Saturday, August 28, 2010

Right place, right time! ( or) Before and now!



တပ်တွင်း ပူးပေါင်းကြံစည် အာဏာသိမ်းမှု တစ်ခု ကြောင့် ရာထူးမှ ဖယ်ရှား ခံလိုက်ရသည့် ပူပူနွေးနွေး အိန္ဒိယပြန် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

Saturday, August 28, 2010



ကာကွယ်ရေးဦးစီးချုပ်ရာထူး အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်လွတ်ဆုံးရှုံး
August 28, 2010 Freedom News Group


တပ်တွင်း ပူးပေါင်းကြံစည် အာဏာသိမ်းမှု တစ်ခု ကြောင့် ရာထူးမှ ဖယ်ရှား ခံလိုက်ရသည့် ပူပူနွေးနွေး အိန္ဒိယပြန် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ



ယခင် တစ်ပါတီ အာဏာရှင် ဟောင်း ဦးနေ၀င်း ကွယ်လွန်ပြီး တစ်ပတ်ခန့် အကြာ တွင်ကာကွယ်ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးနှင့်စကားပြောရာ သေသည် အထိ စစ်ဝတ်စုံ ကိုမချွတ်ဟု (စစ်သား ဘ၀ ကိုမြတ်နိုး ၍ ပြောခြင်း မဟုတ်)ပြောခဲ့သည့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ ကောက်ကာငင်ကာ မြန်မာ နိုင်ငံ ၏ ခောတ်သစ် သမိုင်း တွင် အာဏာအရှိဆုံးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ကိုစွန့် လွှတ် ခဲ့ ခြင်း ကြောင့် ပြည်သူများ ကသို့ လော……သို့ လော ….အတွေး ပွား နေကြသည်။

ထိုသို့  အတွေးပွားသူများ တွင် ရွေးကောက်ပွဲ လိုလားသည့် ဆောင်းပါးများ ရေးသည့်ပြည်တွင်းစာရေးဆရာ တစ်ဦးကပင်တောင်အမေရိက တိုက် စစ်အာဏာသိမ်းမှု များ နှင့် ခပ်ဆင်ဆင်တူသည် ဟု မှတ် ချက်ပေး ပြောကြားသွားသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကာ/ချုပ် ရာ ထူးစွန့် လွှတ်ခြင်း နှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန တွင်နှစ်သုံးဆယ် ကျော် တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် အငြိမ်းစားအရာရှိဗိုလ်မှုး တင်အောင် က 'ခင်ဗျား တို့ မှတ်မိလား တော့ မသိဘူး ဒါ ဗိုလ်သန်းရွှေ အိန္ဒိယသွားတုန်းက အာဏာသိမ်း တယ် ဆို တဲ့ Line Up (လူစာရင်း)ပဲ ဟု Freedom News Group သို့ ပြောသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ထိပ်တန်း စစ်ခေါင်းဆောင် များ ဆိုင်းမဆင့် ဗုံမပါ နှုတ် ထွက်သွားခြင်း နှင့် ပတ် သက်၍ပြည်သူများ ၏ သဘောထား အမြင် များ ကို စနေ နေ့ ညနေတွင် စောင့်မျှော် ဖတ်ရှု ပါ။

ပြည်သူများ က အာဏာသိမ်းမှု ဟု ယုံကြည်ပြီးနောက် ထပ်မံရရှိသည့် နောက်ဆုံးရ သတင်းများ
August 28, 2010 Freedom News Group
Latest ၂(က) ပထမ အသုတ် ပြုတ်/နား များ ထဲမှ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးသာအေး ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့ အား အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထားသည် ဟု သတင်းရရှိသည် (မြန်မာ စံတော် ချိန် ညနေ ၃ နာရီ) အတည်မပြု နိုင်သေး

၂(ခ) ပြုတ်/နား များ နှင့် ရွေးကောက် /ကျောခိုင်း (ဥပမာ – ဦးခင်မောင်ဆွေ) တို့ မှာ စတ္ထုထ အင်အားစု အဖြစ်ပေါ်လာ နိုင်ဖွယ်ရှိ

၁(က) ပိတ်ထား သော ၀ဘ်ဆိုက်( အင်တာနက် စာမျက်နှာ) များ အားလုံးနီးပါးပြန်ပွင့် နေ

၁ (ခ)ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အား ကာကွယ်ရေးဦးစီးချုပ် ရာထူး ပေးသောကြောင် ဗိုလ်ချုပ်ကြီး သိန်စိန် ၊ ဗိုလ်ချုပ် သာအေး အပါအ၀င် ပထမ အသုတ် ပြုတ်/နား များက
မကျေနပ် (DSA အကွဲ အပြဲဖြစ် နိုင်)

၁။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ်သူ ဖိုးလပြည့် ၏ မိုဘိုင်းဖုန်းသည် ဆက်သွယ်ခေါ် ယူ၍ မရ တော့ဟု သတင်းရရှိသည်။

၂။ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သမက်ဖြစ်သူ ဦးတေဇ လည်း ပျောက်ဆုံးနေ ( လေယာဉ် ကွင်းများ တွင် လုံခြုံရေးတင်းကျပ်)

၃။J-Donut (ရွှေဘုံသာလမ်း – အထက်) အပါအ၀င် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ပိုင်ဆိုင်မှုများ တွင်လုံခြုံမှု မရှိ ဗုံးပေါက် မည် ဟု ကောလဟာလ ထွက်ပေါ်

၎။ပြည်ပ ငွေကြေး ပေါက် ဈေးများ အနည်းငယ် မြင့်တက် (အမေရိကန် 1 ဒေါ်လာ – မြန်မာကျပ်ငွေ 1020)

၂-(၁) ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် က သောကြာနေ့  ကတ်ဘိနက် အရေးပေါ် အစည်းအဝေးတွင် ဗိုလ်ချုပ်မှုးကြီး ရာထူး လက်ခံ (အတည်ပြုမရသေး)

ထပ်မံရရှိသည့် သတင်း များ ကို အချိန် နှင့် တပြေးညီ တင်ဆက်မည် ဖြစ်သည်

စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်များကွဲနေ
မင်းနိုင်သူ Saturday, August 28, 2010

စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်တပ် အရာရှိကြီးများ တပ်ရာထူးများမှ အနားယူကာ ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်နေမှု အပေါ် မြန်မာပြည် နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် အမြင်အမျိုးမျိုး ကွဲပြား နေကြောင်း သိရှိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေက"တပ်ရာထူးကနေ အနားယူလိုက်တဲ့ သတင်းကိုတော့ ကျနော်ကြိုဆိုတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ တပ်အ၀တ်အစားနဲ့ဆို လူက ကြမ်းတယ် ၊ အရပ်ဝတ်နဲ့ဆို လူက ပိုပြီး သိမ်မွေ့လာမယ်လို့ ထင်တယ် ၊ ၁၉၇၄ ခုနှစ်က ဦးနေ၀င်းလုပ်သွားတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တာပေါ့လေ ၊ ဗိုလ်ချုပ်ကြီးနေ၀င်းက အရပ်သားဦးနေ၀င်းကို အာဏာ လွှဲပေးတဲ့သဘောမျိုးပေါ့လေ ၊ အရပ်ဝတ်လဲလိုက် ပေမယ့် အာဏာကတော့ စွန့်မယ့်ပုံမရှိဘူးထင်ပါတယ်"ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအ၀င် စစ်တပ်အရှိကြီးများ တပ် ရာထူး များမှ အနားယူလိုက်ကြောင်း ယမန်နေ့က သတင်းများ ထွက်ပေါ်ခဲ့ရာ မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းသို့ စစ်တပ်အရာရှိကြီးများ စစ်တပ်ရာထူးများမှ စွန့်ခွာလိုက်ခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စရပ်တခုသာ ဖြစ်သည်ဟု ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။

၎င်းက"အမှန်ကတော့ အသက် (၆၀)ဆိုရင် ပင်စင်ယူရမှာလေ ၊ အခုတော့ ပင်စင်မယူဘဲ တောက်လျှောက်လုပ်လာတာ အသက် (၇၀) ကျော်တောင် ရောက်နေပြီပဲ ၊ အသက် (၇၀) ကျော် (၈၀) နားနီးထိ နေတာကတော့ အောက်ကလူတွေ ရသင့်ရထိုက်တဲ့ ရာထူးအခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာပေါ့ ၊ အခုလို တပ်ရာထူးကနေ နုတ်ထွက်ပြီဆိုတော့ အောက်က ဗိုလ်ချုပ်တွေကတော့ ၀မ်းသာနေကြမှာပဲ ၊ ဗိုလ်ချုပ်မှူးကြီး တပ်ကထွက်ပြီး သမ္မတ ဆက်လုပ်မလား မလုပ်ဘူးလား ဆိုတာက လက်ရှိအခြေအနေ အရကတော့ သူလုပ်ချင်ရာလုပ်လို့ ရတဲ့သဘောမှာရှိနေတယ်"ဟု ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် ရာထူးမှ နုတ်ထွက်ချင်လျင်သော်မှ ၎င်း၏ ဇနီး နှင့် သားသမီးများ ဆန္ဒကို လွန်ဆန်နိုင်မည်ဟု မထင်မြင်ကြောင်းလည်း သခင်ချန်ထွန်းက ပြောသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကမူ ယခုအပြောင်းအလဲသည် လူထုအတွက် အကျိုး ရှိစေမည့် ပြောင်းလဲမှုမျိုးမဟုတ်ဟု ဆိုသည်။

"ဒီတပ်တွင်းအပြောင်းအလဲဟာ လူထုအတွက် တိုင်းပြည်အတွက် အကျိုးရှိလာမယ့် အပြောင်းအလဲမျိုးမဟုတ်ပါဘူး ၊ သူတို့ဟာ စစ်ဝတ်စုံချွတ်ပြီး အရပ်သားအသွင်နဲ့ တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်လို့ ရအောင် ပြင်ဆင်တဲ့သဘောပါပဲ ၊ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူးလို့ပဲမြင်မိတယ်"ဟု ဦးအေးသာအောင်က ဆိုသည်။

ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ယမန်နေ့က ခန့် အပ်လိုက်ကြောင်း သတင်းများပေါ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် နောက်တက်မည့် အစိုးရအဖွဲ့၏ သမ္မတ ဖြစ်လာမည် ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီခေါင်းဆောင်ဦးခင်မောင်ဆွေက"ဗိုလ်ချုပ်မှူးကြီး တပ်ရာထူးစွန့်ပြီး သမ္မတရာထူး ယူ မယ်ဆိုတဲ့ သတင်းထက် ဗိုလ်ချုပ်ကြီးသူရရွှေမန်းက သမ္မတနေရာအတွက် ပြင်နေတယ်ဆိုတာက ပိုဖြစ်နိုင်မယ်ထင်တယ် ၊ ဗိုလ်ချုပ်မှူးကြီးကတော့ တပ်ကို သူယုံကြည်စိတ်ချရတဲ့ လူတွေနဲ့ သူ့စိတ်တိုင်းကျ ပြင်ဆင်ပြီး အနားယူတော့မယ့် သဘောရှိတယ်၊ အသက်ကလည်း ၈၀ နားတောင်နီးနေပြီဆိုတော့ ဆက်လုပ်ဖို့ကလည်း မသင့်တော်တော့ဘူးကိုး"ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကမူ"နယ်ခြားစောင့်တပ်ဖွဲ့ရေး ကိစ္စတွေ ၊ တိုင်းရင်းသားကိစ္စတွေ ဖြေရှင်းမပေး နိုင်သေးခင် အခုလိုအချိန်မျိုးမှာ တပ်ရာထူးတွေကနေ နုတ်ထွက်ဖို့ဆိုတာ မလွယ်ဘူး ထင်တယ်"ဟု ပြောသည်။

အရပ်သားအသွင်ပြောင်း ဗိုလ်ချုပ်ကြီးများ ပါဝင်လာမည့်ရွေးကောက်ပွဲသည် အရပ်သားပါတီများအတွက် အခွင့်အလမ်း မရှိနိုင် တော့ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိမ်းက ပြောသည်။

"တပ်တွင်းက အရာရှိကြီးငယ်တော်တော်များများ ကြံ့ဖွံ့ပါတီထဲကို ၀င်သွားကြပြီ၊ သူတို့က ရွေးကောက်ပွဲနောက်ပိုင်းမှာ အာဏာ ဆက်ယူထားနိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ နည်းလမ်းစုံသုံးတော့မယ် သဘောပဲ၊ အရင်က အပြောင်းအလဲ ရနိုင်မလား တွေးခဲ့ မိတယ် ၊ အခုတော့သူတို့က ရွေးကောက်ပွဲအောင်နိုင်ရေးအပြင် နောင်လာမယ့် လွှတ်တော်မှာ တပ်ဘက်က ၂၅ ရာခိုင်နှုန်း ယူထား တဲ့အပြင် အရပ်ဝတ်ပြောင်း စစ်သား ကိုယ်စားလှယ်တွေပဲ ရှိနေအောင် လုပ်တော့မယ့် သဘောပဲ"ဟု ကိုမျိုးရန်နောင်သိမ်းက ပြောသည်။

၎င်းသည် ၂၀၀၇ စက်တင်ဘာအရေးအခင်းပြီးနောက် အဖမ်းခံခဲ့ရကာ ယမန်နှစ်က ပြန်လည်လွတ်မြောက်လာပြီးနောက် ရွေးကောက်ပွဲကို ထောက်ခံသည့်ရေးသားပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ ရွေးကောက်ပွဲကို သပိတ်မှောက် သင့်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာသူဖြစ်သည်။

စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။
http://www.irrawaddy.org/bur/

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး စစ်ဘက်ရာထူးမှ အနားယူ
သောမတ်စ် မောင်ရွှေ | စနေနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၃၄ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်ခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ အနားယူခြင်း အပါအဝင် တပ်မတော် ထိပ်တန်း စစ်ဘက် ရာထူးများတွင် အပြောင်းအရွေ့များ သောကြာနေ့က ဖြစ်ပွားခဲ့သည်။

ယခင် စစ်ရေးချူပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ပြီး အခြားသော ကစထမှူး (၃) ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့သည်။

နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ နေရာတွင် ယခင် စစ်ဆင်ရေး အထူးအဖွဲ့မှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အား အစားထိုး ခန့်အပ်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဆယ်စုနှစ် နှစ်ခုအကြာတွင် ပထမဆုံးအကြိမ် ပြန်လည် ကျင်းပရန်ရှိသော နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ အပြီးတွင် အရပ်သား အစိုးရ အဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ရာ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ သမတလောင်း သုံးဦးကို အဆိုပြုရမည် ဖြစ်သည်။ ထိုသုံးဦး အနက်မှ ရှုံးနိမ့်သွားသူ နှစ်ဦးသည် ဒုသမ္မတများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။

စစ်ဘက် ရာထူး အပြောင်းအလဲများအရ ၁၉၉၂ ခုနှစ် ကတည်းက စစ်အစိုးရ အကြီးအကဲဖြစ်ခဲ့သော အသက် ၇၇ နှစ်အရွယ် ဦးသန်းရွှေသည် သမတ ဖြစ်လာနိုင်စရာ အကြောင်း ရှိနေပြီး ၄င်း၏ လက်ရုံး အသက် ၇၂ နှစ် ရှိပြီဖြစ်သော ဦးမောင်အေးနှင့် အသက် ၆၂ နှစ်အရွယ် ဦးသူရရွှေမန်းတို့သည် ဒုတိယ သမတများ ဖြစ်လာနိုင်စရာ အကြောင်းရှိနေသည်။ ထိုကဲ့သို့ ဖြစ်လာခဲ့လျှင် ပြည်တွင်းပြည်ပမှ လေ့လာသူများ မှန်းဆထားကြသော ရွေးကောက်ပွဲသည် အတုအယောင် ဟန်ပြသာ ဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများသည် စစ်ယူနီဖောင်းကို ချွတ်ကာ အရပ်သား ဝတ်စုံဖြစ်သော ပုဆိုးပြောင်းဝတ်၍ အာဏာကိုမူ ၄င်းတို့ကပင် ဆက်လက် ကိုင်စွဲထားလိမ့်မည်ဟူသော ယူဆချက်များနှင့် ကိုက်ညီနေပေလိမ့်မည်။

လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် စစ်ဘက်အရာရှိနှင့် ၂၇ ဦးခန့် သည်လည်း ယခုနှစ် နှစ်လယ်ပိုင်းက စစ်ဘက် ရာထူးများမှ နုတ်ထွက်ခဲ့ကြပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူများအား မကြာခဏ အကြမ်းဖက်လေ့ရှိသည့် စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့အစည်း တခုဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းအား ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် ဖြစ်သည်။ စစ်ယူနီဖောင်း ချွတ်ကာ စစ်ဘက်ရာထူးများမှ နုတ်ထွက်လိုက်ခြင်းသည် ကြံ့ဖွံ့ပါတီဝင်များအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် သဘောပင်ဖြစ်သည်။

မြန်မာ့နိုင်ငံရေး အကဲခတ်များက စစ်ဘက်ရာထူးမှ နုတ်ထွက်ခဲ့သော ဦးသန်းရွှေသည် ရွေးကောက်ပွဲအပြီး သမတ မရွေးချယ်ရသေးခင် အချိန်အထိ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေကာ နိုင်ငံ အကြီးအကဲ ရာထူးကို ဆက်လက် ရယူထားလိမ့်မည်ဟု ခန့်မှန်းကြသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံတဝှမ်းလုံး၌ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရသည် ထိုရလဒ်အား လျစ်လျူရှုခဲ့ကာ အာဏာကို ဆက်လက် ကိုင်စွဲထားခဲ့သည်။ ထို့ပြင် ထောင်နှင့်ချီသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များအား ထောင်သွင်း အကျဉ်းချခဲ့သည်။

ယခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲပြီးလျှင် အရပ်သား အစိုးရသည် ဥပဒေပြဌာန်းသူများ ဖြစ်လာမည်ဟု ဆိုသော်လည်း ထိုအရပ်သား အစိုးရတွင် စစ်ဘက်မူဝါဒများအား စစ်ဆေးနိုင်သည့် အာဏာရှိလိမ့်မည် မဟုတ်ပေ။ စစ်ဘက်သည် လွှတ်တော်အရပ်ရပ်တွင် အလိုအလျောက် ၂၅ ရာခိုင်နှုန်း နေရာ ရယူလိမ့်မည် ဖြစ်ပြီး အဓိက ဝန်ကြီးရာထူးများကိုလည်း စစ်ဘက်မှပင် ရယူနိုင်ရန် ကြိုတင် စီစဉ်ထားသည်။

စစ်အစိုးရက ရေးဆွဲခဲ့သော အငြင်းပွါးဖွယ်ရာ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ ဆီးနိတ်နှင့် ဒေသဆိုင်ရာ လွှတ်တော်များအတွက် ဥပဒေပြုအမတ်များကို မဲဖြင့် ရွေးချယ်ပေးနိုင်လိမ့်မည် ဖြစ်သော်လည်း အဓိက စီရင်ဆုံးဖြတ်ခွင့်ရှိသော နေရာများကိုမူ စစ်ဘက်က ထိန်းချုပ်ထားလိမ့်မည် ဖြစ်သည်။

နေပြည်တော်မှ ရရှိသော သတင်းများအရ သူရမြင့်အောင်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူမည့် စစ်ဘက်မှ ကိုယ်စားလှယ်များအား ရွေးချယ်ပေးလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် အခြေခံဥပဒေအရ လွှတ်တော်သုံးရပ်တွင် စုစုပေါင်း ရာနှင့်ချီသည့် စစ်ဘက်မှ အရာရှိများ နေရာ ရလာလိမ့်မည် ဖြစ်သည်။ ထို ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအား လူပေါင်း တသိန်းလေးသောင်းကျော် သေဆုံးကာ နှစ်သန်း ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည် နာဂစ်မုန်တိုင်းအပြီး ရက်ပိုင်းအတွင်းတွင် ဆန္ဒခံယူပွဲ ပြုလုပ်ကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လေ့လာသူများ၊ လူ့အခွင့်အရေးအဖွဲ့များ နှင့် နိုင်ငံတကာ အစိုးရများက ဝေဖန်ရာတွင် စစ်အစိုးရသည် အမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ပျက်စီး ဆုံးရှုံးခဲ့ရသော နာဂစ်မုန်တိုင်းအပြီး လိုအပ်နေသော ရေ၊ အစားအစာ၊ ဆေးဝါးများနှင့် ယာယီနေရာထိုင်ခင်းပြုလုပ်ရန် အထောက်အကူပစ္စည်းများအား လိုအပ်သူများထံသို့ သယ်ယူပို့ဆောင် ပေးရမည့်အစား ဆန္ဒခံယူပွဲကိုသာ အာရုံစိုက်ကာ ထရပ်ကားများဖြင့် မဲများကိုသာ သယ်ယူပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

သောကြာနေ့က ရာထူး အပြောင်းအလဲတွင် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာခဲ့သည်။

အနည်းဆုံး ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ဆယ်ဦးခန့် ရာထူးမှ နှုတ်ထွက်သွားပြီး ထိုရာထူးများအား တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများ နှင့် အစားထိုးခဲ့သည်။

ရာထူးမှ နှုတ်ထွက်သွားသူများသည် နိုဝင်ဘာ ၇ရက်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းထားကြသည်။ စစ်ဘက်ရာထူး အပြောင်းအလဲ နောက်ဆုံး အသေးစိတ် အခြေအနေနှင့် သတင်းများကို ဆက်လက် စုံစမ်းလျက် ရှိသည်။
http://www.mizzimaburmese.com/

စစ်တိုင်းမှူးနှင့်တပ်မမှူးများ တပ်တွင်း နေရာပြောင်းရွေ့
Saturday, 28 August 2010 15:51 သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) လားရှိုး အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် အောင် သန်းထွဋ် အပါအ၀င် တပ်မ ၅ ခုမှ တပ်မမှူးများ သြဂတ်စ် ၂၇ ရက် တပ်တွင်းနေရာပြောင်းရွေ့မှု ပြုလုပ်ကြောင်း စစ်ဘက် သတင်းရပ်ကွက်မှ တဆင့် သိရသည်။
ပြောင်းရွေ့လိုက်သည့် တပ်မမှူးများမှာ ၂၂ ၊ ၃၃ ၊ ဂဂ ၊ ၉၉ နှင့် ၁၀၁ တပ်မမှူးများ ဖြစ်ပြီး လက်ရှိ ကိုးကန့်ဒေသ၌ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသော စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ မှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇောက ရမခ တိုင်းမှူး နေရာဝင်ရောက် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် ကစထမှူးအဖြစ် တာဝန်ထမ်းဆောင်ရမည်ဟု သိထားသော်လည်း ကစထ အမှတ် အတိအကျမသိရသေးကြောင်း လားရိုးစစ်တိုင်းရုံးနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
"အခု လောက်ကိုင်မှာ ရောက်နေတဲ့ တပ်မ ၃၃ မှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောက ရမခတိုင်းမှူးဖြစ်သွားပြီ တိုင်းမှူး ကတော့ ကစထမှူးဖြစ်မယ် ဘယ်ကစထမှူးလည်းတော့မသိဘူး ပြောင်းတာတွေကတော့များတယ် အတိအကျမသိဘူး " ဟု သူက ပြောသည်။

"အခုတိုင်းမှူး အပြောင်းအလဲတွေ အများကြီးဖြစ်နေတယ်။ ဒီနေ့ ၆ ယောက်ပြောင်းမယ်လို့ သိရတယ် အောင်သန်းထွဋ် ၊ ဝေလွင် ၊ မြင့်စိုးသတင်းတော့ ထွက်နေပြီ။ ကျန်တဲ့သူတွေ ဘယ်သူမှန်းမသိသေးဘူး " ဟု တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း ပြောသည်။

ကျန်တပ်မမှူးများ ဖြစ်သည် ၁၀၁ တပ်မမှူး ဗမက စိန်ဝင်းက သံအမတ်ကြီးနေရာ ရောက်ရှိပြီး တပ်မ ၉၉ မှူးက ကမ်းရိုးတန်းတိုင်းမှူး အဖြစ်လည်းကောင်း၊ တပ်မ ဂဂ မှူးသည် တောင်ပိုင်းတိုင်းမှူးအဖြစ် လည်းကောင်း၊ တပ်မ ၂၂ မှူးက အနောက်တောင်တိုင်းစစ်ဋ္ဌာချုပ် တိုင်းမှူးအဖြစ် အသီးသီး ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။

နအဖတပ်အတွင်း ရာထူးပြောင်းရွေ့မှုများ ပြုလုပ်နေရာ ယခုလလယ်ပိုင်းက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ ၁၀ ဦးခန့် အငြိမ်းစားယူခဲ့ကြောင်း သိရသည်။
http://www.mongloi.org/burmese/

မြန်မာ့ တပ်မတော် စစ်ဦးစီးချုပ် အသစ် ဗိုလ်ချုပ်မူးကြီး သူရမြင့်အောင်နှင့် စစ်ဦးစီးအဖွ့ဲ စာရင်း
သန်းရွှေ ၊ မောင်အေးနဲ့ ရွှေမန်းတို့ စစ်တပ်မှာ နှုတ်ထွက်ပြီး စစ်ဦးစီးအဖွဲ့ သစ် ဖွဲ့ စည်းလိုက်ပြီဟုသတင်းရရှိပါတယ်။ စစ်ဦးစီးအဖွဲ့ သစ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁ - ဗိုလ်ချုပ်မူးကြီး သူရမြင့်အောင်
၂ - ဗိုလ်ချုပ်ကြီး ကိုကို
၃ -ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
၅- ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး
၆- ဗိုလ်ချုပ်ဝေလွင် (စစ်ထောက်ချုပ် )
၇-ဗိုလ်ချုပ် ကျော်ဆွေ ( စရဖ)
၈- ဗိုလ်ချုပ်လှဌေးဝင်း ( လေ့ကျင့်ရေးချုပ်)
၉-ဗိုလ်ချုပ်ဝင်းမြင့် ( အထူုးစစ်ဆင်ရေးချုပ်)
၁၀-ဗိုလ်ချုပ် သိန်းဌေး ( စစ်ပစ္စည်းထုတ်လုပ်ရေးချုပ်)
၁၁- ဗိုလ်ချုပ်သောင်းအေး ( စစ်ဆင်ရေးချုပ်)
၁၂- ဗိုလ်ချုပ် စိန်ဝင်း- ( လေကြောင်းရန်ကာကွယ်ရေး)

၁၃- ဗိုလ်ချုပ်ရာပြည့် ( စစ်ဥပဒေချုပ်)
၁၄- ဗိုလ်ချုပ် မြင့်စိုး - ကထစ မူး - ၁
၁၅- ဗိုလ်ချုပ် အောင်သန်းထွဋ် - ကထစ မူး -၂
၁၆- ဗိုလ်ချုပ်လှမင်း- ကထစ မူး- ၃
၁၇- ဗိုလ်ချုပ်သက်ဝင်းနိင် - ကထစမူး -၎
၁၈- ဗိုလ်ချုပ်တင်ငွေ -ကထစ မှုး- ၅
၁၉- ဗိုလ်ချုပ်စိုးဝင်း -ကထစ-မှုး-၆
၂၀- ဗိုလ်ချုပ် ကျော်ဖြိုး- ကြည်း၊ရေ၊လေ စစ်ဆေးရေးချုပ်
၂၁- ဗိုလ်ချုပ် ရာပြည့်- စစ်ဥပဒေချုပ် တို့ ဖြစ်ကြပါတယ် ။

သန်းရွှေ၊ မောင်အေး၊ ရွှေမန်းတို့ အပါအ၀င် စစ်တပ်မှာ တာဝန်ရှိသူများအားလုံး ရာထူးမှအနားယူသွားပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ရန်ကုန် သံတမန်လောကမှာတော့ အာဏာသိမ်းမှု တမျိုးပဲလို့  သုံးသပ်နေကြပါတယ်။ ဒီသတင်းကို နအဖ က တရားဝင်မထုတ်ပြန်သေးပါဘူး။

မြန်မာ တပ်မတော် နံပတ်တစ် နေရာ ဗိုလ်ချုပ်မှုးကြီး သူရမြင့်အောင်ဖြစ်သွားပြီ ။ သန်းရွှေခေတ်ကုန်ဆုံး သွား ပြီသတင်းထွက်

သန်းရွေ ၊ မောင်အေး၊ ရွေမန်း နှင့်တကွ စစ်တပ်အတွင်း ရာထူးအပြောင်းလဲများ ဖြစ်နေပြီလို့ သတင်းရပါတယ်။ တပ်မတော် ကြည်း၊ရေ၊လေ စီးဦးချုပ် မှာ ဗိုလ်ချုပ်မှုးကြီး သူရမြင့် အောင်ဖြစ်လာပြီဟုသိရပါတယ်။ တပ်မတော်ဦးစီးချုပ်ရာထူးမှာ တပ်မတော်အတွင်း အဏာအမြင့်ဆုံးဖြစ်တဲ့အတွက် ဗိုလ်ချုပ်မှုးကြီးသူရမြင့်အောင်ဟာ အာဏာအရှိဆုံးပုဂိုလ်ဖြစ်လာပါတယ်။ မောင်အေးနေရာကို ဆက်ခံသူကတော့ ဗိုလ်ချုပ်ကြီး ကိုကို ဖြစ်လာပါတယ်။ ရွေမန်းနေရာကိုတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တက်လာပါတယ်။ စုစုပေါင်း ၁၈ နေရာထူးအပြောင်းလဲဖြစ်လာတယ်။ ဒီသတင်းတွေကို
အတည်ပြုကြေညာခြင်းမရှိသေးပေမဲ့ သံတမန်းလောကမှာတော့ ပြန့် နှံနေပြီဖြစ်ပါတယ်။ ၂ ရက်သုံးရက်ဆိုရင်
နအဖ က အတည်ပြုလာမယ်လို့  ယူဆရတယ်။


ဒီလုပ်ရပ်ရကတော့ ဗိုလ်ချုပ်သန်းရွေဟာ စစ်တပ်ရာထူးက နေထွက်ပြီး ရွေးကောက်ပွဲကနေ အာဏာကို ပြန်လည် တက်နိင်ဖို့ ကြိုးစားတဲ့အကွက်ဖြစ်ပါတယ်။ စစ်ယူနီဖေါင်းဝတ်ထားတဲ့ ဗိုလ်ချုပ်သန်းရွှေကတိုက်ပုံဝတ်ထားတဲ့ ဦးသန်းရွှေနေရာကို အာဏာလွဲဖို့ ကြိုးပန်းတဲ့အကွက်ဖြစ်ပါတယ်။ ဒီလိုအကွက်မျိုးက ဦ်းနေ၀င်းလုပ်ခဲ့တဲ့အကွက်ဟောင်းမျှသာဖြစ်ပါတယ်။ တကယ်က အလုပ်မဖြစ်လှပါဘူး။ မသေချာမှုတွေ က သန်းရွှေအနာဂတ်မှာ ဆီးကြိုနေပါတယ်။
ဦးနေ၀င်းမှာ အာဏာရဲ့  မူရင်း ( Source of Power ) တွေ က အခိုင်အမာရှိနေပါတယ်။ ဒါကတော့ စစ်တပ်၊ ထောက်လှမ်းရေး၊ မဆလပါတီ အမာခံများ အပြင် မီးဖို ချောင် အစိုးရ ( Kitchen Cabinet ) လို့ ခေါ်တဲ့ ဒေါ်ခင်မေးသန်းက ကျွမ်းကျင်စွာနဲ့ ဦးနေ၀င်းကူညီပေးနိင်ခဲ့ပါတယ်။
တနည်းအားဖြင့်ပြောရရင်တော့ ဦးနေ၀င်းမှာ အာဏာနု (Soft power) နဲ့  အာဏာကြမ်း ( hard pwer) နှစ်မျိုးစလုံးရှိနေတယ်။ ဒီင်္လို သိမ်မွေ့ တဲ့အပြောင်းလဲတွေမှာ အခ ရာအကြဆုံးကတော့ အာဏာနု ( Sofr Power) လို့ ခေါ်တဲ့ ပညာတတ်တွေ ခေါင်းကောင်းတဲ့သူတွေ ရဲ့  အခန်းကဏက အဆုံးအဖြတ်ဖြစ်လာပာငါတယ်။ ၁၉၇၄ ခုနစ် အပြောင်းအလဲတုံးက ဦးနေ၀င်းမှာ ပညာတတ် နိင်ငံရေးသမားတွေထုနဲ့ ဒယ်နဲ့ ရှိနေတယ်။ စစ်အေးတိုက်ပွဲ ကာလဖြစ်တဲ့အတွက် အမေရိကန် အုပ်စုရော ၊ ဆိုဗီယက်ရုရှား အုပ်စုကပါ ဦးနေ၀င်းကို အပြိုင်အဆိုင် လုနေကြတယ်။ ထောက်ခံနေကြတဲ့ကာလဖြစ်နေတယ်။
ဦးသန်းရွေအပြောင်းအလဲကိုတော့ ပျားရည် သုတ်ထားတဲ့သင်ဓုန်းဓါးကို လျက်ရတဲ့အခြေအနေဖြစ်နေပါတယ်။ ဦးသန်းရွှေလက်ထက်မှာ ဦးနေ၀င်းလို အာဏာအသိုင်းဝိုင်းကင်းမဲ့ နေတယ်။ သူအာဏာက အထီးကျန် အာဏာ( Isolated Power) ဖြစ်ပါတယ်။ သူအာဏာအ၀န်းဝိုင်းမှာ ပညာတတ်တွေ နဲ့ တပ်မတော်နဲ့ ပြည်သူက ကြည်ညိုလေးစားတဲ့သူတွေတယောက်မှမရှိပဲ ပြည်သူချဉ်ပတ်တွေပဲရှိနေပါတယ်။

ဦးသန်းရွှေ က ရဲ့  အဓိက အာဏာတော့ အဏာကြမ်း ( Hard Power) သာဖြစ်ပါတယ်။ အဏာကြမ်းက သူရဲ့  ယူနီဖေါင်း ၊သူရဲ့ ဘောင်းဘီဖြစ်ပါတယ်။ အခုသူဘောင်းဘီကိုချွတ်လိုက်ရပြီ။ သူအဏာကြမ်းမရှိတော့ ဘူးဖြစ်သွားပါတယ်။ ဒါကြောင့်သူရဲ့ အလှည်အပြောင်းဟာ အကျဖက်ကို လုံးဝဦးတည်သွားပြီလို့ သုံးသပ်လို့ ရပါတယ်။

ဘာဖြစ်လို့ လဲ ။ မြန်မာ့ တပ်မတော်ရဲ့  အစဉ်အလာ လေ့ကျင့်ပေးထားမှုနဲ့ အစဉ်အလာက ယူနီဖေါင်းပဲဖြစ်ပါတယ်။ ဘောင်းဘီပဲဖြစ်တယ်။ ယူနီဖေါင်း ၀တ်ထားတဲ့သူရဲ့ အမိန့် ကိုပဲနာခံတယ်။ ယူနီဖေါင်းရဲ့  စကားကိုပဲနားထောင်လေ့ရှိအောင် သူတို့ ပဲလေ့ကျင့်ပေးထားခဲ့တာပါ။ ကိုယ်အတတ်နဲ့ ကိုယ်စူးပါ။ နိင်ငံရေးမျက်လှည်ဆရာကြီး ဦးနေ၀င်း ကိုယ်တိုင်သည်ပင်လျင် ယူနီးဖေါင်း ချွတ်အပြီးမှာ
မဆလ ပါတီတွင်းမှာ လုပ်ကြံမှု၊ပုန်ကန်မှု ဗိုလ်ကြီးအုန်းကျော်မြင့်အရေးအခင်း၊ တင်ဦးဘိုနီး အရေးအခင်း၊ တင်ဝင်းညို-ထွန်းလင်း-သန်းစိန်ဂုဏ်း ဆန်ကျင်မှု ၊မဆလပါတီအတွင်း ချစားမှု တွေကြောင့် အာဏာဟာတည်ငြိမ်တယ်လို့ ပြောလို့ မရခဲ့ပါဘူး။ ဘုရားတပြီးနေခဲ့ရတာပါ။ ၈၈ မှာတော့ သူတရားနဲ့ သူအစီရင်ခံရတယ်။ဒါတောင်နိဂုံးချုပ် မကောင်းခဲ့ဘူးဆိုရင် ဦးသန်းရွှေဟာ ဘာသားထုမို့ လည်းဆို့ မေးခြင်ပါတယ်။ ဒီအပြောင်းလဲတွေကို ဦးနေ၀င်းလုပ်ခဲ့စဉ်က အရွယ်ကောင်းသေးတယ်။ ၆၀ ၀န်းကျင်မျှသာဖြစ်နေသေးတယ်။ ဦးသန်းရွေက သိပ်ကိုအသက်ကြီးသွားပြီဖြစ်ပါတယ်။ ဇရာကလည်း နိင်ငံရေးအာဏာချိန်ခွင်ညှာမှာ အရေးကြီးတဲ့ အချက်ဖြစ်နေတယ်။
ကြောင်အိုကြွက်မလေးဆိုတဲ့စကားက မနေ့ တနေ့ ကမှပေါ်လာတဲ့စကားမဟုတ်ပါဘူး။ မျိုးဆက်တွေလိုက် နစ်ပေါင်းများစွာ အတွေ့ အကြုံပေါ်က ထားခဲ့တဲ့ မှတ်တမ်းစကားပါ။ ကြောင်အိုဖြစ်သွားတဲ့ နေ၀င်းကို ကြွက်ပျိုဖြစ်တဲ့ သန်းရွှေက ပမာမခန့်  လုပ်ခဲ့ပြီး။ ဦးနေ၀င်းရဲ့ အချစ်ဆုံး သမီးနဲ့ မြေးတွေကို ထောင်သွင်းချခဲ့သူပါ။ ကြောင်အိုဖြစ်သွားတဲ့ ဗိုလ်ချုပ်စောမောင်ကို ဖယ်ရှားခဲ့တာ ကြွက်ပျို သန်းရွေပါ။
ဒီနေ့ ကြောင်အို အဖြစ် အလှည့် ရောက်လာတဲ့သူကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တဖြစ်လည်း ဦးသန်းရွှေ ဖြစ်လာပါပြီ။ ကြွက်ပျို ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်မူးကြီး သူရမြင့်အောင်က ဘယ်လို သဘောထားမလည်းဆိုတာ မြန်မာ့တပ်မတော် ငွေရောင်ပိတ်ကား ပေါ်မှာ သိပ်စောင့်ကြည့်စာရာမလို တော့ပါဘူး။ လပိုင်းမှာတွင်အဖြေထွက်လာပါလိမ့်မယ်။
ဦးသန်းရွှေရဲ့  အားနည်းချက် ( အာခိလိဖိနောင့်) ကတော့ သူမိသားစုဖြစ်ပါတယ်။ ဦးနေ၀င်းမိသားစုတုံးက လူထုက ဒီလောက် မမုန်းခဲ့ဘူး။ သတင်းတွေကလည်း သိပ်မထွက်ဘူး။ အိုင်တီခေတ်မဟုတ်တာလည်းပါမှာပေါ့။ အခုတော့ ဦးသန်းရွှေ သားသမီးမြေးမြစ်တစုရဲ့ ကိုယ်ကျိုးစာလဒ်စားမှုတွေကို မောင်အေးကိုယ်တိုင် ကြည့်မရဖြစ်နေတယ်။ ဒီအချက်က ဦးသန်းရွှေကို မြန်မြန် ကျဆုံးစေမှာပါ။
ကမ္ဘာ့သမိုင်းကို ကောင်းကောင်းမလေ့လာဘူးသူတွေ၊ မြန်မာ သမိုင်းကို ကောင်းကောင်းမဖတ်ဘူးသူတွေ၊ နိင်ငံတကာလုံခြုံရေးသီအိုရီတွေကို ကောင်းကောင်းမသင်ခဲ့ဘူးသူတွေကတော့ သန်းရွှေအာဏာ ဟာ တည်မြဲနေသေးတယ်။ သူက ရွေးကောက်ပွဲကနေ တရားဝင်အစိုးရဖြစ်လာတော့မယ်။ သူအာဏာဟာ ပိုပြီးတော့တရားဝင်လာပြီလို့ ကယောင်ကတန်း ကောက်ချက်ချမိနိင်ပါတယ်။
ဒါပေမဲ့ ကောင်းကောင်းလေ့လာဘူးသူတွေကတော့ဒီနေ့ မြန်မာ ပြည်ရဲ့ အာဏာရှင်အသစ်ကတော့ ဗိုလ်ချုပ်မှုးကြီးသူရမြင့်အောင်ဖြစ်သွားပါပြီ။ သန်းရွှေခေတ်ကုန်သွားပြီ။

မြန်မာ့ နိင်ငံရေးအချိုးအဆစ်အလှည့်အပြောင်း က ဒီနေ့ စပြီလို့ ပြောရမယ်။ ဒီအလှည့်အပြောင်းက အာဏာရှင်တွေတွက် နေ၀င်ချိန် တစတစနီးလာပြီ ၊ ဒီမိုကရေစီ ရောင်နီ ထွန်းလင်းလာတော့မည်လို့ ဆိုခြင်တယ်။

http://komoethee.blogspot.com/


Friday, August 27, 2010

နောက်ဆုံးတော့ လဲနေဝင်းရဲ့ လမ်းစဉ်အတိုင်းခွေးချုပ်ကြီးတွေ အရပ်ဝတ်လဲတာ အဆန်းမဟုတ်

စစ်တပ်က အရာရှိကြီးတွေ နုတ်ထွက်တယ်၊ ရာထူး အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ အတိုက်အခံ နိုင်ငံရေးလောကကလည်း အမျိုးမျိုး ဝေဖန် သုံးသပ်နေကြပါတယ်။ ဘယ်လို သုံးသပ်ပြောဆိုမှုတွေ ရှိသလဲ ဆိုတာ အပြည့်စုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။
ဒီအပြောင်းအလဲ သတင်းတွေက မြန်မာ့နိုင်ငံရေးလောကထဲမှာ အထူးအဆန်းမဟုတ်ပါဘူးလို့ NLD ပါတီရဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ပြောပါတယ်။ သူစစ်တပ်ထဲ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန် မဆလ ပါတီ ခေတ်ကတည်းက ဒီလိုပဲ စစ်ဝတ်ကနေ အရပ်ဝတ်တွေ ပြောင်းပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ဖို့ ကြိုးစားခဲ့တာဟာ  စစ်တပ်ထဲမှာ လုပ်ရိုးလုပ်စဉ် တခု ဖြစ်တယ်လို့လည်း သုံးသပ်ပါတယ်။ မဆလခေတ်နဲ့ မတူတဲ့အသွင်ဆိုလို့ အရင် တပါတီစံနစ်နဲ့ အခုတော့ ပါတီစုံရယ်လို့ အမြင်ပြထားတဲ့ အချက်လေးတွေသာ ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။
"ဒါက ဒီလိုပါပဲဗျာ။ ကျနော်တို့ မဆလ၊ ကျနော်ရှိတုန်းကလည်း ဒီပုံစံပဲဗျာ။ ဒီပုံစံပါပဲ။ အဲဒီတုန်းကလည်း ဦးနေ၀င်းတို့၊ ဦးစန်းယု တို့၊ နောက်ပြီးတော့ တိုင်းမှူးတွေ တော်တော်များများ ထွက်တယ်။ ကျနော်တယောက်တည်း တပ်ကို ကိုင်ရမယ်ဆိုပြီးတော့ ကျန်ရစ်ခဲ့တာပဲ။ ကျန်တဲ့သူတွေအားလုံးကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ ယူနီဖောင်းတွေ ချွတ်လိုက်ကြတာပဲ။ အဲဒီလိုပဲ ကျနော်တို့တုန်းကလည်း ရှိခဲ့တာပဲ။ ဟိုတုန်းကတော့ တပါတီပေါ့ဗျာ။ ရွေးချယ်ရမယ့် ကိုယ်စားလှယ်လောင်းကို ဒေသတွေက သတ်မှတ်ပြီးတဲ့နောက် အဲဒါ အရွေးခံတဲ့အခါကျတော့ မဲပုန်းထောင်ပြီးတော့ အမှားအမှန် ပေးရတာပါပဲ။ အခုဟာကတော့ အရွေးခံပြီးတော့ မဲဆန္ဒနယ်မှာ တခြားသော ပါတီတွေနဲ့လည်း ပါဝင်ယှဉ်ပြိုင်တယ် ဆိုတဲ့သဘောအရတော့ ဖြစ်တော့ဖြစ်တာပေါ့။ ဒါပေမဲ့လည်း အခြား ယှဉ်ပြိုင်နိုင်တဲ့ ပါတီတွေ အတွက်ကတော့ သူတို့က တော်တော်ကို အခက်အခဲ အကျပ်အတည်းတွေနဲ့ အတားအဆီး အပိတ်အပင်တွေနဲ့ ဆိုတော့လည်း သူတို့ကတော့ မလွယ်ဘူးပေါ့။ တစည တို့ဘာတို့ကလည်း ဒါနဲ့ပတ်သက်တာကို သူတို့ သေချာတဲ့နေရာမှာ ယူထားပြီး ကျန်တဲ့နေရာတွေမှာ ကြံ့ဖွံ့နံမည်နဲ့ ၀င်ပြီးတော့ တနည်းအားဖြင့်တော့ ဒါက တစည၊ ကြံ့ဖွံ့ ပါသွားတယ်။ အဲဒီလို အပေးအယူတွေလည်း လုပ်ကြပြီးတော့ သေချာအောင် လုပ်ကြတဲ့သဘောပါပဲ။ သူတို့ပဲဝင်၊ သူတို့ပဲ နိုင်၊ သူတို့သေချာလုပ်ပြီး သူတို့ပဲသွားမှာ။ ဒီပုံစံပါပဲ။ အဲဒီတော့ အဓိပ္ပါယ်ကတော့ဗျာ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက လူတွေရပြီးတော့ ဘယ်လို အောင်မြင်စွာဖြင့် ပြီးသွားကြမယ်လို့ ဆိုတာတွေကလည်း ထင်ထင်ရှားရှား သိနေတဲ့သဘောပါပဲ။ အဲဒါတွေ သေချာလို့လည်းပဲ အခုလိုထွက်ပြီး လုပ်ကြတဲ့သဘောပါ။"
ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး ပြောပြခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲရက်တွေ မတိုင်ခင် စစ်တပ်ထဲ အပြောင်းအလဲတွေ ရှိမယ်ဆိုတဲ့ သတင်းတွေ အစောပိုင်းကတည်းက အတော်လေးထွက်နေတာပါ။ ဒါ့ကြောင့် အခုထွက်လာတဲ့ သတင်းဟာ တရားမ၀င် စစ်တပ်အစိုးရကနေ တရားဝင် ရွေးကော်ပွဲကနေ တက်လာမယ့် အရပ်သားအစိုးရ ဖြစ်ရေးဆိုတဲ့ စစ်တပ်တွင်း စံနစ်တကျ ချမှတ်စီစဉ်ထားတဲ့ အဆင့်တွေကို တဆင့်ပြီးတဆင့် အကောင်အထည် ဖော်လာတာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဌ ဦးသုဝေက သုံးသပ်ပါတယ်။
"ကျနော်ကတော့ သူတို့ အဲဒီလို ရာထူးက ထွက်လိုက်တယ်ဆိုရင် သူတို့ အရပ်သားဖြစ်သွားပြီ။ သူတို့ မျှော်မှန်းထားတဲ့ အရပ်သား အစိုးရမှာ သူတို့ကိုယ်တိုင် ခေါင်းဆောင်ဖို့မှာ ဖြစ်သွားတယ်လို့ ယူဆရတာပေါ့နော်။ ကျနော် ထင်တာကတော့ အခု ရွေးကောက်ပွဲမှာကတော့ သူတို့ မှန်းထားတဲ့အတိုင်းပဲ သူတို့က အသာစီးရလိမ့်မယ်လို့ သူတို့ တွက်ပြီးပြီလို့ ယူဆရတယ်ပေါ့နော်။ အဲဒါကြောင့် သူတို့လည်းပဲ ဒီရာထူးတွေကနေ ထွက်ပြီးတော့ အရပ်သားအစိုးရမှာ တာဝန်ယူဖို့ ပြင်ဆင်တယ်လို့ပဲ ယူဆပါတယ်။"
ဦးသုဝေပါရှင်။ တခါ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ဥက္ကှဌ ဒေါက်တာ သန်းငြိမ်းကနေ အခုသတင်းတွေအပေါ် ဝေဖန်သုံးသပ်ဖို့ အချိန်စောသေးတယ်လို့ ဆိုပါတယ်။
"ဘာတွေဖြစ်လာမလဲ ဆိုတာက နံပါတ် (၁) မသိဘူးပေါ့။ ဒါက သိပ်အရေးကြီးတဲ့ကိစ္စပေါ့။ ဒါကို အဲန်ကယ်လ်တို့က ခဏတော့ စောင့်ကြည့်ဦးမှ ဖြစ်မှာပေါ့နော်။ ကြိုပြီးတော့ ပြောဖို့ကတော့ လုံးဝ မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ ဒီလို အချိန်အခါမျိုးမှာ သိပ်ကို delicate (အထိခိုက်မခံ) ဖြစ်တယ်လေ။ မှတ်ချက်ပေးဖို့ တော်တော် ခက်ပါတယ်။ ဘာဖြစ်လာမှာလဲ။ ဒါကို သေသေချာချာ လေ့လာပြီးမှပဲ ပြောတာအကောင်းဆုံးပါပဲ။"
NDF ပါတီရဲ့ ဥက္ကဌ ဒေါက်တာသန်းငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။


 

ဗိုလ်ချူပ်မှူးကြီး သန်းရွှေ အပါအ၀င် နိုင်ငံတော် အဆင့် အရာရှိကြီးများ အားလုံး ရာထူးမှ အနားယူ လိုက်ပြီဟု သတင်းထွက်ပေါ်

မိုးမိုးကျော် (Arakan Review)

သြဂတ်(စ်) – (၂၇)၊ ၂၀၁၀။


မြန်မာနိုင်ငံအား စစ်အာဏာသိမ်းပြီး နှစ်ပေါင်း နှစ်ဆယ်ကျော် အုပ်ချူပ်လာခဲ့ကြသည့် နိုင်ငံတော် အကြီးအကဲ ဗိုလ်ချူပ်မှူးကြီး သန်းရွှေအပါအ၀င် သူ၏ နောက်လိုက် တပ်မတော် အရာရှိကြီးများ အချို့ ယနေ့တွင် နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၆) ရက်နေ့က  စစ်အစိုးရ ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင် အေး၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း အပါအ၀င် ၀န်ကြီးချုပ် ဦးသိန်းစိန် တို့က ဦးဆောင်ပြီး နေပြည်တော် တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူခဲ့ရာ ထိုအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ နုတ်ထွက်လိုက်သော နေရာများတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေး ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ခန့်အပ်လိုက် ကြောင်း ဧရာဝတီ သတင်းဌာန တွင် ဖော်ပြထားသည်။

ယနေ့တွင် စစ်တိုင်းမှူးများကိုလည်း စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ) များနှင့် တခြားသော စစ်ဘက် ရာထူးကြီးများကို ပြောင်းလဲ လိုက်ကြောင်း၊ ကစထ မှူး များမှာ နေရာအပြောင်းအလဲ မရှိဘဲ မူလတာဝန်ယူခဲ့သည့် ဒေသများတွင်သာ တာဝန်ယူရမည် ဖြစ်ကြောင်း အဆိုပါ သတင်းဌာန တွင် ရေးသား ထားသည်။

မဇ္ဈိသတင်းဌာနတွင်မူ ဗိုလ်ချူပ်ကြီး သူရရွှေမန်း နုတ်ထွက်သွားကြောင်း အခိုင်အမာ ဖော်ပြထား သည်ကို တွေ့ရ သည်။


မဇ္ဈိမ သတင်းဌာနမှ ထုတ်ပြန်သော နိုင်ငံတော် အဆင့်အရာရှိကြီးများ၏   ရာထူး အပြောင်းအလဲ စာရင်း

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးကို စစ်ထောက်ချုပ် ရာထူး တိုးမြှင့် လိုက်ပြီး စစ်တွေမြို့မှ ဒစကမှူး အောင်လင်းဒွေးမှာ စစ်ကိုင်းတိုင်း တိုင်းမှူး ဖြစ်သွားပြီး စစ်တွေ ဒု ဒစကမှူး ဒုတိယ ဗိုလ်မှူးကြီး ဇော်သိန်းနှင့် အမ်းဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်သက်ဦး တို့မှာ ပြည်ထဲရေး ၀န်ကြီးဌာသို့ ပြောင်းရွေ့ခံရကြောင်း နိရဉ္ဇရာ သတင်းဌာနတွင် ဖော်ပြထားသော်လည်း အဆိုပါ သတင်းအား အတည်ပြုချက် မရယူနိုင်သေးကြောင်းနှင့် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း ၎င်း၏ ၀က်(ဘ်)ဆိုဒ်တွင် ရေးသား ဖော်ပြထားသည်။

ယခုကဲ့သို့ ပြည်ပ သတင်းမီဒီယာများအကြား ဗိုလ်ချူပ်မှူးကြီး သန်းရွှေ အပါအ၀င် နိုင်ငံတော် အဆင့် အရာရှိကြီးများ အားလုံး ရာထူးမှ အနားယူ နှုတ်ထွက်လိုက်ကြောင်း သတင်းထွက်ပေါ် နေသော်လည်း စစ်အစိုးရ၏ အာဘော်ရေးသားထုတ်ဝေသည့် မြန်မာအလင်းနှင့် ကြေးမုံ သတင်းစာများ တွင်မူ ယခင် ထုတ်ဝေနေကျ အတိုင်းပင် မည်သည့် ထူးခြား သတင်းမှ မဖော်ပြ မပါရှိခဲ့ပေ။

ပြည်ပသတင်းဌာနများဖြစ်ကြသည့် ဧရာဝတီ သတင်းဌာနနှင့် မဇ္ဈိ သတင်းဌာနတို့ကမူ အဆိုပါ သတင်းနှင့် ပတ်သက်၍ တိကျခိုင်မာစွာ ဖော်ထုတ်နိုင်ရန် ကြိုးစားနေကြောင်းနှင့် မကြာမီတွင် ခိုင်လုံသော သက်သေ များဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ၀က်ဆိုဒ်များတွင် ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

 
 

Major Reshuffle in Burmese Regime

မြန်မာစစ်အုပ်စုတခုလုံး အပြောင်းအလဲ ပြုလုပ်လိုက်

 
 

http://burmatoday.net/news2005/2010/201008/100827_bty_bur_regime_reshuffle.swf

                                                           
 

Friday, August 27, 2010

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ဦးဥာဏ်ဝင်းသို့မှာကြားချက် (၉)ချက်



 



၁။ NLD မပါလို့ဘယ်သူ့ကိုမဲထည့်ရမလည်းဆိုရင် ကိုယ်ကြိုက်တဲ့ပါတီမပါရင် မဲမထည့်ပဲနေပါ။

၂။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေနားမလည်တာကို အခွင့်အရေးယူပြီးလှည့်စားပြောနေတာတွေကို့ ကန့်ကွက်တယ်။

၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို စိတ်မကောင်းကြောင်း။

၎။ ရွေးကောက်ပွဲ ရက်ကို အချိန်တိုလေ ကပ်ပြီးကြေငြာတာဟာ မကောင်းဘူး။

၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ဥပဒေတွေကို နားလည်းရမယ်၊နားမလည်ပဲနဲ့မဲသွားထည့်ရင် ဘာမှအဓိပ္ပါယ်မရှိဘူး။

၆။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ဆန့်ကျင်ပြီးမသမာမှုတွေရှိရင် ပြည်သူတွေအနေနဲ့ တရားစွဲရမယ် ရဲစခန်းကိုတိုင်ရမယ်။

၇။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းရယူခွင့် ၊သတင်းထုတ်ပြန်ခွင့် မရှိဘူးအဲ့ဒါကို ကန့်ကွက်တယ်။

၈။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ရွေးကောက်ပွဲကိုလုပ်တယ်။ အဲ့ဒီကထွက်လာမယ့် သမ္မတကို လွှတ်တော်ကမလွှမ်းမိုးနိုင်ဘူး သမ္မတ ကပဲအားလုံးကို လွှမ်းမိုးချုပ်ကိုင်သွားမှာဖြစ်တယ်။


၉။ အခုထွက်နေတဲ့ဥပဒေတွေက တရားမျှတမှုမရှိဘူး အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာမင်းမဲ့စရိုက်ပဲ။

သတင်းရင်းမြစ်။ ။စက်တင်ဘာထာဝရ(http://ashin-htavara.blogspot.com/)

ဓာတ်ငွေ့ကိစ္စ လွှတ်တော်ထဲတွင် ရှင်းမည်ဟု ရခိုင်ပါတီ ပြောဆို


မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်


 

ရန်ကုန် (မဇ္စျိမ) ။      ။ ရခိုင်ပြည်နယ်ထွက် သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်သူများ ခံစားခွင့် ရရှိရေးအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် ဆွေးနွေးတင်ပြသွားမည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြောဆိုသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ Rakhing National Development Party - RNDP သည် ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ် ရှိသည့်အနက် ၁၄ မြို့နယ်ထက်မနည်း ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်ကာ ရန်ကုန်၊ ဧရာဝတီနှင့် မန္တလေးတိုင်းတွင်ပါ ရုံးခန်းများ ဖွင့်လှစ်၍ စည်းရုံးရေးဆင်းမှာဖြစ်သည်။

''သဘာဝဓာတ်ငွေ့ကိစ္စအပြင် ရပိုင်ခွင့်သယံဇာတဆိုင်ရာတွေကို လွှတ်တော်မှာ ဥပဒေဘောင်အတွင်းကနေ တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိစ္စတွေ၊ ကလေးတွေ စာမသင်နိုင်တာ၊ စီးပွားရေး မဖွံ့ဖြိုးတာ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းတာတွေအတွက် ပါပါတယ်။ အဲဒီအတွက် ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ရတာပါ'' ဟု RNDP ပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ သန်းကျော်ရှိပြီး လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ခက်ခဲကာ ဖွံ့ဖြိုးတိုးတက်မှုလည်း နိမ့်ကျနေပြီး၊ ဆင်းရဲချို့တဲ့သဖြင့် စာမသင်နိုင်သည့် ကလေးပေါင်း ၂၅ ရာခိုင်နှုန်းခန့် ရှိကြောင်း သူက ဆက်ပြောသည်။

RNDP ကို ထောက်ခံသည့် စစ်တွေမြို့ခံတဦးက ''ရခိုင်ဓာတ်ငွေ့တွေကို ပိုက်လိုင်းသွယ်ပြီး တရုတ်ကို ရောင်းတဲ့အခါ ရခိုင်ပြည်သူတွေအတွက် ခံစားခွင့်အကျိုးကို ဘယ်လိုဆောင်ရွက်ပေးမှာလဲဆိုတာ လွှတ်တော်မှာ တင်ပြရမယ့် ကိစ္စပါ။ ဒါကို တင်ပြမယ်လို့ ကျနော်တို့ကို ပြောတယ်'' ဟု ပြောသည်။

ကျောက်ဖြူမြို့အနီး ဘင်္ဂလားပင်လယ်အော်တွင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို လုပ်ကိုင်ရာ တနေ့လျှင် ကုဗပေသန်း ၅ဝဝ ထုတ်လုပ်နိုင်ကာ၊ ဓာတ်ငွေ့ပမာဏ ၄ ဒဿမ ၅ ထရီလျံမှ ၇ ဒဿမ ၇ ထရီလျံ ကုဗပေ အထိ ရှိနိုင်ကြောင်းနှင့် ယင်းပမာဏမှာ နောင် ၂၅-၃ဝ နှစ်အထိ ထုတ်လုပ်နိုင်ကြောင်း ရွှေဂက်စ် စီမံကိန်းကို လေ့လာနေသူများက ဆိုသည်။

ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များ နိုင်ငံခြားသို့ ထုတ်လုပ် ရောင်းချနေသော်လည်း ရခိုင်ဒေသခံများအနေဖြင့် တစုံတရာ အကျိုးခံစားခွင့် မရရှိဘဲ လျှပ်စစ်မီးပင်လျှင် မြို့တော်စစ်တွေ၌ တနေ့ ၃ နာရီခန့်သာ ရရှိကြောင်း ဒေသခံများက ထောက်ပြပြောဆိုလေ့ရှိသည်။

''စစ်တွေမှာ နွေရာသီရတဲ့ လျှပ်စစ်က တနေ့ကို ၃ နာရီမပြည့်ဘူး။ မီးလာတဲ့အချိန်လည်း ဗို့အားမပြည့်ဘူး။ ကိုယ့်ဒေသက ထွက်တဲ့ ဓာတ်ငွေ့တွေကို ပြည်နယ်သားတွေအတွက် ဘာမှ အကျိုးအမြတ် မရဘူးဆိုရင် တရားသလား၊ မတရားသလား ဆိုတာ တွေးတောဖို့ လိုပြီ'' ဟု ရန်ကုန်ရှိ ရခိုင်ယဉ်ကျေးမှု အဖွဲ့ဝင်တဦးက ပြောသည်။

ကျောက်ဖြူမြို့ခံ ရပ်မိရပ်ဖတဦးကမူ သဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ လယ်ယာမြေများ သိမ်းပိုက်ခံနေရမှုများ၊ ဒေသခံရပ်ရွာများ ပြောင်းရွှေ့ခံရနေရမှုများ စသော ဆိုးကျိုးများနှင့် ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယှဉ်ပြိုင်မည့် ပါတီများမှာ RNDP အပြင် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု၊ မြို ခေါ် ခမီအမျိုးသား ညီညွတ်ရေး၊ မြိုတိုင်းရင်းသားပါတီ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်၊ ကမန်အမျိုးသား တိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ကြံ့ဖွံ့ ပါတီတို့ ဖြစ်သည်။

''ကျနော်တို့အနေနဲ့က ရခိုင်တိုင်းရင်းသားတွေနဲ့ ပါတီကို ဖွဲ့ထားတာ ဖြစ်တဲ့အတွက် ကျနော်တို့ ယုံကြည်တာကတော့ ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေဟာ ကျနော်တို့ပါတီကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြလိမ့်မယ်လို့ ယုံကြည်တယ်'' ဟု ကျောက်ဖြူမြို့ခံက ဆိုသည်။

RNDPပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဦးအေးမောင်မှလွဲပြီး ကျန်ခေါင်းဆောင် အများစုမှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ဖူးသူများ ဖြစ်သည်။

2010/8/27 ANG- Arakan News Group <arakannewsgroup@gmail.com>


 

မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ မိန်းခလေး ၃ ဦးကို အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထား


ရဲဘော် (၃၄) ယောက် အပြီးတိုင် လွတ်မြောက်ရေး ANC မှ ရခိုင်ပြည်သူများသို့ တိုက်တွန်းနှိုးဆော်


စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် အထူးစီးပွားရေးဇုန် တည်ဆောက်သွားမည်ဟု သိရ


 

Cartoons

Canada






For Immediate Release
August 27, 2010
Liberals call on the Conservative government to support a United Nations Commission of Inquiry on the human rights situation in Burma

OTTAWA – The Liberal Party is calling on the Conservative government to support an international call for a special United Nations Commission of Inquiry into allegations of war crimes and crimes against humanity by the Burmese junta.

“Today, we are calling on Prime Minister Stephen Harper and Foreign Affairs Minister Lawrence Cannon to break their silence and join the United States, Britain, other countries and countless venerable human rights organizations in their appeal for a United Nations mandated Commission of Inquiry,” said Liberal Leader Michael Ignatieff.

“The alleged crimes committed by the junta against Burmese citizens are terrible and long-standing. An effective Commission of Inquiry would be an important first step toward justice for the people of Burma. Liberals believe that Canada has an obligation to advocate for this Inquiry.”

“The situation in Burma is dire,” said Liberal Foreign Affairs Critic Bob Rae. “Despite losing a national election in 1990 to the National League for Democracy, led by Aung San Suu Kyi, Burma’s dictatorial military-led government refused to step down and continues to violently repress any attempts by the people to assert their democratic rights. Burmese citizens are ruthlessly denied freedom of speech, association and assembly. The junta is also accused of vicious ethnic repression, as well as campaigns of systematic rape and forced labour.”

“In a display of solidarity, both myself and many of my Liberal colleagues have signed the Parliamentary Friends of Burma petition for the Inquiry organized by the Canadian Friends of Burma association,” continued Mr. Rae.

“The international community is questioning Canada’s silence. Before any Commission of Inquiry can proceed, it needs a mandate from the United Nations – and Canada’s support would go a long way to making that happen,” concluded Mr. Ignatieff. “Stephen Harper must heed the call to support the Commission of Inquiry as an important first step towards justice.” -30-

Contact:

Press Office
Office of the Leader of the Opposition
613-996-6740

Office of the Hon. Bob Rae, MP, 613-992-5234

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

Nargis

ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး စစ်ရာထူးက အနားယူ

ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး စစ်ရာထူးက အနားယူ


နိုင်ငံသားစိစစ်မှု အစီအစဉ်သစ် ဖွင့်လှစ်ရန် တောင်းဆို


ထိုင်းအစိုးရ ပြုလုပ်နေသော နိုင်ငံတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အား အချိန်ကာလတိုးမြှင့် သတ်မှတ်ပေးရန် ထိုင်းနိုင်ငံရှိ အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်အတွက် လျှောက်လွှာတင်သွင်းရမည့်ရက်ကို ထိုင်းအစိုးရက ယခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့ နောက်ဆုံးထား သတ်မှတ်ခဲ့သည်။

တပ်မမှူးနှင့်တိုင်းမှူးအချို့ ရာထူးအပြောင်းအလဲလုပ် ဒု-ဗိုလ်ချုပ်ကြီးများ နုတ်ထွက်

နအဖစစ်တပ်အတွင်း တပ်မမှူးနှင့် စစ်တိုင်းမှူးအချို့ ရာထူးတိုးမြှင့်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနရှိ ဒု-ဗိုလ်ချုပ်ကြီး အတော်များများ စစ်ဘက်ရာထူးမှ နုတ်ထွက်ကာ ရွေးကောက်ပွဲဝင်ရန် ရှိသည်။

ယနေ့မှစတင်၍ တပ်မမှူးများကို စစ်တိုင်းမှူးအဖြစ်လည်းကောင်း၊ စစ်တိုင်းမှူးများကို ကာကွယ်ရေးဝန်ကြီးဌာန၊ အထူးစစ်ဆင်ရေးအဖွဲ့ (ကစထ) မှူးအဖြစ်လည်းကောင်း ရွှေ့ပြောင်းမှု စတင်ခဲ့သည်ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကားဈေးကွက်သစ်ဖွင့်

မြန်မာဘက်မှ တရားမ၀င် ကားတင်သွင်းမှု မြင့်တက်လာသောကြောင့် ဂျပန်တပတ်ရစ်ကား ရောင်းချသည့် ထိုင်းကားကုမ္ပဏီများ မဲဆောက်နှင့်မြ၀တီ နယ်စပ်အနီးတွင် ဈေးကွက်သစ်များ ဖွင့်လှစ်ကာ အပြိုင်အဆိုင် ရောင်းချလျက်ရှိသည်။

ယခုရက်ပိုင်းအတွင်း ထပ်မံဖွင့်လှစ်လိုက်သည့်နေရာမှာ မဲဆောက်၊ မြ၀တီ ချစ်ကြည်ရေးတံတား တောင်ဘက်ရှိ အမှတ်(၁) လှေဆိပ်အနီးတွင်ဖြစ်ပြီး ပျမ်းမျှ ညစဉ် ကားအမျိုးအစားစုံ (၁၀) စီးခန့် မြ၀တီဘက်သို့ တင်ပို့လျက်ရှိသည်ဟု အရောင်းစာရေးတဦးက ပြောသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်း ရွေးကောက်ပွဲဝင်ရန် တရားဝင်ကြေညာ

ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပမြို့နယ်တွင် ၀င်ရောက်အရွေးခံမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများကို တရားဝင် ပြောကြားနေပြီဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် (၂၆) ရက်နေ့ ရက်စွဲဖြင့် ထွက်ရှိသော ပြည်တွင်းသတင်းဂျာနယ် တစောင်ဖြစ်သည့် ရန်ကုန်တိုင်း(မ်) သတင်းဂျာနယ်တွင် မြို့တော်ဝန်က မီဒီယာနှင့်တွေ့ဆုံမေးမြန်းခန်း၌ တရားဝင်ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားစိစစ်မှု အစီအစဉ်သစ် ဖွင့်လှစ်ရန် တောင်းဆို


ထိုင်းအစိုးရ ပြုလုပ်နေသော နိုင်ငံတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အား အချိန်ကာလတိုးမြှင့် သတ်မှတ်ပေးရန် ထိုင်းနိုင်ငံရှိ အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်အတွက် လျှောက်လွှာတင်သွင်းရမည့်ရက်ကို ထိုင်းအစိုးရက ယခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့ နောက်ဆုံးထား သတ်မှတ်ခဲ့သည်။

ပိတ်ရက် (၂) ရက်တွင် အမတ်လောင်းစာရင်း တင်ခွင့်ပြု


ကြံ့ဖွံ့ကလွဲပြီး အခြားနိုင်ငံရေးပါတီများ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းခြင်း မပြီးပြတ်ဖြစ်နေချိန်တွင် ရွေးကောက်ပွဲကော်မရှင်က လာမည့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် (၂) ရက်တွင် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းခွင့်ပြုကြောင်း ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့်ရက်ကို သြဂုတ် (၁၆) ရက်မှ သြဂုတ် (၃၀) ရက်အတွင်း တင်သွင်းရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားပြီး ယင်း သတ်မှတ်ချက်ကို သြဂုတ် (၁၃) ရက်တွင် ကော်မရှင်က နအဖရုပ်သံမှတဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။

Read more..
http://www.khitpyaing.org

လူ့အခွင့်အရေး ရှေ့နေကိုဖိုးဖြူ ထိုးခံရပေမဲ့ အလုပ်သမားတွေ လစာပြန်ရ

Posted: 27 Aug 2010 12:58 AM PDT



လွန်ခဲ့တဲ့ ဧပြီလက နေပြည်တော်မှာ နေထိုင်တဲ့ ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ် သိန်းဆွေ၊ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီး ဗိုလ်ချုပ်လှထွန်း၊ စီးပွားရေးနဲ့ကုန်သွယ် ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းတို့ အိမ်တွေကို အလုပ်သမားတွေကုဆေးသုတ်ပေးခဲ့တဲ့ လုပ်အားခလစာတွေကို ဧဒင် ပြည်သူ့ဆောက် လုပ်ရေးကုမ္ပဏီ ကန်ထရိုက်တာက မပေးဘဲထားတာကြောင့် အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ရှေ့နေဦးဖိုးဖြူထံကို အလုပ်သမားတွေက တိုင်ကြားခဲ့ပါတယ်။

ဒီကိစ္စအတွက် ဧဒင်ကုမ္ပဏီက ကန်ထရိုက်တာ ဦးထွန်းဝေဆီကို အလုပ်သမား၁၅ဦးရဲ့လုပ်အားခ တဦးလျှင် ၆သောင်း ၃ထောင် ခန့်ရရှိဖို့ သြဂုတ်လ ၄ ရက်နေ့က သွားရောက်ညှိနိုင်းရာမှာ ကိုဖိုးဖြူကို ဦးထွန်းဝေရဲ့ တပည့်တဦးက ထိုးကြိတ်ခဲ့တဲ့အတွက် ကိုဖိုးဖြူမျက်နှာမှာ ဖူးယောင်သွားပါတယ်။

အဲဒီလိုထိုးကြိတ်ခံရပြီးတဲ့နောက်မှာတော့် ၀ါဏိဇ္စပဋိက္ခရုံးနဲ့ အလုပ်သမားဖြေရှင်းရေး ကြီးကြပ်ရေးကော်မတီက ညှိနိုင်းပေးတဲ့အတွက် အလုပ်သမားတွေရဲ့ လစာတွေအပြည့်အ၀ရရှိခဲ့တဲ့အကြောင်း ရှေ့နေကိုဖိုးဖြူကပြောပါတယ်။

" ကျနော်အထိုးခံရတာကိုတော့ သက်ဆိုင်ရာက အမှုဖွင့်မပေးဘူး နေပြည်တော်တာဝန်ရှိသူတွေက အလုပ်သမားတွေကိစ္စကို ညတွင်းခြင်းပဲ ခေါ်ယူစစ်ဆေးပြီး နောက်နေ့မှာ ၀ါဏိဇ္စပဋိက္ခရုံးကနေ အလုပ်သမားတွေရဲ့ လခတွေကိုတော့ ဖြေရှင်းပေးလိုက်တယ်"

အခုဆက်ပြီးတော့လည်း သူတို့အဖွဲ့အနေနဲ့ အလုပ်သမားအရေးတွေကို ကူညီဖြေရှင်းပေးတဲ့အနေနဲ့ အလုပ်ရှင်ရဲ့ခေါင်းပုံဖြတ်ခံနေရတဲ့ရွှေပြည်သာစက်ရုံတရုံက အလုပ်သမားတွေအရေးကို ဆက်လက်ကူညီနေတယ်လို့ ပြောပါတယ်။ သူတို့အဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့လည်း အလုပ်သမားအရေး၊ လယ်သမားအရေးနဲ့ ကလေးစစ်သားအရေးတွေကို အိုင်အယ်လ်အိုနဲ့ပူးပေါင်းဖြေရှင်းသွားမဲ့အကြောင်းကို ရှေ့နေကိုဖိုးဖြူ ဆက်ပြောတာကတော့

"အလုပ်သမားအရေးဖြစ်ဖြစ် လူ့အခွင့်အရေးဖြစ်ဖြစ် တိုင်ချင်တယ်ဆိုရင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၆ ရပ်ကွက် အမှတ် ၂ ရွေစင်လမ်းမှာရှိတဲ့ အလုပ်သမားရေးဆောင်ရွက်သူ ဦးအေး နေအိမ်မှာ တိုင်ချင်တဲ့သူတွေအနေနဲ့ ဆက်သွယ်နိုင်ပါတယ်။ ကျနော်ကိုဖိုးဖြူကိုယ်တိုင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ကူညီနေပါတယ်" ဟု ပြောသွားသည်။

သူတို့ရဲ့ အလုပ်သမားလယ်သမားကူညီရေးအဖွဲ့ကို ဥပဒေအကြံပေးအဖြစ် ရှေ့နေကိုဖိုးဖြူ၊ တာဝန်ခံ
ဦမျိုးချစ်၊ ဦးအေးကြည်၊ ဦးတွမ်၊ ဦးအေးနဲ့ ဦးညွန့်တို့က အစဉ်တစိုက် ကူညီဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း သိရပါတယ်။





အညာနွေတမာမြေ


ကြားနေရမယ့်အချိန် ရောက်ပလား?

Posted: 26 Aug 2010 11:12 PM PDT

မီဒီယာသမားတွေကို ရဲဘော်ကျော်သန်း ဝေဖန်လိုက်လို့ မီဒီယာသမားဖြစ်တဲ့ ကိုမောင်မောင်မြင့်က တုံ့ပြန်ဝေဖန်တာတွေ ဖတ်လိုက်ရပါတယ်။ ကျွန်တော်ကတော့ ဟိုလူတော် ဒီလူတော်ပြောပြီး ကြားကမင်္ဂလာယူတတ်သူမဟုတ်တဲ့အတွက် ကျွန်တော့အတွေ့အကြုံကို တင်ပြမယ်၊ ကျွန်တော် ကတော့ လူမိုက်လို့ဘဲ ပြောရမလား ကိုယ့်ကမှားနေတယ်ထင်တာကို အားမနာတမ်း ပြောတတ်လို့ သူငယ်ချင်းတွေက ကျောင်းနေစဉ်က "တစောက်ကမ်း" ဆိုတဲ့ ဘွဲ့ကို ပေးခဲ့ကြပါတယ်။ အဓိကတော့ ကိုယ်တင်ပြချက်တွေဟာ ကိုယ်ကျိုးမဖက်ဘို့ လိုပါတယ်။ ဒီမီဒီယာဆိုတာ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးလို့ နိုင်ငံရေးသမားတွေက ယုံကြည်ကြပါတယ်။ မီဒီယာကို သုံးတတ်ရင် မီဒီယာရဲ့ပံ့ပိုးမှုနဲ့ ရွေးကောက်ပွဲတွေမှာ ပြိုင်ဘက်ကို အနိုင်ရတတ်သလို မီဒီယာကို မသုံးတတ်ရင် ချီးသေးကအစ မကောင်းတာမှန်သမျှ အညှိုးနဲ့ ပုပ်ချတာကို ခံရပြီး ကိုယ်ကျိုးနဲတတ်ပါတယ်။

မြန်မာနိုင်ငံလို စစ်အာဏာရှင်စံနစ်အောက်မှာ နှစ်ပေါင်းများစွာရောက်နေတဲ့ ပြည်သူတွေဟာ မဆလ၊ နဝတ၊ နအဖအစဉ်အဆက် ပြည်သူပိုင် (၎င်းတို့ပိုင်) လုပ်ထားတယ်ဆိုတဲ့ မီဒီယာရဲ့ နားမုဒိမ်း ကျင့်နေတာကို နေ့စဉ်နဲ့အမျှခံနေကြရပါတယ်။ ငါတို့အစိုးရလုပ်တာ အကုန်မှန်တယ်၊ ဒါတို့ ခေါင်းဆောင်ကြီးများ တိုင်းပြည်ကို စည်းကမ်းရှိစွာ ပြုပြင်နေတယ်။ တံတားတွေ ဆောက်နေတယ်၊ လမ်တွေခင်းနေတယ်၊ အနှစ်သာရရှိသော ခေါင်းဆောင်ကြီး၏ မိန့်ခွန်း၊ အတိုက်အခံ ပြည်ပပုဆိန်ရိုးများ ကျဆုံးရမည် စသည်ဖြင့် တွင်တွင်ကြီး မျက်စိမုဒိမ်း၊ နားမုဒိမ်း နေ့စဉ်ကျင့်နေသည့် အသုံးတော်ခံ မီဒီယာများကို တန်ပြန်နိုင်ရန် ပြည်သူ့အကျိုးပြု မီဒီယာများလိုအပ်ပါသည်။ ၈၈ နောက်ပိုင်း RFA နှင့် DVB တို့သည် ဒီမိုကရေစီအရေးကို စောင်းပေးမည့် သတင်းမီဒီယာများအဖြစ် ထွက်ပေါ်လာသည်မှာ ကျွန်ုပ်တို့အားလုံးအတွက် အားတက်စရာပါ။




ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သည် NCGUB နှင့် နော်ဝေးနိုင်ငံတို့ ပူးပေါင်းညှိုနှိုင်း လုပ်ဆောင်မှုဖြင့် ပေါ်ပေါက်လာသော အသံလွင့်ဋ္ဌာနဖြစ်သလို Radio Free Asia လွတ်လပ်သော အာရှအသံသည်လည်း အမေရိကအစိုးရကွန်ဂရက် ထောက်ပံ့မှုဖြင့် အာရှတိုက် ဒီမိုကရေစီထွန်းကား လာရေးအတွက် ရည်မှန်းချက်ဖြင့် ပေါ်ပေါက်လာသော ဋ္ဌာနများဖြစ်ပါသည်။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း NCGUB အစိုးရကို ဝေဖန်ခဲ့ပြီးနောက် ဆရာကြီး၏ သတင်းဆောင်းပါးများ၊ တွေ့ဆုံးဆွေးနွေးခန်းများကို DVB မှ ရပ်ဆိုင်းလိုက်ပါသည်။ ဆရာကြီးမသေမှီ ကျွန်တော့ကို ရင်ဖွင့်သွားခဲ့သဖြင့် သိရှိရပါသည်။ ဆရာကတော် အသက်ရှင်နေပါသေးသည်၊ မေးကြည့်နိုင်ပါသည်။

DVB တွင် ခင်မောင်ဝင်းကို NCGUB မှ ထောက်ခံမှုဖြင့် ခန့်အပ်လိုက်ပြီးနောက် DVB သည် ခင်မောင်ဝင်း ပိတ်ပင်ထားသောသူများကို တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်တော့ဘဲ ပိတ်ပင်ထား ခဲ့သည်ကို ထင်ရှားစွာတွေ့ရသည်။ နောက်ဆုံး DVB သည် ဘက်မလိုက် အသံလွှင့်ဋ္ဌာနဖြစ်သည်ဟု ဗြောင်ကြေငြာလာပြီး NCGUBနှင့် လုံးဝမသက်ဆိုင်တော့ကြောင်း၊ ဘက်မလိုက်ရပ်တည်မည်ဖြစ်ကြောင်း တရားဝင် ပြောကြားသည်အထိ ဖြစ်လာခဲ့သည်။ ကျွန်တော့အမြင်မှာ DVBသည် ဒီမိုကရေစီဘက်မှ ထုတ်လွှင့်သော အသံလွှင့်ဋ္ဌာနဖြစ်သည်၊ ကြားနေမဟုတ်၊ ဒီမိုကရေစီအင်အားစုတို့ဘက်မှ လိုက်၍အသံလွှင်ရမည့် တာဝန်ရှိသည်။ ဘက်မလိုက် မီဒီယာဟု အစကဆိုလျှင် ၎င်းတို့ကို မည်သူမျှ အလုပ်ခန့်မည်မဟုတ်ချေ။ ကျွန်တော့အမြင်သည် ခင်မောင်ဝင်းသည် ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်တယောက်ဖြစ်သည်။ တော်လှန်ရေးသမားဟု အမည်ခံယူခဲ့သူဖြစ်သည်။ DVB တွင် သူ့လက်သူ့ခြေ ဖြစ်လာသည့်အခါမှ ဘက်မလိုက်သတင်းသမားဟု ဟစ်ကြွေးသည်မှာ သူ့သရုပ်ကို ဖေါ်ပြခြင်းပင်ဖြစ်သည်။ အစကတည်းက စစ်အစိုးရကို ဆန့်ကျင်လာသူဟုဆိုသူက မီဒီယာသမားအဖြစ် ကောင်းစားလာသောအခါ ယ္ခင်တော်လှန်ရေးသမားဘဝကိုမေ့ပြီး ကြားနေမီဒီယာလုပ်ခြင်းသည် တော်လှန်ရေးကို သစ္စာဖောက်၍ ကိုယ်ကျိုးရှာခြင်းပင်ဖြစ်သည်။

ABSDF ဗဟို ကော်မီတီတွင် ပြန်ကြားရေးတာဝန်ခံလုပ်ပြီး ညီလာခံတွင် မည်သည့် အလုပ်ကိုမှ တင်ပြနိုင်ခြင်းမရှိဘဲနှင့် ကျွန်တော်ရေးသားပြီး နှုတ်ခမ်းမွှေး အောင်သန်းမှ ရိုက်နှိပ် ဖြန့်ချီသည့် "နီကာရာဂွါ ရွေးကောက်ပွဲ" "ဖီလစ်ပိုင်ရွေးကောက်ပွဲ" စသည့် ဆောင်းပါးများကို ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မှီ ပုံနှိပ်၍ ပြည်တွင်းသို့ ABSDF ပြန်ကြားရေးဋ္ဌာန အမည်ခံပြီး ဖြန့်ချီပေးခဲ့ခြင်းကို ၎င်းဋ္ဌာနမှ လုပ်ပါသည်ဟု ဗြောင်လိမ်ခဲ့သူဖြစ်သည်။ တဖန် တတိယအကြိမ် ညီလာခံမှ မှတ်တမ်းများကို၊ တိတ်ခွေများကို ပြန်ကြားရေး တာဝန်ခံအဖြစ် သိမ်းဆည်းသည့်အခါ "ဒါတွေက တနေ့ ရွှေတွေဗျ" ဟု ပြောသူမှာလည်း ခင်မောင်ဝင်းပင်ဖြစ်သည်။

ကျွန်တော့အနေနှင့် မီဒီယာသမားအားလုံးကို မဆိုလိုပါ။ မီဒီယာသမားများထဲတွင် အခွင့် အရေးသမားများ၊ ရန်သူ့ပုဆိန်ရိုးများကို သတိထားရမည်၊ သူ့လူကိုယ့်ဘက်သမားများကို ပညာမျက်စိ ဖြင့် ကြည့်တတ်ရမည်ဟု သတိပေးလိုပါသည်။

ကျွန်တော်တို့ ပြင်ပရှိ မီဒီယာများတွင် လွတ်လပ်မှု အပြည့်ရှိပါသည်၊ မည်သူ့ကိုမျှ ကြောက်လန့် နေစရာမရှိ၊ အစိုးရမှ ပြည်တွင်း မီဒီယာများကို ထိမ်းချုပ်၍မလွယ်၊ ထိုကြောင့် BBC, VOA, RFA ညာနေသည်၊ မိုးလုံးပြည့် မုသာဝါဒီများ စသည်ဖြင့် နအဖက တိုက်ခိုက်လာပါသည်။ ကျွန်တော့ အနေနှင့် နအဖနေရာမှနေ၍ စဉ်းစားလျှင် ၎င်းပြည်ပမီဒီယာများကို ဘယ်လိုနှုတ်ပိတ်အောင် လုပ်မလဲဆိုလျှင် ပြည်တွင်းကဲ့သို့ အာဏာသုံး၍မရဖြင့် ဥပါယ်တမျဉ်ဖြင့် မိမိလူများကို မီဒီယာထဲသို့ သွတ်သွင်းပေးရမည်ဟု ဆုံးဖြတ်ရမည်ဖြစ်သည်။ ကျွန်တော် တက္ကသိုလ် ကျောင်းသားဘဝ ၁၉၇၃ ခုနှစ်လောက်က ကျွန်တော့သူငယ်ချင်းအိမ်တွင် အင်္ဂလိပ်စာကျူရှင်ပေးသည့် ကရင်ကျောင်းဆရာ တယောက်ရှိပါသည်။ တနေ့တွင် ၎င်းက ဝမ်းသာအားရနှင့် သူ့ကို BBC တွင် တာဝန်ထမ်းဆောင်ရန် အရွေးခံရကြောင်း ပြောသဖြင့် ဝမ်းသာမိကြပါသည်။ ထိုသူသည် ရိုးသား၍ ကြိုးစားသော မြန်မာ- အင်္ဂလိပ်နှစ်ဘာသာကို ကြေညက်သောသူဖြစ်သည်။ အသံလွှင့်သမားကောင်း တယောက်ဖြစ်နိုင်သည့် အသံသြဇာနှင့်လည်း ပြည့်စုံပါသည်။ သို့ရာတွင် နောင်သုံးလအကြာ ၎င်းအတွက် ပတ်စပို့ ဗီဇာစောင့်နေစဉ် Reject လုပ်ခံရပါတယ်။ အကြောင်းမှာ မြန်မာအစိုးရက ၎င်းသည် ကွန်မြူနစ်စံနစ် ယုံကြည်သူတဦးဖြစ်သည်ဟုဆိုကာ သတင်းပေးသောကြောင့်ဟု သိရပါသည်။ BBC မှ အစိုးရ ထောက်ခံသူတယောက်ကို ရွေးယူသွားခဲ့ပါသည်။

နောက်တချက်မှာ VOA တွင် အလုပ်လုပ်ခဲ့သူ ဝန်ထမ်းတဦးမှ ကျွန်တော့အား သူ့အမည်ကို မပြောရန် ဂတိခံ၍ ပြောကြာခဲ့မှုဖြစ်ပါသည်။ ၎င်းအား တနေ့တွင် VOA မှ တာဝန်ရှိသူက နေ့လည် ထမင်းစားခေါ်ယူခဲ့ပြီး၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တဦးနှင့် ပေးတွေခဲ့သည်ဟုဆိုသည်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ၎င်းအား "အေး... မင်းရေးချင်တာရေး အသံလွှင့်ချင်တာလွှင့်ပေါ့ကွာ၊ ဒါပေမဲ့ ငါတို့ထိခိုက်မယ်ဆိုတဲ့ ဟာမျိုးကို ပေါ့ပြီးလွှင့်၊ အရေးကြီးတာကို အရေးမကြီးသလိုမျိုးပေါ့ကွာ၊ နားလည်တယ်မဟုတ်လားဟု ပြောခဲ့ကြောင်း၊ နောက် မင်းလဲတနေ့ မြန်မာပြည်ကို ပြန်မှာဘဲ လိမ်လိမ်မာမာ လုပ်ပေါ့ကွာ" ဟု ဆုံးမသွားသေးကြောင်း ရင်ဖွင့်ခဲ့ပါသည်။ သူ့အနေနှင့် ဋ္ဌာနမှုး (ယ္ခုဋ္ဌာနမှုးမဟုတ်) က ယ္ခုလို သံအမတ်ကြီးနှင့် ရင်းနှီးကျွမ်းဝင်ကြောင်း တွေ့ရ သဖြင့် Shock ရှော့ဖြစ်သွားသည်ဟု ဆိုပါသည်။

ထို့ကြောင့် သတင်းဋ္ဌာန အထူးသဖြင့် မြန်မာပြည်သူ သန်း ၅၀ ကျော်ကို တချိန်တည်း သတင်း ပေးနိုင်သော ရေဒီယို အသံလွှင့်ဋ္ဌာနများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် အနေအထား တွင် ရှိပါသည်။ BBC, VOA, တို့သည် အစကနဦးတည်းက ဘက်မလိုက်သတင်းဋ္ဌာနများဖြစ်သည်။ VOA သည် အမေရိကန် အစိုးရပေါ်လစီဘက်သို့ ယိမ်းရသည်ကို မငြင်းနိုင်ချေ။ RFA, DVB တို့သည် ဘက်လိုက်ကိုလိုက်ရမည်ဟု မြင်သည်။ ဘက်မလိုက်လိုလျှင် RFA, DVB မှ ထွက်ပြီး BBC, VOA သို့ ဝင်ကြပါဟု တိုက်တွန်းလိုသည်။ ဘက်မလိုက် ကိုယ်ပိုင်ထောင်လိုက ထောင်ကြပါ။ DVB, RFA နာမည်ခံပြီးတော့ စစ်အာရှင်များကို တန်းတူအားပေးမှု မပြုသင့်ဟု ယုံကြည်သည်။ ရန်သူသည် ပြင်ပသတင်းဋ္ဌာနများကို အင်အားသုံး၍ မထိမ်းချုပ်နိုင်လျှင် အနုနည်းဖြင့် အတွင်းလူများထည့်ပြီး လှိုက်စားနိုင်သည် လှိုက်စားနေသည်ကို မျက်စိဒေါက်ထောက်ကြည့်ဘို့လိုသည်ဟု သတိပေးလိုက် ချင်ပါသည်။

နိဂုံအားဖြင့် ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်နှင့် ဂျာမန်တိုက်နေစဉ် အင်္ဂလိပ်ဘက်မှ အသံလွှင့်သူ များကလည်း မည်ကဲ့သို့ အောင်ပွဲခံနေသည်၊ ရန်သူမည်မျှကျဆုံးသည်ကို ပြောနေ သကဲ့သို့ ဂျာမန်မှလည်း ထိုနည်းတူပြောလျက် ဝါဒဖြန့်ချီကြသည်။ ယနေ့မြန်မာပြည်သည်၊ ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့ စစ်ဖြစ်နေသည့်ပွဲဖြစ်သည်။ စစ်ပွဲမပြီးသေး၊ ကျွန်တော်တို့ အနေနှင့် စစ်အာဏာ ရှင်များကို တန်းတူအခွင့်အရေးပေးစရာမလိုဟု လုံးဝယုံကြည်သည်။ ရန်သူ့လူများ မီဒီယာသမားများ ထဲတွင် ဝင်ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ယုံကြည်သည်။ ဒီမိုကရေစီ ရရှိရေးကို လိုလား သူများပီပီ အတိုက်အခံနိုင်ငံရေးသမားများကို ဇောင်းပေး၍ ၎င်းတို့အသံကို ဖော်ထုတ်ပေးနိုင် ဘို့လိုသည်။ ပုဂ္ဂိုလ်ရေးများဖြင့် ဆင်ဆာလုပ် ပိတ်ပင်နေခြင်းမျိုးကို ခွင့်မလွှတ်သင့်ဟု ယုံကြည်ပါသည်။ ဒါကြောင့် ကြားနေရမဲ့ အချိန်ရောက်ပြီလားမောင်တို့ဟု မေးလိုက်ပါကြောင်း။

ထွန်းအောင်ကျော်


အညာနွေတမာမြေ


ကိုမျိုးရန်နောင်သိမ်းလည်း သပိတ်မှောက်ပြီ

Posted: 26 Aug 2010 11:04 PM PDT

ရွေးကောက်ပွဲဝင်မဲ့ ဒီမိုကရက်တစ်ပါတီတွေကို ထောက်ခံရမယ်ဆိုပြီး ရွေးကောက်ပွဲအားပေးတဲ့ ဆောင်းပါးတွေ ရေးနေတဲ့ ကိုမျိုးရန်နောင်သိမ်းက ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လှုံ့ဆော်သွားပါတယ်။ မူရင်းလက်ရေးဖိုင်ကို တင်ပြလိုက်ပါတယ်။





အညာနွေတမာမြေ




Thursday, August 26, 2010

တိုင်းရင်းသားအရေး နဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး

Posted: 26 Aug 2010 01:21 AM PDT

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၂/၂၀၁၀)
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၆ ရက်)

ကိုယ်ပိုင်အမြင်ပဲထုတ်ပြောလေသလား၊ ရေးပေးတာကိုပြောရရှာလေသလားတော့ဖြင့်အတိအကျမသိနိုင်ပါ။
ကရင်ပြည်နယ်အတွင်း မကြာသေးခင်က နေရာဒေသ (၆) နေရာခွဲပြီး "နယ်ခြားစောင့်တပ်" အဖြစ်ဖွဲ့စည်းအသွင်ပြောင်းသွားတဲ့ (ဒီကေဘီအေ) အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆိုသူကပြောသွားတဲ့စကားပါ။

"မြန်မာ့သမိုင်းတွင် ပါတီနိုင်ငံရေးသမားလက်ထဲကို နိုင်ငံဦးဆောင်မှုတာဝန်များ အပ်ခဲ့စဉ်က မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုး စီးပွားရှေ့တန်းတင်မှုများကြောင့် အမျိုးသား အကျိုးစီးပွားလမ်းကြောင်းမှ သွေဖည်လွဲချော်သွားသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း" တဲ့။

"ပါတီနိုင်ငံရေးသမား"ဆိုတာ (ဖဆပလ/ပထစ) ခေတ်ကိုပြောတာဆိုရင်ဖြင့် အဲဒီ (ဖဆပလ) အစိုးရခေတ်ဟာဝေးခဲ့၊ ကြာခဲ့ပြီပဲ။

ပါတီနိုင်ငံရေးသမားတွေ အုပ်စိုးနိုင်ခဲ့တာ (၁၄) နှစ်သာသာမျှ ရှိတာပါ။ စစ်အုပ်စုက အုပ်စိုးခဲ့တာ(၄၈နှစ်) ရာစုနှစ်ဝက်ရှိတော့မည်။
သိပ်မဝေးလှသေးတဲ့ကာလဖြစ်တဲ့(မဆလ)ပါတီဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ အဆင်းရဲဆုံးတိုင်း ပြည် (LDC) ဖြစ်ခဲ့ရတာ၊ နှစ်ပေါင်း ၂၂ နှစ်ကျော်(နဝတ- နအဖ) စစ်အစိုးရလက်ထက်မှာရော တိုင်းပြည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဘက်ပေါင်းစုံ နိမ့်ကျခဲ့ရတာပဲ မဟုတ်ပါလား။

နိုင်ငံပိုင် ဓနဥစ္စာမှန်သမျှ (နဝတ-နအဖ) စစ်အုပ်စုက လက်ဝါးကြီးအုပ်ထားခဲ့တာပဲ မဟုတ်ပါလား။

အဲဒီလိုခေတ်ဆိုး ခေတ်ပျက်ကြီးထဲမှာ "အပစ်ရပ်တိုင်းရင်းသားခေါင်းဆောင်" ဆိုသူအချို့ဟာ စစ်အုပ်စုကအသုံးချတာကို ခံခဲ့ရပါတယ်။ ခင်ဗျားတို့ဟာ အလွန်ဆုံးဖြစ်နိုင်မှ "လုပ်ငန်းရှင်"ဆိုတဲ့ ခေတ်ပျက်သူဌေးနဲ့ "ရော်ဘာခြံပိုင်ရှင်"လောက်ပဲ ဖြစ်ပါလိမ့်မယ်။ တစ်ချိန်က တော့ မဟာဗမာလူမျိုးကြီးဝါဒကို တော်လှန်တဲ့ မျိုးချစ်တော်လှန်ရေးသမား၊ အမျိုးသားတော်လှန်ရေးသမား အခုတော့ ဘယ်ဘဝမှာ ဆိုက် ရောက်နေပြီလဲ။ (နဝတ-နအဖ) စစ်အုပ်စုက မဟာဗမာလူမျိုးကြီးဝါဒကို စွန့်လွှတ်လိုက်ပြီလား။ ဆက်လက်ကိုင်စွဲထားဆဲလား။

ထူးခြားတာကတော့ (ဖဆပလ)ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ (မဆလ)ခေတ်၊ (နဝတ-နအဖ)ခေတ်တွေမှာ တိုင်းရင်းသား တော်လှန်ရေးသမား သူရဲကောင်းတွေ၊ အာဇာနည်တွေပေါ်ပေါက်ခဲ့သလို၊ အုပ်စိုးသူထံ ဒူးထောက်အညံ့ခံသွားတဲ့ "တိုင်းရင်းသားခေါင်း ဆောင်" ဆိုသူတွေလည်း ပေါ်ပေါက်ခဲ့တာပါပဲ။ ထို"တိုင်းရင်းသားခေါင်းဆာင်" ဆိုသူတွေဟာ ဗမာလူမျိုးကြီးဝါဒကို မုန်းတီးတဲ့နေရာမှာ ဗမာ လူမျိုးကိုပါ မုန်းတီးတဲ့အစွန်းထိ လူမျိုးရေးပြင်းထန်ခဲ့ကြသူတွေ ဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမယ့် သူတို့ဟာ သူတို့မုန်းတီးလှပါတယ်ဆိုတဲ့ မဟာဗမာ စစ်ဝါဒီတွေထံ အညံ့ခံသွားကြတာပဲဖြစ်ပါတယ်။

(နဝတ-နအဖ) စစ်အစိုးရ ခေတ်မှာဆိုရင်လည်း တိုင်းရင်းသားလူမျိုးစုတွေအပေါ် ဖိနှိပ်စစ်ပြုလွန်းလို့ "လူသားမိုင်းရှင်းကိရိယာ" အဖြစ် အသုံးပြုနေတယ်။ "အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ်" အသုံးပြုနေတယ်ဆိုပြီး တိုင်းရင်းသား လူ့အခွင့်အရေး အဖွဲ့တွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေထံသို့ ဖော်ထုတ်အစီရင်ခံခဲ့ကြတာပါ။ တချို့ဆိုလျှင် "လူမျိုးတုန်းသတ်ဖြတ်မှု" (Genocide)ဆိုတဲ့ ဝေါဟာရကို သုံးစွဲပြီး တင်ပြခဲ့ကြတာပါ။ ဒါပေမယ့် အဲဒီဝေါဟာရကို တွင်တွင်ကြီုး သုံးစွဲခဲ့သူ တိုင်းရင်းသားအချို့ဟာ အခုတော့ဖြင့် (နအဖ) စစ်အစိုးရက ပြုလုပ်ပေးမယ့် "၂၀၁၀ ရွေးကောက်ပွဲ" ကို ပါဝင်ဖို့ ထောက်ခံအားပေး နေကြပြန်ပါတယ်။

ဒါ့အပြင် ဒီနေ့ကာလမှာ "တိုင်းရင်းသား"လို့ ပြောရင် "ဗမာ" မပါဘူးဆိုတဲ့ အဓိပ္ပါယ်ထွက်နေပြီး။ "တိုင်းရင်းသားအရေး"လို့ပြောရင် ဒီမိုကရေစီအရေးနဲ့ မဆိုင်ဘူးလို့ သဘောထားနေကြတဲ့ အဖြစ်ဟာလည်း ဆိုးရွားလွန်းလှပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးက အသိအမှတ်ပြု ထားတဲ့ မြန်မာနိုင်ငံဆိုတဲ့ ပထဝီအပိုင်း နယ်နိမိတ်အပိုင်းအခြားထဲမှာ နေထိုင်ကြတဲ့ ကချင်၊ ကရင်နီ(ကယား) ၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင် ၊ ရှမ်း၊ ဝ၊ ပအိုဝ်း၊ ပလောင်စတဲ့ လူမျိုးတိုင်းကို "တိုင်းရင်းသား"လို့ ခေါ်ရမှာဖြစ်ပါတယ်။ ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ "စစ်အာဏာရှင်စနစ် အကုန်အစင် တိုက်ဖျက်ရေး"ဆိုတာဟာ စစ်မှန်တဲ့ပါတီစုံ ဒီမိုကရေစီအရေးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ အချက်တွေကို အဓိကထား တိုက်ပွဲဝင်နေကြတာပါ။ စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းနိုင်ပဲ။ ဒီမိုကရေစီရေးလည်း မရနိုင်သလို၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်ဆိုတာတွေကိုလည်း အပြည့်အဝ အကောင်အထည် ဖော်နိုင်လိမ့်မည် မဟုတ်ပါ။

(နဝတ-နအဖ) စစ်အစိုးရပြောနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ စဝ်ဆေထင်တို့ကို နှစ် ရှည်ထောင်ဒဏ်ချမှတ်ထားတာ၊ (ကေအင်ယူ)နဲ့ (ဒီကေဘီအေ)ခွဲလိုက်တာနဲ့အချင်းအချင်းပြန်တိုက်ခိုင်းတာ၊ (ကေအိုင်အို)နဲ့ (အန်ဒီအေ)ကို ရန်တိုက်ပေးတာ၊ ဒေါက်တာ တူးဂျာကို (KSPP) ပါတီဖွဲ့ခွင့်မပေးဘဲ၊ ဒူဝါကက်ထိန်နန်ကို ပါတီထောင်ခွင့်ပေးတာ စတာတွေပဲ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသားပါတီ
နယ်ခြားစောင့်တပ်ဖွဲ့ရတဲ့ တိုင်းရင်းသား
နယ်ခြားစောင့်တပ် မဖွဲ့ရေး ရပ်ခံနေတဲ့ တိုင်းရင်းသား
ပြည်ပရောက်ပြီး ရွေးကောက်ပွဲဝင်သင့်ပါတယ်လို့ ရှေ့နေလိုက်နေတဲ့ တိုင်းရင်းသား
လက်နက်ကိုင်ပြီး ဆက်လက်တိုက်ပွဲဝင်နေဆဲ တိုင်းရင်းသား - စသဖြင့် အနည်းနည်းအဖုံဖုံ ဖြစ်နေပါတယ်။

နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းမလား၊ အခြားနည်းလမ်းမရှိလို့ (နအဖ) စစ်အစိုးရက ရာဇသံပေးနေပါတယ်။ အပစ်ရပ် တိုင်းရင်းသားများ ဘယ်လိုရပ်တည်ရင်ဆိုင်ကြမလဲ။ ယနေ့ အထိ နယ်ခြားစောင့်တပ်(၂၃) ဖွဲ့၊ ဖွဲ့စည်းပြီးသွားပါပြီ။

စစ်အုပ်စုက ကြွေးကြော်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာရဲ့ အဆုံးစွန်ရည်မှန်းချက်ကတော့ တိုင်းရင်းသား အပစ် ရပ်အဖွဲ့တွေ (နဝတ-နအဖ) စစ်အစိုးရထံမှာ အကြွင်းမဲ့ လက်နက်ချရေးသာဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ အုပ်စိုးသူအဆက်ဆက်ကို လက်နက်ကိုင်တော်လှန်ခဲ့ကြခြင်းဟာ "နယ်ခြားစောင့်တပ်ဖွဲ့ရေး" အတွက် မဟုတ်ပါ။ ထူးခြားချက်လို့ ဆိုရမလားမသိပါ။ တစ်ချိန်က လက်နက်ကိုင်တော်လှန်ရေး ခေတ်ကောင်းစဉ်က တိုင်းရင်းသားလူမျိုးစုတိုင်းမှာ ကိုယ့်အမျိုးသားကို ကာကွယ်ဖို့ တပ်ဖွဲ့၊ တပ်မတော်ကိုယ်စီ ရှိခဲ့ဖူးတယ်။ အုပ်စိုးသူတွေကို တော်လှန်ခဲ့ဖူးတယ်။

ယနေ့ မီဒီယာခေတ်မှာလည်း တိုင်းရင်းသားလူမျိုးစုတိုင်းနီးပါး မီဒီယာ ကိုယ်စီ ရှိနေကြတယ်။
ပိုင်ဆိုင်ရရှိထားတဲ့ မီဒီယာကို စစ်အုပ်စုရဲ့ အကြမ်းဖက်မှု၊ ကောက်ကျစ်ယုတ်မာမှု၊ လှည့်ဖျားမှုတွေကို စဉ်ဆက်မပြတ် ဖွင့်ချပြီး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူများသွေးစည်းညီညွတ်ရေး ဘုံဦးတည်ချက်အတွက် ထိထိရောက်ရောက် အသုံးပြု နိုင်လျှင် ကောင်းလေစွလို့ ဆုတောင်းမိပါတယ်။







အညာနွေတမာမြေ



 

ရွေးကောက်ပွဲကို ကျောခိုင်းရန်လိုအပ်ဟု ဦးဝင်းတင် ပြောကြား


၂၀၁၀ ရွေးကောက်ပွဲအပေါ်တွင် ပြည့်စုံသည့်တုံ့ပြန်မှု ဖြစ်စေရန်အတွက် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လိုအပ်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

"ပြည့်စုံတဲ့တုံ့ပြန်မှုဆိုတာ ဒီရွေးကောက်ပွဲက မတရားဘူး။ ဒီရွေးကောက်ပွဲသွားမယ့် လမ်းခရီးကလည်း မှားနေတဲ့ဟာဆို ကျနော်တို့လိုပဲ သပိတ်မှောက်ပေါ့။ ရွေးကောက်ပွဲကို သပိတ်မှောက်ရမယ်" ဟု ၎င်းက ပြောသည်။

ကြက်သွန်နီဈေး (၂) ဆ ကျော်တက်

တရုတ်ဘက်သို့ ကြက်သွန်နီ တင်ပို့မှု ရှိလာသဖြင့် ကြက်သွန်ဈေး နှစ်ဆကျော် ပြန်တက်လာကြောင်း ဘုရင့်နောင် ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကြက်သွန်နီ အကောင်းစား တပိဿာ (၁၈၀) ကျပ်မှ ယခု သြဂုတ်လလယ်ပိုင်းတွင် အကောင်းစား တပိဿာ (၄၂၅) ကျပ်ထိ ဈေးတက်လာခြင်းဖြစ်သည်။

မွန်ပြည်သစ်၏ အကြောင်းပြန်ရက် စစ်အစိုးရ သတ်မှတ

မွန်ပြည်သစ်ပါတီက ပြည်သူ့စစ် အသွင်ပြောင်းဖွဲ့စည်းရန် လက်ခံ မခံ ဆိုသည်ကို နောက်ဆုံးအကြောင်းပြန်ရန် နအဖ စစ်အစိုးရက နေ့ရက် အတိအကျ သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။

မွန်ပြည်သစ် ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က "ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ကြတော့ တပ်အသွင်ပြောင်းဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပါတီရဲ့ သဘောထား အကြောင်းပြန်ဖို့ အခြားအပစ်ရပ်အဖွဲ့တွေလိုပဲ စက်တင်ဘာ (၁) ရက်နေ့ကို နောက်ဆုံးရက်အဖြစ် သူတို့သတ်မှတ်လိုက်တာ။ အဲဒီအချိန် အကြောင်းမပြန်ဘူးဆိုရင် ၁၉၉၅ ခုနှစ်မတိုင်ခင်ကလို အခြေအနေမျိုး ရောက်သွားနိုင်တယ်လို့လည်း သူတို့ပြောသွားတယ်" ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင်များ ဖြစ်ကြသော နိုင်အောင်မင်း၊ နိုင်တလညီတို့ ဦးဆောင်၍ ဗဟိုကော်မတီဝင် နိုင်နိုင်ဒူး၊ နိုင်ခင်အေး စုစုပေါင်း (၄) ဦးနှင့် ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ ပြီးခဲ့သည့် သြဂုတ် (၂၃) ရက်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၌ တွေ့ဆုံခဲ့စဉ် ယင်းကဲ့သို့ သတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် တစ်သီးပုဂ္ဂလ အမတ်များ မှတ်ပုံတင်

နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်မရသည့် ကချင်ပြည်နယ်ရှိ ကချင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တသီးပုဂ္ဂလ အမတ်များအဖြစ် ယနေ့မှစ၍ မှတ်ပုံတင်နေပြီဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။

မှတ်ပုံတင်စာရင်း တင်မည့် လွှတ်တော်ကိုယ်စားလှယ်တဦးက "ကျနော်တို့က ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ မှတ်ပုံတင်ခွင့်ရရင် သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မလို့ စဉ်းစားထားတယ်။ အခု သူတို့ပါတီ မှတ်ပုံတင်ခွင့် မရမှာ သေချာသလောက် ဖြစ်ပြီဆိုတော့ ကျနော်တို့ မိတ်ဆွေတွေ အချင်းချင်း တိုင်ပင်ပြီး တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျနော့်မိတ်ဆွေတွေလည်း ဒီနေ့ပဲ အားလုံး မှတ်ပုံသွားတင်ကြမယ်။ ကျနော်တို့ကို ရွေးကောက်ပွဲဝင်ဖို့ အမတ်လောင်းအဖြစ် ခွင့်ပြုမပြုကိုတော့ နောက်လလောက်ကျမှ သိရမယ်" ဟု ပြောသည်။




Read more..
http://www.khitpyaing.org


Burmese Canadian Activists urge to Canadian Government for Burma Crimes Inquiry


 

Thursday, August 26, 2010

Hon. Lawrence Cannon
Minister of Foreign Affairs
Government of Canada

House of Commons
Ottawa, ON
K1A 0A6
Tel: (613) 992−5516 begin_of_the_skype_highlighting              (613) 992−5516      end_of_the_skype_highlighting
Fax: (613) 992−6802
Email: Cannon.L@parl.gc.ca

August 24, 2010

Dear the Honourable Minister Lawrence Cannon

As you fully aware, Burma is presently in the midst of a severe political and humanitarian crisis
that calls for immediate international attention.

We are proud to be Canadians of Burmese origin witnessing consistence and unwavering support of
Canadian Government led by the Right Honourable Prime Minister Stephen Harper and Ministry of
foreign Affairs led by you to the restoration of Democracy and Human Rights in Burma.

The successive military regimes that hold the power by coupe since 1962 knows too well to play
and exploit the international and regional politics to their benefit. They won't heed any call and
they won't care any blame. They rule the people by force and the only thing they understand
serious is also force. Unless leading international democratic countries show to take real action,
there won't be any improvement to the suffering of Burmese people and the stability of the
region.

There will be a sham election in November of this year to reinstate the authoritarian regime led
by same generals. At the same time the generals of Burma are secretly and actively pursuing to
hold the nuclear weapon with rough North Korea regime, the defiance act against UNSC
resolution 1874.

As mentioned in the Washington Post on August 20, 2010, the evidence against Burma's junta
has been piling up for many years. Thousands upon thousands of girls and women have been
raped by the Burmese army as a tactic of war; children have been press-ganged to serve as
porters; civilians have been used as human minesweepers in operations against armed ethnic
groups; 3,500 villages have burned to the ground in recent years; millions of people have been
forced from their homes. These are some of the many crimes against humanity sponsored by the
generals who rule their Southeast Asian nation of 50 million people.

A growing group of politicians, legal experts, human rights leaders, human rights organizations
and governments are asking for the establishment of a Commission of Inquiry into crimes against
humanity and war crimes in Burma. The governments of Britain, Australia, the Czech Republic,
Slovakia and recently the United States, 80 Canadian Parliamentarians, a former senior legal
adviser to the ICC, former and current UN Special Reporters on human rights in Burma, and the
Burma Lawyers Council are among the governments, organizations and individuals who have

deplored the situation in Burma and supported the creation of a U.N. Commission to look into
alleged crimes against humanity and war crimes in Burma.

On June 2, 2009, Geoffrey Nice, the principal prosecution trial attorney in the case against
Slobodan Milosevic in the International Criminal Tribunal for the former Yugoslavia, and Pedro
Nikken, executive committee member of the International Commission of Jurists and former
President of the Inter-American Court of Human Rights, wrote in the Washington Post and urged
the UN Security Council to authorize a Commission of Inquiry into crimes against humanity and
war crimes in Burma.

In March 2010, the International Tribunal in New York, organized by Nobel Women Initiatives,
called for the establishment of a Commission of Inquiry into crimes against humanity and war
crimes committed by the Burmese regime.

Also in March 2010, at the UN Human Rights Council session, the UN Special Rapporteur for
the Human Rights Situation in Burma, Tomas Ojea Quintana, formally urged the UN to consider
the possibility of establishing a Commission of Inquiry into alleged crimes against humanity and
war crimes committed by the regime.

In his report, Quintana said: "Given the gross and systematic nature of human rights violations in
Myanmar [Burma] over a period of many years, and the lack of accountability, there is an
indication that those human rights violations are the result of a state policy that involves
authorities in the executive, military, and judiciary at all levels."

The White House said in a statement that it believes the commission could advance the cause of
human rights in Myanmar, also known as Burma, by "addressing issues of accountability for
responsible senior members of the Burmese Regime.

It is long overdue that the world acknowledges that the Burmese regime is guilty of heinous and
brutal acts against its own people.

For this reason we, undersigned organizations, the supporters of the pro-democracy movement
for Burma based in Canada and individual friends of Burma, are writing to you with an urgent
appeal to ask the Government of Canada to show its leadership as before by joining a call to
create an International Commission to investigate alleged war crimes by Burma's Military Junta.

We look forward to a response to this letter and immediate action to help resolve the crisis in
Burma.

Yours sincerely,

Timothy Zaw Zaw

Coordinator

BurmeseCanadianNetwork@gmail.com

ဘဘဦးတင်ဦး,ဘဘဦးဝင်းတင်နှင့်NLD ခေါင်းဆောင်များသို့


 

Thursday, August 26, 2010


 

မောင်ချင့်ချိန်

လေးစားရပါသောဘဘဦးတင်ဦး,ဘဘဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များခင်ဗျာ ၊ နအဖစစ်အုပ်စုရဲ့တဘက်သတ် လက်ခမောင်းခတ်စိန်ခေါ်မှုတွေနဲ့ ၊ အံခဲခံစားနေရတဲ့ ပြည်သူလူထုရဲ့မချိတင်ကဲဖြစ်နေမှုတွေကြောင့် တိုက်တွန်းအား ပေးနှိုးစော်လွှာအဖြစ် ဒီစာကိုရေးလိုက်ရပါတယ်ခင်ဗျာ ။

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အောင်သီးအောင်ပွင့်အဖြစ်ပေါ်ထွက်လာခဲ့တဲ့NLDဟာ ၁၉၉၀ထဲက လူထုရဲ့တပ်ဦးပါတီ ဖြစ်ခဲ့တာပါ ၊ လူထုကလဲ ၁၉၉၀ရွေးကောက်ပွဲမှာ သူတို့ဆန္ဒပြုခဲ့တဲ့ပါတီအဖြစ်ရော၊ခွပ်ဒေါင်းအလံကိုတရားဝင်ကိုင်ဆွဲခွင့် ရခဲ့တဲ့ပါတီအဖြစ်ရော ၊ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ပါတီအဖြစ်နဲ့ပါ ခုချိန်ထိမျှော်လင့်နေဆဲဆိုတာ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းရေး ၊ လူ့အခွင့်အရေးများအပြည့်အ၀ရရှိရေး ၊ အာဏာရှင်ဆန် သောအစိုးရမျိုး နောင်ဘယ်သောအခါမှမပေါ်ပေါက်ရလေအောင် ဒီမိုကရေစီအခြေခံအုတ်မြစ်များ ခိုင်မာစွာချမှတ်ရေး ၊ တိုင်းရင်းသားညီအကိုများ နိုင်ငံရေးခွင့်တူညီမျှရရှိပြီး ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ရေး ၊ ပြည်သူလူထု၏ဘ၀ ခေတ်မှီဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိုအကျိုးပြုနိုင်စေရေးဆိုတဲ့ မှန်ကန်တဲ့ဦးတည် ချက်တွေကြောင့် ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်အင်အားစုအားလုံးရဲ့ဦီးဆောင်ပါတီအဖြစ်တည်ရှိခဲ့ သလို စစ်အာဏာရှင်တွေရဲ့ အဓိကထားဖြိုခွင်းတိုက်ခိုက်မှုကို တလျှောက်လုံးခံခဲ့ရတာလဲ မြင်သိခံစားရပါတယ် ။

ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ ကျွန်တော်တို့အနေနဲ့ NLD ကို အကြိမ်ကြိမ်မျှော်လင့် အားထားခဲ့ဘူးပါတယ် ၊ ၁၉၉၀ကစလို့ နှစ်၂၀ဆိုတဲ့အချိန်ကာလမှာ မချင့်မရဲအားမလိုအားမရဖြစ်ခဲ့ရတာတွေချည်းသာ ဖြစ်ပြီး NLD ကိုယ်တိုင်ကလဲ အာဏာပိုင်တွေရဲ့တဘက်သတ်ဖိနှိပ်မှုတွေကြောင့် အကျိုးမဖြစ်အရာမထင်ဖြစ်ခဲ့ရသည့် အတွက် ပြည်သူအပေါင်းအားအနူးအညွတ်တောင်းပန်ခဲ့တာကို ၂၀၁၀ခု ၊ ဧပြီလ (၆)ရက်နေ့ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားလွှာမှာတွေ့ခဲ့ရပါတယ် ၊ အဲဒီကြေငြာချက်မှာပါသလို NLD အနေနဲ့ ပြည်သူလူထုနဲ့ဒီမိုကရေစိအရေးတော်ပုံကို မည်သည့်အခါမှကျောခိုင်းစွန့်ခွာသွားမှာမဟုတ်ဆိုတာကြောင့်ရော ၊ အဲဒီမတိုင်ခင် မတ်လ၂၉ ရက်နေ့မှာဆုံးဖြတ်ခဲ့တဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်အတွက်ကြောင့်ပါ NLD ကို ရှိရင်းစွဲယုံကြည်မှု ခိုင် ခိုင်မြဲမြဲဆက်လက်ဖြစ်တည်စေခဲ့ပါတယ် ။

ဒါပေမဲ့ လက်ခုတ်လက်ဝါးတီးပြီးအားပေးရလောက်တဲ့ လုပ်ဆောင်မှုမျိုးမတွေ့ရသေးတဲ့အတွက်လဲ သို့လောသို့လော ဖြစ်နေမိဆဲပါပဲ ၊ ဒီမိုကရေစီအင်အားစုအားလုံးကထောက်ခံတဲ့ ရွှေဂုံတိုင်ကြေငြာချက်ကို ဆက်လက်ဆုတ်ကိုင်မယ်ဆိုတဲ့ ဟစ်ကြွေးမှုကနေသွေဖီနေပြီလို့လဲ မြင်နေမိပါတယ် ၊ စစ်အုပ်စုကလဲ ၁၉၉၀ရွေးကောက်ပွဲကို လုံးလုံးပြည်ဖုံးကားချ လိုက်ပြီဆိုတဲ့အကြောင်း နိုဝင်ဘာ(၇)ရက်နေ့ကိုရွေးကောက်ပွဲရက်သတ်မှတ်ကြေငြာလိုက်ခြင်းနဲ့ ပြလိုက်ပြီဖြစ်ပါတယ် ၊ ဒီအတွက် စစ်အုပ်စုလုပ်မဲ့ရွေးကောက်ပွဲကိုသပိတ်မှောက်ကြောင်းဆုံးဖြတ်လိုက်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တခု ဖြစ်ပေမဲ့ မပြည့်စုံ သေးဘူးလို့တော့ထင်ပါတယ် ။

ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ ဘုန်းကြီးစာချလုပ်တယ်လို့မထင်စေချင်ပါ ၊ NLD ဖြတ်သန်းခဲ့ပြီးတဲ့ နှစ်၂၀ ကပျော့ပြောင်းမှုတွေကိုမြင်ခဲ့တဲ့အတွေ့အကြုံကြောင့် ပညာရှိသတိဖြစ်ခဲဆိုသလိုဖြစ်မှာစိုးလို့ သတိပေးအကြံပြုရခြင်းသာဖြစ်ပါတယ် ၊ စစ်အုပ်စုဟာ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အကြောင်းအမျိုးမျိုးပြရှောင်လွှဲပြီး ပြည်သူ့ဆန္ဒကို ကျောခိုင်းဥပေက္ခာပြုတာလဲ နှစ်၂၀ရှိပါပြီ၊ဘယ်နိုင်ငံကိုမှဂရုမစိုက်ပဲ လုပ်ချင်သလိုလုပ် ရွှေ့ချင်သလိုရွှေ့ ခဲ့တဲ့ အမျိုးသားညီလာခံNCဆိုတာကိုလဲ ၁၅နှစ်ကြာအချိန်ဆွဲခဲ့ပြိးပါပြီ ၊ အနိုင်အထက်ပြုခြိမ်းခြောက်မှု ၊ မဲလိမ်မဲခိုးမှု တွေနဲ့လဲ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဆန္ဒခံယူပွဲကို သူတို့လိုချင်တဲ့ပုံအတိုင်းရအောင်လုပ်သွားခဲ့ပြီးပါပြီ ၊ ကြံ့ဖွတ်အဖွဲ့ကို ပါတီ အဖြစ်ပြောင်း ၊ စစ်ဗိုလ်ချုပ်တွေအရေခွံချွတ် ပြောင်ပြောင်တင်းတင်းလုပ်နေပါပြီ ၊ ဒါကိုပဲ ရွေးကောက်ပွဲကိုသပိတ်မှောက် တယ် ၊ မဲသွားမပေးသပိတ်မှောက်ကြဆိုနေကာမျှနှင့် စစ်အုပ်စုလုပ်ရပ်များကိုဟန့်တားနိုင်ပြီ ၊ ၁၉၉၀ ရွေးကောက်ပွဲကို ထိမ်းသိမ်းထားနိုင်ပြီ ၊ ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ်ကိုင်ထားနိုင်ပြီ မယူဆစေချင်ပါ ။

စစ်အုပ်စုကနည်းလမ်းစုံဖြင့်ထိမ်းချုပ်ထားသော ၀န်ထမ်းများ ၊ စစ်သားများ ၊ ကြံ့ဖွတ်ဝင်များက မဖြစ်မနေ မဲသွားပေးကြ မှာပဲဖြစ်ပြီး စစ်အုပ်စုကလဲ ဘယ်သူမဲလာပေးပေးမပေးပေး (၂၀၀၈ဖွဲ့စည်းပုံကိုအတည်ပြုခဲ့သလို) ကြံ့ဖွတ်၇၅%စစ်ဗိုလ် ၂၅% လွှတ်တော်ကိုယ်စားလှယ်ဆိုတာတွေကို ကြေငြာမှာပဲဖြစ်ပါတယ် ၊ ၁၉၉၀ရွေးကောက်ပွဲကိုဥပေက္ခာပြုခဲ့ကထဲက ၊ တရားသဖြင့်မဟုတ်တဲ့ ရွေးကောက်ပွဲဥပဒေတွေထုတ်ပြန်ခဲ့ကထဲက စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာတရားမဲ့လုပ်ကြံဇတ် ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ် ၊ လူထုခေါင်းဆောင်ရဲ့ တရားမျှတတဲ့ရွေးကောက်ပွဲဟုတ်မဟုတ် စောင့်ကြည့်နေ ဘို့ လိုမယ်ဆိုတဲ့မှာတမ်းမှာကိုက ချို့ယွင်းချက်ရှိနေတယ်လို့ထင်ပါတယ် ၊ စောင့်ကြည့်နေဘို့မလိုတော့သလို သပိတ် မှောက်ကန့်ကွက်နေယုံနဲ့လဲ မရပါဘူး ၊ ပျက်အောင်ကိုဖျက်ရမှာပါ ၊ NLD ကဦးဆောင်ပြီး ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ် ကိုင်ပြီး တောင်းဆိုတိုက်ပွဲဝင်တဲ့နည်းနဲ့ ရအောင်ကိုတားဆီးရမှာလို့ထင်ပါတယ် ။

ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ နိုင်ငံရေးဆိုတာဆုံးခန်းတိုင်သည်မရှိပေမဲ့ ခုအခြေ အနေကတော့ ဗမာ့နိုင်ငံရေးသမိုင်းရဲ့အချိုးအကွေ့ကြီးတစ်ခု ၊ NLD ရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့အခြေအနေ ၊ ပြည် သူတွေကိုယ့်ကံကြမ္မာကိုဖန်တီးရတော့မဲ့အချိန်ပဲလို့ထင်ပါတယ် ၊ ကျွန်တော်တို့ရဲ့အားနည်းချက်ကြောင့် ခုပဲရွေးကောက် ပွဲသက်တမ်းနှစ်၂၀ကို ပြည်သူတွေအားလုံး ခါးခါးသီးသီးဖြတ်သန်းခဲ့ရပြိးပါပြီ ၊ စစ်အုပ်စုရဲ့ စေ့စပ်ဆွေးနွေးအလာကို ထပ်ပြီးစောင့်သင့်ပါသေးရဲ့လား ၊ နိုင်ငံတကာက၀င်ကူရှင်းပေးဘို့ မျှော်လင့်ချင်ပါသေးသလား ၊ ဒီအချိန်မှာမှ ကိုယ့်အား ကိုယ်ကိုးအနိုင်မတိုက်နိုင်ရင် အရပ်သားအစိုးရလို့ခေါင်းစဉ်တပ်လာမဲ့ စစ်အုပ်စုဒါဏ်ကို ကျွန်တော်တို့ပြည်သူတွေ နောင် ဘယ်လောက်ထပ်ခံကြရဦ့းပါမလဲ ။

၁၉၉၀ရွေးကောက်ပွဲရလာဒ်ကိုမဖြေရှင်းပဲ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်မပေးပဲ လုံးဝ ရွေး ကောက်ပွဲလုပ်ခွင့်မရှိဘူးလို့ (ကိုယ့်အင်အားကိုကိုယ်ယုံယုံကြည်ကြည်နဲ့) စစ်အုပ်စုကိုစိန်ခေါ်သင့်ပါပြိ ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစိအင်အားစုတွေနဲ့ချိတ်ဆက်ပြီး ၊ နိုင်ငံတကာအစိုးရတွေနဲ့ချိတ်ဆက်ပြီး စစ်အုပ်စုသူ့သဘောသူဆောင်လုပ်မဲ့ နိုဝင်ဘာရွေးကောက်ပွဲကိုဖျက်မဲ့ လူထုတိုက်ပွဲကြီးကို ဦးဆောင်မှုပေးဘို့အချိန်ရောက်ပါပြီဆိုတာ တိုက်တွန်းအားပေး နှိုး စော်လိုက်ရပါတယ် ။

တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်

မောင်ချင့်ချိန်

၂၀၁၀ ရွေးကောက်ပွဲ သုံးသပ်ချက်


 

Thursday, August 26, 2010


 


 


 


 

စက်တင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းကိစ္စကို အကြောင်းပြန်ရန်နှင့် လက်မခံပါက ငြိမ်းချမ်းရေး ပျက်ပြယ်သွားမည်ကြောင်း စစ်အစိုးရက မွန်ပြည်သစ်ပါတီအား ထပ်မံဖိအားပေး ကမ်းလှမ်းထားသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။ … ဆက်ဖတ်ရန်

 
 



ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ ဥဒေါင်းကန်သို့သွားသည့်လမ်းဆုံနေရာ ယခင်ဗုံးပေါက်ကွဲသည့်နေရာတွင် ဗုံးကြိုးစတစ်ခုနှင့် မြန်မာဘက်ကမ်းရှိ ထိုင်းဆေးရုံးအနီးတွင် ဗုံးတစ်လုံး ထပ်မံတွေ့ရှိသည်။ … ဆက်ဖတ်ရန်

 
 

ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် ဖြစ်ပါသည်။

ငွေကြေး မပြည့်စုံ သဖြင့် ငိုကြွေးနေသော မိသားစု တစ်စု အကြောင်းပါ။


ရန်ကုန် စီးပွားရေး တက္ကသိုလ် (ရွာသာကြီး) YECO တွင် ၂၉.၇.၂၀၁၀ နေ့တွင် မိုးရာသီ သစ်ပင် စိုက်ပွဲ ကျင်းပ ပါသည်။ မိုးသည်းထန်စွာ ရွာသဖြင့် အနည်းငယ်သာ စိုက်ပျိုး ဖြစ်ပါသည်။ ၃၀.၇.၂၀၁၀ နေ့တွင် ပါမောက္ခချုပ် နှင့် ဝန်ထမ်း တွေ့ဆုံပွဲတွင် ယခု တက္ကသိုလ်၏ အကြီးဆုံးသော ပါမောက္ခချုပ် ဒေါက်တာ ကံဇော် သည် ၃၁.၇.၂၀၁၀ (စနေနေ့) နှင့် ၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် YCEO ရွာသာကြီး နယ်မြေ ဝန်ထမ်း အိမ်ရာတွင် နေထိုင်သော ဝန်ထမ်း အယောက် သုံးဆယ်အား ကျန်ရှိသော သစ်ပင် ၂၀၀၀ အား တစ်အိမ်ထောင်လျှင် အပင် ရှစ်ဆယ်နှုန်းဖြင့် စိုက်ပျိုးရန် မှာကြား ခဲ့သည်။

ဝန်ထမ်း အိမ်ရာနေ မိသားစုများ ထဲတွင် နယ်မြေ ဌာနမှ အလုပ်သမားမှူး ၏ မိသားစုလည်း ပါဝင်ခဲ့သည်။ ၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့ နံနက် ကိုးနာရီ မိနစ် နှစ်ဆယ်တွင် အလုပ်သမားမှူး၏ သားဖြစ်သူ မောင်…….. လယ်ကွင်းထဲတွင် သစ်ပင် စိုက်ပျိုး နေစဉ်တွင် မြွေကိုက် ခံခဲ့ရပါသည်။


 

ဦး……… ၏ သား ထိုမြွေ ကိုက်ခံရသူ မောင်……….အား ကျန်သော အပင်စိုက်နေသော ဝန်ထမ်းများက ထမ်းပိုးကာ ဆေးရုံသို့ ပို့ရန် ကျောင်းရှေ့တွင် ကားကြုံ ရရန် ၁နာရီခန့် စောင့်ရပါသည်။ ပထမ ကားတစ်စီးသည် လူမဆန်စွာ သဖြင့် မတင်ခေါ်ဘဲ ထားခဲ့ပါသည်။ ဒုတိယ ကားမှ စေတနာ ကောင်းစွာ သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီး အထိ လိုက်ပို့ ခဲ့သည်။ မောင်……၏ မိသားစုတွင် ဆေးကုသရန် ငွေကြေး မပြည့်စုံခြင်း စီးပွားရေး တက္ကသိုလ်မှ မထောက်ပံ့ခြင်း တို့ကြောင့် ဆေးရုံ တက်ရောက်ခဲ့ပြီး နောက်တစ်ရက် အကြာ ၂.၈.၂၀၁၀ နံနက် ရှစ်နာရီ ခွဲတွင် ကွယ်လွန် ခဲ့ပါသည်။

၎.၈.၂၀၁၀ တွင် ရေးဝေး သုသာန်တွင် သဂြိုလ်ခဲ့ရာ အခန်း ငှားခ - ရေခဲတိုက် ထားခ- အလောင်း သယ်ယူခ- မီးသဂြိုလ်ခ ကျပ်ငွေ ခြောက်သောင်း ကုန်ကျပါသည်။ ထိုကလေး၏ အသုဘတွင် ရေဝေး သွားရန် YECO မှ ကားတစ်စီးသာ ပေးပါသည်။ မလုံလောက် သဖြင့် ပြင်ပမှ ကားတစ်စီးလျှင် တစ်သောင်းခွဲ ကျပ်ဖြင့် ကားသုံးစီး ထပ်မံ ငှားရမ်း ရသဖြင့် လေးသောင်းခွဲ ကုန်ကျ ပါသည်။

၅.၈.၂၀၁၀ တွင် YECO ပါမောက္ခချုပ် ဒေါက်တာ ကံဇော် က မောင်……… အတွက် အသုဘကူ ငွေများကို သင်ကြားရေးနှင့် စီမံဌာန အရာရှိများက ကောက်ခံကာ ရငွေများကို သူ၏ ထံတွင် လာရောက် အပ်ရန် ပြောကြားခဲ့သည်။ ထိုကလေး အတွက် ကူငွေ သည် နှစ်သိန်းခွဲ တိတိ ရရှိပါသည်။ ထိုငွေထဲမှ တက္ကသိုလ်မှ စိုက်ထားငွေ တစ်သိန်း ငါးထောင် ကျပ်ကို နှုတ်ယူ ခဲ့ပါသည်။

ကျန်ငွေ တစ်သိန်း လေးသောင်း ငါးထောင်ကျပ် ထဲမှ ရက်လည် ပြုလုပ်ရန် အတွက် အလုပ်သမားမှူး ဦး……..၏ မိသားစုထံသို့ ငါးသောင်းကျပ် တိတိသာ ပေးပါသည်။ ကျန်ငွေကို ထိုပါမောက္ခချုပ်မှ ယူထားပါသည်။ (ဘာလုပ်ဖို့လဲ မသိပါ) YECO ရွာသာကြီးတွင် မိုးရာသီ သစ်ပင် စိုက်ပွဲ ပြုလုပ်ရာတွင် သားတစ်ယောက် ဆုံးရှုံးခဲ့သော ငွေကြေး မပြည့်စုံသည့် အလုပ်သမားမှူး ဦး…….. မိသားစုသည် အသုဘ ကူငွေမှလည်း ဖြတ်တောက် ခံရသည့် အတွက် ဒုက္ခ ပင်လယ် ဝေနေ ကြပါသည်။ ငိုကြွေးရုံမှ တစ်ပါး ဘာမှ မတတ်နိုင်တော့ပါ။ နစ်နာကြေး - ထောက်ပံ့ကြေး မရရှိသည့် အပြင် အသုဘ ကူငွေမှ ဖြတ်တောက် ခံရပါသည်။ ထိုရန်ကုန် စီးပွါးရေး တက္ကသိုလ်၏ ပါမောက္ခချုပ် ဦးကံဇော် က ထိုမိသားစုနှင့် ကျောင်းမှ ဝန်ထမ်းများအား ကျောင်းကနေ (ဘာမှ မျှော်လင့် မနေနဲ့ ဆရာတွေ၊ အုပ်ချုပ်ရေး အရာရှိတွေ ကျောင်းမှာ ဝါဆို သင်္ကန်း ကပ်မယ်။ အသုဘ လိုက်ပို့ စရာ မလိုဘူး) ဟု အမိန့် ထုတ်ပြန် ခဲ့သည်။

ကဲ လုပ်ချင်ရာလုပ်၊ ကိုယ့်အပြစ်ကိုယ် ဖုံးဖိပြီး အောက်က လူတွေကို ဖိဟောက်တာ ကောင်းကြ သေးရဲ့လား။ အသုဘ ကူငွေကိုတောင် ဖြတ်သိမ်း ထားလိုက် သေးတယ်တဲ့ ကွယ်တို့။ စဉ်းစား ကြည့်ကြပါဦး။ မသေပဲ သေတယ်တော့ ပြောမှာ မဟုတ်သလို လိုအပ်တာလေး လုပ်မပေးတော့ ကြားတဲ့သူက မခံနိုင်လို့ ထဖွတာမျိုး ဖြစ်မယ် ထင်ပါတယ်။ အမှားအမှန် ဝေဖန်သုံးသပ်တော်မူကြပါ။


 

စစ်ခွေးတွေရွေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းထားသော မြေပါဝင်သည့်အဆောက်အဦးတွေကိုတောင်ချမ်းသာမပေးဘဲရောင်းချ



 

2010/8/26 မိုးကျော်(MoeThu) <moethu7@gmail.com>

ကြံ့ဖွတ်တွေသက်ကြီးပိုင်းတွေတောင်ချမ်းသာမပေး



 

2010/8/26 မိုးကျော်(MoeThu) <moethu7@gmail.com>

NDF ဦးခင်မောင်ဆွေ အ မြင်မှန်ရသွားပြီ



 

2010/8/24 မိုးကျော်(MoeThu) <moethu7@gmail.com>

သီတဂူ ဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရ အင်းစိန်ထောင်တွင်း တရား ချီးမြှင့် ပြီး နောက်နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည် ဆိုသည့် သတင်းများ ထွက်

2010/8/24 မိုးကျော်(MoeThu) <moethu7@gmail.com>


 

မြန်မာနိုင်ငံ လုအခွင့်အရေး ၀အခွင့် အရေးဆိုင်ရာ အစီရင်ညာစာ ပထမမူကြမ်း ပြုစုပြီးဖြစ်ကြောင်း သိရ