Thursday, August 30, 2012

ကေအိုင်အေအဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲရာမှ ဒေသခံ တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့


သြဂုတ်လ(၂၉)ရက်နေ့က ကချင်ပြည်နယ်၊
ချီဖွေမြို့၊ ဥက္ကဌရပ် ကွက်မှာနေ ထိုင် တဲ့
ဒေါ်ရွေးလီ ဆိုသူ ဟာ လောခေါ င်ကျေးရွာ


ကနေ စုစည်းကျေးရွာသွားစဉ်မှာေ ကာင်အိုင်အေထောင်ထား တဲ့မိုင်း နင်းမိပြီး နေရာ မှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။

          “ မနေ့ကမနက် ၁၀ နာရီလောက်ပေါ့ . . ရွာအပြင်ဘက်မှာ မိုင်းကွဲသံကြားရတယ် . . အဲဒါနဲ့ တိုက်ပွဲ ဖြစ်တယ်ထင်ပြီး ဘယ်သူမှရွာအပြင်မထွက်ရဲဘူး ။

နောက်ဘာသံမှမကြားရတော့တာနဲ့ မိုင်းနင်း မိတာပဲဆိုပြီး လူကြီးတွေက သွားကြည့်တာ အရင်က ဒီရွာမှာနေသွားတဲ့ ဒေါ်ရွေးလီ နင်းမိတာ ၊


နေရာ မှာပဲ ပွဲချင်းပြီးသေသွားတယ် ”လို့ စုစည်းကျေးရွာက ဒေသခံတစ်ဦင်္းက

 ပြောကြားသွားပါတယ်။

ကချင်သတင်း

No comments: