Monday, November 26, 2012

၈၈မျိုးဆက်ကျောင်းသားများ၏ အရေးပေါ် သတင်းစာရှင်းလင်းပွဲ

ယနေ့နိုဝင်ဘာလ(၂၆)ရက် ညနေ(၃း၃၀)နာရီ မှ (၄း၃၀)နာရီအထိပြုလုပ်သော ၈၈မျိုးဆက်ကျောင်းသားများ၏ အရေးပေါ် သတင်းစာရှင်းလင်းပွဲတွင် ကိုဂျင်မီနှင့် ကိုအောင်သူတို့က မိုးထိမိုးမိဒေသ ရွှေတွင်းလုပ်သားများ ဆန္ဒပြမှုနှင့် တာဝန်ရှိသူတို့၏အကြမ်းဖက်ဖြိုခွဲဖမ်းဆီးသည့် ကိစ္စရပ်များအပေါ် စိုးရိမ်မှုကြီးမားနေကြောင်း၊ ယခုဖြေရှင်းမှုပုံသဏ္ဍာန်များသည် လက်ရှိပြဿနာရပ်များကို ပိုမိုရှုပ်ထွေးလာစေနိုင်ပြီး နိုင်ငံတော်၏ အသွင်ကူပြောင်းမှုကဏ္ဍကိုပါ တစ်စိတ်တစ်ပိုင်း နှောင့်နှေးထိခိုက်လာနိုင်မည်ကိုလည်း စိုးရိမ်ကြောင်းပြောဆိုခဲ့ကြသည်။ ထို့ကြောင့် အခင်းဖြစ်ပွားနေမှုများအပေါ် တိုင်းဒေသကြီးအစိုးရ၏ တာဝန်ယူရှင်းလင်းနေမှုမျှဖြင့် လုံလောက်မည်မဟုတ်ဟု ယူဆကြောင်း ပြည်ထောင်စုအစိုးရ(သတ္ထုတွင်းဝန်ကြီးဌာန)အနေဖြင့် အမြန်ဆုံးပြေလည်စေရန် ညှိနှိုင်းဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။ ၄င်းအပြင် လက်ရှိဖမ်းဆီးခံထားရသူများကို အပြီးအပြတ်လွှတ်ပေးခြင်းဖြင့် တင်းမာနေမှုများကို ဖြေလျော့နိုင်မည်ဖြစ်ကြောင်းေ ပြောကြားခဲ့ကြသည်။ တဆက်တည်းမှာပင် ကိုထွန်းမြင့်အောင်ကလည်း လက်ပံတောင်း တောင် အရေးကိစ္စနှင့်ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် ယင်းကိစ္စမှာေ မြေယာအရေးကိစ္စမျှသာမကဘဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြီးမားသောပြဿနာများနှင့် သာသနာရေးကိစ္စရပ်များပါ ပါဝင်လာနေပြီဖြစ်သဖြင့် လွှတ်တော်တွင်တင်ပြထားသည့်အတိုင်း လွတ်လပ်သောစုံစမ်းရေးကော်မရှင်ကို အမြန်ဆုံးဖွဲ့စည်းပြီး ပြည်ထောင်စုအဆင့်မှ ကိုင်တွယ်ဖြေရှင်းပေးရန် အရေးတကြီးလိုအပ်နေကြောင်းနှင့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းစုံစမ်းစဉ်ကာလတစ်လျှောက် စီမံကိန်းကို ရပ်ဆိုင်းထားသင့်ကြောင်း ပြောဆိုသွားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
 
 
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှု ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် မန္တလေးမြို့ရှိ ၃၅ လမ်း၊ တရုတ်ကောင်စစ်ဝန်ရုံးသို့ ၀င်ရာလမ်းကို နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်မှစရွေ့ သံဆူးကြိုးများ ချထားကာ လုံခြုံရေးများ တင်းကြပ်စွာချထားကြောင်း တွေ့ရှိရသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် အဆိုပါ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မည့် သတင်းများထွက်ပေါ်လျက် ရှိသော်လည်း ညနေ ၃ နာရီအချိန်ခန့်အထိ လှုပ်ရှားမှု တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သတင်းမီဒီယာသမားအချို့ လာရောက်စောင့်ဆိုင်းခြင်းနှင့် လုံခြုံရယူထားသည့် ရဲတပ်ဖွဲ့ဝာပ်ဝန်အချို့သာရှိကြောင်း တွေ့ရှိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှု ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် မန္တလေးမြို့ရှိ ၃၅ လမ်း၊ တရုတ်ကောင်စစ်ဝန်ရုံးသို့ ဝ
င်ရာလမ်းကို နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်မှစရွေ့ သံဆူးကြိုးများ ချထားကာ လုံခြုံရေးများ တင်းကြပ်စွာချထားကြောင်း တွေ့ရှိရသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် အဆိုပါ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မည့် သတင်းများထွက်ပေါ်လျက် ရှိသော်လည်း ညနေ ၃ နာရီအချိန်ခန့်အထိ လှုပ်ရှားမှု တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သတင်းမီဒီယာသမားအချို့ လာရောက်စောင့်ဆိုင်းခြင်းနှင့် လုံခြုံရယူထားသည့် ရဲတပ်ဖွဲ့ဝာပ်ဝန်အချို့သာရှိကြောင်း တွေ့ရှိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မင်းကိုနိုင်၊ မင်းဇေယျ၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ပြုံးချို…. တို့ ရန်ကုန်မှာ ရှိမနေကြတော့ ဒီနေ့ (၂၆၊ ၁၁၊ ၂၀၁၂) အရေးပေါ် သတင်းစာရှင်းလင်းပွဲကို ဂျင်မီ၊ အောင်သူ၊ ထွန်းမြင့်အောင်၊ စိုးထွန်း၊ စမ်းချောင်းကိုကိုကြီးတို့နဲ့အတူ လုပ်ဖြစ်ခဲ့ကြတယ်။ ဆန္ဒပြပွဲတွေရဲ့ တောင်းဆိုနေကြတာတွေကို ပြည်ထောင်စုအစိုးရအနေနဲ့ အမြန်ဆုံးပြေလည်အောင် အကောင်အထည်ဖော်ပေးစေချင်လို့ပါပဲ။ တာဝန်ရှိသူတွေရဲ့ အချိန်ဆွဲ၊ ခြောက်လှန့်၊ ဖိနှိပ်တဲ့ ဗျူဟာတွေကြောင့် မလိုလားစရာတွေ ထပ်ဖြစ်မှာကို စိုးရိမ်ကြလို့ပါ။
မင်းကိုနိုင်၊ မင်းဇေယျ၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ပြုံးချို…. တို့ ရန်ကုန်မှာ ရှိမနေကြတော့ ဒီနေ့ (၂၆၊ ၁၁၊ ၂၀၁၂) အရေးပေါ် သတင်းစာရှင်းလင်းပွဲကို ဂျင်မီ၊ အောင်သူ၊ ထွန်
းမြင့်အောင်၊ စိုးထွန်း၊ စမ်းချောင်းကိုကိုကြီးတို့နဲ့အတူ လုပ်ဖြစ်ခဲ့ကြတယ်။ ဆန္ဒပြပွဲတွေရဲ့ တောင်းဆိုနေကြတာတွေကို ပြည်ထောင်စုအစိုးရအနေနဲ့ အမြန်ဆုံးပြေလည်အောင် အကောင်အထည်ဖော်ပေးစေချင်လို့ပါပဲ။ တာဝန်ရှိသူတွေရဲ့ အချိန်ဆွဲ၊ ခြောက်လှန့်၊ ဖိနှိပ်တဲ့ ဗျူဟာတွေကြောင့် မလိုလားစရာတွေ ထပ်ဖြစ်မှာကို စိုးရိမ်ကြလို့ပါ။
ပုပ္ပါးနတ်တောင်ကြီးအပါအဝင် စပယ်တောင် ကြေးနီတောင် လက်ပန်တောင်တွေကို ကာကွယ်ကြ 

ကျနော်တို့ချစ်တဲ့ မြန်မာနိုင်ငံအလည်ပိုင်းက တစ်ခုတည်းသောအေးရိပ်ငြိမ်ဖြစ်တဲ့ ကျက်သရေရှိလှတဲ့နိုင်ငံ့ဂုဏ်ဆောင် ပုပ္ပါးတောင်ကြီးကို စစ်အုပ်စုတွေ တရုတ်တွေကို ရောင်းစားနေပြန်ပါပြီ။ အခုဦးသိန်းစိန် အစိုးရက ပြီးခဲ့တဲ့အစိုးရဆိုပြီးလွှဲချနေတဲ့ တရုပ်နဲ့လုပ်တဲ့စီမံကိန်းတွေဟာ သူတို့တွေပဲလုပ်ခဲ့ကြ စာချုပ်တွေချုပ်ခဲ့ကြတာပါ။ လူထုတွေဟာ သူတို့တွေ ဘာစာချုပ်တွေချုပ်လဲ ငွေပေးငွေယူဘယ်လိုလဲ ဘယ်လိုသဘောတူမှုတွေနဲ့သူတို့တွေ စိတ်တိုင်းကျ ချုပ်ဆိုခဲ့ကြသလဲ သိခွင့်မရခဲ့ကြရဘဲ အခုမှ တရုတ်တွေ ဘော်တူဇာနဲ့လာထိုးမှ ကြေးနီအတွက် ဘိလပ်မြေအတွက်ဆိုတာ လူထုတွေ မျက်ဝါးထင်ထင်သိခွင့် မြင်ခွင့်ရကြရတော့တာပါ။ အခုဆိုရင် တရုတ်တွေ မြေတူးစက်တွေနဲ့ တောင်ခြေကို စတင်တူးဆွနေကြပြီတဲ့။  လူထုတွေ ပုပ္ပါးတောင်ကာကွယ်ရေးကို အချိန်မီလုပ်ဆောင်ကြရတော့မယ်။ တစ်ဘက်မှာလည်း စပယ်တောင် ကြေးနီတောင် လက်ပန်တောင်တွေကို ဝမ်ပေါင် နဲ့ ဦးပိုင်တို့ပူးပေါင်းပြီး ဖြိုချနေကြလေပြီ။ ပြည်သူ့ရင်ကိုခွဲ အသဲကိုဘော်တူဇာနဲ့ကို ထိုးပြီးမွှန်းသလို လူထုတွေရဲ့ ပူလောင်တဲ့ ရင်ကွဲသံတွေနေ့စဉ်ကြားနေရပါတယ်။  ကဆုန်လ ပြိဿရာသီဆိုရင် ပုပ္ပါးတောင်ကြီးကို စကားဝါပန်းတွေဖုန်းသတဲ့။ပုပ္ပါးတောင်ကြီးဟာ ရွှေတောင်ကြီးဖြစ် သွားတယ်တဲ့။ စာထဲဖတ်ပြီး ကျက်သရေရှိလှတဲ့ ရွှေတောင်ကြီးကို မြင်ဖူးချင်မိခဲ့တယ်။ မိထ္ထီလာ ကနေ ၁၁မိုင်အကွာလောက်ကတည်းက   ပုပ္ပါးတောင်ကြီးရဲ့ စကားဝါပန်းရနံ့တွေဟာ သင်းပျံ့လွင့်နေသတဲ့။ စကားဝါပန်းတွေဝေနေတဲ့ ပုပ္ပါးတောင်ကြီးမှာ နတ်တွေနေလို့  ပုပ္ပါးနတ်တောင် လို့ခေါ်ဝေါ်ကြတယ်လို့သိရပါတယ်။  ပုပ္ပါးတောင်ကြီးဟာ ပေပေါင်း ၄၉၈၁ ပေမြင့်တယ်။ ပေ ၅၀၀၀ ပြည့်ဖို့ ၁၉ပေပဲလိုတော့တဲ့တောင်ကြီးဖြစ်ပါတယ်။ ပင်လယ်ထက် ၄၉၈၁ပေမြင့်တဲ့  ပုပ္ပါးနတ်တောင် နဲ့ ပုဂံနေပြည်တော်နဲ့ဟာ ၂၉မိုင်ဝေးတယ်။  ပုဂံရာဇဝင်မှာ ကိုဗျတ္တ ပန်းတွေနေ့စဉ်ဆက်ရတယ် တစ်နေ့ ၉ခေါက်တောင် ပန်းဆက်ရတယ်။ ပုပ္ပါးသူ မယ်ဝဏ္ဏရဲ့ အသဲစကားဝါပန်းလေးကိုမှ ကိုဗျတ္တခူးမိခဲ့တယ် ဆိုတဲ့ လှပတဲ့ ရာဇဝင်ချီ  ပုပ္ပါးပုဂံဇတ်လမ်း ဒဏ္ဍာရီလေးတွေ ပေါက်ဖွားရာဟာ ပုပ္ပါးတောင်ကြီးပဲဖြစ်ပါတော့တယ်။ ဦးထုတ်ဆောင်းထားသော မင်းမဟာဂီရိနတ်မင်းကြီးဘုရားကို တိုင်တည်ထားတဲ့ "ရွှေနှင့်ယိုးမှား ပန်းစကား" ကဗျာလေးဟာလည်း ကျနော်တို့ရင်ထဲ အမှတ်ရစေပါတယ်။   ပုပ္ပါးတောင်ကြီး ဟာ ပုဂံရာဇဝင် နဲ့ ဆက်စပ်တယ်။   ပုပ္ပါးတောင်ကြီးဟာ မြန်မာရာဇဝင်နဲ့ဆက်စပ်တယ်။   ပုပ္ပါးတောင်ကြီးဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆက်စပ်တယ်။   ပုပ္ပါးတောင်ကြီးဟာ မြန်မာ့အသွေးအသား မြန်မာ့နှလုံးသားဖြစ်ပါတယ်။ 
ဒီလောက်လှပတဲ့   ပုပ္ပါးတောင်ကြီး ကို စစ်ဘီလူးတွေ လတ်ညိုးထိုး ရောင်းစားနေကြပြီ။ ကျနော်တို့   ပုပ္ပါးတောင်ကြီး အပါအဝင် မြန်မာပြည်အရပ်ရပ်က ရေမြေတောတောင် တွေကို ဘယ်လိုနည်းနဲ့မဆိုကာကွယ်ကြပါစို့။ ။ ။
ပုပ္ပါးနတ်တောင်ကြီးအပါအဝင် စပယ်တောင် ကြေးနီတောင် လက်ပန်တောင်တွေကို ကာကွယ်ကြ

ကျနော်တို့ချစ်တဲ့ မြန်မာနိုင်ငံအလည်ပိုင်းက တစ်ခုတည်းသောအေးရိပ်ငြိမ်ဖြစ်တဲ့ ကျက်သရေရ
ှိလှတဲ့နိုင်ငံ့ဂုဏ်ဆောင် ပုပ္ပါးတောင်ကြီးကို စစ်အုပ်စုတွေ တရုတ်တွေကို ရောင်းစားနေပြန်ပါပြီ။ အခုဦးသိန်းစိန် အစိုးရက ပြီးခဲ့တဲ့အစိုးရဆိုပြီးလွှဲချနေတဲ့ တရုပ်နဲ့လုပ်တဲ့စီမံကိန်းတွေဟာ သူတို့တွေပဲလုပ်ခဲ့ကြ စာချုပ်တွေချုပ်ခဲ့ကြတာပါ။ လူထုတွေဟာ သူတို့တွေ ဘာစာချုပ်တွေချုပ်လဲ ငွေပေးငွေယူဘယ်လိုလဲ ဘယ်လိုသဘောတူမှုတွေနဲ့သူတို့တွေ စိတ်တိုင်းကျ ချုပ်ဆိုခဲ့ကြသလဲ သိခွင့်မရခဲ့ကြရဘဲ အခုမှ တရုတ်တွေ ဘော်တူဇာနဲ့လာထိုးမှ ကြေးနီအတွက် ဘိလပ်မြေအတွက်ဆိုတာ လူထုတွေ မျက်ဝါးထင်ထင်သိခွင့် မြင်ခွင့်ရကြရတော့တာပါ။ အခုဆိုရင် တရုတ်တွေ မြေတူးစက်တွေနဲ့ တောင်ခြေကို စတင်တူးဆွနေကြပြီတဲ့။ လူထုတွေ ပုပ္ပါးတောင်ကာကွယ်ရေးကို အချိန်မီလုပ်ဆောင်ကြရတော့မယ်။ တစ်ဘက်မှာလည်း စပယ်တောင် ကြေးနီတောင် လက်ပန်တောင်တွေကို ဝမ်ပေါင် နဲ့ ဦးပိုင်တို့ပူးပေါင်းပြီး ဖြိုချနေကြလေပြီ။ ပြည်သူ့ရင်ကိုခွဲ အသဲကိုဘော်တူဇာနဲ့ကို ထိုးပြီးမွှန်းသလို လူထုတွေရဲ့ ပူလောင်တဲ့ ရင်ကွဲသံတွေနေ့စဉ်ကြားနေရပါတယ်။ ကဆုန်လ ပြိဿရာသီဆိုရင် ပုပ္ပါးတောင်ကြီးကို စကားဝါပန်းတွေဖုန်းသတဲ့။ပုပ္ပါးတောင်ကြီးဟာ ရွှေတောင်ကြီးဖြစ် သွားတယ်တဲ့။ စာထဲဖတ်ပြီး ကျက်သရေရှိလှတဲ့ ရွှေတောင်ကြီးကို မြင်ဖူးချင်မိခဲ့တယ်။ မိထ္ထီလာ ကနေ ၁၁မိုင်အကွာလောက်ကတည်းက ပုပ္ပါးတောင်ကြီးရဲ့ စကားဝါပန်းရနံ့တွေဟာ သင်းပျံ့လွင့်နေသတဲ့။ စကားဝါပန်းတွေဝေနေတဲ့ ပုပ္ပါးတောင်ကြီးမှာ နတ်တွေနေလို့ ပုပ္ပါးနတ်တောင် လို့ခေါ်ဝေါ်ကြတယ်လို့သိရပါတယ်။ ပုပ္ပါးတောင်ကြီးဟာ ပေပေါင်း ၄၉၈၁ ပေမြင့်တယ်။ ပေ ၅၀၀၀ ပြည့်ဖို့ ၁၉ပေပဲလိုတော့တဲ့တောင်ကြီးဖြစ်ပါတယ်။ ပင်လယ်ထက် ၄၉၈၁ပေမြင့်တဲ့ ပုပ္ပါးနတ်တောင် နဲ့ ပုဂံနေပြည်တော်နဲ့ဟာ ၂၉မိုင်ဝေးတယ်။ ပုဂံရာဇဝင်မှာ ကိုဗျတ္တ ပန်းတွေနေ့စဉ်ဆက်ရတယ် တစ်နေ့ ၉ခေါက်တောင် ပန်းဆက်ရတယ်။ ပုပ္ပါးသူ မယ်ဝဏ္ဏရဲ့ အသဲစကားဝါပန်းလေးကိုမှ ကိုဗျတ္တခူးမိခဲ့တယ် ဆိုတဲ့ လှပတဲ့ ရာဇဝင်ချီ ပုပ္ပါးပုဂံဇတ်လမ်း ဒဏ္ဍာရီလေးတွေ ပေါက်ဖွားရာဟာ ပုပ္ပါးတောင်ကြီးပဲဖြစ်ပါတော့တယ်။ ဦးထုတ်ဆောင်းထားသော မင်းမဟာဂီရိနတ်မင်းကြီးဘုရားကို တိုင်တည်ထားတဲ့ "ရွှေနှင့်ယိုးမှား ပန်းစကား" ကဗျာလေးဟာလည်း ကျနော်တို့ရင်ထဲ အမှတ်ရစေပါတယ်။ ပုပ္ပါးတောင်ကြီး ဟာ ပုဂံရာဇဝင် နဲ့ ဆက်စပ်တယ်။ ပုပ္ပါးတောင်ကြီးဟာ မြန်မာရာဇဝင်နဲ့ဆက်စပ်တယ်။ ပုပ္ပါးတောင်ကြီးဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆက်စပ်တယ်။ ပုပ္ပါးတောင်ကြီးဟာ မြန်မာ့အသွေးအသား မြန်မာ့နှလုံးသားဖြစ်ပါတယ်။
ဒီလောက်လှပတဲ့ ပုပ္ပါးတောင်ကြီး ကို စစ်ဘီလူးတွေ လတ်ညိုးထိုး ရောင်းစားနေကြပြီ။ ကျနော်တို့ ပုပ္ပါးတောင်ကြီး အပါအဝင် မြန်မာပြည်အရပ်ရပ်က ရေမြေတောတောင် တွေကို ဘယ်လိုနည်းနဲ့မဆိုကာကွယ်ကြပါစို့။ ။ ။

Angry Bird Game ကို I Tune Store မှာ ၀ယ်ဆော့ပြီး လက်ပတောင်း တောင် ဖြတ်ရောင်းတဲ့ မျိုးဆွေသန်း
by Myo Swe Than on Monday, 26 November 2012 at 14:20 ·
လက်ပတောင်းတောင်လို့ခေါ်ပါတယ်။ မုံရွာတစ်ဖက်ကမ်းက ဆားလင်းကြီးမြို့မှာရှိပါတယ်။
ချင်းတွင်းမြစ်ဝှမ်း ဒေသမှာ အထင်ရှားဆုံးမြင်ရတဲ့ တောင် (၃)တောင်ဟာ ကြေးစင်တောင်၊ စပယ်တောင်၊ လက်ပတောင်းတောင် (၃)လုံးဖြစ်ပါတယ်။ ချင်းတွင်းမြစ်ရဲ့အနီးမှာရှိပါတယ်။ ကြေးစင်တောင်နဲ့ စပယ်တောင်က အမှတ် (၁)ကြေးနီ စီမံကိန်းရှိတယ်။
စပယ်တောင်ကတော့ ပျောက်သွားပြီး ဒယ်အိုးပုံအဖြစ် ချိုင့်လို့တောင်ဝင်သွားပါပြီ။ မဆလ ခေတ်ကတည်းက တူးပြီးရောင်းခဲ့တာပါ။
ကြေးစင်တောင်လည်း ဆက်လက်တူးဖော်ဆဲမို့ မကြာခင်ကုန်ပါဦး တော့မယ်။
အခု လက်ပတောင်းတောင်ကို စပြီးတော့ တရုတ်ကိုရောင်းပါပြီ။
တောင်ပြာပြာရဲ့အလယ်မှာ နီနီရဲရဲ ဖြတ်ကြောင်းကြီးတွေကိုမြင်နေရပါပြီ။ ပြဿနာများစွာနဲ့ စီမံကိန်းဖြစ်ပါတယ်။
 
လောလောဆယ်ဖြစ်ပျက်နေတာ က အရွှေ့ခံရတဲ့ရွာတွေထဲက (၃)ရွာလောက်က ရွှေ့မပေးဘဲတောင့်ခံနေကြလို့ 
အာဏာပိုင်အဖွဲ့အစည်းနဲ့ ရွာသားတွေအကြား ပဋိပက္ခတွေကြီးနေပါတယ်။ 
အဲဒီကြားက တရုတ်ကုမဏီက မဟာဓာတ်အားလိုင်းကြီးတွေ သွယ်လို့ ယန္တရားများစွာနဲ့ အလျင်အမြန် တောင်ကိုဖြတ်နေပါပြီ။
ပြဿနာတွေကသာမပြီးရင်နေမယ် တောင်က တော့ ကုန်သွားပြီဆိုတာမျိုးတောင်ဖြစ်နိုင်ပါတယ်။
ရွာသူရွာသားတွေဖြစ်နေတာက ရွာတော့ရွှေ့ပေးတယ်။
လယ်မြေတွေအတွက် သီးနှံလျော်ကြေး (၃)နှစ်စာမရကြလို့ ညှိနှိုင်းမရကြတာကို ခေါင်းစဉ်တပ်ထားတယ်။
 
 
ကျွန်တော့်အတွက်ပြဿနာကတော့ အသည်းနှလုံးဖြတ်လှီးသလိုခံစားရတယ်။ 
တိုင်းပြည်ရဲ့စီမံကိန်းတွေက state ကိစ္စအဆင့်တွေဖြစ်လို့ ကျွန်တော်တို့နားမလည်ပါဘူး။
နိုင်ငံရဲ့နယ်နိမိတ်စည်းတွေကလည်း အရေးကြီး မှန်းသိပါတယ်။ အရမ်းကာရောခံစားချက်အတိုင်း လက်လွတ်စပယ်မပြောလိုပါဘူး။
ဒါပေမယ့် နားလည် သလောက် တိုင်းပြည်ရဲ့သဘာဝအရင်းအမြစ်တွေက အရေးကြီးတယ်မဟုတ်လား၊
သယံဇာတတွေ ပေါကြွယ်ဝတဲ့ တိုင်းပြည်ဆိုပေမယ့် ကုန်ပြီထင်ပါတယ်။ 
သစ်သော၊ ရေနံသော၊ ကျောက်မျက်သော စသည်ဖြင့် မှန်းကြည့် ရသလောက်ကုန်ပါပြီ။
ဘာထုတ်ကုန်မှမရှိဘဲ သဘာဝအရင်းအမြစ်ရောင်းစားရတဲ့တိုင်းပြည်မဟုတ်လား၊
ဒါပေမယ့်နိုင်သလောက်တောင့်ခံသင့်ပါတယ်။ 
 
ကမ္ဘာ့အကြီးဆုံးရေနံသိုက်ကို အမေရိကန်က တက္ကဆပ်အောက်မှာ ဖင်ခုထိုင်ထားတယ်။ တစ်စည်မှထုတ်တာမတွေ့ဘူး။ 
သူများတိုင်းပြည်တွေ တစ်စည် ၁၀၀ ဖြစ်နေရင် ၅၀ ကျသွားအောင် သူပဲဦးဆောင်ပြီးဆွဲချနေတာပဲမဟုတ်လား။ 
ကျွန်တော်တို့က တောင်ဖြတ်ရောင်းတာ ကြား မကောင်းဘူးထင်ပါတယ်။ 
ခဏနေရင် တောင် တစ်လုံးအစား ပြန်လုပ်ပေးမယ်ပြောလို့လည်း ရတဲ့ကိစ္စမဟုတ်ဘူး။
နောက်တစ်ခုက သဘာဝပတ်ဝန်းကျင်ထဲမှာ ဒီတောင်ကြီးက သိပ်လှပါတယ်ကွာဆိုတာထက်
မြန်မာတွေရဲ့ သမိုင်းပုံနဲ့လည်း ဆက်စပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။
 
ချင်းတွင်းမြစ်ကို ကန့်လန့်ဖြတ်ပြီးတန်းစီနေတဲ့ မီးတောင်ဟောင်းဝကြီး (၅)ခုရှိတယ်။
နံပါတ် (၁)က ရေမရှိဘူး၊ နံပါတ် (၂)က စပီရူလိုင်းနားထွက်တဲ့ ဘုတလင် မြို့နယ်ထဲက တွင်းတောင်၊
နံပါတ် (၃)က ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက တောင်ပျောက်တွင်း  သူကလည်း စပီရူလိုင်းနားထွက်တယ်၊ 
နံပါတ် (၄)က ငွေသာတွင်းရေရှိတယ်၊ အဲဒီ ( ၂၊ ၃၊ ၄ ) က ရေငံပင်လယ်နဲ့ တိုက်ရိုက်ဆက်စပ်တယ်။
နံပါတ် (၅)က လယ်ရှည်ရွာကတွင်း  သူကရေချိုဖြစ်တယ်။
 
နံပါတ် (၁)မီးတောင်ဝရဲ့ နှုတ်ခမ်းမှာ မြန်မာ့ယဉ်ကျေးမှုပုံစံအတွက် အလွန်အရေးကြီးတဲ့ညောင်ကန်ရွာကိုအစွဲပြုထားတဲ့
ညောင်ကန် ကြေးခေတ်သင်္ချိုင်းကို ရှေးဟောင်းသုတေသနက ၁၉၉၈ မှာ တူးဖော်တွေ့ရှိထားတယ်။
ကျောက်ခေတ်ကနေ နောက်တစ်ဆင့်တက်လိုက်တဲ ကြေးလက်နက်သုံးစွဲလိုက်ပြီး ကြေးခေတ်ကို ကူးပြောင်းသွားတဲ့
မြန်မာနိုင်ငံ နယ်နိမိတ်ထဲက ပထမဆုံးကြေးခေတ်ယဉ်ကျေးမှုသင်္ချိုင်းက အဲဒီပထမဆုံးမီးတောင်ဟောင်းဝရဲ့ နှုတ်ခမ်းမှာရှိတယ်။
အဲဒီရှေးလူတွေ ကြေးကိုဘယ်ကရသလဲ၊ အဲဒီမီးတောင်ဟောင်းဝ (၅)ခုရဲ့အဆုံးအတိုင်းလိုက်လာခဲ့ရင် ကြေးစင်တောင်ကိုတွေ့ရမယ်။ 
 
ဂူဂဲလ်   ကောင်းကင်မြေပုံကနေကြည့်လိုက်ရင် မီးတောင်ဟောင်းဝတွေရဲ့ အဆုံး အတိုင်း နည်းနည်းလေးကွေးကွေးလေးကိုင်းနေတဲ့နေရာမှာ
စပယ်တောင်ကို ဒယ်အိုးပုံဖြစ်သွားအောင် တူးထား တဲ့အသဲပုံနီနီအကွက်ကြီးကိုမြင်ရမှာပါ။ 
ဘူမိပုံစံအရ ဒီမီးတောင်တွေပေါက်ခဲ့လို့ ဒီလိုဓာတ်သတ္တု ပေါကြွယ်ဝ တဲ့ကြေးတောင်ကြီးတွေဖြစ်လာရတယ်ထင်ပါတယ်။
ကြေးစင်တောင်မှာလည်း ရှေးဦးလူသားတွေကြေးထုတ်လုပ် ရယုတဲ့ ကြေးဖို တွေကို တွေ့ထားပြီးသားပါ။ 
ကျွန်တော့်ရဲ့ အဲဒီခရီးမှာလည်း အဲဒီအမှတ် (၃၊ ၄) မီးတောင်ဝတွေနားကနေ ကျောက်ခေတ်လက်နက်
ကျောက်ပုဆိန်တွေများစွာကောက်ယူခဲ့ပါသေးတယ်။  ရှေးဦးလူတွေ အခြေချသွားတဲ့ နေရာ တွေပါ။
အခုလက်ပတောင်းတောင်နဲ့ (၄)မိုင်အကွာက ဆားလင်းကြီးမြို့နယ်ထဲက
မိုးကြိုးပြင်ဆိုတဲ့ရွာမှာ ရှေးဟောင်း ကျောက်ခေတ်သင်္ချိုင်း ရှိတာကိုလည်း ရှေးဟောင်းသုတေသနက ဖော်ထုတ်ပြီးပါပြီ။
 
ကျွန်တော့်ရဲ့ အဲဒီခရီးမှာ လည်း အဲဒီမိုးကြိုးပြင်ကျောက်သင်္ချိုင်း ဒေသအခေါ် ရွာဆိုးကုန်းပေါ်ကနေ မတ်တပ်ရပ်ပြီး လက်ပတောင်း တောင်ကိုလှမ်းကြည့်ပြီးပါပြီ။
မိုးကြိုးပြင်ကျောက်သင်္ချိုင်းပေါ်ကနေရပ်ကြည့်တော့ မိုးကြိုးပြင်ကျောက်ခေတ်  လူသားဟာ သူခေတ်တက်ဖို့အတွက် အင်မတန်မှဆွဲဆောင်မှုရှိတဲ့ (၄)မိုင်ပဲကွာတဲ့ လက်ပတောင်းတောင်ကို သေချာပေါက်သွားခဲ့မှာပါ။
ကြေးလက်နက်အတွက် အဲဒီတောင်ကကြေးကို ရယူပိုင်ဆိုင်ခဲ့မှာပါ။
ဒါပေမယ့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဒီဒေသမှာကြေးသင်္ချိုင်းကို ရှာမတွေ့သေးပါဘူး။ 
ဒီပတ်ဝန်းကျင်မှာ ကြေး သင်္ချိုင်းရှိရမယ်လို့ သဲလွန်စတွေရှိပါတယ်။
 
သီအိုရီအရ ညောင်ကန်ကြေးသင်္ချိုင်းက ဒီကြေးတောင်တွေနဲ့ ဝေးပါတယ်။ 
ဒီကြေးတောင်တွေနားမှာ ကျောက်သင်္ချိုင်းလည်းရှိတယ်ဆိုတော့ ချင်းတွင်းမြစ်ဒီဘက်ကမ်းက အုပ်စုတွေက ကြေးလက်နက်ကိုအရင်ရရှိပါလိမ့်မယ်။ 
အဲဒါကိုတွေ့ရင် အစောဆုံးကြေးသင်္ချိုင်းအဖြစ် မှတ်တမ်းတင်ရမှာဖြစ်ပြီး
မြန်မာတို့ရဲ့သမိုင်းပုံအတွက် အချက်အလက်တွေများစွာဖြည့်တင်းနိုင်ပါလိမ့်မယ်။
 
ခေတ် ကိုနောက်ပြန်ဆွဲပြီး ဒီအချက်အလက်တွေအတွက် ဒီလက်ပတောင်းတောင်ကြီးကို ကြည့်ပါရစေဦး၊
ဖြတ် မရောင်းကြပါနဲ့ဦးလို့ ပြောသလိုဖြစ်နေပါပြီဆိုလည်း သမိုင်းပုံအတွက်က ဒီလောက်ပဲပြောနိုင်ပါတယ်။
ရှေး ဟောင်း သုတေသနကလည်း လေ့လာပြီး အစီရင်ခံစာထွက်တာမတွေ့ရသေးပါ။
 
တခြားဘက်ကပြောရရင်လည်း တစ်ကမ္ဘာလုံးက အိုင်ဒီယာကိုရောင်းစားပြီး စီးပွားရှာနေကြချိန်မှာ 
ကျွန်တော် တို့က တောင်ကိုဖြတ်ရောင်းစားပြီး စီးပွားရှာရတယ်လို့တော့ ပြောစရာဖြစ်နေပါပြီ။
ကျွန်တော်တို့လည်း ညံ့ကြ ပါတယ်။ ဘာမှမထုတ်လုပ်နိုင်ဘဲ သဘာဝအရင်းအမြစ်ကိုထုတ်ရောင်းပြီး
နောက်နှစ်ကျရင်  လွှင့်ပစ်ရမယ့် သူများ ပစ္စည်းကို ၀ယ်သုံးကြတယ်လို့ပဲပြောရတော့မယ်။
 
Angry Bird Game ကို I Tune Store မှာရောင်းလိုက်တဲ့ သူက ဒေါ်လာ သန်းချီ ရတဲ့အချိန်မှာ
လက်ပတောင်းတောင် ဖြတ်ရောင်းစားရတယ်။
 
အဲဒီတော့ ကိုယ့်ကိုယ် ကိုပဲ
ဒေါ်လာရှစ်ဆယ်ပဲအရင်းရှိတဲ့ I Phone ကို ရှစ်သိန်းပေး ၀ယ်သုံးပြီး တောင်ဖြတ်ရောင်းတဲ့ မျိုးဆွေသန်း ဟဲ့၊
Angry Bird Game ကိုဝယ်ဆော့ပြီး လက်ပတောင်းတောင်ဖြတ်ရောင်းတဲ့တိုင်းပြည်ဟဲ့လို့ 
ဟစ်ဟစ်ပြီး အသုဘအိမ်မှာ ငိုသလို ငိုလိုက်ဖို့ပဲရှိပါတော့တယ်။
 
ကျွန်တော်ပြောမယ်၊ လက်ပတောင်း တောင်ကြီးက ကုန်တော့မယ် . . .။              ။
Angry Bird Game ကို I Tune Store မှာ ၀ယ်ဆော့ပြီး လက်ပတောင်း တောင် ဖြတ်ရောင်းတဲ့ မျိုးဆွေသန်း
by Myo Swe Than on Monday, 26 November 2012 at 14:20 ·
လက်ပတောင်းတေ

ာင်လို့ခေါ်ပါတယ်။ မုံရွာတစ်ဖက်ကမ်းက ဆားလင်းကြီးမြို့မှာရှိပါတယ်။
ချင်းတွင်းမြစ်ဝှမ်း ဒေသမှာ အထင်ရှားဆုံးမြင်ရတဲ့ တောင် (၃)တောင်ဟာ ကြေးစင်တောင်၊ စပယ်တောင်၊ လက်ပတောင်းတောင် (၃)လုံးဖြစ်ပါတယ်။ ချင်းတွင်းမြစ်ရဲ့အနီးမှာရှိပါတ
ယ်။ ကြေးစင်တောင်နဲ့ စပယ်တောင်က အမှတ် (၁)ကြေးနီ စီမံကိန်းရှိတယ်။
စပယ်တောင်ကတော့ ပျောက်သွားပြီး ဒယ်အိုးပုံအဖြစ် ချိုင့်လို့တောင်ဝင်သွားပါပြီ။ မဆလ ခေတ်ကတည်းက တူးပြီးရောင်းခဲ့တာပါ။
ကြေးစင်တောင်လည်း ဆက်လက်တူးဖော်ဆဲမို့ မကြာခင်ကုန်ပါဦး တော့မယ်။
အခု လက်ပတောင်းတောင်ကို စပြီးတော့ တရုတ်ကိုရောင်းပါပြီ။
တောင်ပြာပြာရဲ့အလယ်မှာ နီနီရဲရဲ ဖြတ်ကြောင်းကြီးတွေကိုမြင်နေရပါ
ပြီ။ ပြဿနာများစွာနဲ့ စီမံကိန်းဖြစ်ပါတယ်။

လောလောဆယ်ဖြစ်ပျက်နေတာ က အရွှေ့ခံရတဲ့ရွာတွေထဲက (၃)ရွာလောက်က ရွှေ့မပေးဘဲတောင့်ခံနေကြလို့

အာဏာပိုင်အဖွဲ့အစည်းနဲ့ ရွာသားတွေအကြား ပဋိပက္ခတွေကြီးနေပါတယ်။
အဲဒီကြားက တရုတ်ကုမဏီက မဟာဓာတ်အားလိုင်းကြီးတွေ သွယ်လို့ ယန္တရားများစွာနဲ့ အလျင်အမြန် တောင်ကိုဖြတ်နေပါပြီ။
ပြဿနာတွေကသာမပြီးရင်နေမယ် တောင်က တော့ ကုန်သွားပြီဆိုတာမျိုးတောင်ဖြစ်
နိုင်ပါတယ်။
ရွာသူရွာသားတွေဖြစ်နေတာက ရွာတော့ရွှေ့ပေးတယ်။
လယ်မြေတွေအတွက် သီးနှံလျော်ကြေး (၃)နှစ်စာမရကြလို့ ညှိနှိုင်းမရကြတာကို ခေါင်းစဉ်တပ်ထားတယ်။


ကျွန်တော့်အတွက်ပြဿနာကတော့ အသည်းနှလုံးဖြတ်လှီးသလိုခံစားရတ
ယ်။
တိုင်းပြည်ရဲ့စီမံကိန်းတွေက state ကိစ္စအဆင့်တွေဖြစ်လို့ ကျွန်တော်တို့နားမလည်ပါဘူး။
နိုင်ငံရဲ့နယ်နိမိတ်စည်းတွေကလည်
း အရေးကြီး မှန်းသိပါတယ်။ အရမ်းကာရောခံစားချက်အတိုင်း လက်လွတ်စပယ်မပြောလိုပါဘူး။
ဒါပေမယ့် နားလည် သလောက် တိုင်းပြည်ရဲ့သဘာဝအရင်းအမြစ်တွေ
က အရေးကြီးတယ်မဟုတ်လား၊
သယံဇာတတွေ ပေါကြွယ်ဝတဲ့ တိုင်းပြည်ဆိုပေမယ့် ကုန်ပြီထင်ပါတယ်။
သစ်သော၊ ရေနံသော၊ ကျောက်မျက်သော စသည်ဖြင့် မှန်းကြည့် ရသလောက်ကုန်ပါပြီ။
ဘာထုတ်ကုန်မှမရှိဘဲ သဘာဝအရင်းအမြစ်ရောင်းစားရတဲ့တို
င်းပြည်မဟုတ်လား၊
ဒါပေမယ့်နိုင်သလောက်တောင့်ခံသင့
်ပါတယ်။

ကမ္ဘာ့အကြီးဆုံးရေနံသိုက်ကို အမေရိကန်က တက္ကဆပ်အောက်မှာ ဖင်ခုထိုင်ထားတယ်။ တစ်စည်မှထုတ်တာမတွေ့ဘူး။

သူများတိုင်းပြည်တွေ တစ်စည် ၁၀၀ ဖြစ်နေရင် ၅၀ ကျသွားအောင် သူပဲဦးဆောင်ပြီးဆွဲချနေတာပဲမဟုတ
်လား။
ကျွန်တော်တို့က တောင်ဖြတ်ရောင်းတာ ကြား မကောင်းဘူးထင်ပါတယ်။
ခဏနေရင် တောင် တစ်လုံးအစား ပြန်လုပ်ပေးမယ်ပြောလို့လည်း ရတဲ့ကိစ္စမဟုတ်ဘူး။
နောက်တစ်ခုက သဘာဝပတ်ဝန်းကျင်ထဲမှာ ဒီတောင်ကြီးက သိပ်လှပါတယ်ကွာဆိုတာထက်
မြန်မာတွေရဲ့ သမိုင်းပုံနဲ့လည်း ဆက်စပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။

ချင်းတွင်းမြစ်ကို ကန့်လန့်ဖြတ်ပြီးတန်းစီနေတဲ့ မီးတောင်ဟောင်းဝကြီး (၅)ခုရှိတယ်။

နံပါတ် (၁)က ရေမရှိဘူး၊ နံပါတ် (၂)က စပီရူလိုင်းနားထွက်တဲ့ ဘုတလင် မြို့နယ်ထဲက တွင်းတောင်၊
နံပါတ် (၃)က ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက တောင်ပျောက်တွင်း သူကလည်း စပီရူလိုင်းနားထွက်တယ်၊
နံပါတ် (၄)က ငွေသာတွင်းရေရှိတယ်၊ အဲဒီ ( ၂၊ ၃၊ ၄ ) က ရေငံပင်လယ်နဲ့ တိုက်ရိုက်ဆက်စပ်တယ်။
နံပါတ် (၅)က လယ်ရှည်ရွာကတွင်း သူကရေချိုဖြစ်တယ်။

နံပါတ် (၁)မီးတောင်ဝရဲ့ နှုတ်ခမ်းမှာ မြန်မာ့ယဉ်ကျေးမှုပုံစံအတွက် အလွန်အရေးကြီးတဲ့ညောင်ကန်ရွာကို
အစွဲပြုထားတဲ့
ညောင်ကန် ကြေးခေတ်သင်္ချိုင်းကို ရှေးဟောင်းသုတေသနက ၁၉၉၈ မှာ တူးဖော်တွေ့ရှိထားတယ်။
ကျောက်ခေတ်ကနေ နောက်တစ်ဆင့်တက်လိုက်တဲ ကြေးလက်နက်သုံးစွဲလိုက်ပြီး ကြေးခေတ်ကို ကူးပြောင်းသွားတဲ့
မြန်မာနိုင်ငံ နယ်နိမိတ်ထဲက ပထမဆုံးကြေးခေတ်ယဉ်ကျေးမှုသင်္ချို
င်းက အဲဒီပထမဆုံးမီးတောင်ဟောင်းဝရဲ့ နှုတ်ခမ်းမှာရှိတယ်။
အဲဒီရှေးလူတွေ ကြေးကိုဘယ်ကရသလဲ၊ အဲဒီမီးတောင်ဟောင်းဝ (၅)ခုရဲ့အဆုံးအတိုင်းလိုက်လာခဲ့
ရင် ကြေးစင်တောင်ကိုတွေ့ရမယ်။

ဂူဂဲလ် ကောင်းကင်မြေပုံကနေကြည့်လိုက်ရင
် မီးတောင်ဟောင်းဝတွေရဲ့ အဆုံး အတိုင်း နည်းနည်းလေးကွေးကွေးလေးကိုင်းနေတဲ့နေရာမှာ
စပယ်တောင်ကို ဒယ်အိုးပုံဖြစ်သွားအောင် တူးထား တဲ့အသဲပုံနီနီအကွက်ကြီးကိုမြင်ရ
မှာပါ။
ဘူမိပုံစံအရ ဒီမီးတောင်တွေပေါက်ခဲ့လို့ ဒီလိုဓာတ်သတ္တု ပေါကြွယ်ဝ တဲ့ကြေးတောင်ကြီးတွေဖြစ်လာရတယ်ထ
င်ပါတယ်။
ကြေးစင်တောင်မှာလည်း ရှေးဦးလူသားတွေကြေးထုတ်လုပ် ရယုတဲ့ ကြေးဖို တွေကို တွေ့ထားပြီးသားပါ။
ကျွန်တော့်ရဲ့ အဲဒီခရီးမှာလည်း အဲဒီအမှတ် (၃၊ ၄) မီးတောင်ဝတွေနားကနေ ကျောက်ခေတ်လက်နက်
ကျောက်ပုဆိန်တွေများစွာကောက်ယူခ
ဲ့ပါသေးတယ်။ ရှေးဦးလူတွေ အခြေချသွားတဲ့ နေရာ တွေပါ။
အခုလက်ပတောင်းတောင်နဲ့ (၄)မိုင်အကွာက ဆားလင်းကြီးမြို့နယ်ထဲက
မိုးကြိုးပြင်ဆိုတဲ့ရွာမှာ ရှေးဟောင်း ကျောက်ခေတ်သင်္ချိုင်း ရှိတာကိုလည်း ရှေးဟောင်းသုတေသနက ဖော်ထုတ်ပြီးပါပြီ။

ကျွန်တော့်ရဲ့ အဲဒီခရီးမှာ လည်း အဲဒီမိုးကြိုးပြင်ကျောက်သင်္ချိုင
်း ဒေသအခေါ် ရွာဆိုးကုန်းပေါ်ကနေ မတ်တပ်ရပ်ပြီး လက်ပတောင်း တောင်ကိုလှမ်းကြည့်ပြီးပါပြီ။
မိုးကြိုးပြင်ကျောက်သင်္ချိုင်းပေ
ါ်ကနေရပ်ကြည့်တော့ မိုးကြိုးပြင်ကျောက်ခေတ် လူသားဟာ သူခေတ်တက်ဖို့အတွက် အင်မတန်မှဆွဲဆောင်မှုရှိတဲ့ (၄)မိုင်ပဲကွာတဲ့ လက်ပတောင်းတောင်ကို သေချာပေါက်သွားခဲ့မှာပါ။
ကြေးလက်နက်အတွက် အဲဒီတောင်ကကြေးကို ရယူပိုင်ဆိုင်ခဲ့မှာပါ။
ဒါပေမယ့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဒီဒေသမှာကြေးသင်္ချိုင်းကို ရှာမတွေ့သေးပါဘူး။
ဒီပတ်ဝန်းကျင်မှာ ကြေး သင်္ချိုင်းရှိရမယ်လို့ သဲလွန်စတွေရှိပါတယ်။

သီအိုရီအရ ညောင်ကန်ကြေးသင်္ချိုင်းက ဒီကြေးတောင်တွေနဲ့ ဝေးပါတယ်။

ဒီကြေးတောင်တွေနားမှာ ကျောက်သင်္ချိုင်းလည်းရှိတယ်ဆိုတေ
ာ့ ချင်းတွင်းမြစ်ဒီဘက်ကမ်းက အုပ်စုတွေက ကြေးလက်နက်ကိုအရင်ရရှိပါလိမ့်မယ်။
အဲဒါကိုတွေ့ရင် အစောဆုံးကြေးသင်္ချိုင်းအဖြစ် မှတ်တမ်းတင်ရမှာဖြစ်ပြီး
မြန်မာတို့ရဲ့သမိုင်းပုံအတွက် အချက်အလက်တွေများစွာဖြည့်တင်းနိ
ုင်ပါလိမ့်မယ်။

ခေတ် ကိုနောက်ပြန်ဆွဲပြီး ဒီအချက်အလက်တွေအတွက် ဒီလက်ပတောင်းတောင်ကြီးကို ကြည့်ပါရစေဦး၊

ဖြတ် မရောင်းကြပါနဲ့ဦးလို့ ပြောသလိုဖြစ်နေပါပြီဆိုလည်း သမိုင်းပုံအတွက်က ဒီလောက်ပဲပြောနိုင်ပါတယ်။
ရှေး ဟောင်း သုတေသနကလည်း လေ့လာပြီး အစီရင်ခံစာထွက်တာမတွေ့ရသေးပါ။

တခြားဘက်ကပြောရရင်လည်း တစ်ကမ္ဘာလုံးက အိုင်ဒီယာကိုရောင်းစားပြီး စီးပွားရှာနေကြချိန်မှာ

ကျွန်တော် တို့က တောင်ကိုဖြတ်ရောင်းစားပြီး စီးပွားရှာရတယ်လို့တော့ ပြောစရာဖြစ်နေပါပြီ။
ကျွန်တော်တို့လည်း ညံ့ကြ ပါတယ်။ ဘာမှမထုတ်လုပ်နိုင်ဘဲ သဘာဝအရင်းအမြစ်ကိုထုတ်ရောင်းပြီ

နောက်နှစ်ကျရင် လွှင့်ပစ်ရမယ့် သူများ ပစ္စည်းကို ၀ယ်သုံးကြတယ်လို့ပဲပြောရတော့မယ်


Angry Bird Game ကို I Tune Store မှာရောင်းလိုက်တဲ့ သူက ဒေါ်လာ သန်းချီ ရတဲ့အချိန်မှာ

လက်ပတောင်းတောင် ဖြတ်ရောင်းစားရတယ်။

အဲဒီတော့ ကိုယ့်ကိုယ် ကိုပဲ

ဒေါ်လာရှစ်ဆယ်ပဲအရင်းရှိတဲ့ I Phone ကို ရှစ်သိန်းပေး ၀ယ်သုံးပြီး တောင်ဖြတ်ရောင်းတဲ့ မျိုးဆွေသန်း ဟဲ့၊
Angry Bird Game ကိုဝယ်ဆော့ပြီး လက်ပတောင်းတောင်ဖြတ်ရောင်းတဲ့တိ
ုင်းပြည်ဟဲ့လို့
ဟစ်ဟစ်ပြီး အသုဘအိမ်မှာ ငိုသလို ငိုလိုက်ဖို့ပဲရှိပါတော့တယ်။

ကျွန်တော်ပြောမယ်၊ လက်ပတောင်း တောင်ကြီးက ကုန်တော့မယ် . . .။ ။




မုံရွာမြို့၊ဇောတိကရာမကျောင်းတိုက်မှ သံဃာတော်အပါး ၂၀၀ ကျော်သည် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်ရန်အတွက်
နိုဝင်ဘာလ ၂၆ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်မှစတင်ကာ မုံရွာမြို့ကျောက္ကာလမ်းမကြီးအတိုင်း
ချင်းတွင်းမြစ်ဆိပ်ကမ်း နန်ချွန်ဇက်ကူးတို့ဆိပ်သို့ခြေလျင်ကြွရောက်ခဲ့ကြောင်းသိရှိရသည်။
“နန်ချွန်ဇက်ကူးတို့ဆိပ်အရောက်မှာ မုံရွာဘက်ကမ်းက
စက်လှေတွေအနောက်ဘက်ကိုအမြန်ဆုံးမောင်း
သွားတယ်။သက်ဆိုင်ရာက အနောက်ဘက်ကမ်းကိုမသွားဖို့လာတားတယ်။ကားနဲ့သွားဖို့စီစဉ်တော့လည်း
တားတယ်။တားတဲ့သူကိုယ်တိုင် လာတောင်းပန်မှပြန်ကြွမယ်။မတောင်းပန်မချင်း
နန်ချွန်ဆိပ်မှာထိုင်ပြိးသပိတ်မှောက်သွားမယ်”ဟုနန်ချွန်ဇက်ဆိပ်တွင် လက်ပန်းတောင်းတောင်အရေးတောင်းဆိုနေသော
ဆရာတော်တစ်ပါးကမိန့်ကြားသည်
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေးအတွက်
ဆန္ဒထုတ်ဖော်ရန်ကြွှရောက်သောဆရာတော်များအားသက်ဆိုင်ရာက တားမြစ်ခဲ့ပြီးနောက်
မုံရွာမြို့နန်ချွန်ဇက်ကူးတို့ဆိပ်တွင် သပိတ်စခန်းဖွင့်၍ တောင်းဆိုဆန္ဒထုတ်ဖော်နေကြောင်းသတင်းရရှိသည်။
ဓာတ်ပုံ-မျိုးမင်းဦး

No comments: