Monday, June 25, 2012

သမ္မတက ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည်ကိစ္စဆွေးနွေးမယ်


ရေးသားချိန် 25 June 2012, 14:45 AEST
မြန်မာနိုင်ငံတော် ​သမ္မတဦးသိန်းစိန်ဟာ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ​ဇူလိုင် ​လ ​၁၅ ​ရက်ကစပြီး ​(၃)ရက်ကြာခရီးသွားရောက်ဖို့ ​ရှိပြီး၊ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​သောင်တင်နေတဲ့ဒုက္ခသည် ​အရေးကိစ္စနဲ့ပတ်သက်ပြီး ​ဆွေးနွှေးသွားဖို့  ​ပါဝင်တယ်ဆိုတဲ့အကြောင်း ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံထုတ် ​The ​Daily ​Star ​သတင်းတွေအရ ​သိရပါတယ်။
မြန်မာနိုင်ငံကနေ ​ပြန်လည်လက်ခံမယ်လို့သဘောတူညီ ​ထားတာရှိပြီး၊ဒုက္ခသည်စခန်းတွေမှာ ​ဒုက္ခသည် ​ပေါင်း ​၂၈၀၀၀ ​စာရင်းသွင်းထားတာရှိပြီး၊ ​မှတ်ပုံတင်စာရင်းမသွင်းထားစတဲ့ ​၅သိန်းနဲ့ပတ်သက်ပြီး၊ ​အဖြေရှာဖြေရှင်းဖို့အတွက်ကို ​ဘင်္ဂလားဒဲရှ်နိုင်ငံ ​အစိုးရ ​ကမျှော်လင့်နေကြောင်းသိရပါတယ်။
July ​(၁) ​ရက်နေ့မှာ ​မြန်မာနိုင်ငံခြားရေး ​ဝန်ကြီး ​ဦးမောင်မြင့်က  ​Bangladesh ​မြန်မာ ​၂ ​နိုင်ငံကြားဆွေးနွှေးရေးနဲ့ပတ်သက်ပြီး ​ကြိုတင်သွားရောက်ဆွေးနွှေး ​ဖို့ ​ရှိ ​တယ်လို့ ​လဲသိ ​ရပါတယ်။
၂နိုင်ငံကြားဆွေးနွှေးပွဲမှာ ​၂ ​နိုင်ငံကုန်သွယ်ရေးကိစ္စတွေ၊စွမ်းအင်၊စိုက်ပျိုးရေုး၊ ​ကမ္ဘာလှည့်ခရီးသည်နဲ့လေကြောင်းဆက်သွယ်ရေးကိစ္စတွေကိုလဲဆွေးနွှေးသွါးဖို့ ​ရှိတယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ရိုဟင်ဂျာနဲ့ရခိုင်လူမျိုးကြား ​အကြမ်းဖက်မှုတွေ ​ဆက်လက်ဖြစ်ပွါးနေပြီး၊ ​စစ်တွေမြို့ထဲမှာ ​အခြေအနေတွေ ​တင်းမာမှု ​တွေရှိနေသေးတဲ့အတွက် ​ဈေးဆိုင်တွေပိတ်ထားတယ်လို့သိရပါတယ်။ ​ဒီလအတွင်းဖြစ်ပွါးခဲ့တဲ့အကြမ်းဖက်မှုမှာ ​လူပေါင်း ​၆၀ကျော်သေဆုံးသွားပြီလို့သိရပါတယ်။




No comments: