Monday, November 26, 2012

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ ဆန္ဒပြမှု မြင်ကွင်း


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တောင်းဆိုမှုများကို ယနေ့ (နိုဝင်ဘာလ၂၆ရက်နေ့) ညနေ ၃ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး၊ မြို့တော်ခန်းမရှေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ရန်ကုန်အခြေစိုက် ပြည်သူ့အကျိုးဆောင်အဖွဲ့တို့မှ စတင်တောင်းဆိုမှု ပြုလုပ်နေပြီဖြစ်သည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးဆန္ဒထုတ်ဖော်သူများသူလက်ပံတောင်းတော၌င်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးချက်ချင်းရပ်၊မြန်မာဝမ်ပေါင်ကုမပဏီချက်ချင်းထွက် ဟူသည့်မြန်မာအင်္ဂလိပ်၊တရုတ်ဘာသာဖြင့်သားထားသောစာတန်းများကိုင်ဆောင်ကာဆူးလေဘုရားအားပတ်နေပြီဖြစ်သည်။လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒထုတ်ဖော်သူများသည် ဆူးလေဘုရားအား တစ်ပတ်ပတ်ပြီးနောက် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် စုဝေးပြီး လက်ပံတောင်းတောင် ကြေးနီစိမံကိန်း ရပ်ဆိုင်းရေးအတွက် တောင်းဆိုချက်များအား ဖတ်ကြားခဲ့သည်။ ထို့နောက် မဟာဗန္ဓုလပန်းခြံအား တစ်ပတ်ပတ်ပြီးနောက် ကုန်သည်လမ်းမှတစ်ဆင့် သိမ်ကြီးဈေးသို့ လမ်းလျောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြပြီး ညနေ ၅ နာရီအချိန်ခန့်တွင် လူစုခွဲခဲ့ကြသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒထုတ်ဖော်သူများသည် ဆူးလေဘုရားအား တစ်ပတ်ပတ်ပြီးနောက် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် စုဝေးပြီး လက်ပံတောင်းတောင် ကြေးနီစိမံကိန်း ရပ်ဆိုင်းရေးအတွက် တောင်းဆိုချက်များအား ဖတ်ကြားခဲ့သည်။ ထို့နောက် မဟာဗန္ဓုလပန်းခြံအား တစ်ပတ်ပတ်ပြီးနောက် ကုန်သည်လမ်းမှတစ်ဆင့် သိမ်ကြီးဈေးသို့ လမ်းလျောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြပြီး ညနေ ၅ နာရီအချိန်ခန့်တွင် လူစုခွဲခဲ့ကြသည်။


လက်ပံတောင်းတောင်ကိစ္စ စုံစမ်းရေးကော်မရှင်သည် လွတ်လပ်ရန်လိုအပ်ဟု ဆို

လက်ပံတောင်းတောင် အရေးကိစ္စနှင့်ပတ်သက်၍ လွှတ်တော်၌ တင်ပြထားသည့် အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်သည် လွတ်လပ်သည့် ကော်မရှင်တစ်ရပ်ဖြစ်ရန်လိုအပ်ပြီး အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း လက်ပံတောင်းတောင်အရေးဆောင်ရွက်နေသူတစ်ဦးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုထွန်းမြင့်အောင်ကပြောသည်

အဆိုပါလက်ပံတောင်းတောင်အရေးသည် ထင်မှတ်ထားသည်ထက် ပ
ိုမိုကျယ်ပြန့်ပြီး ညင်ညင်သာသာကိုင်တွယ်ရန်လိုအပ်ကြောင်း၊ ကော်မရှင်သည်
လွတ်လပ်၍ သမာသမတ်ကျသော ကော်မရှင်ဖြစ်ရန်လိုအပ်ပြီး
ကုမ္ပဏီထက် တိုင်းသူပြည်သားများ၏ မျက်နှာကို ကြည့်ရှုသည့် ကော်မရှင်ဖြစ်ရန်လိုအပ်ကြောင်း
ကော်မရှင်စုံစမ်းနေဆဲကာလ၌ လက်ပံတောင်းတောင်တွင်လုပ်ကိုင်လျှက်ရှိသည့် လုပ်ငန်းများကို ရပ်ဆိုင်းထားရန်လိုအပ်ကြောင်း ယနေ့ မွန်းလွဲ ၃ နာရီခွဲက ၈၈ ရုံးခန်း၌ ပြုလုပ်ခဲ့သည့် အရေးပေါ်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

NLA

No comments: