Tuesday, April 30, 2013

ခေါင်းဆောင်တိုင်းတွင် ရှိအပ်သည့် ခေါင်းဆောင် လက္ခဏာ ၂၁ ရပ်

ဆရာ ဦးလှမင်းရဲ့ ခေါင်းဆောင်တိုင်းတွင် ရှိအပ်သည့် ခေါင်းဆောင် လက္ခဏာ ၂၁ ရပ် တဲ့။
အဲဒါတွေက 
၁။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း
၂။ သြ၀ါ တိက္ကမနှင့် ပြည့်စုံခြင်း
၃။ အလုပ်၌ နှစ်မြုပ်လုပ်ကိုင်တတ်ခြင်း
၎။ ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်တတ်ခြင်း
၅။ လုပ်ကိုင်ရည် ပြည့်ဝခြင်း
၆။ ကာယ စိတ္တ သတ္တိ ပြောင်မြောက်ခြင်း
၇။ ခွဲခြားသိမြင်တတ်ခြင်း
၈။ အာရုံ စူးစိုက်၍ ဆောင်ရွက်တတ်ခြင်း
၉။ ရက်ရော သည့် စိတ်သဘောထားရှိခြင်း
၁၀။ထိုးထွင်း သိမြင်တတ်ခြင်း
၁၁။ စနစ်တကျ နားထောင်တတ်ခြင်း
၁၂။ ပြင်းပြသော စွဲလမ်းတွယ်တာစိတ်ရှိခြင်း
၁၃။ အကောင်းဘက်မှ ရှုမြင်တတ်ခြင်း
၁၄။ ပြသနာကို ဖြေရှင်းတတ်ခြင်း
၁၅။ ပေါင်းသင်း ဆက်ဆံရေး စွမ်းရည် ပြည့်ဝခြင်း
၁၆။ တာဝန်သိ၍ တာဝန်ယူတတ်ခြင်း
၁၇။ အာမခံချက်ပေးနိုင်ခြင်း
၁၈။ မိမိကိုယ် မိမိထိန်းကျောင်း တည့်မတ်နိုင်ခြင်း
၁၉။ အများအကျိုးကို သယ်ပိုးထမ်းဆောင်တတ်ခြင်း
၂၀။ လေ့လာ သင်ယူနိုင်စွမ်းရှိခြင်း
၂၁။ အမြှော်အမြင်ရှိခြင်း 
The 21 indispensable qualities of a leader, by John C Maxwell........
Sein Sein Thein
 
မိတ္ထီလာအကြမ်းဖက်မှု နှစ်ဘက်လျှောက်လဲချက် တရားရုံးကြားနာ

မိတ္ထီလာအကြမ်းဖက်မှု နှစ်ဘက်လျှောက်လဲချက် တရားရုံးကြားနာ
Wednesday,May 01,2013

ဝမ်းတွင်းမြို့နယ် ဒုံးကုန်းကျေးရွာ အကြမ်းဖက်မှုမှာ သံဃာတပါး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ ၁၁ ဦးကို စွဲချက် တင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချဖို့အတွက် မေလ ၃ ရက်နေ့ကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒါ့အပြင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားတဲ့ တရားခံအဖြစ် စွဲဆိုခံထားရသူ ၃ ဦးနဲ့ ပတ်သက်လို့လည်း တရားခံတွေဘက်ကနေ ခရိုင်တရားရုံးကို အယူခံတင်မယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တွင်းက အကြမ်းဖက်မှု အဓိကရုဏ်းအတွင်း ၀မ်းတွင်းမြို့နယ် ဒုံးကုန်းကျေးရွာအုပ်စုက ဦးဇင်း ဦးသောဘိတ ကို သတ်ဖြတ်မှုနဲ့ တရားခံလို့ စွပ်စွဲခံရသူ ၁၁ ဦးကို စွဲချက် တင်သင့် မတင်သင့်ကိစ္စ နှစ်ဘက် တရားလို တရားခံရှေ့နေတွေက လျှောက်လဲချက် ပေးပြီးနောက် ဆုံးဖြတ်ချက်ချရမယ့်နေ့မှာပဲ တရားရုံးက သေချာစိစစ်နိုင်ဖို့အတွက် မေလ ၃ ရက်နေ့ကို ပြောင်းရွှေ့လိုက်ပါတယ်။

ဒါ့အပြင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားတဲ့ တရားခံအဖြစ် စွပ်စွဲခံရသူ ၃ ဦးနဲ့ပတ်သက်လို့လည်း တရားခံတွေဘက်က ခရိုင်တရားရုံးကို အယူခံ တင်မယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၀ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း လူ ၄၀ ကျော် သေဆုံးမှုမှာ သံဃာတပါးဖြစ်တဲ့ ဦးသောဘိတ ဟာ ပျံလွန်တော် မူခဲ့တာပါ။ သံဃာတော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ၁၁ ဦးကတော့ အများစုက သီရိမင်္ဂလာ ရပ်ကွက်သားတွေ ဖြစ်ကြပါတယ်။

မျက်မြင်သက်သေတွေအပါအ၀င် လူ ၄၀ ခန့် သက်သေတွေကို စစ်ချက်ယူပြီးတဲ့နောက်မှာတော့ မိတ္ထီလာခရိုင် တရားရုံးက စွဲချက် တင်သင့် မတင်သင့် ပြန်ပြီး သေချာစိစစ်နိုင်ဖို့အတွက် မေလ ၃ ရက်နေ့ကို ချိန်းဆိုလိုက်တာဖြစ်ကြောင်း တရားခံတွေဘက်က အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

“မိတ္ထီလာခရိုင် တရားသူကြီးက မေတ္တာရပ်ခံပါတယ်။ အမှုကို သူ နှစ်ခေါက် ဖတ်ပြီးပါပြီ။ သက်သေက ၃၉ ယောက်ပါတယ်ဗျ။ ၃၉ ယောက်ပါတဲ့အခါကျတော့ အမှုနဲ့ပတ်သက်ပြီးတော့ နစ်နာမှာစိုးလို့၊ တရားရုံးက ဒါ ကျနော်တို့ အမှန်အတိုင်း ပြောရမှာပါ။ မိတ္ထီလာခရိုင် တရားရုံးက အတော်လေးကို တရားမျှတမှုရှိပါတယ်။ ဥပဒေနဲ့အညီ ကျနော်တို့ အခွင့်အရေး အကုန်လုံးလည်း ရပါတယ်။ ကျနော်တို့ တင်ပြချက်တွေကိုလည်း အသေးစိတ် ကြားနာပြီးတော့ စွဲချအမိန့်ကို အမှန်တော့ သူက ၂ ရက်နေ့ ပေးတာပေါ့နော်။ မနက်ဖြန် မေဒေး ပိတ်တဲ့အတွက်ကို။ ၃ ရက်နေ့ကို ကျနော်တို့ကို ပြန်ချိန်းထားတယ်။"

"ဘယ်သူမှ မလိုက်ဝံ့၊ မလိုက်နိုင်တဲ့အတွက် မန္တလေးတိုင်း ဒေသကြီး ဥပဒေချုပ်က မေတ္တာရပ်ခံပြီးတော့ အဲ့ဒီမေတ္တာရပ်ခံချက်အရ ကျနော်တို့ အားလုံး ပါတဲ့ရှေ့နေအားလုံး ၀င်ပြီး ပူးပေါင်းဆောင်ရွက်ကြတာပါ။ အမှန်တရား ဖော်ထုတ်ဖို့အတွက်ပေါ့နော်။ တရားခံအစစ်က ဘယ်သူလဲ။ ဥပဒေနဲ့အညီ ကျနော်တို့ တိုင်းပြည်မှာ ဒါမျိုးဖြစ်တဲ့အခါ တရားစီရင် ဆောင်ရွက်တာဟာ တရားမျှတမှု ရှိသင့်တယ်လို့ ကျနော်တို့ ယူဆတဲ့အတွက် ကျနော်တို့ ၀မ်းသာတာပါ။ ဒါပေမဲ့ တရားရုံးကတော့ ကျနော်တို့ မျှော်လင့်ထားတာထက်ကို ကောင်းနေပါသေးတယ်။”

ပြီးခဲ့တဲ့ဧပြီလ ပထမအပတ်ထဲမှာပဲ မိတ္ထီလာ အဓိကရုဏ်း စတင် ဖြစ်ပွားခဲ့ရာ နေရာအဖြစ် စွပ်စွဲခံရတဲ့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၂ ဦးနဲ့ အလုပ်သမား ၁ ဦးကိုတော့ မိတ္ထီလာမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ကြပါတယ်။ ဒီအတွက် တရားခံအဖြစ် စွပ်စွဲခံရသူတွေဘက်ကတော့ ခရိုင်တရားရုံးအထိ အယူခံ ဆက်တက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“အယူခံဆက်တက်မယ်ပြောပါတယ်။ မိတ္ထီလာခရိုင်ကို ပြန်ပြီးတော့ အယူခံ တက်ရမှာပေါ့နော်။ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတမှု ရှိ - မရှိရယ်၊ နောက်တခုက ဥပဒေနဲ့ ကိုက်ညီမှု ရှိ - မရှိရယ် သူတို့က အယူခံ ဆက်တက်ပါမယ်။ ၁၄ နှစ်ကတော့ နည်းနည်း များတယ်ပေါ့နော် ပြစ်ဒဏ်က။ ပုဒ်မ ၃၈၂ ဆိုရင် ဒါ အငြင်းပွားဖွယ် ဖြစ်တာပေါ့ဗျာ။ တရားရုံးကတော့ သူ့ရဲ့ စီရင်ပိုင်ခွင့်အရ ချတာ။ ကျနော်တို့က ဥပဒေလမ်းကြောင်း အရပဲ အယူခံ ၀င်ရောက်ဖို့ ရှိပါတယ်။ ကာယကံရှင်တွေကတော့ မိတ္ထီလာခရိုင်ကို အယူခံ ဆက်ဝင်မယ်လို့လည်း ကြားပါတယ်။”

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာများ ရရှိခဲ့ကြသလို သောင်းနဲ့ချီရှိတဲ့ ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်း ၆ ခုမှာ ခိုလှုံနေထိုင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ မိတ္ထီလာအကျဉ်းထောင်ထဲမှာ မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်တဲ့ စွဲချက်တွေနဲ့ လူ ၇၀ ကျော်ကို ထိန်းသိမ်းထားပြီး သူတို့ကိုတော့ ပုဒ်မ ၃၀၂ လူသတ်မှု အပါအ၀င် ပုဒ်မ ၈ခုနဲ့ စွပ်စွဲထားပြီး မကြာခင်မှာ ရုံးတင်စစ်ဆေးဖို့တွေ ရှိနေပါတယ်။

VOA

အင်းလေးကန်ရေ မြင့်တက်ရေး ကိုယ်ထူကိုယ်ထ ရေတားဘောင် တည်ဆောက်နေ

Wednesday,May 01,2013

ရေ ခမ်းခြောက်မှု ကြုံတွေ့နေရသော အင်းလေးကန်၏ ရေမျက်နှာပြင် ပြန်လည် မြင့်တတ်လာရန်အတွက် ကန်အတွင်း၌ ရေတားဘောင်များကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဒေသခံများက တည်ဆောက်နေကြကြောင်း သိရသည်။

လက်ရှိတွင် အင်းလေးကန် တောင်ဘက်ရှိ အင်းယား၊ မိန်းပျို၊ ဆီဆုံနှင့်ပုံးမူ ကျေးရွာအုပ်စု၌ ရေတားဘောင် ၄ ခု တည်ဆောက်ပြီး ဖြစ်ကြောင်းနှင့် ယင်းအကျိုးဆက်ကြောင့် ရေမျက်နှာပြင် တပေခန့် မြင့်တတ်လာခဲ့ပြီး စက်လှေများ သွားလာရေး အဆင်ပြေလာခဲ့ရကြောင်း အင်းတိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။

အင်းလေးကန်မှ ရေများအား မိုးဗြဲမြို့တွင် ရေကာတာဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ဘီလူးချောင်းမှ တဆင့် ကယားပြည်နယ် အတွင်းသို့ စီးဝင် သွားခြင်းဖြစ်သည်။

“၂၀၁၀တုန်းက အင်းလေးကန်မှာ အဆိုးရွာဆုံးရေခမ်းခဲ့တုန်းက ရေက အနုတ် ၁ ဒဿမ ၆၊ အခုက အနုတ် ၁ ဒဿမ ၄ အထိ ပြန်ဖြစ်နေပြီ” ဟု ၀န်ကြီး ဦးဝင်းမြင့်က ဆိုသည်။

နိုင်ငံခြားသားများ သွားရောက် လည်ပတ်မှုများသော အင်းလေးဖောင်တော်ဦး ဘုရား၊ အလိုတော်ပေါက် ဘုရားနှင့် ဟဲယာရွာမတို့တွင် ရေလမ်းကြောင်းများ ပေါ်ထွန်းစေရေးအတွက် စက်ယန္တရားများဖြင့် ညောင်ရွှေမြို့နယ် ဆည်မြောင်း ၀န်ကြီးဌာနက တူးဖော်ပေးနေကြောင်း သိရသည်။

ပြီးခဲ့သော နှစ်က ကန်တွင်း၌ မိုးနည်းခဲ့ခြင်းကြောင့် ရေရရှိမှု လျော့နည်းခဲ့ပြီး ယခုနှစ်တွင်လည်း နေပူပြင်းမှု လွန်ကဲ ခြင်းကြောင့် ရေများအငွေ့ပျံနှုန်း များခဲ့ကြောင်း၊ ကန်အတွင်း ရေစီးဝင်သော ချောင်း ၄ ခုတွင် အဓိက ဖြစ်သော နန်းလှိုင်ချောင်း ရေကိုသာ ဒေသခံများ၏ နွေစပါး စိုက်ခင်းများအတွက် ခွဲဝေ သုံးစွဲခဲ့ခြင်းကြောင့် ရေခမ်းခြောက်မှု ဆိုးရွား ခဲ့ရခြင်း ဖြစ်ကြောင်း အင်းဝန်ကြီးက ပြောသည်။

“ပြည်နယ်အစိုးရ အဖွဲ့အစီအစဉ်နဲ့ ဆည်မြောင်းက ဆေးမြီးတိုနဲ့ ရေခမ်းလာတာကို အမြန်ကု နေရတာပါ၊ ဒေသခံတွေ အနေနဲ့ ပူးပေါင်းပါဝင်မှသာ ကန်ကြီးက အရင်အခြေအနေကို ပြန်ရောက်မှာပါ” ဟု အင်းလေးဒေသ အထူးဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ကိုရေအေးက ဆိုသည်။

ယင်းအဖွဲ့သည် ကန်အတွင်းရှိ ကျေးရွာများတွင် ကန်ထဲသို့ အမှိုက်မပစ်ချရေး ပညာပေး သင်တန်းများနှင့် အင်းလေးကန် ဒေသ မီးလင်းရေးအတွက် လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။

ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အနေဖြင့် ၁၉၉၆ ခုနှစ်ကတည်းက အင်းလေကန်အတွင်း နုန်းမြေ ပို့ချမှုကို ထိန်းချုပ်နိုင်ရန် ရေစစ်ကန်များ၊ နုန်းတား တမံများ တည်ဆောက် ထားခဲ့သော်လည်း အကျိုးသက်ရောက်မှု နည်းကြောင်း၊ NGO များ အပါဝင် အဖွဲ့အစည်းများ အနေဖြင့် ဒေသခံများအား စိုက်ပျိုးရေး လုပ်ငန်းများတွင် ပိုးသတ်ဆေးသုံးစွဲမှု အကျိုးဆက် များနှင့် တခြား ပညာပေး သင်တန်းများ မကြာခဏ ပေးသော်လည်း ခိုင်မာသော Master Plan မရှိကြောင်းနှင့် ဒေသခံများ ပါဝင်ရေးစွဲရသော အစီအစဉ်များလည်း ချထားပေးသင့်ကြောင်း ကိုရေအေးက ဆိုသည်။

“ကန်ထဲမှာ ရေက မရှိသလောက် ဖြစ်နေတော့ စက်လှေတွေ မကြာခဏ တင်နေတယ်” ဟု အင်းလေးဒေသခံ လယ်ရှည် ရွာသား ကိုနန္ဒအောင်က ပြောသည်။

အင်းလေးကန် ထိန်းသိမ်းရေးအတွက် နော်ဝေအစိုးရက မြန်မာအစိုးရအား အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့ ပေးထားပြီး ယင်းငွေများကို UNDP မှ ကိုင်တွယ်စီမံ ခန့်ခွဲနေကြောင်း၊ ပရောဂျက် များဖြင့် သွားနေခြင်းကြောင့် ယခုကဲ့သို့ အင်းလေးကန် ရေခမ်းခြောက်မှု အရေးပေါ် အခြေအနေတွင် UNDP အနေဖြင့် ၀င်ရောက်ကူညီနိုင်ခြင်း မရှိကြောင်းနှင့် တခြားမည်သည့် အဖွဲ့အစည်းများကမှ ကူညီခြင်း မရှိသေးကြောင်း အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့်က ရှင်းပြသည်။

ယခုနှစ်တွင် အင်းလေကန်သို့ အဓိက စီးဝင်သော နန်းလှိုင်ချောင်းရေအား ညောင်ရွှေမြို့နယ် ရွာသာရွာ ကျေးရွာအုပ်စုနှင့် သီးလော ကျေးရွာအုပ်စုမှ ဧက ၂၅၀၀၊ တောင်ကြီးမြို့နယ်မှ ဧက ၅၀၀၊ နန်းသဲနှင့် တခြားရွာများမှ ဧက ၃၅၀ နွေစပါး စိုက်ခင်းများအတွက် ခွဲဝေသုံးစွဲခဲ့ကြကြောင်း၊ တချို့ရွာများတွင် ရေသွင်းစိုက်ပျိုးရန် အဆင်မပြေသဖြင့် စပါးအစား မြေပဲနှင့် တခြား သီးနှံများ ပြောင်းလဲ စိုက်ပျိုးကြကြောင်း သိရသည်။

ယခုနှစ် ရေခန်းခြောက်လာသည့် အင်းလေးကန် ဒေသတွင်း မြင်ကွင်းတခု (ဓာတ်ပုံ – Mg Billy / Facebook)

ဧရာဝတီ သတင်းဌာန

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် myanmar online news ( https://www.facebook.com/myanmaronlinemedianews ) ကို Like လုပ်ထားပါ။

For sale: Burmese virgins မြန်မာပြည်၏ ပန်းတော်ဦး ရောင်းရန်ရှိသည်

For sale: Burmese virgins

မြန်မာပြည်၏ ပန်းတော်ဦး ရောင်းရန်ရှိသည်

ဂိုလ်ရှယ်လေး

၁၉၈၈ သွေးမြေကျ စစ်အာဏာသိမ်းမှုကြီး၏ အကျိုးဆက်ရလဒ်က ဥပဒေမဲ့အခြေနေတခုလုံးဆီသို့ ဆိုက်ရောက်ခဲ့ရပြီး၊ အနာဂတ်ရှေ့ခရီးအလားလာက ကြောက်ခမန်းလိလိတုန်လှုပ်ဖွယ်ရာ ဖြစ်၏။ စစ်အာဏာပိုင်များအဖို့မှာ အထွေထွေ ချွတ်ခြုံကျအောင်ဖန်တီးပေးပြီး လူတဦးခြင်း၏ အသက်ရှင်းနေထိုင်ရေး စီးပွားဖြစ်တည်မှုဘ၀ ဘုံးဘုံးလဲကာ လှဲနေလှေအောက် မြင်းစောင်းမကျန် နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ ရပိုင်ခွင့်တို့အား ပတ်သက်ဆက်နွယ်သည့် ဥပဒေအား အလုံးစုံ ပိတ်ပင် အမှောင်ချကာ အုပ်ချုပ်ကြလေ၏။

In the aftermath of the second military bloody coup in 1988 the lawless situation deteriorated further. The authorities continue to enjoy absolute impunity for all violations of political and economic rights and rule of law is denied throughout the country resulting in the collapse of individual economic life and leading to general poverty.

စစ်အစိုးရဆိုသော ခေါင်းစဉ်၏ အုပ်ချုပ်မှုအောက်တွင် မြန်မာ စစ်အာဏာပိုင်များက ကျေးလက်ဒေသများတွင် သူတို့ကို သူတို့ မဟာ စစ်ဘုရင်ကြီးများသဖွယ် ဆောင်ရွက်လုပ်ကိုင်ကြပြီး ထိုကျေးလက်ဒေသများတွင်၇ှိသော ရွာသူကြီးများနှင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်သူများအပေါ် သူတို့ အလိုရှိသလို အမှောက်အလှန် အမျိုးမျိုး လုပ်နေခဲ့ကြ၏။
Under the military government, Burmese Army commanders act as warlords in rural areas where they order the village headmen and local authorities as they wish.

မြန်မာ စစ်အစိုးရမှ “ကိုဖန်ကန်း သဘောတူစာချုပ်” ဟုအမည်ရသော ယူအန်နှင့် ပတ်သက်သော အဖွဲ့စည်းများဖြစ်သည့် အရေးပါသော အဖွဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီစဉ် အဖွဲ့ ( ယူအန်ဒီပီ)၏ သဘောတူချက်ကို မျက်နှာလွဲခဲပစ်လုပ်ထားပုံမှာ ၁၉၈၆ ခုနှစ်က သဘောတူထားသော ကုလသမဂ္ဂ၏ “ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော အခွင်းရေး” ဆိုသည့်ကြေငြာစာတမ်းမှာ မထီမဲ့မြင်ပြုခြင်းခံနေရသည်

While the military regime ignores the Copenhagen agreement, some UN agencies, mainly the United Nations Development Programme (UNDP), disregard the 1986 UN Declaration on the Right to Development.

ကြေးလက်ဒေသများ၏ နေ့တဓူဝ ၀င်ငွေရှာပုံမှာ တောက်တိုမယ်ရလေးများရောင်းချခြင်း၊ ချဲထီ နှင့် အခြားသော လက်ဖြစ် အ၀တ်ထည် များအပါဝင် စိုက်ပျိုးသီးနှံပင်တို့ဖြစ်၏။ သို့တိုင်အောင် ကြီးမာသော အလုပ်လက်မဲ့ အမျိုးသမီးဦးရေမှာ များပြားလွန်းသည်မို့ ထိုင်းနိုင်ငံ၊ တရုတ် နှင့် အခြားသော အာရှနိုင်ငံများသို့ တရားမ၀င်သွားရောက် ခိုပုန်းအလုပ်မျိုးစုံလုပ်ကိုင်ရာမှ အချို့ အမျိုးသမီးတို့မှာ လိင်မှု ဆက်ဆံဖျော်ဖြေရေးနေရာသို့ ရောက်ရှိခဲ့ကြလေ၏။ မြန်မာ့ ယဉ်ကျေးမှု အစဉ်လာအရ လိင်ဖျော်ဖြေ ဆက်ဆံခြင်း လုပ်ငန်းသည် အလွန်ပင် ခွင့်ပြုလက်ခံနိုင်မှုမရှိစေကာမူ စီးပွါးရေးမပြေလည်မှု အခြေနေဆိုးနှင့် အလုပ်လက်မဲ့ပြသနာများအပြင် လုပ်အားခ အလွန်နည်းပါးသော ကြောင်းရာနှင့် လူတန်းစားအမျိုးမျိုး ကွဲပြားခြားနားမှုတို့က ၄င်းတို့ ဘ၀ ရှင်သန်ရပ်တည်နေထိုင်ရေး အရ လိင်ဖျော်ဖြေရေးလုပ်ငန်းများအတွင်းသို့ ၀င်ရခြင်း ဖြစ်ရလေ၏။

Income in rural areas is earned by selling consumer goods and chai (illegal lottery tickets), trading, dress-making, mat-knotting, plant growing and rice harvesting. However there are large numbers of unemployed women, many of whom enter Thailand, China and other Asia region, illegally to find work in the fishing, construction and sex industries. Selling sex is culturally unacceptable in Burma, but due to deteriorating economic conditions, low wages and unemployment, women from different communities and classes have become sex workers in order to survive.

မြန်မာ အစိုးရမှ ဆင်နွဲလာသော စစ်မက်ဖြစ်ပွါးနေသည်ဒေသအတွင်းမှ အမျိုးသမီးများအဖို့မှာတော့ အတင်းအဓမ္မ အလုပ်စေခိုင်းခြင်း(ပေါ်တာ)၊ အကျဉ်းရုံး ကွပ်မြက်သတ်ဖြတ်ခြင်း၊ အကျိုးကြောင်းဆီလျော်မှုမရှိပဲ အတင်းကြပ်ဖမ်းဆီးခေါ်ဆောင်ခြင်း နှင့် အတင်းအဓမ္မ ဘလက်ကာယ မုဒိန်းကျင်ခြင်းတို့ ရင်ဆိုင်ရန် မ၀ံ့သာသောကြောင့် ၄င်းတို့နေထိုင်ရာ အိမ်များမှ ထွက်ပြေးကာ ထိုင်းနိုင်ငံသို့ တရားမ၀င် ပြေးဝင်ခိုလှုံလာခဲ့ကြရ၏။ သို့ကြောင့် အမျိုးသမီးများအဖို့ ကလိမ်ကျသော လူလိမ် လူလည်များ (အထူးသဖြင့် အခြား မိန်းမလည် လူကုန်ကူးသူများက) ထိုင်းနိုင်ငံတွင် လစာကောင်းသော အလုပ်များ ရရှိမည်ဟု အယုံသွင်း ခေါ်ဆောင်လှည့်ဖြားခြင်း ခံရကြလေ၏။ ထိုနောက် အတင်းအကြပ်ပင် အပြစ်ကင်းစင်သော အမျိုးသမီးများမှာ လိင်မှုဆက်ဆံဖျော်ဖြေရေးလုပ်ငန်းအတွင်းသို့ ထိုးသွင်းခြင်း ခံကြရကာ အဆုံးတွင် ၄င်းတို့အတွက် ခုခံအားကျဆင်းစေသော ရာဂါပိုး အေအိုင်ဒီအစ် ဝေဒနာသာ ကူးစက်ရရှိခံစားရသော နိဂုံးများဖြင့် အဖြေ ရလဒ် ဖြစ်စေခဲ့ရသည်။

Many women in the war conflict zone waged by Myanmar government have also fled their homes and illegally migrated to Thailand in the face of rape, arbitrary arrest, summary execution and forced labour. Women are deceived by (often female) traffickers into believing that they will have a good job in Thailand, but are then forced into prostitution, resulting in the massive spread of HIV/AIDS.

လိင်ဖျော်ဖြေရေးလုပ်ငန်း (ပြည့်တန်ဆာ)၏ မူရင်းရေသောက်မြစ်သည် အမျိုးသမီးတို့၏ အညီမျှခံစားပိုင်ခွင့်ရှိသော စီးပွါးရေးဆိုင်ရာအခွင့်ရေးများ လစ်ဟင်း ပိတ်ဆို့ခံရမှုနှင့် မိသားစု ဆင်းရဲနုံခြာ မပြေလည်မှုတို့ တိုက်ရိုက်ဆက်စပ်နေပြီး၊ ၄င်းအချင်းရာများအား အုပ်ချုပ်ခဲ့သော စစ်အစိုးရမှ (စီအီဒီ အေ ဒဗလျူ) ဆိုသော အမျိုးသမီးများအပေါ် ခွဲခြားဆန့်ကျင်သည့်အခြေနေများအားလုံး ကုကွယ်အထောက်ပံပေးဆောင်ရွက်ရေး နိုင်ငံတကာ သဘောတူစာချုပ်အား တဖက်လှည့် မျက်နှာလုပ်ကာ လက်မှရေးထို ပြထားခဲ့သေးသည်။
The root cause of prostitution is family poverty directly related to a lack of equal economic rights for women and is perpetuated by the military regime - the same regime which ratified by tricking to the Convention on the Elimination of All Forms of Discrimination against Women (CEDAW).

ထပ်မံ အတည်ပြုတင်ပြရသော်၊ ပြည်နယ်တိုင်းဆိုင်ရာ အာဏာပိုင်များနှင့် မြန်မာ စစ်ဘက်ဆိုင်ရာ အရာရှိများကိုယ်တိုင်ပင် လိင်ဖျော်ဖြေရေးလုပ်ငန်းနှင့် ပြည့်တန်စာ လုပ်ငန်းခွင်တို့တွင် တိုက်၇ိုက် ပတ်သက်နေလေသည်။မြန်မာနိုင်ငံအတွင်းမှာပင် လိင်ဖျော်ဖြေမှု လုပ်ငန်းသည် တရားမ၀င်သော လုပ်ငန်းတခုအဖြစ်ရှိနေသော်ငြား ပြည့်တန်ဆာလုပ်ငန်းပိုင်ရှင်များမှ သက်ဆိုင်ရာ အဏာပိုင်များနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအား လုပ်ငန်းဆောင်ရွက်ပိုင်ခွင်ွအတွက် လာဒ်ထိုးထားရပြီး အချို့အာဏာပိုင်များမှာ ၄င်းတို့ကိုယ်တိုင် ပြည့်တန်စာ လုပ်ငန်းများတွင် အချိုးကျအစုရှယ်ယာများ ပါဝင်ထည့်သွင်းလုပ်ကိုင်နေသည်ကို တွေ့ရသည်။ အချို့သော အခြေနေ ဖြစ်စဉ်များတွင် အာဏာပိုင်နှင့် စစ်ဘက်ဆိုင်ရာ အရာ၇ှိများကိုယ်တိုင်ပင် အပိုဝင်ငွေလုပ်ငန်းအဖြင့် ပြည့်တန်ဆာ လုပ်ငန်းအား ကမကထပြုကာ လုပ်ကိုင်နေကြလေ၏။

Additionally, state authorities and Burmese Army commanders are also involved in the sex trade and prostitution. Since the brothel business is illegal in Burma, brothel owners must pay bribes to authorities and army commanders for permission to operate or involve them as shareholders. In some cases, the authorities or army commanders also operate brothels for extra income.

ထိုင်းနိုင်ငံအတွင်း အများက သတိမပြုမိသော လိင်ဖျော်ဖြေမှုရောင်းဝယ်ရေးမှာ အမှန်တကယ် ထိုင်း အမျိုးသမီးများမဟုတ်ကြပဲ မြန်မာ ၊ ကမ်ဘောဒီးယား လာအို အစရှိသော နိုင်ငံများမှ အများဆုံးဖြစ်နေ၏။ ဆိုရပါသော် မြန်မာနိုင်ငံမှ အမျိုးသမီးများကို ဒေသတွင်း အာရှနိုင်ငံများတွင် များစွာ လိင်ဖျော်ဖြေရေး လုပ်ငန်းများထဲတွင် တွေ့ရှိရသည့်အပြင် ၄င်း၏ ပြည်တွင်းဒေသတလျောက်တွင်လဲ နာဂစ်မုန်တိုင်းကြီး၏ တိုက်ခတ်ဖျက်ဆီးခြင်း ဘေးဒဏ်အား ခံစားရပြီးနောက် ထိုးအခြေနေဆိုးမှ မြို့တော် ရန်ကုန်အပါဝင် လိင်ဖျော်ဖြေရေး လုပ်ငန်းများ အကြီးကျယ်တဟုန်ထိုးမြင့်တက်သွားလေသည်။

Most sex tourists in Thailand are unaware they may actually not be with a Thai woman at all... in fact, it's highly likely the woman may be from Myanmar (or Cambodia, Laos...). Burmese women can be found working in many countries in the Asia region, including domestically and it's reported that Nagis catastrophic typhoon has led to a huge increase of commercial sex workers in the capital Yangon.

ထိုင်းနိုငံအတွင်းမှ ပြည့်တန်ဆာလုပ်ငန်းသည် အခြေနေ ပုံစံတမျိုးသို့ အလှည့်ပြောင်းဖြစ်နေလေပြီ၊ အကြောင်းမှာ ပြည့်တန်ဆာလုပ်ငန်းများအား ထိုင်းအမျိုးသမီးများကိုယ်တိုင် ၀င်ရောက် လုပ်ကိုင် မှုအား ကန့်ကွက်ခြင်း အသိပညာပေးခြင်းနှင့် လူမှုရေးအသင်းဖွဲ့တို့၏ ဆော်သြဆောင်ရွက်မှုများကြောင့် နှစ်စဉ် ၄င်းလုပ်ငန်းတွင်းသို့ ထိုင်း သမီးပျိုများ ပါဝင်လာမှု လျော့ကျလာသည်။

Prostitution in Thailand is changing its face. Because of persistent
campaigning by the government as well as non-governmental organisations
(NGOs), each year fewer Thai girls enter the sex business.

ထိုင်းနိုင်ငံအတွင် တဖြေးဖြေးမြင့်မားလာသော လိင်ဈေးကွက်လိုအပ်ချက်အရ နိုင်ငံခြားမှ အမျိုးသမီးများအား အစားထိုး သွတ်သွင်းသော နည်းစနစ်အား လူကုန်ကူးသူများမှတဆင့် သဲသွင်းစေခဲ့သည်မှာ ထိုင်းအမျိုးသားများအဖို့ အသစ်ဆန်း လူမျိုးကွဲများအား မြည်းစမ်းလိုသော ဆန္ဒနှင့် ဈေးနုံန်းသက်သာပြီး အများပြား ရွေးချယ်ပျော်ပါးနိုင်သောကြောင့်ဖြစ်လေ၏၊ နိုင်ငံတကာ လိင်မှုဆိုင်ရာ လူကုန်ကူးမှု တာဆီးတိုက်ဖျက်ရေးသည် ကျမတို့၏ အိမ်နီးချင်းအိမ်ရှင်နိုင်ငံများအတွင်းသို့ပင် ၀င်ရောက်လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ကြောင်းအား လိင်မှုဆိုင်ရာ စောင်ကြည့်စာတန်းပြုစုနေသော ဒေါက်တာ ခရစ်တယာက ဘန်ကောက်ပို့သတင်းစာတွင် အတိလင်းရေးသားတင်ပြ အကြံပေးခဲ့ဘူးသည်။

To meet the steadily high demand, foreign girls, therefore, are recruited instead. This technique is becoming more popular among racketeers because of a
plentiful supply, a cheaper price, and Thai men's desire to try "something different".

"International trafficking of sex workers needs to encroach the borders and reaching into the home of our neighbors," said Dr Kritaya.

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးချုပ်နှောင်ခံရမှုမှ လွတ်လာပြီးနောက် နိုင်ငံရေးဆိုင်ရာ ဖိနှိပ်ချုပ်ကိုင်မှုနှင့် စီးပွါးရေး ဆိုင်ရာ အသက်ရှူမ၀ဖြစ်နေရသော အကြပ်တဲတို့ကြောင့် ထိုင်းနိုင်ငံတွင်းရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများအတွင်းလုပ်ကိုင်နေကြသော မြန်မာပြည်မှ အမျိုးသမီးများသည် မျှတသော စီးပွါးရေးဆိုင်ရာ အခွင့်လမ်းနှင့် နိုင်ငံရေးဆိုင်ရာ တရားမျှတမှုတို့အား ၄င်းတို့ခံစားကြရမည်ဟု အားတက်သရော အကြီးအကျယ်မျှော်လင့်နေခဲ့ကြသည်။ သို့သော်” ကျမတို့အနေဖြင့် အခြေခံလူတန်းစားဘ၀များအတွက် ဘာတခုမှ မယ်မယ်ရရ အပြောင်းလဲအား မတွေ့သေးပဲ အပေါ်ယံ မိတ်ကပ်လိမ်းထားသော ပြောင်းလဲမှုမျိုးလောက်သာ ရှိနေသေးပါတယ်” ဟု ထိုင်းနိုင်ငံ ပြည့်တန်ဆာ
လုပ်ငန်းတွင် လုပ်ကိုင်နေရသော မနု မှ ပြောဆိုပါကြောင်း တင်ပြလိုက်ရပါသည်။
After Aung San Suu Kyi was freed from her arrest, most of sex workers in Thailand because of economic crisis and political suppression on woman in their homeland eagerly expect to go back to their homes and to stand on equal political and economic rights. “We do not see transparent change for grass roots and it is changing on the surface as a cosmetic change”, said Ma Nu who is still working in a brothel house in Thailand.

ကျေးဇူးတင်ပါသည်။

ဂိုလ်ရှယ်လေး

တင်ပြထားသော ဆောင်းပါသည် နိုင်ငံတကာနှင့် လက်တွေ ဖြတ်သန်းနေရသူ အမျိုးသမီးတို့မှ ဖွင့်ဟ ၀န်ခံချက်များ အဖြစ်ပျက်များအား ကောက်နုတ်တင်ပြထားသော ခိုင်လုံသည့် သက်သေ အထောက်ထားများဖြစ်ပါသည်။

(တရုတ်နယ်စပ်မှ အကြွေပန်းများအကြောင်း စွန့်စား၇ိုက်ကူးထားသော ဓါတ်ပုံအထောက်ထားများနှင့် တိကျစွာ မကြာခင် တင်ပြပါဦးမည်) ကြိုက်သလောက်ရှယ်နိုင်ပါသည်။ စာရေးသူအားခရက်တစ်ပေးစေလိုပါသည်။

အမေရိကန်တွင် ကရင်နီအမျိုးသားနှစ်ဦး ဓါးထိုးအသတ်ခံရ

( ကော်သူလေ )

အမေရိကန်တွင် ကရင်နီအမျိုးသားနှစ်ဦး ဓါးထိုးအသတ်ခံရ အမေရိကန် Arizona ပြည်နယ်၊ Phoenix မြို့မှာ ကရင်နီအမျိုးသားတဦးရဲ့ အသုဘ အခမ်းအနားအတွက် ၀န်ပြုဆုတောင်းနေကြတဲ့ လူအုပ်ထဲမှနှစ်ဦး ဓါးထိုးခံရတဲ့အတွက် အလောင်းတွေကို ယမန်နေ့လည် ၁၂ ရီချိန်မှာ ရဲတွေက စစ်ဆေးဖို့ သယ်ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။

ဧပြီလ ၂၇ ရက်နေ့ညက ကရင်နီအမျိုးသား အယောက် ၄၀ ခန့်က မိမိတို့ရိုးရာ ယဉ်ကျေးမှုအရ ကျောက်ကပ်ရောဂါနဲ့ သေဆုံး သွားခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ခူးစိုင်းလောင်ရဲ့ အသုဘ အခမ်းအနားကို သူနေတဲ့ Central Phoenix apartment မှာပြုလုပ်နေကြစဉ် အပြင်ဘက်မှ အုပ်စုလိုက်ရန်ဖြစ်ပြီး Apartment ထဲသို့ ပြေးပုန်းသူတွေ ရှိခဲ့တဲ့အတွက် ယခုလို ဓါးထိုးခံခဲ့ရတာ ဖြစ်တယ်လို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိနေခဲ့တဲ့ ခူးဖရေရယ်က ပြောပါတယ်။

"ကရင်ကလေး၃ယောက်က… မက်စီကိုလား စပိတ်တွေနဲ့လားတော့မသိဘူး… လမ်းပေါ်မှာ သူတို့နဲ့ရန်ဖြစ်ကြတယ်… ကရင်ကလေးသုံးယောက်က ကျနော်တို့ရှိတဲ့နေရာကို အော်ပြီးပြေးတက်လာတယ်… ကျနော်တို့ကအထဲမှာ… အသုဘအတွက် လူငယ်တွေသီချင်း ဆိုပေးနေကြတာ… ဘယ်သူတွေဝင်လာလဲဆိုပြီး ထွက်ကြည့်ကြတယ်… ထွက်ကြည့်မိတော့ အဲ့ဒီလူတွေက ငါးယောက်ရှိတယ်… သူတို့လိုက်နေတဲ့သူကို သူတို့မမှတ်ဘူးထင်တယ်… အပြင်ဘက်မှာ မိန်းကလေး၂ယောက်နဲ့ ယောက်ကျားလေး ၃ သုံးယောက်က၀ိုင်းပြီး ထွက်ကြည့်တဲ့ကျနော်တို့လူကို ထိုးကြိတ်ကြတယ်။ ကျနော်တို့က တခါးကိုပိတ်ထားလိုက်တယ်။ ဖွင့်ထားရင် ကျနော်တို့လူတွေအထဲမှာ အများကြီးခံရမှာစိုးတယ်၊ ဖွင့်ပြီးထွက်ကြည့်မယ် ဆိုပြန်တော့လဲ ခဏနေ နင်ပါပါအသတ်ခံရမယ်လို့ ကျနော်တို့လူတွေပြောတော့ မထွက်ကြည့်ရဲဘူး။ ဒါကြောင့် အပြင်မှာခံနေတဲ့ကျနော်တို့ လူနှစ်ယောက်ပွဲချင်းပြီး သေသွားတယ်"

လူတစုရဲ့ဓါးထိုးမှုကြောင့် သေဆုံးခဲ့သူမှာ အသက် ၂၃ နှစ်အရွယ် ခူးကေးဖိုးဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် ခူးခါးရယ်တို့ ဖြစ်ကြပါတယ်။ ဓါးထိုးမှုဖြစ်ပွားပြီးနောက် ရဲအရာရှိတွေရဲ့ စုံစမ်းမေးမြန်းမှုနဲ့ စစ်ဆေးမှုတွေကို ကူညီနိုင်ဖို့အတွက် အသုဘလာသူ ကရင်နီအမျိုးသား ၄၀ဦးကို ရဲတွေက ခေတ္တထိမ်းသိမ်းထားပြီး ယမန်နေ့ နေ့လည်က ပြန်လွတ်ပေးလိုက်ကြပါတယ်။

အမေရိကန် Arizona ပြည်နယ်မှာ ယခုဆိုရင် ကရင်နီမိသားစုဝင် စုစုပေါင်း ၅၀၀ ခန့်ရှိပါတယ်။ ပြီးတဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်း ထိုင်းနိုင်ငံကရင်နီဒုက္ခသည်စခန်းကနေ တတိယနိုင်ငံ ခြေချနေထိုင်မှုအစီအစဉ်နဲ့ သွားရောက်အခြေချ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Written by ကန္တာရဝတီတိုင်း(မ်)

http://www.sawkyawkhwi.com/2013/04/blog-post_8325.html

NASA Probe Gets Close-Up Views of Large Hurricane on Saturn

04.26.13
The Rose The spinning vortex of Saturn's north polar storm resembles a deep red rose of giant proportions surrounded by green foliage in this false-color image from NASA's Cassini spacecraft. Measurements have sized the eye at a staggering 1,250 miles (2,000 kilometers) across with cloud speeds as fast as 330 miles per hour (150 meters per second). Image Credit: NASA/JPL-Caltech/SSI
› Full image and caption
› Browse version of image
Spring at the North Pole The north pole of Saturn, in the fresh light of spring, is revealed in this color image from NASA's Cassini spacecraft. Image Credit: NASA/JPL-Caltech/SSI
› Full image and caption
› Browse version of image
Enter the Vortex ... in Psychedelic Color This spectacular, vertigo inducing, false-color image from NASA's Cassini mission highlights the storms at Saturn's north pole. Image credit: NASA/JPL-Caltech/SSI
› Full image and caption
› Browse version of image
PASADENA, Calif. - NASA's Cassini spacecraft has provided scientists the first close-up, visible-light views of a behemoth hurricane swirling around Saturn's north pole.

In high-resolution pictures and video, scientists see the hurricane's eye is about 1,250 miles (2,000 kilometers) wide, 20 times larger than the average hurricane eye on Earth. Thin, bright clouds at the outer edge of the hurricane are traveling 330 mph(150 meters per second). The hurricane swirls inside a large, mysterious, six-sided weather pattern known as the hexagon.

"We did a double take when we saw this vortex because it looks so much like a hurricane on Earth," said Andrew Ingersoll, a Cassini imaging team member at the California Institute of Technology in Pasadena. "But there it is at Saturn, on a much larger scale, and it is somehow getting by on the small amounts of water vapor in Saturn's hydrogen atmosphere."

Scientists will be studying the hurricane to gain insight into hurricanes on Earth, which feed off warm ocean water. Although there is no body of water close to these clouds high in Saturn's atmosphere, learning how these Saturnian storms use water vapor could tell scientists more about how terrestrial hurricanes are generated and sustained.

Both a terrestrial hurricane and Saturn's north polar vortex have a central eye with no clouds or very low clouds. Other similar features include high clouds forming an eye wall, other high clouds spiraling around the eye, and a counter-clockwise spin in the northern hemisphere.

A major difference between the hurricanes is that the one on Saturn is much bigger than its counterparts on Earth and spins surprisingly fast. At Saturn, the wind in the eye wall blows more than four times faster than hurricane-force winds on Earth. Unlike terrestrial hurricanes, which tend to move, the Saturnian hurricane is locked onto the planet's north pole. On Earth, hurricanes tend to drift northward because of the forces acting on the fast swirls of wind as the planet rotates. The one on Saturn does not drift and is already as far north as it can be.

"The polar hurricane has nowhere else to go, and that's likely why it's stuck at the pole," said Kunio Sayanagi, a Cassini imaging team associate at Hampton University in Hampton, Va.

Scientists believe the massive storm has been churning for years. When Cassini arrived in the Saturn system in 2004, Saturn's north pole was dark because the planet was in the middle of its north polar winter. During that time, the Cassini spacecraft's composite infrared spectrometer and visual and infrared mapping spectrometer detected a great vortex, but a visible-light view had to wait for the passing of the equinox in August 2009. Only then did sunlight begin flooding Saturn's northern hemisphere. The view required a change in the angle of Cassini's orbits around Saturn so the spacecraft could see the poles.

"Such a stunning and mesmerizing view of the hurricane-like storm at the north pole is only possible because Cassini is on a sportier course, with orbits tilted to loop the spacecraft above and below Saturn's equatorial plane," said Scott Edgington, Cassini deputy project scientist at NASA's Jet Propulsion Laboratory in Pasadena, Calif. "You cannot see the polar regions very well from an equatorial orbit. Observing the planet from different vantage points reveals more about the cloud layers that cover the entirety of the planet."

Cassini changes its orbital inclination for such an observing campaign only once every few years. Because the spacecraft uses flybys of Saturn's moon Titan to change the angle of its orbit, the inclined trajectories require attentive oversight from navigators. The path requires careful planning years in advance and sticking very precisely to the planned itinerary to ensure enough propellant is available for the spacecraft to reach future planned orbits and encounters.

The Cassini-Huygens mission is a cooperative project of NASA, the European Space Agency and the Italian Space Agency. JPL, a division of the California Institute of Technology, Pasadena, manages the Cassini-Huygens mission for NASA's Science Mission Directorate in Washington. The Cassini orbiter and its two onboard cameras were designed, developed and assembled at JPL. The imaging team consists of scientists from the United States, the United Kingdom, France and Germany. The imaging operations center is based at the Space Science Institute in Boulder, Colo.

Images and two versions of a movie of the hurricane can be viewed online at: http://go.nasa.gov/17tmHzo .

For more information about Cassini and its mission, visit: http://www.nasa.gov/cassini and http://saturn.jpl.nasa.gov .Jia-Rui C. Cook 818-354-0850
Jet Propulsion Laboratory, Pasadena, Calif.
jccook@jpl.nasa.gov

Dwayne Brown 202-358-1726
NASA Headquarters, Washington
dwayne.c.brown@nasa.gov

2013-149

မျှစ်နဲ့ စွမ်းပကား လွန်ထူးခြား

မျှစ်နဲ့ စွမ်းပကား လွန်ထူးခြား
Tuesday, April 30, 2013

မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။
ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။
(၁) အစာခြေစနစ်ကျန်းမာ

ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါ တယ်။
(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၃) ပိုးသတ် အာနိသင်ရှိခြင်း

မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။
(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း

မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။
(၅) မကောင်းသော အဆီကို ကျစေခြင်း

မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါ တယ်။
(၆) ဝမ်းမှန်မှန်သွားစေခြင်း

မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုက ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ် ပမာဏကို ရရှိစေပါတယ်။
(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း

မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေပါတယ်။

(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း

ရိုးရာ ဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။
(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း

မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။
(၁၀) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း

လိပ်ခေါင်းက သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့က ဆိုပါတယ်။

မြ၀တီ

ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်

ရခိုင်ကမ်းဝေ ငါးဖမ်းခွင့်ကို ဇွန်လ တစ်ရက်နေ့မှ စတင်ပြီး Closing Season အဖြစ်သတ်မှတ်ကာ ရက်ပေါင်း (၄၅) ရက် တိတိ ပိတ်ထားမည်ဟု ငါးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
Fishing-Boat-Arakan
“ ဇွန်လ ၁ ရက်နေ့ ကနေ ဇူလိုင်လ ၁၅ ရက်နေ့ထိ ပိတ်မှာပါ။ ကျွန်တော်တို့ ၃လ  တောင်းဆိုထားတာကို တစ်လခွဲဘဲ ဗဟို အစိုးရက သတ်မှတ်ပေးပါတယ်” ဟု ဆိုသည်။
ယခု ပင်လယ်ပြင် ငါးဖမ်းခွင့် ပိတ်ရခြင်းမှာ ငါးမျိုး မပြုန်းတီးရေနှင့် ငါးများ ရှင်သန်ကျက်စားမူ တိုးလာရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။
“ အခု သတ်မှတ်ချက်က ကမ်းနီး မပါဝင်ပါဘူး။ ဒါကြောင့် ဒေသအတွင်းက ငါးဖမ်းသမားတွေ အတွက် မထိခိုက်နိုင်ပါဘူး။ အခု ကမ်းဝေး ပင်လယ်ပြင်မှာ ဖမ်းနေတဲ့ ကုမ္ပဏီကြီးတွေနဲ့ နိုင်ငံခြား ကုမ္ပဏီ အတွက် တားမြစ်ထားတာပါ” ဟု ဆိုသည်။
ယခုကဲ့သို့ ကမ်းဝေး ငါးဖမ်းခွင့်အား ယာယီ ပိတ်ထားမည့် အစီစဉ်ကို ရခိုင် ကမ်းရိုးတန်းတွင်သာမက ဧရာဝတီ၊ မွန်နှင့် တနင်္သာရီတို့တွင်ပါ ပြုလုပ်သွားမည်ဟု သိရသည်။
ရခိုင်ပင်လယ်ပြင်သည် ကျောက်ဆောင်များ ပေါများပြီး ငါးများခိုအောင်းရန် သန္တာကျောက်တန်းများကြောင့် ငါးပေါများကြောင်း သိရသည်။ သို့သော် ရခိုင်ပင်လယ်ပြင်တွင် အမျိုးအမည်မသိသော ငါးဖမ်း သင်္ဘောများဖြင့် နေ့စဉ် ၀င်ရောက် ဖမ်းဆီးနေသဖြင့် ငါးများမှာ တဖြည်းဖြည်းနှင့် ရှားပါးလာသည်ဟု သိရသည်။

တရုတ်ကုမ္ပဏီတွေ ပွင့်လင်းမြင်သာရေး ကွန်မြူနစ်ပါတီ သတိပေးတော့မည်

တရုတ်ကုမ္ပဏီတွေ ပွင့်လင်းမြင်သာရေး ကွန်မြူနစ်ပါတီ သတိပေးတော့မည်

မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်မယ့် တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး မထိခိုက်အောင်ဆောင်ရွက်ဖို့ သက်ဆိုင်ရာကုမ္ပဏီတွေကို သတိပေးပြောကြားမယ်လို့ တရုတ်ပြည်ကွန်မြူနစ်ပါတီ အကြီးအကဲတွေက မြန်မာနိုင်ငံရေးပါတီ ၅ ခုက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ကတိပေးပြောကြားခဲ့ပါတယ်။

နိုင်ငံရေးပါတီ ၅ ခုဟာ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ ပြီးခဲ့တဲ့ဧပြီလ ၂၀ ရက်နေ့က ကူမင်း၊ ယူနန်တို့ကို နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ၁၀ ရက်တာလေ့လာရေးခရီး သွားရောက်ခဲ့တာဖြစ်ပါတယ်။
ခရီးစဉ်မှာပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တာတွေကို RFA ကို အခုလို ပြောပါတယ်။

"ပြည်သူတွေကြားထဲမှာ ပွင့်လင်းမြင်သာတဲ့အခါမျိုးတွေဖြစ်အောင် လုပ်ဖို့လိုကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းပြောပြပါတယ်၊ လုပ်ငန်းတွေမလုပ်ခင်မှာပဲလာပြီးတော့ ဒေသခံပြည်သူတွေနဲ့  ဘာတွေလုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောပြဖို့၊ နောက် ဘယ်လိုလုပ်မယ်ဆိုတာကိုလည်း လျှိ့ဝှက်တဲ့ပုံစံမဟုတ်ပဲနဲ့ ပွင့်ပွင့်လင်းလင်း မြင်သာထင်သာစွာနဲ့ ပြည်သူကိုချဉ်းကပ်ပြီးတော့ ကြိုတင်ပြီးတော့ ပြည်သူတွေရဲ့ လုပ်ငန်းကိုင်ငန်း လက်ငုပ်လက်ရင်းတွေကို ဘယ်လိုကြည့်ပေးမယ်ဆိုတဲ့ အစီအမံတွေပါပါဖို့ တင်ပြခဲ့ပါတယ်၊ သူတို့ကလည်း လက်ခံပါတယ်၊ သူတို့ဘက်ကလည်း သက်ဆိုင်ရာကုမ္ပဏီတွေကို စည်းကမ်းရှိရှိနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးကို မထိခိုက်အောင်လုပ်ဖို့ ပြောပြပေးပါမယ်လို့ ကတိပေးသွားပါတယ်"

တိုင်းရင်းသားဒေသတွေမှာ တရုတ်စီမံကိန်းအများစုက အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အခုလို တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံရေးခေါင်းဆောင်တွေ ထိတွေ့တာဟာ ကောင်းတဲ့အလားအလာဖြစ်တယ်လို့လည်း သူကသုံးသပ်ပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကို မထိခိုက်စေဖို့ စီမံကိန်းဖော်ဆောင်ရာ ဒေသခံတွေကို မှန်ကန်တဲ့နစ်နာကြေးတွေပေးဖို့ လိုအပ်တဲ့အကြောင်း ထောက်ပြခဲ့တယ်လို့လည်းဆိုပါတယ်။

မြန်မာ့နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တွေက တရုတ်ပြည် ကွန်မြူနစ်ပါတီ အကြီးအကဲတွေနဲ့ ခရီးစဉ်အတွင်းမှာ တွေ့ဆုံခဲ့ကြတာပါ။

တရုတ်ထံမှ စစ်သုံး ရဟတ်ယာဉ်များ “ဝ” ရရှိ

တရုတ်ထံမှ စစ်သုံး ရဟတ်ယာဉ်များ “ဝ” ရရှိ
လင်းသန့်| April 30, 2013
ဧရာဝတီ

(ဓာတ်ပုံ – China Defense blog)

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သို့ လက်နက် တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပေးပို့ခဲ့ကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ Janes Intelligence Review မဂ္ဂဇင်းက ဖော်ပြလိုက်သည်။

UWSA အဖွဲ့သည် ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံမှ လက်နက်တပ်ဆင်ထားသည့် စွမ်းဆောင်ရည်မြင့် ကာကွယ်ရေးပစ္စည်းများ အကူအညီရခဲ့ကြောင်း၊ UWSA က လက်နက် အမြန်တပ်ဆင်ရေး နောက်ဆုံး ကြိုးပမ်းမှု အစီအစဉ်တခုလည်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသည့် Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို ဖေဖော်ဝါရီ လကုန်ပိုင်းနှင့် မတ်လဆန်းက UWSA သို့ လွှဲပြောင်းပေးခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် မြန်မာ အစိုးရ သတင်းရင်းမြစ်များကို ကိုးကားပြီး အဆိုပါမဂ္ဂဇင်းက ရေးသားထားသည်။

Mi-17 အမျိုးအစား ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံမှ တိုက်ရိုက်ရောက်ရှိလာခဲ့ခြင်း မဟုတ်ဘဲ လာအိုနိုင်ငံမှတဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ “၀” တိုင်းရင်းသား ထိန်းချုပ်နယ်မြေသို့ ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ပေးပို့လိုက်သော ရဟတ်ယာဉ်မှာ ၅ စီးဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာအစိုးရ သတင်းရင်းမြစ်တခု၏ အတည်ပြုချက်အရ UWSA ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာသည့် ရဟတ်ယာဉ်မှာ ၂ စီးသာဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင် သတင်းရင်းမြစ်တခုအား ကိုးကားချက်အရ Mi-17 ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံလုပ် TY-90 အမျိုးအစား တာတို ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားကြသည်ဟု ဆိုသည်။

အဆိုပါ သတင်းမှန်ကန်ပါက TY-90 အမျိုးအစား ဒုံးကျည်သည် မကြာသေးခင်က ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးခဲ့သော Mi-24P Hind အမျိုးအစား တိုက်လေယာဉ်များကို ထိရောက်စွာ ဟန့်တားနိုင်မည်ဟု သိရှိရသည်။ အဆိုပါ Mi-24P Hind တိုက်လေယာဉ်များကို မကြာသေးမီက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲများတွင် မြန်မာအစိုးရ တပ်မတော်က အသုံးပြုခဲ့သည်။

UWSA အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် တလျှောက် နယ်မြေတခုကို ထိန်းချုပ်ထားပြီး ယခုအခါ မြန်မာ့တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားမှုသည်လည်း အထိအခိုက် မခံသည့် အခြေအနေတွင် ရှိသည်။

စစ်သုံး ရဟတ်ယာဉ်များ တရုတ်ထံမှ မရဟု “ဝ” ငြင်းဆို

Tuesday, April 30, 2013

လက်နက် တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ တရုတ်နိုင်ငံက ပေးပို့ခဲ့သည်ဆိုခြင်းကို “၀” ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) က အခြေအမြစ်မရှိသည့် သတင်းဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။

တရုတ်နိုင်ငံက TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသည့် Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို ဖေဖော်ဝါရီလ ကုန်ပိုင်းနှင့် မတ်လဆန်းက UWSA အဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နှင့် မြန်မာအစိုးရ သတင်းရင်းမြစ်တခုကို ကိုးကား၍ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ Jane’s Intelligence Review က ဖော်ပြခဲ့သည်။

“မဟုတ်မမှန် လုပ်ကြံတဲ့ သတင်းတွေပဲလို့ ယူဆပါတယ်၊ ကျနော်တို့ကို ရဟတ်ယာဉ် ပေးတယ်တို့ ဘာတို့ ညာတို့။ ရဟတ်ယာဉ်ပေးတော့ ဘယ်သူက လာမောင်းမှာလဲ၊ ကျနော်တို့ဆီက ဘယ်သူက မောင်းတတ်မှာလဲ၊ ဘယ်အဖွဲ့အစည်းက သွားမောင်းမလဲ” ဟု UWSA အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။

Mi-17 အမျိုးအစား ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံမှ တိုက်ရိုက်ရောက်ရှိလာခဲ့ခြင်း မဟုတ်ဘဲ လာအိုနိုင်ငံမှ တဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ UWSA ထိန်းချုပ်နယ်မြေသို့ ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ပေးပို့ လိုက်သော ရဟတ်ယာဉ်မှာ ၅ စီးဟု ဆိုသော်လည်း မြန်မာအစိုးရ သတင်းရင်းမြစ်တခု၏ အတည်ပြုချက် အရ UWSA ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာသည့် ရဟတ်ယာဉ်မှာ ၂ စီးသာဖြစ်ကြောင်း အဆိုပါ Jane’s Intelligence Review ၏ သတင်းတွင် ဖော်ပြထားသည်။

သို့သော် မြန်မာ့အရေး ကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတေးလ် လစ်တနာကမူ Jane’s Intelligence Review ပါ သတင်းဖော်ပြချက်သည် မှန်ကန်နိုင်သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။

မြန်မာစစ်တပ်၏ စစ်ရေးအမြင်အရ UWSA အဖွဲ့ကို ပစ်ခတ်နိုင်သည့် အနေအထားသို့ ရောက်နိုင်ရန်အတွက် ယခုအခါ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အား ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ဦးအောင်မြင့်ကမူ ယခုအခါ ၎င်းတို့၏ UWSA အနေဖြင့် ဒေသတွင်း၌ ဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကိုသာ လုပ်ဆောင်နေကြောင်း ပြောသည်။

“ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ပဲလေ” ဟု သူက ဆိုသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလက မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘာတူညီမှု ပြန်လည် လုပ်ဆောင်ခဲ့သည့် UWSA အဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားအကြီးဆုံး အဖွဲ့တခုဖြစ်ပြီး ခန့်မှန်းခြေ စစ်သည်အင်အား ၂ သောင်းကျော်ရှိ၍ တရုတ်-မြန်မာ နယ်စပ် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ရှမ်းပြည် အရှေ့မြောက်ဒေသ ပန်ဆိုင်းတွင် ဌာနချုပ်ထားရှိသည်။

လေ့လာသူများ အဆိုအရ UWSA အဖွဲ့သည် မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် ဆက်နွှယ်မှုရှိခဲ့ပြီး မြန်မာနှင့် အိမ်နီးချင်း နိုင်ငံများတွင် စီးပွားရေးလုပ်ငန်း များစွာ ပိုင်ဆိုင်ကာ ငွေကြေးကြွယ်ဝသည်ဟု ဆိုကြသည်။

UWSA ကမူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထောက်ခံထားပြီး မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဦးအောင်ကျော်ဇောကမူ အစိုးရ စစ်တပ်အနေဖြင့် SSA မြောက်ပိုင်း၏ တောင်ပေါ် အခြေစိုက် စခန်းများကို ရယူလိုနေသည်မှာ UWSA ကို တိုက်ခိုက်လိုသည့် လက္ခဏာဖြစ်ကြောင်း၊ အကယ်၍ UWSA အဖွဲ့အား အစိုးရစစ်တပ်က စစ်ဆင်ခဲ့လျှင် UWSA အနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် စစ်ရေးပြင်ဆင်မှုများ ရှိကောင်းရှိနိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ရှမ်း (မြောက်) SSA- N နဲ့ အစိုးရနဲ့ အပစ်အခတ် (ရပ်စဲရေး) ယူပြီးကတည်းက စစ်တပ်က သူတို့ ဘယ်တပ်မှ ရုပ်သိမ်း မသွားသေးတဲ့ အပြင် တပ်အင်အားပါ တိုးချဲ့ခဲ့တယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဒီတော့ ၀ တပ်ဖွဲ့ဘက်ကလည်း ပြင်ဆင်မှုတွေ လုပ်ချင်တာပေါ့” ဟု သူက ဆိုသည်။

တရုတ်နိုင်ငံက UWSA အား တိုက်ခိုက်ရေး ရဟတ်ယာဉ်ပေးသည် ဆိုသည့်သတင်း ထွက်ပေါ်လာချိန်သည် SSA မြောက်ပိုင်းနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း UWSA ပြောခွင့်ရ ဦးအောင်မြင့်က ယခုကဲ့သို့ အပစ်အခတ် ရပ်စဲရေး ပြောဆိုထားပြီးမှ တိုက်ပွဲများ ပြန်လည်ဖြစ်သည်မှာ မဖြစ်သင့်ကြောင်း ပြောသည်။

“ဒါကတော့ မကောင်းဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေး ယူပြီးမှ ဒီလိုဖြစ်နေတာ ဒါ ဘယ်ဖြစ်သင့်မလဲ” ဟု သူက ဆိုသည်။

“၀” ခေါင်းဆောင်များနှင့် နီးစပ်သူလည်းဖြစ်သူ ဦးအောင်ကျော်ဇောက ရဟတ်ယာဉ်များ အပါအ၀င် ၄င်းတို့၏ စစ်တပ်တွင် ပို၍ ခေတ်မီသည့် လက်နက်များ လိုအပ်ကြောင်းနှင့် “၀” ဒေသအား အားကောင်းစေလိုသည်ဟု “၀” ခေါင်းဆောင်များက ၄င်းအား ပြောဆိုခဲ့ဖူးကြောင်း ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက် ၂၀၁၂ အောက်တိုဘာလ အစောပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် “၀” ပြည် သွေးစည်ညီညွတ်ရေး အဖွဲ့ (UWSA) ဒု ဥက္ကဋ္ဌ ရှောက်မီလျံနှင့် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကြိဂံတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ယခင်က တာဝန်ယူခဲ့ဖူးသည်။

ထိုစဉ်က တွေ့ဆုံမှုသည် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့ပြီး ကချင်နှင့် တိုက်ပွဲများအပြီး UWSA နှင့်လည်း တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ထိုစဉ်က သတင်းများထွက် ပေါ်ခဲ့သေးသည်။

အစိုးရတပ်က ထိုးစစ်ဆင်နိုင်ခြေ ရှိမရှိနှင့် ပတ်သက်၍ ဦးအောင်မြင့်က “ကျနော်တို့ ပြောသံလေးတော့ ကြားတယ်။ ဒါကတော့ အခြေအနေဆိုတာ အပြတ်လည်းပြောလို့ မရဘူးလေ။ ဒါပေမယ့် ဒီကိစ္စက ဒီလို ဖြစ်မယ်၊ မဖြစ်ဘူး၊ ဒါ ဘယ်သူမှ ဒီလိုပါဆိုပြီး ပြောလို့ ရတာမှ မဟုတ်ပဲ” ဟု သူက ဆိုသည်။

UWSA သို့ စစ်လက်နက်များ ရောင်းချပေးသည်ဟူသော စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက ငြင်းဆိုခဲ့သေးသည်။ ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းက တရုတ်လုပ် PTL02 ဘီးတပ် တင့်ကားများ UWSA က ရရှိခဲ့ကြောင်း Jane’s Intelligence Review ၏ သတင်းရေးသားချက်ကို တရုတ်သံရုံး က ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ

Mi-17 အမျိုးအစား ရဟတ်ယာဉ်တွင် TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျဉ်လက်နက် တပ်ဆင်ထားစဉ် (ဓာတ်ပုံ – wiki.livedoor.jp)

မြန်မာတိုင်းရင်းသား ၁၃၅ မျိုး

မြန်မာတိုင်းရင်းသား ၁၃၅ မျိုး
++++++++++++++++

ကျွန်တော်တော့ မြန်မာနိုင်ငံသားဖြစ်ပြီးတော့ မြန်မာလူမျိုး (၁၃၅) မျိုးရှိတယ်လို့ပဲ သိထားတာ။ ဘာလူမျိုးတွေလဲ ပြောပြပါ့လားဆိုရင်ပြောပြနိုင်ဘူး ။ အဲလိုမျိုးမသိသေးသော သူများအတွက် ဖော်ပြလိုက်ပါတယ် ။

မြန်မာတိုင်းရင်းသားလူမျိုး
အဓိက ကတော့ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှုမ်း ၊ ဆိုပြီး ( ၈ မျိုး ) ရှိပါတယ် ။

(ကချင်မှာ လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိပါတယ်။)
(၁) ကချင် Kachin
(၂) တရုမ်းTaron Taron
(၃) ဒလောင် Dalaung
(၄) ဂျိန်းဖော Jinghpaw
(၅) ဂေါ်ရီ Guari
(၆) ခခူ Hkahku
(၇) ဒူးလန်း Duleng
(၈) မရူ (လော်ဝေါ်) Maru (Lawgore)
(9) ရ၀မ် Rawang
(၁၀) လရှီ (လချိတ်) Lashi (La Chit)
(၁၁) အဇီး Atsi
(၁၂) လီဆူး Lisu

(ကယားမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိပါတယ်။)
(၁၃) ကယား Kayah
(၁၄) ဇယိမ်း Zayein
(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)
(၁၆) ကဲ့ခို Gheko
(၁၇) ဂေဘား Kebar
(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)
(၁၉) မနုမနော Manu Manaw
(၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော် Yin $%#w

(ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိပါတယ်)
(၂၂) ကရင် Kayin
(၂၃)ကရင်ဖြူ Kayinpyu
(၂၄) ပလေကီး Pa-Le-Chi
(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စကော Sgaw
(၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး Paku
(၂၉) ဘွဲ Bwe
(၃၀) မော်နေပွား Monnepwa
(၃၁) မိုးပွား Monpwa
(၃၂) ရှူး (ပိုး) Shu (Pwo)

(ချင်းမှာ လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိပါတယ် ။)
(၃၃) ချင်း (ဇိုမီး) Chin (Zomi)
(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)
(၃၅) ဆလိုင်း Saline
(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)
(၃၇) ခမီ Khami
(၃၈) အ၀ခမီ Awa Khami
(၃၉) ခေါနိုး Khawno
(၄၀) ခေါင်စို Kaungso
(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin
(၄၂) ခွာဆင်းမ် Kwelshin
(၄၃) ခွန်လီ (ဆင်) Kwangli (Sim)
(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)
(၄၅) ဂွေးတဲ Gwete
(၄၆) ငွန်း Ngorn
(၄၇) ဆီစာန် Zizan
(၄၈) ဆင်တန် Sentang
(၄၉) ဆိုင်းဇန် Saing Zan
(၅၀) ဇာဟောင် Za-How
(၅၁) ဇိုတုံး Zotung
(၅၂) ဇိုဖေ Zo-Pe
(၅၃) ဇို Zo
(၅၄) ဇန်ညှပ် Zahnyet (Zanniet)
(၅၅) တပေါင်Tapong
(၅၆) တီးတိန် Tiddim (Hai-Dim)
(၅၇) တေဇန် Tay-Zan
(၅၈) တိုင်ချွန်း Taishon
(၅၉) သဒို Thado
(၆၀) တောရ် Torr
(၆၁) ဒမ် Dim
(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)
(၆၃) နာဂ Naga
(၆၄) Tanghkul
(၆၅) Malin
(၆၆) Panun
(၆၇) Magun
(၆၈) Matu
(၆၉) Miram (Mara)
(၇၀) Mi-er
(၇၁) Mgan
(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)
(၇၃) Laymyo
(၇၄) Lyente
(၇၅) လောက်တူ Lawhtu
(၇၆) လိုင် Lai
(၇၇) လိုင်ဇို Laizao
(၇၈) ၀ါကင်းမ် Wakim (Mro)
(၇၉) Haulngo
(၈၀) အနူး Anu
(၈၁) အနန် Anun
(၈၂) Oo-Pu
(၈၃) လင်းဘု Lhinbu
(၈၄) အရှိုAsho (Plain)
(၈၅) Rongtu

(ဗမာမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိတယ်။)
(၈၆) ဗမာ Bamar
(၈၇) ထားဝယ် Dawei
(၈၈) မြိတ် Beik
(၈၉) ယော Yaw
(၉၀) ယဗိန်း Yabein
(၉၁) ကဒူး Kadu
(၉၂) ကနန်း Ganan
(၉၃) ဆလုံ Salon
(၉၄) ဖွန် Hpon

(မွန်မှာ လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိပါတယ်။)
(၉၅) မွန်

ခိုင်မှာ လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိပါတယ်။
(၉၆) ရခိုင် Rakhine
(၉၇) ကမန်လူမျိုး Kamein
(၉၈) ခမွီး Kwe Myi
(၉၉) ဒိုင်းနက် Daingnet
(၁၀၀) မရမာကြီး Maramagyi
(၁၀၁) မြို Mro
(၁၀၂) သက် Thet

(ရှမ်းမှာ လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိပါတယ်)
(၁၀၃) ရှမ်း Shan
(၁၀၄) ယွန်း (လော) Yun (Lao)
(၁၀၅) ကြီ Kwi
(၁၀၆) ဖျင် Pyin
(၁၀၇) ယောင် Yao
(၁၀၈) ဓနော Danaw
(၁၀၉) ပလေး Pale
(၁၁၀) အင် Eng
(၁၁၁) စုံ Son
(၁၁၂) ခမူ Khamu
(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)
(၁၁၄) ကိုးကန့် Kokant
(၁၁၅) ခန္တီးရှမ်း Khamti Shan
(၁၁၆) ဂုံရှမ်း Hkun
(၁၁၇) တောင်ရိုး Taungyo
(၁၁၈) ဓနု Danu
(၁၁၉) ပလောင် Palaung
(၁၂၀) မြောင်ဇီး Man Zi
(၁၂၁) ယင်းကျား Yin Kya
(၁၂၂) ယင်းနက် Yin Net
(၁၂၃) ရှမ်းကလေး Shan Gale
(၁၂၄) ရှမ်းကြီး Shan Gyi
(၁၂၅) လားဟူ Lahu
(၁၂၆) အင်းသား Intha
(၁၂၇) အိုက်ဆွယ် Eik-swair
(၁၂၈) ပအိုဝ်း Pa-O
(၁၂၉) တိုင်းလွယ် Tai-Loi
(၁၃၀) တိုင်းလျမ် Tai-Lem
(၁၃၁) တိုင်းလုံ Tai-Lon
(၁၃၂) တိုင်းလေ့ Tai-Lay
(၁၃၃) မိုင်းသာ Maingtha
(၁၃၄) မောရှမ်း Maw Shan
(၁၃၅)၀ Wa

Sanay Htun

ဥက္ကံမြို့ အခြေအနေ

(ဧပြီ ၃ဝ)
ဒီကနေ့ဧပြီလ ၃ဝ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅ဝ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။ အခုလို ပဋိပက္ခတွေဖြစ်ပွားခဲ့တာကြောင့် ဒေသတည်ငြိမ်အေးချမ်းမှုရှိစေဖို့ ဧပြီလ ၃ဝ ရက်နေ့ ညနေ ၅ နာရီကစတင်လို့ ဥက္ကံမြို့ကို ပုဒ်မ (၁၈၈) အမိန့်ထုတ်ပြန်လိုက်ကြောင်း ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူးက လိုက်လံကြေငြာနေပါတယ်။ ဥက္ကံမြို့ဒေသ ပြန်လည်တည်ငြိမ်းအေးချမ်းမှုရှိစေဖို့အတွက် ရန်ကုန်တိုင်းရဲမှူးကြီး သူရဝင်းနိုင်က လုံခြုံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်မှုတွေပြုလုပ်နေပြီး ဒေသခံတပ်ရင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အလားတူ ဥက္ကံမြို့ပတ်ဝန်းကျင်က မြို့နယ်တွေကိုလည်း တည်ငြိမ်မှုရှိစေဖို့အတွက် ရန်ကုန်တိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်တွေသွားရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ photo: RFA/ Moe Thu Aung, Kyaw Zawe Win
By: RFA Burmese
ဥက္ကံအခြေအနေ ထိန်းသိမ်းနိုင်ပြီဖြစ်
Tuesday, April 30, 2013

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိတဲ့ ကနဦးသတင်းများအရ ဥက္ကံမြို့မှာ ဆွမ်းခံတဲ့ ကိုရင်နဲ့ အမျိုးသမီး တစ်ဦး တိုက်မိပြီး သပိတ်လွတ်ကျတဲ့ဖြစ်စဉ်က အစပြုကာ ဒီနေ့ နေ့လည် တစ်နာရီကျော်မှာ ဗလီနဲ့ အနီးက ဆိုင်ခန်းအချို့ကို တိုက်ခိုက်မှုပြုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က သေနတ်ပစ်ဖောက် လူစုခွဲ ခဲ့ရကြောင်းသိရပါတယ်။ ညနေသုံးနာရီကျော်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနဲ့ လုံခြုံရေးတပ်ဖွဲ့များလည်း ရောက်ရှိသွားပြီလို့ သိရှိရပါတယ်။
ဆိုင်ခန်းအချို့ ပျက်စီးပြီး ဗလီက မှန်အချို့ကွဲသွားကြောင်း၊ မီးလောင်ပျက်စီးမှုမရှိကြောင်းသိရပါတယ်။

အခြေအနေအသေးစိတ်သိရှိရပါက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန် ပေးပါ့မယ်။

Aussino ရဲ့ ရှယ်ယာတွေ ဈေးထိုးကျ

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖွယ်မရှိဟု အာဏာရပါတီပြောကြား

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖွယ်မရှိဟု အာဏာရပါတီပြောကြား

ဘာသာပြန်

မြန်မာနိုင်ငံတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်းနှင့် သို့ဖြစ်၍ သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း အာဏာရပါတီ ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်ပါသည်။

၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင် ရရှိကာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်နေပြီ ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်နိုင်ငံရေး လှုပ်ရှားခွင့်ပြုခြင်းအပါအဝင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တစ်သီတစ်တန်းလုပ်ဆောင်ခဲ့ခြင်းကြောင့် International Crisis Group က ချီးမြှင့်သော ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆုကို မကြာသေးမှီက လက်ခံရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာအောင် လမ်းရှင်းပေးရန် အစီအစဉ်မရှိဟု ယခုပြောကြားသူမှာ ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဖြစ်ပါသည်။

“ကျွန်တော်တို့ ပါတီကတော့ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ အခုထိမစဉ်းစားရသေးပါဘူး”ဟု ၎င်းက ထိုင်း အခြေစိုက် မြန်မာသတင်းဌာနသို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှလူမျိုး မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုကာ ထွန်းကားခဲ့သော သားနှစ်ဦး စလုံးမှာ ဗြိတိန်နိုင်ငံသား ခံယူထားသောကြောင့် အခြေခံဥပဒေပါ စည်းကမ်းချက်အရ သမ္မတလောင်းစာရင်းဝင်ရန် အဟန့် အတားဖြစ်နေပါသည်။

NLD ပါတီ ဝါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားဝင်ယှဉ်ပြိုင်ခွင့် ရသည့်တိုင်အောင် သမ္မတနေရာအတွက် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရလိမ့်မည်ဟု သုံးသပ်ပြောကြား ထားသည်။

“လွှတ်တော်ထဲကပြိုင်ဖက်တွေက ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် ပြင်းပြင်းထန်ထန်တားဆီးဖို့ကြိုးစား ကြပါလိမ့်မယ်”ဟု ၎င်းကမှတ်ချက်ပေးသည်။

သမ္မတကိုယ်စား ငြိမ်းချမ်းရေးဆုလက်ခံယူသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးပွဲဝင်ခွင့်ရအောင် အခြေခံဥပဒေကို ပြန်လည်သုံးသပ်မည်ဟု ထုတ်ဖော်ပြောဆိုထားချိန်တွင် ယခုကဲ့သို့ ပြည်ခိုင်ဖြိုး ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဋ္ဌေးဦး၏ မှတ်ချက်ထွက်ပေါ် လာခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ အကဲခတ်များကမူ “ဦးဋ္ဌေးဦး၏မှတ်ချက်မှာ ကျားကွက်တစ်ခုမျှသာဖြစ်ပြီး၊ နောက်ကွယ်မှ ဦးသန်းရွှေ၏ ကစားကွက် မဟာဗျူဟာကသာ ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း” သုံးသပ် ပြောဆိုထားကြသည်။

@[100003042120084:2048:Yangon Chronicle]Chronicle 

(UOI မှ 26 April 2013 ရက်စွဲပါ “Suu Kyi won’t be President ruling party says” သတင်းကို ဘာသာပြန် ဆိုပါသည်။)

Yangon ChronicleChronicle

(UOI မှ 26 April 2013 ရက်စွဲပါ “Suu Kyi won’t be President ruling party says” သတင်းကို ဘာသာပြန် ဆိုပါသည်။)
ကျမတို့ခေတ်မှာကျမတို့ကုသိုလ်ကံကြောင့်မို့လို့
ဒီတိုင်းပြည် ပြည်သူလူထုကိုအကြောက်တရားကနေပြီးတော့
လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့အခွင့်အရေးတွေ ရလာတယ်။ 
ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံပါနဲ့။
ဒီလိုပြည်ထောင်စုအသစ်တည်ထောင်ဖို့
အခွင့်အရေးတွေကို လက်လွှတ်လိုက်ရင် 
ကျမတို့ဟာ သမိုင်းပေးတာဝန်မကျေပွန်သူတွေအဖြစ် 
သမိုင်းမှာ အင်မတန်မှ အပြစ်တင်စရာဖြစ်မှာပဲ။

 (အဖွဲ့ချုပ်ရုံး၊ မအူပင်၊ ၁၄-၁-၈၉)

ရိုဟင်ဂျာဆိုတာ ဦးရာရှစ်ပေးတဲ့နာမည်(သခင်ချန်ထွန်း)

ရိုဟင်ဂျာဆိုတာ ဦးရာရှစ်ပေးတဲ့နာမည်(သခင်ချန်ထွန်း)
===============================
Tuesday, November 6, 2012 ၌ ရခိုင်ပြည်နယ်က ပဋိပက္ခအခြေအနေနဲ့ စပ်လျဉ်းလို့ သခင်ချန်ထွန်းကို မေးမြန်းထားချက်များကို ဗဟုသုတအနေနဲ့ ပြန်မျှဝေပေးလိုက်ပါသည်။

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်တပ် ထားသင့်တယ်
- သခင်ချန်ထွန်း

ရခိုင်ပြည်နယ်ပဋိပက္ခမှာ အစိုးရက လုံခြုံရေး တိုးမြှင့် ချထားပြီး ထိန်းချုပ်နေတာကို ထောက် ခံတဲ့ အကြောင်း နဲ့ နယ်ခြားစောင့်တပ်တတပ် ချထား အကောင်အထည်ဖော်သင့်တဲ့အကြောင်း အသက် ၉၂ နှစ်အရွယ် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန် ထွန်း က ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က ပဋိပက္ခအခြေအနေနဲ့ စပ်လျဉ်းလို့ သခင်ချန်ထွန်းကို မေးမြန်းထားပါတယ်။

DVB==>ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကစဖြစ်တဲ့၊ အခု အောက်တိုဘာမှာလည်း တကျော့ပြန်ဖြစ်တာမှာ ၁၅၀ ကျော်လောက် သေဆုံးပြီး ၁ သိန်းကျော်လောက် ရွှေ့ပြောင်းနေထိုင်ရတာ ဘဘတို့လည်း ကြားရ မှာပေါ့။ သက်ကြီးဝါကြီး နိုင်ငံရေးသမားတွေရဲ့အမြင်၊ အတွေ့အကြုံအရ ဒီပြဿ နာတွေ ငြိမ်းအေး သွားအောင် ဘာတွေလုပ်သင့်တယ်လို့ ဘဘတို့ အကြံပြုချင်ပါလဲ။

သခင်ချန်ထွန်း==>“ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ဆုတ်ခွာတော့ အင်္ဂလိပ်၊ အမေရိကန်တပ်တွေက နောက် ကလိုက် တိုက်တော့ ဘင်္ဂလားဒေ့ရှ်ပေါ့၊ ဟိုတုန်းကတော့ အိန္ဒိယနယ်ထဲပေါ့။ အဲက ဘင်္ဂါလီတွေက ဒီဘက်လိုက် လာပြီး ရခိုင်တွေဘာတွေ ရိုက်နှက်ပြီးတော့ နေရာယူကြတာရှိခဲ့တယ်လေ။ ဒါက ၁၉၄၃-၄၄ လောက်က။ အဲဘက်မှာရှိတဲ့ ခေါ်တောတွေက သင်္ဘောမောင်း၊ ဘာမောင်းဆိုတော့ ခေါ်တောပဲခေါ်တာပေါ့။

သူတို့တွေက ဟိုဘက်မှာ ဆင်းရဲကျပ်တည်းတယ်ဆိုတော့ ဒီဘက် မှာချောင်လည်တော့ ဒီဘက်ကို ကူးချင် တာပဲ။ ဒီဘက်ကလည်း သူတို့ကို အမျိုးသားမှတ်ပုံတင်တို့ ဘာတို့လုပ်မပေးဘူးကြားတယ်၊ ဒါကလည်း အစိုးရ မူဝါဒအတိုင်းပေါ့။ သူတို့က ဒီနိုင်ငံသားမဟုတ်တဲ့အတွက်။ အခုက ဟိုကနေ လာတာမှာ စစ်တပ် ကနေ စောင့်ရှောက်ထိန်းသိမ်းနေတယ်ဆိုတာက မှန်ကန် တဲ့အလုပ်လို့ မြင်ပါတယ်။ ဒါက ထိန်းရမှာပဲ။ သူတို့ကလည်း ဟိုဘက် က ဆင်းရဲကျပ်တည်းနေတယ်၊ လူကလည်း သိပ်များတော့ ဒီဘက်လာချင်တာပဲ။ ဒီဘက်ကျတော့လည်း ရခိုင်လူမျိုးက လူနည်း စုဖြစ်နေတော့ လူနည်းစုကို လူများစု အနိုင်ကျင့်ချင် တာပေါ့လေ။ 

ပစ္စည်းယူတာတို့ ဘာတို့လုပ်ကြတာပေါ့လေ။ အစိုးရက ဒါကို ပြတ်ပြတ် သားသား ကိုင်တွယ် ထိန်းသိမ်းပြီးတော့ နယ်ခြားစောင့်တပ်စခန်းတခုပါ ဖွင့်ထားဖို့ကောင်းတယ်လို့ မြင်ပါတယ်။ ဒါမှသာလျှင် ဟိုဘက်က ဘင်္ဂါလီတွေ က လူအုပ်နဲ့ ဒီဘက်က ရခိုင်ရွာတွေကို ၀င်စီးနင်းတာတို့ ဘာတို့ မလုပ်နိုင်မှာ။ မဟုတ်ရင်နောင် နည်းနည်းအေးသွားပြီထင်နေတုန်း တခါပြန်ပြီးတော့ ဒီလိုလုပ်ဦးမှာပဲ။ သူတို့အနေနဲ့က လူဦးရေများပြီး ဆင်းရဲကျပ်တည်း တယ်လေ။”

DVB==>အခု လတ်တလော ဖြစ်နေတဲ့ မီးရှို့ဖျက်ဆီးမှုတွေ အဆုံးသတ်ဖို့ ဆိုရင် လူ့အဖွဲ့အစည်း ၂ ခုမှာ တဖွဲ့ဖွဲ့ကို ဖယ်ထုတ်လိုက်ရမလား။ အတူယှဉ် တွဲနေထိုင်ရမလားဆိုတာ ဘဘ အတွေ့အကြုံနဲ့ ယှဉ်ပြီးပြောပြပေး ပါလား။

သခင်ချန်ထွန်း==>“များသောအားဖြင့် ရခိုင်အမျိုးသားတွေက သူ့ဘာသာသူ နေကြတာပေါ့။ ဟိုဘက်က ၀င်ဝင်လာပြီးတော့ လူဦးရေက ညီမျှသလိုဖြစ် လာတော့ ရိုက်ကြနှက်ကြ၊ လုယက်ကြပေါ့လေ၊ ဒီလိုလုပ်လာတာ။ ဒါက စောစော ကတည်းက ထိန်းသိမ်းရမယ့်နေရာ။ ၁၉၅၆ တုန်းက ဘဘ တို့ရောက်ဖူး တယ်လေ။ ဦးရာရှစ်က ၁၉၅၂ ခုနှစ်မှာပြောတယ်။ ရိုဟင်ဂျာ ဆိုတာ ဦးရာရှစ်ပေးတဲ့ နာမည်။ အမှန်ကတော့ ခေါ်တော ပဲ။ ရိုဟင်ဂျာပဲ တိုင်းရင်းသားလိုလို နာမည်ပေးလိုက်တော့ ရိုဟင်ဂျာ ရိုဟင်ဂျာဆိုပြီး သတင်းစာကရေး ဘာရေးရေးတာ။ မိန်းမ ၄ ယောက်ရှိတဲ့ ဘင်္ဂါလီ ၁ ယောက်ရှိတယ်။ သူက ဟိုဘက်ပြေး၊ ဒီဘက်ပြေး ဟိုကဖမ်း ဒီဘက်ပြေးနဲ့ ဒီဘက်ကဖမ်း ဟိုဘက်ပြေးနဲ့။ မိန်းမ ၄ ယောက်က ဟိုဘက်ရော ဒီဘက်ကရော ယူထားတာ။”

“ဦးရာရှစ်ဆိုတာက စက်မှုလက်မှုဝန်ကြီးဟောင်း ဖဆပလ အစိုးရခေတ်၊ ၁၉၃၆ ခုနှစ် သပိတ်တုန်းက သူ က အင်္ဂလိပ်စကားလည်းပြောတတ်တော့ ဦးနုက ဥက္ကဋ္ဌပေမယ့် သူက ဒု-ဥက္ကဋ္ဌပေမယ့် အကုန်ခြယ် လှယ်သွားတော့၊ ဦးနုက ၀န်ကြီးချုပ်ဖြစ်တော့ ဦးရာရှစ်ကို ခေါ် ၀န်ကြီးပေးခဲ့တာ။ လူကတော့ သိပ်တော် တယ်၊ သိပ်လျင်တယ်။ သူက ဦးရာရှစ်နှင့် ကုမ္ပဏီတွေဖွင့်ခဲ့တယ်။ ဟသာင်္တ ဦးမြတို့ ဘာတို့ဆိုရင် သူ့  ကုမ္ပဏီတွေ ပါလို့ဆိုပြီး ဖဆပလက ထွက်တာတွေဘာတွေ လုပ်ခဲ့တယ်။ ဦးရာရှစ်က မဂိုလမ်းမှာ ဦးရာရှစ် ကုမ္ပဏီဆိုပြီး ဆိုင်းဘုတ်ကြီးနဲ့ ။ သို့သော်လည်း အဘတို့ လည်း အဲဒီတုန်းက ပါလီမန်အမတ်ဖြစ်နေတော့ ပါလီမန်ဆွေးနွေးပွဲတွေမှာ ပြောခဲ့ပါတယ်။ ပြောတော့ ဦးနုက သိပ်ပြီး ဦးရာရှစ်ကို အားထားတယ်။ အားကိုးတော့ မကြိုက်ရင်ထွက်သွားဆိုပြီး အဘတို့ကို ဒီလောက်ထိအောင် လေသံက သုံးတာကို ခံခဲ့ရ တယ်။ ဦးရာရှစ်က အဲဒီကျမှ နိုင်ငံသား လျှောက်တာ။ နိုင်ငံသား ရကာစရှိသေးတယ်။ ဖဆပလ အမတ်ပေါင်း စုံ အစည်းအဝေးမှာ ဦးနုက ၀န်ကြီးစာရင်း တင်ပြတဲ့အခါမှာ ဒီလောက်တော့ မသင့်ပါဘူး၊ သူ့ကိုတော့ ပြန်စဉ်းစားပေးပါ။ အမတ်တွေက ပြောကြတာ။ အဘလည်း ပါတယ်။ ပြောကြတဲ့အခါမှာ မကြိုက်ရင် ထွက်သွားဆိုတဲ့ စကား ဦးနုက သုံးခဲ့တာ။ ဦးရာရှစ်ကို သူက ဒီလောက် အားထားတယ်၊ ယုံကြည်တယ်။ ဘာလို့ ဆိုတော့ ၃၆ ခုနှစ် ကျောင်းသားသပိတ်မှောက်ပွဲတုန်းက ဦးနုက ဥက္ကဋ္ဌ။ ဦးရာရှစ်က သပိတ်နဲ့ပတ်သက်ပြီး အင်္ဂလိပ်စကားလည်း တော်တော်ပြော တတ်တော့ တွေ့  ဆုံဆွေးနွေး တဲ့နေရာမှာ ရှေ့ဆောင်ပြီး သေသေချာချာ ရေရေလည်လည် ပြောတတ်တော့ သူ့ကို ဦးနုက အားကိုးတယ်။

DVB==>>အဲဒါဆို ဦးရာရှစ်နဲ့ ရိုဟင်ဂျာနဲ့က ဘယ်လိုပတ်သက်လဲ။

သခင်ချန်ထွန်း==>“ဦးရာရှစ်က ၀န်ကြီးဆိုတော့ ရိုဟင်ဂျာဆိုပြီး သူက နာမည်ပေးလိုက်တာ။ ဘင်္ဂါလီတွေလို့ ပဲ အားလုံး က မြင်နေတာ။ သို့သော် ရိုဟင်ဂျာက ဗမာပြည်ရဲ့ လူမျိုး ၈၀ ထဲမှာ လူမျိုးတမျိုးအနေနဲ့ မပါပါဘူး။ သူကတော့ နာမည်ပေးလိုက်တာပေါ့။ ဒါပေမယ့် အဲဒီတုန်းက အခြေအနေအရ သူက ပြောတာပေါ့။”

DVB==>အဲဒါကို အဘတို့ လွှတ်တော်က အသိမှတ်ပြုလိုက်လား ရိုဟင်ဂျာကို။

သခင်ချန်ထွန်း==>“လွှတ်တော်က မပြုပါဘူး။ ပြင်ပမှာပါပဲ။ လွှတ်တော်ကို မရောက်လာပါဘူး။ လွှတ်တော်အမတ်တွေအနေနဲ့ နိုင်ငံရေးအနေနဲ့ ဒါတွေက သိနေရတာကို။ ရခိုင်ကလည်း ဖဆပလမှာရှိတော့ ရခိုင်အမျိုးသားတွေ ဘက်က တာဝန်အရ လိုက်ရမှာပေါ့။ ဟိုဘက်က ရိုဟင်ဂျာလို့  ခေါ်တဲ့ ခေါ်တောတွေပေါ့။ နောက်တော့မှ ရိုဟင်ဂျာ ဆိုတာ ဦးရာရှစ်ပေးတဲ့ နာမည်။ အဲတော့ သူတို့ က နယ်ချဲ့လာတာပေါ့။ ဟိုဘက်ကနှင်တော့ ဒီဘက်တိုး သလောက်တိုးပြီး ကျန်ရစ်ခဲ့တာပေါ့။ အဲဒါကနေ အခုလာပြီးတော့ ဒီဘက်ကို ထပ်ပြီးဝင်ချင်တော့ ရခိုင် ရွာတွေကို ရိုက်နှက်၊ ဖျက်ဆီး မောင်းနှင်တာပေါ့ မနေနိုင်အောင်လုပ်ကြတယ်လို့ မြင်ပါတယ်။”

DVB==>စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်း ၂၀ လောက် ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဗမာပြည်က မောင်းထုတ် တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ သွားပြီးတော့ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို ကမ္ဘာကလည်း စာနာကြတယ်၊ အခုလည်းကျရော ရိုဟင်ဂျာကိစ္စက တုတ်၊ ဓားတွေနဲ့ အပြန်အလှန် မီးရှို့  သတ်ဖြတ်နေကြတာတွေက ဗမာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲမှာ ကမ္ဘာကလည်း စိတ်ဝင် စားနေ တယ်။ ဗမာပြည်က ခေါင်းဆောင်တွေလည်း အမေရိကန်၊ အင်္ဂလန်တွေ သွားနေတဲ့ အချိန်၊ ပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အချိန်မှာ အချိန်ကိုက် ဖြစ်လာတာက ဘာကြောင့်လို့ သုံးသပ် မိပါသလဲ။

သခင်ချန်ထွန်း==>“ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ကတော့ အစကလည်း ရှိတယ်လေ။ ဟိုဘက်က သိပ်ပြီး ဆင်းလည်းဆင်းရဲတယ်၊ အလုပ်ကလည်း ရှားပါး၊ လူဦးရေကလည်း သိပ်ပြီး ထူထပ်လာတော့ ဒီဘက်ကို သဘာဝအတိုင်း လာပြီး ရခိုင်ရွာတွေကို မီးရှို့ဖျက်ဆီးပြီး သူတို့က တက်နေကြတာ၊ ဒီဘက်မှာ နေ လို့ရအောင် လုပ်တာ။ ဒီဟာတွေက သူတို့ရဲ့ ဆင်းရဲမှု အခြေအနေတွေအရ၊ လူဦးရေကလည်း များများ လာတဲ့အခြေအနေအရ ရခိုင်က လူနည်းစုလို ဖြစ်သွားတယ် ရွာလေးတွေက။ အဲမှာ အနိုင်ကျင့်ပြီး အိမ်တွေ ဖျက်၊ မီးရှို့ပြီး လူတွေ မနေနိုင်အောင် မောင်းထုတ်နေကြတယ်လို့ ဒီလိုပဲ ယူဆတယ်၊ မြင်တယ်။

DVB
ရိုဟင်ဂျာဆိုတာ ဦးရာရှစ်ပေးတဲ့နာမည်(သခင်ချန်ထွန်း)
==============================
=