Friday, August 31, 2012

ကိုမိုးသီးဇွန်နှင့်အဖွဲ့ ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမျှော်







“ခေါင်းဆောင်သုံးယောက်ညီညွတ်နေရင် ကျွန်တော်တို့ အပြောင်းအလဲက အဆင်ချောမယ်လို့ထင်တယ်”စာရေးဆရာ ဦကျော်ဝင်းနှင့် တွေ့ဆုံခြင်း


on Friday, 31 August 2012

“ခေါင်းဆောင်သုံးယောက်ညီညွတ်နေရင် ကျွန်တော်တို့ အပြောင်းအလဲက အဆင်ချောမယ်လို့ထင်တယ်”စာရေးဆရာ ဦကျော်ဝင်းနှင့် တွေ့ဆုံခြင်း

ဆရာ ကျော်ဝင်းနဲ့ ကျွန်တော် ဒုတိယအကြိမ်မြောက်(the street view journal အနေဖြင့်) အင်တာဗျူးခွင့်ရခဲ့ပါတယ် ပထမအကြိမ်အင်တာဗျူးခဲ့တုန်းက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ပြီးခေါ်စပဲ ရှိပါသေးတယ် အဲ့ဒီအင်တာဗျူးကို face book ပေါ်တင်ခဲ့တုန်းက ဆရာရဲ့သုံးသပ်ချက်တွေ တော်တော်များများကို လက်ခံ ပြီး ဖတ်ရူကြတာတွေ့ရပါတယ် ကျွန်တော် ထင်တာ ပြောရရင်လည်း အဲ့ဒီအင်တာဗျူးမှာ ဆရာ သုံးသပ်ထားတာတွေ တော်တော်များများ မှန်နေခဲ့တာကို တွေ့ရပါတယ်။ အခု (၁ ၊ ၉ ။၂၀၁ ) မှာ ထွက်ရှိမယ့် street view ဂျာနယ်မှာ ဖေါ်ပြထားတဲ့ အင်တာဗျူးကို အခု ဖေါ်ပြပေးလိုက်ပါတယ်။


" Diversity Unity ပေါ့ တစ်ဖက်က တသွေးတသံ တမိန့်ဆိုရင် ဒါအာဏာ ရှင် ဖြစ်သွားပြီ check and balance ဖြစ်မှာ မဟုတ်တော့ဘူး Check and Balance ဖြစ်ဖို့ မတူတဲ့ အမြင်တွေ ပွင့်ပွင့်လင်းလင်းဖေါ်ထုတ်ဖို့လိုပါတယ် ဒါပေမယ့် မတူတာကို ရိုးမယ်ဖွဲ့ပြီးတော့ ကွဲကြ ပြဲကြ ရန်ဖြစ်ကြတာတော့ မကောင်းပါဘူး ဘာဖြစ်လို့လည်းဆိုတော့ကျွန်တော်တို့ သမိုင်းမှာ အဲ့ဒါတွေ သိပ်များလည်း တောက်လျှောက်ပေါ့ အဲ့လိုတွေများခဲ့လို့လည်း တိုင်းပြည်ဒုက္ခရောက်ခဲ့ရတာတော်တော်များပါတယ်အဲ့ဒီသင်ခန်းစာတွေလည်းရှိခဲ့တာပဲ။အဲ့တော့ ဘာပဲ ပြောပြော မတူတာက မတူတာပဲပေါ့ တူတာကိုညှိနိုင်းကြရင် ဖြစ်မှာပါ။"


မြန်မာနိုင်ငံတွင်လက်ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းများ၊ဥပဒေပြုရေးအာဏာ၊အုပ်ချုပ်ရေးအာဏာ၊တရားစီရင်ရေးအာဏာ စသော မဏ္ဍိုင် သုံးရပ် ကြား အပြန်လှန် ထိန်းကြောင်းမှု Check and Balance လုပ်ခြင်းသဘောတရားများနှင့် လက်ရှိဖြစ်ပေါ်နေသာ အားပြိုင်မှုများနှင့် ပတ်သက်ပြီး စာရေးဆရာ ကျော်ဝင်းနှင့် The Street View ဂျာနယ်တို့ တွေ့ဆုံမေးမြန်းချက်များကို ဖေါ်ပြလိုက်ပါသည်။


Q; အခုချိန်မှာပေါ့ဆရာ အားလုံးက စိတ်ဝင်စားနေကြတယ်လို့ပြောရမယ့် လွှတ်တော်နဲ့ခုံရုံးကြားက ဖြစ်နေတဲ့ ကိစ္စပေါ့ဒီအပေါ်မှာပဲ တစ်ချို့က ဒါကို အားပြိုင်မှုလို့ပြောကြသလို ဒါကို တစ်ချို့ကလည်း ဒီမိုကရေစီသဘောတရားအရာ check and balance သေဘောပဲ ဒီမိုကရေစီရဲ့ သဘောသဘာဝအရပဲလို့ပြောကြတာတွေလည်းရှိပါတယ်။ ဒီလိုဖြစ်စဉ်တွေအပေါ်မှာလည်း စိုးရိမ်ကြတဲ့သူတွေလည်းရှိနေတာကို တွေ့ရပါတယ်။ ဆရာအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခင်းကျင်းတွေနဲ့ ပတ်သက်ပြီး မြင်မိသလောက် သုံးသပ်ပေးပါဦး။


ANS ;ဒီနှစ်ပေါ့နော် ၂၀၁၂ ဧပြီလောက်က ICG ပေါ့ ICG ဆိုတာ International Crisis Group ပေါ့ သူက INGO လို့လည်း ပြောလို့ရတယ် ဘရပ်စဲအခြေစိုက်ပေါ့ ရုံးခွဲကတော့ အင်ဒိုနီးရှားမှာ ရှိထင်တယ်။သူကတော့ မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ပေါ့။ ယေဘုယျတော့ အဲ့ဒီအဖွဲ့အမြင်တွေက အထိုက်အလျောက် မျှတယ်လို့ မြင်ပါတယ်။ ကျွန်တော်တော့ စောင့်ဖတ်ဖြစ်ပါတယ်။ ဒီနှစ်ဧပြီလမှာ မြန်မာ့နိုင်ငံရေး တစ်နှစ်ခရီးပေါ့ နဲပတ်သက်ပြီး လေ့လားထားတာ တွေ့ရတယ် အဲ့ဒါကို အခုထွက်တဲ့ wave မှာလည်း ထည့်ထားတယ်။ အဲ့ထဲမှာ အချက်တစ်ချက်ပါတယ် အဲ့ဒါက မြန်မာပြည်မှာ Hard liner တွေ က ဦးဆောင်ပြီး နောက်ကြောင်းပြန်သွားမယ့် အလားအလာတွေ မရှိသလောက်နည်းပါတယ်လို့ သုံးသပ်ထားတယ်


ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးဝါဒီတွေကြားထည်းမှာ ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်တယ်။ အထူးသဖြင့်တော့ သူကBy name နဲ့ရေးထားတယ် သမ္မတကြီးဦးသိန်းစိန်နဲ့ ဦးသူရရွှေမန်းကြားမှာ ပြိုင်ဆိုင်မှုရှိလာနိုင်တယ်လို့ ရေးထားတယ်။ ဒီပြိုင်ဆိုင်မှုက အရပ်စကားနဲ့ ပြောရရင် ဘရိတ်ပေါက်သွားရင် ပေါ့ဗျာ တိုင်းပြည်အတွက် တစ်စုံတစ်ရာ အန္ဒရယ်ရှိကောင်းရှိလာနိုင်တယ်လို့ သုံးသပ်ချက်ထည့်ထားတယ်။


အဲ့ဒီတော့ အခုဖြစ်ပျက်နေတဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေး အာဏာပေါ့ အဏာဘက်ကပြောရင် အုပ်ချုပ်ရေးအဏာနဲ့ ဥပဒေပြုရေးအဏာ ကြားကဖြစ်နေတဲ့ အငြင်းပွားမှု။ ခုန ICGရဲ့သုံးသပ်ချက်နဲ့ဆက်စပ်စဉ်းစားရင်တော့ပြိုင်ဆိုင်မှုတွေက ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်ကောင်းဆိုင်နေမှာပေါ့ ။ဒါပေမဲ့ ဒါက သိပ်တော့ မဆန်းပါဘူး ဒါမျိုးတွေက တစ်ခြားနိုင်ငံတွေမှာလည်းရှိနေတာပဲ။ ပြီးတော့သူတို့နှစ်ယောက်လုံးကို သမ္မတဦးသိန်းစိန်ရော ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဥိးရွှေမန်းရောက ကမ္ဘာကရော မြန်မာကရော လက်ခံထားကြတဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တွေ သူတို့မှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲ မှု ကျွန်တော်တော့ သိပ်ရှိတယ်လို့ မထင်ဘူး။ အခုဖြစ်ကိစ္စက အဲ့ဒီပြိုင်ဆိုင် မှုနဲ့ ပတ်သက်ချင်လည်း ပတ်သက်မယ်။တစ်ချို့တော့ ဒါနဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ယူဆတယ်။ကျွန်တော်တော့ ဒါကို သိပ်ပြီး မှတ်ချက်မပေးနိုင်ဘူး။ဘာလို့လဲဆိုတော့ ကိုမသိတဲ့ ကိစ္စတွေ။ ကျွန်တော့်အထင်ပေါ့ ပိုပြီးတော့ ထင်မြင်မှုပေးရမယ်ဆိုရင် ဒါက အခြေခံဥပဒေရဲ့ အားနည်းချက်နဲ့ နည်းနည်းဆိုင်မယ်ထင်တယ်။အဲ့ဒါကလည်း မဆန်းပါဘူး အခြေဥပဒေရေးတဲ့သူတွေကို အပြစ်မတင်ပါဘူး။ဘယ်အခြေခံဥပဒေမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ အမေရိကန် အခြေခံဥပဒေတောင် စရေးတုန်းကအားနည်းချက်တွေ အတော်များတာ တဖြည်းဖြည်း ပြင်ယူရတာ။


အဲ့တော့ အခုပြသာနာက ကျွန်တော်လက်လှမ်းမီသလောက် ပြောရရင် လွှတ်တော်က ဖွဲ့တဲ့ ကော်မတီတွေ ဒီကော်မတီတွေ အခြေခံဥပဒေခုံရုံးက ပြည်ထောင်စုအဆင်မဟုတ်ဘူးလို့ ဆုံးဖြတ်တယ်။အဲ့တော့ constitution မှာထဲမှာကျတော့လည်း ပြည်ထောင်စုအဆင့်ပါဆိုတဲ့စကား တရားဝင်ဖေါ်ပြထားတဲ့ စကားလုံးမပါဘူး။ ခုံရုံးရဲ့တာဝန်ကြတော့လည်း အခြေခံဥပဒေကိုပဲ အဓိပယ်ဖွင့်ရတယ် မပါတဲ့ စာသားကို ထပ်ပြီး အဓိပယ် ဖွင့်လို့မရဘူး ။အဲ့တော့ သူဘက်က သိပ်မှားတယ်လို့လည်း ကျွန်တော်မထင်ဘူး ဒါပေမယ့် တစ်ဖက်က လက်တွေ့လုပ်ကြည့်တဲ့ အခါကြတော့ ရည်ရွယ်ချက်ကိုက ဥပဒေပြုအဏာနဲ့ အုပ်ချုပ်ရေးအာဏာက အပြန်အလှန်အထိန်းအကွပ်ဖြစ်ဖို့ လိုတယ်။ အဲ့တော့ ဥပဒေပြုရေးအဖွဲ့တွေက ပြည်ထောင်စုအဆင့်မဟုတ်ဘူးဆိုရင် အုပ်ချုပ်ရေးအာဏာကိုထိန်းဖို့ အခက်အခဲဖြစ်မယ်။အဲ့ဒါမဖြစ်သင့်ဘူး။တကယ်လက်တွေ့ကျတော့ဒီကော်မတီတွေအားလုံးက ပြည်ထောင်စုအဆင့်ဖြစ်ခဲ့ရင် အထိန်းအကွပ်အားကောင်းမယ်။


အဲ့တော့တစ်ဖက်က ပြန်ကြည့်ရင် ပြည်ထောင်စုအဆင့်သတ်မှတ်ပေးရေးဆိုတဲ့လွှတ်တော်ရဲ့တောင်းဆိုမှုက သဘာဝကျတယ်။မှန်တယ်လို့ထင်တယ်။ အဲ့တော့ ချုပ်လိုက်မယ်ဆိုရင်တော့ နှစ်ဘက်စလုံးက သူ့ဟာနဲ့သူမှန်နေတယ်။ပြီးတော့ နှစ် ဖက်လုံးရဲ့စေတနာတွေကလည်း တကယ့်ကို တိုင်းပြည်အပြောင်းအလဲအတွက် စေတနာသန့်သန့်နဲ့ လုပ်နေတယ်လို့ ကျွန်တော်တော့ထင်တယ်။ အဲ့ဒီအခြေကိုပြန်စဉ်းစားရင် ဒီပြသာနာက အကျယ်ကျယ်မဖြစ်သင့်ဘူးလို့ထင်တယ်။အထူးသဖြင့်ခေါင်းဆောင်နှစ်ဦးပေါ့ သဘောထားကြီးကြီးနဲ့ ညှိလိုက်ကြရင် လွယ်လွယ်ကူကူနဲ့ ပြေလည်သွားမယ်လို့ ကျွန်တော်တော့ထင်တယ်။ကြားက အဖြေပေါ့ဗျာ ကျွန်တော်တို့ဘေးလူအနေနဲ့ စဉ်းစားကြည့်ရင် လက်တွေ့လုပ်ငန်းစဉ်မှာကြတော့ ဒီကော်မတီတွေက ပြည်ထောင်စုအဆင့်လည်းတကယ်ဖြစ်သင့်တယ်။ဒါမှလည်း အထိန်းအကွပ် Check and balance အားကောင်းမယ်။ ဒါပေမယ့်လည်း Constitution မပါဘူး ဒါပေမယ့် လွှတ်တော်ဥပဒေမှာ ကြပါနေတယ်။ အဲ့ဒီတော့ အကောင်းဆုံးကတော့Constitutionထဲမှာလွှတ်တော်ကဖွဲ့စည်းတဲ့အဖွဲ့အစည်းတွေဟပြည်ထောင်စုအဆင့်ဟုတ်တယ်ဆိုတဲ့ စာသားလေးထည့်ပေးလိုက်မယ်ဆိုရင် မပြေလည်နိုင်ဘူးလား။ဒါကကျွန်တော်ကြားကစဉ်းစားကြည့်တာ။


အဲ့လိုမဟုတ်ပဲနဲ့ စွပ်ဆွဲပြစ်တင်မှုတွေကို အဆုံးအစမရှိလုပ် ကြပြီးတော့နှုတ်ထွက်ပေးရမယ်ဆိုတာ ဘာညာကတော့ အရေးကြီးတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲက အလွန်နုနယ်သေးတဲ့ အနေထားရှိတယ်။ ပြီးတော့ တကယ်စေတနာ မှန်မှန်လုပ်နေကြတဲ့ခေါင်းဆောင် နှစ်ယောက်ကြားထဲမှာ နည်းနည်းလေးမှ အက်ကြောင်းမပေါ်စေချင်ဘူး။ ကျွန်တော်တစ်ဦးချင်းဆန္ဒအရတော့ အပြေလည်ဆုံးနည်းနဲ့ အမြန်ဆုံဲး့ ညှိကြရင် ကောင်းမယ်လို့ ထင်တယ်။ ကျွန်တော်စဉ်းစားရတဲ့ တစ်ခြားအဖြေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်စေချင်တဲ့ ပြည်ထောင်စုအဆင့် ဆိုတာကို သမ္မတက အသိအမှတ်ပြုပေးလိုက် အဲ့လိုအသိအမှတ်ပြုပေးနိုင်ဖို့အတွက်Constitutionဒီစာသားက ဖြည့်ဖို့လိုလိမ့်မယ်လို့ထင်တယ်။လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်းအခြေခံဥပဒေခုံရုံးကို နုတ်ထွက်ရလောက်တဲ့အထိ စွပ်ဆွဲပစ်တင်တာမျိုးကို ထိန်းထိန်းသိမ်းသိမ်း နဲ့ လျော့ချစေချင်တယ်။ အဲ့ဒါကတိုင်းပြည်အတွက်အဖြေပိုကောင်းလိမ့်မယ်ထင်တယ်။နောက်တစ်ချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခုအပြောင်းအလဲမှာ ကမ္ဘာကရော ပြည်တွင်းကရော အသိမှတ်ပြုလက်ခံလာ တဲ့ ခေါင်းဆောင် နှစ်ယောက်ရှိတယ် အဏာရပါတီ(USDP)ကပေါ့ အဲ့ဒါကသမ္မတကြီးနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ပေါ့။


နောက်တစ်ခုကလူထုတစ်ရပ်လုံးကရောကမ္ဘာကရောအသိအမှတ်ပြုထားတဲ့ နောက်ထပ်ခေါင်းဆောင်တစ်ယောက်ရှိတယ်။လွယ်လွယ်အသုံးအနူန်းနဲ့ပြောရင် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ သူတို့သုံးယောက်ညီညွတ်နေရင်ကျွန်တော်တို့အပြောင်းအလဲကအဆင်ချောမယ်ထင်တယ်။လွှတ်တော်မှာပြောကြဆိုကြတာတွေကိုတိုက်ရိုက်မကြားရပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြောတာတော့ဂျာနယ်တွေကကြားရတယ်။သူ့ရပ်တည်ချက်လေး ကျွန်တော်သဘောကျတယ်။ဒိကိစ္စက အကျယ်ကျယ်မဖြစ်သင့်ဘူး အချိန်ယူညှိနှိုင်းကြမယ်ဆိုတာ ပြောထားတယ်။ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ကကြားဝင်ဖြန်ဖြေပေးနိုင်မယ်ဆိုရင်ဒီပြုပြင်ပြောင်းလဲရေးခေါင်းဆောင်နှစ်ယောက်ကြားမှာ ယုံကြည်မှုတည်ဆောက်ပေးနိုင်ရင် အတိုင်းထက်အလွန်ပဲလို့ ပြောချင်ပါတယ်။


Q; ကိုယ်စားလှယ်တစ်ချို့ကလည်း ပြောတာတွေရှိပါတယ်ဆရာ ခုန ဆရာပြောသလိုပေါ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲ့ဒီစာသားကို ထပ်ဖြည့်တာတော့ ဟုတ်ပါတယ်။ဒါပေမယ့် အခုဆွေးနွေးနေတာတောင် မှ တပ်မတော်သားကိုယ်စားလှယ်အချို့က ကန့်ကွက်တာ မထောက်ခံတာမျိုးရှိတယ်ပေါ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ဖြည့်ဖို့ ပြင်ဖို့ဆိုရင် တပ်မတော်သားကိုယ်စားလှယ်ဖက်က ထောက်ခံဖို့လည်းလိုလာပြီပေါ့ တကယ်လို့များ မပါလာရင် ဘယ်လိုလုပ်မလည်း အဲ့လို သုံးသပ်တာလည်း ရှိနေတော့ ဆရာဘယ်လိုမြင်မိလဲ သုံးသပ်ကြည့်ပေးပါဦး။


ANS; ကျွန်တော်ထင်ပါတယ် လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းကိုယ်တိုင်က တစ်ချိန်က တပ်မတော်က ခေါင်းဆောင်တစ်ယောက် သမ္မတကြီးဦးသိန်စိန်ရောပေါ့ သူတို့ (နှစ်)ယောက် ညီညီညွတ်ညွတ်နဲ့ဆိုရင် တပ်မတော်ဘက်ကလည်း သိပ်ပြင်းထန်မယ်မထင်ဘူးအခုထိကျွန်တော်တို့ကြားရတာကတော့ တပ်မတော်က ကြားကနေပြီူးတော့ ရပ်တယ်လို့ ကြားရတယ်။ အဲ့ဒီရပ်တည်ချက်ကို ကျွန်တော်က သဘောကျပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တင်းတင်းမာမာနဲ့ မဖြစ်စေချင်ဘူး။ USDP ကလည်း ဘာပဲပြောပြော မဲအများဆုံးရထားတဲ့ အနေအထား NLD ကလည်း ဒုတိယမဲအများဆုံးရထားတယ်ဆိုပေမယ့် ဒီကိစ္စကိုသိပ်ပြီး ကဏဇောက လုပ်မယ်လို့ မထင်ဘူး တပ်မတော်ခေါင်းဆောင်တွေကလည်းနားလည်ပေးလိမ့်မယ်ထင်တယ်။အဲ့တော့ဒီပြသာနာကို ကျော်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ အခြေခံဥပဒေတစ်ခုလုးံပြင်တာမဟုတ်ပဲ ဖြည့်စွက်တဲ့ သဘောလောက်ပဲ ရှိတာ။ နောက်ပြီးတော့ သမ္မတရဲ့ လွှတ်တော်ကို တင်တဲ့ သ၀ဏ်လွှာမှာလည်း ဒီသဘောပါတယ်။


အဲ့ဒီသဘောထားကို တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ သိပ်ပြီးတော့ ဆန့်ကျင်မယ်မထင်ဘူး။ တစ်ခုတော့ ရှိတာပေါ့ဗျာ Hot issue ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်းနူန်းပါတာကို ဖယ်ရှားရေး ဒီ Hot issue ကိုဒီချိန်မှာ မကိုင်သင့်ဘူး NLD ကိုလည်း ဒီချိန်မှာ မကိုင်သင့်တဲ့အကြောင် အလျင်းသင့်တိုင်း ကျွန်တော်တို့ ရေးပါတယ်။မပြင်ရဘူး မပြောဘူး တစ်ချိန်တော့ ပြင်ရမှာပေါ့ သို့သော် ဒီအချိန်မှာ မကိုင်သင့်ဘူး ဘာဖြစ်လို့လည်းဆိုတော့ ပြသာနာကြီးနိုင်တယ် အထူးသဖြင့် စစ်ဘက်အရပ်ဘက် နဲ့ ပတ်သက်ပြီး ဘရိတ်ပေါက်သွားလို့ ရှိရင် နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်။


အခု ပြသာနာက အဲ့ဒီ ၂၅ ရာခိုင်နူန်းဖယ်ရှားရေးမဟုတ်ဘူး။တစ်ချက်ထည်းပဲ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ထိုက်သင့်တဲ့နေရာပေးပြီးတော့ Check and balance အားကောင်းအောင်လုပ်ကြဖို့ အဲ့ဒါကတော့ ဒီမိုကရေစီလိုလားသူတိုင်းတပ်မတော်အပါအ၀င်ပေါ့ သိပ်ပြီးတင်းတင်းမာမာ ဆန့်ကျင်မယ်တော့ မထင်ဘူး ဒါလေးတော့ စမ်းကြည့်သင့်တယ်။ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်လည်း နောက်တစ်လမ်းတော့ ရှာရမှာပေါ့ အရေးကြီးတာက ဒီကိစ္စကို အကြောင်းခံပြီးတော့ ပြုပြင်ပြောင်းလဲရေး ၀ါဒီတွေ ကြားမှာ သဘောထား သိပ်မကွဲစေချင်ဘူး။ ဒီမိုကရေစီ ရဲ့ ရည်ရွယ်ချက် ကိုက အားပြိုင်မှုပြောလို့ရပါတယ်။တစ်ဖက်က ငြင်းခုံမှု၊ ဆရာကြီး ဒဂုံတာရာရဲ့ စကားနဲ့ ပြောရရင် မတည့်အတူနေပေါ့။ တပြိုင်နက်ထဲ အရေးကြီးတာက ညီညွတ်ရေးလည်းပါပါတယ်။ Diversity Unity ပေါ့ တစ်ဖက်က တသွေးတသံ တမိန့်ဆိုရင် ဒါအာဏာ ရှင် ဖြစ်သွားပြီ check and balance ဖြစ်မှာ မဟုတ်တော့ဘူး Check and Balance ဖြစ်ဖို့ မတူတဲ့ အမြင်တွေ ပွင့်ပွင့်လင်းလင်းဖေါ်ထုတ်ဖို့လိုပါတယ်


ဒါပေမယ့် မတူတာကို ရိုးမယ်ဖွဲ့ပြီးတော့ ကွဲကြ ပြဲကြ ရန်ဖြစ်ကြတာတော့ မကောင်းပါဘူး ဘာဖြစ်လို့လည်းဆိုတော့ကျွန်တော်တို့ သမိုင်းမှာ အဲ့ဒါတွေ သိပ်များလည်း တောက်လျှောက်ပေါ့ အဲ့လိုတွေများခဲ့လို့လည်း တိုင်းပြည်ဒုက္ခရောက်ခဲ့ရတာတော်တော်များပါတယ်အဲ့ဒီသင်ခန်းစာတွေလည်းရှိခဲ့တာပဲ။အဲ့တော့ ဘာပဲ ပြောပြော မတူတာက မတူတာပဲပေါ့ တူတာကိုညှိနိုင်းကြရင် ဖြစ်မှာပါ။ အခုကိစ္စက လွှတ်တော်က တောင်းတာလည်း တရားပါတယ်။ ဒီကော်မတီတွေက တကယ်ပြည်ထောင်စုအဆင့်ဖြစ်မှ ဒီအုပ်ချုပ်ရေးအာဏာကို Check and Balance လုပ်နိုင်မှာ။ ဒါပေမယ့် တစ်ဖက်က ခုရုံးကြတော့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို ထည့်မရေးထားတော့ လစ်ဟာသလိုဖြစ်နေတယ်။ပြောရရင်ဗျာ ဘယ်သူမှ မမှားဘူး ဘယ်သူမှ မမှားတော့ ငါမှန်တယ်သူမှားတယ်ဆိုတာကို နည်းနည်းလေးဖယ်ထားလိုက်ပြီးတော့ တိုင်းပြည်အကျိုးအတွက် ညှိလိုက်ကြရင် ကောင်းမှာပါ။ ကျွန်တော်က တော့ ညှိစေချင်တယ်။



Q ; ဟုတ်ကဲ့ဆရာ အခုက ဆရာ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကလည်း တရားလွှတ်တော်ရုံးချုပ်ကို စာချွန်တော် လျှောက်ထားလိုက်တယ်ပေါ့ အဲ့ဒီအထည်းမှာ လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်တဲ့ဆောင်ရွက်ချက်တွေ ပြုလုပ်တယ်လို့ ပါနေတယ်တော့ ခုနဆရာပြောသလို ပြေလည်အောင်ညှိယူပြီး လုပ်ဖို့ ဆိုပေမယ့်လည်း ဒီလိုမျိုးဖြစ်လာတော့ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍုင် တို့ အားပြိုင်ကြတဲ့ သဘောများ ထပ်ရောက်သွားနိုင်ဦးမလား ဒါရော စိုးရိမ်စရာ ဖြစ်နေမလားဆရာ။


ANS; အခုက မဏ္ဍိုင်နှစ်ခု တည်ဖြစ်တာ အကျယ်ကျယ်ဆက်များလာရင်တော့ တတိယဖြစ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ပါ ပါလာမှာပေါ့ အဲ့လိုဆိုရင် မကောင်းဘူးပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့က အကျယ်ကျယ်ဆက်မဖြစ်စေချင်တာ ။အဲ့ဒီဒီ မဏ္ဍိုင်သုံးခုတင်မကဘူး စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေလည်းရေးလာမယ် အဲ့တော့ ပဉ္စမ မဏ္ဍိုင်ဖြစ်တဲ့ လူထုအတွက်ကလည်းမကောင်းဘူး စိုးရိမ်စရာတွေစိတ်မချမ်းသာစရာတွေ ကြုံလာမယ်။ ပြီးတော့ ဒီကိစ္စက တိုင်းပြည်တစ်ခုလုံး ဒီမိုကရေစီ စနစ် ကူးပြောင်းရေးနဲ့ ယှဉ်လိုက်ရင် သိပ်ပြီးတော့ အရေးမကြီးပါဘူး အလုပ်ဖြစ်ရေး ရူထောင့်က စဉ်းစားရင် သူမှန်တယ်ငါမှားတယ် စဉ်းစားနေစရာမလိုပါဘူး အလုပ်ဖြစ်အောင် ပြင်ပေးလိုက် ပြီးပြီပေါ့ ကျွန်တော်ကတော့ အဲ့လိုဖြစ်စေချင်တယ်။


Q;အခုရက်ပိုင်းထဲမှာလည်း နိုင်ငံတော်သမ္မတကနေပြီးတော့ ၀န်ကြီးအပြောင်းအလဲတွေ လုပ်လိုက်တယ်။ နောက်ပြီး အမည်ပျက်စရင်းဝင်အချို့ကိုလည်း ပယ်ဖျက်ပေးလိုက်တာလည်း ရှိတယ်ပေါ့။ အခုလုပ်တဲ့ အစိုးရအဖွဲ့အပြောင်းလဲက သိသိသာသာ အပြောင်းလဲလို့ ဆိုရမှာပေါ့ အဲ့ဒီလိုအပြောင်းအလဲတွေပေါ်မှာရော ဆရာအနေနဲ့ ဘယ်လိုမြင်မိလဲ။


ANS;အပြောင်းအလဲတွေကတော့ အကောင်းဘက်ကိုပဲ ဦးတည်တာပေါ့ ကျွန်တော်တို့ ကြိုဆိုရမှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့သွားနေတဲ့ အဆင့်သုံးဆင့်လို့ယေဘုယျပြောလို့ရတယ်။ ပထမ Liberalization ဖြေလျော့တဲ့အဆင့် ။ ဖြေလျော့တဲ့အဆင့်မှာ ၀ုန်းဒိုင်းနဲ့ တစ်ပရိတ်ထဲ ဖြေလျော့လို့မရဘူးထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ်။အခုဖြေလျော့နေတဲ့ အဆင့်ပိုပြီးတော့ မြင့်မားလာတယ် အရှိန်ရလာတယ်လို့ မြင်ပါတယ်။ တပြိုင်နက်ထဲ လုပ်ရမှာက ခိုင်မာအောင်လုပ်ကြရတဲ့ Transaction အဆင့်ပေါ့ ဒါကလည်း အခုလုပ်သလောက်ရှိနေပါပြီ။ ဘာပဲပြောပြော ဖြေလျော့တာကိုတော့ ကောင်းတဲ့ဘက်က ကြိုဆိုပါတယ်။ အဲ့ဒီကိစ္စနဲ့အခုကိစ္စနဲ့ တွဲမစဉ်းစားဖို့လိုပါတယ်။ဆိုလိုတာကတော့ဗျာတည့်တည့်ပြောရရင် လူထုကို စည်းရုံးဖို့အတွက် သမ္မတက လုပ်ပြတာလို့ စွပ်ဆွဲချက်တွေ မထွက်စေချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဖြေလျော့တဲ့ ကိစ္စက ကောင်းတဲ့ကိစ္စလေ ကောင်းတဲ့ ကိစ္စကို သဘောထားတိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ ကြိုဆိုကြရမှာပဲ။


Q ; အခုဆိုရင် ကျွန်တော်တို့ မြန်မာ့နိုင်ငံရေး အခင်းကျင်းက Player ဆုံနေပြီလို့ ဆိုရမှာပေါ့ ဆရာနဲ့ ပထမခါတွေ့တုန်းဒီလောက် မဆုံသေးဘူး ဒေါ်အောင်ဆန်းစုကြည်အပါဝင် NLD လည်းပါလာပြီ။ ၈၈ ကျောင်းသားခေါင်းဆောင်တွေလည်း ပူးပေါင်းလုပ်လာကြတယ်ပေါ့ ဒီလိုအချိန်ကာလတစ်ခုကိုရောက်နေတော့ အနာဂတ်အလားလာကရော ဘယ်လိုဖြစ်လာနိုင်မလဲ ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီ စံနူန်းတွေကို အချိန်ဘယ်လောက်အတွင်းမှာ သိသိသာ ရလာနိုင်မယ်ဆိုတာ သုံးသပ်ပြပေးပါဥိးဆရာ


ANS; အခုဟာက Player တွေ ဆုံလာတယ် သဘောထားတွေ တော်တော်များများတူညီလာတယ်ဆိုတဲ့အချက်ပဲ ရှိသေးတယ်။လက်တွေ့လုပ်ရမယ့် လုပ်ငန်းတွေကတော့ အများကြီးကျန်သေးတယ်။ ကျွန်တော့်အထင်ပြောရရင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေက တော်တော်မြန်ဆန်တော်တော်သွက်လက်တယ်။ဒါပေမယ့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကတော့ တော်တော်လုပ်ရဦးမယ်။ဒါကလည်း အပြစ်တင်လို့တော့ မရဘူး ဘာလို့လည်းဆိုတော့ ကျွန်တော်တို့မှာ အားနည်းတဲ့ အနေထားတစ်ခုက စရတယ်။စရတဲ့အခါကြတော့ ၀ုန်းဒိုင်းနဲ့လုပ်လို့မရဘူး အရင်အခါနဲ့ နှိုင်းယှဉ်ရလို့ရှိရင် Player တွေ ဆုံလာတယ် သဘောထားတူညီမှုတွေများလာတယ် ဆိုတဲ့ အားကောင်းချက်ပဲ ရှိတယ်။.လက်တွေ့ခြေလှမ်းက သိပ်ပြီးသိသိသာသာ မလှမ်းနိုင်သေးဘူးထင်တာပဲ။ အဲ့ဒါက အပြစ်တင်ပြောတာမဟုတ်ဘူး။ အနေထားက ဒီအတိုင်းပဲ ဖြစ်နေတာ ဒီတိုင်းပဲ သွားဦးမှာပဲ။


Q; ဆရာအနေနဲ့ တခြားရောဘာများ ပြောချင်တာ ရှိသေးလဲ ခင်မျ။


ANS;အဲဒါကတော့ဗျာ ကျွန်တော်တို့ တစ်သက်ပေါ့နော် (၆၀)ကျော်နေပါပြီ ကျွန်တော့်တစ်သက်မှာ ဒီအနေထားမျိုး တစ်ခါမှ မရဘူး ဒီတစ်ခါပဲ တိုင်းပြည်အနာဂတ်အတွက် အကောင်းဘက်က မျှော်လင့်လို့ရဖူးတယ် အဲ့တော့ ဒီအနေထားတွေ မပျက်စေချင်ဘူး ဘာအကြောင်းနဲ့ မှ မပျက်စေချင်ဘူး။ ဒါကြောင့် Player တွေအားလုံးကို မေတ္တာရပ်ခံချင်တာက ရတောင့်ရခဲ အခွင့်အရေးလေးကို နောက်ပြန်မရောက်စေချင်ဘူး ဖြစ်နိုင်ရင်ရှေ့တိုးဖို့ပေါ့။ မမြန်ရင်နေပါစေ နောက်မဆုတ်ရင် ကျွန်တော်တို့ကျေနပ်ပါပြီ။ ရှေ့ဆက်ပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ ၀ိုင်းဝန်းလုပ်ကြပါ ဒါတော့ မေတ္တာရပ်ခံချင်ပါတယ်။



ဟုတ်ကဲ့ပါဆရာအခုလို အချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးတင်ပါ တယ်ခင်မျာ။


မင်းသူ


ကိုယ်ရေးအကျဉ်း အမည်-ဉီးကျော်ဝင်း

မွေးသက္ကရာဇ်- ၁၀-၄-၁၉၅၂
မွေးဖွားရာဒေသ-စစ်ကိုင်းတိုင်း ဒေသကြီးမုံရွာမြို့

စိန်ခေါ်နေသော


ဖွံ့ဖြိုးရေးဆာင်းပါးနှင့် စာပေ


လောကထဲသို့ဝင်ရောက်ခဲ့သည်၊ဦးနှောက်မုန်တိုင်းဆင်ခြင်းစာအုပ် ဖြင့်


၂၀ဝ၄ခုနှစ် ဆရာဝန် တင်ရွှေ ဆု။


ကမ္ဘာပြားပြီ ဘာသာပြန်(၃)တွဲ စာအုပ်ဖြင့် ၂၀ဝ၆ခုနှစ် အမျိုးသား စာပေဘာသာပြန်(သုတ)ဆုရရှိ ခဲ့သည်၊ စပယ်ဖြူ မဂ္ဂဇင်း။ အယ်ဒီ တာချုပ်။ခေတ်ဆန်းဂျာနယ်နှင့် မိုးဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး

၂၀ဝ၆ ဇွန်လက စတင်ပြီး The Wave မဂ္ဂဇင်း ထုတ်ဝေသူ အယ်ဒီတာဆောင်အဖြစ်ဆောင်ရွက်လျှက်ရှိသည်။

ရွှေမှုန်ရွှေစနဲ့  အမှိုက်စ ခွဲခြားမြင်နိုင်ကြပါစေ၊ ၀ါဝါမြင်တိုင်းလည်း ရွှေမထင်ကြပါနဲ့ ။

Saturday, September 1, 2012




















ရွှေမှုန်ရွှေစနဲ့  အမှိုက်စ ခွဲခြားမြင်နိုင်ကြပါစေ၊ ၀ါဝါမြင်တိုင်းလည်း ရွှေမထင်ကြပါနဲ့ ။

တိုင်းပြည်က တံခါးဖွင့်လိုက်တော့ ရွှေမှုန်ရွှေစလေးတွေ ၀င်လာတာပေါ့ ။ ဒီလိုရွှေမှုန်ရွှေစတွေ ၀င်လာတာက နဲနဲလေးပါလို့ပဲ မြင်မိပါတယ်။ အမှိုက်တွေက ပိုများမယ်လို့လဲ ထင်မိပါတယ်။

တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားခဲ့ပီးသူတွေ မနဲတော့ပါဘူး။ ဘ၀တွေ ပေးသွားခဲ့သူတွေလဲ မနဲတော့ပါဘူး။ အခုလဲ တံခါးအဖွင့်မှာ ပေးဆပ်သူတို့ ပြန်လာကြသလို အကြွေးဆပ်မဲ့သူတွေလဲ ပြန်လာကြတယ်လို့ မြင်မိပါတယ်။ တိုင်းပြည်အတွက် အကြွေးတင်နေတဲ့သူတွေ အကြွေးဆပ်နိုင်ကြပါစေလို့ပဲ ဆုတောင်းနေမိပါတယ်။

အခုမှ စမယ်ကြံကာရှိသေးတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆင်းရဲမွဲတေနေတဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ရာမှာ ဖွင့်ထားသောတံခါးများမှ အသိပညာ အတတ်ပညာ ကောင်းမွန်မျှတသော ရင်းနှီးမြုပ်နှံမှုများ ၀င်လာလျင် အတိုင်းထက်အလွန် ကောင်းမွန်ပါသည်။

အသိလွန် အတတ်လွန် အချိုးအစားမညီသော ရင်းနှီးမြုပ်နှံမှုများ ၀င်လာလျှင်ဖြင့် ကျတော်တို့ တိုင်းပြည် ကိုယ်ကျိုးနဲရန်သာ ရှိပါသည်။

အမှိုက်နှင့်ရွှေ ခွဲခြားသန့်စင်နိုင်ကြပါစေ မြန်မာပြည်သူပြည်သားအပေါင်းတို့။

တံခါးဖွင့်လာသည်နှင့်အမျှ ရွှေမှုန်ရွှေစများ ကျလာသလို အမှိုက်များလဲ ပါလာပါမည်။ အမှိုက်တွေကို ကြည့်တတ်မြင်တတ်လျှင် မြင်ပါမည်။

အမှိုက်က ရွှေမှုန်ထက်ပိုပီး ထင်သာမြင်သာ ရှိပါမည်။ ထို့ထက်ပိုသော “၀ါဝါမြင်တိုင်းလဲ ရွှေမထင်နဲ့” ဆိုသော စကားပမာ လက်ကိုင်ထားပီး မမေ့မလျော့သော သတိရှိကြရန် အပ္ပမာဒေနသံမာဒေထ …….

(ကောင်းဆုလင်း)။

အထူးသတင်းထုတ်ပြန်ချက်။

1 September 2012
  စာအမှတ်။ ငခရ / ၀၀၁/ ၂၀၁၂
အထူးသတင်းထုတ်ပြန်ချက်။
(၁) ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြပြီး တော်လှန်ရေးကြီး၏ တောင်းဆိုပြဌာန်း ချက်အရ၊ နေရာဒေသအသီးသီးတွင် ပုံသဏ္ဍန်မျိုးစုံဖြင့် ဆက်လက်ရပ်တည်တိုက်ပွဲဝင်နေကြသော အောက် ဖော်ပြပါ (၁၁) ဦးသည် စုပေါင်းဦးဆောင်မှု တဦးခြင်း တာဝန်ယူမှုများဖြင့် စုစည်းပြီး၊ အမိမြန်မာပြည်အတွင်း လက်တလောဖြစ်ပေါ်ပြောင်းလဲမှုများကို လေ့လာ စောင့်ကြည့်ခဲ့ကြသည် ။
 
(၂) ၂၀၁၂ ခုနှစ်ဆန်းပိုင်း (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များ မတရားဖမ်းဆီးခံထားရခြင်းမှ လွတ် မြောက်လာပြီးနောက်ပိုင်းတွင်၊ သမတဦးသိန်းစိန်အစိုးရ၏  နိုင်ငံတကာရောက် အင်အားစုများပြန် လာရန်ကမ်း လှမ်းချက်အပေါ်တွင် လေးလေးနက်နက် စတင်စဉ်းစားခဲ့ကြသည်။                         
 
(၃) လွတ်မြောက်လာသော (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များမှ၊ “နိုင်ငံတကာရောက်အင်အားစု များ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး” ကို တရားဝင်ထည့်သွင်းကြေညာပြီးနောက်၊ ငြိမ်းချမ်းရေးအကျိုးတော် ဆောင်များ၏ ကြိုးပမ်းဆောင်ရွက်ပေးမှုဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် (၆) လကျော်ခန့် အပြန်အလှန် ညှိနှိုင်းမှုများလုပ်ခဲ့ကြပါသည်။ စက်တင်ဘာ(၁) ရက်နေ့ခန့် နောက်ဆုံးထား၍ သိက္ခာရှိစွာပြန်လာနိုင်ရန် သဘောတူညီမှုရခဲ့ပါသည်။ ထိုသဘောတူညီချက် အတိုင်းဆက်လက်ဆောင်ရွက်ခဲ့ပါသည်။                   
 
(၄) က - လက်ရှိဖြစ်ပေါ်ပြောင်းလဲနေမှုများကို ကိုယ်တိုင်ကိုယ်ကျ အနီးကပ်လေ့လာရန် ။
     ခ - ၄င်းအပြောင်းအလဲများတွင် အဓိကပါဝင်မောင်းနှင်နေကြသောအင်အားစုများအားလုံးနှင့် ထဲထဲ ဝင်ဝင်ဆွေးနွေးရန် ၊ ဟူသော အချက်နှစ်ချက်ပေါ်တွင်အခြေခံပြီး၊ ဂုဏ်သိက္ခာရှိစွာပြန်လာနှိုင်ရေးမူကို ကိုင်စွဲထားခဲ့ပါသည်။
 
(၅) မိမိတို့ အမိမြေငြိမ်းချမ်းရေးလုပ်ငန်း (The Mission for Peace in Motherland) အဖွဲ့ ဝင်(၁၁) ဦး အမည်စာရင်းကို တရားဝင်ထုတ်ပြန်အပ်ပါသည်၊ (၁) ဦးကိုကိုလေး (USA)၊ (၂) ဦးကိုကိုအောင် (Japan)၊    (၃) ဦးဇော်မင်း (USA)၊ (၄) ဦးထွန်းအောင်ကျော် (USA)၊ (၅) ဦးမိုးသီးဇွန် (USA) ၊ (၆) ဦးမူးသာ (USA)၊ (၇) ဦးရင်အေး (USA) ၊ (၈) ဦးရွှေစင်ထွန်း (USA)၊ (၉) ဦးသက်ထွန်း (USA)၊ (၁၀) ဒေါက်တာအေးမင်း(USA)၊ (၁၁) ဦးအောင်မျိုးတင့် တို့ဖြစ်ကြပါသည်။ အထက်ပါ (၁၁) ဦးအနက်၊ ဦးသက်ထွန်း (USA) မှလွဲ၍ ကျန်အဖွဲ့  ၀င်များအားလုံး သည် (၂၄)နှစ်တာ ကာလအတွင်း၊ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး လေ့လာရေး ခရီးစဉ်အဖြစ် အမိမြန်မာပြည်သို့ ဂုဏ်သိက္ခာရှိရှိ၊ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း တရားဝင် အသိပေး အပ်ပါသည်။
ဆက်သွယ်ရန် -
မြန်မာပြည် / ကိုကိုလေး - ဖုန်း - ၀၉ ၄၅၀၀ ၁၂၆၂၃                 ရင်အေး - ဖုန်း   ၀၉ ၄၂၀၀၉ ၂၉၆၉          U.S.A / အောင်မျိုးတင့် ဖုန်း (၅၁၈) ၉၂၅-၇၂၁၀             ဇော်မင်း ဖုန်း (၄၃၄) ၅၆၆ - ၉၈၅၀
 
 
---------------------------------------------------------------------------------------------------------
Immediate Press Release
Date: September 1, 2012
MPM: 001/ 2012
 
(1)    We, the eleven members of the Mission for Peace in Motherland (MPM), who have participated in the struggle for democracy in Burma since before and after the 8.8.88 the nation wide people uprising in various ways and taking the leading positions in many organizations, are organized in the practice of collective leadership and take complete responsibility of each and individual in action. We have been observing the changing the political transactional at all time.
 
(2)    We took serious consideration of the welcoming announcement of the President U Thein Sein regarding the exiles after releasing the (88) Generations, who have been in prison for almost two decades.  
(3)    We were very much appreciated and took serious thought that the (88) Generations’ announcement in which all the exiled revolutionaries should be welcome home with full of dignity and integrity.
 
(4)    After we have been taking serious interaction and long discussion during the past six months with holding the principle of going back to our motherland with full of dignity and integrity, we set two objectives: (a) to observe the political transaction in the closed range; (b) to do collaboration getting along with the respectable internal political organizations.
 
(5)    Today, we the members of Mission for Peace in Motherland (MPM) would like to announce the eleven members list officially: (1) U Aung Myo Tint (USA), (2) Dr. Aye Min (USA), (3) U Htun Aung Kyaw (USA), (4) U Ko Ko Lay (USA), (5) U Ko Ko Aung (Japan), (6) U Moe Thee Zun (USA), (7) U Mu Thur (USA), (8) U Shwe Sin Htin (USA), (9) U THet Htun, (10) U Yin Aye (USA) and (11) U Zaw Min (USA). All of the members except U Thet Htun will join “Peace Delegation for Motherland” for the first time in during the 24 years of our revolutionary period.
 
Contact persons:
Burma /Myanmar: U Ko Ko Lay –Phone: 09 4500 12623                 U Yin Aye – Phone: 09 4200 92969
U.S.A :  U Aung Myo Tint: Phone: (716) 796-4283                             U Zaw Min: Phone: (434) 566- 9850
-----------------------------------------------------------------------------------------------------------------
 
__._,_.___
Attachment(s) from cho maung
5 of 5 File(s)

ABSDF တောင်ပိုင်းစခန်းတွင်နအဖစပိုင်ဟုစွပ်စွဲခံရပြီးဖမ်းဆီးနှိပ်စက်ခံခဲ့ရသူကိုစိုးလင်းနှင့်တွေ့ဆုံခြင်း



ရှင်းစရာရှိတာတွေကို အရင်မရှင်းဘဲ လက်ဝါးချင်းရိုက်ပြီးပြန်လာတာလို့ပဲမြင်ပါတယ် ( ABSDF တောင် ပိုင်း စခန်းတွင် တပ်မတော်ထောက်လှမ်းရေးမှဟုစွပ်စွဲကာ ဖမ်းဆီးနှိပ် စက်ခြင်းခံခဲ့ရသူ ကိုစိုး လင်းနှင့်တွေ့ ဆုံခြင်း)

Saturday, 01 September 2012 03:33
ကိုစိုးလင်းရေး ခဲ့တဲ့ဆောင်းပါးများ

ကိုမင်းလွင်၊ ကိုစိုးလင်း(အနကလ)နှင့် ကိုဇာနည်အောင်တို့ကို Eleven Media Group ၏ ၁၁-၁၁-၁၁ (၁) ခြောက်လုံး ဆုံသည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ်

ksl1
၁၉၈၈ ခုနှစ်ပြည်သူ့အရေတော်ပုံကြီးအပြီးတွင် မြန်မာနိုင် ငံနယ်စပ်စခန်းများရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ရှိရာသို့ ကျောင်းသားလူငယ်များ ၎င်းတို့၏နိုင်ငံရေးယုံကြည်ချက်ကိုအကောင်အထည်ဖော်ရန် သွားရောက်ခဲ့မှု များရှိခဲ့ပါသည်။ ABSDF ဆိုသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသာ များဒီမိုကရက်တစ်တပ်ဦးကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဒီမိုကရေစီရရှိရန် ကြိုးပမ်းခဲ့ကြသည်။ ထိုကဲ့သို့ကြိုးပမ်းနေစဉ် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပါဂျောင်ဒေသ၌ ကျောင်းသား အချင်းချင်း တပ်မတော်ထောက်လှမ်းရေးမှဟုစွပ်စွဲကာညှင်း ပန်းသတ်ဖြတ်ခဲ့မှုဖြစ်စဉ်များပေါ်ပေါက်ခဲ့ပါသည်။ အဆိုပါစွပ်စွဲသတ်ဖြတ်မှုမှာ မြောက်ပိုင်းဒေသဟုခေါ် တွင်နေသည့် ပါဂျောင်ဒေသမှသည် တောင်ပိုင်းဟု ခေါ် သည့် မာနယ်ပလောဒေသသို့ပါ ကူးစက်သွား ခဲ့သည်။ မြောက် ပိုင်းဒေ သမှ နှိပ် စက်သတ်ဖြတ်မှုများနှင့် ပတ် သက်ပြီး နှစ်ပေါင်း ၂၀ ကာလကျော်လွန်ခဲ့ပြီးနောက် ရှုထောင့်အသီးသီးမှပြောဆိုမှုများပေါ်ထွက်လာခဲ့သည်။  ထို့ကြောင့် မြောက်ပိုင်းဒေသမှ ဗဟို ညီလာ ခံတက်ရောက် ရန် တောင်ပိုင်းဒေ သသို့ သွားရောက်ရင်း ထောက် လှမ်းရေးဟူသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရကာ စစ်ဆေးနှိပ်စက်ခံရပြီး ABSDF စစ်ကော်မတီ၏ ထောင်ဒဏ် ၁၀ နှစ်အပြစ်ပေးခြင်းခံခဲ့ရသူ ကိုစိုးလင်းနှင့်တွေ့ဆုံပြီး ထိုစဉ်ကကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကိုမေးမြန်းခဲ့ သည်များအား ပြန်လည်တင်ပြအပ်ပါသည်။
မေး -
၈၈ အရေးအခင်းအပြီးမှာ နယ်စပ်ကိုဘယ်လိုရောက် သွားခဲ့ တာလဲဆိုတာက စပြီးရှင်းပြပေးပါလား။
ဖြေ -
၈၈ ကာလမှာတုန်း ကတော့ မန္တလေး သပိတ်တပ်ပေါင်းစုမှာပါခဲ့တာပေါ့။ အဲဒီမှာ သပိတ်တပ်ပေါင်းစုရဲ့ လုံခြုံရေးကို စက်မှုကျောင်းသားတွေကတာဝန်ယူရတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ လူကြီးတွေက အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီ၊ သံဃာတွေက သံဂ္ဂသမ္မဂီဆိုပြီးပြောင်းသွားကြတယ်။ ကျွန်တော်တို့ ကျောင်းသားတွေကတော့ မန္တလေးမှာရှိတဲ့တစ်ခြားကျောင်းသားတွေနဲ့ပေါင်းပြီး အမျိုးသားနိုင်ငံကျောင်းသားလူ ငယ်ဆိုပြီး အဖွဲ့ ဖွဲ့လိုက်တယ်။ အဲဒီလိုဖွဲ့ပြီးတဲ့အချိန်မှာ အဲဒီခေတ်ကခေတ်စားတဲ့အတွေးအခေါ်အတိုင်းပဲ လက်နက်ကိုင်အစိုးရကို
လက်နက်ကိုင်ပြီးတိုက်မှရမယ်ဆိုတဲ့အတွေးအခေါ်နဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက် သွယ်တယ်။ မြောက်
ပိုင်းမှာရှိတဲ့ ကချင်နဲ့ဆက်သွယ်တာပေါ့။ လုပ်ရင်း လုပ်ရင်းနဲ့ မြို့ပေါ်မှာဘယ်လိုမှနေလို့မ ရ တော့တဲ့ အတွက် မြောက်ပိုင်းကိုရောက်သွားတယ်။
မေး -
အစ်ကိုတို့မြောက်ပိုင်းကိုရောက်သွားတဲ့အချိန်က အဲဒီမှာအခြေအနေ ဘယ်လိုရှိသလဲ။
ဖြေ -
မြောက်ပိုင်းကိုရောက်သွားတဲ့အချိန်မှာ ကချင်ကော်မတီနဲ့ ကျောင်းသားတွေကြားမှာ အဖုအထစ်လေး တွေရှိနေတယ်။ ကျောင်းသားအင်အားက ၂၀၀ လောက်ရောက်နေပြီ။ ကျွန်တော်က အပတ်စဉ်(၅)။ အပတ်စဉ် ၁ နဲ့ ၂ ကို KIA က သင်တန်းပေးတယ်။ အပတ်စဉ် ၃ ကနေစပြီး ကျောင်းသားတွေက သင်တန်းပေးတယ်။ ကျွန်တော် တို့ရောက်တဲ့အချိန်မှာ သံချောင်းတို့ မျိုးဝင်းတို့ ရောက်နေပြီ။ ကိုထွန်းအောင်ကျော်နဲ့ အောင်နိုင်က ကျွန်တော့် ထက်တစ်လ လောက်စောတယ်။ မျိုးဝင်တို့ပါတဲ့ ကချင်ကော်မတီကို အပတ်စဉ် ၅ က ကျောင်းသားငါးယောက် ကဦးဆောင်ပြီး အတိုက်အခံပြုရာကစပြီး ပြဿနာဖြစ်တယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ တပ်တွင်းဒီမိုက ရေစီမရှိလို့။ အာဏာရှင်ဆန်ဆန်အုပ်ချုပ်တာကို ကျောင်းသားတွေက မကြိုက်ဘူး။ အဲဒီတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ကော်မတီဖွဲ့တယ်။ မျိုးဝင်းဆိုတာ စက်မှုကျောင်းသား။ စတုတ္ထနှစ် Mining က။ မိုးညှင်းမြို့နယ် နမားက။ ရွေးကောက်ပွဲမှာ မဲအများဆုံးရတဲ့သူတွေနဲ့ ကော်မတီဖွဲ့မယ်ဆိုပြီး တပ်ရင်းအသီးသီးကိုလှည့်ပြီး ဆန္ဒမဲကောက်တယ်။ မဲအများဆုံးရတာကတော့ သံချောင်းနဲ့လဆိုင်းပဲ။ မဲအများဆုံးရတဲ့သူတွေကို စဉ်လိုက်တဲ့ အခါမှာ မျိုးဝင်းပါမလာဘူး။ ပြဿနာက ဘာလဲဆိုတော့ နောက်ရောက်တဲ့လူတွေရဲ့ သဘောထားကြီးမှုပေါ့။ တစ်ချိန်ချိန်ကြရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းပြန်စွပ်မယ့်အလုပ်မိခဲ့ကြတယ်။ ဘာလုပ်မိလဲဆိုတော့ အရင် ကော်မတီမှာ တကယ်အလုပ် လုပ်ခဲ့တာက မျိုးဝင်းပဲ။ နောက်ဖွဲ့တဲ့အဖွဲ့မှာ မျိုးဝင်းပါမလားဘူးဆိုရင် အရင်အဖွဲ့ တွေနဲ့ပြဿနာတက်မှာစိုးလို့ မျိုးဝင်ကို ပါစေချင်ကြတယ်။ မဲပိုရတဲ့ ဘဂျမ်းဆိုတဲ့သူက ကျွန်တော်က ကော်မတီ မလုပ်ချင်ဘူး။ စစ်ပဲတိုက်ချင်တာဆိုတော့ မျိုးဝင်းကို ဆွဲတင်လိုက်တာပေါ့။ ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော်၊ ဒု- ဥက္ကဋ္ဌ(၁)က သံချောင်း၊ ဒု-ဥက္ကဋ္ဌ(၂)က အရင် ဥက္ကဋ္ဌဟောင်း ကျော်ကျော်၊ တပ်ရင်း ၄၀၁ က အတွင်းရေမှူး ကို သံလွင်ကို ထားလိုက်တယ်။ အထွေထွေအတွင်းရေးမှူးက ကိုအောင်နိုင်ကိုခန့်လိုက်တယ်။ တွဲဖက်အတွင်းရေး မှူး(၁)က ကိုလဆိုင်းကိုထားတယ် တွဲဖက်အတွင်းရေးမှူး(၂)ကို ကိုမျိုးဝင်း။  နောက်ရောက်လာတဲ့သူတွေက နယ်တွေဘာတွေဆင်းပြီး စည်းရုံးရေးကောင်းတဲ့အခါကျတော့ အဖွဲ့အစည်းက အင်အားကြီးလာတယ်။ အဲဒီမှာ မျိုးဝင်းက ဒီလူလေးနဲ့တောင် သူပြုတ်ကျခဲ့တာ ဒီ့ထက်အင်အားကြီးလာရင် သူ့နေရာပျောက်သွားမှာကို ကြောက်တယ်။ ဘယ်လို လူတွေကို ရှင်းရမလဲဆိုတာ စပြီးစဉ်းစားလာတယ်။ သူ့ရဲ့အကျင့်က အဲဒီအတိုင်းပဲ။ ကချင်ကော်မတီမှာတုန်းကလဲ သူထက်အင်အားကြီးသူကို ခွဲပစ်တယ်။ ဒီအဖွဲ့မှာ ကိုထွန်းအောင်ကျော်ကို ဖြိုမှရမယ် ဆိုတာ သူသိတယ်။ ဘယ်လိုလုပ်သလဲဆိုတော့ ကော်မတီဝင်ဖြစ်ရင် အားလုံးစစ်သင်တန်းတက်ရ တယ်။ အဲဒီမှာအပတ်စဉ်(၆)တက်နေရင်း တစ်ညနေ ကျွန်တော်နဲ့အောင်နိုင် ချောင်းဘေးမှာလမ်းလျှောက် နေခိုက် ထွန်းအောင်ကျော်က ထောက်လှမ်းရေးဆိုပြီး ရဲဘော်တစ်ယောက်ပြောသံကြားလိုက်ရတယ်။ အဲဒီရဲဘော်က ရဲဘော် အောင်ဘို။ အဲဒီစကားကို ကျွန်တော်တို့နှစ်ယောက်အပြင် ဇော်ဇော်မင်းဆိုတဲ့ တစ်ယောက်လည်းကြားတယ်။ သူက မျိုးဝင်းရဲ့လူ။ စောစောက ပြောတဲ့ရဲဘော်က ဘယ်သူလဲ၊ ဘယ်က လဲမေးတော့ သင်တန်းဌာနစားဖို ဆောင်က ထမင်းချက်၊စားဖိုးမှုးတဲ့။ အဲဒီမှာ ကျွန်တော်က အောင်နိုင် ဒီအတိုင်း နေလို့တော့ မဖြစ်ဘူး။ အစ်ကိုကြီး(ကိုထွန်းအောင်ကျော်)ကိုတော့ တိုက်ခိုက်နေပြီ။ မဖြစ်တော့ဘူး။ သွားပြော မှ ရမယ်ဆိုပြီး သင်တန်းမှူးကိုသွားပြောတယ်။ အခုလိုစကားသံတွေထွက်လာတာဟာ အဖွဲ့အစည်းအတွက် မကောင်းဘူး။ ကိုယ့်လူကိုယ်ထိန်းပါလို့ပြောခဲ့တယ်။ သူ့ကို သိပ်မယုံတာနဲ့ မျိုးဝင်းကို ဆင်းလာခဲ့ ပြောစရာရှိလို့ ဆိုပြီး သူ့မိန်းမကနေတဆင့် လှမ်းမှာတယ်။ အဲဒီအချိန်မှာ မျိုးဝင်းက နော်ဒါဘန်ရောက်နေတယ်။ ကျွန်တော်က မျိုးဝင်း ဒီစကားသံတော့ ထွက်လာတယ်။ မင်းလည်းထိန်းပါ။ မဟာမိတ်စနက်များပါသလားမသိဘူးလားလို့ တောင်ပြောမိပါသေးတယ်။ သူက အဲဒီအချိန်ကတည်းက ကြံနေပြီ။ သူကစခန်းမှာရှိတဲ့လူတွေကို လူစုခွဲနေပြီ။ ဖြစ်ချင်တော့ ABSDF ဗဟိုက တတိယအကြိမ်ညီလာခံခေါ်မယ်။ ကိုယ်စားလှယ်တစ်ယောက်ရှာပါဆိုပြီး ကြေး နန်းဝင်လာတယ်။ အဲဒီမှာ မျိုးဝင်းနဲ့သံချောင်းက ကိုစိုးလင်းသွားသင့်ပါတယ်ဆိုပြီး ထောက်ခံကြတယ်။ သူတို့က ဒီလိုပြောတဲ့အခါမှာ ကျန်တဲ့ကော်မတီဝင်တွေကလည်း ကိုစိုးလင်းဆိုရင်သင့်တော်ပါတယ်ဆိုပြီး ၀ိုင်းထောက်ခံ ကြတယ်။ သံချောင်းနဲ့ မျိုးဝင်းက တကယ်တော့ လက်ဝါးချင်းရိုက်ပြီးသား။ သံချောင်းကလည်း ကျွန်တော့်ကို မျက်စိစပါးမွှေးစူးနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူ့ ရဲ့တပ်မှူးတွေနဲ့ရင်းနှီးလို့။ အပတ်စဉ်(၆)က စပြီး ကျွန်တော်က သင်တန်းသားတွေကို နိုင်ငံရေးလက်ချာပေးရတယ်။ အပတ်စဉ်(၆)ရှေ့ကဟာတွေက မသင် ပေးလိုက်ရတဲ့အတွက် ကျွန်တော်က တပ်မှူးတွေရောက်လာရင် ရင်းရင်းနှီးနှီးနေတယ်။ ကျွန်တော့်အယူအဆ က နိုင်ငံရေးအယူအဆကို တပ်မှူးတွေဆီပို့နိုင်ရင် သူ့လက်အောက်က တပ်သားတွေဆီပျံ့မှာပဲဆိုပြီး တပ်မှူး တွေနဲ့စကားပြောတာ။ သံချောင်းက အဲဒါကိုမကျေနပ်ဘူး။ နိုင်ငံရေးမှူး တပ်ကိုဘာလို့စည်းရုံးနေတာလဲဆိုပြီး အမြင်ရှိတယ်။ မျိုးဝင်းက ဗဟိုကော်မတီကိုဖြိုမယ်ဆိုရင် စိုးလင်း မရှိမှဖြစ်မှာဆိုပြီး သူတို့နှစ်ယောက်တိုင်ပင်ပြီး ဗဟိုကိုပို့တာ။ အဲဒါကို ပြီးခဲ့တဲ့ ဇန်န၀ါရီမှထောင်ကလွတ်လာတဲ့ စောသက်ထွန်းဆီက သိရတာ။ သူက သာယာ ၀တီထောင်မှာ သံချောင်းနဲ့ ၆ နှစ်လောက်နေလာခဲ့တာ။ မျိုးဝင်းက တစ်ခုခုရှင်းချင်ရင် ဗဟိုမှာရုံခါပြီးတော့ ရှင်း တဲ့အကျင့်ရှိတယ်။
မေး -
  ပါဂျောင်စခန်းမှာ အချင်းချင်းရက်ရက်စက်စက်သတ်ဖြတ်မှုတွေဖြစ်တဲ့အချိန်က အဲဒီစခန်းမှာ ကိုစိုးလင်း ရှိနေသလား။
ဖြေ -
အဲဒီအချိန်က ပါဂျောင်မှာ ကျွန်တော်မရှိဘူး။ ABSDF ဗဟိုက ညီလာခံလုပ်ဖို့ မြောက်ပိုင်းက ကိုယ်စား လှယ်တွေခေါ်လို့ ၁၉၉၀ နှစ်ကုန်လောက်မှာ မာနယ်ပလောကိုသွားရတယ်။ ၉၁ ဧပြီလောက်မှာ မာနယ်ပလော ကိုရောက်တယ်။ ညီလာခံက ဇွန်မှာကျင်းပမယ်လို့ပြောပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့်မကျင်း ပနိုင်သေးဘူး။ သြဂုတ်လောက်မှာ ကျင်းပနိုင်လောက်တယ်ပြောလို့ အားနေတဲ့အချိန်မှာ မာနယ်ပလောကစခန်း တွေရဲ့အခြေအနေကိုလေ့လာဖြစ်တယ်။ မြောက်ပိုင်းကိုပြန်ရောက်ရင် ဒီစခန်းတွေရဲ့အားသားချက်ကိုပြန်ပြီ အသုံးချရအောင်လို့ စခန်းတွေအားလုံးကိုလှည့်တယ်။ ညီလာခံက သြဂုတ် ၁၁ လားမသိဘူး စဖြစ်တယ်။ နှစ်ပတ်လည်ပြီးတဲ့နောက်မှာပေါ့။ အဲဒီအချိန်က မြောက်ပိုင်းမှာ ဖမ်းတော့ဖမ်းနေပြီ။ ဗဟိုက မသိရသေးဘူး။
မေး -
မာနယ်ပလောမှာ ညီလာခံတက်ရင်း ထောက်လှမ်းရေးဆိုပြီး ဘယ်လိုအဖမ်းခံလိုက်ရတာလဲ။
ဖြေ -
ညီလာခံ တက်ရင်းတက်ရင်းနဲ့ ကျွန်တော်တို့ကို အုပ်စုနှစ်စုကအပြိုင်စည်းရုံးကြတာ။ ကိုမိုးသီးရဲ့အုပ်စုနဲ့ ကိုနိုင်အောင် အုပ်စုပေါ့။ ကိုမိုးသီးဇွန်အုပ်စုမှာ အမာခံဘယ်သူရှိလဲဆိုတော့ အောင်သူငြိမ်း( အခု ဗဟုအဖွဲ့)၊ နောက် အောင်သူ၊ ကိုဌေးအောင်( အခုကယန်းပြည်သစ်ပါတီမှာ ဗိုလ်မှူးစောလွင်ဆိုပြီးဖြစ်နေတဲ့သူ)။ သူတို့က မိုးသီး ရဲ့အမာခံတွေ။ သူတို့ကလည်း ကျွန်တော်တို့နဲ့မင်းသမီးစခန်းကလူတွေကို စည်းရုံးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစခန်းနှစ်ခုက အင်အားကောင်းတော့ မဲများလို့စည်းရုံးတယ်။ ကိုနိုင်အောင်ဖက်မှာ အမာခံဘယ်သူရှိလဲဆို တော့ အခု DVB တာဝန်ခံဖြစ်တဲ့ ခင်မောင်ဝင်း၊ ဒေါက်တာသောင်းထွန်း၊ ဒေါက်တာကျော်သက်ဦး။ သူတို့အုပ်စု ကလည်း ကျွန်တော်တို့ကိုစည်းရုံးတယ်။ အဲဒီတော့ ညီလာခံသာတက်နေရတယ် ဘယ်သူမှန်တယ် ဘယ်သူမှား တယ်ဆိုတာမသိရဘူး။ ကိုမိုးသီးကလည်းအပြိုင်တင်တယ်။ နိုင်အောင်ဘာတွေလုပ်တယ်။ နိုင်အောင်က ပျော့ညံ့တဲ့ကောင်၊ တော်လှန်ရေးမှာ မရှိသင့်ဘူး။ ဘာညာနဲ့ပေါ့။ နိုင်အောင်ကလည်း ကိုမိုးသီးဇွန် မလုပ်သင့် တဲ့အလုပ်ကိုလုပ်တယ်။ တော်လှန်ကော်မတီကို ဥက္ကဋ္ဌအနေနဲ့နောက်ကပါတယ် ဆိုပြီး အပြန်အလှန်စွပ်စွဲကြ တာ။ အပြိုင်တိုက်ကြတာပေါ့။ ကိုနိုင်အောင်ဖက်က တိုက်တာရှိသေးတယ်။ ကိုမိုးသီးဇွန်တို့က ကွန်မြူနစ်တွေ။ ကျောင်းသာတွေထဲမှာ ကွန်မြူနစ်တွေကို လက်မခံနိုင်ဘူးဆိုပြီးပေါ့။ မင်းသမီးစခန်းကလူတွေရော ကျွန်တော်တို့ ရောက ကြားနေတွေ။ အဲဒီလိုတိုက်နေရင်းနဲ့ မြောက်ပိုင်းကြေးနန်းက KNU ကိုဝင်တယ်။ KNU ကလည်း လက်ရှိ ဥက္ကဋ္ဌက ကိုမိုးသီးဇွန်ဆိုတော့ သူ့ဆီသွားပေးလိုက်တယ်။ အမှန်က ညီလာခံလုပ်တဲ့အချိန်မှာ ကော်မတီ ဟောင်းက မရှိတော့ဘူး။ ညီလာခံကျင်းပတဲ့နေ့မှာတာဝန်ကျတဲ့ သဘာပတိကအမြင့်ဆုံးပဲ။ ဒါပေမယ့်လည်း သူတို့ကကိုမိုးသီးဇွန်ကိုပဲသွားပေးတယ်။ အဲဒီမှာ ကိုမိုးသီးဇွန်က ကြေးနန်းကိုကိုင်းထားလိုက်တယ်။ ဖြစ်ချင် တော့ အဲဒီအချိန်က ကိုမိုးသီးနဲ့နိုင်အောင်တို့ အားပြိုင်မှုမှာ အောင်နိုင်ဖက်က နည်းနည်းအားသာနေတယ်။ သာတယ်ဆိုတာ တော်လှန်ကော်မတီကိစ္စပေါ့။ အဲဒီကော်မတီအကြောင်းတော့ ကျွန်တော်လည်းမသိဘူး။ အဲဒီတော့ ကိုမိုးသီးဇွန်က ထွက်ပေါက်ရှာနေပြီ။ ရိုးရိုးသားသားထွက်ပေါက်မရှာဘဲနဲ့ မြောက်ပိုင်းကြေးနန်းကို ကိုင်ပြီးထွက်ပေါက်ရှာတယ်။ မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေ လူတစ်ရာကျော်ဖမ်းမိနေပြီ။ မြောက်ပိုင်း မှာထောက်လှမ်းရေးတွေရောက်နေသလို ဒီညီလာခံထဲမှာလည်း ထောက်လှမ်းရေးတွေ ဘယ်နှစ်ယောက် ရောက်နေသလဲ ကျွန်တော်မသိဘူး။ ဒီထောက်လှမ်းရေးတွေက ကျွန်တော့်ကို တိုက်နေကြတာလို့ပြောတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကထပြီး  ကိုမိုးသီး စကားကိုအရမ်းမပြောနဲ့။ ကျွန်တော် မြောက်ပိုင်းကလာတဲ့ရဲဘော်။ မြောက်ပိုင်းအကြောင်းကို ကျွန်တော်ခင်ဗျားထက်ပိုသိတယ်။ မြောက်ပိုင်းကိစ္စတစ်ခုခုမှားနေပြီ။ ဒါမျိုးမဖောက်ခွဲ ပါနဲ့။ ခင်ဗျားကို ပုဂ္ဂိုလ်ရေးလေးစားတယ်။ ဒါမျိုးနိုင်ငံရေးဖောက်ခွဲတာကိုတော့ မကြိုက်ဘူး။ အဲဒီမှာမြောက်ပိုင်း ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ကိုလှဋ္ဌေး ကျွန်တော့်ကိုဆွဲထိုင်ခိုင်းတယ်။ သူက မြောက်ပိုင်းကိစ္စကိုဒီညီလာ ခံမှာမရှင်းပါနဲ့။ ခင်ဗျားတို့နှစ်ယောက်ရဲ့ပြဿနာကိုပဲအရင်ရှင်းပါလို့ပြောတယ်။ ညီလာခံသာပြီးသွားတယ် တစ်လျှောက်လုံးမြောက်ပိုင်းကိစ္စကို မဆွေးနွေးလိုက်ရဘူး။ မိုးသီး-နိုင်အောင် အုပ်စုနှစ်စုကပြိုင်ရင်းကွဲတော့ မလိုဖြစ်လာတယ်။ အဲဒီမှာ မဟာမိတ်ဖြစ်တဲ့ KNU က  မင်းတို့ စစ်ရေးလည်းအခြေအနေမကောင်းဘူး။ ပေါင်း ခိုင်းလို့ရမယ်ထင်ပြီး မာနယ်ပလောမှာလာပြီးလုပ်လှဲ့ဆိုပြီးခေါ်လိုက်တယ်။ အမှန်ကတော့ KNU က အဖွဲ့မကွဲ စေချင်လို့ခေါ်လိုက်တာ။ ဗိုလ်ချုပ်မြကိုယ်တိုင်လာပြီး မကွဲကြဖို့ပြောတယ်။ ကျောင်းသားတွေမကွဲကြပါနဲ့။ ရအောင်ညှိကြပါ။ သမိုင်းမှာကျောင်းသားကွဲတယ်ဆိုရင် ငါတို့လည်းမကောင်းဘူး ရအောင်ညှိဆိုပြီးပြန်သွား တယ်။ ညှိကြတယ်။ ညှိရင်းညှိရင်းမရတော့ဘူး။ နောက်ဆုံး KNU ကရာဇသံပေးတယ်။ ကွဲမယ်ဆိုရင် သူတို့ စခန်းမှာအကွဲမခံနိုင်ဘူး ပြန်ကြတော့ဆိုပြီး မောင်းချတယ်။ အရင်ကတော့ တစ်စုတစ်စည်းထဲပြန်ကြတာပေါ့။ အခုပြန်ရွှေ့တဲ့အခါမှာ နှစ်စုကွဲသွားတယ်။ ကိုမိုးသီးဇွန်ဦးဆောင်တဲ့အဖွဲ့က အောင်သူငြိမ်းတို့တပ်ရင်း ၂၁၂ မှာ နေလိုက်တယ်။ ပြီးတော့ တတိယညီလာခံကိုဆက်လုပ်တယ်။ ညီလာခံက ကော်မတီတစ်ခုဖွဲ့လိုက်တယ်။ အဲဒီ ကော်မတီမှာ မိုးသီးဇွန်က ဥက္ကဋ္ဌ။ အောင်သူငြိမ်းက ဒုဥက္ကဋ္ဌလား အထွေထွေအတွင်းရေးမှူးလား မမှတ်မိတော့ ဘူး။ ကော်မတီဝင်တွေက  အရင် AB ပထမစဖွဲ့တော့ အထွေထွေအတွင်းရေးမှူးလုပ်တဲ့ သန်းဝင်းတို့  ဌေးနိုင် တို့ပါသွားတယ်။ မြောက်ပိုင်းရော မင်းသမီးစခန်းကလူတွေရော ကိုနိုင်အောင်တို့နဲ့ သံလွင်စခန်းကို လိုက်ပြီး တော့ ညီလာခံတစ်ခုလုပ်တယ်။ လူများတာကတော့ ကိုနိုင်အောင်တို့သံလွင်စခန်းကများတယ်။ အဲဒီကနေ ဗဟို ကော်မတီတစ်ခုဖွဲ့လိုက်တယ်။ ဥက္ကဋ္ဌက ကိုနိုင်အောင်၊ ဒုဥက္ကဋ္ဌက ကျော်ကျော်(ကျော်ကျော်ဆိုတာ ဆယ်ပြား ကျော်ကျော်)၊ အထွေထွေအတွင်းရေးမှူးက မင်းသမီးစခန်းက မျိုးဝင်း။ နှစ်ခြမ်းကွဲပြီးသွားတဲ့အချိန်မှာတော့ မြောက်ပိုင်းသည် ကိုနိုင်အောင်ရဲ့လက်အောက်ကိုရောက်သွားပြီ။ ကျွန်တော်နဲ့ကိုလှဌေးကပြန်ဖို့ရက်ကိုစောင့် နေတာ။ ဒါပေမယ့်အဲဒီအချိန်မှာ ကိုနိုင်အောင်ဆီကို မြောက်ပိုင်းကကြေးနန်းရောက်နေပြီ။ ကျွန်တော်ကမသိ သေးဘူး။ ညီလာခံပြီးလို့ ငါးရက်မြောက်နေ့မှာ သိရတာ။ သံလွင်စခန်းက သူငယ်ချင်းများတယ်။ ဥက္ကဋ္ဌ ကလည်းကျောင်းနေဖက်သူငယ်ချင်းပဲ။ အောက်တိုဘာလကုန်ပိုင်းမှာပဲ ဘုရားကန်တော့ပြီး အခန်းကိုအပြန်မှာ ပဲ သေနတ်တွေနဲ့ဝိုင်းလာပြီး ကိုစိုးလင်း ခင်ဗျားကိုကျွန်တော်တို့ဖမ်းတယ်ဆိုပြီးဖမ်းလိုက်တယ်။ ဘယ်လိုဖြစ်တာ လဲဆိုပြီး ကျွန်တော်ကမေးတဲ့အခါ ကျော်ကျော်(အပု)က ကျွန်တော့်လက်မောင်းက AB တံဆပ်ကိုဆွဲခွာပြီး မင်းနဲ့ဒီတံဆိပ်နဲ့မတန်ဘူးလို့ပြောတယ်။ ချုပ်မယ့်နေရာကို လက်ထိပ်ခတ် ဇွတ်ဆွဲလာရင်း နောက်ကနေ ကိုနိုင်အောင် ရောက်လာတယ်။ ကျွန်တော်က ကိုနိုင်အောင် အစ်ကိုကြီး ဘယ်လိုဖြစ်တာလဲ။ကျွန်တော့်ကို ဖမ်းပြီလို့ မေးတော့ သူက လက်ထဲကကြေးနန်းစားရွက်ကိုထုတ်ပြပြီး မင်းဖတ်ကြည့်လို့ပြောတယ်။ ကြေးနန်း ထဲမှာ စစ်ဆေးတွေရှိချက်များအရ ကိုစိုးလင်းမှာ န၀တသူလျှိုဖြစ်ပါသဖြင့် လိုအပ်သလိုဆက်လက်အရေးယူ ဆောင်ရွက်ပါရန် အောက်က အောင်နိုင်ဆိုပြီးပါတယ်။ အဲဒီမှာ ကျွန်တော်က ဥက္ကဋ္ဌ ကျွန်တော်တို့အဖွဲ့မှားတော့ မယ်။ ခင်ဗျားမှာတာဝန်အရှိဆုံးလို့ ကျွန်တော်ကပြောတယ်။ ဥက္ကဋ္ဌ ခင်ဗျားအသေအချာဖြေရှင်းပါ။ သမိုင်းမှာ လည်းသင်ခန်းစာယူစရာတွေအများကြီးရှိပါတယ်လို့ပြောတော့ သူက စိတ်ချညီလေး မင်းကိစ္စအမှန်အတိုင်း ဖြစ်စေရမယ်။ ကို မြောက်ပိုင်းကိုသွားမယ်။ မင်းကိစ္စကို တရာမျှတအောင်ရှင်းပေးမယ်။ အဲဒီလိုပြောပြီး သူ့ကိုမ တွေ့ရတော့တာ။ အဲဒီနောက်မှာ ကျွန်တော့်ကို အကျယ်ချုပ်နဲ့ထားတယ်။ မာနယ်ပလောကျတဲ့အချိန်မှာတောင် ထိုင်းဖက်ကမ်းမှာ အကျယ်ချုပ်နဲ့ထားတယ်။ အကျယ်ချုပ်နဲ့နေရချိန်မှာ ကျွန်တော့ကိုထားတဲ့အခန်းအောက်မှာ  ABSDF ဗဟိုရုံးရှိတယ်။ တစ်ရက်က ဗဟိုရုံးကဖွင့်ထားတဲ့ ရေဒီယိုမှာ ဘီဘီစီနဲ့ ABSDF အတွင်းရေးမှူး ကိုအောင်ထူးတို့ အင်တာဗျူးလာနေတယ်။ ဘီဘီစီက မြောက်ပိုင်းမှာ သတ်တာဖြတ်တာတွေကို ဗဟိုက ဘယ်လိုသဘောထားလဲမေးတော့ သူကတာဝန်ယူတယ်လို့ပြောတာကြားလိုက်ရတော့ မြောက်ပိုင်းမှာတော့ တစ်ခုခုဖြစ်နေပြီလို့သိလိုက်ရတယ်။ ကိုထွန်းအောင်ကျော် ပါ မပါတော့ မသိဘူး ၁၅ ယောက်အသတ်ခံရ တယ်ဆိုတာလောက်တော့ သိလိုက်ရပြီ။ သင်္ကြန်အပြီးမှာ ထိုင်းဖက်ကမ်းမှာရှိတဲ့စခန်းကို ညဖက်ကြီးလှေနဲ့ ပြောင်းတယ်။ လှေပေါ်မှာ မင်းလိမ်ဖို့မကြိုးစားနဲ့။ ဥက္ကဋ္ဌလည်းမြောက်ပိုင်းကပြန်ရောက်နေပြီ။ ငါတို့အကုန်သိ ပြီးသားဆိုပြီး ခြိမ်းခြောက်တဲ့စကားစပြောတယ်။ ထိုင်းဖက်ကမ်းမှာ ခွေးအိမ်လေးမှာထားတယ်။ အဲဒီနောက် စစ် ကြောရေးစတာပဲ။ တာဝန်ယူတာက ကိုလှဋ္ဌေး။ ပထမ နှစ်ရက် သုံးရက်လောက်ကတော့ ရိုးရိုးမေးနေတာ။ ကျွန်တော်က မဟုတ်ဘူးလို့ အေးအေးဆေးဆေးရှင်းပြပါတယ်။ အဲဒီကနေသူတို့က မင်းတို့ထောက်လှမ်းရေး တွေက အသားမနာရင်မရဘူးဆိုပြီး စလာတယ်။ မရိုက်ပါနဲ့။ ကျွန်တော်က အနာမခံနိုင်ဘူး။ အသားနာလာရင် လိမ်ပြောမိလိမ့်မယ်။ ငိုယိုပြီးတောင်းပန်တာကို မရဘူး။ ရိုက်တာပဲ။         ရိုက်ရင်း ရိုက်ရင်းနဲ့ မင်းက well train ပဲ။ မင်းလိုပေါက်စမပြောနဲ့ ထွန်းအောင်ကျော်လို ဆင်ကြီးကိုတောင် ဖြိုလာတာဆိုတဲ့အသံတွေလည်းကြားလာရ တယ်။ ရိုက်ပြီးရင် ခွေးအိမ်လေးထဲကိုပြန်ထည့်။ ထမင်းကလည်း ကျွေးတစ်ရက်မကျွေးတစ်ရက်နဲ့ စိတ်ဓာတ် စစ်ဆင်ရေးလုပ်တယ်။ ထုတ်ပြီးပြန်ရိုက်နဲ့ ရက်တွေဆက်လာတဲ့အခါကျတော့ စဉ်းစားမိတယ်။ ဟိုလူတွေလည်း အသတ်ခံလိုက်ရပြီ။ ငါလည်း ဒီအတိုင်းအသတ်ခံရမလား။ ၀န်ခံလိုက်ရင် လောလောဆယ် သက်သာမယ်။ လွတ်လမ်းမြင်ရင်မြင်လာနိုင်တယ်ဆိုပြီး စဉ်းစားမိတယ်။ အဲဒီလိုနဲ့သူတို့ဆီကို ခွင့်တောင်းတယ်။ နှစ်ရက် လောက်အချိန်ပေးပါ။ စဉ်းစားပါဦးမယ်လို့ပြောပြီး ဘယ်လိုပြောရင်ရမလဲဆိုပြီး စဉ်းစားတယ်။ ရိုးရိုးထောက် လှမ်းရေးးပါလို့ပြောရင် သူတို့ကလက်တံရှည်လို့ လိမ်တာနေမှာစိုးလို့  အထူးထောက်လှမ်းရေးဆိုပြီးပြောရ တယ်။ သူတို့က အဲဒါကိုလက်ခံတယ်။ ဒါပေမယ့် ဘာသွားဖြစ်လဲဆိုတော့ မြောက်ပိုင်းနဲ့ဆက်စပ်တာကို ဘာမှ မပြောနိုင်ဘူး။ ရိုက်လေ မပြောနိုင်လေ။ အဲဒီမှာဘာဖြစ်လဲဆိုတော့ မြောက်ပိုင်းက ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ နန်းအောင်ထွေးကြည်တို့ ၀န်ခံတာကိုရိုက်ထားတဲ့ ဗွီဒီယိုကို  အသံအကျယ်ကြီးနဲ့ဖွင့်ပြတယ်။ တမင်ဖွင့်ပြတာလားတော့ မသိဘူး။  သူတို့ပြောတဲ့အတိုင်းပဲလိုက်ပြောတာပေါ့။ သူတို့ကနောက်တစ်ခုထပ် ပြောခိုင်းပြန်တယ်။ မင်းဒီကိုလာတာ ဘယ်သူ့အချိတ်အဆက်နဲ့လာတာလဲ လုပ်ပြန်တယ်။ အပြင်လူတွေ လျှောက်ပြောတာ လက်မခံဘဲ အတွင်းကလူကိုဖော်ခိုင်းတယ်။ အဲဒီမှာ ဆရာနေ၀င်းအောင် ဖမ်းထားပြီး ပြီ လား မဖမ်းရသေးဘူးလား မသိဘူး။ နောက်မှပဲ ဆရာ့ကိုတောင်းပန်တော့မယ် ဆိုပြီး ဆရာ့နာမည်ကိုပြော လိုက်ရတယ်။ တစ်ရက်တော့ ဆရာ့ကို ရိုက်နှက်ပြီးစစ်နေတာကို ကျွန်တော့်ခွေးအိမ်လေးထဲက မြင်လိုက်ရ တယ်။ နောက်ဆုံး ဆရာရော ကျွန်တော်ရော ၀န်ခံတဲ့အခံကျတော့လည်း သူတို့ကတစ်ဆင့်တက်ပြီး မိုးသီးဇွန် ကထောက်လှမ်းရေးလား လုပ်ပြန်တယ်။ နှစ်ယောက်စလုံးက မဟုတ်ဘူးလို့ဆိုတဲ့အခါ  မိုးသီးဇွန်ထဲမှာ မင်းတို့လူဘယ်သူရှိလဲလို့ မေးတယ်။ ကျွန်တော်တို့နှစ်ယောက်လုံးကပဲ ကိုဌေးနိုင်ကိုသွားထွက်မိတယ်။ အဲဒီမှာ ကျွန်တော်စဉ်းမိတာ ဆရာနေ၀င်းအောင်ကိုပြောတော့ ဆရာ့ကိုဖမ်းတယ်၊ ကိုဌေးနိုင်ကိုပြောတော့ ကိုဌေးနိုင် ကိုဖမ်းတယ်။ ဒီအတိုင်းဆို လူတွေအများကြီး ဒုက္ခရောက်ရတော့မှာပဲ။ မင်းတို့ဖမ်းချင်ရင်ဖမ်းကွာဆိုပြီး သံလွင် စခန်းမှာတွေ့တဲ့လူတွေအကုန်လုံးရဲ့ နာမည်တွေလျှောက်ပြောတာ။ အဲဒီနည်းကမှန်လား မမှန်လားတော့ မသိ ဘူး။ လူတွေတော့ မဖမ်းတော့ဘူး။
မေး -
ဒီလိုမျိုး သံလွင်စခန်းမှာ ရိုက်နှက်စစ်ဆေးတာတွေလုပ်ဖို့ ဘယ်သူက စီစဉ်တာလဲ။
ဖြေ -
ဒီလိုမျိုးစစ်ကြောရေးစခန်းဖွင့်ပြီး ကျောင်းသားအချင်းချင်းရိုက်နှက်စစ်ဆေးဖို့ ကိုနိုင်အောင် အမိန့်ပေး တာ။ သူအမိန့်ပေးလို့ ဒီလိုလုပ်ရဲတာ။ စစ်ကော်မတီဥက္ကဋ္ဌကလည်း သူပဲ။ သူအမိန့်ပေးတာ။ နိုင်ငံခြားသူတစ် ယောက်ရှေ့မှာဖြောင့်ချက်ပေးတာ “မဟုတ်ဘူး” တစ်ခွန်းထွက်မိလို့ တစ်ညလုံးအရိုက်ခံရတာ သူ့ရှေ့မှာပဲ။ သူ လက်ဖျောက်တီးခေါ်ပြီး အရိုက်ခိုင်းတာ။  ညှင်းဆဲမှုတွေအကုန်လုံး ကိုနိုင်အောင်ရဲ့အမိန့်နဲ့လာတာဆိုတာ သေချာတယ်။ မြောက်ပိုင်းကိစ္စမှာ ကိုနိုင်အောင်ပတ်သက်မှုရှိလား မရှိလားဆိုတာကတော့ အဲဒီအချိန်က မြောက်ပိုင်းမှာ ရှိမနေတဲ့အတွက် မပြောနိုင်ဘူး။ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီက မတ်လ ၁ ရက်နေ့မှာ စာထုတ်တယ်။ အဲဒီစာမှာ နိုင်ငံရေးအရ တာဝန်ခံတယ်လို့ပြောတယ်။ မြောက်ပိုင်းကထောက်လှမ်း ရေးဆိုပြီးဘယ်လိုဖော်ထုတ်တယ်ဆိုတဲ့ အစီရင်ခံစာကိုအခြေတယ်ပြီးရေးထားတာ။ သာမန်တာဝန်ခံတာ မဟုတ်ဘူး။ နှစ်နှစ်ကာကာကို တာဝန်ခံပြီးထုတ်ထားတာ။ ဗဟိုကော်မတီတစ်ခုလုံး တာဝန်ခံပြီးထုတ်ထားတာ။ အတွင်းရေးမှူး(၁)အောင်ထူး(အခု ရှေ့နေများကောင်စီ)ဆိုပြီး လက်မှတ်ထိုးထုတ်ထားတာ။ နောက်တစ်ခါ မေလ ၃၁ ၇က်နေ့မှာ ကိုနိုင်အောင်ကိုယ်တိုင် စာတစ်စောင်ထုတ်တယ်။ အဲဒီမှာလည်း မြောက်ပိုင်းကိစ္စတွေကို ဥက္ကဋ္ဌတစ်ယောက်အနေနဲ့လက်ခံတယ်ဆိုတဲ့သဘောမျိုးနဲ့ စာထုတ်တာ။ စာတွေဖတ်ကြည့်ရင်ပေါ်ပါတယ်။ ပြောမယ်ဆိုရင် မြောက်ပိုင်းကနေ မာနယ်ပလောကိုလာတာ လေးလကြတယ်။ လမ်းလျှောက်လာရတယ်။ စက်နဲ့ဆက်သွယ်တာကလည်း KIA ကတစ်ဆင့်ဆက်သွယ်ရတာဖြစ်လို့ အရမ်းခက်ခဲတယ်။ ကျွန်တော့်ကိုဖမ်းထာက အောက်တိုဘာလကုန် ၉၁ ခုနှစ်။ မြောက်ပိုင်းမှာ ခေါင်းဖြတ်သတ်တာ ၉၂ ဖေဖေါ်ဝါရီ။ အဲဒီကြားထဲ မှာသုံးလလောက်ကွာတယ်။ ၉၂ ဖေဖော်ဝါရီ ၁၂ ရက်မှာ ခေါင်းဖြတ်သတ်တယ်။ ၉၂  က ရက်ထပ်နှစ်ဆိုတော့ ဖေဖေါ်ဝါရီလက ၂၉ ရက်ရှိတယ်။ သူတို့စာထုတ်တာက မတ်လ ၁ ရက်။ ပြောချင်တာက ၁၇ ရက်လောက်အ တွင်းမှာ စာထုတ်တယ်။ ၁၇ ရက်အတွင်းမှာ သေသေချာချာမလေ့လာဘဲ မြောက်ပိုင်းကိစ္စကို ဗဟိုကစာထုတ် တာဟာ မင်းသမီးစခန်းလိုပဲ အားကြီးတဲ့မြောက်ပိုင်းရဲ့အင်အားကိုလိုချင်လို့လုပ်တဲ့သဘောပဲ။ ကိုသောင်းထွန်း ကလွဲပြီး လက်မှတ်ထိုးခဲ့တဲ့သူတွေအားလုံးမှာ တာဝန်ရှိတယ်။ မြောက်ပိုင်းကိစ္စမှာ ထောက်လှမ်းရေးကိုဖော် ထုတ်နိုင်တယ်ဆိုတဲ့အတွက် နိုင်အောင်ဟာ ပြင်ပမှာနိုင်ငံရေးတော်တော်တက်သွားတယ်။ မိုးသီးဇွန်ကလုံးဝ မြောင်းထဲကိုပြုတ်ကျသွားတယ်။ အဲဒီအရှိန်နဲ့ပဲ လက်ရှိမှာ သူလုပ်နေတဲ့ ပြည်တွင်းမှာထောက်ပံ့ရေးအဆက်အ သွယ်တွေဆိုတာ အဲဒီအရှိန်နဲ့ရခဲ့တဲ့ နိုင်ငံရေး figure နဲ့ ရသွားတဲ့အနေအထား။
မေး -
  စစ်ကြောရေးစခန်းက ဘယ်အချိန်မှာ လွတ်မြောက်ခဲ့သလဲ။
ဖြေ -
ဖမ်းဆီးစစ်ဆေးပြီး ကျွန်တော်ကိုထောင် ဆယ်နှစ်ချလိုက်တယ်။သူရဲ့စာတွေမှာ လူ့အခွင့်အရေးတွေ ဘာတွေပြောထားပေမယ့် ဘာလူ့အခွင်အရေးမှ မပေးဘူး။ ဘာမှထောင်ဝင်စာတွေဘာတွေ ဘာမှတွေ့ခွင့် မရဘူး။ ဆရာနေ၀င်းအောင်ကတော့ သူ့အမျိုးသမီးနဲ့ နှစ်လတစ်ခါလောက်တွေ့ခွင့်ရတယ်။ အဲဒီမှာလည်း ပေးတဲ့ပစ္စည်းတွေကို ဖြတ်စားလတ်စားလည်း လုပ်သေးတယ်။ ကျွန်တော်တို့ကြားဖူးတဲ့ထောင်တွေထက် တောင်ဆိုးသေးတယ်။ မာနယ်ပလောကျပြီးသွားတော့ ဒေါင်းဝင်ကိုပြောင်းရတယ်။ ဒေါင်းဝင်ကမှတစ်ဆင့် ကရင်နီကိုပြောင်းရတယ်။ ကရင်နီကိုပြောင်းတဲ့အခါမှာဖြစ်ချင်တော့ အချုပ်ခန်းကို ကိုယ်တိုင်ဆောက်ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့အဖွဲ့က လေးယောက်ဖြစ်သွားပြီ။ ဆရာနေ၀င်းအောင်၊ မြင့်ဦး၊ ကိုထင်ကျော်နဲ့ ကျွန်တော်။ သူတို့သုံးယောက်က ဘယ်လိုတွေလဲဆိုတော့ စခန်းတစ်ခုပြောရင်ခေါ်မသွားဘူး။ သတ်ပြီးထားခဲ့ တယ်ဆိုတာကိုသိတော့ ပြေးဖို့လုပ်နေကြတာ။ ကျွန်တော့ကို ကြိုပြီး အသိမပေးဘူး။ ဘာလို့လဲဆိုတော့ ကျွန် တော်က အဖွဲ့အစည်းအပေါ်မှာ စိတ်မနာနိုင်သေးလို့ဆိုပြီး သူတို့က အသိမပေးဘူး။ ပြေးမယ့်အချိန်မှ အသိပေး တယ်။ အဲဒီအချိန်မှာ ကိုယ်ထင်ကျော်က အစောင့်တွေကိုသတ်ပြီးမှသွားမယ်ဆိုလို့ ကျွန်တော်တို့ကတားခဲ့ရ သေးတယ်။ မြန်မာပြည်ဖက်ပြန်ရင် ကရင်နီနဲ့အစိုးရတပ်တွေတိုက်ပွဲဖြစ်နေလို့ ဘယ်သူကိုမှယုံမရလို့ ထိုင်း ဖက်ကိုထွက်ပြေးရတယ်။ ထိုင်းမှာပြေးရင်းလွှားရင်း နောက်ဆုံး လူဝင်မှုကြီးကြပ်ရေးကအဖမ်းခံရပြီး မြန်မာ ပြည်ပြန်ရောက်လာခဲ့တယ်။
မေး -
ဘာဖြစ်လို့ မြောက်ပိုင်းကိစ္စတွေက နှစ် ၂၀ ကျော်လာမှ အစပေါ်လာတာလဲ။
ဖြေ -
  ပြည်တွင်းကိုပြန်ရောက်လာတဲ့အခါမှာ ကိုယ့်ဘ၀ကိုယ် အတော်ပြန်တည်ဆောက်ယူရတယ်။ ဖြစ်ပျက် ခဲ့တဲ့အဖြစ်တွေကြောင့် အဖွဲ့အစည်းဂုဏ်သိက္ခာထိခိုက်မှာလည်းစိုးတယ်။ ဒီကိစ္စတွေအခုလိုပြန်ပေါ်လာတာက တော့ ကိုထိန်လင်းကြောင့်ဖြစ်ပါတယ်။ ကိုထိန်လင်းရဲ့ သန်းကြီးမတို့ လူကက်ဆက်လို့ထွက်လာပြီး အောင်မိုးဝင်းရဲ့ မြောက်ပိုင်းဒေသမှအရိုးတွန်သံများထွက်လာတယ်။ ပြည်တွင်းမှာတော့ ဒီလိုပေါ်ပေါ်ထင်ထင် ဖြစ်လာတာကတော့ ကိုညီညီကျော်ကစတာပါ။ ပြောရရင်တော့ Social Media တွေ အားကောင်းတဲ့အချိန် လည်းဖြစ်လို့ပါ။ ပြည်ပမှာရောက်နေတဲ့ကလေးတွေက ဒီကိစ္စကိုအစဖော်ဖို့ကြိုးစားတိုင်း နှုတ်ပိတ်ခံရမယ်ဆို ပြီး ခြိမ်းခြောက်ခံရတာတွေလည်းရှိတယ်။ဒါကြောင့်ပါ။
မေး -
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ ကိုနိုင်အောင်က မြောက်ပိုင်းကိစ္စတွေနဲ့ပတ်သက်ပြီး ပြန်ရှင်းခဲ့တယ်။ အဲဒီရှင်းလင်းချက်ကို ဘယ်လိုသဘောပေါက်ပါသလဲ။
ဖြေ -
အဲဒီစာထဲမှာ ကိုစိုးလင်းနဲ့ ကိုနေ၀င်းအောင်တို့က တပ်ဖွဲ့ဝင်တွေ ဒုက္ခရောက်အောင်လျှောက်ပြောတယ် လို့ရေးထားတယ်။ သူတို့ပြောတဲ့လူတွေထဲမှာ လက်ရှိနိုင်ငံရေးနယ်ပယ်ထဲမှာ တက်ကြွစွာ ဦးဆောင်လှုပ်ရှားတဲ့ သူတွေပါနေတယ်တဲ့။ အဲဒီအတွက်ကြောင့် ထုတ်ဖော်ရန်မသင့်ဆိုပြီး သူရေးတယ်။ အဲဒီစာနဲ့ပတ်သက်ပြီး ၂၆ ရက်မှာ ကျွန်တော့ facebook မှာပြန်ရေးတယ်။ ရဲရဲသာဖွင့်ချလိုက်ပါ ကိုနိုင်အောင်ဆိုပြီး။ အဲဒီစာမှာ ကျွန်တော် တို့က တပ်ဖွဲ့ဝင်တွေဒုက္ခရောက်အောင်လုပ်တယ်၊ တစ်ခြားနာမည်တွေထည့်လို့မကောင်းဘူးလို့သာပြောထား ပြီး ကျွန်တော်တို့ကိုရိုက်နှက်စစ်ဆေးတာ တစ်လုံးမှထည့်မထားဘူး။ ကျွန်တော်တို့ ရိုက်နှက်စစ်ဆေးလို့သာ ထွက်ရတာ။ ကနေ့အထိ သူ့စာကိုတောင်းပန်စာလို့မယူဆဘူး။ သူ့ရဲ့အနာဂတ်နိုင်ငံရေးမှာ သူ့ရဲ့ပုံရိပ်ကို မထိခိုက်အောင် တခြားလူတွေကိုဆက်နင်းသွားတယ်လို့ပဲယူဆတယ်။
မေး - 
ဘာဖြစ်လို့ ဒီလိုယူဆနိုင်တာလဲ။
ဖြေ -
ကျွန်တော်ယူဆတဲ့ ယူဆချက်မှန် မှန် ဒီနေ့အခြေအနေတွေက သက်သေပြနေတာပဲလေ။ ကိုနိုင်အောင် ပြန်လာတော့မယ်ဆိုတဲ့ သတင်းတွေ လွန်ခဲ့တဲ့တစ်ပတ်လောက်ကစပြီးကြားလာရတယ်။ ကြားခါစက လုံးဝမယုံ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုနိုင်အောင်ဟာ သူဖြေရှင်းစရာကိစ္စတွေကို လုံးဝမဖြေရှင်းရသေးဘူး။ ရှောင်နေ  သေးတယ်။ ယောက်ျားပီသပါ ဆိုပြီး ကျွန်တော်ရေးခဲ့တယ်။ ဒီနေ့အချိန်ထိ ဘာမှမလုပ်သေးဘူး။ ကျွန်တော်က ကိုယ့်စိတ်နဲ့နှိုင်းပြီး သူတော့ ဒါတွေမဖြေရှင်းသေးဘဲ မလာလောက်သေးဘူးတွက်ထားတာ။ နောက်တစ်ခုက ABSDF ကနေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အမှန်တရားဖော်ထုတ်ရေးကော်မတီဆိုပြီးဖွဲ့တယ်။ အဲဒီကော်မတီရဲ့စာ ထဲမှာလည်း ၂၀၁၃ ခုနှစ် မေလမှ အစီရင်ခံစာထွက်မှာ။ အဲဒီအစီရင်ခံစာမထွက်သေးခင်တော့ လာမှာမဟုတ် ဘူးလို့ယုံထားတာ။ အခု အဲဒီလိုမဟုတ်ဘူး။ နောက်ဆုံးပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကဆိုရင် ကိုနိုင်အောင် ဒီနေ့ပဲ မဲဆောက်ကနေ ဘန်ကောက်ကိုတက်သွားပြီ။ ကိုနိုင်အောင်တို့ မဲဆောက်ကရုံးကို နိုင်ငံခြားကအထောက်အပံ့မ ပေးတော့ဘူး။ ပြည်တွင်းကိုပဲဝင်ဖို့ နိုင်ငံခြားကဖိအားပေးနေပြီ။ အထောက်အပံ့ကို Indirect မပေးတော့ဘူး။ Direct ပဲပေးတော့မယ်။ ရအောင်ပြောင်း။ ဘန်ကောက်ကရုံးကိုလည်း ဒီသြဂုတ်လကုန်ရင်ဖြုတ်မယ်။ သူ့ရုံခန်း ပိတ်တယ်လို့ ဖုန်းဆက်ပြောကြတယ်။ တစ်ချို့လည်းပြန်ဖို့ပြင်ကြပြီ။ သူ့အိမ်မှာလည်း ပြန်ဖို့ ငါးယောက်လောက် ရောက်နေပြီ။ သူလည်း တစ်ချို့ပိုင်ဆိုင်မှုတွေပြည်တွင်းကို ပြောင်းနေပြီ။ ဒါမျိုးတွေကြားနေရတယ်။ အဲဒီလိုကြား နေရတဲ့အချိန်မှာ ကိုနိုင်အောင် သြဂုတ်လ ၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၅၅ မိနစ်မှာ TG ဘယ်လောက်နဲ့ ရောက်မယ်ဆိုတာကြားတော့ လုံးဝမယုံလို့မရတော့ဘူး။ လက်ခံလိုက်ရတယ်။ အဲဒီတော့ ဒီလူဟာ သူနဲ့ပတ် သက်တာတွေ ရှင်းစရာရှိတတာတွေမရှင်းဘဲပြန်လာရင် မြောက်ပိုင်းကျောင်းသားအများစုနဲ့ထိပ်တိုက်တွေ့မှာ။ နောက် မြောက်ပိုင်းကိစ္စကိုစာနာ နားလည်တဲ့ပြည်သူတွေနဲ့တွေ့မှာ။ ဒါကနောက်တစ်ချက်။ ဒါတွေကို သူဂရုမ စိုက်ဘူးလား။ နောက်သူနဲ့ ညှိနှိုင်းခဲ့တဲ့ အစိုးရ၀န်ကြီးတွေ။ အစိုးရ၀န်ကြီးတွေကလည်း ဒီမြောက်ပိုင်းကိစ္စတွေ ကိုသိတယ်။ သိရက်သားနဲ့ နိုင်အောင်တောင်းပန်ဝန်ချမှုမလုပ်ဘဲနဲ့ လက်ခံပြီဆိုရင် ဘာလုပ်ကြမလဲ။ သေချာ တယ် ကိုနိုင်အောင်မှာ အကြံအစည်တစ်ခုခုတော့ ရှိနေပြီ။ လက်ဝါးချင်းရိုက်ထားကြပြီးပြီ။ သေချာတယ် မရိုး သားတော့ဘူး။ သူပြန်လာချင်ရင်ပြန်လာပါ ကျွန်တော်စောစောကအခမ်းအနားမှာပြောခဲ့သလိုပါပဲ။ မဟာဂန္ဒာရုံ ဆရာတော်ဘုရားကြီး စာသင်သားတွေကို ဆုံးမသလိုပဲ စိတ်ကောင်းလေးထားပြီးပြန်လာပါလို့ပဲ ပြောချင်ပါ တယ်။ အရှုပ်အရှင်းတွေမရှင်းနိုင်သေးခင် စိတ်ကောင်းလေးတော့ ထားစေချင်ပါတယ်။
မေး -
ဘာကြောင့် ဒီလိုအခြေအနေမျိုးမှာ ကိုနိုင်အောင် မြန်မာပြည်ကိုပြန်လာသလဲဆိုတာ ဘယ်လို သုံးသပ် မိပါသလဲ။
ဖြေ -
ကိုနိုင်အောင်က မြန်မာပြည်ပြန်မလာခင်ကတည်းက သူ့ရဲ့ နိုင်ငံရေးရပ်တည်မှုအတွက် ကြိုတင်ပြင် ဆင်ပြီးသား။ ဗဟုအဖွဲ့လို အဖွဲ့ကို မြန်မာပြည်ထဲမှာ အခြေကျအောင် ကြိုတင်ပြင်ဆင်ခိုင်းထားတယ်။ အောင် သူငြိမ်းတို့ အောင်နိုင်ဦးတို့ သူ့လူတွေချည်းပဲ။ နောက်တခြားအဖွဲ့အစည်းတွေကိုလည်း နောက်ကွယ်ကနေသူ ထောက်ပံ့နေတာရှိတယ်။ ပြီးရင်းသူ့ကြွေးကြော်သံရှိတယ်။ ပြည်တွင်းကိုဝင်မယ်။ သူ့နိုင်ငံရေးရှင်သန်ဖို့အတွက် ပြည်တွင်းမီဒီယာကိုလည်းငွေအားနဲ့ဝင်ဖို့အကြံအစည်ရှိတယ်။
မေး -
အခု ကိုနိုင်အောင် မြန်မာပြည်ပြန်လာတဲ့အပေါ် ထပ်ပြောဖို့ရှိပါသေးလား။
ဖြေ -
ကိုနိုင်အောင်က တစ်လျောက်လုံး မြန်မာနိုင်ငံရေးအတွက် လုပ်လာခဲ့တာ။ ဒါပေမယ့် အခုသူတော်တော် ချမ်းသာနေပြီ။ မဲဆောက်မှာ တိုက်နှစ်လုံးရှိတယ်။ ဘန်ကောက်မှာ ရုံးခန်းရှိတယ်။ အခုနောက်ဆုံးသိရတာဆို ရင် သူ့လုံခြုံရေးအတွက်ဆိုပြီး ကျည်ကာကားတောင်ဝယ်စီးနေတယ်လို့သိရတယ်။ ပြောရမယ်ဆိုရင်တော့ သူပြန်လာပုံကို မကြိုက်ဘူး။ မြောက်ပိုင်းကိစ္စလိုဟာမျိုး ဗဟိုမှာဖြစ်တဲ့ကိစ္စလိုဟာမျိုးတွေကို တာဝန်ယူဖြေရှင်း ပြီးမှ ပြန်လာသင့်တယ်။ ပကတိအခြေအနေကိုမရောက်သေးခင်မှာ လူကြီးတွေနဲ့လက်ဝါးချင်းရိုက်ပြီးဝင်တာ ကတော့ သူ့အနာဂတ်အတွက်လုပ်တာလို့ပဲမြင်ပါတယ်။

ABSDF Northern Case

အိုအိုင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ နောက်အပတ် မြန်မာကို ရောက်မည်


အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး
အဖွဲ့ (အိုအိုင်စီ) အထွေထွေ အတွင်းရေးမှူး
Ekmeleddin Ihsanoglu နှင့် အဖွဲ့သည်
နောက်အပတ်တွင် မြန်မာနိုင်ငံသို့
ရောက်ရှိမည်ဟု သတင်း ရရှိသည်။



ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့အား မြန်မာ အစိုးရနှင့် ဆွေးနွေးရန် စေလွှတ်မည်ဟု အိုအိုင်စီမှ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အိုအိုင်စီ အထွေထွေအတွင်းရေးမှူး ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။


မြန်မာ အစိုးရမှလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ အပေါ် ကိုယ်တိုင် ကိုယ်ကျ လေ့လာနိုင်ရန် အိုအိုင်စီအား ဖိတ်ခေါ်ထားသည်ဟု သိရသည်။


အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် အတွင်းသို့လည်း

သွားရောက် လည်ပတ်ဖွယ် ရှိသည်ဟု ဆိုသည်။

အဆိုပါ  အဖွဲ့သည် မြန်မာ အစိုးရ ထိပ်တန်း အရာရှိကြီးများနှင့် တွေ့ဆုံ စဉ် ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသော မွတ်ဆလင်များ အရေးကို အလေးပေး ဆွေးနွေးမည်ဟု သတင်းများက ဆိုသည်။


အဓိက အားဖြင့် မွတ်ဆလင် ဘာသာဝင်များ အပေါ် ခွဲခြား ဆက်ဆံမူများ အပေါ် ရပ်တန့်ရန် မြန်မာ

အစိုးရကို ဖိအားပေး တောင်းဆိုမည်ဟု The Gulf News တွင် ဖေါ်ပြသည်။
 နိရဉ္စရာ

မိုးသီးဇွန်ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်လေဆိပ်သို့ ယနေ့1.9.2012 နံနက် ၈ နာရီကျော်က ရောက်ရှိ


ကိုမိုးသီးဇွန်၊ ကိုရွှေစင်ထွန်း၊ ကိုရင်အေး၊ ကိုမှူးသာ၊ ကိုထွန်းအောင်ကျော်၊
ကိုကိုလေးနှင့် ကိုကိုအောင် တို့အဖွဲ့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် ရန်ကုန်မြို့သို့ နံနက် ၈ နာရီအချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ လာရောက်ခဲ့ခြင်း ဖြစ်ပြီး
ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်
မှုဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ယင်းအဖွဲ့သည် ယခုအချိန်တွင် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိနေကြောင်း သိရသည်။

ယမန်နေ့ကလည်း ABSDF ဗဟို ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့် အတူ ဦးညိုအုန်းမြင့်၊ ဒေါက်တာသောင်းထွန်းတို့အဖွဲ့သည်
ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။
ယနေ့ နံနက် ၈ နာရီ က မိုးသီးဇွန် ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်ရစဉ်။
မိုးသီးဇွန်ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်
ရန်ကုန်လေဆိပ်သို့ ယနေ့1.9.2012 နံနက် ၈ နာရီကျော်က ရောက်ရှိလာသည်။

၎င်းတို့အဖွဲ့ကို လူဘောင်သစ်ပါတီအဖွဲ့အပါအ၀င်နိုင်ငံရေးလှုပ်ရှားသူ အများစုလေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည်။

ပြည်တွင်း၌နေထိုင်ခွင့် ဘယ်လောက်ရသလဲ ၎င်းတို့ မသိဘူးကြောင်းခန့်မှန်းချေနေထိုင်ခွင့် တလခန့့် ရမည်ဟု အဖွဲ့တွင်းပါလာသူတစ်ဦးကပြောသည်

မြန်မာပြည်ရောက်ချိန်တွင် ၎င်းတို့အနေဖြင့်ကချင်ဒေသကိုလည်းသွားရောက်မည်ဖြစ်ပြီး
ပြည်တွင်း၌ လက်ရှိ နိုင်ငံရေးလှုပ်ရှားနေသည့် ဒေသများ အဖွဲ့အစည်းများထံကို သွားရောက်တွေ့ဆုံမည်ဟုသိရသည်။

ယနေ့ ရန်ကုန်သို့ ရောက်ရောက်ခြင်းေ၇ွှတိဂုံဘုရားနှင့်အင်းယားကန်သို့ သွားရောက်မည်ဖြစ်သည်။

ယခုလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံကိုလာရောက်သည့်ကိစ္စနှင့်ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲ ကို ယုဇနဟိုတယ်တွင် ပြုလုပ်မည်ဟုသိရသည်

Popular news journal
မိုးသီးဇွန်ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်
ရန်ကုန်လေဆိပ်သို့ ယနေ့1.9.2012 နံနက် ၈ နာရီကျော်က ရောက်ရှိလာသည်။

၎င်းတို့အဖွဲ့ကို လူဘောင်သစ်ပါတီအဖွဲ့အပါအ၀င်နိုင်ငံရေးလှုပ်ရှားသူ အများစုလေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည်။

ပြည်တွင်း၌နေထိုင်ခွင့် ဘယ်လောက်ရသလဲ ၎င်းတို့ မသိဘူးကြောင်းခန့်မှန်းချေနေထိုင်ခွင့် တလခန့့် ရမည်ဟု အဖွဲ့တွင်းပါလာသူတစ်ဦးကပြောသည်။

မြန်မာပြည်ရောက်ချိန်တွင် ၎င်းတို့အနေဖြင့်ကချင်ဒေသကိုလည်းသွားရောက်မည်ဖြစ်ပြီး
ပြည်တွင်း၌ လက်ရှိ နိုင်ငံရေးလှုပ်ရှားနေသည့် ဒေသများ အဖွဲ့အစည်းများထံကို သွားရောက်တွေ့ဆုံမည်ဟုသိရသည်။

ယနေ့ ရန်ကုန်သို့ ရောက်ရောက်ခြင်းေ၇ွှတိဂုံဘုရားနှင့်အင်းယားကန်သို့ သွားရောက်မည်ဖြစ်သည်။

ယခုလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံကိုလာရောက်သည့်ကိစ္စနှင့်ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲ ကို ယုဇနဟိုတယ်တွင် ပြုလုပ်မည်ဟုသိရသည်

ရခိုင်မှ အိုးအိမ်မဲ့ ဒုက္ခသည်များအား သြစတြေးလျ တိုက်ရိုက်ကူညီမည်


by Mizzima - News in Burmese on Friday, August 31, 2012 at 7:45am ·
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၃ မိနစ်

မဇ္ဈိမသတင်းဌာန ။        ။ သြစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သည့် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူပေါင်း ၁၄,ဝဝဝ ခန့်အား လိုအပ်မည့် အခြေခံ ပစ္စည်းများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ အရေးပေါ် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်းကို မြန်မာနိုင်ငံသို့ ပေးအပ်မည် ဖြစ်သည်။

“အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီအဖြစ် အဝတ်အစား၊ စောင်တွေ နဲ့ တခြား အခြေခံ ပစ္စည်းတွေ ဖြစ်တဲ့ ခြင်ထောင်၊ အိပ်ရာခင်း၊ ဆပ်ပြာလို ပစ္စည်းတွေကို ပေးအပ် ကူညီဖို့ ဖြစ်ပါတယ်” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား Bob Carr က ဆိုသည်။


အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီပေးအပ် ကူညီဖို့ ဖြစ်ပါတယ် (ဓါတ်ပုံ မဇ္ဈိမ)

ပဋိပက္ခအတွင်း ပျက်စီးသွားခဲ့သည့် သီးနှံပင်များအား ပြန်လည် အစားထိုး စိုက်ပျိုးရန် အတွက် မျိုးစေ့များနှင့်
မြေသြဇာများကိုလည်း ပေးအပ်ကူညီသွားမည် ဖြစ်သည်။

အဆိုပါ အကူအညီ ငွေကြေးများအား CARE Australia က စီမံခန့်ခွဲမည် ဖြစ်ပြီး လိုအပ်နေသူများအား လူမျိုးစွဲ အုပ်စုစွဲ မထားဘဲ ပေးအပ်ကူညီ သွားမည်ဟု ဝန်ကြီး ဘော့ဘ်ကား က ဆိုသည်။

အကြမ်းဖက်မှုများအား စုံစမ်းစစ်ဆေးရန်အတွက် မြန်မာအစိုးရက လွတ်လပ်သည့် ကော်မရှင်တရပ် ဖွဲ့စည်းခဲ့ခြင်း ကိုလည်း Bob Carr က ကြိုဆိုလိုက်သည်။

“မြန်မာနိုင်ငံရဲ့ ဘာသာရေး၊ လူမျိုးရေး တင်းမာမှုတွေ အကြောင်းကို သမ္မတ ဦးသိန်းစိန်နဲ့ ဇွန်လမှာ စကားပြောဆိုခဲ့ တုန်းက ကျနော် တိုက်ရိုက် ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကိုလည်း အဲဒီအရေးကို မြန်မာအစိုးရနဲ့ ဆက်လက် ပြောဆိုဆွေးနွေးဖို့ ညွှန်ကြားထားပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အတွင်းရှိ၊ အိုးအိမ်စွန့်ခွာပြေးခဲ့ရသော ဒုက္ခသည်များအား အခြေခံ အစားအစာများနှင့် ကျန်းမာရေး
စောင့်ရှောက်မှု ဆိုင်ရာ အကူအညီများ ထပ်မံ ပေးအပ် ကူညီရန် အတွက်လည်း သြစတြေးလျ က နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။

ABSDF မြောက်ပိုင်းကိစ္စ၊ ထွန်းအောင်ကျော်၊ အောင်နိုင်၊ စိုးလင်းနဲ့ ကျွန်တော်


by Eleven Media Group on Friday, August 31, 2012 at 7:17am ·
(Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ Facebook မှ ကူးယူဖေါ်ပြပါသည်။)

လွန်ခဲ့တဲ့ ၃-၄ နှစ်က စိုးလင်း(အနကလ ဒုဥက္ကဋ္ဌ)က ပြောတယ်။ အောင်နိုင်(အနကလ ဥက္ကဋ္ဌ)က ထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ) ကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ပစ်ခဲ့တယ်။ ကျွန်တော့်ကိုလည်း ကိုနိုင်အောင်(ဒေါက်တာနိုင်အောင်)က ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖို့ ကြိုးစားတယ်ဆိုတော့ ကြားစက ယုံတောင် မယုံဘူး။

ဟုတ်တယ်လေ။ ထွန်းအောင်ကျော်၊ ကိုလတ်၊ ဇော်ရဲတို့က ညီအစ်ကိုတွေ၊ သူတို့က ကျွန်တော်တို့နဲ့ စီဗွီလိုင်း တစ်ရပ်ကွက်ထဲ၊ ကိုနိုင်အောင်နဲ့ ကျွန်တော်က တစ်လမ်းထဲ(အရေးအခင်းမှာ မော်လမြိုင်ကနေပါသွားတာ)။ အောင်နိုင်(စီလမ်းထဲမှာ နေတယ်)ရဲ့ အဖေက ခွဲစိပ်ဆရာဝန်ကြီး။ သူက  Final Part I ၊ သူနဲ့ ဇော်မြင့်၊ ဇော်ရဲ၊ အောင်မြင့်ထွန်းတို့က အတွဲတွေ။ ကျွန်တော် ကိုဇာနည်အောင်(မနတ)၊ ထွန်းအောင်ကျော်(ဗကသ)၊ အောင်နိုင်၊ စိုးလင်း၊ မင်းလွင်(အနကလ) အားလုံး စားအတူ၊ သွားအတူ၊ လုပ်ဖော်ကိုင်ဖက်တွေ။ ကျွန်တော်က အားလုံးထဲမှာ အသက်အကြီးဆုံးနဲ့တူတယ်။ အဲဒီတုန်းက မန္တလေးဆိုတာက အကျယ်ကြီးလည်းမဟုတ်ဘူး။ ယုံကြည်ချက်တူတာ အများကြီးမဟုတ်ဘူး။ တစ်ယောက်အကြောင်း၊ တစ်ယောက် မသိစရာ မရှိဘူး။ ပေါင်းကြည့်လို့ကတော့ မိဘ၊ ဆွေစဉ်မျိုးဆက်ကအစက သိနိုင်တယ်။ ထောက်လှမ်းရေးဆိုပြီး အောင်နိုင်က ထွန်းအောင်ကျော်ကို ဘယ်လိုစွပ်စွဲတာလဲ။ အောင်နိုင်က ရမ်းရမ်းကားကား လူမိုက်မဟုတ်သလို၊ စိတ်ဓါတ်မနိမ့်ကျဘူး။ ထွန်းအောင်ကျော်က ခေါင်းမာပေမယ့်၊ ရန်လိုသူမဟုတ်ဘူး။ အေးဆေးတယ်။ လူချစ်လူခင်ပေါတယ်။ ကျွန်တော် စိုးလင်းကို ပြောမိတယ်။ အောင်နိုင် ရူးသွားတာပဲဖြစ်ရမယ်။ ကျွန်တော်စိုးလင်းပြောသမျှကို ယုံတယ်။ သူက အေးတယ်။ အားနာတတ်တယ်။ သူများကို ထိခိုက်အောင်မလုပ်တတ်ဘူး။ သူကပြောတယ် သံချောင်း၊ မျိုးဝင်း၊ အောင်နိုင်တို့က အဓိက တရားခံတဲ့။ ABSDF မှာ ဒေါက်တာနိုင်အောင်နဲ့ ကိုအောင်ထူး(ရှေ့နေကောင်စီ)က အဓိကပဲတဲ့။ ဒါဟာ အမှန်တကယ်ဆိုရင် ကျွန်တော်နားလည်တာက သူတို့အားလုံးရဲ့ နိုင်ငံရေးက ပြီးသွားပြီ။ ဗိုလ်ချုပ်ကြီးခင်ညွန့်လိုပေါ့။

အခု တရားစွဲကြမယ်ကြားတော့ ၁၉၊ ၉ ၊ ၁၉၈၈ နေ့ မနက်မှာ မြို့တော်ခန်းမနဲ့ ပြည်ထောင်စုဘဏ်ဘက် ပစ်ခတ်တာလေးကို ကိုယ်တိုင်ကြုံထားရတော့ အမြဲမှတ်မိနေတယ်။ မ၀င်းမော်ဦး၊ ၀င်းဇော်နဲ့ စောနိုင်တို့ရဲ့ နာမည်ကျော် ဓါတ်ပုံလေးရဲ့ ရာဇ၀င်ပေါ့။ အဲဒီတုန်းက ဆန္ဒပြသူတွေကို ပစ်တာကတော့ War Game တွေအတိုင်းပဲ။ ရက်ရက်စက်စက်ပဲ။ စက်သေနတ်နဲ့ ပစ်တယ်။ အကာအကွယ်ယူနေတဲ့သူကို လောင်ချာနဲ့ပါပစ်တယ်။ ဂျူတီကုတ်နဲ့ တက်ဆွဲသူကိုလည်း ပစ်တယ်။ လူနာတင်ကားတောင် မသွားရဲဘူး။ ပစ်တယ်။ သေလိုက်ကြတာ သောက်သောက်လဲပဲ။ လိုအပ်တာတွေထက် အင်အားကို သုံးတယ်။ အဲဒီတုန်းက အဲဒီမှာ နေရာယူတာက တပ်မ ၃၃(ကျွန်တော်မမေ့ဘူး။ အရမ်းနာကျည်းတယ်) တပ်မမှူး (မြို့တော်ခန်းမှာတာဝန်ကျတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူး)တွေ နာမည်လိုက်ရှာ မှတ်ထားမိတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီစိတ်တွေ မရှိချင်တော့ဘူး။ တိုင်းပြည်ကို ရှေ့ဆက်သွားစေချင်ပြီ။

အခုလို ဒီကိစ္စနဲ့ယှဉ်ရင် ဒီ့ထက်ဆိုးခဲ့တဲ့ ကိစ္စတွေကို ဘယ်လိုလုပ်ကြမလဲ။ ပြီးတာတွေ မပြီးတာလဲ နားလည်ပါတယ်။ တရားဥပဒေဆိုတာလည်း နားလည်ပါတယ်။ လုပ်နိုင်တဲ့သူကိုပဲ လုပ်မှာလား။ ဘယ်လောက်ဝေးဝေးသွားချင်တာလဲ… စဉ်းစားကြဖို့ပါပဲ။ ခံခဲရတာတွေ၊ နာကျည်းတာတွေကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေနဲ့ အချိန်အခါကိုတော့ နားလည်ရပါမယ်။ ကိုယ်စခဲ့တဲ့ အလုပ်တွေ ကိုယ်အဆုံးသတ်ရဦးမယ်။ ကိုယ်တာဝန်မကျေခဲ့တာတွေ ကိုယ်တာဝန်ကျေအောင် လုပ်ရဦးမယ်။

သေချာတာကတော့ နှစ်ငါးဆယ် စနစ်ဆိုးရဲ့အောက်မှာ နေခဲ့ရတဲ့ ကျွန်တော်တို့မှာ ပြသနာတွေက အများကြီး။ အနာဂတ်က ဘာမှ မသေချာသေးဘူး။

(ကိုစိုးလင်းအား ဒေါက်တာနိုင်အောင်၏ ABSDF (တောင်ပိုင်း) က ၁၉၉၁ခုနှစ် အောက်တိုဘာလတွင် ဖမ်းဆီးခဲ့ပြီး ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကိုထွန်းအောင်ကျော်အပါအ၀င် ၁၅ ဦးအား လူမဆန်စွာ ညဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည်။ ကိုစိုးလင်းအား ABSDF ဒေါက်တာနိုင်အောင် အဖွဲမှ ညဉ်ပန်းနှိပ်စက်ပြီး ထောက်ဒဏ် ၁၀နှစ် ချမှတ်ခဲ့သည်။ ၁၉၉၅ တွင် ထွက်ပြေးလွတ်မြောက်သည်အထိ ABSDF အကျဉ်းထောင်ထဲ၌ နေထိုင်ခဲ့ရသည်။)



ဒေါက်တာ(ကျော်မင်းဦး)၊ (ဒေါက်တာ)သန်းထွဋ်အောင်၊ ဒေါက်တာအောင်မြင့်ထွန်းနှင့် အောင်နိုင်(ကျောင်းမပြီး)တို့ကို ၁၂-၉-၁၉၈၈ နေ့က လမ်းမတော်ဆေးတက္ကသိုလ်(၁)တွင် ပြုလုပ်သည့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ယာယီ) ဖွဲ့စည်းသည့်နေ့တွင် တွေ့ရစဉ်


မ၀င်းမော်ဦးနှင့် (ဒေါက်တာ)၀င်းဇော်၊ (ဒေါက်တာ)စောနိုင်


ကိုထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ)


ကိုမင်းလွင်၊ ကိုစိုးလင်း(အနကလ)နှင့် ကိုဇာနည်အောင်တို့ကို Eleven Media Group ၏ ၁၁-၁၁-၁၁ (၁) ခြောက်လုံး ဆုံသည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ်


(၀ဲမှယာသို့) ဒေါက်တာကျော်ရင်လှိုင် (အတွင်းရေးမှုး၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)(နိုင်ငံတော်သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဝင်)၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာနိုင်အောင်၊ ဦးသူရ (ဇာဂနာ)(အဖွဲ့ဝင်၊၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)၊ ဒေါက်တာသောင်းထွန်းနှင့် ဦးလှမောင်ရွှေ (နိုင်ငံတော် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့်လူမှုရေး အကြံပေးကောင်စီဝင်) တို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းတွင် ဒေါက်တာနိုင်အောင်တို့အား ၀င်ရောက်ကြိုဆိုနေသည်ကို တွေ့ရစဉ် (Photo: Hla Maung Shwe Facebook)

ဥပဒေကြောင်းအရတရားစွဲမယ်



၁၉၉၁၊ ၉၂ ခုနှစ် ဝန်း ကျင်က ကျောင်း သား  တပ်မတော် ABSDF (မြောက်ပိုင်းဒေသ) မှာ တပ်ဖွဲ့ဝင် အချင်း ချင်း ထောက် လှမ်းရေး လို့ စွပ်စွဲပြီး ဖမ်းဆီး သတ်ဖြတ် ခဲ့တာတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ တရား စွဲသွားမယ့် အကြောင်း အဲဒီအချိန်က ထွက်ပြေး လွတ်မြောက်လာခဲ့ကြတဲ့ ကျောင်း သားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်းတွေက ဒီကနေ့ ရန်ကုန်မြို့တော် ဝင်နှင်းဆီ ခမ်းမမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောလိုက်ပါ တယ်။

သတ်ဖြတ်ခံခဲ့ရ သူတွေထဲက တဦးဖြစ်တဲ့ ဦးစိန်ရဲ့ သမီးဖြစ်သူက အဲဒီအချိန်က တာဝန်ရှိတဲ့ ABSDF (မြောက်ပိုင်း) ခေါင်းဆောင်ပိုင်းကို အရေးယူပေးဖို့ ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းကို ပြီးခဲ့တဲ့ ရက်ပိုင်း က တိုင်ကြားခဲ့ထားတာကို ထောက်ခံတယ်လို့ ကျောင်းသား တပ်ဖွဲ့ဝင်ဟောင်းတွေက သတင်း စာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် တခြားသေဆုံးသွားတဲ့ ကျောင်းသား တစ်ချို့ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ ကလည်း သူတို့ အနေနဲ့ ဥပဒေကြောင်း အရ တရားစွဲဆိုတာကို ထောက်ခံသွားမယ်လို့ ပြောပါတယ်။

ဒီလိုလုပ်ဆောင်ရတာဟာ အာဃာတ တရားကြောင့် မဟုတ်ဘဲ သမိုင်းသင်္ခန်းစာ ရယူဖို့အတွက် ဖြစ်တ ယ် လို့လည်း အဲဒီတုန်းက သတ်ဖြတ်မှုတွေကနေ လွတ်မြောက်လာတဲ့ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ပြော ပါတယ်။

ရဲရဲသာဖွင့်ချလိုက်ပါ ကိုနိုင်အောင်


by Soe Lynn on Monday, 26 March 2012 at 12:03 ·

                                                  မနေ့ က ( 25.3.2012)  နေ့စွဲနဲ့  ကိုနိုင်အောင်ရဲ့ ရှင်းလင်းချက် စာတမ်းကို အင်တာနက်ပေါ်မှာ ဖတ်လိုက်ရပါတယ် ။ အလွန့် အလွန်ကို စိတ်မကောင်းဖြစ်ရပါတယ် ။ပြန်ရေးစရာတွေက အများကြီးပါ ။ လောလောဆယ် အမျိုးသမီးကျန်းမာရေးအတွက် ရန်ကုန်ဆေးရုံကြီးမှာ ဆက်လက်ပြသ ကုသဖို့ ရှိနေတာကြောင့် အကျယ် တ၀င့် ပြန်မရေးနိုင်သေးပါ။တတိယ အကြိမ် ညီလာခံမှာ ကျွန်တော် ကြားခဲ့ သိခဲ့ ရသမျှတွေကို အချိန်ရရင် ပြန်ရေးသွားမှာ ပါ။ အဒီအချိန်မှာ ကျွန်တော်က မြောက်ပိုင်းကရောက်လာခါစဖြစ်လို့  ဗဟိုမှာ ဖြစ်နေတဲ့ တချို့ ကိစ္စတွေနဲ့ ပတ်သက်ရင် အတတ်နိုင်ဆုံး  ( ကိုယ်သေချာမသိပဲ ၀င်မပါမိအောင် ) ကြိုးစားနေထိုင်ပြောဆိုခဲ့ ပါတယ် ။                                              ကျွန်တော့်ကို တတိယအကြိမ်ညီလာခံအပြီး သိပ်မကြာခင် ( အောက်တိုဘာလကုန်လောက် )မှာ တပ်ရင်း ၂၀၉ သံလွင် စခန်းမှာဖမ်းခဲ့ တာပါ။ မြောက်ပိုင်းက ကြေးနန်းရိုက် အကြောင်းကြားလို့  ကိုနိုင်အောင်တို့ က ကျွန်တော့်ကို ဖမ်းခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကြောရေး လုပ်ငန်းတွေကိုတော့ ကိုနိုင်အောင် ရဲ့ ခွင့်ပြုချက်နဲ့ ပဲ လုပ်ခဲ့ ကြတာပါ ။း ကိုနိုင်အောင့် ရှင်းလင်းချက်မှာ  ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်က တပ်ဖွဲ့ ဝင်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များ ပြောသလို ရေးထားပါတယ် ။ ( ဆရာနေ၀င်းအောင်နဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ သူကိုယ်တိုင်ပဲရှင်းပါလိမ့် မယ် ) ကျွန်တော့်ကို စတင်စစ်ဆေးစဉ်မှာပဲ ကျွန်တော် ရန်သူ့ လူမဟုတ်တဲ့ အကြောင်း အတန်တန်ငြင်းဆိုခဲ့ ပါတယ် ။
ရိုက်နှက်စစ်ဆေးမှုတွေသာ မလုပ်ခဲ့ ရင် နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး ။ ဆရာနေ၀င်းအောင်ကိုတောင် ဖမ်းစရာလိုမှာ မဟုတ်ပါဘူး။ အဒီလို မတရားညင်းပန်း ရိုက်နှက်စစ်ဆေးတာတွေကို ကျတော့ ကိုနိုင်အောင်ဘာဖြစ်လို့  ထည့်ပြီး အများအရှေ့ မှာ ရှင်းလင်းမရေးသားရတာလဲ ၊ ကျွန်တော့်ပါးစပ်က အလကားနေရင်း အားအားယားယား ဘယ်တပ်ဖွဲ့ ဝင်ကိုမှ ဒုက္ခရောက်အောင်မပြောဘူး ။ ယောကျာ်းပီသပါ ကိုနိုင်အောင် ၊ ကိုယ့်လုပ်ဆောင်ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို သူများအပေါ် ပုံမချပါနဲ့ ။                                  နောက်တစ်ချက် ရှိသေးတယ် ။ ကျွန်တော်ပြောတဲ့ နာမည်တွေမှာ ယနေ့ တိုင် စစ်အာဏာရှင် ဆန့် ကျင်ရေးလုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေဆဲ ဖြစ်သောကြောင့် ထုတ်ဖေါ်ပြောဆိုရန် မသင့်တော်ဟု ယူဆသဖြင့်တဲ့ ။ရိုက်နှက်စစ်ကြော်လို့ ထွက်လာတဲ့ နာမည်တွေကို  ကာယကံရှင် တွေကကြားရရင် ရယ်လိမ့်မယ်ဗျာ ။ ကိုယ့်အတွက် အကာအကွယ်ဖြစ်မယ့် အချက်တွေကျ ဇွတ်အတင်းယူပြီး ဒုက္ခ ဖြစ်မယ့် အချက်တွေမှ ကျွန်တော်တို့ အပေါ်ပုံချ။ တော်တော်ခေါင်းဆောင်ပီသတဲ့ လူပဲ ။ ကိုကိုကြီးပြောတဲ့ မှတ်ချက်တွေကို  ကိုနိုင်အောင် သေသေချာချာဖတ်စေချင်ပါတယ်။ ကျွန်တော့် ရဲ့ ထွက်ဆိုချက်တွေ အားလုံးကို ရဲရဲသာဖွင့်ချလိုက်စမ်းပါ။ ကျွန်တော်ပြောခဲ့ တာအားလုံး ယောကျာ်းပီပီတာဝန်ယူတယ်။မရိုးမသားနဲ့ အများအမြင်ရှုပ်ထွေးအောင် မလုပ်ပါနဲ့ ။ မကဒတ အကျိုးအတွက် ကိုနိုင်အောင်ကြိုးစားခဲ့ တဲ့ ကာလတွေကို ကျွန်တော် အသိအမှတ်ပြုတယ်။ အဲသည်လိုပဲ  ကျွန်တော်တို့ ဘယ်လောက် ကိုယ်ရော စိတ်ပါ ဒုက္ခရောက်ခဲ့ ရတယ်ဆိုတာ ကိုယ်ချင်းစာပါ။ အပြစ်ဆိုတာ ဆေးကြောမှသန့် စင်ကြည်လင်တာပါ။                                     ကိုနိုင်အောင်ရဲ့  အနာဂတ်နိင်ငံရေး ရည်မှန်းချက်အတွက်နဲ့ တော့ ကျွန်တော်တို့ ဘ၀တွေကို ဆက်ပြီး မနင်းချေချင်ပါနဲ့ ၊  ဒီနေ့ ဒီအချိန်အထိ အစိုးရဆီကနေ ဘာအကူအညီမှ ကျွန်တော်မယူဖူးဘူး ။ ကျွန်တော့ဖြတ်သန်းမှုကို ကျွန်တော်လိပ်ပြာသန့် တယ် စားဝတ်နေရေး အခက်အခဲတွေကြားထဲက ကျွန်တော်တို့ မတရားခံခဲ့ရတဲ့ ကိစ္စတွေအတွက် ရိုးရိုးသားသား ကြိုးစားနေကြတာပါ ။ ကျွန်တော့ ရင်ထဲမှာ မကတဒ ကအမြဲရှိတယ် FDB ရဲ့ ရပ်တည်ချက်ကိုလည်း ကျွန်တော်လေးစားတယ် ။ ကိုယ့်အတ္တအတွက်နဲ့ တော့  ဘ၀တူအားလုံးရဲ့ အနာဂတ်တွေကို မရိုက်ချိုးပါနဲ့ ။                                            သမိုင်းမှာ အဖုံးလွှမ်းအလိမ်အညာခံခဲ့ ရတဲ့ အမှန်တရားတွေ အများကြီးရှိပါတယ် ။ ဒါပေမယ့် သူ့ အချိန်ကာလတိုက်ဆိုင်လာပြီဆိုရင်တော့ ပေါ်လာရတာပါပဲ ။ အနာဂတ်မျိုးဆက်တွေက ကျွန်တော်တို့ ထက် ပိုတော် ပိုထက်မြက်ပါတယ် ။ ကိုယ့် ထက်အကောင်ငယ်တယ်ဆိုပြီး အထင်သေးရင်တော့ ၊ ဆက်ပြီးလိမ်ညာဖုံးကွယ်ဖို့ ကြိုးစားနေအုန်းမယ်ဆိုရင်တော့ အဲ့ ဒီအကျိုးဆက်တွေကို ကိုနိုင်အောင် ကောင်းကောင်းကြီးခံစားရပါလိမ့်မယ် ။

ပြုပြင်ရေး အရှိန်မြင့်ဖို့ မိုးသီးဇွန် တိုက်တွန်း



မြန်မာနိုင်ငံ အတွင်းမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ဒီထက် ပိုပြီးလုပ်ဆောင် လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေး သွားမယ်လို့ မိုးသီးဇွန်က ပြောပါတယ်။
မြန်မာနိုင်ငံ ခေတ်သစ် သမိုင်းမှာ အထင်ရှားဆုံး နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော် ပုံကြီးအတွင်း ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကျောင်းသား ခေါင်းဆောင် ဦးမိုးသီးဇွန်နဲ့ လုပ်ဖော်ကိုင် ဖက်တချို့  စက်တင်ဘာလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေ ဒီထက် ပိုပြီးလုပ်ဆောင် လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေးသွားမယ်လို့ ဦးမိုးသီးဇွန်က ပြောပါတယ်။ သူ့ခရီးစဉ်အတွင်း ဘယ်သူတွေကို တွေ့ဖို့ စီစဉ်ထားလဲ။ ဘာတွေ လုပ်သွားဖို့ရှိ လဲဆိုတာကိုတော့ ကိုမိုးသီးဇွန်ကို ကိုယ်တိုင် သွားရောက်တွေ့ဆုံထားတဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီခရီးစဉ်ဟာ ကိုမိုးသီးဇွန်နဲ့ လုပ်ဖော်ကိုင်ဖက် ၈ ဦးတို့အနေနဲ မြန်မာနိုင်ငံနဲ့ ၂၄ နှစ်တာ ခွဲခွာပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ် ပြန်လည်သွားရောက်ခွင့် ရတာလည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ကတော့ လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြင့် လုပ်ဆောင်လာအောင် အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ တိုက်တွန်း ဆွေးနွေးသွားကြဖို့ စီစဉ်ထားတယ်လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။

“တော်တော်များများပဲ ကျနော်တို့ အမြင်တွေ ဖလှယ်ဖြစ်ပါတယ်။ အဓိကကတော့ ဒီနေ့အပြောင်းအလဲအပေါ်မှာပေါ့။ ဒီနေ့ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီးတော့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမူတွေ လုပ်လာပါတယ်။ အဲ့ဒီ့ပြုပြင်ပြောင်းလဲမူတွေထဲမှာတော့ ကျနော်တို့ ၈လေးလုံး ပြည်ပရောက်နေတဲ့ အင်အားစုတွေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ နောက်တစ်ခုက ကျနော်တို့ အထဲမှာ အခုလက်ရှိ  နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမူ  All Inclusive ပေါ့ဗျာ။ အားလုံးပါဝင်အောင် ဒီနိုင်ငံရေးဖြစ်စဉ်မှာ လုပ်ပါလို့ ကျနော်တို့ တိုက်တွန်းထားတာတွေ ရှိတယ်။ အဲ့တာတွေကို ကျနော်တို့က လုပ်ပါမယ်။ နောက်တစ်ခုက လက်ရှိအခြေအနေတွေကို လေ့လာပါ။


ကျနော်တို့ရဲ့ ထင်မြင်ချက်တွေကိုလည်း နားထောင်ချင်ပါတယ်။ဆိုတော့ ဒီနေ့ မြန်မာပြည်မှာ နည်းနည်းလေး ပြောင်းလဲလာတာတောင် လူတွေက ၀မ်းသာကြတယ်။ အကောင်းဘက်က မျှော်လင့်လာကြပါတယ်။ အဲ့တော့ အများကြီး ပြောင်းမယ်ဆိုရင် ကောင်းတာပေါ့လေ။ အဲ့ဒီ့အပေါ်မှာ ကျနော်တို့က နိုင်ငံရေးအရ ဘာတွေ ပြောင်းလဲသင့်တယ်။


အဲ့ဒီ့အပေါ်မှာ ကျနော်တို့က ဘာတွေ ပြောင်းလဲသင့်တယ်။ ပြည်တွင်းစစ်ငြိမ်းချမ်းရေးကိစ္စတွေ စစ်ရပ်ဆဲရေး ငြိမ်းချမ်းရေး ကိစ္စတွေ နောက် အခြေခံဥပဒေဆိုင်ရာ အမြင်တွေ ပြန်လည်ထူထောင်ရေး ကိစ္စတွေပေါ့ဗျာ။ ဆိုတော့ ဆွေးနွေးစရာတွေက တော်တော်များများကို ရှိပါတယ်။ အကြမ်းဖျင်းလည်း ဆွေးနွေးချင်တဲ့ သဘောထားကို ဦးအောင်မင်းနဲ့ တွေ့တဲ့အချိန်မှာ ဆွေးနွေးထားတာတွေလည်း ရှိပါတယ်။


သူတို့အရင် မြန်မာပြည်ထဲကို သွားခဲ့ကြတဲ့သူတွေရဲ့ ပြောပြချက်တွေအရ မြန်မာပြည်တွင်းက အခြေအနေတချို့ကို ကြိုသိထားတာကြောင့် သူတို့အနေနဲ့ တင်ပြချင်တဲ့အချက်တွေကို ကြိုစဉ်းစားသွားကြတာလို့ ဆိုပါတယ်။


“ကျနော်နဲ့ အခုသွားမှာက ကျနော်အပါအ၀င် ၈ယောက်ပေါ့နော်။ အမည်တွေပြောရမယ်ဆိုရင် ကျနော်ပါမယ်။ ကိုထွန်းအောင်ကျော်ပါမယ်။ ကိုကိုလေး၊ ကိုမူးသာ၊ ကိုယဉ်အေး၊ ကိုရွှေစင်၊ ကိုအေးမင်း၊ ကိုကိုအောင်ပေါ့လေ။ ကျနော်တို့ သွားကြမယ်။ အရင်ကလည်း ကျနော်တို့ရဲဘော်တွေရှိပါတယ်။ ကိုအောင်သူငြိမ်းတို့သွားကြတယ်။ ပြန်လာကြတယ်။ မြန်မာပြည်ထဲမှာဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးအခြေအနေတွေ ဆွေးနွေးပြတာရှိပါတယ်။ အဓိက သူတို့ဆွေးနွေးပြတယ်။


ကျနော် ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့အပိုင်းတွေမှာရော ကျနော်တို့ ကြားသိနေတဲ့ အပိုင်းတွေမှာတော့ အစိုးရဘက်က ပြုပြင်ပြောင်းလဲမူကို တော်တော်လေး လိုလားလာတယ်။ စိတ်ပိုင်းဖြတ်လာတာကို တွေ့ရတယ်။ ကျနော်ရဲ့ ယူဆချက်ပေါ့နော်။ ဘယ်လိုပြောင်းလဲရင်ကောင်းမလဲလို့ နည်းလမ်းရှာနေကြပုံရတယ်။ နောက်တစ်ခုက ကျနော်လေ့လာတွေ့ရှိချက် ထူးခြားတာတစ်ခုကတော့ လူသားစွမ်းရည်ပေါ့ဗျာ။ Capacity က မြန်မာပြည်မှာ တော်တော်လေးကျဆင်းနေတာကို တွေ့ရတယ်ပေါ့ဗျာ။ အဲ့ဒီ့တစ်ချက်ကိုလည်း ဆွေးနွေးမယ့်အထဲမှာ ပါလာမယ်။ အဲ့တာကလည်း အရင်က သွားတဲ့သူတွေက ကျနော့်ကို အကြံပေးပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေ။”


ဒါဟာ သူတို့အနေနဲ့ ၂၄ အတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ထဲကို တရားဝင် သွားရောက်ခွင့်ရတာဖြစ်တဲ့အပြင် မိဘဆွေမျိုးနဲ့ လုပ်ဖော်ကိုင်ဖက် အသိမိတ်ဆွေတွေနဲ့ တွေ့ခွင့်ရမှာဖြစ်ပါတယ်။


“ ကျနော် ဒါ၂၄နှစ်ရှိပြီပေါ့။ ဒါပထမဆုံး အကြိမ်ပေါ့။ အရမ်းပျော်ပါတယ်။ အထူးသဖြင့် ကျနော် ၂၄နှစ်လုံးလုံးပေါ့ဗျာ။ လူ့ဘ၀မှာ ကိုယ့်ရဲ့ ဇာတိမြေဟာ အကြီးမားဆုံး အမြဲတမ်း သတိရနေရတဲ့ နေရာဌာနတစ်ခုဖြစ်ပါတယ်။ အဲ့ဒီ့ဇာတိမြေကို ကျနော်တို့ မေ့ပြီးတော့ နေခဲ့တဲ့ ရက် နာရီဆိုတာ မရှိသလောက်ပါပဲ။ သွားခွင့်ရမယ်။ ဆွေးနွေးတယ်ဆိုတာ နိုင်ငံရေးအရပေါ့။ ကျနော့်ပါစင်နယ်အရ တစ်ဦးချင်းအရ အရမ်းကိုဝမ်းသာတယ်။ အထူးသဖြင့် မိသားစုတွေနဲ့ တွေ့ရမယ်။ အမေနဲ့ တွေ့ရမယ်။ ဆွေမျိုးတွေနဲ့တွေ့ရမယ်။ ကျနော်ချစ်ခင်တဲ့ ရဲဘော်တွေကလည်း အများကြီးရှိတယ်။ သူတို့တွေနဲ့ တွေ့ရမယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ အထူးသဖြင့် ကျနော်အလွန်တွေ့ချင်နေတဲ့ ကျနော်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေရှိပါတယ်။”


သူတို့အနေနဲ့ လက်ရှိအစိုးရအတွင်းက တာဝန်ရှိသူတွေရဲ့ ဖိတ်ကြားချက်အရ တရားဝင် သွားရောက်တာဖြစ်တာကြောင့် သမ္မတ ဦးသိန်းစိန်နဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။


“ အဓိကပြန်ရတဲ့အကြောင်းရင်းကတော့ ဦးသိန်းစိန်အစိုးရက တာဝန်ရှိတဲ့ဝန်ကြီးတစ်ချို့ရဲ့ ဖိတ်ကြားချက်အရပေါ့နော်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးဖို့ ကျနော်တို့ အခုသွားမှာဖြစ်ပါတယ်။ တရားဝင်ပေါ့လေ။ ကျနော်တို့ကို တွေ့တယ်။ တရားဝင်ဗီဇာထုတ်ပေးတယ်ဆိုတော့ တရားဝင် သွားတာပေါ့လေ။ ဟိုရောက်ရင်လည်း သမ္မတနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်ခင်ဗျာ။”


ကိုမိုးသီးဇွန်ဟာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာ လူ့ဘောင်သစ်ပါတီကို စတင် တည်ထောင်သူတွေထဲက တဦးအပါအ၀င်ဖြစ်တဲ့အပြင် ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်း တဦးလည်း ဖြစ်ပါတယ်။


ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာပဲ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB အကြီးအကဲလည်းဖြစ်၊ ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ နိုင်အောင်နဲ့ တခြား လုပ်ဖော်ကိုင်ဖက် ၂ ဦးတို့ မြန်မာနိုင်ငံကို ရောက်လာကြပြီ ဖြစ်ပါတယ်။ သူတို့အနေနဲ့ သီးခြား တာဝန်ယူနေကြတဲ့ ကိုယ်ပိုင် အဖွဲ့အစည်းတွေ ရှိနေကြပေမယ့်လည်း သဘောထားတိုက်ဆိုင်သူ၊ ရည်ရွယ်ချက်တူသူ တဦးချင်း လက်တွဲလုပ်ကြတဲ့သဘောနဲ့ မြန်မာနိုင်ငံကို ပြန်လာတာဖြစ်ပြီး အဖွဲ့အစည်းတခုခုကို ကိုယ်စားပြု သွားရောက်တာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။ 
ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ မြန်မာဌာန)