Saturday, June 23, 2012

ရခိုင်ပြည်နယ် သတင်း Saturday, 23 June 2012

A Myanmar policeman and soldier provide security as Muslims gather near their refugee camp in Sittwe, capital of Rakhine state in western Myanmar on Thursday, June.14, 2012.

 

ဘင်္ဂါလီ လှေစီးဒုက္ခသည်တွေ ပစ်ခတ်ခံရတဲ့သတင်း ပြည်နယ် ဥပဒေချုပ် ငြင်းဆို

2012-06-23
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ရဟတ် ယာဉ်နဲ့ လိုက်လံပစ်ခတ် ခဲ့တယ်ဆိုတဲ့ သတင်းတွေ မကြာခင် ရက် ပိုင်းက ပေါ်ထွက်ခဲ့ပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်မှု ရှိမရှိ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို အာအက်ဖ်အေက မေးမြန်းခဲ့ရာမှာ အတည် မပြုနိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
"အဲဒီဟာ မမှန်ပါဘူး။ ကျွန်တော်တို့ သိထားတဲ့ထဲမှာ အခုစက်လှေတွေနဲ့ ပင်လယ်ထဲမှာ နေတယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်ခုနကပြောတဲ့ အလယ် ဖရုံကာက ရွာတစ်ရွာနားမှာ ရှိတယ်"
စစ်တွေအနီး အလယ်ဖရုံကာမှာ ခိုလှုံနေသူ လူသုံးထောင်ကျော် ဘင်္ဂါလီ ရိုဟင်ဂျာအဖွဲ့တစ်ဖွဲ့ရှိပြီး ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ လုံခြုံရေးတွေ ပေးထားကြောင်း၊ အခုအခါ သူတို့ကို စစ်တွေမှာရှိတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပူးပေါင်းထားရှိဖို့ စီစဉ်နေကြောင်း ဦးလှသိန်းက ပြောပါတယ်။
စစ်တွေမြို့ ဈေးကြီးကိုလည်း ပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် စစ်ရေယာဉ်တွေနဲ့ ရောက်ရှိနေတဲ့ ကုန်ပစ္စည်းတွေကို ပဋိပက္ခ ကာလအတွင်း အလုပ်သမား မလုံလောက်တဲ့အတွက် မချနို င်ဘဲ ဖြစ် ခဲ့ရာက မနေ့ကစလို့ တစ်စီးပြီးတစ်စီး အမြန်သယ် ချနေကြောင်း၊ ကုန်သည်တွေလက်ထဲ ကုန်ပစ္စည်းတွေ ရောက်ရှိသွားရင် ပြည် သူတွေဆီ ကုန်စည်စီးဆင်းမှု မြန်ဆန်လာမှာ ဖြစ်ကြောင်း လည်း ပြောဆိုပါတယ်။
စစ်တွေ အပါအ၀င် ရခိုင်ပြည်နယ် မြို့တချို့မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ (၁၄၄) ရုပ်သိမ်းနိုင်ခြေ ရှိမရှိနဲ့ ပတ်သက်လို့လည်း ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက -
"ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ ဥပဒေကြောင်းပေါ့။ ၁၄၄ ထုတ်တယ်ဆိုလို့ရှိရင် ၂ လပေါ့။ ၂ လကြာတဲ့ အခါမှာ ရုတ်သိမ်းဖို့ မသင့်သေးဘူး၊ မတည်ငြိမ်သေးဘူး ဆိုရင်တော့ ဒီအမိန့်ကို ဆက်လက်ပြီးတော့ ကျင့်သုံးဖို့ ကြေညာမှာ ဖြစ်ပါတယ်။ ဒီ ၂ လ မကြာပဲနဲ့ လုံခြုံမှုတွေက ကောင်းသွားပြီ၊ စောစောစီးစီး အခြေအနေ ကောင်းသွားပြီ ဆိုလို့ရှိရင် စောစောစီးစီး ပြန်ရုပ်လိုက်ရင် ရပါတယ်။ ခဲရာ ခဲဆစ်တော့ မဟုတ်ပါဘူး"
အလားတူ ရခိုင်ပြည်နယ်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ဟာလည်း (၃) လအတွင်း အစိုးရက ပြည်ထောင်စု လွှတ်တော်ကို တင်ပြရမှာဖြစ်ပြီး၊ လွှတ်တော်က ဆက်လက် ထားရှိဖို့ သင့်မသင့် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း လယ်သမားတွေ လယ်ပြန်ထွန်နိုင်ဖို့ အတွက် လြုံခုံရေးတွေ စီစဉ်နေတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၀ ခန့် လူဝင်မှုဥပဒေအရ ထောင်ဒဏ်ချမှတ်


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သဲခုန်ကျေးရွာကိုဆိုက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရ်နိုင်ငံသား (၈၄) ဦးကို မြန်မာ အာဏာပိုင်တွေကနေ ဖမ်းဆီးခဲ့ပြီး လူဝင်မှု ကြိကြပ်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် တနှစ် ချမှတ်ခဲ့ပါ တယ်။ ထောင်ချခံဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့လက မွန်ပြည်နယ်အတွင်းကို ဒုက္ခသည် အဖြစ် ၀င်ရောက်လာခဲ့ပြီး ပြန်လည်လွှတ်ပေးရာကနေ အခုတဖန်ပြန်လည်ဝင်ရောက်လာတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သဲခုန်တံငါစခန်းကိုရောက်လာတဲ့ စက်လှေတစ်စီးပေါ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ရေးမြို့နယ် လူဝင်မှုကြိကြပ်ရေး ဌာနနဲ့ မြို့နယ်ရဲစခန်းတွေကနေ တရားမ၀င် ပြည်တွင်း ခိုးဝင်မှုဥပဒေနဲ့ အပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ရေးမြို့၊ မြို့မရဲစခန်းကနေ အတည်ပြု ပြောဆိုခဲ့ ပါတယ်။
မြန်မာ့ပင်လယ်ပြင်ပိုင်နက်ထဲကို ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို လူဝင်မှုကြိကြပ်ရေး အက် ဥပဒေပုဒ်မ ၁၃/၁ နဲ့ အရေးယူခဲ့တယ်လို့ ရေးမြို့၊ မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“ဘင်္ဂလား ဘင်္ဂလီလူမျိုးတွေကို ကျနော်တို့ မော်လမြိုင်အကျဉ်းထောင်ကို ပို့လိုက်ကုန်ပြီ၊ ထားဝယ်အပိုင် ကနေ မိတာ။ ထောင်ဒဏ် တနှစ်စီ ချလိုက် တယ်။ လ.၀.က Act နဲ့။ လှေပေါ်မှာအားလုံး (၈၄) ယောက်။ ပြီးခဲ့တဲ့အပတ်က ဟိုဥစ္စာပဲပြန်မိတာ။”
ဒီတရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပြီးခဲ့တဲ့အင်္ဂါနေ့က ရေးမြို့နယ် တရားရုံး ကနေ အားကစားရုံအတွင်းမှာ ယာယီတရားရုံး ဖွင့်ပြီး စီရင်ချက်ချမှတ်ခဲ့ပြီးတော့ ဇွန်လ (၁၉) ရက်နေ့ မှာ မော်လမြိုင် အကျဉ်းထောင်ကို ပို့ခဲ့တယ်လို့ ရေး မြို့မရဲစခန်းအရာရှိတစ်ဦးက ပြောပါတယ်။
တကယ်တော့ ဒီဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ မေလ (၂၃) ရက်နေ့ကတည်းက စက်လှေ ပျက်ပြီး ရေးမြို့နယ် ငါးမျှားစခန်းမှာ ၀င်ရောက်လာခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ စက်လှေပြန်အထွက်မှာ စက်လှေချွတ်ယွင်းမှုကြောင့် အခုလို ကမ်းဘက်ကို ပြန်ကပ်လာရတယ်လို့ ဒေသခံ သဲခုန်ကျေးရွာ အမျိုးသမီးတစ်ဦးက မွန်ဘာသာနဲ့ အခုလိုပြောပါတယ်။
“အဲဒီလှေက သဲခုန်ရွာကိုဝင်လာတယ်။ လူ (၈၆) ယောက်ပါလာတယ်။ အဲဒီဆိုက်ရောက်တဲ့နေ့မှာ (၂) ယောက် ပျောက်သွားတယ်။ သူတို့တတွေက ငါးမျှားစခန်းကနေ ထွက်ခွာလာပြီး မန်ကျည်းကျွန်း ကိုရောက်လာတယ်။ အဲဒီမှာလှေပျက်လာပြီးတော့ ကျွန်မတို့ သဲခုန်ရွာဘက်ကို ၀င်လာတယ်။ လှေပြင်ဖို့နဲ့ စက်ဆီဝယ်ဖို့အတွက်လို့ ပြောတယ်။ အခု မြန်မာအာဏာပိုင်တွေက ရေးမြို့ဘက်ကိုခေါ်သွားပြီ၊ သူတို့ တတွေကို။”
မလေးရှားနိုင်ငံကို တရားမ၀င်အလုပ်လုပ်မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၈၆) ဦးပါ တန်ကေးစက်လှေ တစီးဟာ စက်ချွတ်ယွင်းမှုကြောင့် ပြီးခဲ့တဲ့မေလ (၂၃) ရက်နေ့က  မွန်ပြည်နယ်၊ ရေးမြို့နယ်ကမ်းခြေ ဘက်ကို ဒုက္ခသည်အဖြစ် ရောက်လာခဲ့ပြီးဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာ ကပ္ပလီ ပင်လယ်ပြင် ထဲမှာ ရက်ကြာကြာ လှေမျောနေပြီး အစာရေစာငတ်မှုကြောင့် လမ်းခရီးမှာ သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ် စက်လှေပျက်ဒုက္ခသည်တွေရဲ့စားဝတ်နေရေးနဲ့ ယာယီနေထိုင်ရေးအတွက် ဒေသခံ ရွာသားတွေကနေ ကူညီစောင့်ရှောက်ထားပြီး ဒေသခံ အာဏာပိုင်တွေကနေ စစ်ဆေးမေးမြန်းပြီး မူလဒေသကို ပြန်လည် ပို့ဆောင်ပေးခဲ့ရာကနေ အခုတဖန် ပြန်လည်ဝင်ရောက်လာတဲ့အတွက် လူဝင်မှု ကြိကြပ်ရေး အက်ဥပဒေပုဒ်မနဲ့ အရေးယူရခြင်းဖြစ်တယ်လို့ အမည်မဖော်လိုသူ ဥပဒေအရာရှိ တဦးက ပြောပါတယ်။
လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်ဘက်မှာ ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်ပြည်နယ်သားတွေအကြား တင်းမာမှု ပဋိပက္ခတွေဖြစ်ပွားနေတာကြောင့် မွန်ပြည်နယ်အတွင်း လူမျိုးခြားတွေ ၀င်ရောက်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံသံဃာတော်တွေက ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်ကိစ္စ နိုင်ငံရေးပါတီတွေနဲ့ သတင်းသမားတွေ သတိပေးခံရ


ရခိုင်ပြည်နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို တရားစွဲတာတွေနဲ့ နိုင်ငံရေးပါတီတွေ ၀င်ရောက် ပတ်သက်ခြင်းမပြုဖို့ တားမြစ်ချက်တွေဟာ ဒီမိုကရေစီနိုင်ငံ တခုဆီကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက်  မသင့်တော်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့  မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ ၀င်မပတ်သက်ဖို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေးခဲ့သလို  အပတ်စဉ်ထုတ် လျှပ်တပြက် ဂျာနယ်ကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရားစွဲဆိုထားတဲ့အပေါ် အခုလို ဝေဖန်ထောက်ပြ လိုက်ကြတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တွေကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးကို ဦးတည်သွားနေတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိ အစိုးရ အဖွဲ့တချို့ရဲ့ လုပ်ဆောင်ချက်တွေဟာ သံသယဖြစ်စရာ အခြေအနေတွေလို့ မြန်မာ့အရေး လှုပ်ရှားသူတွေက သုံးသပ်လိုက်ကြတာပါ။
ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့  အပတ်စဉ်ထုတ် လျှပ်တပြက်ဂျာနယ်ကို အစိုးရက တရားစွဲတာ နိုင်ငံရေးပါတီတွေကိုလည်း ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀င်ရောက် ပြောဆိုတာတွေ မလုပ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးချက် ထုတ်ပြန်တဲ့အပေါ်ကို ခုလို ပြန်လည် ထောက်ပြကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးမယ်လို့ ကတိက၀တ်တွေ ပြုထားတဲ့အချိန်နဲ့ တပြိုင်နက် သတင်းမီဒီယာတွေကို တရားစွဲဆိုတာ၊ ခေါ်ယူသတိပေး တားမြစ်နေတာတွေဟာ သတင်းသမားတွေအတွက် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်တယ်လို့ နော်ဝေနိုင်ငံက မြန်မာ့သတင်း သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က သုံးသပ်ပါတယ်။
“အခုလိုမျိုး သတင်းဂျာနယ်တွေကို အစိုးရက စိတ်မထင်ရင် မထင်သလို မကြာခဏ တရားစွဲတဲ့ ဓလေ့ဟာ ဒီမိုကရေစီ နိုင်ငံတခုကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီး မသင့်လျော်လှဘူးလို့ ထင်ပါတယ်။ အစိုးရအနေနဲ့ ဒီလကုန်မှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းတော့မယ်လို့ ပြောထားတာလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီ လက်တွေ့ အခြေအနေတွေကို မြင်ရတာမှာတော့ အစိုးရဟာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပေမယ့်လို့ စာပေစိစစ်ရေးနဲ့ ပတ်သက်တဲ့မူတွေ၊ တင်းကျပ်မှုတွေ၊ ချုပ်ထိန်းမှုတွေကိုတော့ တရားရုံးကို အသုံးပြုပြီးတော့ သတင်းဂျာနယ်တွေကို သူတို့ကို တနည်းတဖုံ ပြန်ပြီးတော့ ထိန်းချုပ်နေတဲ့ သဘောပါပဲခင်ဗျ။”
လျှပ်တပြက် ဂျာနယ်ဟာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းတွေ ဖော်ပြချက်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က အပတ်စဉ်ထုတ် လျှပ်တပြက် ဂျာနယ်ကို ပုဒ်မ ၅၀၅ (ခ)(ဂ) နဲ့ ဇွန်လ ၁၉ ရက်နေ့မှာ သမ္မာန်စာ ပို့ တရားစွဲဆိုထားပြီး ဇွန်လ ၂၅ ရက်နေ့မှာ ရုံးချိန်း ချိန်းထားပါတယ်။ ဒီပုဒ်မဟာ ထောင်ဒဏ်၂ နှစ်နဲ့ ငွေဒဏ်အပြင် ပြစ်ဒဏ် နှစ်ရပ်လုံး ချနိုင်တာဖြစ်ပါတယ်။
လျှပ်တပြက် ဂျာနယ်ဟာ ရခိုင်ပြည် နယ်သတင်းနဲ့ ပတ်သက်လို့ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ ဖြစ်ခဲ့တဲ့ မသီတာထွေးရဲ့ အမှုနဲ့ ပတ်သက်လို့ ဓာတ်ပုံတချို့ ဖော်ပြခဲ့ပြီး သတင်းစာရဲ့ အသုံးအနှုန်း အမှားတွေကို ဝေဖန် ထောက်ပြတာတွေကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ လျှပ်တပျက် ဂျာနယ်က ဖော်ပြခဲ့တဲ့ မူလ သတင်း အရင်းအမြစ်တွေကိုလည်း ပြန်လည် ဆန်းစစ်ဖို့လိုမယ်လို့လည်း ဦးမောင်မောင်မြင့်က ထောက်ပြပါတယ်။
“တကယ်တမ်းကတော့ အစိုးရအနေနဲ့ ပြန်ပြီး ကြည့်သင့်တဲ့အချက်တွေ ရှိပါတယ်။ ဒီ လျှပ်တပြက်ဂျာနယ်က သုံးစွဲခဲ့တဲ့ သမ္မတရုံး ညွန်ကြားရေးမှူး သူ့ရဲ့ ကိုယ်ပိုင် facebook ပေါ်မှာ တင်ခဲ့ပါတယ်။ ဓာတ်ပုံကိုလည်း လျှပ်တပြက် ဂျာနယ်က သူ့ရဲ့ facebook စာမျက်နှာပေါ်က ယူတယ်ဆိုတဲ့ သတင်းကိုလည်း ကျနော်တို့ ကြားရပါတယ်။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကုလားဆိုတဲ့ အသုံးအနှုန်းမျိုးကို သုံးနှုန်းပြီးတော့ အစိုးရရဲ့ ကိုယ်ပိုင်သတင်းစာကနေ စပြီး ဖန်တီးခဲ့ပါတယ်။ ဆိုတော့ အစိုးရဟာ သူ့ရဲ့ သမ္မတရုံးဝန်ထမ်းကို အရေးမယူဘူး။ အစိုးရရဲ့ ကိုယ်ပိုင်သတင်းစာ ကိုလည်း အရေးမယူဘူး။ ဒါပေမဲ့လို့ ပုဂ္ဂလိကဂျာနယ်တွေကိုမှ ရွေးပြီးတော့ အရေးယူတာဟာ အစိုးရအနေနဲ့ စာပေလွတ်လပ်ခွင့်ကို ဆက်ပြီးတော့ ထိန်းချုပ်ထားချင်တဲ့ သာဓက ပြတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုတွေနဲ့အတူ နေရပ် စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေးပါတီတွေဟာ လူထုနဲ့ ထိတွေ့ပြောဆိုတာတွေ၊ သတင်းမီဒီယာတွေနဲ့ ပြောဆိုတာအပြင် ပါတီသဘောထား ထုတ်ပြန်ခြင်းတွေ မလုပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဇွန်လ ၁၈ ရက်နေ့မှာ နိုင်ငံရေးပါတီတွေကို သတိပေးစာ ထုတ်ပြန် အကြောင်းကြားပါတယ်။ ဒီအချက်တွေဟာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်စဉ်က ဥပဒေပုဒ်မ (၆) ကို ချိုးဖောက်တာမျိုး ဖြစ်တာမို့ အရေးယူလို့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ လတ်တလော ဖြစ်နေတဲ့ ရခိုင်ပြည်နယ် ပြဿနာအပြင် လျှပ်စစ်မီးမရတဲ့ ကိစ္စအတွက် ဆန္ဒဖော်ထုတ်တာတွေ၊ အလုပ်သမား ဆန္ဒပြမှုတွေမှာပါ နိုင်ငံရေးပါတီတွေ ပါဝင်ပတ်သက်မှုတွေကိုလည်း သတိပေးထား ပါတယ်။ ဒါပေမဲ့ လူထုအကျိုးအတွက် လုပ်ဆောင်ကြမယ့် နိုင်ငံရေးပါတီ အနေနဲ့  နိုင်ငံသားတွေရဲ့ အရေးကို ပြောဆိုရမှာ ဖြစ်တယ်လို့ လန်ဒန်မြို့ကို အခုရောက်နေတဲ့  ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာကလည်း ထောက်ပြပါတယ်။
“ကျနော်တို့ တိုင်းပြည်မှာ လျှပ်စစ်မီး မရတာလည်း နိုင်ငံသားတွေရဲ့ ပြဿနာပါပဲ။ ထိုနည်းတူ လုပ်ခလစာနည်းပြီးတော့ တနေ့ကိုမှ ၀င်ငွေ ၁,၀၀၀၊ ၁,၅၀၀ ပဲ ရတာလည်း နိုင်ငံသားတွေရဲ့ ပြဿနာပါပဲ။ ဒီနိုင်ငံသားတွေကို ကိုယ်စားပြုနေတဲ့ နိုင်ငံရေးပါတီတွေဆိုတာ နိုင်ငံသားတွေကိစ္စကို ၀င်ပြီး ဖြေရှင်းရမှာပါပဲ။ ဒါကို နိုင်ငံရေးပါတီတွေရဲ့ လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်ပိုင်ခွင့်နဲ့ သူတို့ရဲ့ လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ကိုတော့ အနှောက်အယှက် မပေးသင့်ဘူးလို့တော့ ကျနော့်အနေနဲ့ကတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ဒီလိုပဲ ပြတ်ပြတ်သားသား ပြောချင်တယ်။”
အခု ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၆၂ ဦး ရှိနေပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ အခု ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေဟာ စာပေစိစစ်ရေးရဲ့ မူဝါဒအတိုင်း ဖော်ပြဖို့ နဲ့ ဥပဒေ ချိုးဖောက်မှု ရှိတယ်ဆိုရင် အရေးယူမယ်လို့ ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေကရော၊ စာပေစိစစ်ရေး အကြီးအကဲကပါ သတင်းသမားတွေကို ခေါ်ယူ သတိပေးထားတာလည်း ရှိပါတယ်။

 နယ်စပ်ကုန်သွယ်ရေး မတည်ငြိမ်မှုကြောင့် ဘင်္ဂလာနိုင်ငံတော်ဝင်ငွေ ထိခိုက်ဟုပြော

  Written by သဇင်ဥ

Teknaf customရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးမှာ နှစ်ပတ်ခန့် ဆိုင်းငံ့ပိတ်နေသည့်အတွက် ဘင်္ဂလာနိုင်ငံတော်ဝင်ငွေကို နေ့စဉ်ထိခိုက်လာနေကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများမှာ တည်ငြိမ်မှုများ မရှိသေး၍ မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေးမှာ အလိုအလျောက် ပိတ်နေကြောင်း ဆိပ်ကမ်းမှပြောသည်။
ဆိပ်ကမ်းက "ခုလိုနယ်စပ်စီးပွားရေး ၂ ပတ်ကြာ ပိတ်နေတာဟာ ဘင်္ဂလာနိုင်ငံတော်ဝင်ငွေနဲ့ စီးပွားရေးနေ့စဉ် အကျိုးအမြတ်ဝင်ငွေအပြင် နေ့စားအလုပ်သမားတွေအတွက် အခက်အခဲကြုံနေရပါတယ်၊ မြန်မာ့ကုန်တွေမလာဘဲ ပိတ်နေရတာဟာ တရက်ကို တာကာ သိန်း ၄၀ တန်ဖိုး ရှုံးဆုံးမှုတွေ ရှိနေပါတယ်၊ ဘင်္ဂလာက မြန်မာ့တင်ပို့ကုန်တွေကို အဓိကအားထားနေရတာပါ။"ဟု ကာစတင်က ပြောသည်။
မြန်မာ-ဘင်္ဂလာအကြား ဘင်္ဂလာမှ မြန်မာသို့ တင်ပို့နေကြသည့် အဓိကဆံပင်ကုန်သည်များ အနေဖြင့် ၀ယ်ထားသည့်ဆံပင်များ သောင်တင်ကျန်နေမှုများကြောင့် ဆံပင်ဈေးကွက် ကျသွားလျှင် အလုံးအရင်းဖြင့် ရှုံးသွားနိုင်ကြောင်းနှင့် နယ်စပ်ကြာရှည် ပိတ်နေမှု အခြေအနေအပေါ် စိုးရိမ်နေကြကြောင်း ဆံပင်ကုန်သည်ကြီးများက ပြောသည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ တရားဝင်စီးပွားရေး စာချုပ်မှာ ၁၉၉၇ ခု၊ စက်တင်္ဘာလ(၅)ရက်နေ့တွင် ချုပ်ဆိုခဲ့သည်။ နှစ်နိုင်အကြား နှစ်ပေါင်း ၂၀ နီးပါး နယ်စပ်ကုန်သွယ်ရေးစီးပွားရေးမှာ ယခုဆိုင်းငံ့ပိတ်နေသကဲ့သို့ တစ်ခါမှ မရှိခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးကို လွန်ခဲ့သော ၁၉၉၅ ခုနှစ်ကတည်းက စတင်လုပ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးမှာ လွန်ခဲ့သော ဇွန်လ ၈ ရက် ဘင်္ဂမူဆလင်-ရခိုင် အဓိကရုဏ်းကတည်းက ရပ်ဆိုင်းခဲ့ရာမှ ခုအပတ် တနင်္လာနေ့က အနည်းငယ် စတင်ခဲ့ကာ အင်္ဂါနေ့မှပြန်လည် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
တနင်္ဂနွေနေ့က ရခိုင်ပြည် စစ်တွေမြို့မှ ရေခဲစိမ့် တန်ချိန် ၉၀ ကျော် ငါးဖြင့်သင်္ဘော ၂ စီး တာခ်နာဆိပ်ကမ်းသို့ ညနေဖက် ၅ နာရီတွင် ဆိုက်ရောက်ခဲ့ကြောင်း အကောက်ခွန် ကာဇီ အာဘူလ် ဟိုစိုင်န်က ပြောသည်။
ယင်းနေ့က ရခိုင်ပြည်နယ်မှ ဘင်္ဂလာသို့ အိမ်မွေးတိရိစ္ဆာန်များပါ တင်ပို့ခဲ့ကြောင်းနှင့် မောင်တောမြို့တွင် ကုလားဈေးဆိုင်များ အနည်းငယ် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာမှ တာခ်နာဆိပ်ကမ်းသို့ ငါးသင်္ဘော ၂ စီး ကုန်တန်ဖိုး တာကာ ၁၀ ကုဋေဖြင့် ပဋိပက္ခစတင်ဖြစ်ပွားခဲ့သော ဇွန်လ ၈ ရက်နေ့က ဆိုက်ရောက်လာခဲ့သော်လည်း ယင်းသင်္ဘောမှာ ငါးချခွင့်မရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် ပြန်လည်ခုတ်မောင်း ထွက်ခွာသွားခဲ့ကြောင်း အကောက်ခွန်မှ ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် ယခုအချိန်အထိ မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံမှ ကုန်သည်များ တဖက်နိုင်ငံများအတွင် စုစုပေါင်း ၂၀၀ ကျော်ရှိနေကြောင်း သိရှိရသည်။


လူမျိုးရေးဥပဒေ ဆိုသည်မှာ ဆွေးနွေးဆဲသာ ဖြစ်ကြောင်း RNDP ရှင်းလင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ တိုင်းပြည်အတွင်း တရားမဝင် ဝင်ရောက်လာသူများကိစ္စ ထိရောက်စွာ တားဆီး
ဖြေရှင်းနိုင်ရေး အတွက် လူမျိုးရေးဆိုင်ရာ ဥပဒေတခုကို ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) မှ ဇူလိုင်လ လွှတ်တော်သို့ တင်သွင်းမည်ဟု သတင်း ထွက်ပေါ်နေသော်လည်း ပါတီတွင်း ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ပါတီ ထိပ်တန်းခေါင်းဆောင်များက ပြောသည်။

RNDP လွှတ်တော် ကိုယ်စားလှယ်တဦးအား ကိုးကား၍ အင်တာနက် သတင်းတရပ်တွင် ဖော်ပြပါရှိလာသော်လည်း ၎င်းမှာ ပါတီတွင်း အဆိုပြုချက်တခုသာ ဖြစ်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားလိုက်သည်။

“ရန်ကုန်ကျမှ ဆုံရမှ အသေးစိတ်ကိုတော့ သိရမယ်။ ကျနော်တို့ ပြန်မညှိရသေးဘူး။ သူက ရန်ကုန်ကနေပြီး အဆိုပြု တာကိုး။ သူအဆိုပြုတာလည်း ပါတီတွင်းပေါ့။ သူ တင်မယ်ဆိုတဲ့ ဥစ္စာကလည်း အသေးစိတ်က ကျနော်တို့နဲ့ မညှိရသေးဘူး။ အမျိုးသားရေးကို အခြေပြုတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ အသေးစိတ် ညှိရမှာပေါ့” ဟု ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေစဉ် မဇ္ဈိမကို ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ် အခြေအနေသည် ပုံမှန် အနေအထားသို့ မရောက်ရှိသေးဘဲ ပြဿနာရပ်များ ရှုပ်ထွေးနေပြီး အခက်အခဲကြားတွင် ရုန်းကန်ဖြေရှင်း နေရကြောင်းနှင့် ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က ပြောသည်။

“ေယဘုယ်ပါ။ ကျနော်တို့ကြိုးစားနေတာပါ။ ပြင်ဆင်နေတာပါ။ ဥပဒေအမည် တိတိကျကျ မရှိသေးဘူးခင်ဗျ။ လွှတ်တော်ကလည်း နီးလာပြီ။ ၄ ရက်နေ့ လွှတ်တော်ခေါ်တဲ့ အခါမှာ ကျနော်တို့ ရခိုင်ပြည်ရဲ့ ဖြစ်ပျက်ခဲ့တဲ့ အနေအထားပေါ်မှာ ကျနော်တို့ ပြန်လည် သုံးသပ်ပြီးတော့ ဥပဒေတွေ၊ အဆိုတွေ၊ မေးခွန်းတွေ တင်နိုင်အောင် ကျနော်တို့ ဥပဒေရေးရာ ကော်မတီက စနေနေ့မှာ အစည်းအဝေးရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဧပြီလ ၂ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် တိုင်းပြည်အတွက် လိုအပ်
သော ယင်းကဲ့သိုသော ဥပဒေတရပ် ရေးဆွဲပေးပါရန် ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှလွှတ်တော် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းထံသို့ တင်ပြတောင်းဆိုခဲ့သည်။

မြန်မာတနိုင်ငံလုံး လွှမ်းခြုံနိုင်မည့် သန်းခေါင်စာရင်း ကောက်ခံမှုကို ကုလသမဂ္ဂမှ နည်းပညာပိုင်းဆိုင်ရာနှင့် ငွေကြေး အကူအညီများဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ရန် စီစဉ်ထားပြီး ၂ဝ၁၅ ခုနှစ်တွင် ထုတ်ပြန်သွားမည်
ဖြစ်သည်။

သန်းခေါင်စာရင်း မေးခွန်းလွှာတွင် ပါဝင်ရမည့် အချက်များ၊ နယ်စပ်ဒေသများ အပါအဝင် မြန်မာနိုင်ငံ တဝှမ်းလုံး အကြုံးဝင်နိုင်ရေး၊ ရပ်ကျေးအဆင့်မှ မြို့နယ်၊ ပြည်နယ်/တိုင်း အဆင့်ဆင့် အာဏာပိုင် အဖွဲ့အစည်းများအား စုရုံးနိုင်ရေးတို့ကိုလည်း ဆွေးနွေးထားသည်။

အဓိကရုဏ်းကြောင့် သေဆုံးသူ (၉) ဦး ကူတောင်ရွာမှာသင်္ဂြိုဟ်

2012-06-22
ဇွန်လ (၁၉) ရက်နေ့က ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် သေဆုံးသွားတဲ့လူ ၁၀ ဦး အနက် (၉) ဦးကို ဒီကနေ့ နေ့လည် (၂) နာရီမှာ ကူတောင်ရွာမှာ သင်္ဂြိုဟ်ခဲ့ကြပါတယ်။
သေဆုံးသွားကြသူတွေထဲမှာ ဦးကျော်မင်းထွန်း ဆိုသူဟာ ဇာတ်သဘင် ဒါရိုက်တာတစ်ဦးဖြစ်ပြီး လောင်းချောင်းရွာ က ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ကူတောင်ရွာက ပဲ ဖြစ်ပါတယ်။
အဓိကရုဏ်း ဖြစ်ပွားတဲ့ ဇွန်လ (၁၉) ရက်နေ့က ကူတောင်ရွာ အနီးမှာရှိတဲ့ အနောက်ပြင်ရွာက ရိုဟင်ဂျာ ဘင်ဂါလီတွေနဲ့ ကူတောင်၊ လောင်းချောင်းက ရွာသားတွေ အပြန်အလှန် တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီ လူ(၁၀) ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါ တယ်။
ဒဏ်ရာရသူ (၃) ဦးအနက် (၂) ဦးကတော့ ရသေ့တောင်မြို့ ပြည်သူ့ ဆေးရုံမှာ ဆေးကုသ ခံယူလျှက်ရှိနေပြီး ကျန်တစ်ဦးဖြစ်သူ ဦးကျော်ဝင်းကိုတော့ အာရုံကြော ထိခိုက်သွားတဲ့အတွက် မနေ့က စစ်တွေဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်။ မွတ်ဆလင်တွေဘက်က သေဆုံးသွားသူနဲ့ ဒဏ်ရာရသူတွေကိုတော့ စာရင်းအတိအကျ မရရှိသေးပါဘူး။
သေဆုံးသွားကြတဲ့ သူတွေထဲမှာ ကူတောင်ကျေးရွာက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ညီလာခံ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးသိန်းဟန်ကိုတော့ မနေ့က ဇွန်လ (၂၀) ရက်နေ့ကတည်း က သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။
ကျန်တဲ့ လူ (၉) ဦး ရဲ့အလောင်းတွေကို အခင်းဖြစ်တဲ့နေ့က မွတ်ဆလင်တွေက သူတို့ရွာထဲကို သယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အလောင်းတွေကို ရခိုင်လူမျိုးတွေ လက်ထဲ ပြန်လည်ရောက် ရှိဖို့အတွက် မနေ့က ရသေ့တောင်မြို့နယ် သံဃာ့နာယက အဖွဲ့က ဦးဆောင်ပြီး သံဃာတော်အပါး (၃၀) ခန့်က ဒေသအာဏာပိုင်တွေကို တောင်းဆို ရှာဖွေခဲ့ကြတဲ့အတွက် ဒီနေ့ အားလုံး ပြန်ရခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်။
အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့နေ့က ရိုဟင်ဂျာ ဘင်ဂါလ်ီတွေဘက်က သေနတ်အချက်(၂၀) လောက် ပစ်ဖောက်ခဲ့တယ်လို့  ရွာခံတွေက ပြောပါတယ်။ အဲဒီနောက် ၃ နာရီလောက် အကြာမှာ စစ်တပ်ကရောက်ရှိ ထိန်းချုပ်ခဲ့တယ် လို့လည်း သိရပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ မနေ့က အနောက်ပြင် ကျေးရွာသား မွတ်ဆလင်တွေဆီက လက်နက် (၃) လက် ဖမ်းဆီရမိခဲ့ပြီး အဲဒီလက်နက်တွေကို ဒီကနေ့မှာ စစ်တွေမြို့ကို ဆက်လက် ပေးပို့ထားတယ်လို့ သိရပါတယ်။
လက်နက်ဖမ်းဆီးရမိတဲ့ သတင်းနဲ့ပတ်သက်ပြီး ဒီကနေ့ နေ့လည်ပိုင်းက ကူတောင် ရဲစခန်းမှူး ဦးသက်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ အခု မပြောနိုင်သေးကြောင်း၊ လက်နက်ရရှိတယ် ဆိုတာကို မသိရှိရကြောင်း ဖြေကြားပြီး ဖုန်းချသွားခဲ့ပါတယ်။
ဒါပေမယ့် ဒီကနေ့ သဂြိင်္ုဟ်ခဲ့တဲ့ ရုပ်အလောင်းတွေ မှာ သေနတ်ဒဏ်ရာတွေ ပါရှိတယ်လို့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင် တစ်ဦးဖြစ်သူ ကိုတေးနွယ်အောင်က RFA ကို ပြောပါတယ်။

 
သတင်း — June 23, 2012 at 11:39 am

စည်ပင်က စစ်တွေ ဈေးကြီးကို ပြန်ဖွင့်လှစ်လိုသော်လည်း ဈေးကော်မီတီက တာဝန် မယူ

စစ်တွေဈေးကြီးကို မြို့နယ် စည်ပင်က ဖွင့်လှစ်လိုသော်လည် ဈေးကော်မီတီက တာဝန် မယူသဖြင့် ဈေးကြီး ဖွင့်လှစ်ရေးမှာ မရေမရာ ဖြစ်နေကြောင်း ဒေသခံ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
လက်ရှိ စစ်တွေ ဈေးကြီးမြင်ကွင်း
“ ဈေးကြီးကို စည်ပင်ကတော့ ပြန်လည် ဖွင့်လှစ်လိုနေပါတယ်။ ဒါပေမယ့် ဈေးကော်မီတီက တာဝန် မယူတဲ့ အတွက် မဖွင့်နိုင်ဘဲ ဖြစ်နေပါတယ်” ဟု သူက ပြောသည်။
စစ်တွေဈေးကြီးကို တည်ငြိမ်မူ မရှိဘဲ ဖွင့်လှစ်ပါ နောက်ထပ် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် ဈေးကော်မီတီက လောလောဆယ် ဈေးကြီး ပြန်လည် ဖွင့်လှစ်ရေးကို ကန့်ကွက်ရခြင်း  ဖြစ်ကြောင်း ဈေးကော်မီတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ ဈေးကြီးထဲမှာ မွတ်ဆလင် လူမျိုးတွေပိုင်တဲ့ ဆိုင်တွေလည်း ရှိနေတယ်။ ဈေးကြီးဖွင့်ရင် အဲဒီဆိုင်တွေ ဖျက်ဆီးတာတို့ လုယက်တာတို့ ဖြစ်လာနိုင်တယ်။ ဒါကြောင့် လောလောဆယ်မှာ ဖွင့်ရင် အကျိုးထက် အပြစ်များနိုင်ပါတယ်။ ဒါကြောင့် ဈေးကြီးကို ဖွင့်လှစ်ရေးကို ရပ်ဆိုင်းထားဖို့ ကျွန်တော်တို့က တင်ပြထားတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ဈေးကြီးကို မဖွင့်လှစ်နိုင်သေးသော်လည်း အရံဈေးများ ဖြစ်သည့် ငါးဈေးနှင့် ဟင်းသီးဟင်းရွက်ဈေးများကို ဖွင့်လှစ်ထားပြီ  ဖြစ်သဖြင့် စစ်တွေမြို့သူ မြို့သားများ  အတွက်  အဆင်ပြေနေကြောင်း ဈေးကော်မီတီ တာဝန်ရှိသူက ပြောသည်။
စစ်တွေမြို့တွင်  ဈေးကြီးကို ပြန်လည် ဖွင့်လှစ်နိုင်ခြင်း  မရှိသေးသော်လည်း မြို့ထဲရှိ ဈေးဆိုင်အများအပြားကို ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် ရခိုင်ဒုက္ခသည်များ နေရပ်သို့ ပြန်ခိုင်းခံနေရ
Written by သဇင်ဥ    Saturday, 23 June 2012 02:44   


165833 377360855658888 585308250 nမောင်တောမြို့နယ်ရှိ ရခိုင်ဒုက္ခသည်များ တချို့အား မိမိကျေးရွာနေအိမ် နေရပ်ရင်းများသို့ပြန်ပြီး နေထိုင်ကြရန် မောင်တောမြို့မှ ဒုဗိုလ်မှူးကြီးတစ်ဦးက နယ်ပြည်တော်အမိန့်အရဆိုကာ ညွှန်ကြားနေကြောင်း သတင်းရရှိသည်။
မောင်တောမြို့ ဒုဗိုလ်မှူးကြီး ညွှန်ကြားချက်အရ ယမန်နေ့က မိမိကျေးရွာသို့ ပြောင်းရွှေ့သွားသော ကျေးရွာမှာ တောင်ပိုင်းရှိ ကိုင်းကြီးကျေးရွာဖြစ်ကြောင်းနှင့် တချို့မှာ ကျန်ရှိခဲ့သော မိမိလယ်ယာမြေများနှင့် ကျွဲနွားများအား စစ်ဆေးရန် ခေတ္တသွားကြည့်ကြသူများသာ ဖြစ်ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။
"မောင်တောမြို့နယ်က လုံးဝငြိမ်နေတာ အမှန်ဖြစ်ပါတယ်၊ ဒါပေမဲ့ အားလုံးက ဒါငြိမ်နေတာမဖြစ်နိုင်ဘူးလို့ ယူဆနေကြပါတယ်၊ ခုချိန်ထိ မောင်တောလူထုက ဈေးသွားမ၀ယ်ကြသေးဘူး၊ အာဏာပိုင်တွေကလည်း ဈေးရောင်းကြဖို့ ကုလားတွေကို တိုက်တွန်းနေတာ ရှိပါတယ်၊ သူတို့လည်း ဈေးဆိုင်အားလုံးကိုဖွင့်ပြီး ဈေးရောင်းတာ မတွေ့ရဘူး၊ တဖက်နဲ့တဖက် မယုံသင်္ခါမှုတွေ ရှိနေတာတော့ သေချာ နေပါတယ်၊ ဒုက္ခသည်တွေကလည်း ကျေးရွာနေအိမ်ပြန်ဖို့ လုံခြုံရေးမရှိဘဲ မပြန်ရဲဘူး၊ မနေနိုင်ဘူးလို့ ပြောနေကြတယ်၊ ဒီအချိန်မှာ ပြန်ခိုင်းလို့ လိပ်ပြာမသန့်ဖြစ်နေကြပါတယ်၊ မနေ့ကသွားကြတဲ့ ကိုင်းကြီးရွာက ကျေးရွာသားတွေက ဘယ်အိမ်မှာ နေကြမလဲတော့ မသိဘူး။"ဟု ဒုက္ခသည်အရေး စောင့်ရှောက်ကူညီနေသူ အမည်မဖေါ်လိုသူတဦးက ရှင်းပြသည်။
မောင်တောမြို့နယ် အာဏာပိုင်များက မြို့တောင်ဘက်ရှိ ကိုင်းကြီးကျေးရွာသားများအား ကျေးရွာသို့ သွားရောက်ပြီး နေရာထိုင်ခင်းများ ချပေးခဲ့ကြောင်း ကိုင်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
"ကျမတို့ရွာက အိမ်တဆောင်မှ မကျန်ခဲ့ပါဘူး၊ ဒီမိုးရာသီမှာ ဘယ်မှာနေရမှန်းတောင် မသိသေးပါဘူး၊ စစ်တပ်၊ နစက၊ ၀န်ထမ်းတွေကတော့လာပြီး တာလ်ပတ်ချာ အမိုးအကာတွေနဲ့ မနေ့က လုပ်ပေးသွားပါတယ်၊ သောက်ရေ၊ ရေအိမ်တို့ဘာမှမရှိသေးဘူး။"ဟု ရှင်းပြသည်။
မောင်တောမြို့က ဘုန်းတော်ကြီးတစ်ပါးက "စစ်တပ်က အတင်းလုပ်တာဖြစ်ပါတယ်၊ ပြာပုံသာရှိတဲ့ အဲဒီကိုင်းကြီးရွာမှာ နိုင်ငံတကာကို လိမ်လည်ဖို့ စံပြသဘောအနေနဲ့ လုပ်တာပါ၊ မနေ့က တီဗီမှာ သူတို့ပြည်သူတွေကို ကူညီနေပုံကို မြင်လိုက်ပါတယ်၊ မိုးရွာရင် တာလ်ပတ်ချာ မပြောနဲ့ တိုက်မှာတောင်နေမသာဘူး၊ တခြားကျေးရွာတွေကို နေရာချပေးသေးတာတွေလည်း မတွေ့ရသေးဘူး။"ဟု မိန့်ကြားသည်။
မောင်တောမြို့နယ် တောင်ပိုင်းကျေးရွာများမှာ ဇွန်လ ၈ ရက်နေ့ ကတည်းကစတင်ပြီး မီးရှီုးခံရကာ ကျေးရွာပေါင်း ၈ ရွာနှင့် အိမ်ခြေပေါင်း ၄၃၀ နီးပါးအထိ မီးလောင်ကျွမ်းသွားကြောင်းနှင့် အသေအပျောက်များလည်း အများအပြား ရှိခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း ယင်းကျေးရွာများမှ တချို့အနေဖြင့် ကျေးရွာအခြေအနေနှင့် အိမ်မွေးတိရိစ္ဆာန်များအား ယခုငြိမ်သက်နေသည့် ကာလအတွင်း ခေတ္တခဏသာ သွားရောက်စစ်ဆေးကြည့်ရှုမှုများ ရှိနေကြောင်း မောင်တောမြို့ခံများက ပြောသည်။
မောင်တောမြို့တွင် ဒုက္ခသည်များမှာ လေးမိုင် ရဲတပ်ရင်း(၂)၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၃)၊ ပရဟိတကျောင်း၊ ဗဟိုကျောင်းနှင့် အလိုတော်ပြည့်ကျောင်းများအတွင်း စုစုပေါင်း ၁၀၀၀၀ ကျော် နေထိုင်ကြကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့ လူထုနှင့် အာဏာပိုင်များအနေဖြင့် ပဋိပက္ခကာလအတွင်း ဘင်္ဂလာအခြေစိုက် ARNOနှင့် RSO တပ်ဖွဲ့နှင့် အကြမ်းဖက်သမား တပ်ဖွဲ့များ ၀င်ရောက်ပြီး သောင်းကျန်းသူဘင်္ဂလီများအား ကူညီပေးသည့်သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ယခုအချိန်ထိ မြို့နယ်လုံခြုံရေးနှင့် သတင်းအချက်အလက်များကို စုံစမ်းနေကြသည့်အပြင် စိုးရိမ်မှုများ ရှိနေသေးကြောင်း မြို့ခံများက ပြောသည်။

 သောကြာ, 22 ဇွန် 2012

စစ်တွေအခြေအနေ စိတ်မချရသေး

ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်ဆူပူမှုတွေဟာ အဆိုးဆုံးအခြေအနေကို ကျော်လွန်ခဲ့ပေမယ့် အပြည့်အ၀ ပုံမှန်ပြန်မဖြစ်သေးတဲ့အတွက် ဒုက္ခသည်တွေဟာ နေရပ်ကို မပြန်နိုင်သေးဘဲ ဖြစ်နေကြပါ တယ်။ မနေ့ကဆိုရင် စစ်တွေမြို့အတွင်းမှာ အိမ်တချို့ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် အတွင်းက နောက်ဆုံးအခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် စုံစမ်းထားပြီး တင်ပြပေးထား ပါတယ်။
ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကြောင့် လူ အနည်းဆုံး ၅၀ လောက် သေဆုံးခဲ့ရတဲ့အထိ အခြေအနေတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရာက အခုပြန်ပြီး တည်ငြိမ်စ ပြုလာနေပြီလို့ ပြောနိုင်ပေမယ့်လည်း လုံးဝ တည်ငြိမ်သွားတာတော့ မဟုတ်သေးပါဘူး။
စစ်တွေမြို့ပေါ်မှာ မနေ့က မီးရှို့မှု နှစ်ခါဖြစ်ခဲ့တယ်လို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက စစ်တွေမြို့ ကိုယ်စားပြု ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပြပါတယ်။
“မနေ့က ဘင်္ဂလီကုလားတွေကနေ လာမီးရှို့လို့ မီးသတ်ကားနဲ့ မီးငြိမ်းလိုက်လို့တော့ ငြိမ်သွားပါတယ်။ သူတို့လည်း မီးရှို့ပြီးထွက်ပြေးသွားရော၊ အဲလိုမျိုးအခြေအနေဖြစ်နေတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ အိမ်တအိမ်လောက်ပဲ၊ ပတ်ဝန်းကျင်က သိတာမြန်လိုက်လို့၊  ရှို့တဲ့လူတွေက ထွက်ပြေးပြီး သူတို့ရဲ့ ဘင်္ဂလီကျေးရွာထဲကို တင်းကို ဝင်ပြေးသွားတော့ လိုက်ဖမ်းလို့ မရနိုင်ဘူး။ ညဘက်ဆိုတော့-ညမထွက်ရ ဆိုတော့ လိုက်လည်း မလိုက်ရဲဘူး၊ ဒီကရွာသားတွေက အဲဒီလို ဖြစ်တာ။ ညဘက်ဖြစ် တယ်၊ နေ့လည်ပိုင်းလည်း တကြိမ်ဖြစ်တယ်။”
အခုလို အိမ်တွေကို မီးရှို့တာတွေ ရှိခဲ့ပေမယ့်လည်း ထိခိုက် ဒဏ်ရာရတာ၊ ဆူပူ အုံကြွတာတွေတော့ မဖြစ်ခဲ့ဘူးလို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။
ဒီကနေ့တော့ အခြေအနေတွေဟာ တည်ငြိမ်မှု ရှိတယ်ဆိုပေမယ့် အိုးအိမ်စွန့်ခွာပြီး တိမ်းရှောင်နေကြတဲ့ သူတွေဟာ အခုလို ကြိုကြား ၀င်ရောက် မီးရှို့တာတွေ ဖြစ်နေသေးတဲ့အတွက် နေရပ်မပြန်ရဲသေး ဘဲ ဖြစ်နေကြသလို့ မြို့ပေါ်မှာတောင် အာဏာပိုင်တွေဖက်က လုံခြုံရေးကို အပြည့်အ၀ ယူမပေးနိုင်တဲ့ အတွက် စိုးရိမ် ပူပန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မနေ့တုန်းကတော့ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်လို့ နေရပ်ပြန်ချင်သူတွေ ပြန် နိုင်အောင် စီစဉ်ကူညီပေးနေတဲ့အကြောင်း ပြည်နယ်အစိုးရရဲ့ ကယ်ဆယ် အကူအညီပေးရေး တာဝန်ရှိ သူတွေက မနေ့ကပဲ ဗွီအိုအေကို ပြောခဲ့တာပါ။
တချိန်တည်းမှာလည်း အခုလို အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့သူတွေ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး ကလည်း မြို့နယ် အတော်များများအတွင်းကို ပို့ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Carlos Valoso က ဗွီအိုအေကို ပြောပြပါတယ်။
“မနေ့ညကအထိတော့ ကျနော်တို့ WFP အနေနဲ့ စစ်တွေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို စားနပ်ရိက္ခာ မက်ထရစ်တန်ချိန် ၄၅၉ တန်နီးပါး အကူအညီပေးပြီးနေပါပြီ။”
အရင် ရက်တွေတုန်းကတော့ တချို့ ဒေသတွေကို စားနပ်ရိက္ခာနဲ့ တခြားအကူအညီတွေ ပို့ပေးဖို့အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း အခုအချိန်မှာ သူတို့အနေနဲ့ မြို့တော် စစ်တွေအပါအ၀င် ဘူးသီးတောင်၊ မောင်းတောဒေသတွေ အထိ အကူအညီတွေကို အခက်အခဲ မရှိပဲ ပို့ပေးနိုင်တယ်လို့ Carlos Valoso က ပြောပါတယ်။
WFP က အခုပေးနေတဲ့ အကူအညီတွေထဲမှာ ဆန်၊ ပဲ၊ ဆီနဲ့ ဆားတို့ဖြစ်ပြီး အကူအညီလိုနေသရွေ့ ဆက်ပြီး ထောက်ပံ့ပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း Carlos Valoso က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရင်က နာဂစ်လို သဘာဝ ဘေးအန္တရာယ်ကြီးတွေ ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိ ခဲ့ပေမယ့် အရင်က အတွေ့အကြုံတွေကို သင်္ခန်းစာယူပြီး ရောက်လာတဲ့ အကူအညီတွေကို အမြန် ဆုံး ဖြန့်ဝေပေးနိုင်ခြင်း မရှိသေးဘူးလို့ အဲဒီ ဒေသကို ကိုယ်တိုင်သွားပြီး အကူအညီပေးခဲ့သူတွေ က ထောက်ပြကြပါတယ်။
“ကျနော်တို့တွေ့တာတော့ လှူတဲ့ဥစ္စာတွေကတော့ အများကြီးပဲ၊ ဒါပေမဲ့ နာဂစ်တို့၊ ဂီရိတို့လည်း ဖြစ်ခဲ့ဖူးပြီး သား၊ ကျနော်တို့ဆီမှာ အခုထိ crisis management ပေါ့– disaster management ကို အမြဲတမ်း တုံ့ပြန်တာကတော့ နှေးတယ်လို့ ကျနော်တို့ကတော့ ထင်တယ်ခင်ဗျ။ အမှန်ကတော့ မီးလောင်တဲ့ ရပ်ကွက်တွေ ဘာတွေဆိုလည်း ရှင်းလင်းရေးလုပ်ငန်းတွေ ဘာတွေလည်း လုပ်နေကြတာပေါ့နော်။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့သူတွေ အတွက်ရော အခုလတ်တလောတော့ မိုးတွေက ရွာ၊ နေစရာအခက်အခဲတွေ ကဖြစ်ပြီးတဲ့အခါကျတော့ sanitary (အများသုံးအိမ်သာ) ကိစ္စတွေ ဘာတွေက အစ အဆင်မပြေဘူးခင်ဗျ၊ ကျနော်တို့ သွားတဲ့နေရာတွေဆိုလို့ရှိရင် ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းတွေဆို အနံ့အသက်တွေက မခံနိုင်လောက်အောင်ဖြစ်နေပြီ။ ”
တဦးနဲ့တဦး ပျက်ဆီးဆုံးရှုံးရတဲ့ အတိုင်းအတာကမတူတဲ့အတွက် အစိုးရက တန်းတူညီမျှ အားလုံးကို အကူအညီတွေ ဝေမျှပေးနေသလိုမလုပ်ဘဲ  လိုအပ်တဲ့သူတွေလက်ထဲ အကူအညီတွေ တိုက်ရိုက်ပေးကြဖို့ ဒုက္ခသည်တွေကိုယ်တိုင်က အကြံပေးတာမျိုးတွေ ရှိတယ်လို့လည်း ကူညီ လုပ်ဆောင်ပေးနေသူတွေက ဗွီအိုအေကို ပြောပါတယ်။






No comments: