Wednesday, September 26, 2012

(၂၀၀၈)ဖွဲ့စည်းပုံပြင်ဖို့အရေး ကိုသာအေး ပြောသလို ပြောရတော့မည်


 
အဖျက်အမှောက် ပယောဂဆိုတာ လက်နက်ကိုင်ပြီး ရန်သူလို့သတ်မှတ်ထားတဲ့လူတွေကို အနှစ်(၆၀)ကျော် ခြေဖ၀ါးမမြင်ဘူးဘဲ အောက်ခြေစစ်သားတွေလောက်သေကြကျေကြတာနဲ့  အခြေခံပြည်သူတွေ ဒုက္ခပေါင်းစုံခံစားရအောင် လောက်လုပ်ပြနိုင်တဲ့ လက်နက်ကိုင်တော်လှန်ရေးခေါင်းစဉ်တပ် ဘာမှအောင်မြင်အောင်မလုပ်နိုင်ဘဲ ရမ်းချမှန်းချလုပ်နေတာကို အဖျက်အမှောက်ပယောဂလုပ်တယ်လို့ ခေါ်ကြပါတယ်။
ဒါတင်ဘဲလားမေးရင် (မကသေးပါ)။ ဖွင့်ဖြိုးပြီးနိုင်ငံတနိုင်ငံကို ရောက်လာပြီး ကိုယ့်နေထိုင်ခွင့်(အာလိမ်ဗီဇာ)ရရှိဖို့ တောင်အော်မြောက်အော် တောင်ပြောမြောက်ပြော ပြောနေကြတဲ့လူလိမ်တွေကိုလဲ အဖျက်အမှောက် ပယောဂလုပ်နေတယ်လို့ မှတ်လို့ရပါတယ်။
ဒီလို ကိုယ်ကျိုးအတွက် လက်နက်ပြတော်လှန်ရေးပြောပြော တောင်အောင်မြောက်အော် လေတော်လှန်ရေးပြောပြော ရမ်းအောင် ရမ်းရေးနေတဲ့ လူတွေကို
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်လာပြီး အဖျက်အမှောက်ပယောဂများ မလုပ်ကြဖို့ သတိပေးလိုက်ပါပြီ။
(၂၀၀၈)ခုနှစ်က အပြီးရေးဆွဲပြဌန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးပြင်မယ်ဆိုကာ ပြည်သူတွေကို အန်တီကတိပေးခဲ့ပြီး (၂၀၁၂အေပြီ ၁-ရက်) ကြားဖျက်ရွေးကောက်ပွဲကို ၀င်ပြိုင်အနိုင်ရရှိခဲ့ပါတယ်။
(၂၀၀၈)ဖွဲ့စည်းပုံက (၁၉၉၃)ကထဲက စစ်တပ်က ဦးဆောင်မှုအခန်းကဏ္ဍကပါဝင်ရေး ခေါင်းစဉ်တပ်ကာ အမျိုးသားညီလာခံတရပ်ကို ကျိုက္ကဆံကွင်း ညောင်နှစ်ပင် နောက်ဆုံး ဒီပဲယင်းအပြီး ဒီမိုကရေစီနိုင်ငံတွေက ဖိအားပေးလို့ လမ်းပျောက်သွားတဲ့အခါ ရုဒ်မက်(၇)ချက်နဲ့ လမ်းပြမြေပုံခင်းပြီး လမ်းရှာလမ်းထွင်ကာ နာဂစ်မုန်တိုင်းအတွင်း ပြည်သူကို ဇွတ်အတင်းအတည်ပြုပြဌာန်းခိုင်းထားတဲ့ တဖက်စောင်းနင်း(၂၀၀၈)ဖွဲ့စည်းပုံလို့ ပြောလို့ရပါတယ်။
ဒီတော့ ဒီဖွဲ့စည်းပုံကြီးပြင်ဖို့အရေးက ပြည်သူတွေထက် ပြည်သူကို ကတိပေးကာ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရထားတဲ့ (NLD)မှာ ပိုမိုတာဝန်ရှိလာတာ အမှန်တကယ်ဖြစ်ပါတယ်။
အခန်း(၁၅)ခန်းပါတဲ့ (၂၀၀၈)ဖွဲ့စည်းပုံရဲ့ နိဒါန်းထဲမှာပင်
အမျိုးသားညီလာခံကျင်းပရာတွင် အခက်အခဲအနှောက်အယှက်များ ကြုံတွေ့ခဲ့ရသော်လည်း (၂၀၀၃)ခုနှစ်တွင် ချမှတ်ခဲ့သော နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ်နှင့်အညီ အမျိုးသားညီလာခံကို (၂၀၀၄)ခုနှစ်တွင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ဆက်လက်ကျင်းပခဲ့ရာ ခိုင်မာသော နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရန်အတွက် အခြေခံရမည့်မူများနှင့် အသေးစိတ်အခြေခံရမည့်မူများကို အနှစ်သာရပြည့်ဝစွာ ချမှတ်နိုင်ခဲ့ကြသဖြင့် (၂၀၀၇)ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့တွင် အမျိုးသားညီလာခံသည် အောင်မြင်စွာ ပြီးမြောက်ခဲ့ပေသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ဆိုတာ အုပ်ချုပ်တဲ့လူတန်းစားနဲ့ အုပ်ချုပ်ခံပြည်သူတွေရဲ့ စာချုပ်ကြီးဖြစ်လို့ အုပ်ချုပ်ခံပြည်သူတွေဘက်က ကိုယ်စားပြုသူတွေမပါဘဲ အုပ်ချုပ်သူလူတန်းစားက စိတ်ကြိုက်ရေးဆွဲထားခဲ့လျှင် အုပ်ချုပ်ခံပြည်သူတွေအတွက် အကျိုးပြုမည်မဟုတ်ပါ၊ ပြည်သူတွေအတွက် အစစ်အမှန် အကာအကွယ်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ဖြစ်လာရန် ပြင်ဆင်ရပေတော့မည်။
ပြင်ဆင်မည်ဆိုရာတွင် အုပ်ချုပ်ရေးအခန်းများကိုသာ ပြင်ဆင်မည်လော
အုပ်ချုပ်ရေးအခန်းများကို ပြင်မည်ဆိုလျှင်
တဖက်သတ်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမှ အခန်း(၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအခန်း ပုဒ်မ(၄၃၅)တွင် ပြည်သူ့လွှတ်တော်အမတ်များ(၂၀%)က တင်ပြလာလျှင် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ(၁)မှ (၄၈)
အခန်း(၂) ပုဒ်မ(၄၉)မှ (၅၆)။ အခန်း(၃) ပုဒ်မ(၅၉)မှ (၆၀)။ အခန်း(၄) ပုဒ်မ(၇၄) (၁၀၉) (၁၄၁) (၁၆၁)။ အခန်း(၅) ပုဒ်မ(၂၀၀) (၂၀၁) (၂၄၈) (၂၇၆)။ အခန်း(၆) ပုဒ်မ(၂၉၃) (၂၉၄) (၃၀၅) (၃၁၄) (၃၂၀)။ အခန်း(၁၁) ပုဒ်မ(၄၁၀)မှ (၄၃၂)အထိ။ အခန်း(၁၂) ပုဒ်မ(၄၃၆)တို့ရဲ့ ပြဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်သူ့လွှတ်တော်အမတ်များက (၇၅%)ကျော်ထောက်ခံလာတဲ့အခါမှ ပြည်သူထံ မဲပေးဆန္ဒခံယူရအုန်းမှာ ဖြစ်ပါတယ်။
ထို ပုဒ်မတွေကို ပြန်ကြည့်ရင် အုပ်ချုပ်ရေးအတွက်ရေးဆွဲထားတဲ့ ဥပဒေတွေဖြစ်ပါတယ်။ အာဏာကြိုးကိုင်ထားတဲ့(ကာလုံ)ကိုလဲ ပြင်လို့မရနိုင်ပါ။ ဒီတော့ (၂၀၀၈)ဖွဲ့စည်းပုံတည်မြဲနေသရွှေ့ ဘယ်နိုင်ငံရေးပါတီမှ အာဏာမရနိုင်ပါ။
(၂၀၀ဂ)ဖွဲ့စည်းပုံက ဦးသန်းရွှေစိတ်ကြိုက်ရေးဆွဲထားလို့ ပြင်ဖို့ဆိုတာ (၂၀၁၅)ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဒီမိုကရေစီပါတီတခုခု(သို့) (NLD)ပါတီက (၇၅%)နှုန်း အပြည့်အနိုင်ရပါလျှင်တောင် မပြင်နိုင်ပါ။
(၂၀၁၂) ဧပြီ(၁)ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ (NLD)ပါတီက (၂၀၀၈)ဖွဲ့စည်းပုံပြင်ဖို့ဆိုပြီး ရဲရဲဝံ့ဝံ့ပြည်သူကို ကတိပေးပြီး ရွေးကောက်ပွဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒီတော့ (NLD)အနေနဲ့ (ကိုသာအေး ပြောသလို ပြောရတော့မှာပါ)
ကိုသာအေးဆိုသူက သူ့ရွာသားတွေ အင်မတန်ဆင်းရဲလွန်းလို့ အလှူအတန်းအကျွေးအမွေးလုပ်ချင်ပါတယ်လို့ အမြဲပြောပြီး ထီထိုးပါတယ်၊ ရွာထဲကိုလဲ လိုက်လံပြောကြားခဲ့ပါတယ်၊ ကျုပ်တို့ရွာကလူတွေကို အလှူအတန်းလုပ်ပေးချင်လွန်းလို့ ကျုပ် ထီထိုးထားပါတယ်၊ ထီပေါက်ရင် တရွာလုံး ဗျို့ဟစ်ခေါ်ပြီး အလှူလုပ်ပေးမှာပါ၊ (ကျုပ် ထီပေါက်အောင် တရွာလုံးက ဆုတောင်းပေးကြပါလို့ ပြောသတဲ့။) တော်လိုက်တဲ့ ကိုသာအေးပါ။
ဒီတော့ (၂၀၀၈)ဖွဲ့စည်းပုံပြင်ဖို့အရေး (၂၀၁၅)ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကိုသာအေး ပြောသလို (NLD)က ပြောပါတော့မည်။          ။
 
 

No comments: