Saturday, June 30, 2012
Happy Canada Day‏
Statement by the Honourable Jim Karygiannis,
Member of Parliament, Scarborough-Agincourt and Liberal
Critic for Multiculturalism
Today, we celebrate Canada Day – Canada’s 145th Birthday. Canadians, across the land and overseas, will join together in July 1st festivities.
Whether they gather on Signal Hill, overlooking St. John’s harbour, for the pre-dawn flag raising ceremony; witness the noontime 21 gun salute and fly past on Parliament Hill; march in parades; attend concerts and BBQs; watch fireworks; are sworn in as Canadian citizens at special sessions of Citizenship Court; or, celebrate Canada Day abroad – July 1st is an important day for all Canadians.
Canada Day is an opportunity to re-discover our shared heritage; recall our successes; and, more importantly, to look to the future. Our future is built on the confidence we derive from having made Canada a truly open, welcoming and free country. Based on the legacy of our forefathers, Canada stands as a symbol of justice, progress and inclusion.
Canada Day is a time to remember our collective values – respecting our neighbours, accepting our differences, celebrating our rich diversity and embracing our heritage.
We also remember the brave men and women who are serving in Afghanistan and other conflict zones, upholding Canadian values around the world.
Please celebrate a safe and happy Canada Day with your friends, family and neighbours.
To all a HAPPY CANADA DAY!
Hon. Jim Karygiannis P.C., M.P.
Scarborough-Agincourt
Liberal Critic for Multiculturalism
Constituency Office
3850 Finch Ave East Suite 206
Scarborough Ontario
M1T 3T6
Tel: (416) 321 5454
fax: (416) 321 5456
jim@karygiannismp.com
www.karygiannismp.com
   @jimkarygiannis
မရမ်းကုန်းမြို့ နယ်နေ အမျိုးသမီးငယ်တစ်ဦး ဓါးချက်များစွာဖြင့် သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့ နယ် အမှတ်(၂)ရပ်ကွက်၊ မိသားစုလမ်းအတွင်း၌  အသက် (၁၉)နှစ် အရွယ် အမျိုးသမီတစ်ဦး ဇွန်လ(၂၉)ရက်နေ့က ဓါးချက်(၁၁)ချက်ဖြင့် သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားခဲ့သည့် နေရာက သိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူ မပိုးပိုးမော်သည် နေ့ ခင်း (၁၀)နာရီကျော်တွင် သမိုင်းကုန်းတံတားထိပ်တွင် ပန်းရောင်း၍   ဈေးမှ ခေတ္တသိမ်းဆည်းကာ  အိမ်ကိုပြန်လာစဉ် အိမ်အတွင်းရှိ လူတစ်ဦးမှ စောင့်၍ ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း
သေဆုံးသူ၏ မိခင် ဒေါ်ဝင်း၏ပြောကြားချက်အရ သိရသည်။
“ကောင်မလေးက မိုးရေထဲကပြန်လာပြီး အိမ်ပေါ်တက် အ၀တ်လဲပြီးမှ အသက်ခံရတာပါ။ သူသေတာက အိမ်နောက်ဘက်ကို   ခေါင်းပြစ်ပြီးတော့ ။ အခန်းထဲမှာ လည်ပင်းကို လှီးခံထားရတယ်။ ဗိုက်မှာလည်း အူတွေ ထွက်အောင် ဓါးနဲ့ ထိုးထားတယ်။”  ပာု ဒေါ်ဝင်းက ပြောသည်။
သေဆုံးသူမပိုးပိုး အသက်ခံရစဉ်က မိုးကြီးနေ၍ မည်သည့် အသံမှမကြားရဘဲ မိဘနှစ်ဦးပန်းရောင်း၍ ပြန်လာစဉ်အချိန် (၁၁)နာရီ(၄၅)မိနစ်မှ သေဆုံးမှုအား ပတ်ဝန်းကျင်က သိရှိရသည်။
“ကျွန်တော်တို့က အလုပ်သွားနေတာ။ အိမ်မှာက သမီးတွေဘဲ ကျန်ခဲ့ တယ်။ သူတိုပြောတာတော့ ဘာသံမှ လည်းမကြားရဘူး။ မပိုးပိုးပြန်လာတာဘဲ တွေ့လိုက်တယ်လို့ ပြောတယ်”ပာု အဆိုပါအခင်းဖြစ်ပွားသည့်အိမ်နှင့်အနီးရှိ   ဦးကျော်ကျော်  ကပြောသည်။
မပိုးပိုးသေဆုံးနေစဉ် ၎င်းပိုင်ဆိုင်သော နားကပ်၊ဆွဲကြိုး၊စက်ဘီးတို့  ပျောက်ဆုံးနေ၍ သတ်ဖြတ်သူမှ ယူဆောင် သွားဖွယ်ရှိကြောင်းကိုလည်း သေဆုံးသူ၏ မိသားစုဝင်များက ဆိုသည်။
သေဆုံးသူ၏ ဓါးချက်များမှာ များပြားသော်လည်း သေစေနိုင်သည့် ဓါးချက်မှာ ၀မ်းဗိုက်မှ(၁)ချက်နှင့်  ကျန် ဒဏ်ရာများသည်  နက်နဲစေသော ဒဏ်ရာများသာဖြစ်ကြောင်း မရမ်းကုန်းမြို့ နယ် အမှတ်(၂)ရပ်ကွက်မိသားစုလမ်းအပိုင်   ရဲအရာရှိ နယ်ထိန်းတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ဒီသတင်းကြားကြားခြင်း အခင်းဖြစ်တဲ့ နေရာကို ရောက်သွားတာပါ။ တရားခံကိုလည်း  တိုင်းကနေ ဆင်းပြီး ရှာဖွေနေပါတယ်။”ပာု အဆိုပါ နယ်ထိန်းကပြောသည်။
ထိုပြင် အဆိုပါအမှုအတွက် တရားခံရှာဖွေရေးလုပ်ငန်းများကို  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ အစည်း အဝေးများပြုလုပ်၍ အဆင့်ဆင့် ဆွေးနွေးရှာဖွေနေဆဲဖြစ်ကြောင်း မရမ်းကုန်မြို့ နယ် ရဲတပ်ဖွဲ့ က သိရသည်။
အဆိုပါအမှုအား ဥပဒေပုဒ်မ(၃၀၂) ဖြင့် မရမ်းကုန်းရဲစခန်းမှ အမှုဖွင့် ထားပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ သည့် လူသတ်တရားခံကိုလည်း လိုက်လံစုံစမ်းလျက်ရှိကြောင်းနှင့် သေဆုံးသူအား ယနေ့ ဇွန်(၃၀)ရက်နေ့ နေ့လည်(၂း၀၀)အချိန်တွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။
စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup
နိုင်ငံရေးပါတီ၊ အာဏာနဲ့ အာဏာရူး အကြောင်း
by Lwin Aung Soe on Saturday, June 30, 2012 at 2:03am ·
နိုင်ငံရေးပါတီ၊ အာဏာနဲ့ အာဏာရူး အကြောင်း
နိုင်ငံရေး ပါတီတခုကို တည်ထောင် လှုပ်ရှားရတဲ့ ရည်ရွယ်ချက်ဟာ ယုံကြည်ချက် တူညီကြသူတွေ စုပေါင်းပြီး  ခွင့်ပြုချက်တွေနဲ့အညီ တရားဝင် နိုင်ငံရေးလုပ်ချင်လို့ ဖြစ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံ တိုးတက် ဖွံ့ဖြိုးအောင်၊ ပြည်သူတွေ ကောင်းစားအောင် နိုင်ငံရေးပါတီရဲ့ နည်းလမ်းတွေနဲ့ ကြိုးစားပေးဖို့ ဖြစ်ပါတယ်။
ရည်မှန်းချက် တူကြပေမယ့် ယုံကြည်ချက်နဲ့ နည်းလမ်းတွေဟာ နည်းနည်းစီ ကွဲပြားသွားတဲ့အပေါ် မူတည်ပြီး နိုင်ငံရေးပါတီတွေ အသီးသီး ဖြစ်ပေါ်လာနိုင်ပါတယ်။ နိုင်ငံရေးပါတီ မထောင်ဘဲ တဦးချင်းကနေ မိမိယုံကြည်ရာ ရည်မှန်းချက်နဲ့ နည်းလမ်းတွေအတိုင်း နိုင်ငံရေးကို တရားဝင်လုပ်နိုင်တာလည်း ရှိပါတယ်။
နိုင်ငံရေးရည်မှန်းချက် ရှိတာကြောင့် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲတွေ ဝင်ပြိုင်ပြီး အနိုင်ရရှိဖို့ကို ကြိုးစားရပါတယ်။ ပြည်သူလူထုက ယုံကြည်အားကိုးစွာ ရွေးချယ်လိုက်တဲ့ အဆုံးအဖြတ်ကို ခံယူရပါတယ်။
နိုင်ငံရေးပါတီကို တည်ထောင်၊ ရွေးကောက်ပွဲ ဝင်ပြိုင်၊ ပြည်သူအများစုက တကယ်တမ်း နှစ်သက် သဘောကျလို့ ရွေးချယ် တင်မြှောက်ပေးလိုက်တဲ့အခါမှာ အစိုးရ ဖွဲ့ပိုင်ခွင့် (Right) ရလာပါတယ်။ တနည်းအားဖြင့် မိမိတို့ နိုင်ငံရေးပါတီရဲ့ ရည်မှန်းချက်နဲ့ နည်းလမ်းတွေအတိုင်း နိုင်ငံနဲ့ ပြည်သူတွေကို ကိုယ်စားပြု လုပ်ပိုင်ခွင့် (Legitimacy) ရလာပါတယ်။ ဒါဟာ ပြည်သူတွေက အပ်နှင်းလိုက်တဲ့ အာဏာ (Power) ဖြစ်ပါတယ်။
ဒီမိုကရေစီမှာ တကယ်တော့ အဲဒီ အာဏာ (Power) ဟာ ပြည်သူတွေဆီမှာပဲ ရှိနေရပါတယ်။ ပြည်သူတွေဟာ မိမိတို့ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ဖြစ်အောင်လုပ်ပေးနိုင်တဲ့ နိုင်ငံရေးပါတီကို ရွေးချယ်ပါတယ်။ ဒီမိုကရေစီ အစိုးရအဖြစ် တင်မြှောက်ပေးလိုက်ပါတယ်။ ဒီမိုကရေစီ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အကောင်အထည် ဖော်ပေးနိုင်ဖို့ စီမံရပါတယ်။
အစိုးရဖြစ်နေတဲ့ နိုင်ငံရေးပါတီဟာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လုပ်ပေးနိုင်စွမ်း မရှိဘဲ ဖြစ်နေရင် ပြည်သူတွေက တိုက်တွန်း ပြောဆိုရပါတယ်။ အစိုးရအနေနဲ့ ဘယ်လိုမှ လုပ်ပေးနိုင်စွမ်း မရှိတော့ဘူးဆိုရင် လုပ်ပေးနိုင်စွမ်း ပိုရှိတဲ့ နောက်ထပ် အစိုးရသစ်ကို ပြည်သူတွေက ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူက အမြဲတမ်း လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာ (Power) ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေဟာ အစိုးရဖွဲ့ခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ.. နိုင်ငံရေးသမားတွေ အနေနဲ့၊ နိုင်ငံရေးပါတီတွေ အနေနဲ့ အဓိက အလုပ်ကတော့ လူထုအကျိုးပြု နိုင်ငံရေးသာ ဖြစ်ပါတယ်။ ဒါမှလည်း ပြည်သူလူထုက တစတစနဲ့ ယုံကြည် အားကိုး ထောက်ခံလာမှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရေးသမားမှ၊ ဘယ်နိုင်ငံရေးပါတီမှ လူထု ထောက်ခံမှု မရဘဲ မရပ်တည်နိုင်ပါဘူး။ တနည်းနည်းနဲ့ ရပ်တည်နိုင်တာတောင် ရေတိုရော ရေရှည်မှာပါ မအောင်မြင်နိုင်ပါဘူး။
ပြည်သူလူထုဟာ အာဏာကို ပိုင်ဆိုင်တဲ့အတိုင်း အစိုးရနဲ့ နိုင်ငံရေးပါတီတွေကို ထောက်ခံတယ်-မထောက်ခံဘူး ဆိုတဲ့ နည်းလမ်းနဲ့ နိုင်ငံရေးကို စိတ်တိုင်းကျ ထိန်းချုပ်ထားနိုင်ပါတယ်။ ပြည်သူတွေဟာ နိုင်ငံရေးစနစ်အရဖြစ်စေ၊ အစိုးရကဖြစ်စေ သြဇာလွှမ်းမိုး ထိန်းချုပ် နှိပ်ကွပ်ခံရခြင်းကနေ လွတ်လပ်နေရပါမယ်။ ပြည်သူလူထုကသာ နိုင်ငံရေးစနစ်ကို စိတ်ကြိုက် ရွေးချယ်ခွင့်၊ အစိုးရကို စိတ်ကြိုက် ရွေးချယ်ခွင့် ရှိနေရပါတယ်။ ဒါကြောင့် ပြည်သူတွေမှာ နိုင်ငံရေးကို လွတ်လပ်စွာ ရွေးချယ် ဆုံးဖြတ် လှုပ်ရှားပိုင်ခွင့် အမြဲတမ်း ရှိနေရမှာ ဖြစ်ပါတယ်။ လူထုအနေနဲ့ အဲဒီလို လုပ်ပိုင်ခွင့် မရှိဘူးဆိုရင် လူထုက အပ်နှင်းထားတဲ့ အာဏာ (Power) ဟာ အလွဲသုံးစား အလုပ်ခံရပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
“အာဏာရူးတယ်” လို့ ပြောဆိုကြတာတွေ ရှိပါတယ်။ ခိုင်မာတဲ့ အကြောင်းရင်း၊ သက်သေအထောက်အထား ရှိရင် ပိုင်ပိုင်နိုင်နိုင် ပြောရဲရပါမယ်။
  1. အထက်မှာ ဖြော်ပသလို မဟုတ်တဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်တွေအရ လုပ်ပိုင်ခွင့် (Legitimacy) ကို လူထုမကြိုက်ဘဲ မတရား ရယူကြိုးပမ်းရင်၊
  2. ရထားတဲ့ လုပ်ပိုင်ခွင့် (Legitimacy) ကို အာဏာ အလွဲသုံးစား လုပ်တာကြောင့် လူထုမကြိုက်လို့ ဖယ်ရှားပေးဖို့ တောင်းဆိုတာတောင် လက်မလွှတ်ချင်ဘဲ ဖြစ်နေရင် ….
အဲဒါတွေဟာ ပြည်သူတွေ ပိုင်ဆိုင်တဲ့ အာဏာကို ငမ်းငမ်းတက် ရယူချုပ်ကိုင်လိုတဲ့ အာဏာရူး ဖြစ်သွားပါတယ်။
လွင်အောင်စိုး
၃ဝ-၆-၂ဝ၁၂
ဗကသ (အထက်ဗမာပြည်)အား မန္တလေး ထွေ/အုပ် ခေါ်ယူသတိပေး
by Mizzima မဇ္ဈိမ on Saturday, June 30, 2012 at 5:27am ·
နေမျိုး | သောကြာနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၄၅ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။        ။ ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်) အား မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေးမှူးက ၎င်း၏ရုံးတွင် သောကြာနေ့က ခေါ်ယူ သတိပေးခဲ့ကြောင်း သိရသည်။
တိုင်း ထွေ/အုပ် ညွှန်ကြားရေးမှူးမှူး ဦးအုန်းလွင် ဦးဆောင်သည့် တိုင်း ဥပဒေအရာရှိ၊ ရဲမှူး တို့ပါဝင်သည့် အဖွဲ့က ဗကသ များအဖွဲ့ချုပ်မှ ကိုရဲရင့်ကျော် အပါအဝင် ကျောင်းသား ခေါင်းဆောင် လေးဦးအား မှတ်ပုံတင်မထားသည့် ဗကသ ၏ တရားမဝင်မှုနှင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြိုခွဲခံခဲ့ရသည့် 7 July ရွှေရတုနေ့ ကျင်းပခြင်းကို ခွင့်မပြုနိုင်ကြောင်း ဗကသ (အထက်ဗမာပြည်) ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။
“ဗကသ ဆိုတာ တရားဝင်ဖွဲ့စည်းထားခြင်း မရှိသေးတဲ့အတွက် နောက်တခါ 7 July ဆိုတာ အာဇာနည်နေ့လို
ဂေဇက်ဝင် တရားဝင် သတ်မှတ်ပေးထားတဲ့ရက် မဟုတ်တဲ့အတွက် တရားမဝင်တဲ့ ရက်မှာ တရားမဝင်တဲ့ အဖွဲ့အစည်းက ကျင်းပမယ့်ပွဲမို့လို့ သူတို့ ခွင့်မပြုနိုင်ကြောင်း အသိပေးတာ” ဟု မဇ္ဈိမကို ပြောသည်။
ဇွန်လ ၆ ရက်နေ့ကလည်း ဗကသ များအဖွဲ့ချုပ် ပြန်လည်ပေါ်ပေါက်ရေး ကြိုးပမ်းနေကြသည့် ကျောင်းသားများအား ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးက ခေါ်ယူ၍ ထိုကဲ့သို့ပင် အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေအား ဖတ်ပြကာ သတိပေးခဲ့ဖူးသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရရှိဘဲ သမဂ္ဂ၊ အစည်းအရုံး၊ ကလပ်၊ တပ်ဦး စသဖြင့် ဖွဲ့စည်းလှုပ်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်။
ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည် အနေဖြင့် “ကျနော်တို့ကတော့ လုပ်ရမယ်လို့ ယူဆတဲ့၊ လုပ်သင့်တယ်လို့ ယူဆတဲ့ အရာတွေကို ဒီလိုဖိအားကြောင့် ဆက်မလုပ်ရဲစရာ မရှိပါဘူး။ ဆက်လုပ်မယ်။ အဆင်ပြေမယ့် နေရာ၊ အချိန်ရွှေးချယ် မယ်။ သေချာတာကတော့ ကျင်းပဖြစ်အောင် ကျင်းပမယ်” ဟု ကိုရဲရင့်ကျော် က ဆိုသည်။
“ပြောင်းလဲမှုတွေကို အထက်ကဘဲပြောနေပြီး အောက်ခြေမှာ ပြောင်းလဲမှု အားနည်းနေတာရယ်၊ အရင်အကျင့်တွေ၊ ထိန်းချုပ်မှုတွေ မပြောင်းလဲသေးဘဲနဲ့ ဆက်လက်ဆုပ်ကိုင်နေတာကိုက ပြောင်းလဲမှုက အားမရစရာပဲ။ ပွင့်လင်းမြင်သာ တဲ့ လမ်းကြောင်းကနေ လျှောက်ဖို့အတွက် အသိပေးတာ၊ ခွင့်တောင်းတာ တွေ လုပ်တယ်။ ကျနော်တို့က ပွင့်လင်း
အောင်လုပ်တယ်။ ဗကသ ကို တရားမဝင်ဘူးလို့ ဘယ်သူကမှ အဆုံးအဖြတ်ပေးလို့ မရဘူး။ ကျနော်တို့ဟာ မှတ်ပုံတင်ခြင်း၊ မတင်ခြင်းတွေနဲ့ တိုက်ရိုက် မပါတ်သက်ဘူး။ ကျနော်တို့အနေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ မလိုသေးဘူးလို့ တုံ့ပြန်ခဲ့တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်လာခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်များသည် ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီကို ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။
၁၉၆၂ ခုနှစ်က အာဏာပိုင်အစိုးရမှ ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည့် ရန်ကုန်တက္ကသိုလ် တကသ အဆောက်အဦး
ပြန်လည် တည်ဆောက်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများ၊ ၆၂ မျိုးဆက် ကျောင်းသားများ၊ ရှေ့နေများ၊ ဆရာဝန်များ၊ စာရေးဆရာများက ဗကသနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကို မလိုကြသူများ
by Khin Nyein Thit on Saturday, June 30, 2012 at 9:41am ·
ဒေါ်အောင်ဆန်းစုကြည် ဘာပဲလုပ်လုပ် မကောင်းပြောကို ပြောမှ ဖြစ်တဲ့လူတွေရှိပါတယ်။ အဲဒီ့လူတွေဟာ စစ်အစိုးရဘက်ကချည်းပဲလို့တော့ မထင်စေချင်ပါဘူး။ ဒီမိုကရေစီကို ဖင်ကုန်းခေါ်နေသူတွေထဲမှာလည်း ဒေါ်စုကို မလိုသူတွေ ရှိပါတယ်။ စစ်အစိုးရ တဖြစ်လဲ ကြံ့တွေ မလိုတာကိုအထူးပြောမနေချင်တော့ပါ။ ပြောနေလည်း မောယုံသာ ရှိပါလိမ့်မယ်။
ဒီမိုကရေစီကို ဖင်ကုန်းအော်နေသူတွေထဲက ဒေါ်စုကိုမလိုတာကတော့ နဲနဲကြားလို့မကောင်းပါဘူး။ သူတို့လာဖြစ်ကြတာလဲ နဲနဲတော့ ကျမ စမ်းစစ်မိပါတယ်။
၁။ အခုအမျိုးအစားက အချောင်နာမည်ကြီးလိုသူတွေပါ။ သူတို့အနေနဲ့ ပြည်သူတွေ စိတ်ဝင်စားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်လိုက်ရင် သူတို့နာမည်ကြီးသွားမယ်ပေါ့။ ခက်တာက သူတို့တွေ သတ္တိမကောင်းလှပါ။ ဝေဖန်စာကိုတောင် နာမည်အရင်းနဲ့ မရေးရဲ ကြပါဘူး။ ဒါကြောင့် သူတို့လိုချင်တဲ့ ပန်းတိုင်ဖြစ်တဲ့ နာမည်ကြီးခြင်းမဖြစ်ပါဘူး။ သေချာတာတော့ ၀ိုင်းဆဲကြတာပါ။
၂။ ဒီအမျိုးကတော့ သူတို့ကို သူတို့ အရမ်းထင်နေကြတာပါ။ သူတို့လောက် ဒေါ်စုမသိဘူးလို့ ထင်နေကြသူတွေပါ။ တကယ့်အမှန်က သူတို့က ဒေါ်စုလောက်မသိတာပါ။ သူတို့ရဲ့ အသိတရားက နွားခြေရာခွက် ထဲက ဖားသူငယ်လို ငါနေတဲ့ သမုဒ္ဒရာကမှ အကျယ်ဆုံးလို့ မှတ်ယူထားတာပါ။ ဒါကြောင့် သူတို့ရဲ့ တထွာတမိုက်ဥာဏ်နဲ့ ဒေါ်စုကို ထထဆရာလုပ်ကြပါတယ်။ သူတို့ဆရာလုပ်တိုင်းဒေါ်စုက ဂရုမစိုက်လေတော့ ဒေါ်စုကို နာကျည်းကြပါတယ်။
၃။ ဒီအမျိုးအစားကတော့ သူတို့ကိုယ်သူတို့ စွန့်လွတ်တဲ့ လူတွေအဖြစ် ကိုယ့်ကို ကိုယ် သနားနေကြတာပါ။ ခက်နေတာက သူတို့ဟာ ကိုယ့်ကိုကိုယ် သနားရုံနဲ့တင် ရပ်မနေကြပဲ လျော်ကြေးလိုချင်နေကြပါတယ်။ သူတဆို့လိုချင်တဲ့ လျော်ကြေးကို ဒေါ်စုက မတောင်းပေးတော့ သူတို့ စိတ်နာကြပါတယ်။
ကျမတို့ ဒေါ်အောင်ဆန်းစုကြည်နေရာကစဉ်းစားကြည့်ကြရအောင်ပါ။ ဒေါ်အောင်ဆန်းစုကြည်က အလကားနာမည်ကြီးလာတာတော့ မဟုတ်ပါ။ သူက ပြည်သူတွေဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်လာတာပါ။ သူ့ရဲ့ သားတွေကို လုံးဝလှည့်မကြည့်တော့ပဲ ပြည်သူ့အတွက်အလုပ်လုပ်လာတာပါ။ သူလည်း လူသာမန်ပါပဲ။ သူ့မိသားစုအတွက် သူဘယ်လောက်နာကျင်ခံစားရမလဲဆိုတာကို ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။ အခုလည်း ဒေါ်စုကိုမနာလိုသူတွေက ဒေါ်စု နိုင်ငံတကာကိုလှည့်ပြီး လိုက်တောင်နေတယ်ဆိုပဲ။ သေချာစဉ်းစားစေချင်ပါတယ်။ ဘယ်သူတွေအတွက်သူတောင်းဆိုနေတာလည်း ၊ သူ့ပြည်သူတွေ ဘ၀အတွက်သူတောင်းဆိုနေတာပါ။ သူသာအခုလို မတောင်းဆိုခဲ့ဘူးဆိုရင် လာသမျှ ရင်းနှီးမြုပ်နှံမှုတွေဟာ ခရိုနီတွေဆီကိုပဲ စီးဝင်သွားမှာပါ။ အဒြီလိုဖြစ်သွားရင် ပြည်သူတွေအငတ်ဘေးကြုံကြရမှာပါ။ သူအခုလိုပြောဆိုနေတာကို ကြံ့တွေ စိတ်နာနေတယ်ဆိုတာကို သိစေချင်ပါတယ်။ ခရိုနီတွေရဲ့ အကျိုးစီးပွားဆိုတာ စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်စပ်နေတာဖြစ်လို့ ခရိုနီတွေ အကျိုးရုတ်လျော့ရင် စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးလည်း ရုတ်လျော့ပါတယ်။ ခရိုနီတွေနဲ့ စစ်ဗိုလ်ချုပ်တွေဟာ တိုက်ရိုက်အချိုးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတစ်ယောက်ထဲကောင်းစားဖို့ဆိုရင် မြန်မာပြည်မှာ ၂၄ နှစ် ဒုက္ခ ခံဖို့မလိုပါဘူး။
ဒုတိယအမျိုးအစားတွေက မရှက်တတ်လို့ပါ။ ဒေါ်စုဟာ ဘယ်လိုလူမျိုးလည်း။ သူ့ဘ၀ကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာ သေချာစဉ်းစားမိရင် အခုလို ပြောနေစရာမလိုပါဘူး။ လူဆိုတာ အမှားနဲ့ မက်ငးပါဘူး။ ဒါပေမဲ့ ဒေါ်စုဟာ သူတကိုယ်တည်းသွားနေတာမှ မဟုတ်တာလေ။ သူ့ရဲ့ ဘေးမှာ ဘဘ ဦးဝင်းတင်လို လူတွေ ရံထားပါတယ်။ ဘဘ ဦးဝင်းတင်လို လူတွေက ဒေါ်စုမှားသွားရင် မှားပလေ့စေဆိုပြီး မကြည့်နေတာတော့ သေချာပါတယ်။ ဒေါ်စုကို အကြံပေးချင်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဘဘ ဦးဝင်းတင်ထက်ကို သိမြင်နားလည်နိုင်ပါ့မလား။
ဒေါ်အောင်ဆန်းစုကြည်က ဘယ်တော့မှ သူ့ရဲ့ ကိုယ်ပိုင်ဘ၀အကြောင်းကို ၀မ်းနည်းဘွယ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။ သေချာစဉ်းစားကြည့်ရင် ဒေါ်စု ဘယ်လောက်အနစ်နာခံခဲ့တယ်ဆိုတာကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်စုက သူ့ကိုယ်သူ အနစ်နာခံတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ဒါဟာသူ့ရဲ့ တာဝန်၊ သူလုပ်ရမဲ့ အလုပ်ကို သူကျေပွန်စွာလုပ်နေတာလို့ပဲ အမြဲယူဆနေတဲ့သူပါ။ ဒါကြောင်းလည်း တစ်ကမ္ဘာလုံးက ဒေါ်စုကို တခမ်းတနား၊ တလေးတစား ကြိုဆိုကြတာပါ။
ဒီမိုကရေစီလိုချင်လို့ ဖင်ကုန်းအော်နေသူတွေကို ကျမ သတိပေးလိုပါတယ်။ အခုအခြေအနေက ဘက် ၂ ဘက်ပဲရှိပါတယ်။ ဒီမိုကရေစီကို တန်းဘိုးထားတဲ့ဘက်နဲ့၊ တန်ဖိုးမထားတဲဘက်ပါ။ ကိုယ်က ဒီမိုကရေစီကို တန်ဖိုးထားသူလို့ ယုံကြည်နေရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းဆုံးဝန်းရံပြီး သစ္စာခံသူဖြစ်ရပါလိမ့်မယ်။ ဒါမှ မဟုတ်ရင်တော့ အဲဒီ့လူတွေဟာ ဒီမိုကရေစီကို တန်ဖိုးမထားတဲ့ ဘူတွေနဲ့ အတူတူပဲဆိုတာကို မမေ့သင့်ပါဘူး။
DASSK Welcome Back - 30.06.2012
ဂျီးဒေါ် အင် ကုမ္မဏီ
Gyaw Dee - The New Gyee Daw Way ...
ဂျီးဒေါ် အင် ကုမ္မဏီ
ဂျော်ဒီး၊ ဇူလိုင် ၁၊ ၂၀၁၂
“တနေ့ လာလည်း ကန်းစွန်းရွက်ကို ရေလုံပြုတ်၊ နောက်တနေ့ လာလဲ ဒီကန်စွန်းရွက်က ရေလုံပြုတ်။  ဒီဒုက္ခ၀ဋ်က…  ဘယ်တော့များ ကျွတ်ပါ့။ ရို့  ရို့  အဟ  အဟ …”
စိတ်ပေါက်ပေါက်နဲ့   ကလေးတွေဆိုတတ်တဲ့ ရပ်ပါဆိုလား၊ သွားပါဆိုလား … အဲဒလိုမျိုးလေးတောင် ဆိုပစ်လိုက်ချင်သည်။
ပြီးခဲ့တဲ့ တနှစ်လောက်က နိုင်ငံတော်သမ္မတကြီးရဲ့ ဆင်းရဲသားပပျောက်ရေးစီမံချက်ဆိုလား။ ကြားကာစက အားရှိလိုက်သည့်ဖြစ်ခြင်း ။ တို့လိုဆင်းရဲသားတွေကို  ကူညီစောင့်ရှောက်တော့ မဟဲ့။ ကန်စွန်းရွက် ရေလုံပြုတ်နဲ့ နှစ်ပါးသွားကာ၊ မမြိုင်လဲထ မြိုင်လဲထနေရတဲ့ဘ၀က  လွတ်တော့မယ်ဟဲ့  … လို့ တွေးကာ  သမ္မဒကြီးကို ကျေးဇူးတွေ ကြိုတင်ကာ မေတ္တာတွေ ပါဆယ် ထုပ် ပို့ချင်လိုက်ပုံများ။
သမ္မဒကြီး အသက်ရာကျော်ရှည်ပါစေ။ ခေါင်းက မရှိမယ့်ရှိမယ့် ဆံပင်လေးတွေလည်း
ရှည်ပါစေ။ (ဒါမှ လူတကာ မခန့်လေးစား  ရယ်ပွဲဖွဲ့နေတဲ့ ဘဘပြောင်ဘ၀က
လွတ်မယ် မဟုတ်လား)။ ဟိုဟို သည်သည် တောင်တောင်အီအီ  တွေးရင်း ဈေးခြင်းကလေး ဆွဲကာ လျှောက်လာတုံး၊ ဗြုံးခနဲ  ဆူဆူညံညံအသံတွေကြောင့် လှမ်းမျှော်ကြည့်လိုက်တော့ … အိုး … ဖိုးခွါးတို့ကလေးတစု။ လျှာထိုးဦးထုပ် ကလေးတွေကို  တစောင်းတရွဲ့တွေစောင်းလို့။ လက်တွေကလည်း  ဟိုနှိုက်၊ သည်နှိုက်။ ကို့ရိုးကားယား။ ၀တ်ထားတဲအင်္ကျီတွေ၊ ဘောင်းဘီတွေကလည်း သူ့အဖေ မောင်သာဂိ
 ဘောင်းဘီများ  ယူဝတ်လာသလား မသိ။ ပွတ ပွတ။ ဂွက ကျကျ။ ဖို့ရိုးဖားယား။ ပါးစပ်ကလည်း  ရွာထဲက ဒေါ်ဂွက်ထော်ကြီး  သူ့ဝက်ကို ခေါ်နေသလို … တရို့ရို့ နဲ့။  ဘာတွေဆိုနေတာလဲ လို့ နားစိုက်ထောင်မှ …
တို့တကမ္ဘာလုံးရဲ့  ၀င်းပတဲ့ပန်းသတင်း၊ ပန်းခင်း
တို့ဗမာပြည်ရဲ့  ဂုဏ်ယူစရာ ဒီသတင်း
မင်းတို့ကတော့   ကန်းခြင်းနဲ့အတူ နားပင်း
အတင်းအဖျင်းပမာ… သာမန်လူတယောက်ရဲ့  သာမန်သတင်း  တဲ့လား၊  အဟ  အဟ။
သွားစမ်းကွာ မင်းတို့ရဲ့စိတ်ဓါတ်တွေ သိမ်ဖျင်း … ရို့… ရို့ …”
“ ဟဲ့   ဖိုးခွါး ဘာတွေ ဆိုနေတာလဲ။ တော်ကြာ ဒေါ်ဂွက်ထော်ရဲ့ ၀က်မကြီး ထွက်ကိုက်နေပါဦးမယ်”
“ပြောသာ ပြောရတယ်။ ကလေးတွေဆိုနေတာ ခေတ်ကိုတော့ ထင်ဟပ်နေသားနော်   ဂျီးဒေါ်”
“ အမယ်… မောင်မင်းကြီးသား… သာဂိ။ သူ့သားနဲ့အဖွဲ့ကို အားပေးနေလိုက်တာ။ အင်း… သူတို့သီချင်းဆိုသံက… တို့ဗမာသံချပ်သံ လိုပဲနော်။ ကာရံနဘေလေးတွေတော့ ရှိသား။ ကိုရို့ကားယား ဖြစ်တာ တခုပဲ။ ပြောပါဦး… မမီလို့။ ခေတ်ကို ဘယ်လို ထင်ဟပ်နေတာလဲ … ဟဲ့”
“အော် ခုတလော ကျနော်တို့ရွာမှာ ရွာလူကြီးဆိုတဲ့လူတွေဗျာ ။ မျက်စိတွေ ကန်းနေတယ်။ အမှန်ကို မမြင်အောင် တိမ်သလ္လာတွေ ဖုံးနေကြတယ်။ နားတွေ ပင်းနေကြတယ်။ နားဖားချေးတွေ
မကော်တာ ဘယ်လောက်ကြာပြီမသိ။ တလောကလုံး အုံးအုံးကြွက်ကြွက်
ညံအောင်ကြိုဆိုသံတွေ၊ ဂုဏ်ပြုသံတွေကို  မကြားနိုင် မမြင်နိုင်အောင် စိတ်ဓါတ်တွေ သိမ်ဖျင်းနေကြတာ။ ဟိုရွာလူကြီး ဆော်ကြမ်း ဆိုတဲ့သူက အဆိုးဆုံးဆိုပဲ  ဗျ”
“ဟေဟုတ်လား”
လို့ ရေရွတ်ရင်း ဂျီးဒေါ်စိတ်ထဲ စိတ်ကူး စိတ်သန်းကောင်း တချက် လင်းလက်သွားသည်။ သည်စိတ်ကူးကို အကောင်အထည်ဖော်နိုင်လျင် မဆိုး။ ကိုယ့်ရွာသူ ရွာသားတွေ ကောင်းကျိုးကိုလည်း
သယ်ပိုးရာရောက်သည်။ ပြီးတော့ စီးပွားရေး အခြေမလှလို့ ကန်စွန်းရွက်နဲ
မြိုင်ထ နေရသော ဘ၀မှလည်း လွတ်မြောက်ရာ လမ်းစပါတကား။ အခွင့်အရေးကား ကိုယ့်ရှေ့ကို  ဆိုက်ဆိုက်မြိုက်မြိုက် မိုးပေါ်က ကျလာချေပြီ။ ရွာမှာ သူတပါး လက်မဦးခင် စွန့်ဦးတည်ထွင်မှ။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံချင်သူတွေ မျက်စောင်းတထိုးထိုး ဖြစ်နေတဲ့  ဒီခေတ်ကြီးမှာ ခြေလှမ်းကို  ခပ်သွက်သွက် လှမ်းမှ။ ဖောက်သည်ကောင်းတွေကို ကြိုရှာဖွေ ဆက်သွယ်ထားမှ။
ဟောပြောရင်းဆိုရင်း  ဟိုရှေ့က ကွတကွတနဲ့ လာနေတာ ရွာလူကြီးဆော်ကြမ်း။ သာဂိ
အဆိုအရ တရွာလုံးမှာ သူအကန်းဆုံး အပင်းဆုံး ဆိုပဲ။သူ့ ကို လက်လွှတ်လို့မဖြစ်။ ဂျီးဒေါ်မျက်နှာကို ပရွက်ဆိတ် အကောင် ၁သိန်းခန့်  ၀ိုင်းအုံနိုင်လောက်အောင် ချိုမြစေပြီး
“အဟမ်း … ဦးဆော်ကြမ်း။ နေကန်း အဲလေ နေကောင်းတယ်နော်။ ဟဲ ဟဲ ဟဲ ဟဲ …”
အနှီကဲ့သို့ ခရီးဦးကြိုပြုတာတောင် ရွာလူကြီးဆော်ကြမ်းကား ဂျီးဒေါ်ကို မြင်ပုံမပေါ်။ဂျီးဒေါ် ခေါ်သံကို ကြားပုံမရ။ အိုး … ဒီလောက်တောင် ကန်းနေပင်းနေရှာတာကိုး။ ခါးကြားထဲ ထိုးထားသော စက္ကူစုတ်ကို အမြန်ထုတ်ကာ နားရွက်ကြားမှာ အသင့်ညှပ်ထားလေ့ရှိတဲ့ ခဲတံတိုကို ထုတ်။ တံတွေးကို အသာဆွတ်ကာ ရွာလူကြီးဆော်ကြမ်းဆိုသောစာလုံးကို  အသေအချာ
ရေးမှတ်ထားလိုက်သည်။
ဖိုးခွါးတို့အုပ်စုကတော့  ရွာလူကြီးဆော်ကြမ်းကို မြင်ကာမှ ဒေါ်ဂွက်ထော်၏၀က်မကြီးကို မြင်သကဲ့သို့ ပိုလို့ အော်လေသည်။
မင်းတို့ရဲ့ မနာလိုစိတ်တွေကို ပစ်လိုက်တော့ အမှိုက်ခြင်း
ရှက်ခြင်းဆိုတာကော ဘာလဲဟေ့ သိလား
ဂုဏ်ယူစရာ ဆိုတာကော ဘာလဲဟေ့ သိလား…
သွားစမ်းကွာ မင်းတို့ကောင်တွေ ကြွက်တွင်း
တို့ဗမာပြည်ဟာ မင်းတို့ကြောင့် ပျက်ခြင်း …
ရို့ ရို့  အဟ အဟ …”
ဖိုးခွါးတို့အသံကိုကား ရွာလူကြီးဆော်ကြမ်း  သဲ့သဲ့ကြားပုံရရှာသည်။ သူ့ထုံးစံ အတိုင်း  မျက်နှာထားကို သံပတ် တင်းတင်းပေးရင်း  …
“ဟေ့ကောင်တွေ ဘာ ဘားမားလဲကွ။ မင်းတို့ကို  ဘားမားလို့  မသုံးရဘူးလို့  ဘယ်သူ့မှမတိုင်ပင်ပဲ ငါ့သဘောနဲ့ ငါ အမိန့်ထုတ်ထားတာ  မသိကြဘူးလား ဟမ်”
“မင်းထုတ်တဲ့အမိန့်ကို မင်းဖာသာ ဖြန့်ခင်း
တို့ကတော့ အများသဘောမပါ … ကျော်နင်း
ရို့ ရို့   အို့ အို့  …”
ဖိုးခွါးတို့က… ဟစ်ဟော့နှင့် တုန့်ပြန်ရာ   ဆော်ကြမ်းခမျာ ကြားတချက် မကြားတချက် နှင့်  အော်ချင်ရာ အော်လေ၏။
“ အေးလေကွာ၊ ငါကိုယ်တိုင်ရေး ငါကိုယ်တိုင်ထုတ်ရင်  မကောင်းတတ်လို့
လိုသလိုခိုင်းလို့ရတဲ့ “ဖိုးကော်နဲ့ မရှင်”  လင်မယားကို  ကြော်ညာသင်ပုန်းမှာ ရေးခိုင်းလိုက်တာ ဘာဖြစ်လဲကွ”
ကိုယ့်အလုပ် မဟုတ်ဘဲနဲ့  သူများခိုင်းတာ ၀င်ရှုပ် …
ဆော်ကြမ်းကား သူ ဆူပူရမ်းကား  မနာလို၊ တိုရှည်လုပ်သမျှ
ကိုဖိုးခွါးတို့က  အဖက်မလုပ်။ အရေးမယူ။
သီချင်း တကျော်ကျော်။ လက်တလှုပ်လှုပ်နှင့်မို့ ကန်းနေသော မျက်စိက ပိုဝါး လာ။ ပင်းနေသော နားများက  ပိုပင်းလာကာ …
“ ဟေ့ရောင်တွေ … သွား … ငါ့ကိုယ်ပိုင် ကြော်ညာသင်ပုန်းမှာ ငါ့ဖာသာထုတ်ချင်တဲ့ ကြေညာချက်တွေ ထုတ်ထားတယ်။ သွားဖတ်ကြ။ မလိုက်နာရင် ငါဖာသာ တီထွင် ရေးသားထားတဲ့  ဥပဒေအရ အရေးယူမယ်။ ဒါဗြဲ …”
ဟု အော်ဟစ်ကြိမ်းမောင်းရင်း  လစ်ပြေးလေသည်။
ဖိုးခွါးတို့ကတော့  အကအခုန်မပျက် အဆိုမပျက်။
“….အိုး ၀ိုး …
မင်း သုံးတဲ့ သင်ပုန်းအစုတ်ဟာ ၀ိုင်ဖိုင်မမိ။
ကျောက်ခေတ်မှာသုံးကြတာ လူတကာသိ
တို့နှလုံးသားကို   မင့်အစုတ်ဟာ လာမငြိ …။
အဟိ အဟိ …
မင်းတို့ဟာ အပြောနဲ့ အလုပ်မှာ ကွာ၏
မင်းတို့မှာ မရှိသေးတာ စာနာအသိ …
ကရင်နီနဲ့  ဇိုမီးတို့ကို အသိအမှတ်မပြုတာ စာနာကြည့်
မနာလိုစိတ် ပွထနေတာ တိုင်းသိ ကမ္ဘာသိ…
အို့ ဟိုးးး
တကမ္ဘာလုံးရဲ့ သင်းမြတဲ့ ပန်းသတင်း၊ ၀င်းပတဲ့ပန်းခင်း
ကိုယ့်ဗမာပြည်ရဲ့ မွှေးကြည်တဲ့ ဂုဏ်သတင်း
မင်းတို့ကတော့ ကန်းခြင်းနဲ့အတူ နားပင်း။
သွားစမ်းကွာ ကြွက်တွင်း
ရေ့ရေ့ အိုး အိုး …”
သာဂိကား ဖိုးခွါးတို့အဖွဲ့ရဲ့ တိုက်ကွက်မှာ ရွာလူကြီးဆော်ကြမ်း နားပင်းကိုးကားနဲ့ ဆုတ်ခွာသွား
တာကို ကြည့်ရင်း  တခိခိနှင့် သဘောခွေ့နေလေ၏။
         ဂျီးဒေါ်ကတော့ သူ့ စီးပွားရေးစိတ်ကူးစိတ်သန်းကြီးကို
အမြန် အကောင်အထည်ဖော်ဖို့ သုတ်ခြေတင်ရန်ပြင်၏။ မတော် ဟိုတနိုင်ငံလုံး စီးပွားရေးအကွက်
မှန်သမျှ လက်ဝါးရော ခြေဖ၀ါးပါ လိုက်အုပ်နေသည့် “ဦးပိုင်” ဆိုတဲ့
အဖိုးကြီးနဲ့  သူ့သား  “ခရိုနီ” တို့ ကြားသွားမှဖြင့် ခက်ရချည့်
အိမ်ပြန်လမ်းတလျှောက် ခပ်သုတ်သုတ် လျှောက်လာရာ တနေရာတွင်
ဦးသာကူးကြီးနဲ့ ဘွားခနဲ ၀င်တိုက်မိခမန်း ဖြစ်သွားသည်။
ဦးသာကူးကြီးကား ထူးဆန်းစွာ … ၀င်တိုးမတတ်ဖြစ်သွားသော ဂျီးဒေါ်ကို မမြင်။ ဂျီးဒေါ် နှုတ်ဆက်သည်ကို မကြား။ လက်ထဲတွင် စာရွက်ကြီး တကားကား။ ပါးစပ်ကလည်း စာရင်းရှင်းတမ်းတခုကို ရေရွတ်လျက်။
“ဟို အသားမဲမဲ အရာကြီးတွေက  ခုရက် အထုခံရမှာ ကြောက်လို့ ငွေလာလှူတယ်။ အခမ်းအနားလုပ်ပြီး  ကြာဇံချက်ကျွေးတယ်။ ပိုတာတွေကို ဘုန်းကြီးကျောင်းတွေ ချိုင့်နဲ့ ပို့တယ်။ ပိုငွေကို လူငယ် ၅၀ အား ညနေတွင် အရက်တိုက်ပြီး ဂုဏ်ပြုတယ်။ အင်း … ဘာကျန်သေးလဲ။ ဟိုရွာကို ဆိုင်းဘုတ်တခု ၃ သောာင်းနဲ့ ရောင်းထားတာ ဒီစာရင်းနဲမဆိုင် … ထားလိုက်။ အိုကေ။ ပြီးပြီ။ ပါတီ တံဆိပ်ထုလိုက်မယ်။ လာလေရော့ … “ဒုံး”။
လမ်းလည်ခေါင်တွင် ဘေးဘေးဘီဘီကိုမှ မကြည့်၊ စာရွက်ကို မြေပေါ်ချကာ  ပါတီတံဆိပ်တုံး ထုနေရှာသော  ဦးသာကူးကြီးကို ကြည့်ရင်း၊ သူ့ပါတီအတွက်လည်း စိတ် မသက်မသာ ရှိလှတော့သည်။
ဦးသာကူးကြီးကားဘာမှ မကြား.။ ဘာမှ မမြင် ။ သူလုပ်ချင်ရာ လုပ်ပြီး  ခေတ်ကာလနှင့်  အဆက်ပြတ်နေသလို။ အင်း … “ဖော်ပင်လန်မီဒီယာဂဒု”က  လူတွေနဲ့ တွေ့လို့ကတော့ ခက်ရချည်ရဲ့လို့ မသက်မသာ တွေးရင်း ဂျီးဒေါ်ဖောက်သည်စာရင်းတွင် ဦးသာကူးကြီးနံမယ်ကိုလည်း အကြီးကြီး သွင်းလိုက်သည်။
အိမ်ရောက်သည်နှင့် မဆိုင်းမတွ သစ်သားပြားပေါ်တွင် မီးသွေးခဲနှင့် ရေးဆွဲကာ လုပ်ငန်းသစ်ကို ဆိုင်းဘုတ် တင်လိုက်လေသည်။
 “ဂျီးဒေါ် အင် ကုမ္ပဏီလီမိတက်”
           “နားဖာချေး ကလော်သည်။ မျက်ဝတ်သန့်စင်သည်”
“တို့ရွာသားများ  နားမျက်စိပွင့်ရန် အာမခံသည်”
တောင်ကြီးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲအား ပြည်နယ်အစိုးရအဖွဲ့မှ ပိတ်ပင်..
Posted: 30 Jun 2012 06:29 AM PDT
တောင်ကြီးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲအား ပြည်နယ်အစိုးရအဖွဲ့မှ ပိတ်ပင်
၂၀၁၂ ခုနှစ် ဇွန် ၃၀
ယနေ့ ဇွန် ၃၀ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် တောင်ကြီးမြို့  ရေအေးကွင်းရပ်ကွက် ကမ္ဘောဇလမ်းရှိ ဟုတ်ကြန့် ဘုံကျောင်းတွင် ပြုလုပ်မည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကျင်းပခွင့် မပြုဘဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်မပြုကြောင်းကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် မှတစ်ဆင့် ရေအေးကွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဘာသာ ပေါင်းစုံအဖွဲ့ ခေါင်းဆောင်များကို အကြောင်းကြားရန် အဆင့်ဆင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခွင့်မပြု ကြောင်း ရုံးတွင်း စာမထွက် ခင်ကတည်းက တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့က ခွင့်မပြုကြောင်း ခေါ်ယူပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပနိုင်ရန် ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)နှင့် ၈၈ မျိုးဆက်ကျောင်းသား (ရှမ်းပြည်နယ်) အဖွဲ့က ဦးဆောင်ပြုလုပ်ရန် စိစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုလ ၁၇ ရက်တွင် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် အခမ်းအနား ကျင်းပရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ၂၀ ရက်တွင် အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးက ပြည်နယ် ၀န်ကြီးချုပ် နေပြည်တော် သွားရောက်နေသဖြင့် တာဝန်ယူ ကျင်းပခွင့် မပေးခဲ့သောကြောင့် ၃၀ ရက်နေ့ကို ရက်ရွှေ့ဆိုင်း ခဲ့ရသည်ဟု သိရသည်။ ကျင်းပရန် တစ်ရက်အလိုတွင် ယခုကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုခြင်း မရှိဘဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဘာသာပေါင်းစုံ ခေါင်းဆောင်များမှ နိုင်ငံတွင်း အေးချမ်းသာယာရေး ဘာသာပေါင်းစုံ ညီညွှတ်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တို့အတွက် ဆုတောင်းပွဲအခမ်းအနား ကျင်းပရန်သာ ရည်ရွယ် ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယင်းအခမ်းအနားတွင် အလှူငွေ ပေးအပ်ပွဲပါ ပူးတွဲကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။
Burma/ Myanmar အပေါ် ဒေါ်အောင်ဆန်းစုကြည်နှင့်ဟံသာဝတီ ဦးဝင်းတင် အမြင် များ
 “ကျမ ဗမာနိုင်ငံလို့ ဆက်လက် ခေါ်နေရတာဟာ မြန်မာနိုင်ငံဆိုတဲ့ နာမည်ကို မကြိုက်လို့ မဟုတ်ပါဘူး။ ပြောင်းလိုက်တဲ့ ပုံစံကို မကြိုက် လို့ပါ။ SLORC (နဝတ) အစိုးရဟာ ဘယ်သူ တဦးတယောက်ကိုမှ မတိုင်ပင်ပါဘဲနဲ့ ပြည်သူ့ အခွင့်အရေးတွေကို ချိုးဖောက် ပြောင်းလဲလိုက်တဲ့ လုပ်နည်းလုပ်ဟန်ကို မနှစ်သက်လို့သာ ဗမာနိုင်ငံလို့ ဆက်လက်ခေါ်ဆိုနေတာပါ။ မိမိတို့ နိုင်ငံအပေါ် ကမ္ဘာကြီး က ဘယ်လိုနာမည်နဲ့ တွဲ သိမလဲဆိုတာ စိတ်တိုင်းကျ ရွေးချယ်ဖို့ အခွင့်အရေး ပြည်သူမှာ ရှိနေတာကို နဝတ အစိုးရက ချိုးဖောက်ခဲ့တာ၊ ဥပက္ခာပြုခဲ့တာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
Burma/ Myanmar အပေါ် ဟံသာဝတီ ဦးဝင်းတင် အမြင်
တနိုင်ငံလုံးကိုတော့ ဗမာနိုင်ငံလို့ သုံးတယ်ဗျ။
"ကျနော်ပြောနိုင်တာကတော့ အဖွဲ့ချုပ်က မူအားဖြင့် လက်မခံဘူး။ ကျနောတို့ ဗမာစကားနဲ့ ပြောရင် မြန်မာနိုင်ငံပဲ ပြောတာပဲ။ ဒါပေမဲ့ အင်္ဂလိပ်လို ပြောရင် ကမ္ဘာက သုံးနေတဲ့ Burma လို့ သုံးတာပေါ့။ ဥပမာဆိုပါတော့။ ဂျပန်ဆိုလို့ ရှိရင် သူတို့က နိပွန်လို့ ခေါ်တယ်ပေါ့ဗျာ။ ကမ္ဘာကနေ ဂျပန်လို့ ခေါ်တယ်။ တရုတ်ဆိုလည်း ဒီလိုပဲ။ ဒီဟာတွေ နောက်မှ ဘာမှ အဓိပ္ပါယ် ထူးထူးခြားခြား ရှိတာမှ မဟုတ်ပဲ။
နောက်တခု ကျနော်ပြောချင်တာက မြန်မာဆိုတာကလည်း စစ်အစိုးရ
လုပ်ပြီး ပြောနေလို့၊ တကယ်တော့ မြန်မာဆိုတဲ့ စကားဟာ သူတို့ မှားတောင်နေတာဗျ။ မြန်မာဆိုတာ အားလုံးနဲ့ ဆိုင်တယ် ဘာညာ
လုပ်နေတာ။ မြန်မာက အားလုံးနဲ့ ဆိုင်တာ မဟုတ်ဘူးဗျ။ ဗမာကမှ အားလုံးနဲ့ဆိုင်တာ။
ပုဂံခေတ်က မြစေတီ ကျောက်စာမှာ မွန်ရယ်၊ မြန်မာရယ်၊ ပါဠိရယ်၊ ပျူရယ် ရေးတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ဗမာနဲ့ မွန်လို့ ပြောတာ မဟုတ်ဘူး။ မြန်မာဟာ ဒီ ဧရာဝတီ မြစ်ရိုးမှာနေတဲ့ ပုဂံတို့၊ အင်းဝတို့ ပင်းယတို့ စတဲ့ ဒီ ဧရာဝတီမြစ်ရိုးမှာနေတဲ့သူတွေကို မြန်မာ ဆိုတဲ့ ဟာနဲ့ သုံးတယ်။ တပြည်လုံးကျတော့ ဗမာလို့ သုံးတယ်။
ဒါဟာ ကျနော်ထင်တယ်ဗျ။ ဒို့ဗမာအစည်းအရုံး ဖြစ်တော့လည်း ဗမာတမျိုးလုံးနဲ့ ဆိုင်တဲ့ စကား၊ အဲဒါကို သုံးတာဗျ။ ဒို့ဗမာဆိုတာက အဲဒီတုန်းက မွန်တွေလည်းပါတယ်ဗျာ။ ရခိုင်တွေလည်း ပါတယ်ဗျာ။ ဗမာဆိုတဲ့ နေရာမှာ။ မြန်မာ ကသာလျှင် မြန်မာစကား ပြောတဲ့ သူတွေပေါ့ဗျာ။ မြန်မာစကားပြောတဲ့လူဟာ မြန်မာပဲ။ မွန်စကားပြောတဲ့လူက မွန်ပဲ။ ရခိုင်စကားပြောတဲ့လူက ရခိုင်လူမျိုး။ အဲတော့ မွန်လူမျိုး၊ ရခိုင်လူမျိုး၊ မြန်မာလူမျိုး၊ ရှမ်းလူမျိုး၊ အဲဒီလို ခေါ်ကြတဲ့အခါ တနိုင်ငံလုံး
ကိုတော့ ဗမာနိုင်ငံလို့ သုံးတယ်ဗျ။
ကော်မရှင်တို့ ဘာတို့က ဒီကိစ္စတွေကို ၀င်ပြီးတော့ လုပ်နေတယ်။ အခြေခံ ဥပဒေတို့ဘာတို့ ကို ကိုင်ပြီး ပြောနေတယ်။ ဒါကို ကျနော် လက်မခံနိုင်ဘူး။ ကျနော့်သဘောကို ပြောတာနော်။ အဖွဲ့ချုပ်ကတော့ ဘယ်လို ဆုံးဖြတ်အုန်း
မယ် မသိသေးဘူး။
ဒါတွေက ရှင်းရှင်း ပြောရရင် စာပေ ပညာရှင်တွေနဲ့ အများကြီး ညှိနှိုင်းရအုန်းမယ့် ကိစ္စ ဖြစ်တယ်။ သူတို့ က ဒါကို မြန်မာစကားတို့ ဗမာစကားတို့ ဗမာလူမျိုးတို့ မြန်မာလူမျိုးတို့ ဆိုတာ သူတို့က နိုင်ငံရေးနဲ့ ဆွဲပြီးတော့ နိုင်ငံရေးဆိုတာ စစ်နိုင်ငံရေးပေါ့ဗျာ။ စစ်နိုင်ငံရေးနဲ့ ဆွဲ ပြောနေတာပဲ။"
Friday, June 29, 2012
ဒေါ်အောင်ဆန်းစုကြည် တက္ကသိုလ် ရိပ်သာလမ်းနေအိမ်သို့ အပြန်
အမေဒေါက်တာဒေါ်အောင်ဆန်းစုကြည်ဥရောပခရီးစဉ်မှ အပြန် ရန်ကုန်လေဆိပ်တွင် လာရောက်ကြိုဆိုနေကြသူ ပြည်သူလူထုများ ။
( မြန်မာတနိုင်ငံလုံးကိုယ်စား အမေအတွက် ဂုဏ်ယူပါတယ်....အမေ ။ )
ဒီလိုလွဲသးတွေလည်းရှိပါတယ်။
တော်တော်အဖြစ်မရှိတဲ့ငါ တော်တော်အသုံးမကျတဲ့ငါ ပင်ပန်းရကျိုးမနပ်ဖူး.. နောက်ကျောလေးပဲရေးရေးလေး လှမ်းမြင်လိုက်ရတယ်.. တော်တော်ညံ့တဲ့ငါ အခုတော့ပြစရာဆိုလို့ လက်ထဲမှာဒါလေးပဲရှိတော့တယ်..:'(((((
ယနေ့ ရန်ကုန်လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်သူများနဲ့ အတူတွေ့ရတဲ့
မြန်မာ့ဂုဏ်ဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
 နေအိမ်ရှေ့မှာ ပင်ပန်းတာတွေ ပြေပျောက်စေဖို့ လာရောက် စောင့်မျှော်နေကြတဲ့ ပရိသတ်အား နှုတ်ဆက်နေစဉ်.
.
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ပျော်ရွှင်စွာလာရောက်ကြိုဆိုနေကြသောလူထု (Eleven Media Group)
ဇွန်လ 13 နေ့မှ 30 ရက်နေ့ထိတိုင်အောင် ဥရောပ နိုင်ငံများသို့ ခရီး ထွက်ခွာသွားသည့် ငြိမ်းချမ်းရေးနို ဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက္ကသိုလ် ရိပ်သာလမ်းနေအိမ်သို့ အပြန်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လာရောက်ကြိုဆိုသည့် အနုပညာရှင်အချို့
အမေစုကိုကြို နေကြ ပြီ
လုံခြုံရေး ကို ဂရုစိုက်ကြပါ။
ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရန် ရန်ကုန်လေဆိပ်ရှေ့တွင်စောင့်ဆိုင်းနေသူများရှေ့မှ
လုံခြုံရေးယာဉ်တစ်စီးဖြတ်သန်းသွားစဉ်။
ကြိုဆိုရေးယာဉ်။
ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရန် ရန်ကုန်လေဆိပ်ရှေ့တွင်စောင့်ဆိုင်းနေသူများ(၃)
ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရန် ရန်ကုန်လေဆိပ်ရှေ့တွင်စောင့်ဆိုင်းနေသူများ(၂)
ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရန် ရန်ကုန်လေဆိပ်ရှေ့တွင်စောင့်ဆိုင်းနေသူများ
ဒေါ်အောင်ဆန်းစုကြည် အားကြိုဆိုရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့သို့ ရောက်ရှိလာသော ကြိုဆိုရေးယာဉ်များ။
ရန်ကုန်လေဆိပ်သွားရာလမ်းတွင်တွေ့ရသောကြိုဆိုရေးယာဉ်။
ရန်ကုန်ပြည်လမ်းတလျှောက်နှင့်တက္ကသိုလ်ရိပ်သာလမ်းတလျှောက်တွင်
လုံခြုံရေးတပ်ဖွဲ့ဝင်များချထားသည်ကိုတွေ့ရသည်။
ရန်ကုန်ပြည်လမ်းတလျှောက်လမ်းမတွင်ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုရန်စောင့်မျှော်နေ
ူများတစထက်တစပိုများပြားလာ။
 (30.6.2012) (Sat) မနက်. (၈:၀၀).အမေစုအိမ်ရှေ့ ...မြင်ကွင်း..အမေစုအားကြိုဆို
ရန်အတွက်ပြင်ဆင်နေကြပုံ - ၁
ယုံကြည်လိုက်ပါ အမေစုအတွက်ဆိုအားလုံးကစည်းကမ်း၇ှိပြီးသား
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံသူများ
ဥရောပ ခရီးစဉ်မှ ပြန်ရောက်လာမည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် လေဆိပ်တွင်စောင့်ဆိုင်းနေသူများကိုတွေ့ရစဉ်။