Thursday, June 28, 2012

ရခိုင်ပြည်နယ်လက်ရှိအခြေအနေ Thursday, 28 June 201

ရခိုင်ပြည်နယ်အစိုးရနှင့် အဖွဲ့အစည်းများ ရခိုင်ပြည်နယ်လက်ရှိအခြေအနေအားတွေ့ဆုံဆွေးနွေး
Written by မင်းသွီး    Wednesday, 27 June 2012 03:53    PDF Print E-mail
564152 404388252931308 327803707 n 












ဇွန်လ ၂၆ရက်နေ့က ရခိုင်ပြည်နယ်အစိုးရနှင့် RNDP အပါအ၀င် စစ်တွေမြို့ မြို့မိ၊မြို့ဘများမှ  လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခပြဿနာများအား ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ယင်းဆွေးနွေးပွဲတွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် စစ်တွေမြို့ မြို့မိ၊ မြို့ဘများအပါအ၀င် တစ်ခြားအဖွဲ့အစည်းများမှ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းနှင့်ပက်သက်၍ မိမိတို့အမြင်များကို တင်ပြခဲ့ကြပြီး၊ ဒုက္ခသည်များ ပြန်လည်တည်ထောင်ရေးကိစ္စနှင့် ရှေ့ဆက်လုပ်သင့်သည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
“အဓိက အချက် ၃ချက်ကိုတင်ပြခဲ့တာတွေ့ခဲ့ရတယ် ပထမတစ်ချက်က စစ်တွေမြို့မဈေးက ဘင်္ဂလီမူဆလင်ဈေးဆိုင်တွေကို ရွှေ့ပြောင်းပေးရမယ်၊ ဒုတိယတစ်ချက်က ဘင်္ဂလီမူဆလင်အိမ်တွေနဲ့ ရခိုင်တွေရဲ့အိမ်တွေကို တစ်ရပ်ကွက်ထဲမှာ ရောမထားဘဲနဲ့၊ ဘင်္ဂလီရပ်ကွက်တွေ သီးသန့်ရွှေ့ပြောင်းထားပေးဖို့၊ တတိယတစ်ချက်ကတော့ ရခိုင်ပြည်နယ်လုံခြုံရေးကို ယခင်ထက် တိုးမြှင့်ချထားပေးဖို့ဆိုတဲ့ အဲဒီအချက် ၃ချက်ပါ။ တင်ပြခဲ့တဲ့အချက်တွေကို လွှတ်တော်နဲ့ နိုင်ငံတော်အဆင့် အစိုးရတွေဆီကို တင်ပြတောင်းဆိုပေးဖို့ပြည်နယ်အုပ်ချူပ်ရေးအဖွဲ့ကို တင်ပြခဲ့ကြပါတယ်”ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးမှ ပြောသည်။
ဆွေးနွေးပွဲတွင်ချက်မှတ်ခဲ့သော အချက် ၃ချက်တွင်ပါဝင်သော မြို့မဈေးမှ ဘင်္ဂလီမူဆလင်ဆိုင်များအား ရွှေ့ပြောင်းရေးကို ယနေ့တွင် စတင်ဆောင်ရွက်နေပြီး စစ်တွေမြို့ထဲမှ ဘင်္ဂလီမူဆလင်အိမ်ထောင်စုများကို ဆက်လက်ရွှေ့ပြောင်းပေးနေကြောင်း သိရှိရသည်။
ရှေ့ဆက် ယခုကဲ့သို့ ဘင်္ဂလီမူဆလင်များ၏ အကြမ်းဖက်မှု အန္တရယ်မှ ကာကွယ်နိုင်ရန်အတွက် ဒေသခံများအား ပြည်သူ့စစ်ဖွဲ့ပေးပြီး အခြေခံစစ်သင်တန်းများပေးထားရန် တို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဇွန်လ ၂၆ရက် ယင်းတွေ့ဆုံပွဲနှင့် အတူ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ သဘောထားကြေငြာချက်တစ်စောင် ကြေငြာခဲ့သည်။
RNDP 1
RNDP 2

 

 

မောင်တောတွင် လက်နက်လုယက်မှု ဖြစ်ပွါး

တာကလူး
ရခိုင်ပြည်နယ် နယ်စပ်မြို့ မောင်တောတွင် ဆူပူအကြမ်းဖက်မှုများကြောင့် အရေးပေါ်အခြေအနေနှင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကြားမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးထံမှမွတ်ဆလင် (၅)ဦးက ၀ိုင်းပြီး လက်နက်လုရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။

“မနေ့က ညနေ (၈)နာရီဝန်းကျင်လောက်မှာ ဖြစ်တာပါ။ ပစ်သံပြေးလွှားအော်ဟစ်သံတွေ ကြားလို့ စုံစမ်းကြည့်တော့ ကျွန်တော်တို့ ရပ်ကွက်အနီး တံတားမှာ လုံခြုံရေးချထားတဲ့ လုံထိန်းရဲတစ်ယောက်ဆီကနေ ကုလား (၅)ယောက်က ၀ိုင်းပြီးသေနတ်လုတာဖြစ်တယ်လို့ သိရပါတယ်″ ဟု မောင်တော မြို့သူကြီးရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မွတ်ဆလင်ဘာသာဝင်များသည် လမ်းသွားလမ်းလာများကဲ့သို့ တံတားကိုဖြတ်ကျော်လာပြီး တံတားတွင် တစ်ယောက်တည်း ကင်းစောင့်နေသည့် လုံထိန်းရဲ အနီးသို့ အရောက်တွင် ရုတ်တရက် ၀ိုင်းအုံပြီး သေနတ်ကို လုကြခြင်းဖြစ်သည်ဟုဆိုသည်။ လုံထိန်း တပ်သားက ပြန်လည်ခုခံပြီး သေနတ်ပစ်ဖောက်လိုက်ရာ အဆိုပါ မွတ်ဆလင်များ ထွက်ပြေးသွားကြကြောင်းသိရှိရသည်။
ထိုအခင်းဖြစ်ပွါးမှုနှင့် ပတ်သတ်၍ မောင်တော ၄ မိုင် အခြေစိုက် လုံထိန်းရဲတပ်ရင်းအမှတ် (၂) ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ပုဂ္ဂိုလ်တစ်ဦးက ယခုကဲ့သို့ အတည်ပြုပြောကြားသည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့တပ်ရင်းက တပ်သားပါ။ ၀ိုင်းတိုက်ခံလိုက်ရတာကြောင့် သူလဲ ဒဏ်ရာတွေ ရသွားပါတယ်။ ၅ ယောက်ထဲက ၄ ယောက်ကိုတော့ ကျွန်တော်တို့ ဖမ်းမိထားပါပြီ။ ကျန်တစ်ယောက်ကိုတော့ မမိသေးပါဘူး။ သူတို့ကို ဥပဒေကြောင်းအရ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သတ်၍ အသေးစိတ်သိရှိနိုင်ရန် ဆက်လက်မေးမြန်းရာ ယခုအချိန်တွင် လုံခြုံရေးကို အထူးသတိထား ဆောင်ရွက်နေရသည့်အတွက်ကြောင့် အသေးစိတ်ကို မပြောပြနိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
မောင်တောတွင် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် တခြားတိုင်းရင်းသားများကို ဆက်လက်တိုက်ခိုက်မည်ဟု ယခုလ (၂၅) ရက်တွင် စာကပ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။
မောင်တောအနီးရှိ အောင်ဗလကျေးရွာကို မီးရှို့တိုက်ခိုက်ရန် ဓါတ်ဆီများ ၀ယ်ယူစုဆောင်းနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာနှင့် မနီးမဝေးရှိ မွတ်ဆလင်ကျေးရွာတစ်ခုကို ယမန်နေ့ နေလည်ပိုင်းတွင် ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရှိရသည်။
မောင်တောမြို့နယ်တွင် ယခုလ ၈ ရက်နေ့က မွတ်ဆလင်ဘာသာဝင် အကြမ်းဖက်တိုက်ခိုက်သူများက မီးရှို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ရခိုင်နှင့် တခြားလူမျိုးများ နေထိုင်နေသည့် ကျေးရွာ (၉) ရွာ မီးလောင်ကျွမ်းခဲ့ရပြီး၊ လူထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ မောင်တောမြို့နယ်တွင် အကြမ်းဖက်သူများ၏ သတ်ဖြတ်မှုကြောင့် လူ (၇) ဦးသေဆုံးခဲ့ရပြီး၊ (၅၀) ခန့် ဒဏ်ရာရှိခဲ့သည်။
မောင်တောမြို့ပေါ်ဒေသခံများ၏ အဆိုအရ ဘေးလွတ်ရာသို့ထွက်ပြေးလာကြသည့် ထောင်နှင့်ချီသော ဒုက္ခသည်များကို စာသင်ကျောင်းများတွင် စခန်းဖွင့် ခိုလှုံခွင့် ပေးထားဆဲဖြစ်သည်။ လက်ရှိအခြေအနေမှာ တည်ငြိမ်နေသော်လည်း နောက်ထပ် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများရှိနေခြင်းကြောင်း လုံခြုံရေးစိုးရိမ်နေရကြောင်း သိရှိရသည်။

အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့၏ လက်ချက်ကြောင့် ၂၀၀၉-၁၂ အတွင်း ဘင်္ဂလီအမျိုးသား ၁၅၁ ဦးသေဆုံး

ထွန်းထွန်း
အိန္ဒိယ  နယ်ခြားစောင့်တပ်ဖွဲ့ BSF ၏ သတ်ဖြတ်မူကြောင့် လက်ရှိ ဘင်္ဂလာ အစိုးရ သက်တမ်းတွင် နယ်စပ်  တလျှောက်၌ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား သေဆုံးသူ ၁၅၁ ဦးရှိကြောင်း ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးမှ  ထုတ်ဖေါ် ပြောကြားသည်။
အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့များ အနေဖြင့် နယ်စပ်ကို တရံမလပ် စောင့်ရှောက်လျှက် ရှိကြသော်လည်း မြန်မာ နစကတပ်ဖွဲ့များမူ –??
ဇွန်လ ၂၇ ရက်နေ့က ပြုလုပ် ကျင်းပသော ပါလီမန် အစည်းအဝေးတွင် ပြည်ထဲရေး  ၀န်ကြီး ဆာဟာရ ခါတွမ်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ ကျွန်မတို့က ခုလို ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ သတ်ဖြတ်ခံနေရတာကို ကျွန်မတို့ ဆန့်ကျင် ကန့်ကွက်တယ်ဆိုတာ ကျွန်မတို့ အိန္ဒိယ အစိုးရကို ပြောပါတယ်။ ဒါတွေကို  ရပ်တန့်ဖို့  ကျွန်မတို့ နယ်ခြား စောင့်တပ်ဖွဲ့ ဘီဒီပီနဲ့ အိန္ဒိယ ဘီအက်စ် အက်ဖ် တို့ လုပ်တဲ့ အစည်းအဝေးတိုင်းမှာ တင်ပြတယ်။ ဒါပေမယ့် ဆက်ပြီးတော့ ကျွန်မတို့ နိုင်ငံသားတွေကို နယ်စပ်မှာ သတ်ဖြတ်နေပါတယ်” ဟု ပြည်ထဲရေး  ၀န်ကြီးက ပြောသည်။
၂၀၁၂ ခုနှစ် ဇန္န၀ါရီလမှ ဇွန်လ အထိ အိန္ဒိယ နယ်ခြားစောင့်တပ် BSF လက်ချက်ကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁ ယောက် သေဆုံးပြီး ၂၇  ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးက ပြောကြားသည်။
ယခု သေဆုံးသွားသူ ၁၅၁ ဦးမှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ဇွန်လအတွင်း အိန္ဒိယနှင့် ဘင်္ဂလာ နယ်စပ်တလျှောက်တွင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။သို့သော်လည်း နိုင်ငံတကာ လူ့အခွင့်အဖွဲ့အစည်းများ အနေဖြင့် အိန္ဒိယကို ဝေဖန် ပြောကြားရန် ပျက်ကွက်နေကြောင်း သိရသည်။
အိန္ဒိယကမူ  ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ  နယ်စပ်ကို တရားမ၀င် ခိုးဝင်မူကြောင့် ပစ်ခတ် နှိမ်နှင်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။ အိန္ဒိယ အစိုးရသည် သူ့နိုင်ငံ အတွင်းသို့ ဘင်္ဂလာဒေခ်ျ့မှ တရားမ၀င် ခိုးဝင်သူများကို ပြင်းပြင်း ထန်ထန် နှိမ်နှင်းရန် အမိန့်ထုတ် ထားကြောင်း သိရသည်။


စစ်တွေမြို့မဈေးကြီးပြန်လည် ရှင်သန်လည်ပတ်နိုင်ရေးအတွက် ရှင်းလင်းရေးပြုလုပ်
Written by ရွှေဘန်း(စစ်တွေ)    Wednesday, 27 June 2012 08:23    PDF Print E-mail

sittwee marketဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းကြီးဖြစ်ပေါ်ခဲ့ရာ စစ်တွေမြို့၊ မြို့မဈေးကြီးကို စိုးရိမ်ကြောင့်ကြမှုကြောင့် ဈေးသူ၊ ဈေးသားများ ဈေးမရောင်းရဲဘဲ တစ်လခန့်ကြာခဲ့ရာ ကောင်းစွာပြန်လည် ရောင်းချလည်ပတ်နိုင်ရန်အတွက် နိုင်ငံတော် အာဏာပိုင်များက ဇွန်လ ၂၇ နေ့က စတင် ရှင်လင်းရေးပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

လုံခြုံရေး အပြည့်အ၀ချထားကာ မြို့မဈေးအတွင်းရှိ ဘင်္ဂလီမူဆလင်များ၏ ဈေးဆိုင်ခန်းများမှ ကုန်ပစ္စည်းများကို နိုင်ငံတော်အာဏာပိုင်များကတာဝန်ယူလျက် ပိုင်ရှင်များလက်ထဲသို့ အရောက်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်းသိရသည်။
မူဆလင်ကုလားများ၏ ဈေးဆိုင်ခန်းများကို ဖွင့်ယူရာတွင် ရခိုင်ဆိုင်ခန်းများကို ပိတ်ထားရမည့်အနေအထားကို ဗိုလ်မှူကြီး ထိန်လင်းမှ "ကျနော်တို့က ဈေးဆိုင်ခန်းတွေကို ပိတ်ထားလို့တော့ မပြောချင်ဘူး၊ ပစ္စည်းတွေကို နေ့ရော ညပါထုတ်မှာ ဖြစ်တဲ့အတွက်၊ ဒီဆိုင်ခန်းတွေမှာ လူမနေတာ အကောင်းဆုံး" ဟုပြောကြောင်းမြို့မဈေး မှ ရခိုင်ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသသည်။
ဘင်္ဂလီမူဆလင်များ၏ ဈေးဆိုင်ခန်းများသည် မြို့မဈေးတွင် လေးပုံတစ်ပုံခန့်ရှိပြီး၊ ဈေးဆိုင်ခန်းရှိပစ္စည်းများမှာ ရခိုင်လူမျိုးများထံမှ အကြွေးစနစ်ဖြင့် ယူ၍ ရောင်းချနေခြင်းကို အကြွေးပိုင်ရှင်တစ်ဦးက "ဘင်္ဂလီမူဆလင်တွေမှာ သူတို့ပိုင်ဆိုင်တာက ၁၀ သိန်း၊ ၁၅ သိန်းလောက်သာ ရှိတာ၊ အကြွေးရဖို့ရှိတာကတော့ သူတို့တွေဆီမှာ အနည်းဆုံး သိန်းတစ်ရာလောက်စီရှိတယ်၊ ကျနော်တို့က အကြွေးရစရာရှိတာကို ညဦးကပင် စာရင်းပေးထားတယ်၊ ဘယ်လိုဖြေရှင်းပေးမလဲတော့ မသိဘူး" ဟု သူကပြောသည်။
ဘင်္ဂလီမူဆလင်များ၏ ကုန်ပစ္စည်းများကို စစ်တွေအားကစားရုံသို့ပို့ပြီး အကြွေးရှင်နှင့် အကြွေးသမားများ၏ သဘောတူညီမှုရအောင် ညှိုနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလီမူဆလင်များ၏ ကုန်ပစ္စည်းများကို ဘင်္ဂလီမူဆလင် ကျော်မြင့်နှင့် မောင်စိန်တို့က ကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်ပြီး အာဏာပိုင်များနှင့် ပူးပေါင်းကာ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဘင်္ဂလီမူဆလင်များအား စစ်တွေမြို့တွင် နေထိုင်ခွင့် မပြုတော့ဘဲ သဲချောင်းကျေးရွာသို့ ပြောင်းရွှေ့ပေးနေကြာင်း သတင်းရရှိသည်။

စစ်တွေဈေးကြီး မွတ်ဆလင် ဆိုင်များမှ ပစ္စည်းများကို အပြင်သို့ ရွှေ့ပြောင်း

စစ်တွေ ဈေးကြီးရှိ မွတ်ဆလင် လူမျိုးများပိုင် ဈေးဆိုင်များမှ ပစ္စည်းများကို အာဏာပိုင်များ၏  အကူအညီဖြင့် သူတို့နေထိုင်ရာ ကျေးရွာ ရပ်ကွက်များသို့ ပြောင်းရွှေ့နေကြောင်း သိရသည်။

ယနေ့ (ဇွန်လ ၂၇ ရက်နေ့) နေ့လည် ၁၂ နာရီမှ စပြီး ရွှေ့ပြောင်းနေခြင်း ဖြစ်သည်။
“ နေ့လည် ၁၂ နာရီကနေ ရွှေ့နေတာ အခုအချိန်ထိ မပြီးသေးဘူး။ အခု ဒီမှာက ညနေ ၅ နာရီ ကျော်ဆိုတော့ ပစ္စည်းတွေကို ရွှေ့နေတာ  ၅ နာရီ နီးပါး ရှိနေပါပြီ။ ပစ္စည်းတွေ ရွှေ့နေတုန်းပါဘဲ” ဟု စစ်တွေ ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။
မွတ်ဆလင် လူမျိုးများပိုင်ဆိုင်သော ပစ္စည်းများကို သူတို့နေထိုင်ရာ သက်ကယ်ပြင်၊ သဲချောင်းရွာများဘက်သို သယ်ယူနေကြသည်ဟု မျက်မြင်များကလည်း ပြောကြားသည်။
စစ်တွေ ဈေးကြီးတွင် မွတ်ဆလင် လူမျိုးများပိုင်သော ဆိုင်ခန်း၁၀၀ နီးပါးခန့်ရှိပြီး အများစုမှာ ဆေးဆိုင်များ ဖြစ်ကြောင်း သိရသည်။
“ ဈေးဆိုင် အများစုကတော့ ဆေးဆိုင်တွေများပါတယ်။ ဒါ့ပြင် ကားပစ္စည်းတွေ၊ အိမ်ဆောက် ပစ္စည်းတွေ အရောင်းဆိုင်တွေ အကုန်လုံး ပါဝင်တယ်။ ဒီလို ရွှေ့ပြောင်းပီးတဲ့ နောက်ပိုင်းမှာ မွတ်ဆလင် ဆိုင်တွေစစ်တွေ ဈေးကြီးမှာ ရှိတော့မှာ မဟုတ်ဘူး” ဟုစစ်တွေဈေးကြီး ငါးခြောက် ပွဲရုံ ပိုင်ရှင် တစ်ဦးက ပြောသည်။
ယခုကဲ့သို့  စစ်တွေ ဈေးကြီးရှိ မွတ်ဆလင် ဈေးဆိုင်များမှ ပစ္စည်းများကို အပြင်သို့ ရွှေ့ပြောင်းခြင်းမှာ အနာဂတ်တွင် ရခိုင် လူမျိုးနှင့် မွတ်ဆလင် လူမျိုးများကို ရောနှော မထားဘဲ သီးသန့်စီ ထားရန် အစီအစဉ်၏ တစိတ်တပိုင်းပင် ဖြစ်ကြောင်း စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။ မွတ်ဆလင်လူမျိုးများပိုင် ဆိုင်များမှ ပစ္စည်းများကို ရွှေ့ပြောင်းပြီးနောက် စစ်တွေ ဈေးကြီးကိုလည်း ပြန်လည် ဖွင့်လှစ်မည်ဟု သိရသည်။

ဘူးသီးတောင်တွင် မိုးကြီး ရေနစ်၍ ဈေးကြီးတွင် ဆုံးရှုံးမူများရှိ

မိုးကြီးရာမှ မေယူမြစ်ရေ လျှံတက်လာသဖြင့် ဘူးသီးတောင်မြို့ ဈေးကြီးကို ရေနစ်ရာမှ ပျက်စီး ဆုံးရှုံးမူ တချို့ ရှိကြောင်း သိရသည်။
လွန်ခဲ့သောနှစ်က ဘူးသီးတောင် မြို့ပေါ်တွင် ရေကြီးနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
“မနေ့က ညနေမှာ ရေတက်လာတဲ့ အတွက် ဈေးကြီး တစ်ခုလုံး နစ်သွားခဲ့ပါတယ်။ ဂိုဒေါင်တွေနဲ့ ဆိုင်တွေမှာ သိုလှောင်ထားတဲ့ ပစ္စည်းတချို့ ပျက်စီး ဆုံးရှုံးမူ ရှိပါတယ်။  ဆိုင်တိုင်းလိုလိုမှာ ရေနစ်တဲ့ အတွက် ပျက်စီးတာတွေ ရှိပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
မနေ့ညနေ ၁၁ နာရီခန့်တွင် ရေတက်လာပြီး ဈေးကြီး အပါအ၀င် ရပ်ကွက် တချို့ကို ရေနစ်ခဲ့သည်ဟု ဆိုသည်။
“ ဈေးကြီးတစ်ခုလုံး အပြင်  အမှတ် (၃) ရပ်ကွက်သစ်၊ အမှတ် (၄)  ရပ်ကွက်သစ် တို့လည်း ရေနစ်ခဲ့ပါတယ်။ ဒီနေ့က မိုးတိတ်သွားတော့ ရေက ပြန်ကျသွားတယ်။ ဟိုနှစ်ကလို အခြေအနေက မဆိုးခဲ့ပါဘူး” ဟု သူက ဆိုသည်။
အခုအခါ ရေနစ်၍ ပျက်စီးသွားသော ပစ္စည်းများထဲမှ အသုံးပြု၍ ရနိုင်သော ပစ္စည်းများကို ဈေးဆိုင် ပိုင်ချင်များမှ ရွှေးထုတ်နေကြသည်ဟု မျက်မြင် တစ်ဦးက ပြောသည်။
မောင်တောမြို့တွင်လည်း ရေနစ်ခဲ့ပြီး ကန်များ ရေလျှံပြီး ပေါက်ကျခြင်း၊ တံတားများ ကျိုးပျက်ခြင်း၊ ကားလမ်းများ ရေနစ်နေကြောင်း သိရသည်။
မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်  မိုးရွာပြီး ရေကြီး သဖြင့် သေဆုံးသူ ၉၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်းဌာနများက သတင်း ထုတ်ပြန်သည်။ သေဆုံးသူများ အထဲတွင်  မြန်မာနဲ့ နယ်စပ် ချင်းထိစပ်နေသော ကော့စ်ဘဇားခရိုင်မှာ ၃၆ ယောက်၊ ဘင်ဒရိုဘင် (ရွာတော် ခရိုင်) မှာ ၃၃ ယောက်နှင့် စစ်တကောင်း ၂၇ ယောက်ဖြစ်ကြောင်း သိရသည်။
အများစုမှာ မြေပြို၍ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပျောက်ဆုံးနေသူများလည်း ရာချီ ရှိနေကြောင်း သိရသည်။

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် မိုးအဆက်မပြတ်ရွာ၍ ရေကြီး၊ မြေပြို၊ လူသေဆုံးမူများရှိ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဘက်အခြမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် နေရာအများအပြားအား ရေနစ်မြုပ်နေပြီး ကားလမ်းများ ကျိုးပြတ်ကာ လူသေဆုံးမူများလည်း ရှိနေကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် အင်္ဂါနေ့က စတင်ရွာသွန်းခဲ့သော မိုးကြောင့် မောင်တော မြို့ပေါ် နေရာ အများအပြားတွင် ရေနစ်နေကြောင်း သိရသည်။
“ မိုးက လုံးဝ မတန့်ဘူး။ မောင်တောမှာ ဆိုရင် ရွာသစ် (ခေါ်)  မြို့သစ်ပိုင်း  ရပ်ကွက်၊ မြို့သူကြီး လမ်းတလျှောက်နဲ့ ကားလမ်း၊ ဖေစီ ကုလားရွာ အကုန်လုံး ရေနစ် နေပါတယ်။ မြို့မဘုန်းကြီးကျောင်းမှာတောင် ရေက ဒူးဆစ်ထိ တက်နေပါတယ်။ ဒီရေ တက်လာတဲ့ အချိန်ပိုဆိုးပါတယ်” ဟု ပြောသည်။
ဘူးသီးတောင်နှင့် မောင်တော ကားလမ်းတွင်လည်း ဂငယ်ကောက် အနီးရှိ တံတား အနီး မြေမြိုကျသဖြင့် ကားအသွားအလာ လုပ်၍ မရတော့ကြောင်း သူက ဆက်ပြောသည်။
“ မနေ့က စပြီး  ကားအသွားအလာ လုပ်လို့ မရတော့ဘူး။ ဒီနေ့တော့ ဘယ်လို့ ဖြစ်မလဲဆိုတာ မပြောနိုင်ဘူး။ မိုးမရွာဘူးဆိုရင်တော့ ညနေပိုင်းမှာ ပြန်လုပ်ရင် ကောင်းချင် ကောင်းသွားနိုင်ပါတယ်။ အခုအချိန်ထိ လမ်းက ပိတ်နေတုန်း ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ မိုးအဆက် မပြတ်ရွာသွန်းနေသဖြင့် မောင်တောမြို့တွင် ခိုလုံနေကြသူ ဒုက္ခသည်များမှာ နေထိုင်ရေးနှင့် ချက်ပြုတ်စားသောက်ရေးတွင် အထူး အခက်အခဲ ကြုံတွေ့နေရသည်ဟု ဆိုသည်။
မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ စစ်တကောင်း၊ ကော့စ်ဘဇားနှင့် ဘင်ဒရိုဘင်ခရိုင်တို့တွင် မိုးကြီးပြီး မြေပြိုမူကြောင့် သေဆုံး ၂၉ ဦးရှိသွားပြီ ဖြစ်ကာ  ရာနှင့် ချီသော လူများ  ပျောက်ဆုံးနေကြောင်း သိရသည်။ လူပေါင်း သိန်းနှင့် ချီပြီး ဘေးလွှတ်ရာကို ရွှေ့ပြောင်းနေရကြောင်း သတင်းများတွင် ဖေါ်ပြသည်။

ရခိုင်ကျေးရွာများ ဖြစ်ကြသော ဟာရ်ဘင်း၊ ထောင်သောင်းရွာ၊ မြစ်နားရွာ၊  ခြံချောင်း၊ လမား၊ အလယ်ခွန်တောင်၊ ငရက်ကြီး၊ ငရက်ချေ၊ နက်ကျောက်ဆရီမြို့တို့တွင် ရေနစ်နေပြီး လူများ ဘေးလွှတ်ရာကို ထွက်ပြေးနေကြသည်ဟု သိရသည်။
လမားမြို့တွင် နေထိုင်သူ ကိုထွန်းစံက လမားတွင် ရေကြီးနေပုံကို ယခုကဲ့သို့ ပြောသည်။
“ မရစ်ချောင်းရေ တက်နေတဲ့ အတွက် ကျွန်တော်တို့ အိမ်က မြေမြင့်တဲ့ နေရာမှာရှိတာတောင် ခုနှစ်ပေ လောက်မြုပ်နေတယ်။ ထမင်း ချက်မယ့် နေရာ မရှိတဲ့ အတွက် လူတွေအများစု ထမင်း  မစားရသေးဘူး။ မြေနိမ့်ပိုင်းက အိမ်တွေတော့ အကုန်လုံးရေထဲပါသွားပြီ။ လူတွေကတော့ သယ်နိုင်တဲ့ ပစ္စည်းတွေကို ယူပြီး ဘေးလွှတ်ရာကို ထွက်ပြေးနေကြတာကို မြင်နေရတယ်” ဟု ပြောသည်။
ယခုအခါ ကော့စ်ဘဇားနှင့် စစ်တကောင်းအကြားတွင်လည်း မိုးကြီးပြီး ရေကျော်မူကြောင့် တံတားများ ကျိုးပျက်ကာ ကားအသွားအလာများ  ရပ်ဆိုင်းနေကြောင်း သိရသည်။ စစ်တကောင်းလေဆိပ်နှင့် ကော့စ်ဘဇား  လေဆိပ်ကိုလည်း ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားတို့၌ မိုးရေရှိန်ကြောင့် ရှုံးဆုံးမှု အများအပြားဖြစ်ပေါ်
Written by သဇင်ဥ    Thursday, 28 June 2012 05:58    PDF Print E-mail
Floodမြန်မာ-ဘင်္ဂလာ နယ်စပ်ဒေသများအကြား တနင်္လာနှင့် အင်္ဂါနေ့က ရွာသွန်းခဲ့သော မိုးရွာချိန်မြင့်မားမှုကြောင့် မိုးရေရှိန် အဆမတန် ကြီးမားခဲ့မှုများဖြစ်ပေါ်၍ လူဦးရေ (၆၀)ခန့် သေဆုံးခဲ့ပြီး သောင်းပေါင်းများစွာ ဘေးဒုက္ခကျရောက်လျက်ရှိနေကာ၊ ပုဇွန်ကန်များ၊ လယ်ကွင်းများ၊ တောင်ယာများ၊ ငါးကန်များ၊ ကျွန်းခင်းများနှင့် သစ်ခင်းများ၊ နေအိမ်များနှင့် လမ်းတံတားများ အများအပြား ပျက်ဆီးသွားခဲ့သည်။ 
ဘူးသီးတောင်မြို့တွင် မြေမြင့်ပိုင်းဖြစ်သော ဈေးကြီး၊ သင်္ဘောဆိပ်လမ်းများသို့ ဒီရေ ၃ ပေအထိတက်ခဲ့ကြောင်းနှင့် မြို့နယ်ဒေသ များအတွင်း ရခိုင်လူထုတချို့ အသေအပျောက်များ အနည်းအငယ်ရှိခဲ့ကြောင်း မောင်တောမြို့မှ ကိုနိုင်နိုင်ကပြောသည်။
မောင်တောမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ ဘင်္ဂလီများနေထိုင်သော ကျေးရွာများမှာ ရေလွှမ်းမိုးမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့ကြောင်း၊ နတ်မြစ်တွင်ဒီရေမှာ ၈ ပေအထိမြင့်တက်ခဲ့ကြောင်းနှင့် အသေအပျောက်အပျက်အစီးအရေအတွက်ကိုမူ စုံစမ်း၍ မရရှိသေးသဖြင့် ခန့်မှန်းပြောဖို့ ခက်ခဲကြောင်း သူကပြောသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် မောင်တောမြို့နယ်အတွင်းရှိ ပုဇွန်ကန်များမှာ ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆည်ကျိုးပေါက် ရှုံးဆုံးပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မောင်တောမြို့နယ် ဘင်္ဂလီအမျိုးသား ကိုဟာမိက ပြောသည်။
"မိုးက အငြိုးကြီးကြီးနဲ့ ရွာတာဖြစ်လို့ ဆည်တွေ ကျိုးပေါက်သွားတာပါ၊ ရေဖုံးလွှမ်းတော့ ပုဇွန်တွေက အကုန်လုံး ဆယ်မကျိုးခင် ကတည်းက ရှုံးဆုံးသွားပါပြီ၊ ပုဇွန်ဆည်တခုစီရဲ့ တန်ဖိုးကတော့ အကြီးအငယ်နဲ့ဆိုင်ပါတယ်၊ ဒါပေမဲ့ များသောအားဖြင့်တော့ မြန်မာကျပ် သိန်းချီ ရှုံးဆုံးသွားကြတာပါဘဲ၊ မင်းပြားမှာလည်း အကြီးအကျယ် ရှုံးဆုံးသွားကြတယ်လို့ မိတ်ဆွေတွေက ဆိုပါတယ်၊ အရေအတွက် အတိအကျ မပြောတတ်ပေမဲ့ ဆည်တာတမံ ၅ ခုတော့ ကျော်မယ်ထင်တယ်ဗျာ၊ ကျွန်တော် ပုဇွန်ကန်ကတော့ ရွံ့နစ်ဘဲကျန်ခဲ့ တယ်ဗျာ။"ဟု ရှင်းပြသည်။
ထို့ပြင် မောင်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ရှိ ငါးမွေးမြူရေးဆည်ကန်များ တချို့ပါ ကျိုးပေါက်သွားခဲ့ကြောင်းနှင့် ဆည်အနီးအနားရှိ လယ်မြေတချို့ပါ မြေလွှမ်းမှုများဖြစ်ပေါ်နေ၍ မိုးစပါးအတွက် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း ဆက်လက်ပြောသည်။
မောင်တောမြို့နှင့် မျက်နှာချင်းဆိုင်တည်ရှိသော နတ်မြစ်တဘက်ရှိ တာခ်နာမြို့နယ်တွင် စာသင်ကျောင်းများသို့ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့၍ ယနေ့အထိ ကျောင်းပိတ်ထားရကြောင်း၊ တောင်ပြိုကျမှုကြောင်း အနည်းဆုံး ၂၀ ဦးရေကျော်ထိ သေဆုံးမှုများ ရှိနေကြောင်း၊ ငါးပုဇွန်ဆည်များ ကျိုးပေါက်သွားခဲ့ကြောင်း၊ လူနေအိမ်များ ရေလွှမ်းမိုးမှုများရှိနေ၍ သောင်းချီဒုက္ခသည်များ စားနပ်ရိက္ခာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသထုတ် သတင်းစာများက ဆိုသည်။
ထို့ပြင် စစ်တကောင်းတောင်တန်းဒေသရှိ ရင်ဂါမိတီခရိုင်၊ ဘင်ဒရိုဘင်မြို့နယ်၊ ကော့စ်ဘဇားခရိုင်အတွင်းရှိ မြို့နယ်ကျေးရွာများအတွင်း မိုးရေရှိန်မြင့်မား၍ ရေလွှမ်းမိုးပြီး တောင်ပြိုကျမှုများကြောင့် ငှက်ပျိုးပင်၊ ကျွန်းပင်၊ ငါးဆည်တာတမံများ၊ လယ်ယာတောင်များ၊ နနွမ်းခင်းများ၊ ဂျင်းဂျီးခင်းများ၊ မိုးရာသီအတွက် စပါးပျိုးခင်းများ၊ မြေဖုံး၍ နေအိမ်အတွင်း သေဆုံးသွားကြသူ ၄၀ နီးပါးအထိ၊ ဒဏ်ရာ ရရှိသွားသူများ၊ လမ်းတံတားများနှင့် ကြက်နွားမွေးမြူရေးခြံများ ရေမြေလွှမ်းမိုးမှုများကြောင်း အများအပြား ရှုံးဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
"မိုးကတအားကို ဖိပြီးရွာပါတယ်၊ ကျွန်တော်ငါးကန်ကို ဖေါက်ပစ်ဖို့ကြံနေစဉ်မှာ ဆည်ကျိုးပေါက်သွားပါတယ်၊ မိုးရာသီတနှစ်လုံးအတွက် မိုးရွာသလားလို့ စဉ်းစားမိပါတယ်၊ ရေကြီးပြီးဆည်ကျိုးတယ်၊ မြေနူးပြီး တောင်ပြိုတော့ အခင်းအရာတွေပါသွားတယ်၊ ဒုက္ခခံပြီး လုပ်ထားတော့ ပြန်လုပ်ဖို့အတွက် စိတ်ရော၊ ငွေရော၊ လူပါ ဘာဆိုဘာမှ မစဉ်းစားချင်တဲ့ အခြေအနေ ဖြစ်နေပါတယ်၊ ဒီကနေ့ ရာမူး (ပန်းဝါမြို့)အထိ လမ်းတွေလည်း လုံးဝလူတောင် သွားမရသေးဘူး။"ဟု မိုးရေလွှမ်းမိုး၍ ရှုံးဆုံးခဲ့ရတဲ့ မရှက်ချောင်းဒေသမှ ကိုအညိုက ပြောသည်။
မရှက်ချောင်းဒေသအတွင်းရှိ ငါးမွေးမြူရေးဆည်တာတမံ ၇ ခုကျိုးပျက်သွားခဲ့ကြောင်း၊ တောင်ယာခင်း ၁၀ ကျော်ပျက်စီးသွားခဲ့ကြောင်း၊ ကျွန်းခင်း ၃ ခုပျက်စီးသွားခဲ့ကြောင်း၊ ကွမ်းခင်း ၁၀ နီးပါးထိ ပျက်စီးသွားခဲ့ကြောင်း၊ ခရမ်းခင်းနှင့် တခြားဟင်းခင်းများ ပျက်စီးသွားခဲ့ကြောင်းနှင့် ကော့စ်ဘဇားမြို့နယ်နှင့် တာခ်နာမြို့နယ်များရှိ ပုဇွန်ကန်များ ပျက်စီးသွားခဲ့မှု တာကာ ၁၀ ကျော်တန်ဖိုးနှင့် နေအိမ်တချို့ ပျက်စီးသွားခဲ့ကြောင်း သူကဆက်လက်ပြောသည်။
ယခုအခါ ဘင်္ဂလာတွင် မိုးကြီးရွာသွန်းမှုကြောင့် သိန်းချီပြီး လူထုများ အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီး ပြန်လည်ထူထောင်ရေးအတွက် စီစဉ်ဆောင်ရွက်မှု ယခုအချိန်ထိ လုံးဝမရှိသေးကြောင်း သိရှိရသည်။


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ရေကြီးခြင်းကြောင့် ပြည်သူများဒုက္ခရောက်
Written by ရခိုင်သွီး    Wednesday, 27 June 2012 11:26    PDF Print E-mail
Buthidaungအခုတလော မိုးရေ အဆက်မပြတ်ရွာသန်းမှုကြောင့် ရခိုင်ပြည်နယ် - ဘင်္ဂလားဒေခ်ျ့နယ်စပ်တွင်ရှိသော ဘူးသီးတောင်မြို့တစ်ခုလုံးသည် မေယုတောင်မှကျသောရေနှင့် မြစ်ရေ လွှမ်းမိုးမှုကိုခံနေရသဖြင့် မြို့တွင်းရှိ ဒေသခံများ နေရေးထိုင်ရေးနှင့် စားရေးသောက်ရေး အခက်တွေ့နေကြောင်း သတင်းရရှိသည်။
မိုးရေအဆက်မပြတ် ရွာသန်းမှုကြောင့် ဘူးသီးတောင်မြို့ဒေသခံများ ဒုက္ခရောက်နေကြောင်းနှင့် အစားအစာလုံလောက်မှုမရှိသည်ကို ဘူးသီးတောင်မြို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဇော်သန်းက အခုလိုပြောသည်။
" မိုးက လုံးဝအဆက်မပြတ်ရွာတာဆိုတော့ ရေကြီးလာပြီး ဒေသခံတွေက နေလို့မရတော့ဘူးလေ။ ဒါကြောင့် မြို့သူမြို့သားတွေက ရေမကြီးတဲ့နေရာကို သွားပြီး ကိုယ့်အသိမိတ်ဆွေတွေဆီမှာ နေကြရပါတယ်။ နေရေးထိုင်ရေးနှင့် စားရေးသောက်ရေးကတော့ ကိုယ်အိမ်မဟုတ်တဲ့အတွက်ကြောင့် အခက်အခဲ အများကြီးရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရေစကြီးတာနဲ့ ယောင်လည်လည်နှင့် ထွက်ပြေးတာဆိုတော့ ဘာတစ်ခုမှယူဖို့မရခဲ့ဘူးလေ။ မြို့တစ်ခုလုံး ရေကြီးတာကြောင့် ဒုက္ခသည်တွေကတော့ များပါတယ်။ ကယ်ဆယ်ရေးနှင့် နေရေးစားရေးကတော့ အကူအညီအများကြီးလိုအပ်နေပါတယ်။ " ဟု သိရသည်။
ဆက်လက်ပြီး အခုရေကြီးနေတဲ့အခြေနေကို သူက " အင်္ဂါနေ့ နေ့လည် ၁ နာရီလောက်ကတည်းက စပြီးရေကြီးတာပါ။ မိုးကလုံးဝအဆက်မပြတ်ရွာတာဆိုတော့ မြစ်ရေက မြို့တစ်ခုလုံးကို လွှမ်းမိုးသွားတာပေါ့။ ရေမရောက်တာဆိုလို့ ဘူးသီးတောင်မြို့ ရပ်ကွက် ၅၊ ၆၊ ၇ ရပ်ကွက်တွေသာ ကျန်ပါတယ်။ နောက် ကျန်တဲ့ ရပ်ကွက်တွေကတော့ အကုန်လုံး ရေမြုပ်နေပါတယ်။ အိမ်တစ်ဆောင်လုံးမြုပ်သွားတဲ့ရပ်ကွက်တွေကတော့ ၂၊ ၃၊ ၄ ရပ်ကွက်တွေ ပါတယ်။ နောက်ပြီး ဘူးသီးတောင်စစ်တပ် တပ်မက အသက် ၂၀ကျော် စစ်သားတစ်ယောက် မြို့ထဲကိုအလာမှာ ရေစီးပြင်းတဲ့ကြာင့် မြစ်ရေနှင့် မျှောပါသွားပါတယ်။ အခုထက်ထိရှာလို့မရ ဖြစ်နေပါတယ်။ မြစ်ရေစီးနှုန်းက ဒီနေ့မှ အနည်းငယ်လောက်ပဲ ကျပါတယ်။ ခန့်မှန်းခြေပြောရမယ်ဆိုရင် ၁၀လက္မကနေ ၃၀ လက္မထိဘဲ ကျသေးတယ်။ " ဟု ကိုဇော်သန်းက ပြောသည်။
ဘူးသီးတောင်မြို့တစ်မြို့လုံး ရေကြီးနေသောကြောင့် ဒုက္ခသည်များမှာ ကယ်ဆယ်ရေးဒုက္ခစခန်း အခြေခံအလယ်တန်းကျောင်း အ.လ.က(၁)မှာ ၃၃၄ ဦး၊ သုဓမ္မရုံကျောင်းနှင့် ရွှေကျင်ကျောင်းမှာ ၅၈၈ ဦးနှင့် ပြင်ဆက်(ဆက်သွယ်ရေးရုံး)မှာ ၄၅ ဦး ဖြစ်ပြီး ၄င်းဒုက္ခသည်များကို မ.ယ.က(အထွေထွေအုပ်ချုပ်ရေးမှုး)၊ အထွေထွေကျောင်းအုပ်နှင့် ကိုယ်ထူကိုယ်ထ စေတနာရှင်များက ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို အကူအညီပေး နေကြောင်း သိရှိရသည်။
ဘူးသီးတောင်မြို့သည် ၂၀၁၀ ခုနှစ် ၆ လပိုင်း ၁၅ ရက်နေ့ကလည်း မေယုတောင်မှကျသောရေနှင့် မိုးရွာသွန်းမှုပြင်းထန်သောကြောင့် အခုလိုမျိုး ဒုက္ခရောက်ခဲ့ဖူးကြာင်းလည်း သိရှိရသည်။


ဘူးသီးတောင်မြို့တွင် မြစ်ရေကြီးမှုကျဆင်းသွားသော်လည်း ရေဘေးဒုက္ခသည်များ အိမ်မပြန်နိုင်သး
Written by ရခိုင်သွီး    Thursday, 28 June 2012 06:41    PDF Print E-mail
Buthidaung floodingအင်္ဂါနေ့က မေယုတောင်မှကျသောရေနှင့် မေယု မြစ်ရေလွှမ်းမိုးမှုကို ခံထားရသော ဘူးသီးတောင်မြို့သည် ယနေ့ ရေကြီးမှုဒဏ် ဘေးအန္တရာယ်မှ လွတ်မြောက်သွားသော်လည်း လူနေအိမ်များမှာ ရွှံ့များဖုံးလွှမ်း နေသောကြောင့် ရေဘေးဒုက္ခသည်များမှာ အိမ်ကို ပြန်၍မရဖြစ်နေကြောင်း သိရှိရသည်။
မြစ်ရေကျဆင်းမှု အခြေအနေနှင့် ဒုက္ခသည်များ လက်ရှိအခြေအနေကို ဘူးသီးတောင်မြို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဇော်သန်းက " မြစ်ရေက ဒီနေ့မနက် ၅ နာရီက အနည်းငယ် ကျဆင်းပါတယ်။ ၈ နာရီ ၉နာရီလောက်မှ အကုန်လုံးကျဆင်းသွားပြီး ပုံမှန်အတိုင်း မြစ်ရေက စီးဆင်းနေပါတယ်။ ဒါပေမဲ့ မြစ်ရေဟာ မိုးမရွာလို့ ပုံမှန်ဖြစ်သွားတာပါ။ မိုးရွာရင်တော့ ရေဘေးမှ လွတ်မြောက်တယ်လို့ အာမ မခံရဲပါဘူး။ ဒုက္ခသည်တွေကတော့ အကူအညီတွေလိုအပ်နေတာပါပဲ။ ကျန်းမာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေးပေါ့။ ရွှံ့တွေဖုံးလွှမ်းနေတဲ့အိမ်ကို ဒုက္ခသည်တွေက ကိုယ်အိမ်ကိုယ် ပြန်လည် ရှင်းလင်းနေရပါတယ်။ အဲဒါကြောင့် ဒုက္ခသည်တွေအနေနဲ့လည်း ကိုယ်အိမ်မှာကိုယ်ပြန်လည် နေလို့ရအောင် ရွှံ့တွေဖုံးအုပ်နေတဲ့ လူနေအိမ်တွေကို သက်ဆိုင်ရာ အာဏာပိုင်များကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေချင်ပါတယ်။ " ဟု ပြောသည်။
ဘူးသီးတောင်မြို့ ဒေသခံများမှာ စီးပွားရေး၊ သိုလှောင်ထားသော ဆန်စပါးများနှင့် လယ်ယာများမှာ မြစ်ရေကြီးမှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားကြပြီး ရပ်ကွက် ၂၊ ၃၊ ၄ ကတော့ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်တဲ့အတွက် မြို့ပေါ်ဒေသခံများမှာ အိုးအိမ်များပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများဖြစ် နေကြောင်း သိရှိရသည်။
ရေလွှမ်းမိုးမှုကိုခံလိုက်ရသော ဘူးသီးတောင်မြို့တွင် စုစုပေါင်းဒုက္ခသည် ၉၆၇ ကျော်ရှိပြီး ၄င်းဒုက္ခများကို မ.ယ.က (အထွေထွေအုပ်ချုပ်ရေးမှူး)မှ ဦးဆောင်ပြီး ကယ်ဆယ်ရေးဒုက္ခသည်စခန်း ၃ ခုက နေရာအသီးသီးမှာ ယာယီနေထိုင်ခွင့်ပေးထားပြီး ကျန်းမာရေးကို မြို့ပေါ်ကြက်ခြည်နီအသင်းက တာဝန်ယူ လုပ်ဆောင်ပေးလျက်ရှိကြောင်း ဇော်သန်းပြောပြအချက်အရ သိရသည်။
ဘူးသီးတောင်မြို့တစ်ခုလုံးသာမက ဘူးသီးတောင်မြို့နယ် တောင်ဘာဇာကျေးရွာ၊ ပြင်ရှည်ကျေးရွာ၊ ၀န်းတော ကျေးရွာ၊ ကွန်ဒိုင်ကျေးရွာ စုစုပေါင်း ကျေးရွာပေါင်း ၇ရွာမှာမြစ်ရေလွှမ်းမိုးမှုခံရခဲ့ပြီး လူဦးရေ ၈၀၀ကျော်ခန့် ဒုက္ခရောက်နေကြောင်း၊ ယင်းကျေးရွာများမှာ ဘူးသီတောင်မြို့နှင့် ၆မိုင်ခန့်ဝေးကွာပြီး သောက်သုံးရေ၊ စားဝတ်နေရေး အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရှိရသည်။








No comments: