Tuesday, November 27, 2012

"ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် အာရှကလေးများ ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသမည့် မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ဒါရိုက်တာ ၃ ဦး ဂျပန်နိုင်ငံသို့ ထွက်ခွာ"

"ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် အာရှကလေးများ ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသမည့် မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ဒါရိုက်တာ ၃ ဦး ဂျပန်နိုင်ငံသို့ ထွက်ခွာ"

အာရှကလေးများ ရုပ်ရှင်ပွဲတော် (ခီဇူန- သံယောဇဉ်ခိုင်မာမှု) အစီအစဉ်ကို ဂျပန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ရာ မြန်မာ နိုင်ငံ ကိုယ်စားပြုတက်ရောက်မည့် ပြိုင်ပွဲဝင် များဖြစ်ကြသော ဆုဝင့်မွန် (ပထမဆု)၊ သူဟန်သွယ် (ဒုတိယဆု)၊ ယွန်းသဒ္ဒါအောင် (ခ) ယွန်းယွန်း (တတိယဆု) နှင့် ဦးဆောင်သူ ဒါရိုက်တာကြည်ဖြူသျှင်တို့အား နိုဝင်ဘာ ၁၇ ရက်၊ မနက် ၁ဝ နာရီအချိန်က မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဖြစ်သူ ဦးဇင် ဝိုင်းကတွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

အဆိုပါပွဲတော်ကို ဦးဆောင်သူ ဒါရိုက် တာကြည်ဖြူသျှင်ကလည်း ”အဓိကကတော့ သူတို့သုံးယောက်က ကလေးတွေဆိုတော့ သူတို့အကြိုက်ပဲလုပ်ပေးမယ်။ ပြင်ဆင်မှု ကတော့ ဂျပန်သံရုံး ကနေဖတ်ရမယ့်စာတွေ ပေးတယ်။ ပြီးတော့ အခု အစ်မတို့ဂျပန် မသွားခင် ဂျပန်နိုင်ငံအပေါ်အမြင်ကို ရေးပြီး တင်ရတယ်။ ပြန်လာရင် အမြင်တွေ တစ်ခါထပ်ရေးပြီး ပို့ပေးရမယ်။ဒါကြောင့် သေသေချာချာ လေ့လာခဲ့ရမှာပဲ” လို့ စီစဉ်ထားမှုနဲ့ ပတ်သက်ပြီး ပြောပြခဲ့သည်။မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်မယ့် မယွန်းသဒ္ဒါအောင်က ”ဝါသနာတစ်ခုကို စိတ်ဝင်စားမှုနဲ့ လုပ်လိုက်တဲ့အလုပ်တစ်ခုက မထင်မှတ်ဘဲနဲ့ ဒီအတိုင်းအတာ ထိ အောင်မြင်သွားတော့ တအားပျော်တယ်။ နှုတ်ဆက်စကားနဲ့ ကျေးဇူး တင်စကားကိုလည်း ဂျပန်လို လေ့ကျင့်သွားပါတယ်။ သမီး ဇာတ်လမ်း ကတော့ မြန်မာနိုင်ငံက ကျောင်းသူလေး၊ အနုပညာရှင်လည်း ဖြစ်တယ်၊ သူက နိုင်ငံခြားချစ်ကြည်ရေး အထူးသံတမန် ဖြစ်ချင်တဲ့အတွက် ကြိုးစားတယ်။ ကြိုးစားခြင်းဆိုတဲ့ အကြောင်းကို ရိုက်ထားတာပါ”လို့ ပြောပြ ခဲ့ပါတယ်။ ယင်းနောက်ပြိုင်ပွဲဝင် မသူဟန်သွယ်က ”တခြားနိုင်ငံက လူတွေနဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်မယ်။ သမီး ဇာတ်လမ်း ကတော့ ဘဝကို အရှုံးမပေးဘဲ ကြိုးစားလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဖြစ်ရပ် မှန်ဘဝ ဇာတ်လမ်းပါ။ နာဂစ်တုန်းက မိသားစုအားလုံး ဆုံးရှုံးပေမယ့် ဘဝကို ကြံ့ကြံ့ ခံ ကြိုးစားတယ်။ နောက်ဆုံး သူ ဆုံးရှုံးတဲ့ မိသားစုလိုမျိုး ပဲ ပျော်စရာကောင်းတဲ့ မိသားစုအသစ်ကို ရရှိပါတယ်။ အဓိက ကတော့ ဘဝကိုအရှုံးမပေးဘူး ဆိုတာကို ပြတာပါ” လို့ပြောပြခဲ့ပါတယ်။ ထို့နောက် ပြိုင်ပွဲဝင်မဆုဝင့်မွန်ကလည်း”နိုင်ငံကိုယ်စားပြုဆိုတော့ ကိုယ့်နိုင်ငံဂုဏ်ကို တန်ဖိုးထားပြီး ယဉ်ကျေးမှုတွေကိုပြောပြမှာပါ။ သမီး ဇာတ်လမ်းကတော့ေ မတ္တာကို ဖော်ကျူး တဲ့ ဇာတ်လမ်းပါ။ ဘယ်လောက်ပဲတစ် ယောက်နဲ့ တစ်ယောက်မတည့်နေပါစေ ပြဿနာတစ်ခုခုကြုံလာတိုင်း ပူးပေါင်းပြီး ကြိုးစားတယ်။ အခက်အခဲတွေကို အတူတူ မျှဝေပြီး ချစ်ချစ်ခင်ခင်နဲ့နေဖို့ ချစ်ခြင်းမေတ္တာ ဇာတ်လမ်းမျိုးပါ” လို့ ပြောပြခဲ့သည်။အဆိုပါ အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော် အစီအစဉ်မှာ ဂျပန်နိုင်ငံအပါအဝင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ ကိုရီးယား၊ လာအို၊ မလေးရှား၊ မွန်ဂို၊ မြန်မာ၊ ဖိလစ်ပိုင်၊ တိုင်ပေ၊ ထိုင်း၊ ဗီယက်နမ် တို့လည်း ပါဝင်ကြမည် ဖြစ်သည်။

ထူးထူး
‎"ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် အာရှကလေးများ ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသမည့် မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ဒါရိုက်တာ ၃ ဦး ဂျပန်နိုင်ငံသို့ ထွက်ခွာ"

အာရှကလေးများ
ရုပ်ရှင်ပွဲတော် (ခီဇူန- သံယောဇဉ်ခိုင်မာမှု) အစီအစဉ်ကို ဂျပန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ရာ မြန်မာ နိုင်ငံ ကိုယ်စားပြုတက်ရောက်မည့် ပြိုင်ပွဲဝင် များဖြစ်ကြသော ဆုဝင့်မွန် (ပထမဆု)၊ သူဟန်သွယ် (ဒုတိယဆု)၊ ယွန်းသဒ္ဒါအောင် (ခ) ယွန်းယွန်း (တတိယဆု) နှင့် ဦးဆောင်သူ ဒါရိုက်တာကြည်ဖြူသျှင်တို့အား နိုဝင်ဘာ ၁၇ ရက်၊ မနက် ၁ဝ နာရီအချိန်က မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဖြစ်သူ ဦးဇင် ဝိုင်းကတွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

အဆိုပါပွဲတော်ကို ဦးဆောင်သူ ဒါရိုက် တာကြည်ဖြူသျှင်ကလည်း ”အဓိကကတော့ သူတို့သုံးယောက်က ကလေးတွေဆိုတော့ သူတို့အကြိုက်ပဲလုပ်ပေးမယ်။ ပြင်ဆင်မှု ကတော့ ဂျပန်သံရုံး ကနေဖတ်ရမယ့်စာတွေ ပေးတယ်။ ပြီးတော့ အခု အစ်မတို့ဂျပန် မသွားခင် ဂျပန်နိုင်ငံအပေါ်အမြင်ကို ရေးပြီး တင်ရတယ်။ ပြန်လာရင် အမြင်တွေ တစ်ခါထပ်ရေးပြီး ပို့ပေးရမယ်။ဒါကြောင့် သေသေချာချာ လေ့လာခဲ့ရမှာပဲ” လို့ စီစဉ်ထားမှုနဲ့ ပတ်သက်ပြီး ပြောပြခဲ့သည်။မြန်မာနိုင်ငံကိုယ
်စားပြု သွားရောက်မယ့် မယွန်းသဒ္ဒါအောင်က ”ဝါသနာတစ်ခုကို စိတ်ဝင်စားမှုနဲ့ လုပ်လိုက်တဲ့အလုပ်တစ်ခုက မထင်မှတ်ဘဲနဲ့ ဒီအတိုင်းအတာ ထိ အောင်မြင်သွားတော့ တအားပျော်တယ်။ နှုတ်ဆက်စကားနဲ့ ကျေးဇူး တင်စကားကိုလည်း ဂျပန်လို လေ့ကျင့်သွားပါတယ်။ သမီး ဇာတ်လမ်း ကတော့ မြန်မာနိုင်ငံက ကျောင်းသူလေး၊ အနုပညာရှင်လည်း ဖြစ်တယ်၊ သူက နိုင်ငံခြားချစ်ကြည်ရေး အထူးသံတမန် ဖြစ်ချင်တဲ့အတွက် ကြိုးစားတယ်။ ကြိုးစားခြင်းဆိုတဲ့ အကြောင်းကို ရိုက်ထားတာပါ”လို့ ပြောပြ ခဲ့ပါတယ်။ ယင်းနောက်ပြိုင်ပွဲဝင် မသူဟန်သွယ်က ”တခြားနိုင်ငံက လူတွေနဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်မယ်။ သမီး ဇာတ်လမ်း ကတော့ ဘဝကို အရှုံးမပေးဘဲ ကြိုးစားလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဖြစ်ရပ် မှန်ဘဝ ဇာတ်လမ်းပါ။ နာဂစ်တုန်းက မိသားစုအားလုံး ဆုံးရှုံးပေမယ့် ဘဝကို ကြံ့ကြံ့ ခံ ကြိုးစားတယ်။ နောက်ဆုံး သူ ဆုံးရှုံးတဲ့ မိသားစုလိုမျိုး ပဲ ပျော်စရာကောင်းတဲ့ မိသားစုအသစ်ကို ရရှိပါတယ်။ အဓိက ကတော့ ဘဝကိုအရှုံးမပေးဘူး ဆိုတာကို ပြတာပါ” လို့ပြောပြခဲ့ပါတယ်။ ထို့နောက် ပြိုင်ပွဲဝင်မဆုဝင့်မွန်ကလည်း”နိုင်ငံကိုယ်စားပြုဆိုတော့ ကိုယ့်နိုင်ငံဂုဏ်ကို တန်ဖိုးထားပြီး ယဉ်ကျေးမှုတွေကိုပြောပြမှာပါ။ သမီး ဇာတ်လမ်းကတော့ေ မတ္တာကို ဖော်ကျူး တဲ့ ဇာတ်လမ်းပါ။ ဘယ်လောက်ပဲတစ် ယောက်နဲ့ တစ်ယောက်မတည့်နေပါစေ ပြဿနာတစ်ခုခုကြုံလာတိုင်း ပူးပေါင်းပြီး ကြိုးစားတယ်။ အခက်အခဲတွေကို အတူတူ မျှဝေပြီး ချစ်ချစ်ခင်ခင်နဲ့နေဖို့ ချစ်ခြင်းမေတ္တာ ဇာတ်လမ်းမျိုးပါ” လို့ ပြောပြခဲ့သည်။အဆိုပါ အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော် အစီအစဉ်မှာ ဂျပန်နိုင်ငံအပါအဝင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ ကိုရီးယား၊ လာအို၊ မလေးရှား၊ မွန်ဂို၊ မြန်မာ၊ ဖိလစ်ပိုင်၊ တိုင်ပေ၊ ထိုင်း၊ ဗီယက်နမ် တို့လည်း ပါဝင်ကြမည် ဖြစ်သည်။

ထူးထူး

No comments: