Tuesday, November 27, 2012

ပွင့်လင်းခရီးစဉ်ကြိုဆိုသည့်ကျောင်းသားများ ခြိမ်းခြောက်ခံရ

ဓါတ်ပုံသတင်း | By Admin
ပွင့်လင်းခရီးစဉ်ကြိုဆိုသည့်ကျောင်းသားများ ခြိမ်းခြောက်ခံရ

ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်သော ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မြိတ်မြို့ခရီးစဉ်ကို လာရောက်ကြိုဆိုကြသော အထက်တန်း ကျောင်းသားများ ဆရာဆရာမများ၏ ကျောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းကို ခံနေရကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းစုံစမ်းရာတွင် မြိတ်မြို့သို့  နိုဝင်ဘာ

၂၂ ရက် နေ့လည်ပိုင်းတွင် ၈၈ မျိုးဆက် ကျောင်းသားများ၏ ခရီးစဉ်ကို အ ထ က (၂) မြိတ်မြို့မှ အထက်တန်းကျောင်းသား ၃၂ ဦးခန့် သွားရောက် ကြိုဆိုခဲ့ကြကြောင်း၊ ၁၀ တန်း(I)မှ ကျောင်းသားများ ဖြစ်ကြသော အောင်ကိုသက်၊ ပြည့်စုံ၊ စိုင်းသီဟထွန်း၊ ဖြိုးညီဝင်း၊ မြတ်ကိုကိုတို့လည်း သွားရောက်ကြိုဆိုခဲ့ကြပြီး နေ့လည်ကျောင်းတက်ချိန်တွင် ဆရာမ ဒေါ်ဝင်းမော်၊ဒေါ်ဝင်းကြည်တို့မှ ကျောင်းသားများကို မိဘများ ခေါ်ခိုင်းခဲ့ပြီး ကျောင်းသားများကို ရိုက်နှက်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းဌေးမှ ၁၀ တန်း ကျောင်းသားများ၏ မိဘများကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် ခေါ်ယူပြီး ခံဝန်လက်မှတ် ထိုးခိုင်းပြီး ၉တန်း ကျောင်းသားများကိုမူ နိုဝင်ဘာ ၂၆ရက်နေ့တွင် မိဘများကို ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ ၄င်းကျောင်းသားများ အထဲမှ ၁၀ တန်း I မှ ကျောင်းသား အောင်ကိုသက်မှာ နယ်တွင် နေထိုင်သော မိဘများကို ခေါ်ယူရန် မလွယ်ကူသဖြင့် ကျောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းကို ခံနေရကြောင်း ၄င်း၏သူငယ်ချင်းများက ပြောပါသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ မမာယာနှင့် မသက်သက်အောင်တို့က လိုက်လံကူညီဖြေရှင်းပေးနေကြောင်း သိရှိရပါသည်။
Burma VJ

No comments: