ရခိုင်ပြည်နယ်ရှိ
ဘင်္ဂါလီလူဦးရေစာရင်းကို စတင်စစ်ဆေးရာ တွင်ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်
ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူအချို့ ဒဏ်ရာရရှိ......
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကို ယနေ့စတင် စစ်ဆေးရာ တွင်ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ် ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
စစ်တွေမြို့ အင်ဗာလာရပ် ကွက်၊ ဘောဂဒီရွာ၊ သက္ကယ်ပြင် ဒုက္ခသည်စခန်း၊ ဘုမေရွာ၊ ဘောဒူဗစခန်းများကို နိုင်ငံတော်စီမံချက်ဖြင့် လူဦးရေစစ်ဆေးခဲ့ရာ
ပထမဆုံးနေ့တွင်ပင် ရန်ရှာမှုများ ကြုံတွေ့ခဲ့ရပြီး တာဝန်ရှိသူအချို့ ဒဏ်ရာရရှိခဲ့သည်။
“ရိုဟင်ဂျာလို့ ကြွေးကြော်ပြီး ရန်ရှာတဲ့အပြုအမူတွေ လုပ်တယ်။ အဆိုးဆုံးက သက္ကယ်ပြင်ရွာပဲ၊ ခဲတွေနဲ့ပေါက်တယ်။ ခြေထောက်နဲ့ ၀ိုင်းကန်ကြတယ်။
တာဝန်ရှိသူတွေကို” ဟု လူဦးရေကောက်ခံခြင်းလုပ်ငန်းပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။
အဆိုပါ ဖြစ်စဉ်များတွင် အမှတ် ၃၇၃ အမြောက်တပ်မှ တပ်ကြပ်မင်းအောင်၊ လက်ထောက် လ၀ကမှူး ဦးစိုင်းမြတ်သူနှင့် ပြန်ကြားရေး
တာဝန်ခံဦးထွန်းလှအောင်တို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
သက္ကယ်ပြင်စခန်းတွင် တာဝန်ရှိသူများအား ရန်ပြုသည့် လူအင်အားများပြားလာမှုကြောင့် လုံခြုံရေးတပ်ဖွဲ့များက ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြန် ကြားရေး တာဝန်ခံဦးဝင်းမြိုင်က “ဖြစ်စဉ်က အတည်ပြုနိုင်တယ်။ လူအုပ်စုက တော်တော်များတော့ ခြောက်လှန့်ပစ်ပြီး လူစုခွဲတယ် ကြားပါတယ်။ သတင်းအတိအကျတော့ မတက်သေးပါဘူး” ဟု ပြောသည်။
“ကျွန်တော်တို့ကို ဘင်္ဂါလီလို့ သတ်မှတ်ပြီးလာအတင်းစစ်တာကို လက်မခံဘူး။ လာစစ်တဲ့အချိန်မှာအခု ကလေးတွေ တစ်သောင်း
လောက် ဆန္ဒပြကြတာ”ဟု ဘောဒူဗဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။
ယမန်နှစ် နိုဝင်ဘာလကလည်း ပေါက်တောမြို့နယ်တွင် ဘင်္ဂါလီလူဦးရေ စာရင်းစစ်ဆေးခဲ့သော်လည်း ရိုဟင်ဂျာဟု သတ်မှတ်မှ အစစ်ခံနိုင်မည်ဆိုသဖြင့် ခေတ္တ ရပ်နားခဲ့ရသည်။
စစ်တွေမြို့တွင် ဘင်္ဂါလီလူဦးရေစစ်ဆေးခြင်းကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ လ၀က၊ နစက၊ ရခိုင်နှင့် ဘင်္ဂါလီကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ခွဲ ၁၈ ခုဖြင့် ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
အဆိုပါ ကိစ္စအား ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးသို့ ဆက်သွယ်မေးမြန်းရာ အရေးကြီး အစည်းအဝေးပြုလုပ်နေ၍ ဖြေကြားနိုင်ခြင်း မရှိသေးဟု
တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
“လူဦးရေကောက်ခံခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍“အခြေအနေကို ကြည့်ပြီး ဆက်ကောက်သွားမှာပါ မလုပ်လို့မှ မဖြစ်တာ။ ၂၀၁၄ သန်း ခေါင်စာရင်းကလည်းရှိသေးတယ်”ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဘင်္ဂါလီ ဒုက္ခသည်များသည် အမျိုးသမီးနှင့် ကလေးများကို ရှေ့တန်းတင် ကန့်ကွက်ဆနပြခဲ့ ကြောင်းလူဦးရေစာရင်းစစ်ဆေးခြင်းကို အတင်းအကျပ်ပြုလုပ်ခဲ့
ခြင်းမဟုတ်ဘဲ ကြိုတင်ကောက်၍ စနစ်တကျဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်ဆနပြမှုများသည် တတိယအကြိမ်ပဋိပက္ခကို ဖြစ်ပွားနိုင်စေကြောင်း
ယနေ့ညနေတွင် ရခိုင်ပြည်နယ်အစိုးရရုံး၌ ပြုလုပ်သောဆွဲတင်စစ်လုပ်ငန်းဆွေးနွေးခြင်း အစည်းအဝေးတင်ပြချက်များ အရသိရှိသည်။
ထို့အပြင် ဘောဒူဗဒုက္ခသည်စခန်းတွင် လုံခြုံရေးတပ်ဖွဲ့များပစ်ခတ်မှုေ ကြာင့် ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း
ပြည်နယ်အစိုးရအဖွဲ့က မှန်ကန်ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။
ယခုအခါ ဘင်္ဂါလီလူဦးရေစစ်ဆေးခြင်းကိုခေတ္တရပ်နားထားကြောင်းသတင်းရရှိသည်။
7Day News Journal
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကို ယနေ့စတင် စစ်ဆေးရာ တွင်ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ် ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
စစ်တွေမြို့ အင်ဗာလာရပ် ကွက်၊ ဘောဂဒီရွာ၊ သက္ကယ်ပြင် ဒုက္ခသည်စခန်း၊ ဘုမေရွာ၊ ဘောဒူဗစခန်းများကို နိုင်ငံတော်စီမံချက်ဖြင့် လူဦးရေစစ်ဆေးခဲ့ရာ
ပထမဆုံးနေ့တွင်ပင် ရန်ရှာမှုများ ကြုံတွေ့ခဲ့ရပြီး တာဝန်ရှိသူအချို့ ဒဏ်ရာရရှိခဲ့သည်။
“ရိုဟင်ဂျာလို့ ကြွေးကြော်ပြီး ရန်ရှာတဲ့အပြုအမူတွေ လုပ်တယ်။ အဆိုးဆုံးက သက္ကယ်ပြင်ရွာပဲ၊ ခဲတွေနဲ့ပေါက်တယ်။ ခြေထောက်နဲ့ ၀ိုင်းကန်ကြတယ်။
တာဝန်ရှိသူတွေကို” ဟု လူဦးရေကောက်ခံခြင်းလုပ်ငန်းပြည
အဆိုပါ ဖြစ်စဉ်များတွင် အမှတ် ၃၇၃ အမြောက်တပ်မှ တပ်ကြပ်မင်းအောင်၊ လက်ထောက် လ၀ကမှူး ဦးစိုင်းမြတ်သူနှင့် ပြန်ကြားရေး
တာဝန်ခံဦးထွန်းလှအောင်တို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
သက္ကယ်ပြင်စခန်းတွင် တာဝန်ရှိသူများအား ရန်ပြုသည့် လူအင်အားများပြားလာမှုကြောင့် လုံခြုံရေးတပ်ဖွဲ့များက ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြန် ကြားရေး တာဝန်ခံဦးဝင်းမြိုင်က “ဖြစ်စဉ်က အတည်ပြုနိုင်တယ်။ လူအုပ်စုက တော်တော်များတော့ ခြောက်လှန့်ပစ်ပြီး လူစုခွဲတယ် ကြားပါတယ်။ သတင်းအတိအကျတော့ မတက်သေးပါဘူး” ဟု ပြောသည်။
“ကျွန်တော်တို့ကို ဘင်္ဂါလီလို့ သတ်မှတ်ပြီးလာအတင်းစစ်တာကို လက်မခံဘူး။ လာစစ်တဲ့အချိန်မှာအခု ကလေးတွေ တစ်သောင်း
လောက် ဆန္ဒပြကြတာ”ဟု ဘောဒူဗဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။
ယမန်နှစ် နိုဝင်ဘာလကလည်း ပေါက်တောမြို့နယ်တွင် ဘင်္ဂါလီလူဦးရေ စာရင်းစစ်ဆေးခဲ့သော်လည်း ရိုဟင်ဂျာဟု သတ်မှတ်မှ အစစ်ခံနိုင်မည်ဆိုသဖြင့် ခေတ္တ ရပ်နားခဲ့ရသည်။
စစ်တွေမြို့တွင် ဘင်္ဂါလီလူဦးရေစစ်ဆေးခြင်းကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ လ၀က၊ နစက၊ ရခိုင်နှင့် ဘင်္ဂါလီကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ခွဲ ၁၈ ခုဖြင့် ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
အဆိုပါ ကိစ္စအား ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးသို့ ဆက်သွယ်မေးမြန်းရာ အရေးကြီး အစည်းအဝေးပြုလုပ်နေ၍ ဖြေကြားနိုင်ခြင်း မရှိသေးဟု
တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
“လူဦးရေကောက်ခံခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍“အခြေအနေကို ကြည့်ပြီး ဆက်ကောက်သွားမှာပါ မလုပ်လို့မှ မဖြစ်တာ။ ၂၀၁၄ သန်း ခေါင်စာရင်းကလည်းရှိသေးတယ်”ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဘင်္ဂါလီ ဒုက္ခသည်များသည် အမျိုးသမီးနှင့် ကလေးများကို ရှေ့တန်းတင် ကန့်ကွက်ဆနပြခဲ့ ကြောင်းလူဦးရေစာရင်းစစ်ဆေးခြင်
ခြင်းမဟုတ်ဘဲ ကြိုတင်ကောက်၍ စနစ်တကျဆောင်ရွက်ခဲ့ခြင်းဖြစ်ပြ
ယနေ့ညနေတွင် ရခိုင်ပြည်နယ်အစိုးရရုံး၌ ပြုလုပ်သောဆွဲတင်စစ်လုပ်ငန်းဆွေ
ထို့အပြင် ဘောဒူဗဒုက္ခသည်စခန်းတွင် လုံခြုံရေးတပ်ဖွဲ့များပစ်ခတ်မှုေ
ပြည်နယ်အစိုးရအဖွဲ့က မှန်ကန်ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။
ယခုအခါ ဘင်္ဂါလီလူဦးရေစစ်ဆေးခြင်းကိုခေတ
7Day News Journal

ဘင်္ဂလီလူငယ်များမှ'ရိုဟင်ဂျာ.. ရိုဟင်ဂျာ" အော်ဟစ်ပြီး စာရင်းကောက်ယူရန်အဖွဲ့များကို အနှောင့်အယှက်ပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment