Tuesday, September 25, 2012

သူ့ မှာတမ်း



သူ့ မှာတမ်း (မင်းသုဝဏ်)


သူတို့ အဆုတ် ထားခဲ့မြှုပ်သည့်

ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို

ရွာသားရွာသူ မေးကြမြူသည်

အူအူယမ်းငွေ့  ထတုန်တည်း။


အမောင် ပြောက်ကျား၊ ချစ်သူအားကို

ဘာများ မှာခဲ့ လိုသနည်း ။


ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကို

ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။


အမောင် ပြောက်ကျား ၊ မိဖအားကို

ဘာများ မှာခဲ့ လိုသနည်း ။

မွေးသည့်မိခင် ၊ မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြောပါလေ ။


မောင် ပြောက်ကျား ၊ တိုင်းပြည်အားကို

ဘာများ မှာခဲ့ လိုသနည်း ။

ခရီးမတ်တပ် ၊ လမ်းခုလတ်တွင်

ကိုယ်လွတ် ရှောင်ခွာ ၊ ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ ။

ယမ်းငွေ့အူအူ ၊ တလူလူနှင့်

မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်

နေလုံး ကွယ်လေ ပြီတကား ။
— with The Brook(စမ်းချောင်းကလေး နှင့် နှစ်သက်မိသော ကဗျာများ),

No comments: