Tuesday, September 25, 2012

မြိတ်မြို့လူထု နှင့် မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများတွေ့ ဆုံ




၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄  ရက်နေ့ နေ့လည် ၂.၀၀ ခန့် မြိတ်မြို့ ၊ပေ ၆၀ လမ်း၊ဘုရားကိုင်ရပ် မြိတ်မြို့လူထု နှင့် မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများတွေ့ ဆုံခဲ့ကြပါတယ်။

မြိတ်မြို့ပေါ်ရှိ လူထုများမှာ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသော ငါးမှုန့်စက်ရုံမှထွက်ရှိသည့် အပုတ်နံ့များဒဏ်ကို ရင်နှင့်အမျှ ခံစားနေလာခဲ့ရာမှ ဒီမိုကရေစီ ခေတ်ရောက်ရှိလာချိန် တွင်လူထုများ ရဲဝန့်စွာ ကန့်ကွက်လက်မှတ်ထိုးနိုင်ရန်အတွက် မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများအား ဖိတ်ခေါ်ပြီး ခံစားလာရသမျှ အပြန်အလှန်ဆွေးနွေးကြရင်း ကန့်ကွက်လက်မှတ်များကို လူထုမှ မိမိသဘောဆန္ဒအလျောက်ထိုးခဲ့ကြပြီး နိုင်ငံတော်သမ္မတကြီးထံ တိုက်ရိုက်တင်ပြသွားပါမည်ဟု မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသား ကိုတင်ကိုကိုဦးမှ ပြောခဲ့ပါသည်။

မြို့ခံ တစ်ဦးဖြစ်သည့် မြို့သစ်ရပ်နေ ဦးလွင်ကိုဦးမှ ဒီ ငါးမှုန့်စက်ရုံ အနံ့ဆိုးကြောင့် ဒီမှာရှိတဲ့လူ ၁၀၀ မှာ ၈၅ ယောက် ပန်းနာရင်ကြပ်ရောဂါ၊ နှလုံးရောဂါတို့ကိုခံစားနေရပါတယ်။ ဒါပေမယ့် ယခင် စစ်အစိုးရအဆက်ဆက် တင်ပြခဲ့ပေမယ့် အရေးယူပေးခြဲ့ခင်းလုံးဝမရှိပါဘူး။ တင်ပြကြတဲ့ ဆရာဝန်တွေတောင် အကြိမ်းအမောင်းခံပြီး တာဝန်ရွှေ့ပြောင်းပစ်တာတွေတောင်ရှိပါတယ်။ ထင်းတွေသုံးတဲ့အတွက် ဒီရေတောတွေ ပြုန်းကုန်ပြီ ၊ ငါး၊ ပုစွန်လေးတွေ သားပေါက်ဖို့နေရာတောင် မရှိတော့တာ ဒါလဲ မသိသလိုနေနေကြတယ်ဗျာ....ပါကေး(ငါးပေါက်လေးများ) ရဖို့ ကမ်းနီးဆွဲတဲ့အခါ ငါးဖမ်းပိုက်တွေကို ခိုးပြင်ထားကြတယ်လေ.... ကုန်ပြီပေါ့ဗျာ..
ငါးဖမ်းလှေတွေကို ဂြိုလ်တုကနေကြည့်နိုင်တဲ့ စက်တွေတပ်ထားပေမယ့် ကြည့်တဲ့စက်ကြီးတွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေမှာဘဲ့ထားထားတယ်လေ ... ငါးဦးစီက ဘယ်လိုဖမ်းမလဲ ခိုးဝင်ဆွဲမှုတွေကိုဘယ်လိုသိကြမလဲ စဉ်းစားကြည့်ကြပေါ့ဗျာ။

နောက်မြို့ခံ နောက်လယ်ရပ်နေ ဒေါ်အေးအေးသိန်းမှ ဒီငါးမှုန့်စက်ရုံလုံးဝ မရှိသင့်တော့ဘူး လူတွေသေတာများလှပြီ၊ ငွေရှင်တွေနဲ့ အာဏာရှင်တွေပေါင်းပြီး လူထုကို ဒုက္ခပေးနေကြတာ ကြာပြီ အခု ဒီမိုကရေစီခေတ်ရောက်ပြီ အမှန်အတိုင်း ဆောင်ရွက်ပေးမယ်ထင်ပါတယ်။

No comments: