖိုးထားသော ကာကွယ်ရေးဦးစီးချုပ်ကြီးမှ
လူမှုရေးဖောက်ပြန်ပြီး၊ တရားမဲ့ပြုကျင့်နေသော၊ တ ရားဥပဒေ၏အထက် တွင်ပျက်ရယ်ပြုနေထိုင်ပြီး၊
အုပ်စုဖွဲ့ဆိုးသွမ်းရိုင်းစိုင်းယုတ်မာနေသော အကျင့်ပျက်ဝန်ထမ်းများအား အမြန်ဆုံးအ ရေး
ယူပေးနိုင်ပါရန်၊ တာဝန်သိ၊ တာဝန်ရှိသောသူများမှ ဆက်လက်ဖြန့်ဝေတင်ပြပေးပါ။
(ပေးစာ)


No comments:
Post a Comment