Saturday, August 21, 2010

မီဒီယာ ပေါင်းစုံမှ သတင်းများ စုစည်း တင်ပြချက် ဖြစ်ပါသည်။


ဖမ်းဆီးခံ အသျှင်ပညာစာရနှင့် ပတ်သက်၍ နယူးဒေလီတွင် သတင်းစာ ရှင်းလင်းပွဲ
ပြုလုပ် (နိရဉ္စရာ)

http://www.narinjara.com/detailsbur.asp?id=2683

ရမ္မာဝတီ အသျှင် ပညာစာရအား မြန်မာ စစ်အစိုးရမှ မတရား ဖမ်းဆီးပြီး ပုဒ်မ
အမျိုးမျိုးတပ်ကာ တရား စွဲဆိုခြင်းနှင့် ပတ်သတ်၍ ရခိုင်အမျိုးသားကောင်စီ
(ANC) မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် သတင်း စာရှင်းလင်းပွဲ တရပ်ကို
၂၀-၈-၂၀၁၀၊ သောကြာနေ့က ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာ
ရှင်းလင်းပွဲကို နယူးဒေလီရှိ ရခိုင်အမျိုးသားကောင်စီ အေအန်စီရုံးတွင်
နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
ရခြင်းနှင့် ပတ်သတ်၍ ဦးဆောင်ပြုလုပ်သူ ANC ဥက္ကဌ ဆရာတော် အရှင် အရိယာဝံသက
ယခုကဲ့သို့ မိန်းကြားသည်။ "ဒီကိစ္စဟာ လူတဦးတယောက်ကို မတရား နှိပ်စက်
ဖမ်းဆီးခြင်း မဟုတ်ဘဲ လူမျိုး တမျိုးလုံးရဲ့ သမိုင်းဆိုင်ရာ ယဉ်ကျေးမှု
အမွေအနှစ်တွေနဲ့ လူမမယ် ကလေးငယ်တွေရဲ့ဘ၀ကိုပါ ရိုက်ချိုးဖျက်ဆီး
လိုက်တာဖြစ်တယ်။ ရခိုင်လူမျိုးတွေနဲ့အတူ မြန်မာပြည်သူ လူထု တရပ်လုံး
(ရဟန်း ရှင်လူ ပြည်သူတွေ) အားလုံး ပါဝင်လာပြီး ဆရာတော် လွတ်မြောက်အောင်
တစုတလုံးတည်း တောင်းဆို လာတဲ့အထိ ဖြစ်လာအောင် အခုလို ရှင်းလင်း ရခြင်း
ဖြစ်တယ်။" "ပြည်ပ မီဒီယာတွေက တဆင့် ပြည်သူ လူထုကြားမှာ ဒီကိစ္စ အမှန်တရား
ပေါ်ထွက်လာဖို့နဲ့ လူထု တရပ်လုံးက ဒီမတရားမှုကို ခေါင်းငုံ့ ခံမနေကြဘဲ
ပူးပေါင်း ပါဝင် လာကြဖို့ရယ်၊ နောက်ပြီး နအဖက မဟုတ် မတရား စွပ်စွဲ
ပြောဆိုနေတာတွေလည်း ရပ်တန့်သွားလိမ့်လို့မျှော်လင့်တယ်။ တိုတိုနဲ့
ပြောရရင် အမှန်တရားဘက်က အသံတွေ ဒီထက်ကျယ်လောင်လာ လိမ့်မယ်လို့
မျှော်လင့်တယ်။"
---------------------------

အသျှင်ပညာစာရကို ပုဒ်မ ၇ ခုဖြင့်တရားစွဲ (ဧရာဝတီ)

http://www.irrawaddy.org/bur/index.php/news/1-news/3875-2010-08-20-11-12-12

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်၊ အာကျိတ်တော်ကုန်းရှိ
မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက် ထားသည့် မဟာမုနိ ဗုဒ္ဓ၀ိဟာရ
ကျောင်းတိုက်မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရကို သြဂုတ်လ ၁၇ ရက်နေ့
နံနက်ပိုင်းတွင် စစ်တွေ ခရိုင်တရားရုံး၌ ပုဒ်မ ၇ ခုဖြင့်
တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။ အရှင်ပညာစာရကို သြဂုတ်လ ၆ ရက်နေ့တွင်
ပထမအကြိမ် ရုံးထုတ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် သြဂုတ်လ ၁၆ ရက်ကို
သတ်မှတ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ၁၇ ရက်နေ့သို့ ရွှေ့ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။ "ပထမအကြိမ် ရုံးထုတ်တုန်းကတော့ များများ
မေးမြန်းစစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ဒုတိယ အကြိမ်မှာတော့ တရားလိုပြ သက်သေ
နှစ်ယောက်ကို စစ်ဆေးပါတယ်။ ဆရာတော်ကတော့ သူ့အပေါ်စွဲထားတဲ့ အမှုတွေကို
ငြင်းပါတယ်" ဟု တရားခွင်သို့ သွားရောက် နားထောင်ခဲ့သူတဦးက ဧရာဝတီသို့
ပြောသည်။ အရှင်ပညာစာရကို တရားရုံးထုတ်ချိန်တွင် လုံခြုံရေး
တင်းကျပ်စွာချထားကြောင်း၊ နောက်ထပ် ရုံးထုတ်မည့်ရက်မှာ သြဂုတ်လ ၂၄ ရက်နေ့
သို့မဟုတ် လကုန်တွင် ဖြစ်နိုင်ကြောင်း၊ အမှုကို ရေရှည်
အချိန်ဆွဲထားမည့်သဘော မတွေ့ရကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက
ပြောသည်။
-------------------------

အသျှင်ပညာစာရ ဖမ်းဆီးမှုကို ရှုတ်ချကြောင်း National United Party of
Arakan (NUPA) မှ သဘောထား ထုတ်ပြန် (NUPA)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5CtGL9aSGlaDr5Moqb4Pgwv1LMXK8FpDkK7TROM2nZ2MvknrnTY6GfNWmgOjojz1-tcGdFMSlXtgzMWJ-hv6R3DxURmfHEyhP6gTJgl3WKHuaBW0LFGjTj4ZL3Yh7AcaA7Q-Zee2SxCHx/s1600/NUPA_Statement.jpg

ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ NUPA မှ သဘောထား ထုတ်ပြန်ရာတွင်
ရခိုင်အမျိုးသားရေးကျောင်းကို ပိတ်ပစ်လို၍၊ ရခိုင်သမိုင်းပိုင် ယဉ်ကျေးမှု
အမွေအနှစ် ပစ္စည်းများကို လိုချင်၍၊ အသျှင်ဘုရားကို အပြစ်ရှာ ဖမ်းဆီးသည့်
သဘော သက်ရောက်ကြောင်း၊ ဤသို့ ရခိုင်ရှေးဟောင်း အမွေအနှစ်များကို
ဓားပြတိုက်သွားခြင်း၊ အနာဂတ် မျိုးဆက်များကို ရခိုင်ဘ၀ပျောက်အောင်
ဗမာပြည်သို့ ပြောင်းရွှေ့သွားခြင်း၊ ရခိုင်အမျိုးသားရေး အဆောက်အအုံ
(national instutution) တစ်ခုလုံးကို ဖျက်ဆီးသွားခြင်းတို့သည် တမင်တကာ
လူမျိုးရေးအရ လုပ်ကြံခြင်းဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သည့်
ပြစ်မှု (crime against humanity) ကို ကျူးလွန်ခြင်း ဖြစ်ကြောင်း၊
ဤဖြစ်ရပ်သည် ရခိုင်ပြည်သူတစ်ရပ်လုံးကို စော်ကားလိုက်ခြင်း ဖြစ်ကြောင်း
ဖော်ပြပါရှိသည်။ ယနေ့အထိ ပြည်တွင်းပြည်ပ ရခိုင်အဖွဲ့အစည်းများမှ ဆရာတော်
ဖမ်းဆီးမှုကို ဆန့်ကျင် ရှုတ်ချကြောင်း၊ ကြေညာချက် ၇ ခု ထုတ်ပြန်ခဲ့ပြီး
ဖြစ်သည်။
---------------------------

အသျှင်ပညာစာရ ဖမ်းဆီးမှုမှာ နအဖ အစိုးရက ရခိုင် နှင့် ဗမာလူမျိုးကို
သွေးခွဲမှု ဖြစ်ကြောင်း သာသနာ့ ဥသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ၊
မဲဆောက်မြို့) တာဝန်ခံ ဆရာတော် အရှင်ဇဝနပြော (ဧရာဝတီ)

http://www.irrawaddy.org/bur/index.php/interview/4-interview/3871-2010-08-19-12-43-11

သံဃာတွေ ကြွလာအောင် ဆွနေတဲ့သဘောပဲ။ ကြွလာတာနဲ့ ငါတို့
နှိပ်ကွပ်ပြမယ်ဆိုတဲ့ သဘောပဲ။ ရခိုင်ဆရာတော်ဆိုလည်း သူဟာ
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာကို စုဆောင်းထားသူဖြစ်တယ်။
သူ့ပစ္စည်းတွေကို မတရားသိမ်းပိုက်တယ် ဆိုတာ ရခိုင်လူမျိုးတွေဘက်က
ကြည့်မယ်ဆိုရင် တော်တော်ကို မကျေနပ်စရာဖြစ်တယ်။
သူတို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလို့ ပြောနေပေမယ့် ရခိုင်တွေဟာ
ဗမာတွေအပေါ်မှာ အထင်အမြင်လွဲအောင် စစ်တပ်က လုပ်နေတာ။ တလျှောက်လုံးလည်း
တိုင်းရင်းသားတွေ အထင်အမြင်လွဲအောင် စစ်တပ်က လုပ်ခဲ့တဲ့အတွက်ကြောင့်
တိုင်းရင်းသားတွေဟာ ဗမာတွေအပေါ် အထင်လွဲတာတွေ ရှိနေတယ်။
-------------------------

အသျှင်ပညာစာရကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်သည့် ပုဒ်မ
အပါအ၀င် ပုဒ်မ ၇ ခုဖြင့် တရားစွဲ (နိရဉ္စရာ)

http://www.narinjara.com/detailsbur.asp?id=2682

"ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် တည်ငြိမ် ရေးကို ထိပါး နှောင့်ယှက်မှုစတဲ့
စွဲချက်တွေ အမူကြီးတွေ ဖြစ်ပါတယ်။ ဘုန်းကြီး တပါးက ဘယ်လိုလုပ်ပီး
နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးအောင် လုပ်နိုင်ပါ့မလဲ။ အဲဒီအမူ အပါအ၀င်
စည်ပင် သာယာ အက်ဥပဒေ ၆၁(ဂ) တို့၊ ပုဒ်မ ၄၀၆ ယုံကြည် အပ်နှံသည့် ပစ္စည်းကို
အလွဲ သုံးစားမူတို့ ဆိုတာတွေက မလိုအပ်တဲ့ ပုဒ်မတွေပါ။ ဒါပေမယ့်လည်း
သက်ဆိုင်ရာက ဆရာတော်ကို မကြိုက် လေတော့ ရတဲ့အမူနဲ့ ထောင်ဒဏ်များများ
ချနိုင်အောင် တရား စွဲဆိုလိုက်တာ ဖြစ်ပါတယ်" ဟု အဆိုပါ ရှေ့နေက ပြောသည်။
"ဆရာတော်ကို ဖမ်းတုန်းကဆိုရင် အာဏာပိုင်တွေ အနေနဲ့ တရားဥပဒေ အတိုင်း
ဆောင်ရွက် လိမ့်မယ်ဆိုပြီးတော့ စစ်တွေ လူထုက သိပ်စောဒက တက်တာ မရှိကြဘူး။
နောက်ကလေးတွေကို ဗမာပြည်ကို ပို့တယ်၊ ပီးရင် သမိုင်းဝင် ရခိုင်ရှေးဟောင်း
အမွေအနှစ်တွေကို သိမ်းဆည်းသွားတယ်။ ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်။
အခုတခါ ဆရာတော်ကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်
တယ်ဆိုတဲ့ ပုဒ်မကြီးတွေကို တပ်ပြီး တရားစွဲဆိုလာတော့ လူတွေက မယုံကြည်
နိုင်လောက်အောင် ဖြစ်လာပြီး မေးခွန်းတွေ ထုတ်လာကြတယ်။ ဆရာတော်ကို
အာဏာပိုင်တွေက ဖမ်းဆီး တာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား ဆိုပြီး
လူတွေရဲ့ အသံက ထွက်လာတယ်။ စွဲချက်တင်ထားတဲ့ အမှုတွေ အပါအ၀င်
အာဏာပိုင်တွေရဲ့ တဖက်သတ် လုပ်ရပ်ကို လူတွေက လက်မခံ နိုင်စရာတွေ
ဖြစ်လာတာကို တွေ့လာရပါတယ်" ဟု ပြောသည်။
-----------------------------------

Free Ashun Pyinnyasara (Arakan Land)

http://arakanland.com/blog/664317/Free_Ashun_Pinnasara

Arakanese and Burmese Democracy Activists were demonstrating the in
front of the Burmese Embassy in Tokyo, Japan led by Arakan League for
Democracy (Exile-Japan) on Tuesday, August 17, 2010. This
demonstration was shown that cause against the arrest of Ashun
Pinnyasara, forfeiture of Arakanese heritage artifacts and some
seventy kids of 120 orphanage children who were forced to send to the
Burma by Burmese military government.
All Arakanese and All Arakanese Organizations are deeply expressed
their concern about Ashun Pinnyasara was forced to leave his
priesthood regardless of Winaya (rule of law of Buddha). One of the
apart of Global action, World Arakanese Organization has to plan
worldwide teleconference will be held on Saturday, August 21, 2010.
Everyone is cordially invited by WAO.
---------------------------------------------

ဦးပညာစာရကို ပုဒ်မ ၇ ခုဖြင့် တရားစွဲ (RFA)

http://www.rfa.org/burmese/news/monk_facing_seven_charges-08182010175419.html

ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ်
စစ်တွေမြို့မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ကျောင်းထိုင်
ဆရာတော် ဦးပညာစာရကို မနေ့က ရုံးထုတ်ပြီး အစိုးရ တရားလိုပြသက်သေ ၂ ဦးကို
ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
----------------------------

ဆရာတော်ဦးပညာစာရအား ဖမ်းဆီးတဲ့ ကိစ္စအပေါ် မကျေနပ်မှုတွေ မြင့်မားနေ (ယနေ့မြန်မာ)

http://burmatoday.net/news2005/2010/201008/100817_bty_bur_rakhine_.swf

မိဘမဲ့ကလေးတွေကိစ္စ၊ သူထိမ်းသိမ်းထားတဲ့ ရခိုင်သမိုင်းဝင် ပစ္စည်းတွေ
ဆုံးရှုံးတာကို စစ်တွေမြို့ခံတွေ အပါအ၀င် ရခိုင်တစ်မျိုးသားလုံးက
စိုးရိမ်နေကြတယ်လေ။ ဆရာတော်ကိစ္စနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီက စာထုတ်တာနဲ့ ပတ်သက်ပြီး၊ အာဏာပိုင်တွေက ခေါ်ယူတွေ့ဆုံ
ဆွေးနွေးတဲ့အပေါ် စစ်တွေ ဒေသခံတွေက တော်တော် ပေါက်ကွဲကြတယ်။ ...
ဆရာတော် ဦးပညာစာရဟာ မိဘမဲ့ကလေးများကို ခေါ်ယူကျွေးမွေး ပြုစု
ပျိုးထောင်နေသူ ဖြစ်ကာ ရှေးဟောင်း ရခိုင်အမွေအနှစ်များကို စုဆောင်းသူ
ဖြစ်တဲ့အတွက် စစ်တွေမြို့ခံတွေက ကြည်ညိုလေးစားသူ ဖြစ်တဲ့အကြောင်း၊ အခု
အမှုဖြစ်စဉ်ဟာလဲ ဆရာတော်ကို တမင် အမှုဆင်ကာ တရားစွဲဆိုတာ ဖြစ်နိုင်ကြောင်း
အများက သုံးသပ်နေကြပါတယ်။
---------------------------

အသျှင်ပညာစာရ လွတ်မြောက်ရေး တိုကျိုတွင် ဆန္ဒပြ တောင်းဆို (RFA)

http://www.rfa.org/burmese/news/%20arakanese_demonstrate_for_release_of_abbot-08172010155255.html

ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ရခိုင်သမိုင်းပညာရှင် အသျှင် ဦးပညာစာရနဲ့
ရခိုင်ကျောင်းသား လူငယ် ၁၁ ဦးတို့ လွတ်မြောက်ရေးအတွက်
ဂျပန်နိုင်ငံအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး
ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ သြဂုတ်လ ၁၇ ရက် ဒီကနေ့
မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။
-------------------------
http://rammawaddy.blogspot.com

No comments: