Monday, November 26, 2012

ရောက်တတ်ရာရာ၂၈

ရောက်တတ်ရာရာ၂၈

ကလေးဘဝ

ကျောင်းဆင်း နေညိုချိန်
ကျောင်းဝန်းတွင်း ကုက္ကိုလ်ရိပ်အောက်မှာ
ကျောင်းကြီးရဲ့ အထီးကျန်မှုကို
ခံစားမိပါတယ်။

အရွယ်ရောက်ခဲ့တော့

သူလာနေကြ လမ်းလေးပေါ်
ရွက်ခြွေမိုးပြေးနှင့်အတူ
ပြန်ပါမလာမှန်းသိသော်လည်း
တစ်စစီ ဖမ်းဆုပ်ချင်မိသေးရဲ့။

ခုအရွယ် သုံးဆယ်နား ကပ်လာလေတော့

မိုးလုံးမှိုင်းလည်း နေ့အခါ
နေ ရှိသေးသလို
လမင်းမသာလည်း သန်းခေါင်မှာ
သူရှိသေးတယ် အမှတ်နှင့်
မိဘတွေ ရှိနေပေးတာကိုပဲ
အားရှိရပါတယ်။ ။

ခရေ

No comments: