နိုင်ငံတစ်နိုင်ငံတွင် အခြေခံဥပဒေပေါင်း မြောက်များစွာ ရှိပေသည်။ အချို့သောဥပဒေများသည် ပြင်းထန်၍ပြည်သူများ သဘောတူရန်ခက်ခဲသဖြင့် လက်မခံနိုင်သကဲ့သို့ အချို့သောဥပဒေများသည် ပြည်သူအများလက်ခံကျင့်သုံးသဖြင့် ရှေးကာလမှ ယနေ့အထိ တိုင်အသုံးပြုနေဆဲဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဥပမာ- အရေးပေါ်စီမံမှု အက်ဥပဒေသည် ၂၀၀၈ အခြေခံဥပဒေတွင် ပြဌာန်းထားခြင်းမဟုတ်ဘဲ ယခင်ကပြဌာန်းထားခြင်း ဖြစ်သော်လည်း ၎င်းဥပဒေအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖျက်သိမ်းခြင်းမရှိသေးသဖြင့် ယနေ့အထိတိုင် အာဏာတည်နေသည်ကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်ပင် ၎င်းဥပဒေအား ဖျက်သိမ်းရင် လွတ်တော်တွင် အဆိုတင်သွင်းနေကြသော်လည်း အောင်မြင်ခြင်းမရှိသေးသည်ကို တွေ့နိုင်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်မျက်နှာဖုံး။ (ဓါတ်ပုံ- အင်တာနက်)၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်မျက်နှာဖုံး။ (ဓါတ်ပုံ- အင်တာနက်)
အခုဖြစ်နေတဲ့ ဘင်္ဂါလီကိစ္စမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးမရှိဘူး ဘာဖြစ်တယ်ညာ ဖြစ်တယ်ဆိုတော့ ကျွန်တော်လည်း ပြန်လှန်လေ့လာကြည့်လေတော့ ၁၉၈၂ ခုနှစ်တွင် ပြဌာန်းသည့် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)ဆိုတာကို တွေ့တယ်။ အဲဒီဥပဒေရဲ့ အပိုဒ်(၁)တွင် ၎င်းဥပဒေအား မြန်မာနိုင်ငံသား ဥပဒေဟုခေါ်တွင်သည်လို့ ရေးထားတာတွေ့ရပါတယ်။ အထဲမှာပါတဲ့ အကြောင်းအရာတွေဟာမြန်မာနိုင်ငံသားဖြစ်ခွင့်၊မြန်မာနိုင်ငံသားအဖြစ်လျှောက်ထားပိုင်ခွင့်၊မြန်မာနိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့ပါဝင်တဲ့အတွက်အခုဖြစ်နေတဲ့ဘင်္ဂါလီအရေးအခင်း မှာအများကြီး အထောက်အကူဖြစ်မယ်လို့ ယူဆလို့ လော့လာကြည့်ပါတယ်။ ၁၉၈၂ ခုနှစ်က ပြဌာန်းထားတဲ့အတွက် အခြေခံဥပဒေတွင် ဖျက်သိမ်းခြင်း မရှိခဲ့သလို၊ ယခုလွှတ်တော်မှာလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းမရှိတဲ့အတွက် အဲဒီဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအခန်း(၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ ၄၄၆၊ ၄၄၇ အရ ဆက်လက် အာဏာတည်နေပါတယ်။ အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသူများ အတွက်လည်း ၎င်းဥပဒေဟာ ပင်ကိုပကတိအတိုင်းကို အာဏာတည်နေဆဲပါပဲ။
စပြီးတော့ ရှင်းလင်းမယ်ဆိုရင် အဲဒီဥပဒေရဲ့ နောက်ဆုံးအပိုဒ်ကိုပဲ အရင်ထုတ်နှုတ်တင်ပြပါရစေ။ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ မဖြစ်စေချင်တဲ့အတွက်လည်း ပါပါတယ်။ ၎င်းဥပဒေ၏ အခန်း(၈) အထွေထွေ၏အပိုဒ်ခွဲ(က)နှင့်(ခ) ၁၉၄၈ ခုနှစ်တွင် ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး) အက်ဥပဒေ၊ မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေများအား ယခုဥပဒေဖြင့် ရုတ်သိမ်းလိုက်သည်ဟု ဖော်ပြထားပါသည်။ သို့ဖြစ်သည့်အတွက် ယခင်ရှိခဲ့သည့် ဥပဒေများအစား ယခုအာဏာ သက်ဝင်နေသည့် ဥပဒေဖြင့်သာ ဆက်လက်ဖြေရှင်း ဖော်ပြသွားမည်ဖြစ်ပါသည်။
၎င်းဥပဒေအခန်း(၂) နိုင်ငံသားဖြစ်ခြင်း၏ အပိုဒ်(၃)တွင် နိုင်ငံတော်တွင် ပါဝင်သောနယ် မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ်မတိုင်မီ ကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများ ဖြစ်သည်ဟု ပြဌာန်းထားပါသည်။ သို့ဖြစ်သည့်အတွက် ချင်းလူမျိုးများအား ရှေးယခင် ၁၈၂၃ ခုနှစ်ကပင်ရှိခဲ့သည့် တိုင်းရင်းသား မျိုးနွယ်စုများဟု သတ်မှတ်ဖော်ပြထားသည့်အတွက် ဒေါက်တာဇာနည်၏ ချင်းလူမျိုးများသည် ၁၉၀၀ ပြည့်နှစ်မတိုင်မီက မြန်မာပြည်တွင် ချင်းလူမျိုးများမရှိဟု ရမ်းတုတ်ထားသည်ကို ချေဖျက်ပြီးသားဖြစ်ပါသည်။ အပိုဒ်ခွဲ(၄)တွင် မည်သည့်မျိုးနွယ်စုသည် တိုင်းရင်းသား ဖြစ်သည်မဖြစ်သည်ကို နိုင်ငံတော်က ဆုံးဖြတ်နိုင်သည်ဟု ဖော်ပြထားသည်အတွက် လက်ရှိနိုင်ငံတော် အာဏာပိုင်များကသာ နိုင်ငံသားဖြစ်ခွင့်အား ဆုံးဖြတ်နိုင်သည့်အတွက် လဝကညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းမှ ဘင်္ဂါလီရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများ မဟုတ်ဟုပြောကြားခြင်းမှာ ဤအခြေခံ ဥပဒေအရ အစိုးရမှတရားဝင် ဖြေရှင်းသည်ဟု မှတ်ယူနိုင်ပါတယ်။ ထို့အတူ ၂၀၀၉ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဟောင်ကောင်ရှိ မြန်မာကောင်းစစ်ဝန် ဗိုလ်ချုပ် ရဲမြင့်အောင်၏ စာနှင့် ၂၀၀၉ ဧပြီလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံ ရဲချုပ်(ယခုပြည်ထဲရေးဝန်ကြီး) ဗိုလ်မှူးချုပ်ခင်ရီ၏ ဘာလီအစည်းအဝေးမှာ ပြောကြားချက်များအရလည်း ဘင်္ဂါလီရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသား မဟုတ်တာကို အထင်အရှားသိရှိနိုင်ပါတယ်။
ထို့အတူပင်အပိုဒ်(၁၅)၊ အပိုဒ်ခွဲ (ခ)မှာ နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသားနှင့် အိမ်ထောင်ပြုကာမျှဖြင့် နိုင်ငံသားအဖြစ် အလိုအလျောက် မရရှိစေရလို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံသူ/သားအား ယူရုံမျှနဲ့နိုင်ငံသားဖြစ်ပီဆိုပြီးတော့ အော်ဟစ်နေလို့ မရတာကိုနားလည်မှာပါ။ မည်သည့်နိုင်ငံမဆို အဲဒီနိုင်ငံသား ဒေသရင်းလူမျိုးကို ယူရုံမျှဖြင့် နိုင်ငံသားအလိုလျှောက် ဖြစ်သည်ဟူ၍ မရှိသည်ကိုလည်း သတိထားသင့်ပါတယ်။ နိုင်ငံသားအဖြစ်မှ ရပ်စဲမှုအနေနဲ့ကတော့ အပိုဒ်(၁၆)တွင် နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ ရပ်စဲသည်ဟုဖော်ပြထားပါတယ်။ အဲဒီအတွက် တိုင်းတပါးမှ နှစ်ပေါင်းမြောက်များစွာ အခြေချနေထိုင်နေတဲ့ Exile တွေဟာ မြန်မာနိုင်ငံသားအဖြစ် ဆက်လက်ရှိသေးလားဆိုတာ သံသယရှိစရာ ဖြစ်လာပါတယ်။
အပိုဒ်(၁၈)တွင် ဖော်ပြထားသည့် နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိပါက နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် တဆယ်နှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကိုလည်း ကောင်းကျခံစေရမည်ဟု ဖော်ပြထားသည်ကို တွေ့ရပါတယ်။ ဒီနေရာမှာ ပြောစရာရှိလာသည်ကတော့ ၂၀၁၁ အောက်တိုဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲကော်မရှင် ကြော်ငြာချက် (၅၈/၂၀၁၁)တွင် ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)နှင့်(၂) လွှတ်တော် ကိုယ်စားလှယ်များကို ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိလို့ ကြေငြာခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာ ရခိုင်အမတ်များက၎င်းလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဟာမြန်မာနိုင်ငံသားမဟုတ်ပဲရွေးကောက်ပွဲကိုငွေလမ်းခင်းပြီးဝင်ခဲ့တယ်လို့ဆိုပါတယ်။သို့သော်အဆိုပါရခိုင်အမတ်များ၏စကားသည် Exile Media များ၏အခြားသော အကြောင်းအရာများ အောက်မှာ နစ်မြှပ်သွားခဲ့ပြီး ယခုမှ လွှတတော်က အရေးတယူ ဆောက်ရွက်လာခြင်းကို တွေ့ရပါတယ်။ လွှတ်တော် အမတ်နှစ်ယောက်ဟာ ငြိစွန်းခြင်းရှိမရှိကို ဆက်လက်စစ်ဆေးသင့်ပြီး ထိုက်သင့်သည် အရေးယူမှုပြုသင့်တယ်လို့ တင်ပြလိုပါတယ်။
ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်ဖြူသို့ စစ်တွေမှ တစ်ဆင့်သွားရပါတယ်။ ထိုသို့သွားသည့်သူများဟာ ၎င်းတို့ မှတ်ပုံတင်ပျောက်ဆုံးသွားပါက မြန်မာပြည်သို့ ပြန်လာခွင့်ဆုံးရှုံးပါတယ်။ အချို့သော နေရာတွေမှာ မှတ်ပုံတင်ရရန်အတွက် လူကို ပင်အသက်အန္တရယ်ပြုခြင်းရှိပါတယ်။ မှတ်ပုံတင်မရှိပါက မြန်မာပြည်သို့ လာရောက်ရန် အခက်အခဲရှိသည်ကို သိရှိကြတဲ့အတွက်လည်း မှတ်ပုံတင်အတုပြုလုပ်ကြပါတယ်။ အဲဒါကို ဤဥပဒေအပိုဒ်(၂၀) အပိုဒ်ခွဲ(ဂ)တွင် မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားလက်မှတ်ကို ဖြစ်စေ၊ သေဆုံးသူနိုင်ငံသား၏ လက်မှတ်ကို ဖြစ်စေ ကိုင်ဆောင်အသုံးပြုလျင် ထောင်ဒဏ် (၁၀)နှစ်နှင့် ငွေဒဏ်ကျပ် နှစ်သောင်းကို ကျခံစေရမည်နှင့် အပိုဒ် (၂၁)တွင် မည်သူမဆို နိုင်ငံသားလက်မှတ် အတုပြုလုပ်လျှင် ဖြစ်စေ၊ ကျပ်ငါးသောင်းကို ကျခံစေရမည်ဟု ဖော်ပြထားပါတယ်။ သို့ဖြစ်သောကြောင့် လဝကအနေဖြင့် စနစ်တကျစစ်ဆေးမည်ဆိုပါက ပိုင်ရှင်သေဆုံးသည့် မှတ်ပုံတင်များ၊ အတုများကို အသုံးပြု၍မြန်မာပြည်သို့ ပြန်လာရန် ကြိုးစားအားထုတ်မှုများကို စနစ်တကျ ပိတ်ဆို့တားမြစ်သင့်ပါတယ်။ လာက်ငွေရရှိရန်အတွက်သာ ဦးစားပေး၍ပြုလုပ်ခြင်းကြောင့် အမျိုးသားရေးအား သစ္စာဖောက်ခြင်းဖြစ်သကဲ့သို့တိုင်းပြည်၏ အခြေခံဥပဒေအားချိုးဖောက်ခြင်းဖြစ်သည့်အတွက် ဖော်ထုတ်သိရှိပါက ပြင်းထန်ကြီးလေးသည့် ပြစ်ဒဏ်များကျခံရမယ်ဆိုတာကို သိသင့်ပါတယ်။
နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ရန်အတွက် အခန်း(၄) နိုင်ငံသားပြုခွင့်ရသူ ဖြစ်ခြင်း၏ အပိုဒ်(၄၂)တွင် ၁၉၄၈ ခုနှစ်ဇန်နဝါရီလ (၄)ရက်နေ့ မတိုင်မှီကာလတွင် နိုင်ငံတော်အတွင်းရောက်ရှိနေသည့် နိုင်ငံသားအဖြစ်လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသည့် သက်သေ အထောက်အထားဖြင့် လျှောက်ထားနိုင်သည်လို့ ပါရှိပါတယ်။ သို့ဖြစ်သည့်အတွက် ၁၉၄၈ခုနှစ်နောက်ပိုင်းမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသူများသည် မြန်မာတိုင်းရင်းသားများမဟုတ်သည်ကို သိရှိနိုင်ပါတယ်။ နိုင်ငံသားအဖြစ်လျှောက်ထားရန် ပြည့်စုံရမည့်အရည်အချင်းများတွင် အပိုဒ်(၄၄) အပိုဒ်ခွဲ(ဂ)တွင် လျှောက်ထားသူသည် တိုင်းရင်းသားဘာသာ စကားတစ်မျိုးမျိုးကို ကောင်းမွန်စွာပြောဆိုတတ်ခြင်းလို့ ပါရှိပါတယ်။ ယခုမြန်မာတိုင်းရင်းသား ဖြစ်ကြပါသည်ဟု ကြွေးကြော်နေသည့် စစ်တကောင်းဒေသတစ်ဝိုက်တွင် အသုံးပြုသည့် ဘင်္ဂါလီဘာသာစကားပြောဆို သုံးနှုန်းရေးနေကြသည့် ဘင်္ဂါလီရိုဟင်ဂျာများသည် ဒေသခံရခိုင်စကား၊ မြန်မာစကားပင် လည်လည်ဝေဝေပြောဆိုတတ်ခြင်း မရှိသည်ကို အဆိုပါဒေသများတွင် သုတေသနပြု၍ လေ့လာသိရှိနိုင်ပါသည်။
နိုင်ငံသားအဖြစ် ဒီအတိုင်းလျှောက်ထား၍မရဘဲ နိုင်ငံသား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့်ရသူနှင့် လက်ထပ်ထားမှသာ နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ပြီး အဆိုပါဥပဒေ၏ အပိုဒ်(၄၅) အပိုဒ်ခွဲ(ဃ)အရ တစ်လင်တစ်မယားဖြစ်ရပါမယ်။ မိန်းမပေါင်းမြောက်များစွာယူပြီးမှ နိုင်ငံသားအဖြစ်လျှောက်ထားမည်ဆိုပါက မလိုလားအပ်သော အရှုတ်အထွေးများ ဖြစ်ပေါ်လာနိုင်တဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။ ဤတွင် ဒီမိုကရေစီထွန်းကားပါသည်ဆိုသည့် အမေရိကန်နိုင်ငံတွင် ပင်ကြင်ယာဖက်တစ်ယောက်ထက်ပိုပြီး လက်ထပ်ခြင်းအားတားဆီး ပိတ်ပင်ထားခြင်းကိုလည်းမမေ့အပ်သည်ကို ဖော်ပြလိုပါတယ်။ အပိုဒ်(၇၀)တွင် တားဆီးပိတ်ပင်ထားခြင်းကိုလည်း မမေ့အပ်သည်ကို ဖော်ပြလိုပါတယ်။ အပိုဒ်(၇၀)တွင် အပိုဒ်ခွဲ(က)တွင် ဖော်ပြထားချက်အရ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်လျင် စည်းကမ်းသတ်မှတ်ချက်အတိုင်း ဝန်ကြီးအဖွဲ့သို့ အယူခံဝင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အပိုင်(၅၆)တွင် အောက်ပါအချက်အလက်များကို ကျူးလွန်ဖောက်ဖျက်ပါက နိုင်ငံသားပြုခွင့်အဖြစ်မှရုတ်သိမ်းခံရမည်လို့ ပါရှိပါတယ်။
(က) နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်းရန် သူနိုင်ငံများနှင့်ဖြစ်စေ၊ ရန်သူနိုင်ငံကို အထောက်အကူပြုသည့် နိုင်ငံများနှင့် ဖြစ်စေထိုနိုင်ငံများ၏ နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ဖြစ်စေ၊ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်းသို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း။
(ခ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထို့အဖွဲ့အစည်း၊ အဖွဲ့ဝင်နှင့်ဖြစ်စေ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း၊ သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း။
(ဂ) နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့် အန္တရယ်တစ်ခုခုကို ပြုလုပ်နေသည်၊ ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိခြင်း။
(ဃ) နိုင်ငံတော်ကို အကြည်အညိုမဲ့ကြောင်း သို့မဟုတ်သစ္စာမဲ့ကြောင့်ကို ကိုယ်အမှုအရာဖြင့်ဖြစ်စေ နှုတ်အမှုအရာဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့် ဖြစ်စေပြသခြင်း။
(င) နိုင်ငံတော်၏ လျှို့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊ အခြေားနိုင်ငံများကိုဖြစ်စေ သတင်းပေးခြင်း၊ ထိုသို့ပြုလုပ်ခြင်းကို အားပေးကူညီပေးခြင်း။
(စ) အကျင့် စာရိတ္တပျက်ပြားခြင်းနှင့် စပ်လျင်းသည့်ပြစ်မှု တစ်ခုခုကို ကျူးလွန်သောကြောင့် အနည်းဆုံးထောင်ဒဏ်တစ်နှစ် သို့မဟုတ်အနည်းဆုံး ငွေဒဏ်ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း။
ယခုလက်ရှိတွင်မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရ်ုနိုင်ငံတို့ဟာ ရေပိုင်နက်အငြင်းပွားမှုအား ကုလသမဂ္ဂတွင် တရားဝင်စစ်ဆေးနေပီဖြစ်ပါတယ်။ ထိုသို့ တရားဝင်မစစ်ဆေးခင်ကစစ်ဖြစ်လုနီးပါး နှစ်နိုင်ငံရေတပ်များ ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားမှုအားဆုံးဖြတ်ပေးမည့် ဆုံးဖြတ်ချက်သည် မကြမှီအတည်ဖြစ်လာတော့မှာပါ။ ဤနေရာတွင် ကုကလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ပါက နှစ်နိုင်ငံတင်းမာမှုဖြစ်ပွားလာနိုင်သည့် အခြေအနေရှိပါတယ်။ ထိုအခြေအနေမှာ ဘူးသီးတောင်၊ မောင်းတော Buffer Zone မှာရှိနေတဲ့ ဘင်္ဂါလီရိုဟင်ဂျာများရဲ့ အနေအထားဟာ အတိုင်းအတာတစ်ခုထက်မက အရေးပါလာတဲ့ အင်အားစုဖြစ်နေပါတယ်။ သို့ဖြစ်သောကြောင့် အပိုဒ် (၅၈) ပါအချက်အလက်များမှာ သတိထားသင့်တဲ့ အချက်များဖြစ်ပါတယ်။
ဒါတွေကတော့ မြန်မာနိုင်ငံသားဖြစ်ခွင့်၊ မြန်မာနိုင်ငံသားအဖြစ် လျှောက်ထားပိုင်ခွင့်နဲ့ ပါတ်သတ်တဲ့ဥပဒေပဲဖြစ်ပါတယ်။ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်သည့် မည်သည့် တိုင်းပြည်မှာမဆို သူ့တိုင်းပြည်ရဲ့ အခြေခံဥပဒေနဲ့ သူရှိကြပါတယ်။ ဆော်ဒီအာရေဗျတွင်လည်း ၎င်းနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေရှိပါတယ်။ ဘင်္ဂါလီရိုဟင်ဂျာတွေဟာ ဆော်ဒီမှာနိုင်ငံသားဖြစ်ခွင့် အမိန့် ဒီကရီကို ရဖို့နှစ်၂၀ကျော်ကြာစောင့် စားခဲ့ရပါတာတွေ၊ စောင့်စားနေစဉ်အတွင်း ကလေးတွေဟာ အစိုးရကျောင်းမှာ ကျောင်းတက်ခွင့်မရတာတွေ၊ ဆော်ဒီမှာ မမွေးတဲ့ ၁၈ နှစ်အထက်တွေဟာ Non-Saudi Passport ပဲရတာတွေ၊ နိုင်ငံသားအဖြစ်ခွင့်ပြုတာကို တောင်လူပေါင်းမြောက်များစွာ ထဲမှာမှ အယောက် ၂၀၀၀ ဝန်းကျင်ပဲ ခွင့်ပြုတာတွေကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ဤနေရာတွင် ဆော်ဒီအစိုးရသည် ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် အခြေခံဥပဒေအရဆုံးဖြတ်သည်ကို ကန့်ကွက်ရန်မရှိပါ။ သို့သော် မြန်မာအစိုးရအား ဘင်္ဂါလီရိုဟင်ဂျာများကို Abuse လုပ်နေပါသည်ဟု ကြွေးကြော်နေကြသည် လူ့အခွင့်အရေးသမားများသည် ယခုကဲ့သို့သော ဆော်ဒီအစိုးရ၏ ဆုံးဖြတ်ချက်များကို ဆော်ဒီသံရုံးရှေ့တွင် သွားရောက်၍ ဆန္ဒပြခဲ့ကြသည်ကို စို့စဥ့်မျှမတွေ့ခဲ့ရပေ။ သို့ဖြစ်သောကြောင့် လူ့အခွင့်အရေးအား လေးစားရန် ၎င်းတို့ကြွေးကြော်နေသည်မှာ ဘက်လိုက်နေသည်ကို အထင်အရှားတွေ့နိုင်ပါသည်။
သို့ဖြစ်သောကြောင့် အထက်ပါပြည်သူ့လွှတ်တော် ဥပဒေအရ လဝကမှစနစ်တကျ စစ်ဆေးခြင်းများ မဖြစ်မနေပြုလုပ်သင့်ပေသည်။ ဘူးသီးတောင် မဲဆန္ဒနယ်မှ ပယ်ဖျက်ခံရသည့် လွှတ်တော်အမတ်များအားလည်း စနစ်တကျ စစ်ဆေးသင့်ပြီးပြစ်မှု ထင်ရှားပါက ထိုက်သင့်သည့် ပြစ်ဒဏ်အားချက် မှတ်သင့်ပါသည်။ ထို့အတူပင် နိုင်ငံသားကဒ်အတုပြုလုပ်မှုများအား ကာကွယ်ရန်အတွက်၎င်း၊ ယခုလက်ရှိဖြစ်နေသည့် ပြဿနာများအား စနစ်တကျဖြေရှင်းရန်မှာ ၎င်းဘင်္ဂါလီများ၏ ကျန်ခဲ့သည့်မျိုးဆက် (၄)ဆက်အား နောက်ကြောင်းပြန်လိုက်ခြင်းဖြင့် မှတ်ပုံတင်များ အစစ်ဖြစ်သည်မဖြစ်သည်၊ မြန်မာနိုင်ငံတွင် ယခင်ကပင် နေထိုင်သည်မနေထိုင်သည်ကို ဥပဒေနဲ့အညီ ဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။ ပြည်ပြေးများနှင့် နိုင်ငံသားဖြစ်ခွင့် ပျက်ပြယ်သွားပြီးဖြစ်သည့် ဒေါက်တာ ဇာနည်ကဲ့သို့သော ပုဂ္ဂိုလ်များသည်လည်း တိုင်းပြည်ချစ်စိတ် မရှိတော့ပြီးဖြစ်သည့်အတွက် ပြည်ပြေးသည်ပြည်ပြေး စကားပြောမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာအား လေးစားတော့မည် သို့မဟုတ် တိုင်းပြည်အတွက် ကောင်းကျိုးကိုဆောင်ရွက်တော့မည် မဟုတ်တော့ပါ။
အဆုံးသတ်အခြေဖြင့် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံတွင် ပြဌာန်းထားသည့် ဥပဒေသည်ထိုနိုင်ငံ၏ အချုပ်အခြာအာဏာပင် ဖြစ်ပေသည်။ တိုင်းတစ်ပါးသားတို့သည် ထိုလွတ်လပ်သည့် နိုင်ငံ၏ ဥပဒေအား ပြင်ဆင်ရန်ကြိုးပမ်းခြင်း၊ ပြောင်းလဲရန်အားထုတ်ခြင်း၊ ဖိအားပေးခြင်းသည် ၎င်းတို့နိုင်ငံနဲ့ ကိုက်ညီသည့် ဥပဒေအားပြဌာန်းနိုင်သည်။ ဒီမိုကရေစီကျင့်စဉ်အရ အဆိုပါဥပဒေအား လက်ခံရန်လက်မခံရန်မှာ ၎င်းနိုင်ငံနေပြည်သူများသာ လွှတ်တော်သို့ တင်ပို့၍ဆုံးဖြတ်နိုင်သည်။ အခြားသောနိုင်ငံ၊ အဖွဲ့အစည်းများမှ ဝင်ရောက်စွက်ဖက်ခြင်းသည် ၎င်းအချုပ်အခြာအာဏာအား လိုက်နာကျင့်သုံးနေသည့် အဆိုပါ နိုင်ငံနေပြည်သူများ၏ လူ့အခွင့်အရေးအား စော်ကားခြင်း၊ လျစ်လျှူရှုခြင်းလည်း ဖြစ်ပေတော့သည်။