Thursday, November 29, 2012

အချုပ်အခြာ အာဏာပိုင် နိုင်ငံတော်တစ်ခု၏ ပုံရိပ် ပျောက်ဆုံးခြင်း

အချုပ်အခြာ အာဏာပိုင် နိုင်ငံတော်တစ်ခု၏ ပုံရိပ် ပျောက်ဆုံးခြင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟူသည် နိုင်ငံတော်တွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအပေါင်း၏ အကျိုးစီးပွား(၀ါ) အမျိုးသားအကျိုးစီးပွားအတွက် အကျိုးအမြတ်ရရှိစေမည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံအစိုးရ အဆက်ဆက်လက်အောက်တွင် နိုင်ငံတော်အကျိုးစီးပွားနှင့် အမျိုးသားအကျိုးစီးပွားသည် သီးသန့်စီ ရပ်တည်ခဲ့ရ၏။ နိုင်ငံတော်အကျိုးစီးပွားသည် နိုင်ငံတော်အာဏာ လက်ဝယ်ပိုင်ဆိုင်ထားသည့် လက်တစ်ဆုပ်စာလူတစ်စုနှင့် ၎င်းတို့၏ ဆွေမျိုးများ၊အခြွေအရံ နောက်လိုက်နောက်ပါတစ်စုအတွက် သက်သက်မျှသာ ဖြစ်ခဲ့၏။ ပြည်သူအပေါင်းအတွက် အမျိုးသားအကျိုးစီးပွားမှာမူ ၎င်းလက်တစ်ဆုပ်စာလူတစ်စု စားသောက်ပြီး အကြွင်းအကျန်၊ အရိုးအရင်း၊ လက်ကြားယိုသလောက်သော ပမာဏခန့်သာရှိခဲ့သည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအလို့ငှာ နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်၍ ပြည်သူပိုင်မြေတို့ကို ရောင်းစားခဲ့သည်၊ ပေါင်နှံခဲ့သည်။ အထိန်းအကွပ်မရှိ ထင်ရာစိုင်းမှုများ၏ နောက်ဆက်တွဲရလာဒ်သည် ပြည်သူအပေါင်းအား ဒုက္ခပင်လယ်တွင်း၌ မချိမဆန့် ကူးခတ်နေရသည့် ဘ၀သို့ တစ်နေ့တခြား ပိုမိုဆိုးရွားစွာ ကျရောက်စေခဲ့သည့်အပြင် အစိုးရကိုယ်တိုင်လည်း အင်အားကြီးနိုင်ငံတစ်ခု၏ ထားရာနေ၊စေရာသွား၊ ခိုင်းရာလုပ်ရသည့် သြဇာခံဘ၀သို့ သက်ဆင်းခဲ့ရသည်။ ဂုဏ်သိက္ခာမရှိသည့် အစိုးရအုပ်ချုပ်သည့် နိုင်ငံတွင် အချုပ်အခြာ အာဏာပိုင်နိုင်ငံတည်းဟူသော ဂုဏ်သိက္ခာပျောက်ဆုံးခဲ့ရလေပြီ။ အစိုးရ ကျွန်စိတ်ပေါက်သောအခါ ပြည်သူအပေါင်းမှာလည်း အလိုအလျောက် ကျွန်သဘောက်ဘ၀သို့ ရောက်ရရှာတော့သည်။ သူယုတ်တို့သည်ကား ကျွန်ထိန်းဘ၀ကို သာယာနေဆဲပင်။ နောက်ကြောင်းပြန်မလှည့်ပါဟူသော ကတိစကားကို အကြိမ်ကြိမ်ရွတ်ဆိုနေသည့် လူယုတ်မာတို့သည်ကား ရှေ့တိုးရန်လည်း အစီအစဉ်မရှိသည့် အကြောင်းကို အလုပ်ဖြင့် သက်သေပြလျက် ရှိနေသည်။ နိုင်ငံတော်သမ္မတကြီးအား မေးခွန်းတစ်ခုမေးချင်ပါသည်။ မိမိတို့သည် မည်သည့်နိုင်ငံတော်အလံအား အလေးပြုရပါမည်နည်း။

( သတင်းပုံ- Burma VJ Media Network )


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဟူသည် နိုင်ငံတော်တွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအပေါင်း၏ အကျိုးစ
ီးပွား(၀ါ) အမျိုးသားအကျိုးစီးပွားအတွက် အကျိုးအမြတ်ရရှိစေမည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံအစိုးရ အဆက်ဆက်လက်အောက်တွင် နိုင်ငံတော်အကျိုးစီးပွားနှင့် အမျိုးသားအကျိုးစီးပွားသည် သီးသန့်စီ ရပ်တည်ခဲ့ရ၏။ နိုင်ငံတော်အကျိုးစီးပွားသည် နိုင်ငံတော်အာဏာ လက်ဝယ်ပိုင်ဆိုင်ထားသည့် လက်တစ်ဆုပ်စာလူတစ်စုနှင့် ၎င်းတို့၏ ဆွေမျိုးများ၊အခြွေအရံ နောက်လိုက်နောက်ပါတစ်စုအတွက် သက်သက်မျှသာ ဖြစ်ခဲ့၏။ ပြည်သူအပေါင်းအတွက် အမျိုးသားအကျိုးစီးပွားမှာမူ ၎င်းလက်တစ်ဆုပ်စာလူတစ်စု စားသောက်ပြီး အကြွင်းအကျန်၊ အရိုးအရင်း၊ လက်ကြားယိုသလောက်သော ပမာဏခန့်သာရှိခဲ့သည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအလို့ငှာ နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်၍ ပြည်သူပိုင်မြေတို့ကို ရောင်းစားခဲ့သည်၊ ပေါင်နှံခဲ့သည်။ အထိန်းအကွပ်မရှိ ထင်ရာစိုင်းမှုများ၏ နောက်ဆက်တွဲရလာဒ်သည် ပြည်သူအပေါင်းအား ဒုက္ခပင်လယ်တွင်း၌ မချိမဆန့် ကူးခတ်နေရသည့် ဘ၀သို့ တစ်နေ့တခြား ပိုမိုဆိုးရွားစွာ ကျရောက်စေခဲ့သည့်အပြင် အစိုးရကိုယ်တိုင်လည်း အင်အားကြီးနိုင်ငံတစ်ခု၏ ထားရာနေ၊စေရာသွား၊ ခိုင်းရာလုပ်ရသည့် သြဇာခံဘ၀သို့ သက်ဆင်းခဲ့ရသည်။ ဂုဏ်သိက္ခာမရှိသည့် အစိုးရအုပ်ချုပ်သည့် နိုင်ငံတွင် အချုပ်အခြာ အာဏာပိုင်နိုင်ငံတည်းဟူသော ဂုဏ်သိက္ခာပျောက်ဆုံးခဲ့ရလေပြီ။ အစိုးရ ကျွန်စိတ်ပေါက်သောအခါ ပြည်သူအပေါင်းမှာလည်း အလိုအလျောက် ကျွန်သဘောက်ဘ၀သို့ ရောက်ရရှာတော့သည်။ သူယုတ်တို့သည်ကား ကျွန်ထိန်းဘ၀ကို သာယာနေဆဲပင်။ နောက်ကြောင်းပြန်မလှည့်ပါဟူသော ကတိစကားကို အကြိမ်ကြိမ်ရွတ်ဆိုနေသည့် လူယုတ်မာတို့သည်ကား ရှေ့တိုးရန်လည်း အစီအစဉ်မရှိသည့် အကြောင်းကို အလုပ်ဖြင့် သက်သေပြလျက် ရှိနေသည်။ နိုင်ငံတော်သမ္မတကြီးအား မေးခွန်းတစ်ခုမေးချင်ပါသည်။ မိမိတို့သည် မည်သည့်နိုင်ငံတော်အလံအား အလေးပြုရပါမည်နည်း။

( သတင်းပုံ- Burma VJ Media Network )

No comments: