Sunday, April 21, 2013
Heat Stroke(အပူကြောင့် လေဖြတ်ခြင်း)
Heat Stroke(အပူကြောင့် လေဖြတ်ခြင်း)
အပူချိန် ပြင်းထန်လွန်းသောကြောင့် လေဖြတ်နိုင်ပါသည်...
ဖြစ်နိုင်ခြေ များသူများကတော့.......................
၁။မွေးကင်းစ ကလေးများ
၂။အသက် အရွယ်ကြီးသူများ
 (များသော အားဖြင့် နဂို ရောဂါ အခံ တစ်ခုခု ရှိသူများ)
၃။အားကစားသမားများ
၎။အရိပ်မရှိသောနေရာနှင့် နေပူထဲတွင် အလုပ် လုပ်ရသူများ
ကာကွယ်ခြင်း......................
၁။အရးအကြီး ဆုံးကတော့ ရေဓါတ် မခမ်းခြောက်အောင် ရေများများသောက်ခြင်း၊ အရည်ရွှမ်းသော အသီးများ စားခြင်း။
၃။အရက်၊ ကော်ဖီတို့ ကို အရမ်းပူနေချိန်တွင် ရှောင်ရန်။
၎။ အပြင်သွားလျှင် ဦးထုပ်၊ ထီး စောင်းရန် နှင့် အရောင် ဖျော့ဖျော့ များ ၀တ်ဆင်ရန်။
၅။ အပူကြောင့်လေဖြတ်ခြင်း၏ ရောဂါ လက္ခဏာများကို ကြိုတင် သိရှိထားရန်။
လက္ခဏာများ.............
အစပထမတွင်....
၁။ခြွေးတအားထွက်လာခြင်း
၂။ကြွက်တတ်ခြင်း၊ ကြွက်သားများ နာခြင်း
၃။ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
၅။သွေးခုန်နှူန်းမြန်လာခြင်း
လေဖြတ်သွားပြီ ဆိုရင်တော့..........
၁။ သတိလစ်သွားခြင်း၊ ကရောင် ကတန်း ပြောခြင်း။
၃။သွေးတတ်လာခြင်း။
၎။ အသက်ရှူ မြန်လာခြင်း။
ဒါဆိုဘယ်လိုလုပ်ရမလဲ.......??????????
၁။လူနာကို အရိပ်ရှိသောနေရာကို ခေါ်သွားပါ၊ အင်္ကျီများကို ချွတ်ပေးပါ၊ ရေများဖြင့် တစ်ကိုလုံးကို လောင်းချပေးပါ။
၂။ပန်ကာဖွင့်ထားပေးခြင်း (သို့ ) ရပ်ခပ်ပေးပါ။ရေခဲထုပ်များ ကပ်ထားပေးပါ။
၃။ရေသောက်နိုင်လျှင် ရေများများတိုက်လိုက်ပါ။
၎။နီးစပ်ရာ ဆေးရုံသို့  ပို့ ဆောင်ပေးပါ။
အပူကြောင့်လေဖြတ်လျှင် အသက်ရွယ်ကြီးလွန်းသူနှင့်  ငယ်လွန်းသူများမှာတော့ ရလဒ်က သိပ်မကောင်းတတ်ပါ... အသက်ဆုံးရှုံးသည် အထိဖြစ်နိုင်ပါသည်။
Doc Shayne
Heat Stroke(အပူကြောင့် လေဖြတ်ခြင်း)
အပူချိန် ပြင်းထန်လွန်းသောကြောင့် လေဖြတ်နိုင်ပါသည်...
ဖြစ်နိုင်ခြေ များသူများကတော့...............
........