Sunday, September 30, 2012

President press at New York

လုံးလုံး ပြားပြား သီးစုံကုလားဟင်းကတော့ ရောင်းကောင်းတာပါပဲ

တခါတုန်းက ရွာတရွာမှာ မုဆိုးမ မိသားစု တစု ရှိတယ်။ မိသားစုထဲမှာ မလုံး ဆိုတဲ့ သမီးတယောက်လဲပါတယ်။ မလုံးက သမီးမိန်းကလေးဆိုပေမယ့် ဒေါင်းတည်မောင်းတည် ကျားကျားယားယား မဟုတ်မခံ ယောင်္ကျားလျာတယောက်၊ မလုံး ရဲ့ အထက်အောက် မောင်နှမတွေက ပျော့စိစိ အေစစ ဆိုတော့ မိခင်မုဆိုးမကြီးက ဖအေတူသမီး မလုံး ကိုပဲ သားတ ယောက်လို အားကိုးအားထားပြုနေရတယ်။ တခါတော့ အများကဝိုင်းတောင်းဆိုတာကြောင့် မလုံး ကိုယ်တိုင်ဦးစီးပြီး ဇာတ်ထောင်တယ်၊ မိခင်လုပ်သူကလည်း မလုံး ကို ယုံကြည်တော့ ရှိသမျှထုခွဲပြီး အရင်းနှီးထုတ်ပေးလိုက်တယ်။
ဇာတ်ရယ်လို့သာ အများတောင်းဆိုလို့ထောင်လိုက်ရတာ ဇာတ်စီးလည်းမယ်မယ်ရရ မရှိသလို ပါလာသမျှဇာတ်သမား ဇာတ်သမတွေကလည်း ဝါသနာပါတာကလွဲလို့ ဘာမှမတတ်ဘူး၊ ဆိုင်းသံကြားလို့ထွက်လာကြတာ၊ ခေါင်းခါးခြေလက် ကွဲသူက အတော်ဆုံးပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဆိုတော့ တပွဲမှမကသေးပေမယ့် လက်ခုပ်သံဖျောင်း ဖျောင်းနဲ့ အားပေးကြတာပဲ။ ဇာတ်သမား ဇာတ်သမတွေကို ဟိုက ဒီက ဖိတ်ခေါ်အားပေးဧည့်ခံကြရတာ အလုအယက်။
ဒီလိုနဲ့ အချိန်တွေသာကြာလာတယ် ဇာတ်စီး မလုံး မအားတာလိုလို ပွဲမိန့်မရတာလိုလိုနဲ့ တပွဲမှမကရဘဲ ဇာတ်သမား တွေက ဟိုရောက်ဒီရောက် ဖားကောက်သူကောက် ငါးနှိုက်သူနှိုက်၊ ဇာတ်နဖူးစီးတွေ ကာလိပ်တွေက ဆေးရောင်တွေ ပြယ် ဖုံးတွေတက် အရောင်မှိန်ကုန်ပြီ။ ဘာပဲဖြစ်ဖြစ် ဇာတ်ကတော့ ကအုန်းမှာပဲဆိုတော့ အရပ်ကလဲ အားပေးကြတုန်း ပါပဲ။ ဘာပဲဖြစ်ဖြစ် ဇာတ်ထောင်လိုက်တာတခုတော့ အမြတ်ထွက်တယ်ပြောရမယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် မလုံး အ တွက် တက်ညီလက်ညီ အပေးအယူမျှတဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ရလာတယ်။ သူကတော့ ကိုပြား တဲ့၊ အနုပညာ ကို တကယ်ဝါသနာပါတယ်လို့ပြောပြီး နောက်ဆုံးမှ ကပ်ပြီးဇာတ်ထဲပါလာတာ၊ သူက ကိုပြား ဆိုပေမယ့် လုံးရာကပြား ချင်တဲ့ ဘုန်းကညာ မိန်းမလျာတပါးပေါ့။
ဒီတော့ မလုံး နဲ့တော့ တိုင်းယက်ထားတဲ့ ပက်ကလာ မိုးရွာတာနဲ့ အဆင်သင့်နေတာပေါ့။ အရပ်ကလည်းသဘောကျ ဓါတ်တိုက်နတ်ကြိုက် အကိုက်ပေါ့။ ဒီတော့ကာ ကိုလုံးနဲ့မပြား အဲလေ ကိုပြားနဲ့မလုံးတိုင်ပင်တယ်။ တခြားဇာတ်သမား တွေ ဟိုရောက် ဒီရောက် ဖားကောက်သူကောက် ငါးနှိုက်သူနှိုက်နေချိန် ဇာတ်လည်းတိတိကျကျမကရသေးတဲ့ အတူတူ မလှူနိုင်ဈေးရောင်း ဆိုတဲ့စကားအတိုင်း ငတ်ပြတ်နေတဲ့ ရွာသားတွေအတွက် စေတနာရှေ့ထားပြီး ဟင်းဆိုင် ဖွင့်ကြမယ် ပေါ့။
အရပ်ထဲက ကိုတုတ်ကြီးတို့ ကိုမုတ်ဆိတ်တို့ကလည်း မဖြစ်စလောက်အရင်းအနှီး ထုတ်ပေးတယ်။ ကိုလုံးနဲ့ မပြား အဲ လေ ကိုပြားနဲ့ မလုံးတို့ ရွာသားတွေအတွက် ဟင်းဆိုင်ကလေးဖွင့်လိုက်တယ် ဆိုပါတော့။ ဒါပေမယ့် ဟင်းဆိုင်က တပင် တိုင် သီးစုံကုလားဟင်းတခွက်ပဲ ရောင်းတယ်။
ရွာသားတွေ ဈေးပေါပေါနဲ့ဝယ်လည်းစားနိုင်အောင် တွက်ချေလည်းကိုက်အောင် ကိုမုတ်ဆိတ်ပွဲရုံက အာလူး ဘူးသီး ခရမ်းချဉ်စတဲ့ လွှင့်ပစ်ရတော့မယ့် တခြမ်းပုပ်တဝက်ကောင်းတွေ ပုံတိုက်ယူပြီး အပုပ်ကိုဖယ် အကောင်းကို အသေအချာ သန့်စင်ပြီး ငါးခြောက်ရိုးလေး ပါလေကာနဲ့ချက်တယ်။ ပြီးတော့ မုဆိုးမမျက်ရေပေါက်လောက် ဆီနဲ့သတ် ကိုမုတ်ဆိတ်ရဲ့ မဆလာနဲ့အုပ်လိုက်တော့ ကိုလုံးနဲ့ မပြား အဲလေ ကိုပြားနဲ့ မလုံးတို့ရဲ့ သီးစုံကုလားဟင်းဟာ အပေါ်ယံဆီလိုလို ရေလို လို ဝေ့ပြီး မဆလာနံ့လေးသင်းနေတော့ အငတ်ရွာသားတွေ ဘာခံနိုင်မလဲ သွားရေတမျှားမျှားနဲ့ပေါ့။
ရောင်းကောင်းလိုက်ပုံများ လက်ခုပ်သံ တဖျောင်းဖျောင်း အဲလေ ဇာတ်ကတာနဲ့ ရောသွားပြီ၊ ရောင်းကောင်းတာများ လက်တောင်မလည်ဘူး။ တသက်လုံး ဟင်းရယ်လို့ တူတူတန်တန်မစားဖူးတဲ့ ရွာသားတွေအတွက်တော့ ကိုလုံးနဲ့ မပြား အဲလေ ကိုပြားနဲ့ မလုံးတို့ရဲ့ သီးစုံကုလားဟင်းစားလိုက်ရတော့ နတ်သုဒ္ဓါကိုစာရသလို ကျေးဇူးတွေ တင်လို့မဆုံးတော့ ဘူး။ ကံဆိုးကံကောင်း ငါးခြောက်ရိုးလေးတဖတ်လောက် ကိုယ့်ထဲပါလာလို့ကတော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်လှချည့် လို့ အားရကျေနပ်ကြလို့ပေါ့။ ကိုလုံးနဲ့ မပြား အဲလေ ကိုပြားနဲ့ မလုံး ကလဲ တောက်ရှောက်မှားနေတော့တာပဲ။ ထားပါ လေ လုံးလုံး ပြားပြား မထူးပါဘူး။ ဘယ်သူတွေဘာပြောပြော ကိုလုံးနဲ့ မပြား တို့ သီးစုံကုလားဟင်းကတော့ ရွာကလေး မှာ လက်မလည်အောင်း ရောင်းကောင်းနေတုန်းပါပဲ။
ဒါကြောင့် ပြောကြတာပေါ့ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အံကိုက်တာပါပဲ။
(ကာလပေါ်ပုံပြင်၊ ပုံပြင်ကို ပုံပြင်လိုပဲ သဘောထားဖတ်ပါ)
ရဲဘော်ကျော်သန်း

ABSDF ပါဂျောင်(၃၈)ဦးသတ်ဖြတ်မှုသည် နိုင်ငံတကာရာဇဝတ်မှုသာဖြစ်သည်





ဆိုတဲ့ခေါင်းစဉ်နဲ.ဆောင်းပါးတပုဒ်ကို ၂-၁၀-၂၀၁၂ ရက်ထုတ် NEWS WATCH WEEKLY ဂျာနယ်အတွဲ (ရ) ၊အမှတ်(၆၅) မှာရေးသားထားပါတယ်။ဆောင်းပါးရှင်ကတော့ မောင်ဌေးဦး(စိန်ဂျွန်း)ဆိုသူဖြစ်ပါတယ်။ မတရားလူမဆန်စွာညှင်းပန်းသတ်ဖြတ်ခံရသူများအတွက် တရားလမ်းကြောင်းမှလွဲမှားသွား၍ အမှန်တရားများ၊တရားမျှတမှုများ၊အပြည့်အဝခံစားခွင့်မရမည်ကိုစိုးရီမ်ကြောင့်ကျမိသဖြင့် ဤဆေ
ာင်းပါးကိုရေးသားရခြင်းဖြစ်ကြောင်းအစချီကာ လူမျိုးတုန်းသတ်ဖြတ်မှု(Genocide)၊လူသားမျိုးနွယ်အားဆန်.ကျင်ကျုးလွန်မှု(Crime against humanity) နှင့် စစ်ရာဇဝတ်မှု(War Crime)တို.သည်နိုင်ငံတကာရာဇဝတ်မှုကြီးများဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်များနှင့်အတူ နုရင်ဘတ်အပြည်ပြည်ဆိုင်ရာစစ်ရာဇဝတ်ခုံရုံးမှအဓိပ္ပါယ်ဖွင့်ဆိုထားသော စစ်ဖြစ်ပွါးနေချိန်(သို.)ငြီမ်းချမ်းချိန်တွင် ကျုးလွန်သောလူသားမျိုးနွယ်အားဆန်.ကျင်သောရာဇဝတ်မှုများသည်ပြစ်မှုကျုးလွန်ရာနိုင်ငံဥပဒေတွင်အဆိုပါပြစ်မှုများကိုပြဌါန်းမထားလျှင်လည်း ဤနိုင်ငံတကာဥပဒေနှင့်သက်ဆိုင်ကြောင်းဖော်ပြထားသည်ဟု ဆိုပြီးလူပေါင်းတရာကျော်ကိုစစ်ထောက်လှမ်းရေးဟုစွတ်စွဲဖမ်းဆီးကာ ၃၈ ဦးကိုအပြင်းအထန်ညှင်းပန်းနှိပ်စက်၍လူသားမဆန်ရက်စက်စွာသတ်ဖြတ်ခဲ့မှုသည်သာမန်လူသတ်မှုအမျိုးအစားမဟုတ်ကြောင်း ထင်ရှားသည်။်အပြည်ပြည်ဆိုင်ရာစစ်ရာဇဝတ်မှုဖြင့်တရားစွဲလိုပါက စွဲဆိုနိုင်ခွင့်ရှိသူများမှာ နိုင်ငံတော်အစိုးရမှလည်းကောင်း၊လုံခြုံရေးကောင်စီမှလည်းကောင်း၊ကုလ အထွေထွေအတွင်းရေးမှုး၏တင်ပြချက်အပေါ် လုံခြုံရေးကောင်စီ၏ထောက်ခံချက်ဖြင့်လည်းကောင်း တရားစွဲဆိုနိုင်သည်၊ထိုကြောင့်ပါဂျောင်စခန်းတွင်ကျောင်းသားကျောင်းသူပေါင်း တရာကျော်ကိုစစ်ထောက်လှမ်းရေးဟုစွတ်စွဲဖမ်းဆီးကာ ၃၈ ဦးကိုအပြင်းအထန်ညှင်းပန်းနှိပ်စက်၍လူသားမဆန်ရက်စက်စွာသတ်ဖြတ်ခဲ့မှုသည် လူသားမျိုးနွယ်အားဆန်.ကျင်သောရာဇဝတ်မှု(Crime against humanity)ဖြစ်သည်ဟုသူယုံကြည်ကြောင်းနှင့်မြန်မာတရားသူကြီးများပါဝင်သောအပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးတွင် အပြည်ပြည်တဆိုင်ရာတရားဥပဒေစံနှုန်းများနှင့်အညီကြားနာစစ်ဆေးမှုပြုနိုင်မှသာ စွပ်စွဲခံရသူများရော၊နစ်နာဆုံးရှုံးခဲ့ရသူများအတွက်ပါတရားမျှတမှုကိုခံစားရမှာဖြစ်ကြောင်း၊ထိုကြောင့်နစ်နာသူမိသားစုဝင်များ၊လွတ်မြောက်လာသောကျောင်းသားဟောင်းများအနေနှင့်ကော်မရှင်ဖွဲ.စုံစမ်းစစ်ဆေးရန်တောင်းဆိုနေမှုထက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးတခုမြန်မာနိုင်ငံတွင်လာရောင်ဖွင့်လှစ်၍အမှုကိကြားနားစစ်ဆေးပေးပါရန် နိုင်ငံတော်သမ္မတကြီးအား၎င်း၊ကုလ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းထံသို.၎င်း၊ကုလ လုံခြုံရေးကောင်စီဥက္ကဌ ထံလိပ်မူ၍တောင်းဆိုခြင်းကတရားနည်းလမ်းမှန်ကန်လီမ့်မည်ဟုယူဆကြောင်း မတရားပြုကျင့်ခံခဲ့ရသူများအတွက် တရားမျှတမှုနှင့်အမှန်တရားပေါ်ပေါက်စေခြင်းအကျိုးဌာရေးသားထားကြောင်း --------ဟုရေးသားဖော်ပြထားပါသည်။

""လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ""


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို
 ရပ်ဆိုင်းရန် အစီအစဉ်မရှိကြောင်း
လက်ပံတောင်းတောင် ကြေးနီစီမံ
ကိန်းနှင့်ပတ်သက်သောစာနယ်ဇင်းရှင်း

လင်းပွဲတွင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီး
တန်းအရာရှိ ဦးဝင်းကြည်ကပြောသည်။

"စပြီးလုပ်တုန်းက ဘာပြဿနာမှမရှိပါဘူး။ ဒေသခံတွေကိုယ်တိုင် ကြည်ကြည်ဖြူဖြူနဲ့ လျော်ကြေးတွေယူတယ်။
 လျော်ကြေး ထပ်တိုးတောင်းတယ်။ အဲဒီပြဿနာတွေပဲရှိတယ်။ အခုဟာက
 စီမံကိန်းရပ်ဆိုင်းပေးပါဆိုတာ အရမ်းကို ပြင်းထန်တယ်။ ရပ်ဖို့ အစီအစဉ်မရှိပါဘူး။ ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ နိုင်ငံရေးအင်အားစုတွေပါလာလို့ သွေးထိုးလှုံ့ဆော်
လို့ဖြစ်ရတာပါ"ဟု မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီးတန်းအရာရှိ
ဦးဝင်းကြည်ကပြောသည်။

ဦးပိုင်လီမိတက် ပိုင်ဆိုင်သော သတ္တုတွင်း၏ အကျိုးတူပူးပေါင်း
ခွဲဝေခံစားမှုစာချုပ်အရ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ထုတ်လုပ်သည့်ရ
လဒ်အပေါ် ၅၁ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရပြီး၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ၄၉

ရာခိုင်နှုန်း အကျိုးခံစားခွင့်ရကာ နိုင်ငံတော်အစိုးရက မြေငှားစရိတ်၊ ၀င်ငွေအခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ အကျိုးခံစားရကြောင်း ယင်းပုဂ္ဂိုလ်ကပြောသည်။

ဒေသခံများဘက်ကလည်း ယင်းစီမံကိန်းသည် ပြည်သူတို့၏ သဘောဆန္ဒမပါရှိဘဲ အစိုးရအချင်းချင်းလုပ်သော စီမမံကိန်းဖြစ်ကြောင်း၊ ထို့အပြင် လူမှုစီးပွားကို တွက်
ချက်ရာတွင်လည်းတစ်အိမ်ထောင်လူတစ်ယောက်ဝန်ထမ်းလုပ်ခွင့်ရသည့်အစီအစဉ်
မှလွဲပြီး ရေရှည်ဒေသခံများအတွက် လူမှုဘ၀အာမခံချက်မရှိသော စီမံကိန်းဖြစ်သောကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာလိုက်နာမှုအပေါ်ကိုလည်း
 စိုးရိမ်မှုများ ရှိနေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ပထမပတ်က တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယင်းစီမံကိန်းကို တရုတ်နိုင်ငံသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ၁၀၀ ရာခိုင်နှုန်း
 ရင်းနှီးမြှုပ်နှံထားသည်။ Production Sharing Contract စနစ် ကျင့်သုံးနေသော်လည်း
 မိုင်းပါမစ်ကို ဦးပိုင်လီမိတက်ကသာ ပိုင်ဆိုင်သည်ဟုဆိုသည်။ လက်ပံတောင်းတောင်၏
 ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာတစ်ဘီလီယံရှိကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီ
 ဥက္ကဋ္ဌကပြောသည်။


7 Day New
 
 
လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝပွဲ တွင်တွေ့ရသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး
ဓါတ်ပုံ - ဂျေပိုင်
 
 လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝပွဲလက်ပံတောင်းတောင် စီမံကိန်းအကြောင်းရှင်းလင်းနေသည့် မသွဲ့သွဲ့ ၀င်း
ဓါတ်ပုံ - ဂျေပိုင်
 
 

လက်ပန်တောင်း စီမံကိန်း ရပ်ဆိုင်းရန် သမ္မတကြီးထံ တောင်းဆိုမည်

လက်ပန်တောင်းတောင် ကြေးနီ ထုတ်လုပ်မှု
 စီမံကိန်း ရပ်ဆိုင်းရန် သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း
 တော်ဝင်နှင်းဆီ ခန်းမ၌ ယနေ့ ကျင်းပသည့်
လက်ပန်တောင်းနှင့် ချင်းတွင်းအလှ

ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက် လာသည့် ပညာရှင်များနှင့် လက်ပန်တောင်းတောင် အနီးရှိ ဒေသခံအချို့ပြောကြားသည်။

လက်ပန်တောင်းတောင် စီမံကိန်းတွင် ဖြစ်ပေါ်နေသော ပြသာနာများကြောင့်
 ယင်းသို့ တောင်းဆို ရခြင်းဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာ
သည့် ECO DEX မှဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောဆိုသည်။

"နိုင်ငံတော် အသစ်ကို တကယ်သွားတော့မယ် ဆိုရင် ပြည်သူ့ အသံ ပြည်သူ့ဆန္ဒ
ကို နားထောင်ဖို့ လိုတယ်။ ဒါ့ကြောင့် ဒီနေ့ ပြည်သူ့ဆန္ဒကို ထုတ်ဖော် လိုက်တာပဲ"
ဟုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလုပ်ဆောင်နေသည့်
 ဒေါ်ဒေ၀ီသန့်စင်က ပြောကြားသည်။

ယခုကဲ့သို့သော ဖြစ်ရပ် ကြုံရခြင်းမှာ သက်ဆိုင်ရာ အာဏာပိုင်များ အနေနှင့်
၎င်းတို့ ထုတ်ပြန်ထားသော ဥပဒေများကို ၎င်းတို့ကိုယ်တိုင် လိုက်နာမှုမရှိခြင်းကြောင့်သာ ဖြစ်သည်ဟု ရှေ့နေများ ကွန်ယက်မှတရား
လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပြောဆိုသည်။

"ဒီစီမံကိန်းကြောင့် ရွာတွေရွှေ့ပြောင်းရတယ်။ ကျွန်တော်တို့ ဒီလိုနေလို့ မရတော့ဘူး။
ရွာသူရွာ သားတွေ အတွက် အကူအညီပေး ရမယ်၊ ကာကွယ်ပေး ရမယ်"
ဟု၎င်းကဆိုသည်။

တော်ဝင်နှင်းဆီခန်းမ၌ ယနေ့ကျင်းပသည့် လက်ပန်တောင်းနှင့် ချင်းတွင်း အလှကာကွယ် ထိန်းသိမ်းရေး နှီးနှော ဖလှယ်ပွဲသို့ ၈၈မျိုးဆက်ကျောင်းသားများ၊ လက်ပန်တောင်းတောင်
 စီမံကိန်းအနီးရှိ ၀က်မှေးရွာ၊ ကံကုန်းရွာ၊ ဆည်တည်းရွာများမှ ရွာသားများ၊ စပယ်တောင်ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့ဘူးသော စီမံကိန်းအင်ဂျင်နီယာ ဦးအောင်ကျော်ဇံနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ မြန်မာနိုင်ငံရှေ့
 နေကွန်ယက်မှ အဖွဲ့ဝင်များ အပါအ၀င် လူငါးရာခန့် တက်ရောက်ခဲ့ကြပြီးလက်ပန်
 တောင်းတောင် စီမံကိန်းရပ်ဆိုင်ရန် လက်မှတ်ထိုးခဲ့ကြသည်။


The Voice Weekly

ဘင်္ဂါလီများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကြောင့် စစ်ဆေးအရေးယူနေ၊


ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီး
အတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေ
မှုကြောင့် စစ်ဆေးအရေးယူမှုများ ယခင်
ကထက် ပိုမိုပြုလုပ်နေရကြောင်း သက်

ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ၏ ပြောကြားချက်အရ သိရှိရသည်။

သြဂုတ်လ ၂၉ ရက်နေ့မှ စက် တင်ဘာလ ၂၅ ရက်နေ့အထိ  ရန်ကုန် တိုင်းဒေသကြီးအတွင်းသို့ တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၁၉ ဦးအား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးတွေ့ရှိခဲ့သော ဖြစ်စဉ်မှာ  ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းပူးပေါင်း စစ်ဆေးရေး ဂိတ်၌ စစ်တွေမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးတွင် ဘင်္ဂါလီလူမျိုး ၁၄ ဦးတို့အား စစ်ဆေးတွေ့ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်စက်တင် ဘာလ ၂၄ ရက်နေ့တွင် မရမ်းကုန်း မြို့နယ်၊ ဦးဗဟန်လမ်းရှိ နေအိမ်တစ်အိမ်သို့ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ အရှုက္တူရီ(၁၈)နှစ် ဘင်္ဂါ လီ/အစ္မလာမ်၊ မင်းပြားမြို့နယ်ရခိုင် မြို့နယ်နေသူ တရားဝင်ခရီးသွားလာခွင့်ပြုချက် ယာယီသက်သေခံ လက်မှတ်များ ပါရှိခြင်းမရှိဘဲ ခရီးသွား လာနေထိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။


ပြည်နယ်နှင့် တိုင်းအသီးသီးသို့ တရားမ၀င်နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်ရာတွင် ဆက်စပ်သော လမ်းပိုင်းများ၌ ဌာနအသီးသီးမှ တာဝန်ရှိသူများမှာ ယခုထက်စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ  ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ရိုးသားစွာ လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း

အလားတူစက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၃ နာရီ ၁၀  မိနစ် အချိန်တွင် လှည်းကူးမြို့နယ် အမြန် လမ်းမကြီး တိုးဂိတ်မိုင်တိုင်အမှတ် ၁ မိုင်၎ဖာလုံတွင်သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စုံစမ်းစဉ် မကွေးမြို့မှ ရန်ကုန်မြို့သို့ ၀င်ရောက်လာသော ခရီးသည်တင်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ဘင်္ဂါလီလူမျိုး လေးဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိ ရသည်။

ယင်းကဲ့သို့ တရားမ၀င်သော နည်းလမ်းမျိုးစုံဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ ဘင်္ဂါလီ လူမျိုး များ ၀င်ရောက်နေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးက “အခုလ ပိုင်း တွေမှာ ရန်ကုန်တိုင်းထဲကို ဘင်္ဂါလီ လူမျိုးတွေ နည်းလမ်းမျိုးစုံနဲ့မကြာခဏ လိုဝင်နေကြတယ်။ ဒီကိစ္စတွေ ကိုတော့ စစ်ဆေးအရေးယူမှု ပြုလုပ်နေပါတယ်။


တရားမ၀င်နည်းလမ်းတွေနဲ့ ၀င်လာတဲ့ ဘင်္ဂါလီလူမျိုးအားလုံးကို မလွတ်အောင် စစ်ဆေးအရေးယူဖို့ဆိုတာ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ဖို့ ခက်ခဲတယ်။ ဒါပေမယ့် ပြည်သူတွေအနေ နဲ့အမျိုးသားရေးအသိစိတ်ဓာတ်ထား ပြီး မသင်္ကာတာတွေတွေ့ရင် နီးစပ် ရာရဲစခန်းကိုအကြောင်းကြားဖို့ လိုပါတယ်။

 ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ရောက်ဖို့ဆိုတာ ကြားထဲမှာရှိတဲ့ ပြည် နယ်နှင့် တိုင်းတွေကို ဘယ်လိုနည်း လမ်းမျိုးတွေနဲ့ ဖြတ်ကျော်လာတယ် ဆိုတာကိုတော့ စဉ်းစားစရာပါပဲ။ဘင်္ဂါလီလူမျိုးတွေက  သက်ဆိုင်ရာ တာဝန်ရှိသူတွေကို လာဘ်ပေးလာဘ် ယူလုပ်ပြီးတော့ ၀င်လာတာဖြစ်နိုင် သလို၊တာဝန်ကျတဲ့ သူတွေမသိအောင် ခိုးဝင်လာတာလည်း ဖြစ်နိုင်ပါတယ်။
 ပြည်သူတွေအနေနဲ့ ပါဝင်ကူညီမယ် ဆိုရင်တော့ ဒီထက်ပိုပြီး အရေးယူ မှုတွေပြုလုပ်နိုင်မှာပါ”ဟုသုံးသပ်ပြော  ကြားခဲ့သည်။

ထို့ပြင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရုံးအဖွဲ့ မှူးဖြစ်သူဦးသန်းနိုင်ထွန်းက “တိုင်း ဒေသကြီးတွေ နဲ့ပြည်နယ်ဒေသတွေ ကို ဆက်စပ်သွားလို့ရတဲ့လမ်းကြောင်း တွေမှာ အထူးစီမံချက်တွေ ချမှတ်ပြီး တော့ တရားမ၀င်နည်းမျိုးစုံနဲ့သွား နေကြတဲ့ ဘင်္ဂါလီတွေကို ပူးပေါင်း အဖွဲ့တွေနဲ့ စစ်ဆေးပြီးတော့ အရေး ယူဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။


ကျွန်တော်တို့ဌာနကစစ်ဆေးရေးဂိတ် တွေမှာတာဝန်ကျတဲ့ ၀န်ထမ်းတွေတရား မ၀င်နည်းလမ်းတွေနဲ့ ၀င်ရောက်လာ သူတွေကို လာဘ်ပေးလာဘ်ယူလုပ် ပြီးတော့ လွှတ်ပေးခဲ့တာတွေကိုလည်း စစ် ဆေးပြီးတော့ အရေးယူမှုတွေ ပြု လုပ်နေပါတယ်။

 ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေက ကုန်းလမ်းကလာတဲ့ အခါမှာစစ်ဆေးရေး ဂိတ်မရောက်ခင် သူတို့က ကားပေါ်ကဆင်းပြီး တော ထဲက လမ်းလျှောက်တယ်။ပြီးတော့ မြို့ထဲကို ၀င်ကြတယ်။
 ဒီလိုသွားလာ လို့ရတဲ့နေရာတွေအကုန်လုံးမှာလည်း ပိတ်ဆို့စစ်ဆေးမယ်ဆိုရင်တော့ တရားမ၀င်ဝင်ရောက်လာမှုတွေကို ပိုမိုထိ ရောက်အောင် တားဆီးနိုင်မယ်လို့ ထင်ပါတယ်”ဟုသုံးသပ်ပြောကြားခဲ့သည်။

ဘင်္ဂါလီလူမျိုးများမှာ ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားပြည်နယ် နှင့် တိုင်းအသီးသီးသို့ တရားမ၀င် နည်းလမ်းမျိုးစုံဖြင့်ဝင်ရောက်ရာတွင် ဆက်စပ်သောလမ်းပိုင်းများ၌ ဌာန အသီးသီးမှ တာဝန်ရှိသူများမှာ ယခု ထက်စစ်ဆေးမှုများကို ပိုမိုတင်းကြပ် စွာဆောင်ရွက်ရန်လိုအပ်သည့် အပြင် ရိုးသားစွာလုပ်ဆောင်ရန်လည်း လို အပ်ကြောင်း ရုံးအဖွဲ့မှူး ဦးသန်းနိုင် ထွန်းက ဆက်လက်ပြောကြားခဲ့ သည်။


၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက် နေ့တွင် တရားမ၀င်ဝင်ရောက်လာ သောဘင်္ဂါလီလူမျိုးများကို ၁၉၄၉ ခုနှစ်ပြည်ထောင်စုမြန်မာနိုင် ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)(၃)ဖြင့်လည်းကောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား ယင်းဥပဒေပုဒ်မ ၆(၂)(၃)/ ၁၁၄ အရလည်းကောင်း၊ စက်တင် ဘာလ ၂၄ ရက်နေ့တွင် တရားမ၀င် ၀င်ရောက်နေထိုင်၍ စစ်ဆေးတွေ့ရှိရ သောဘင်္ဂါလီလူမျိုးကို ဘုရင့်နောင်ရဲ စခန်း(ပ) ၅၅၁/၂၀၁၂ ၊ ၁၉၄၉ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေ ထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆ (၂)ဖြင့်လည်းကောင်း၊ စက် တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ဆေး တွေ့ရှိခဲ့သော ဘင်္ဂါလီလူမျိုးများကို လှည်းကူးရဲစခန်း(ပ)၄၃၁/၂၀၁၂၊ ပုဒ်မ ၃၆၇ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။


ယခုအရေးယူမှုများပြုလုပ်ထားသည့် တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်ရောက်လာသော ဘင်္ဂါလီ လူမျိုးများကို စစ်ဆေးလျက်ရှိပြီး အဆိုပါကဲ့သို့ ဆက်စပ်သည့် ဖြစ်စဉ်များကိုလည်း

 ဖော်ထုတ်နို င်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
 Eleven Media Group

Facebook Photo of Quran Burning incites riot and Muslims torch Buddhist ...


Protesters burn Bangladesh Buddhist temples
Picture of allegedly desecrated Quran on Facebook blamed for burning of Buddhist homes and places of worship.
Hundreds of Muslims have set fire to at least 10 Buddhist temples and 2,100 homes in southern Bangladesh, according to officials.
The violence on Saturday night came in reaction to an allegedly derogatory image of the Quran, the Muslim holy book, posted on Facebook.
"They became unruly and attacked Buddhist houses, torching and damaging their temples from midnight to Sunday morning," Joinul Bari, a government administrator, told the AFP news agency.
"At least 100 houses were damaged. We called in army and border guards to quell the violence," he said, adding that authorities had temporarily banned public gatherings in the area to prevent further clashes.
Nojibul Islam, a police chief in the coastal district of Cox's Bazaar, said at least 20 people were injured in the attacks that followed the posting of a photo of a burned copy of the Quran on the social networking site.
Torching and looting

Protesters blamed the photo on a local Buddhist boy, but it was not immediately clear if the boy actually posted the photo.
Rumia Khatun, a local police officer, said that about "25,000 Muslims chanting God is Great" first attacked a Buddhist hamlet in Ramu, torching centuries-old temples, and later stormed Buddhist villages outside the town.

"I have seen 11 wooden temples, two of them 300 years old, torched by the mob. They looted precious items and Buddha statues from the temples. Shops owned by Buddhists were also looted," said Sunil Barua, a local journalist on the scene.

Bari, the government administrator, said authorities had detained the boy's parents and that an investigation was under way.

Buddhists, who make up less than one per cent of Bangladesh's 153 million population, are based mainly in southeastern districts, close to the border with Buddhist-majority Myanmar.


Although the South Asian country has witnessed deadly clashes between Muslims and Hindus in the past, sectarian  clashes involving Buddhists are rare.

In recent weeks, tens of thousands of Muslims have hit the street across the country to protest an anti-Islam video that mocked the Prophet Mohammed.

Source:
Agencies

အလ္လာဟာကြီးမြတ်တယ်လို့ ကြွေးကြော်ပြီး မီးရှို့ တော့တာပါပဲ

Authorities had temporarily banned public gatherings in the area to prevent further clashes [AFP]
ဘင်္ဂလာဒေ့ရှ်တောင်ပိုင်းမှာ မူဆလင်ရာပေါင်းများစွာဟာ ဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်း၁၁ကျောင်း နှင့် လူနေအိမ် ၂၁၀၀ကျော်ကိုမီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းကတော့ Facebook ပေါ်မှာ ကိုရန်ကျမ်းကိုစော်ကားတဲ့ဓာတ်ပုံတပုံကို ဗုဒ္ဒဘာသာလူငယ်တယောက်ကတင်လို့ ပါတဲ့။
ဗုဒ္ဒဘာသာအိမ်တွေ၊ဘုန်းကြီးကျောင်းတွေ တရားမဲ့တိုက်ခိုက်ဖျက်ဆီးကြတာ သန်းခေါင်ကနေ တနင်္ဂနွေ နေ့ မနက်ထိအောင်ပါပဲ လို့  အစိုးရတာဝန်ရှိသူတဦးက AFP ကိုပြောခဲ့ပါတယ်။
ဗုဒ္ဒဘာသာလူငယ်တယောက်က ဒီဓာတ်ပုံကို facebook ပေါ်တင်ခဲ့တယ်လို့ ပြောနေကြပေမယ့် တကယ် တမ်းတင်ခဲ့သလားမတင်ခဲ့ဘူးလားကတော့ သေသေချာချာမသိကြပါဘူး။
မူဆလင် ၂၅၀၀၀လောက်က အလ္လာဟာ ကြီးမြတ်တယ် လို့ ကြွေးကြော်ကြပြီး ဗုဒ္ဒဘာသာကျေး ရွာတွေ၊နှစ် ရာစုနဲ့ ချီပြီးသက်တမ်းရှိတဲ့ဗုဒ္ဒဘာသာဘုန်းကြီးကျောင်းတွေကိုမီးတိုက်၊နောက်တော့မြို့ ပြင် ကဗုဒ္ဒ ဘာသာကျေးရွာတွေကို အကြမ်းဖက်တိုက်ခိုက်တော့ပါပဲ။http://sphotos-a.xx.fbcdn.net/hphotos-snc7/292849_345958888830014_190947867_n.jpg
နှစ်ပေါင်း၃၀၀ သက်တမ်းရှိတဲ့ ဘုန်းကြီးကျောင်း၂ ကျောင်းအပါအ၀င် ဘုန်းကြီးကျောင်း ၁၁ ကျောင်းမီးရှို့  
ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ ကျောင်းတွင်းမှာရှိတဲ့အဖိုးတန်ပစ္စည်းတွေ၊ဆင်းတုတော်တွေကိုလုယက်သွားကြ
တယ်။ဗုဒ္ဒဘာသာလူမျိုးပိုင်တဲ့ဆိုင်တွေလည်းလုယက်ဖျက်ဆီးခြင်းခံရတယ်တယ်လို့ ဂျာနယ်လစ်တယောက် ကပြောပါတယ်။
လူဦးရေ ၁၅၃ သန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဒဘာသာက ၁ရာနှုန်းတောင်မရှိပါဘူး။ အများစုက မြန်မာပြည်နဲ့ နီးစပ်တဲ့ အရှေ့ တောင်ဘက်ခရိုင်မှာနေထိုင်ကြပါတယ်။
သတင်းအပြည့်အစုံကို အောက်ကလင့်မှာဖတ်ရှုနိုင်ပါတယ်။
 http://www.aljazeera.com/news/asia/2012/09/201293092057855387.html
 http://www.ndtv.com/article/world/rioters-torch-buddhist-temples-homes-in-bangladesh-273877

 http://www.facebook.com/photo.php?fbid=345978772161359&set=a.338260486266521.78842.326560140769889&type=1&permPage=1

အီဂျစ်ရှိ အမေရိကန် အမျိုးသမီး ခရစ်ယာန်ဘာသာရေး မစ်ရှင်အဖွဲ့တွေကို သတိပေး


အမေရိကန်ရောက် အီဂျစ် ခရစ်ယာန်တချို့ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုခွေကြောင့် ဒေါသထွက် ဆန္ဒပြနေကြတဲ့ အီဂျစ်နိုင်ငံသားတချို့။ (စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၂)။
TEXT SIZE
ဗွီအိုအေ (မြန်မာဌာန)
မူစလင်တွေအများစုရှိတဲ့ အီဂျစ်နိုင်ငံမှာ အမေရိကန် အမျိုးသမီး ခရစ်ယာန်ဘာသာရေး မစ်ရှင်အဖွဲ့တွေ အနေနဲ့ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်ကို သတိထားကြဖို့ ကိုင်ရိုမြို့မှာရှိတဲ့ အမေရိကန် သံရုံးက သတိပေးချက် ထုတ်ပြန်ပါတယ်။

အကြမ်းဖက်သမားတွေဟာ အမေရိကန် အမျိုးသမီးမစ်ရှင်အဖွဲ့ တွေကို ပစ်မှတ်ထားနေတယ် ဆိုတဲ့ ယုံကြည်ရတဲ့ အထောက်အထားတွေ ရှိထားတယ်လို့ သံရုံး ၀က်ဘ်ဆိုက် ကြေညာချက်မှာ ဖော်ပြ ပါတယ်။ အီဂျစ်မှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ သူတို့ လုံခြုံရေးအတွက် အထူး သတိထား နေကြဖို့ လိုအပ်သလို၊ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားကြဖို့လည်း သံရုံးက တိုက်တွန်းပါတယ်။

အမေရိကန် သံတမန်တွေ အနေနဲ့ အရေးပေါ် အခြေအနေ ကြုံလာရင် ဆက်သွယ် အကူအညီယူနိုင်ဖို့ STEP လို ခရီးသွား လုံခြုံရေး အစီအစဉ်အတွက် အွန်လိုင်းပေါ်မှာ ၀င်ရောက် စာရင်းသွင်းထားကြဖို့ လည်း အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းနေပါတယ်။

မူစလင် အများစုရှိတဲ့ အီဂျစ်လူဦးရေ ၈၃ သန်းရဲ့ ၁၀ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပြီး၊ ခွဲခြား ဆက်ဆံခံရတယ် ဆိုပြီး တိုင်တန်းမှုတွေ ရှိခဲ့ပါတယ်။ အီဂျစ်နိုင်ငံတွင်း ခရစ်ယာန် ဘာသာဝင်တွေ ဟာ ဘာသာရေးအရ ဖိနှိပ် အကြမ်းဖက် ခံရတာမျိုးတွေ ရှိတယ် ဆိုပြီးတော့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။ 
 
http://profile.ak.fbcdn.net/hprofile-ak-ash4/373228_6815841748_1514951842_n.jpg
အမေရိကန်မှာ စော်ကားတဲ့ အပြုအမူတွေ ဖြစ်ပေါ်နေတာ မရေတွက်နိုင်ပါဘူး။ ကျွန်တော့်လိုပဲ အမေရိကန်ပြည်သူအများစုဟာ ခရစ်ယာန်တွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုအပေါ် ကန့်ကွက်ရှုတ်ချတာတွေကိုတော့ အခုထိ ပိတ်ပင်ထားတာ မရှိပါဘူး။ ပြီးတော့ နိုင်ငံ့ခေါင်းဆောင်၊ စစ်သေနာပတိချုပ်တစ်ဦးဖြစ်နေတဲ့ ကျွန်တော်ကိုယ်တိုင်လည်း နေ့တိုင်း စော်ကား ပြောဆိုမှုတွေ ခံရတာပါပဲ။ ဒါပေမဲ့ အဲဒီလိုမပြောဆို ရဘူးဆိုပြီး သူတို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်သွားမှာ မဟုတ်ပါဘူး။ ... ဒါပေမဲ့ အပြစ်မဲ့ အရပ်သားတွေကို တိုက်ခိုက်မှုတွေအတွက် ဆင်ခြေတွေပေးစရာ မလိုဘူး။ သံရုံးတစ်ခုကို တိုက်ခိုက်ရလောက်တဲ့အထိ အကြောင်းပြချက် ခိုင်လုံတဲ့ ဗီဒီယိုဆိုတာ မရှိသေးပါဘူး''
(အမေရိကန်သမ္မတ အိုဘာမား၏ ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းမှ)
 

တိဘက်ဒေသ လွတ်မြောက်ရေး မီးရှို့ဆန္ဒပြသူသေဆုံး



အသံ
TEXT SIZE
ဗွီအိုအေ (မြန်မာဌာန)
တရုတ်အစိုးရရဲ့ အုပ်စိုးမှုကို ဆန့်ကျင်တဲ့ အနေနဲ့ နိုင်ငံ အနောက်ဘက် Qinghai ဒေသမှာ တိဘက် အမျိုးသားတဦး ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင် သွားတဲ့အတွက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ တိဘက်လှုပ်ရှားသူ အသိုင်းအ၀ိုင်းက ပြောပါတယ်။ Yushu တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှာရှိတဲ့ Zadoi မြို့နယ်မှာ စနေနေ့က အဆုံးစီရင်မှု ဖြစ်ပွားခဲ့တာလို့လည်း ဗွီအိုအေကို ပြောပြခဲ့ကြတာပါ။

အသက် ၂၇ နှစ် အရွယ်ရှိ Yungdung ဆိုသူဟာ တိဘက်ရိုးရာ ၀တ်စုံကို ၀တ်ဆင်ပြီး တရုတ်ဈေးဆိုင်တွေရှေ့ ဖြတ်လျှောက်ပြီး မီးရှို့သတ်သေခဲ့တာလို့ Yushu ဒေသခံတွေနဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒရမ်ဆလာအရပ်က တိဘက်အရေး လှုပ်ရှားသူ အသိုင်းအ၀ိုင်းက ပြောပါတယ်။ မသေမီမှာ တိဘက်ဒေသ လွတ်မြောက်ရေးနဲ့ တရုတ်အစိုးရဟာ တိဘက် ဘာသာရေးကို ဖျက်ဆီးနေတယ် ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

အခုသေဆုံးမှုနဲ့ပါဆိုရင် ၂၀၀၉ ခုနှစ် ကတည်းက တရုတ်နိုင်ငံ တိဘက်ဒေသမှာ ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ လူပေါင်း ၅၂ ယောက်အထိ ရှိသွားပါပြီ။ ဒီအထဲမှာ ၄၂ ယောက် ကတော့ သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတယ်လို့လည်း အဝေးရောက် တိဘက်အစိုးရက ပြောပါတယ်။

ဧရာဝတီမြစ်ရေတိုး၍ အမရပူရနှင့်တံတားဦးဒေသခံများ အကြပ်တွေ့

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 1 Oct, 2012


 
 ဧရာဝတီမြစ်ရေတိုးလာသောကြောင့် အမရပူရမြို့နယ်တစ်ဝိုက်နှင့် တံတားဦးမြို့နယ်အတွင်း ကျေးရွာများ၌ ရေကြီး၍ စိုက်ပျိုးသီးနှံဆုံးရှုံးမှုများရှိပြီး၊ ယက်ကန်းလုပ်ငန်းများလည်း ရပ်နားထားရကြောင်း  ဒေသခံတောင်သူများက ဆိုသည်။
 
 ရေတိုးတာ(၃)ရက်လောက်ပဲ ရှိသေးတယ်၊ တောင်သူတွေစိုက်ထားတဲ့ ပဲခင်းတွေအကုန် မြုပ်ကုန်တာ။ ထယ်ရေးခတွေ ထွန်ခတွေ အလုပ်သမားခတွေ အကုန်ရှုံးတာပေါ့။ဟု အမရပူရမြို့နယ်၊ ဖရဲကျွန်း ကျေးရွာ အုပ်စု ဆေးအိုးဖိုကျေးရွာမှ ဦးညွှန့်တင်က ပြောသည်။
 
ဧရာဝတီမြစ်နှင့်နားဒေါင်းကျချောင်းတစ်လျှောက်ရှိ ဒေသများဖြစ်သော ဖရဲကျွန်းကျေးရွာ ကျေးရွာအုပ်စု၊ မြင်တော်ကျေးရွာ၊ ချင်းရွာစသော ကျေးရွာများတွင်လည်း တောင်သူစိုက်ခင်းများ ရေနစ်မြုပ်ခံ ရကြောင်း ကြားသိရသည်။
 
ရေကြီးတာဒီအကြိမ်ဆို တစ်နှစ်ထဲမှာ သုံးခါရှိပြီဟု အမရပူရမြို့နယ်ဖရဲကျွန်းကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
 
အမရပူရမြို့နယ်အတွင်းရှိ ရိုးရာယက်ကမ်းခက်သော ကျေးရွာများတွင်လည်း ရေကြီးလာသောကြောင့် ယက်ကန်းစဉ်များရပ်နားထားရကြောင်း ဆေးအိုးဖိုကျေးရွာမှ ယက်ကန်းစဉ်ပိုင်ရှင် ဒေါ်တင်မူက ဆိုသည်။
 
ဝါဆိုဝါခေါင်မှာ ရေကြီးတာက နှစ်တိုင်းပဲ အရင်နှစ်တွေတုန်းက တစ်ခါနှစ်ခါကြီးပြီး၊ ခဏပဲ၊ ဒီနှစ်(၃)ခါကြီးပြီး ရေတာရှည်တော့   တော်တော်နဲ့ မကျဘူးဟုဒေသခံတစ်ဦးဖြစ်သည့် ဦးဘကြည်က ၄င်းတို့ကြုံတွေ့နေရသည့် အခက်အခဲအား ဆိုသည်။
 
အဆိုပါ ဒေသများတွင် မြန်မာရိုးရာယက်ကန်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ပဲစိုက်တောင်သူအများဆုံးနေထိုင် ကြောင်း ၊ရေကြီးလာသောကြောင့် တောင်သူများသီနှံများ ဆုံးရှုံးရပြီးရက်ကန်းစဉ်များ ရပ်နားထားရသော ကြောင့် လက်လုပ်လက်စားဒေသခံများအနေဖြင့်အလွန်နစ်နာမှုရှိပြီး စားဝတ်နေရေးကြပ်တည်းလျက်ရှိသည်။
 

တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်မှာ လူအများအပြား ဒဏ်ရာရ



အသံ
TEXT SIZE
ဗွီအိုအေ (မြန်မာဌာန)
ဂျပန်နိုင်ငံ အိုကီနာဝါ တောင်ပိုင်းဒေသ တလျှောက်မှာ မီးတွေပျက်ပြီး ဒါဇင်နဲ့ ချီတဲ့လူတွေကို ဒဏ်ရာစေခဲ့တဲ့ အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်း Jelawat ဟာ အခု ဂျပန် ကုန်းတွင်းပိုင်း ကို အင်အားပြင်းထန်စွာနဲ့ ၀င်ရောက် တိုက်ခတ် နေပါတယ်။

တနင်္ဂနွေနေ့ ကုန်းတွင်းပိုင်းကို ၀င်ရောက်ချိန်မှာ ပြင်းအား တနာရီကို မိုင် ၆၀ ကျော်နှုန်းနဲ့ တိုက်ခတ်နေပြီး မြောက်ဘက်ကို ဆက်လက် ရွေ့လျား နေတာမို့  တိုကျိုမြို့တော်ကို  ဖြတ်သွားမယ် လို့ မျှော်လင့်ရပါတယ်။

အိုကီနာဝါကို မုန်တိုင်း ဖြတ်သန်းနေချိန်မှာ မုန်တိုင်းဒဏ်ကြောင့် အမျိုးသားတဦး ပင်လယ်ထဲ မျောပါ သွားခဲ့သလို လူပေါင်း ၁၄၀ ကျော် လောက်လည်း ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဂျပန် NHK သတင်း မှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံ အလယ်ပိုင်းက နာဂိုရာ (Nagoya) မြို့မှာ ရေလွှမ်းမိုးမယ့် အန္တရာယ် ရှိနေတာမို့ ဒေသခံ ၅ သောင်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ မီးမရဘဲ နေနေရပါတယ်။

တိုင်ဖွန်းမုန်တိုင်း Jelawat ဟာ တနင်္လာနေ့ အစောပိုင်းမှာတော့ ပစိဖိတ် သမုဒ္ဒရာထဲကို ဦးတည်ရွေ့သွားဖို့ ရှိပြီး ကုန်းတွင်းပိုင်းက မထွက်ခင်မှာ ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသကို ဖြတ်သန်းသွားဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

လက်ပံတောင်းတောင် နှီးနှောဖလှယ်ပွဲ မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ပြောကြားချက်။



လက်ပံတောင်းတောင် နှီးနှောဖလှယ်ပွဲ မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ပြောကြားချက်။
(ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ အဲဒီကျမှ အထုပ်တွေပြေသွားပြီးတော့ ကိုယ့်ဟာကိုယ် မရှင်းနိုင်ရင်တော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ။)
--------------------------------------------------------------------------------
''စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူ ကြိတ်ပြီးတော့ ရေးခဲ့တဲ့ စာရွတ်ပေါ်က သဘောတူညီချ
က်တွေကို ကျွန်တော်ကို တိုင်းသူပြည်သားများက မျက်စိမှိတ်ပြီးတော့ သဘောတူလက်ခံမှာ မဟုတ်ဘူးဆိုတာ အားလုံးကိုရှင်း ရှင်းလင်းလင်း ပြောထားခဲ့ပါမယ်။ ဖွံ့ဖြိုးမှုကို မငြင်းပယ်ပါဘူး။ သို့သော် အဲဒီဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့
ဘာတွေ ပေးဆပ်ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရင် အကြောင်းအရာ တစ်ခုချင်းစီအလိုက် စီမံကိန်း တစ်ခုချင်းစီအလိုက် ရွေးချယ်ခွင့် ရှိရပါမယ်။ အဲဒီဒေသခံပြည်သူတွေရဲ့ သဘောထားတွေ သူတို့ဆန္ဒတွေ၊ ဘ၀တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့ စီမံကိန်းမျိုးတွေ ဖြစ်ရပါမယ်။ ပြည်သူ့အတွက် ဘယ်လောက်ရမှာလဲဆိုတာကအစ သဘာဝပတ်ဝန်း ကျင်ဘယ်လောက် ထိခိုက်မှာလဲ နောက်မျိုးဆက်တွေအတွက် ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို အားလုံးကို ပွင့်ပွင့်လင်းလင်း သိဖို့ စပြီးတော့ နားထောင်ရတော့မယ်။ တစ်ဘက်ကလဲ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ချေပချင်တာ ရှင်းလင်းချင်တာရှိရင် ရှင်း။ ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ အဲဒီကျမှ အထုပ်တွေပြေသွားပြီးတော့ ကိုယ့်ဟာကိုယ် မရှင်းနိုင်ရင်တော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ။ အရင်က လုပ် ထားကိုင်ထားတာတွေ သိရတော့ ကျွန်တော်တို့ အမြတ်ထွက်တာပေါ့။ ဒါကြောင့် ဒီလက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ စိုးရိမ်ပူပန်သူတွေ အားလုံးရဲ့အသံတွေ၊ အရုပ်တွေကို စပြီးထုတ်ပေးလိုက်ပြီ..........။

ဒါကြောင့် ချေပချင်တဲ့သူတွေ ဒီစီမံကိန်းကြီး ဘယ်လောက်အကျိုးရှိကြောင်း ပြောချင်တဲ့သူတွေပြောပါ။ အားလုံးကလည်း နားထောင်လိုက်ပါ။ ဒါမှလည်းမျှတမယ်''
COPY FROM-ငရဲ သား
ယနေ့ အကြိုက်ဆုံး စကား....။
(၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်)
လက်ပံတောင်းတောင် နှီးနှောဖလှယ်ပွဲ မှ

သမ္မတ ဦးသိန်းစိန် သတင်း

ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က BBC ၏ Hardtalk အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ BBC ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်က ''သူမအနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူး ဆိုတာ ပြည်သူတွေရဲ့ ဆနသဘောပေါ်မှာ မူတည်ပါတ

ယ်။ တစ်ကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ''ဟု ပြောကြားခဲ့သည်။

''မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ ပြသနာ တစ်စုံတစ်ရာ မရှိပါဘူး။ ကျွန်တော်တို့ အတူလက်တွဲ လုပ်ဆောင်နေကြပါတယ်''ဟုလည်း ၄င်းက ပြောကြားခဲ့သည်။


ထို့ပြင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာရယူထားသော စစ်တပ်အနေဖြင့် တိုင်းပြည်၏ နိုင်ငံရေးတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြော
င်းလည်း သမ္မတဦးသိန်းစိန်က ဖြည့်စွက်ပြောကြားခဲ့သည်။
 
 
ပြည်သူလူထုက လိုလားမယ်ဆိုရင် မစုလည်း ၂၀၁၅ မှာ သမ္မတဖြစ်နိုင်ပါတယ် (၁၉၉၀ ရလဒ်ကို မေ့သွားသဖြင့် ....)

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ကုလသမဂ္ဂ ညီလာခံတွင် မိန့်ခွန်း ပြောကြား ခဲ့သည့် ပြည်ထောင် စု မြန်မာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အား အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈နာရီကရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်လမ်းမတွင် ဂုဏ်ပြု ကြိုဆိုရန်စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်။

၆၇ကြိမ်မြောက်ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်တို့၏ လုပ်ဆောင်ချက်များကို မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် ဂုဏ်ယူမိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်ဆိုတဲ့ကြံ့ဖွတ်ခေါင်းဆောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူကလိုလားရင် သမ္မတဖြစ်လာနိုင်ပါတယ်တဲ့။ ဒီသမ္မတဆိုသူဟာ ခုထက်ထိ ဘူးလုံးနားမထွင်း ဖြစ်နေပါသေးတယ်။ တကယ်တော့ သူသမ္မတဖြစ်လာတာဟာ ပြည်သူထောက်ခံလို့ မဟုတ် တိုင်းပြည်ကိုဖျက်ဆီးနေတဲ့သူတစုကသာ မဲလိမ်မဲညာတွေနဲ့ ၊ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့ တွေကို မဖိတ်ခဲ့ပဲနဲ့ ၊ ပြည်သူနဲ့ သတင်းမီဒီယာတွေကို မပြရဲဘဲနဲ့ အတင်းတက်ပြီး သမ္မတလုပ်နေတာပါ။ သတ္တိရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြီး မဲပုံးကို ဘက်လိုက်မှုမရှိပဲ ထောင်ကြည့်လိုက်ပါ။ ပြည်သူက လိုလား မလိုလားဆိုတာ သမ္မတဆိုသူကြီး သိလာပါလိမ့်မယ်။
Christina Jglbll ပြည်သူ့ရင်မှာ. ဖြစ်တည်နေခဲ့တာကြာပါပြီ။
Chit Aung Hla Patrick ကတိန်းစိန်ရယ် ကိုယ့် အသက်လဲကိုပြန်ကြည့် ပါဦး... စေတာနာဒီလောက်ထားတတ်
ရင် နိုင်ငံတော်ကို တကယ်တိုးတက်အောင်လုပ်နိုင်မဲ့ သူလဲရှိနေပီ တကမ္ဘာလုံးကလဲ ယုံကြည်တယ်။ ဒါတောင် နောက်သက်တမ်းဆက်လုပ်ဥိးမှဆိုသေးတော့  သူ့ အသက်ကိုယ်အသက် တွက်ကြည့် ဥိး ။သူက ဘယ်တော့  သမ္မတ လုပ်ရဦးမှာလဲ..ငါ လဲမပြောချင်ပါဘူးဆို မနေနိုင်ဘူး ဒီလဒတွေနဲ့ တော့ ကွာ
Arr Gyi ခင်ဗျားတို့  နေ၇ာဖယ်မပေးတာ နှစ်၅၀ကျော်လာပြီနော် ...လူထုတွေအမှန် တင်သူသာ သမ္မတ ဖြစ်သင့် တာ ဒီမိုကေ၇စီနိုင်ငံတိုင်းပါဗျာ....ဒီတမတ်သားက လွတ်တော်ထဲ က ထွက်မပေးသေး၇င် လက်ခံချင်စ၇ာမရှိဘူ.၂၀၀၈ ဖွဲ့ စည်းပုံကိုလဲတွန်းလှန်ဖယ်ရှား၇မှာဘဲ.....အမေ့ ကို နည်းမျိုးစုံနဲ့  နှောက်ယှက်ဖို့ အစီအစဉ်ရှိသေး တယ်ဆိုတာ ကြိုမြင်နေ၇တယ် စကားထဲက ဇာတိကပြပြလာတာဖုံးမ၇ဘူးဗျ ..သမဒဂျီး၇ဲ့ အယုံသွင်း... နောက်ကျော ဒါးနဲ့ ထိုးဇာတ်ကွက်တွေ လဲ လူတွေက အတော့ ကိုသဘောပေါက်ထာပါ... ခပ်ဝေးဝေး မကြည့် နဲ့  ဘင်္ဂါလီတွေ နေ၇ာ ပေးတာတခုထဲနဲ့ ထောက်ကွက် ဘဲ..။

Chit Aung Hla Patrick ကတိန်းစိန် က ငါထက်မတော်ရင်တောင် ငါ့ လောက်တော့  မညံ့ ပါဘူး.. နောက်ကျောက သေနပ်ကြီး ထောက်မထားဘူးဆိုရင်ပေါ့ လေ။ အမေရိကားခရီးစဉ်မစခင်အထိ နောက်သက်တမ်း ဆက်မလုပ်တော့ ပါဘူး အသက်အရွယ်အရပါလို့  ပြောပီးသား။ အမေရိကားခရီးစဉ်မှာ အနောက်ကလူတွေက တရင်းတနှီး ဆက်ဆံပေးလာတာမှာ ငါကွဆိုပီး မန်တက်အလာ စစ်တပ်ကလဲနောက်ကျောမှာ ပြောင်းဝကပ်လိုက်တော့  စကားတွေ ပြောင်းကုန်တာဖြစ်မယ်။
 
 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမေရိကားခရီးစဉ်မှပြန်လည်ရောက်ရှိပြီး ကြိုဆိုနှုတ်ဆက်သူများကို လေယာဉ်ကွင်းပြင်ခြံစည်းရိုးထိလိုက်လံနှုတ်ဆက်ခဲ့သည်။
ဓါတ်ပုံ - ဂျေပိုင်

NLD ရှေ့ရေး .. ဗကပ အတွေး (၂၉.၉.၂၀၁၂)





(၁) ဤဆောင်းပါးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) နာယက ဦးတင်ဦးက ‘ဒေါ်အောင်ဆန်းစုကြည်ကို အမြဲအား ကိုးနေလို့မဖြစ်’ ဟု ပြောတာကို ဖတ်ရလို့ ရေးလို့ရပြီဆိုပြီး ရေးခြင်းဖြစ်သည်။

(၂) ဒေါ်စု တယောက် လွှတ်တော်ပြေးတက်လိုက်။ အိမ်ပြန်ပြီး တညလောက်အိပ်။ ကော့မှူးကိုထွက် လုပ်နေရတာ။ ဒီကြားထဲ နိုင်ငံခြားထွက်တာတွေ တွေ့ပြီး ဒီ (၆၇) နှစ်အရွယ်နဲ့ ဘယ်လောက်ကြာကြာလုပ်နိုင်မှာလဲလို
့ စဉ်းစားမိသည်။ သူ ဗမာပြည်နိုင်ငံရေးထဲ ၀င်လာတော့တောင် အသက် (၄၀) ကျော်နေပြီ၊ သူ့အဖေလို လူငယ်ခြေတက်ဘ၀နဲ့ လုပ်ရတာ မဟုတ်။

ဒါ့ထက်အရေးကြီးတာက

- ပါတီဥက္ကဋ္ဌလုပ်နေသူက ပါတီလုပ်ငန်းမလုပ်နိုင်ဖြစ်လျှင် ပါတီစည်းလုံးရေး ပျက်ပြားတတ်သည်၊ ကြားနေရတဲ့ သတင်း တွေက မကောင်းပါ၊ ၁၉၆၂ အာဏာသိမ်းပွဲ ပြီးစက သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်အောင်ကြီးက ‘ဦးနုက ကိုယ့်ပါတီကို ပင် မထိန်းသိမ်းနိုင်တော့လို့ သူတို့စစ်အုပ်စုက တိုင်းပြည်ကို ၀င်ထိန်းဖို့ အာဏာသိမ်းရတာ’ ဟု ပြောခဲ့သည်။ (ဒီချုပ် ခေါင်းဆောင်များ သတိပြုကြဖို့ပါ။)

- စစ်တပ်အာဘော် ဂျာနယ်မှာတော့ ဒေါ်စုကို ဒီချုပ်ခေါင်းဆောင်မလုပ်ဘဲ (statesman) ပဲ လုပ်ဖို့ ဗြောင်ရေးနေပြီ။

(၃) ကြုံကြိုက်လို့ ရေးခွင့်ပြုပါ။

- ဒေါက်တာမောင်မောင်သမ္မတ လုပ်တုန်းက ပါတီစုံ ရွေးကောက်ပွဲလုပ်ပေးမည်ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့ပေး သွားသည်။ ထိုအခါက မိမိတို့ငြင်းပယ်ခဲ့သည်။ ဘာကြောင့်လဲ ‘၁၉၇၄ အခြေခံဥပဒေ’ အောက်ကို ဆွဲသွင်းနေလို့ ဖြစ် သည်။ သူဖျက်ပေးတာက အဲဒီအခြေခံဥပဒေထဲက ပုဒ်မတခုနဲ့ ပတ်သက်တာတွေကိုပဲ ဖျက်ပေးတာ ဖြစ်သည်။ တခြား ပုဒ်မတွေကို မဖျက်သိမ်း။

- န၀တ က ‘၁၉၉၀’ ရွေးကောက်ပွဲလုပ်ပေးတော့ ‘ရွေးကောက်ပွဲကော်မရှင်’ က ဒေါက်တာမောင်မောင် ဖွဲ့ပေးတဲ့ ကော်မ ရှင်ပါပဲ၊ (ဒါပေမဲ့) ‘၁၉၇၄ အခြေခံဥပဒေ’ ဖျက်သိမ်းပြီး ဖြစ်သည်၊ ဒါကြောင့် ‘ဗကပ’ က ‘ရွေးကောက်ပွဲ သပိတ်မမှောက်နဲ့ ဒီချုပ်ကို ပုံအောပြီး မဲပေးကြ’ လို့ ဆော်သြခဲ့သည်။

(၄) ‘၂၀၁၅ ရွေးကောက်ပွဲ’ ကို ‘၂၀၀၈ အခြေခံဥပဒေ’ အရ လုပ်မှာဖြစ်သလို ရွေးကောက်ပွဲကော်မရှင်ကလည်း အခု လက်ရှိကော်မရှင်က လုပ်မှာဖြစ်သည်။ ဒါကြောင့် ‘ဗကပ’ က ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆော်သြမည်။

- ပြီးခဲ့တဲ့အတွေ့အညကံအရဆိုလျှင် မိမိတို့အနည်းစု ဖြစ်နိုင်သည်၊ ကိစ္စမရှိ၊ (ဗကပ ရဲ့ ကြံဆချက် ‘ဒီမို ၂၀၀၆’ ကို
တင်ပြတုန်းက (လမ်းပြမြေပုံ RM (၇) ချက်စလုံး အဆင့်တိုင်း တိုက်ဖျက်မည်ဟု လောဘတကြီး ပြောခဲ့သူများက
နောက်ဆုံးတော့ ဘာမှ မတိုက်ဖျက်နိုင်ခဲ့တဲ့ အတွေ့အကြုံကို ‘ဗကပ’ ရထားပြီ ဖြစ်သည်။)

- အခု ပိုခက်လိမ့်မည်။ ‘၂၀၀၈ အခြေခံဥပဒေ’ ကို လက်ခံနေကြပြီ၊ ‘၂၀၁၅’ ကို မျှော်နေကြပြီ။ ၁၉၄၀ ကာလတုန်းက လည်း ရာခိုင်နှုန်းအများစု တပြည်လုံးဆိုပါစို့ ဂျပန် မျှော်ကြသည်၊ ‘ဗကပ’ မပါခဲ့ပါ။

- ‘၂၀၀၈ အခြေခံဥပဒေ’ အောက်ကို ခေါင်းငုံ့ဝင်ဖို့ ‘ဟ’ ပေးတဲ့ အပေါက်ထဲတိုးဝင်မိရင် ‘စည်းကမ်းပြည့်ဝ’ တဲ့ ဒီမိုကရေစီ ရဲ့ အနိုင်ကျင့်တာ ခံရလိမ့်မည်။ ဒီချုပ် လစ်ဟင်းလို့ ကျမ်းကိုင်ခဲ့ရပြီ။

(၅) ဦးတင်ဦးရဲ့ ‘ညည်းချင်း’ ကြားခဲ့ရပြီ၊ အခု ကိုယ့်ကိုယ်ကို ဝေဖန်ရေးသဘောတွေ့ရလို့ ရေးလိုက်ပြီ။

- ဒီချုပ်သက်တမ်း ရှည်စေချင်လို့

- ဒီတခါက ‘၁၉၉၀ အလံ’ ကို စွန့်လိုက်တာမျိုး။ ‘ရွှေဂုံတိုင်ရပ်တည်ချက်’ စွန့်လိုက်တာမျိုး မဟုတ်ဘဲ ဗမာ့နိုင်ငံရေးမှာ
ဖြစ်လေ့ရှိသလို ပုဂ္ဂိုလ်တဦးရဲ့ ခေါင်းဆောင်မှုလည်း မရှိရော တပါတီလုံး ဆန်ကွဲကြဲသလိုအဖြစ်မျိုး ဒီချုပ် မတိုးစေချင် လို့ စေတနာနဲ့ ရေးပါသည်။

ပြည်သူ့အာဏာ ဂျာနယ်

(၂၉- ၉ – ၂၀၁၂)

မြိတ်မြို့ကန်ကြီးရပ်ဒေါက်တာဂင်လိုက်ဆေးခန်းရှေ့တွင်လူတစ်ဦးရုတ်တရက်သေဆုံးခြင်း။



မြိတ်မြို့ကန်ကြီးရပ်ဒေါက်တာဂင်လိုက်ဆေးခန်းရှေ့တွင်လူတစ်ဦးရုတ်တရက်သေဆုံးခြင်း။ဖြစ်စဉ်အမည်မသိအမျိုးသားတစ်ဦး၊အသက်(၄၀)ကျော်ဝန်းကင်ခန့်သည်(ရေပုန်းရပ်မှဦးအောင်မြင့်၏အလုပ်သမားဟုပြောနေကြသည်)နေမကောင်းသဖြင့်ဆေးခန်းသွားပြကာအဖေါ်တစ်ဦးမှမပါပဲတက္ကစီငှားပြီးကန်ကြီးရပ်ရှိဒေါက်တာဂင်လိုက်ဆေးခန်းတွင်သွားရောက်ပြသပါသည်။ဆေးခန်းတွင်လူများနေသဖြင့်ဆေးခန်းရှေ့အုတ်ခုံပေါ်တွင်ထိုင်ပြီးစောင့်နေရာမှရုတ်တရက်သေးဆုံးခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါသည်။

U.N. chief urges careful handling of Myanmar Rohingyas issue



U.N. Secretary General Ban Ki-moon opens the high-level meeting on countering nuclear terrorism on the sidelines of the 67th United Nations General Assembly at the U.N. headquarters in New York September 28, 2012. REUTERS/Brendan McDermid
UNITED NATIONS | Sat Sep 29, 2012 12:56pm EDT
(Reuters) - U.N. Secretary-General Ban Ki-moon urged the world's largest Islamic body on Saturday to "treat carefully" the issue of the stateless Muslim Rohingyas in Myanmar because it could affect the reform process underway in the country, also known as Burma.
Over the past year, Myanmar has introduced the most sweeping reforms in the former British colony since a 1962 military coup. A semi-civilian government, stacked with former generals, has allowed elections, eased rules on protests and freed dissidents.
But an outbreak of violence in June between ethnic Rakhine Buddhists and the Rohingyas killed 80 people and displaced thousands. At least 800,000 Rohingyas are not recognized as one of the country's many ethnic and religious groups.
Rights groups accused Myanmar security forces of killing, raping and arresting Rohingyas after the riots. Myanmar has said it exercised "maximum restraint" in quelling the riots.
Ban discussed the issue in separate meeting with Ekmeleddin Ihsanoglu, secretary-general of the 57-member Organization of Islamic Cooperation (OIC), and Myanmar President Thein Sein on the sidelines of the U.N. General Assembly of world leaders.
During his meeting with Ihsanoglu, Ban "indicated the importance of the situation in Rakhine being treated carefully because of the potential wider implications of the Rakhine issue on the overall reform process in Myanmar," his spokesman said.
An OIC committee set up to deal with the Rohingya issue met for the first time in New York this week and called for them to be given rights as citizens in Myanmar. Ihsanoglu said he wanted to visit Myanmar when the government was ready to "to remedy the fundamental rights issues of the Rohingya Muslims."
Myanmar's president is in a tight spot. Concessions towards the Rohingyas could prove unpopular among the general public, but perceived ill-treatment risks angering Western countries that have eased sanctions in response to human rights reforms.
Thein Sein said in June the government was only responsible for third-generation Rohingyas whose families had arrived before independence in 1948 and that it was impossible to accept those who had "illegally entered" Myanmar.
Ban and Thein Sein "discussed the recent outbreak of violence in Rakhine state and the immediate and long-term perspectives to promote inter-communal harmony and address the root causes of the tension there, including developmental efforts," Ban's spokesman said in a statement.
"The President confirmed the country would address the long-term ramifications of this question," the spokesman said.
Last week Aung Min, a minister in President Thein Sein's office and the government's top negotiator in peace talks with at least 10 ethnic minority rebel groups, said the government had set up an independent commission of inquiry to investigate the violence between the Rakhine Buddhists and Rohingyas.
The commission would look at how further violence could be prevented, which includes examining the status of the ethnic minorities, he said. It is due to report on due November 16.
(Reporting by Michelle Nichols; Editing by Sandra Maler)

Buddhist temples, homes burned, looted in Ramu
Sun, Sep 30th, 2012 4:26 am BdST
 
Cox's Bazaar, Sept 30 (bdnews24.com)—A mob torched and vandalised a village of Buddhists in Cox's Bazaar's Ramu Upazila early on Sunday in one of the worst religious attacks in Bangladesh apparently triggered by a Facebook posting allegedly defaming the Quran. 

Eyewitnesses and police said the assailants set fire to at least six Buddhist temples and nearly 20 homes and looted and damaged more than a hundred others until 3am in the hate attack.

Cox's Bazaar district's Superintendent of Police Selim Mohammed Jahangir acknowledged the violence in the Buddhist-dominated locality. He said around 3am situation in the Ramu district headquarters was under control but in areas on the fringe, tension was palpable.

"Police patrols have been strengthened in the Buddhist-majority areas," SP Jahangir added. 


Paramilitary BGB personnel have been called out to restore order in the affected areas, Suresh Barua, teacher at a local school, said.

Several houses and Mithhachharhi Bonbihar, some five kilometres from Ramu Sadar Upazila, were set on fire around 3:30am, said General Secretary of Ramu Upazila Juba League Nitish Barua. 




A 100-foot high under-construction Buddha sculpture was also ravaged in Bimukti Bidarshan Babna Centre in the locality, he added. 


Gias Uddin Ziku, Office Secretary of Cox's Bazaar district unit of Jatiyatabadi Chhatra Dal and Chairman of Jhilangja Union, said he dispersed Jamaat-e-Islami activists who had gathered around localities of ethnic minorities. He also said he had informed the police of the incident.

Local people said followers of an Islamist party led by several leaders took out a procession around 10pm on Saturday alleging that a photo was uploaded on the Facebook to defame the holy book. 


At a subsequent rally, they claimed a youth by the name of Uttam Barua had pasted the purportedly offensive photo in the social networking website and demanded his arrest.

Another militant procession was taken out that marched down towards the Barua Parha around 11:30pm and some youths from the procession set some homes of the Buddhists on fire. 


From then on, 15 homes, three temples including 'Saada Ching' and 'Laal Ching' were burned to the ground, Dipak Barua, a local, said.

Police, local administration officials and public representatives were trying to quell the arson and destruction that continued at least until 1:30am. 


A local journalist, who was hiding with family in the neighbourhood that came under attack, told bdnews24.com the Cheranghata Barakyang Temple close to his home was set alight. He said the flames died out around 2:45am.

Also, Ramu Maitree Bihar, Saada Chinglaal, Ramy Sina Bihar and Jadiparha Bouddha Bihar were torched, ransacked and looted. 


At least 10 Buddhist villages were attacked and Purbo Merongloa locality that had around 20 houses was burned.

Chairman of Ramu Upazila Council Sohel Sarwar Kajal said efforts were on to quell the tension. 


Several Facebook users, meanwhile, said Uttam Barua, the Ramu youth being accused of Quran defamation, did not post the photo deemed to be offensive to Islam. They said Uttam was tagged in the photo from a Facebook ID called 'Insult Allah' and so he was in no way responsible.

Recently, there was much hullabaloo was created after Rohingya Muslims tried to cross the border into Bangladesh fleeing the religious riot in Myanmar's Buddhist-majority Rakhine state. A section of the civil society in Bangladesh reacted to the government refusing the refugees entry. The government believes communal forces were behind this incident. 


bdnews24.com/corr/mhp/bd/0430h

လွမ်းစိမ့် NOSTALGIA by Cho Tu Zaw ( English Subtitle -Docudrama movie)

တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း-၃)

တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း-)

အပြိုင်အဆိုင် အဆိုပြုချက်များ (competing claims)

Spratlys ကျွန်းစုမှာ အနည်းဆုံး (၁၉၀) barren islets တွေ ရှိပြီး၊ အကျယ်အ၀န်းအားဖြင့် ခန့်မှန်း 150,000 square mile ရှိပါတယ်။ အချို့ကျွန်းတွေဟာ ရံဖန်ရံခါမှာ ပင်လယ်ရေအောက်မှာ နစ်မြှုပ်နေတာကြောင့် အကျယ်အ၀န်းတိုင်းတာချက်တွေမှာ ကွဲလွဲမှုတွေလဲ ရှိနိုင်ပါတယ်။ Spratlys ကျွန်းစုတည်ရှိရာနေရာဟာ ဗီယက်နမ်ကမ်းရိုးတန်းနဲ့ မိုင် (၃၀၀) အကွာမှာ ရှိပြီး၊ ဟိုင်နန်ကျွန်းနဲ့ မိုင် (၆၀၀) အကွာမှာ ရှိပါတယ်။ ဖိလစ်ပိုင်ရဲ့ Palawan ကျွန်းနဲ့ မိုင် (၅၀-၉၀) အကွာမှာ ရှိပြီး၊ မလေးရှား state of Sabah နဲ့ မိုင် (၁၆၀) အကွာမှာ ရှိပါတယ်။ ဒီဒေသနဲ့ပတ်သက်ပြီး စနစ်တကျ တိုင်းတာသတ်မှတ်မှုတွေမရှိပဲ navigation charts တွေပေါ်မှာ "Dangerous Ground" အဖြစ် သတ်မှတ်ခံထားရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတို့က ဒေသတခုလုံးကို ပိုင်ဆိုင်ကြောင်း အဆိုပြု ထားကြပြီး၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဘရူးနိုင်း နိုင်ငံတို့ကတော့ တစိတ်တပိုင်း ပိုင်ဆိုင်ကြောင်း အဆိုပြုထားကြပါတယ်။ ဘရူးနိုင်ကလွဲရင် ကျန်တဲ့ နိုင်ငံတွေက သူတို့အဆိုပြုချက်ကို သက်သေပြနိုင်မယ့် islets တွေကို သိမ်းပိုက်ထားနိုင်ကြပါတယ်။


(ပုံ-၅။ အပြိုင်အဆိုင်အငြင်းပွားမှုများ ပြ မြေပုံ။ Source: Joe Burgess,"Territorial Claims
in the South China Sea," New York Times, May 31, 2012)

အကြီးဆုံးကျွန်းဖြစ်တဲ့ Thitu ကျွန်းကို ဖိလစ်ပိုင်က သိမ်းယူထားပြီး၊ (.) square miles ရှိပါတယ်။ နောက်ထပ် အကြီးဆုံးကျွန်းဖြစ်တဲ့ Itu Aba ကိုတော့ ထိုင်ဝမ်က သိမ်းယူထားပြီး 0.15 square miles ရှိပါတယ်။ ကျန်တဲ့ကျွန်းတွေကတော့ အကြီးဆုံးကျွန်းကတောင် 0.1 square miles ပဲ ကျယ်ဝန်းပါတယ်။ နိုင်ငံတနိုင်ငံချင်းဆီရဲ့ နယ်မြေပိုင်ဆိုင်မှုအဆိုပြုချက်များကို ဆက်လက်ဖော်ပြပါမယ်။

() ဘရူနိုင်း

ဘရူနိုင်းနိုင်ငံရဲ့ ရေပိုင်နက်အဆိုပြုချက်က continental shelf တလျှောက်မှာရှိတဲ့ ကမ်းရိုးတန်းကို တိုးချဲ့ပြီး အဆိုပြုထားတာ ဖြစ်ပါတယ်။ ဒါက တရုတ်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့ရဲ့ အဆိုပြုထားတဲ့ ရေပိုင်နက်နဲ့ overlap ဖြစ်နေပါတယ်။ ဘရူနိုင်းရဲ့ ရေပိုင်နက်အဆိုပြုချက်က (၁၉၅၄) ခုနှစ်မှာ ဗြိတိန်အစိုးရက သတ်မှတ်ချက်ဖြစ်တဲ့ 100-fathom line မှာ အဆုံးသတ်မှုကနေ ကျော်လွန်ပြီး Rifleman Bank အထိ တိုးချဲ့ အဆိုပြုထားတာ ဖြစ်ပါတယ်။ ဘရူနိုင်းအဆိုပြုချက်က UN Convention on the Law of the Sea (UNCLOS) မှာ ဖော်ပြထားတဲ့ continental shelf ဆိုင်ရာ Articles 76 နဲ့ 77 ကို အခြေပြုထားပါတယ်။ သူ့တောင်းဆိုချက်မှာ Louisa Reef (မလေးရှားအဆိုပြုထားသော နေရာ) နဲ့ Rifleman Bank တို့ပါဝင်ပါတယ်။

() တရုတ်ပြည်သူ့သမ္မတနိုင်ငံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အဆိုပြုချက်ကတော့ သမိုင်းနောက်ခံ အခြေအနေတွေကို အခြေပြုထားပါတယ်။ ဟန်မင်းဆက်လက်ထက် (206 B.C. to 220 A.D.) ကတည်းက တောင်တရုတ်ပင်လယ်ကို တရုတ်ငါးဖမ်းသမားတွေက အသုံးပြုခဲ့တာဖြစ်ကြောင်း ဆိုထားပါတယ်။ ပထမဦးဆုံး တရားဝင်နယ်မြေပိုင်နက် အဆိုပြုချက်က (၁၈၈၇)ခုနှစ်မှာ ပြင်သစ်နဲ့ချုပ်ဆိုခဲ့တဲ့ treaty နဲ့ သက်ဆိုင်ပါတယ်။ အဲဒီမှာ Tonkin ပင်လယ်ကွေ့နဲ့ ပတ်သက်ပြီး နယ်မြေခွဲဝေရေး အချက်အလက်တွေ ထည့်သွင်းဖော်ပြထားပါတယ်။ တရုတ်နိုင်ငံက ဒီ treaty အရ Tonkin Gulf ပင်လယ်ကွေ့အပါအ၀င် တောင်တရုတ်ပင်လယ်အတွင်းက ကျွန်းစုတွေ ကိုပါ ပိုင်ဆိုင်ခွင့်ရှိကြောင်း အဆိုပြုပါတယ်။

(၁၉၄၇)ခုနှစ်မှာ တရုတ်အစိုးရပြည်ထဲရေးဌာနက ထုတ်တဲ့ မြေပုံထဲမှာ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေကို ထည့်သွင်းဖော်ပြထားတဲ့ လိုင်းတွေ ပါဝင်ပါတယ်။ ဒီမြေပုံနဲ့ပတ်သက်လို့ တရားဝင်ကြေငြာချက်တွေ မပြုလုပ်ခဲ့ပေမယ့် တရုတ်နဲ့ ထိုင်ဝမ်တို့က ဒီမြေပုံပေါ်မှာ အခြေပြုပြီး ရေမြေပိုင်နက် အဆိုပြုချက်ကို ပြုလုပ်နေကြပါတယ်။ အဲဒီမြေပုံမှာ eleven dotted lines တွေ ပါဝင်ပြီး၊ ဒီလိုင်းတွေထဲက ကျွန်းတွေအားလုံးက တရုတ်ပိုင်နက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ nine dotted lines အဖြစ် ပြန်ပြီးပြင်ဆင်ခဲ့ပါတယ်။

(၁၉၅၈) ခုနှစ်မှာ တရုတ်နိုင်ငံက "Declaration of Territorial Sea" ကို ထုတ်ပြန်ကြေငြာပါတယ်။ အဲဒီမှာ တရုတ်ရဲ့ territorial sea ကို ရေမိုင် (၁၂) မိုင်ထပ်ချဲ့ထားပြီး၊ Spratly (Nansha) Islands, Taiwan, the Paracels, Macclesfield Bank, and the Pescadores တို့ကို တရုတ်ပိုင်နက်အဖြစ် ကြေငြာထားပါတယ်။ (၁၉၉၂) ခနှစ်မှာ ထုတ်ပြန်တဲ့ "Law on the Territorial Waters and their Contiguous Areas" မှာ ရေမိုင် (၂၄) မိုင်ရှိတဲ့ Contiguous Zones ကို ထပ်မံဖြည့်စွက်ပြီး၊ (၁၉၅၈) ခုနှစ် ကြေငြာချက်ကို အတည်ပြု ထားပါတယ်။ ထိုင်ဝမ်အရှေ့ဘက်က Senkaku islands တွေကိုလဲ ထပ်မံထည့်သွင်းထားပါတယ်။ ဒီလို အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး လိုအပ်လာရင် စစ်အင်အားသုံးဖို့ကိုလဲ ဥပဒေအရ ခွင့်ပြုထားပါတယ်။

(၁၉၇၄) ခုနှစ်မှာ ဗီယက်နမ်တွေဆီကနေ Paracel Islands ကို တရုတ်ရေတပ်က သိမ်းယူခဲ့ပါတယ်။ တရုတ်နိုင်ငံကParacel Islands တွေကို Xisha Islands လို့ခေါ်တွင်ပြီး (၁၉၈၈) ခုနှစ်မှာ Hainan Island province ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ Spratlys က ကျွန်းတွေကို တရုတ်ရဲ့ ပထမဦးဆုံး သိမ်းပိုက်မှုက (၁၉၈၈) မှာ စတင်ခဲ့ပါတယ်။ (၁၉၈၈) မှာ Spratlys ထဲက reefs တွေကို သိမ်းယူပြီး၊ Fiery Cross Reef မှာ စစ်အခြေစိုက်စခန်း တည်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တခြား reefs တွေကိုလဲ ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။ (၁၉၉၅) အစောပိုင်းမှာတော့ ဖိလစ်ပိုင်က သူ့ရေပိုင်နက်အဖြစ် ကြေငြာထားတဲ့ Mischief Reef မှာ "fisherman's structures" တည်ဆောက်မှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်အကြားမှာ တင်းမာမှုတွေ ရှိခဲ့ပါတယ်။

() မလေးရှား

မလေးရှားရဲ့ အဆိုပြုချက်ကတော့ continental shelf ပေါ်မှာ အခြေပြုထားပြီး၊ Spratly ရဲ့ အရှေ့ပိုင်း၊ တောင်ပိုင်းကျွန်းစုတွေ ပါဝင်ပါတယ်။ ဒီအဆိုပြုချက်က တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့ရဲ့ အဆိုပြုထားတဲ့နေရာတွေနဲ့ ထပ်တူဖြစ်နေပြီး၊ ဖိလစ်ပိုင်က အဆိုပြုထားတဲ့ reefs တွေနဲ့လဲ ထိစပ်နေပါတယ်။ (၁၉၇၉) ခုနှစ်မှာ တရားဝင်မြေပုံထုတ်ပြန်ပြီး၊ အဆိုပြုချက်ကို စတင်ခဲ့တာဖြစ်ပါတယ်။ (၁၉၈၃) ခုနှစ်မှာ အခြေချစစ်စခန်းတခုကို Swallow Reef မှာ တည်ထောင်ခဲ့ပြီး၊ (၁၉၉၁) ခုနှစ်မှာတော့ airstrip တခုကိုပါ ထပ်မံအင်အားဖြည့်ခဲ့ပါတယ်။ ကျွန်းပေါ်မှာ ကမ္ဘာလှည့်ခရီးသွားစင်တာတခုကိုပါ ထပ်မံတည်ထောင်ခဲ့ပါတယ်။ Mariveles နဲ့ Ardasier Reefs တွေကိုလဲ (၁၉၈၆) ခုနှစ်မှာ သိမ်းယူခဲ့ပါတယ်။


() ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံရဲ့ အဆိုပြုချက်ကတော့ ဖိလစ်ပိုင်နဲ့ နီးစပ်တဲ့ Kalayaan Islands တွေကို ပိုင်ဆိုင်ကြောင်း အဆိုပြုချက်ဖြစ်ပါတယ်။ မနီလာက တာဝန်ရှိသူများက Kalayaans ကျွန်းတွေဟာ Spratlys နဲ့ သီးခြားဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအဆိုပြုချက်တွေက တရုတ်၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ရဲ့ အဆိုပြုချက်တွေနဲ့ overlap ဖြစ်နေပါတယ်။ ဖိလစ်ပိုင်တပ်တွေက ကျွန်းအချို့ကို (၁၉၆၈) ခုနှစ်ကတည်းက စတင်သိမ်းပိုက်ခဲ့ပါတယ်။ (၁၉၇၁) ခုနှစ်မှာတော့ Kalayaan Islands ကျွန်းတွေလို့ အမည်သတ်မှတ်ခဲ့ပါတယ်။ (၁၉၇၈) ခုနှစ်မှာ ဖိလစ်ပိုင်သမ္မတ ခွင့်ပြုချက်နဲ့ ဖိလစ်ပိုင်နယ်မြေပိုင်နက်ဖြစ်လာပြီး၊ နိုင်ငံတော်လုံခြုံရေးနဲ့ စီးပွားရေးအခြေအနေ တည်တံ့ရေးအတွက် အရေးကြီးတဲ့ ကျွန်းတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်းအဆိုပြုချက်တွေဟာ လက်ရှိခေတ်နဲ့ မကိုက်ညီတော့ကြောင်း ဖိလစ်ပိုင်က ဝေဖန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေးခေတ်သမိုင်းကြောင်းအခြေပြု အဆိုပြုချက်တွေအရကြည့်မယ်ဆိုရင် ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာလဲ ရှေးခေတ်အခါက တရုတ်ငါးဖမ်းသမားတွေက ဒီကျွန်းတွေအားလုံးကို ယာယီစခန်းချတဲ့ နေရာတွေအဖြစ် အသုံးပြုခဲ့ကြလို့ ဖြစ်ပါတယ်။

() ထိုင်ဝမ်

ထိုင်ဝမ်ကတော့ တောင်တရုတ်ပင်လယ်အတွင်းက U-shaped line အတွင်းမှာရှိတဲ့ Spratly Islands အပါအ၀င် ကျွန်းအားလုံးကို သူ့ရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် အဆိုပြုထားပါတယ်။ ဒီကျွန်းတွေအားလုံးကို Itu Aba (Taiping) ကျွန်းကနေ ထိန်းချုပ်မယ်လို့ ဆိုထားပါတယ်။ Itu Aba ကျွန်းပေါ်မှာ မရင်းစစ်သည် (၁၀၀) ကျော် စခန်းချတပ်စွဲထားပြီး၊ ရေဒါ စခန်း၊ မိုးလေ၀သဌာနနဲ့ power plant တခုပါရှိပါတယ်။ ကျွန်းပေါ်မှာ ဆက်သွယ်ရေးဌာနတခုကို ထပ်မံတည်ဆောက်နေပြီး airstrip တခုကိုပါ ထပ်ဖြည့်မယ့် အစီအစဉ်ရှိပါတယ်။

() ဗီယက်နမ်

ဗီယက်နမ်ရဲ့ အဆိုပြုချက်ကတော့ ပြင်သစ်ဆီကနေ လွတ်လပ်ရေးရယူပြီးကတည်းက Spratlys နဲ့ Paracels ကျွန်းစုတွေရဲ့ အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုပါ ရရှိပြီးဖြစ်တယ်ဆိုတဲ့ အယူအဆပေါ်မှာ အခြေခံထားပါတယ်။ ပြင်သစ်က Spratly ကျွန်းစုကို (၁၉၂၉) ခုနှစ်ကတည်းက အုပ်ချုပ်ခံနယ်မြေအဖြစ်
ကြေငြာခဲ့ပြီး၊ (၁၉၃၀) ခုနှစ်မှာ သိမ်းယူခဲ့ပါတယ်။ (၁၉၃၃) ခုနှစ်မှာ Spratly ကျွန်းစုထဲက ကျွန်းကိုးကျွန်းကို တရားဝင်သိမ်းယူပြီးကြောင်း ပြင်သစ်က ကြေငြာပါတယ်။ (၁၉၅၁) ခုနှစ်မှာ Spratly Islands ကိုပိုင်ဆိုင်ကြောင်း ဗီယက်နမ်က ကြေငြာခဲ့ပြီး၊ (၁၉၅၆) ခုနှစ်မှာ တောင်ဗီယက်နမ်က ထပ်မံအတည်ပြုခဲ့ပါတယ်။ (၁၉၆၁) ခုနှစ်မှာ တောင်ဗီယက်နမ်က ကျွန်းတွေကို ဗီယက်နမ်နယ်မြေပိုင်နက်အဖြစ် အုပ်ချုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ ဒါဟာ တောင်ဗီယက်နမ်ရဲ့ ကြောငြာချက်သာဖြစ်ပြီး၊ မြောက်ဗီယက်နမ်ကတော့ (၁၉၅၆) ခုနှစ်ကနေ (၁၉၇၅) ခုနှစ် ကာလအတွင်းမှာ တရုတ်ရဲ့ အဆိုပြုချက်ကို လက်ခံခဲ့ကြောင်း ဆိုထားပါတယ်။ မြောက်ဗီယက်နမ်က ထုတ်ဝေတဲ့ မြေပုံတွေနဲ့ ကျောင်းသုံးသင်ခန်းစာတွေမှာ တရုတ်ရဲ့ အဆိုပြုချက်အတိုင်း တောင်တရုတ်ပင်လယ်က ကျွန်းတွေကို တရုတ်က ပိုင်ဆိုင်ကြောင်း ထည့်သွင်းတာတယ်လို့ တရုတ်နိုင်ငံက ကြေငြာထားပါတယ်။

() အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံက UNCLOS က ခွင့်ပြုထားတဲ့ 200‐mile EEZ ကို အဆိုမပြုထားပါဘူး။ သို့ပေမယ့် တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နဲ့ ထိုင်ဝမ်တို့က အဆိုပြုထားတဲ့ ရေပိုင်နက်တွေက အင်ဒိုနီးရှားရဲ့ EEZ နဲ့continental shelf တွေထဲအထိ ရောက်ရှိနေပါတယ်။ အဲဒီထဲမှာ အင်ဒိုနီးရှားရဲ့ Natuna gas field ပါ ပါဝင်နေတာကြောင့် အင်ဒိုနီးရှားက ရေပိုင်နက် အငြင်းပွားမှုထဲမှာ အဆိုပြုချက်မလုပ်ပဲ ပါဝင်လာရတာ ဖြစ်ပါတယ်။

ဒီလိုအပြိုင်အဆိုင် အဆိုပြုချက်တွေနဲ့အတူ အဆိုပြုချက်တွေ ခိုင်မာစေဖို့အတွက် စစ်အင်အားတိုးချဲ့မှုတွေ၊ သိမ်းပိုက်ထားတဲ့ ကျွန်းတွေပေါ်မှာ infrastructure တည်ဆောက်မှုတွေကလဲ ပေါ်ထွက်လာပါတယ်။ အရှေ့တောင် အာရှနိုင်ငံများရဲ့ စစ်အင်အားတိုးချဲ့မှု (အထူးသဖြင့် ရေတပ်အင်အားတိုးချဲ့မှု) ကလဲ တစထက်တစ ကြီးထွားလာပါတယ်။  ဗီယက်နမ်က Ho Chi Mihn Trail နှစ်ငါးဆယ်ပြည့်နှစ်ပတ်လည် အခမ်းအနားမှာ ရုရှားက၀ယ်ယူထားတဲ့ စစ်သင်္ဘောတွေကို ထည့်သွင်းပြသထားပြီး၊ Spratlys ကို ကာကွယ်နေတဲ့ ရေတပ်သားရဲ့ ပိုစတာကို ချိတ်ဆွဲပြသခဲ့ပါတယ်။ ရုရှားကနေ Gepard class frigates တွေ ထပ်မံဝယ်ယူပြီး ရေတပ်အင်အားကို ထပ်မံဖြည့်တင်းထားပါတယ်။

မလေးရှားနိုင်ငံကလဲ Scorpene Class submarines တွေ ထပ်မံဝယ်ယူပြီး ရေတပ်အင်အားဖြည့်တင်းထားသလို၊ အင်ဒိုနီးရှားနိုင်ငံကလဲ တောင်ကိုးရီးယားကနေ Chanbogo Class submarines တွေနဲ့ ရုရှားထုတ် Kilo Class submarines တွေကို ထပ်မံဝယ်ယူပြီး အင်အားဖြည့်တင်းထားပါတယ်။ ဖိလစ်ပိုင်ရေတပ်ကတော့ ဖိလစ်ပိုင်ရဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် အမေရိကန်ပြည်ထောင်စုနဲ့ ချုပ်ဆိုထားတဲ့ Mutual defence Treaty ကို အားပြုထားပြီး၊ စစ်ရေးပူးတွဲလေ့ကျင့်ခန်းတွေကို တောင်တရုတ်ပင်လယ်အတွင်းမှာ အမေရိကန် ရေတပ်နဲ့အတူ  ပြုလုပ်လျက်ရှိပါတယ်။ တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုပြဿနာတွေကြောင့် မဟာဗျူဟာအကျိုးဆက် (Strategic implications) များစွာ ရှိနိုင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၃၀၊ ၉၊ ၂၀၁၂)