Sunday, September 30, 2012

ဧရာဝတီမြစ်ရေတိုး၍ အမရပူရနှင့်တံတားဦးဒေသခံများ အကြပ်တွေ့

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 1 Oct, 2012


 
 ဧရာဝတီမြစ်ရေတိုးလာသောကြောင့် အမရပူရမြို့နယ်တစ်ဝိုက်နှင့် တံတားဦးမြို့နယ်အတွင်း ကျေးရွာများ၌ ရေကြီး၍ စိုက်ပျိုးသီးနှံဆုံးရှုံးမှုများရှိပြီး၊ ယက်ကန်းလုပ်ငန်းများလည်း ရပ်နားထားရကြောင်း  ဒေသခံတောင်သူများက ဆိုသည်။
 
 ရေတိုးတာ(၃)ရက်လောက်ပဲ ရှိသေးတယ်၊ တောင်သူတွေစိုက်ထားတဲ့ ပဲခင်းတွေအကုန် မြုပ်ကုန်တာ။ ထယ်ရေးခတွေ ထွန်ခတွေ အလုပ်သမားခတွေ အကုန်ရှုံးတာပေါ့။ဟု အမရပူရမြို့နယ်၊ ဖရဲကျွန်း ကျေးရွာ အုပ်စု ဆေးအိုးဖိုကျေးရွာမှ ဦးညွှန့်တင်က ပြောသည်။
 
ဧရာဝတီမြစ်နှင့်နားဒေါင်းကျချောင်းတစ်လျှောက်ရှိ ဒေသများဖြစ်သော ဖရဲကျွန်းကျေးရွာ ကျေးရွာအုပ်စု၊ မြင်တော်ကျေးရွာ၊ ချင်းရွာစသော ကျေးရွာများတွင်လည်း တောင်သူစိုက်ခင်းများ ရေနစ်မြုပ်ခံ ရကြောင်း ကြားသိရသည်။
 
ရေကြီးတာဒီအကြိမ်ဆို တစ်နှစ်ထဲမှာ သုံးခါရှိပြီဟု အမရပူရမြို့နယ်ဖရဲကျွန်းကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
 
အမရပူရမြို့နယ်အတွင်းရှိ ရိုးရာယက်ကမ်းခက်သော ကျေးရွာများတွင်လည်း ရေကြီးလာသောကြောင့် ယက်ကန်းစဉ်များရပ်နားထားရကြောင်း ဆေးအိုးဖိုကျေးရွာမှ ယက်ကန်းစဉ်ပိုင်ရှင် ဒေါ်တင်မူက ဆိုသည်။
 
ဝါဆိုဝါခေါင်မှာ ရေကြီးတာက နှစ်တိုင်းပဲ အရင်နှစ်တွေတုန်းက တစ်ခါနှစ်ခါကြီးပြီး၊ ခဏပဲ၊ ဒီနှစ်(၃)ခါကြီးပြီး ရေတာရှည်တော့   တော်တော်နဲ့ မကျဘူးဟုဒေသခံတစ်ဦးဖြစ်သည့် ဦးဘကြည်က ၄င်းတို့ကြုံတွေ့နေရသည့် အခက်အခဲအား ဆိုသည်။
 
အဆိုပါ ဒေသများတွင် မြန်မာရိုးရာယက်ကန်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ပဲစိုက်တောင်သူအများဆုံးနေထိုင် ကြောင်း ၊ရေကြီးလာသောကြောင့် တောင်သူများသီနှံများ ဆုံးရှုံးရပြီးရက်ကန်းစဉ်များ ရပ်နားထားရသော ကြောင့် လက်လုပ်လက်စားဒေသခံများအနေဖြင့်အလွန်နစ်နာမှုရှိပြီး စားဝတ်နေရေးကြပ်တည်းလျက်ရှိသည်။
 

No comments: