Thursday, October 31, 2013

ဤခရီးနီးသလား ABSDF ငွေရတုအထိမ်းအမှတ်- ကဗျာ



alt
 
လျှောက်နေတဲ့ခြေလှမ်း
 
မြစ်ချောင်း လျှိုမြောင်
 
တောအထပ်ထပ် တောင်အစွယ်စွယ်ကျော်ဖြတ်နင်း
 
ကလောင်ကိုင်တဲ့လက်
 
ဘာ့အတွက်.....စစ်လက်နက်ပုခုံးထမ်းနေ။
 
ရည်ရွယ်ရာခရီး
 
နီးသလား ဝေးသလား.....ငါမမေး
 
အဖြေပေးနိုင်သူဟာ
 
အောင်သပြေနဲ့ ရွာအဝင်မှာ
 
အောင်စည်အောင်မောင်းတီးပြီး
 
ငါတို့ကို ကြိုလင့်နေတယ်။
 
ရှေ့ဆက်မယ့်ခရီး
 
မနီးဘူးလို့လဲပြောနိုင်သလို....
 
မဝေးဘူးလို့လဲပြောလို့ရတယ်။
 
ယုံကြည်ရာလမ်းထက်
 
လက်ချင်းဆက် ခရီးဆက်ရင်ဖြင့်
 
ဤခရီး..........နီးပါတယ်။
 
( ကိုဗလိုင် )
 
alt
 
ABSDF ငွေရတုအထိမ်းအမှတ်နေ့အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။
 
ကိုဗလိုင် ရင်း- ( ၁၀၁ )  ( ၁၀၂ ) ဘုရားသုံးဆူဒေသ

No comments: