Wednesday, August 29, 2012

ခံယူချက်ကုန်သည်။



မခံချင်စိတ်ကိုအမှီပြု

ရည်ရွယ်ချက်တခုကိုသွန်းလုပ်လို့ 
တော်လှန်ရေးဈေးကွက်မှာတင်ရောင်
းဖို့ 
ထမ်းပိုးလို့ ခရီးနှင်းခဲ့တယ်...

ဈေးကွက်ကိုရောက်လာ

ပွဲစားတွေကပလူပျံ
မူမမှန်ဆိုင်ခန်းလုပွဲများက
ငါ့ရဲ့ သွန်းလုပ်ပစ္စည်းများကို
ချိုးနှိမ်ဈေးဦးဖေါက်ခဲ့ကြတယ်
...

လျှေက်လှမ်းခဲ့တဲ့ရည်ရွယ်ချက်

လမ်းတ၀က်တော့အဖြစ်မခံ
ဈေးကွက်အမှန်ကိုရောက်ရှိဖို့ 
နောက်လိပ်စာတခုကိုငါစုခဲ့မိတယ်.
..

ရရှိလိပ်စာဈေးကွက်အမှန်ကို

တူရာကိုခေါ်ဈေးကွက်ထွင်လို့ 
သယ်လာပစ္စည်းအချည်းအနှီးမဖြစ်ဖို

အရည်သွေးပစ္စည်းပေးမြည်းခဲ့တယ်..
.

မြည်းခဲ့သူတွေဘ၀င်စိုကြ

ရင်ဗဟိုတခဲ့ကြလည်း
အရည်ခြုံဖေါက်ပြန်သူတွေရယ်ကြောင
့်
ထင်သလိုဈေးကွက်မလှခဲ့ပဲ
ရင်ကိုမွကြဲစေခဲ့တာကတော့
ငါ့ရဲ့ ဘ၀အမှန်ပဲပေါ့။ ......

(ရှင်မဟာအစ်ထ)

ညီညီယု

No comments: