Monday, September 28, 2009

အမျိုး ဘာသာ သာသနာကို တိုးတက်အောင် မစောင့်ရှောက်နိုင်ရင်နေပါ။ ကိုယ့်ကြောင့် အမျိုး ဘာသာ သာသနာ မပျက်စီးပါစေနဲ့  လို့  ဆန္ဒပြုရင်း။

ကျနော့ဆီရောက်လာတဲ့ မေးတစ်ခု ကို ဖေါ်ဝပ်ပေးလိုက်ပါတယ်။

ကြည့်ကြပါဦးဗျာ၊
ကိုယ့်ဘာသာကို အလေးထားရမှန်းလည်း မသိ၊
သူများဘာသာကို လေးစားရမှန်းလည်းမသိ။
ဖျက်လိုဖျက်စီးလုပ်ရရင်ပီးရော၊
ငွေရရင်ပြီးရောဆိုတာမျိုးတွေ ရှောက်လုပ်နေကြပါလား။


http://www.fastcomp any.com/blog/ gizmodo-staff/ gizmodo/importan t-message- about-apple- industrial- design-jon- ive-blockquote


အထက်ပါလင့်မှာ
Jonathan Ive, senior vice president of industrial design at Apple
ဆိုသူရဲ့ဗုဒ္ဓဘုရားပုံတော်ကမျက်နှာတော်နေရာမှာသူ့ရဲ့ဓါတ်ပုံအစားသွင်းပြီး
Apple ကိုကြေငြာထားပါတယ်။
၎င်း၏ဓါတ်ပုံများမှာအောက်ပါလင့်တွေသွားရာက်ကြည့်ရှုနိုင်ပါသည်။
http://www.123peopl e.com/s/jonathan +ive








ဒီနေ့ မနက်မေးလ်စစ်ကြည့်တော့ မေးလ်ထဲရောက်လာတဲ့ ပုံတစ်ပုံက စိတ်ကိုတော်တော်လေးထိခိုက်သွားစေတယ်။
photo shop နဲ့ လုပ်ထားတာလား။
အကယ်၍ photoshop နဲ့ လုပ်ထားတယ်ဆိုဦးတော့ အဲဒီလို လုပ်သင့်ပါမလား။
လူသားတိုင်းယုံကြည်ကိုးကွယ်ရာ တစ်ခုခု ရှိကြပါတယ်။
ဘာသာမဲ့ခံယူထားသူတွေကတော့ ချွင်းချက်ပေါ့လေ။
ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာဝင်ဦးရေကကလဲရာနှုံန်းအားဖြင့် သိပ်ပြီးမနည်းလှပါဘူး။

ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားတဲ့ ဆင်းတုတော်ကို ဒီလိုလုပ်တာတွေ့ ရတော့ စိတ်မကောင်းဖြစ်ရတယ်။
ခုတလော ဒါမျိုးတွေတော်တော်များများတွေ့ လာရတာ စိတ်ထဲမှာတော်တော်ထိခိုက်ရပါတယ်။
ဒါပဲပြောနိုင်ပါတယ်။
အခုကိစ္စကိုလဲအခြားသူငယ်ချင်းတွေသိရအောင်တင်ပေးလိုက်ပါတယ်။







ဒါကလဲမေးလ်ကရောက်လာတာပါ။




DJ အဖွဲ့ တစ်ခုရဲ့ ဘုရားဆင်းတုတော်ပုံစံ စတန့် ထွင်းထားတဲ့ပုံပါ။
နောက်ကရောင်ခြည်တော် ကွန့် မြူးနေတဲ့ ဟန်လေးတောင်ထည့်ထားသေးတယ်။
ကဲ လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲ.....ဘာတွေဖြစ်ကုန်ပြီလဲ....ဘာတွေဖြစ်ကုန်ပြီလဲ....။
ဘာမှမပြောချင်တော့ပေမယ့် အောက်ကစာသားလေးအတိုင်းတော့ ဆန္ဒရှိပါတယ်။


အမျိုး ဘာသာ သာသနာကို တိုးတက်အောင် မစောင့်ရှောက်နိုင်ရင်နေပါ။
ကိုယ့်ကြောင့် အမျိုး ဘာသာ သာသနာ မပျက်စီးပါစေနဲ့  လို့  ဆန္ဒပြုရင်း။


မေးလ်ပို့ ပေးတဲ့ သူငယ်ချင်းတွေကိုကျေးဇူးပါ။

အဆွေတော်လေး

Khay Khay