Monday, September 30, 2013

အစိုးရသည် UNFC နှင့်ထပ်မံတွေ့ဆုံဆွေးနွေးမည် မဟုတ်တော့ကြောင်း ဦးအောင်မင်းဆို



အစိုးရသည် UNFC နှင့်ထပ်မံတွေ့ဆုံဆွေးနွေးမည် မဟုတ်တော့ကြောင်း ဦးအောင်မင်းဆို

Monday, 30 September 2013
Written by ဖြူဖြူကို
ရွှေဟင်္သာသတင်းဌာန

ရှေ့ဆက် ဆွေးနွေး မှုများတွင် တဖွဲ့ချင်း ဆွေးနွေးမှုဖြင့်သာ ခေါ်ယူတွေ့ဆုံတော့မှာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့ တွင် တွေ့ဆုံ ခဲ့သော လက်နက်ကိုင် အဖွဲ့အစည်း (၄) ဖွဲ့၏ တွေ့ဆုံပွဲ၌ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ က ဆိုခဲ့သည်ဟု ယင်းအစည်းအဝေးကို တက်ရောက် ခဲ့သည့် ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA) ၏ ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။

“ သူတို့ ဖိတ်လို့ သွားတွေ့တာပါ။ (၄) ဖွဲ့တွေ့တယ်။ အဲဒီ ဆွေးနွေးပွဲမှာဘဲ ဦးအောင်မင်းက ပြောပါတယ်။ နောက်တခါ တွေ့ရင် တဖွဲ့ချင်းဘဲ တွေ့တော့မယ်။ UNFCနဲ့တွေ့တော့မှာ မဟုတ်တော့ဘူးလို့ ထည့်ပြောသွားတာ ဖြစ်ပါတယ်။ မွန်ပြည်သစ် ကိုယ်စားလှယ် ကလည်း ပြောပါတယ်။ လက်မှတ် ထိုးခဲ့ပြီးပြီး အခု ထပ်ထိုးရမယ်ဆိုတော့ ဒီကိစ္စ ဗဟိုကိုပြန် လည်တင်ပြပေးမယ်လို့” ဆိုသွားခဲ့ပါသည်။

ထို့အပြင် ထပ်မံ လက်မှတ် ထိုးရေးတွင် နိုင်ငံရေးဆွေးနွေးပွဲ ရက်သတ်မှတ်ပေးနိုင်မလား ဆိုသည့်မေးခွန်းနှင့် တိုင်းရင်းသား ဒေသ၌ ရှိနေသော အစိုးရရှေ့တန်းတပ်ဖွဲ့များ နေရပ်ရင်း တပ်ဌာနချုပ်သို့ ပြန်သင့်ကြောင်း အဆိုကိုပါ တင်ပြခဲ့ပါသည်။ အစိုးရ ကိုယ်စားလှယ်များသည် ဤမေးခွန်းများအား ပြန်လည်ဖြေကြားခြင်းမရှိဘဲ ၄င်းတို့၏ တပြည်လုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လုပ်မည် ဖြစ်သည်ဟု သာ ဆွေးနွေး ခဲ့ပါသည်။

ဆွေးနွေးပွဲသည် နေ့လည် (၁၂) နာရီခွဲမှ ညနေ (၃) နာရီ အထိ ကျင်းပခဲ့ပါသည်။ အပစ်အခတ် ရပ်စဲရေးသည် အပြန်အလှန် ယုံကြည်မှု အပေါ်၌ မူတည်ကြောင်း၊ ဤသို့ကြောင့် တိုင်းရင်းသား အဖွဲ့များသည် ၄င်းတို့ဒေသ၌ ရှိသော အစိုးရ တပ်ဖွဲ့များ ဆုတ်ခွာပေးရန် တညီတညွတ်တည်း တောင်းဆိုခဲ့ကြခြင်း ဖြစ်ပါသည်။

အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် တွေ့ဆုံခြင်း မပြုတော့သည့် အပေါ် မဟုတ်မှန်ကြောင်း ဦးအောင်မင်းမှ UNFC အား အကြောင်းပြန်ကြား ခဲ့သည်ဟု အတွင်းရေးမှူး (၂)ဖြစ်သူ ခွန်ဥက္ကာမှဆိုပါသည်။

“ UNFC နဲ့မတွေ့တော့ဘူးလို့ ပြောတာမဟုတ်ဘူးတဲ့ အဓိပ္ပါယ် အကောက်လွှဲတာ ဖြစ်မယ်တဲ့။ တဖွဲ့ချင်းနဲ့ဘဲတွေ့ မယ်။ UNFC ကိုတော့ လေ့လာသူအဖြစ်နဲ့ဘဲ ဖိတ်တော့မယ်လို့ ပြောတာဖြစ်တဲ့ အကြောင်း ဦးအောင်မင်းတို့က UNFC အ ကြောင်းကြားခဲ့သည်ဟု ဆိုပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေး စင်တာ (MPC) အဖွဲ့သည် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များနှင့် ၄င်းတို့ သဘောတူထားသည့် ပြည်နယ်အဆင့် အချက်များနှင့် ပြည်ထောင်စု အဆင့်မူများကို ကျောခိုင်းခဲ့ပြီး ဖြစ်သည်။ နိုင်ငံတကာ ကိုယ်စားလှယ်များ ရှေ့တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရမည်ဟု အတင်း ဖိအားပေးနေခဲ့ပါသည်။ ယခုလည်း UNFC ကို သွယ်ဝိုက်သော နည်းဖြင့် ပံ့ထုတ်နေပြန်ပါသည်။ တဖွဲ့ချင်းကို ဖိအားပေး၍ အဆင်ပြေသဖြင့် ကျင်းသုံးသည်ဟု ဝေဖန် နေကြပါသည်။

ယင်းဆွေးနွေးပွဲသို့ မွန်ပြည်သစ် ပါတီ အပါဝင် ကရင်အမျိုးသားအစည်းအရုံးKNU၊ကရင် ငြိမ်းချမ်းရေးကောင်စီ KNU / KNLA နှင့်ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA တို့၏ ကိုယ်စားလှယ် များသာ ဖိတ်ကြား ခဲ့ပါသည်။

ဤကဲ့သို့ သဘောထား ပြောင်းလဲလာသော အစိုးရ အခြေအနေတွင် KNU သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးနှင့် ထပ်မံ တွေ့ဆုံ ခဲ့ကြပါသည်။ KNU သည် အစိုးရ တပ်မတော်နှင့် ၉၉.၉၉ ရာနှုန်း အထိ နားလည်မှု ရနေပြီး ဖြစ်ကြောင်း ပဒို မန်းငြိမ်းမောင်မှ မီဒီယာများကို ပြောကြားနေပါသည်။ သို့သော် အစိုးရတပ်များ ဆုတ်ခွာပေး ရေးကို ယနေ့အထိ တောင်းဆိုနေသော်လည်း လိုက်လျှောခဲ့ခြင်း မရှိသေးပေ။

အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ပြင်းထန်စွာ ဖိအားပေး လာနေသည်ဟု ဝေဖန်နေကြပါသည်။ လာမည့် အောက်တိုဘာလ ပထမပတ် အတွင်း နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲကျင်းပနိုင် ရေးကို အပူတပြင်း ကြိုးပမ်းနေသည်ဟု ဆိုပါသည်။

သို့သော် ယနေ့အထိ အစိုးရ၏ အစီစဉ်ကို လက်ခံခြင်း မရှိသေးဟု ယူဆ ရမည် ဖြစ်ပါသည်။ အစိုးရ၏ ဤအကွေ့ အလှည့်သည် နိုင်ငံရေး အရ တိုင်းရင်းသား များကို ပြင်းထန်စွာ ဖိအားပေး လိုက်ခြင်းပင် ဖြစ်ပါသည်။

ဒေါ်လာ ရှစ်ဘီလျှံတန်ကျောက်စိမ်းအင်ပါယာကြီးကို မြန်မာစစ်ဗိုလ်ဟောင်းများ ဖက်တွယ်ထားဆဲ


++++++++++++++++++++++++++++++
++++++++++++++++++++++
mizzima
အောင်မင်း(ဘာသာပြန်) | တနင်္လာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၀၄ မိနစ်

ကျောက်စကျောက်နတွေ စုပုံနေတဲ့အကြားက လက်တစ်ဖ၀ါးစာလောက်ရှိတဲ့ ကျောက်စိမ်းတုံးတစ်တုံးကို ကြိုးစား ပမ်းစားနဲ့ ရှာဖွေနေတဲ့ ကိုတင်ထွန်းအတွက် အခုချိန်မှာတော့ သူလိုချင်တာကိုရရှိသွားခဲ့ပါပြီ။ အဲဒီ ကျောက်စိမ်းတုံးက သူ့ရဲ့ဘ၀အတွက် ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း ကိုတင်ထွန်း တစ်ယောက်
မျှော်လင့်နေပါတယ်။ အရင်ကလည်း အလားတူဖြစ်ရပ်မျိုးကို တင်ထွန်းကြုံခဲ့ရပြီးပါပြီ။

“မနှစ်က ကျပ်သိန်း ၅၀၀ နီးပါးတန်တဲ့ ကျောက်စိမ်းတုံးတစ်တုံးကို ကျွန်တော်ရခဲ့ဖူးတယ်” လို့ ကိုတင်ထွန်းက ပြောပါ တယ်။

အဲဒီပမာဏဟာ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ကိုတင်ထွန်းအတွက် သူ့ရဲ့ရွာမှာ မြေကွက်ဝယ်ဖို့နဲ့ အိမ်တစ်လုံးဆောက်ဖို့ အတွက် လုံလောက်တဲ့ ပမာဏပါ။

ဒါပေမဲ့ ကိုတင်ထွန်နဲ့ ဘ၀တူတွေရဲ့ ကြုံတောင့်ကြုံခဲတွေ့ရှိမှုမျိုးဟာ မြန်မာစစ်တပ်၊ အမည်ပျက် သူဌေးတွေနဲ့
မြန်မာနိုင်ငံနဲ့ စပ်စပ်နေတဲ့ကုမ္ပဏီတွေအတွက် ထွက်ရှိလာမယ့် ကျောက်စိမ်းအများစုကို တရုတ်ပြည်ကို ရောင်းချဖို့ အတွက် စီးပွားဖြစ်ထုတ်လုပ်တဲ့ပမာဏနဲ့ နှိုင်းယှဉ်ရင်တော့ ပြောပလောက်ဖွယ်ရာ မဟုတ်ပါဘူး။

တရားမ၀င် ရောင်းဝယ်ဖောက်ကားနေခြင်းဟာ ကျောက်စိမ်းရောင်းချမှု အားလုံးနီးပါးရဲ့ တစ်ဝက်နီးပါးလောက် ရှိပါတယ်။ အရောင်းအ၀ယ်တွေက တရုတ်နယ်စပ်မှာ အခွန်အနည်းအကျဉ်း သို့မဟုတ် တရားဝင် အခွန်ပေးဆောင်
ခြင်း မရှိဘဲနဲ့ ဖြစ်ပေါ်နေတာပါ။ အခုလို ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာငွေပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီးတော့ ရှိနေပါတယ်။ ရာစုနှစ် တစ်ဝက်နီးပါးမျှ စစ်အာဏာရှင် လက်အောက်ကို ကျရောက်ပြီး ကစဥ့်ကလျား ဖြစ်နေတဲ့ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ဖို့အတွက် အသုံးပြုနိုင်တဲ့ ဘဏ္ဍာငွေတွေလည်း ဖြစ်ပါ တယ်။

မြန်မာအစိုးရက တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေက ယခုလို ဘီလီယံနဲ့ချီပြီးတော့ ဆုံးရှုံးနေတာတွေကို အတည်ပြုထားပါတယ်။ ၂၀၁၁-၁၂ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လအထိ) မှာ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်း ထုတ်လုပ်မှု ဟာ ကီလိုဂရမ်ပေါင်း ၄၃ သန်း ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကျောက်စိမ်းတစ်ကီလိုကို ကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားတဲ့ တရားဝင်ပေါက်ဈေးနဲ့ဆိုရင်တောင် ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံဖိုးလောက်ရှိပါတယ်။ ဒါပေမဲ့ အစိုးရက တရားဝင်စာရင်းဇယားထဲမှာ ထိုနှစ်အတွက် ကျောက်ဆုံးတင်ပို့မှ ကန်ဒေါ်လာ ၃၄ သန်းရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအတွင်းက ထုတ်ပြန်တဲ့တရားဝင်စာရင်းဇယားတွေကလည်း ပဟေဠိဆန်လွန်း ပါတယ်။ မြန်မာနိုင်ငံ အတွင်းကနေ ကျောက်စိမ်းဘယ်လောက်များများ တင်ပို့သလဲဆိုတာကို တရုတ်အစိုးရက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာတွေ မရှိပါဘူး။ ဒါပေမဲ့ ကျောက်စိမ်းက တရားဝင်တင်သွင်းတဲ့ အဖိုးတန် ကျောက်မျက်ရတနာနဲ့ သတ္တုတွေမှာ ပါဝင်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ကန်ဒေါ်လာ ၂၉၃ သန်းဖိုး တင်သွင်းတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် တရုတ်က ထုတ်ပြန်တဲ့ စာရင်းကလည်း မြန်မာနိုင်ငံအတွင်းက ဒေါ်လာဘီလီယံများစွာတန်တဲ့ ကျောက်စိမ်းတွေ ဘယ်ရောက်သွားလဲဆိုတာ ရှင်းမပြနိုင်ပါဘူး။

အခုလို ပျောက်ခြင်းမလှ ပျောက်သွားတဲ့ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ပါ။
ဆင်းရဲနွမ်းပါးတဲ့မြန်မာနိုင်ငံအတွင်းက ရေနံ၊ သစ်နဲ့ အဖိုးတန်သတ္တုတွေဟာ သြဇာအာဏာရှိတဲ့ တစ်သီးပုဂ္ဂလတွေနဲ့ လူတစ်စု အတွက် ချမ်းသာလာစေတဲ့အပြင် နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွက်လည်း ဘဏ္ဍာရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ဖားကန့်က လျှို့ဝှက်တဲ့ ကျောက်စိမ်းတွင်းတွေကို သွားရောက်ဖို့ ရှား ရှားပါးပါး အခွင့်အရေးရရှိခဲ့တဲ့ ရိုက်တာရဲ့ ခရီးစဉ်အတွင်းမှာ မင်းမဲ့စရိုက်ဆန်လွန်းတဲ့ ဒေသတွင်းမှာ တပ်မတော်သားတွေနဲ့ သူပုန်တွေ တိုက်ခိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ထို့အတူပါပဲ အဲဒီနေရာမှာ တရုတ်ပြည်မကြီးက ကုန်သည်တွေကလည်း အသက်ရှင်လျက် မြှုပ်နှံခံရလေ့ရှိတဲ့
ကျောက်စိမ်းရှာဖွေသူ ဆေးသမားတွေနဲ့ တွေဆုံနေပါတယ်။ ရိုက်တာအနေနဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းနဲ့ ဆက်စပ်တဲ့ စာရင်းပျောက် ဒေါ်လာသန်းပေါင်းများစွာနဲ့ လူမှုကုန်ကျစရိတ်တွေအကြောင်းကို သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်အောင်ထံကို စာနဲ့ရေးသားမေးမြန်းပေမယ့်လဲ တစ်စုံတစ်ရာ အကြောင်းပြန်လာတာမျိုးမရှိပါဘူး

၂၀၁၁ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်တဲ့ အစိုးရတက်လာကတည်းက မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြား အထောက်အပံ့တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သူတို့ရဲ့ စီးပွားရေးမျှော်လင့်ချက်အဖြစ် ကိုင်စွဲထားပါတယ်။ ဒါပေမဲ့ အချို့စီးပွားရေးပညာရှင်တွေက မြန်မာနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ စည်းလုံးညီညွှတ်မှုက သယံဇာတ ကုန်ကြမ်းတွေ ကနေ ဘဏ္ဍာငွေတွေ ပိုမိုရရှိခြင်းအပေါ်မှာ မူတည်တယ်လို့ ပြောဆိုထား ကြပါတယ်။

တရားမ၀င် ကျောက်စိမ်းတင်ပို့မှုတွေ ပါဝင်တဲ့ စုစုပေါင်း ကျောက်စိမ်းရောင်းချငွေပမာဏကို ယုံယုံကြည်ကြည်နဲ့ လက်ခံလို့ရတဲ့ ခန့်မှန်းချက်တွေ နည်းလွန်းပါတယ်။ မြန်မာနိုင်ငံရဲ့ အရပ်သားတစ်ပိုင်း အစိုးရကို အကြံပေးနေတဲ့ Harvard Ash စင်တာကဖော်ပြတဲ့ ကိန်းဂဏန်းပမာဏကတော့ ယုံကြည်ဖွယ်ရာ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။

ယခုနှစ်အတွင်းပိုင်းမှာ သုတေသနပြုလုပ်သူတွေကို ပို့ပြီးနောက် ဇူလိုင်လအတွင်းမှာ ထွက်ရှိလာတဲ့ Harvard Ash စင်တာရဲ့ အစီရင်ခံစာထဲမှာ ၂၀၁၁ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းရောင်းချ ရငွေဟာ ကန်ဒေါ်လာ ရှစ်ဘီလီယံလောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီပမာဏဟာ မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု က ရရှိတဲ့ ၀င်ငွေရဲ့ နှစ်ဆကျော် ဖြစ်တဲ့အပြင် ၂၀၁၁ ခုနှစ် ဂျီဒီပီ ရဲ့ ခြောက်ပုံတစ်ပုံလည်း ဖြစ်ပါတယ်။

“တကယ့် လက်တွေ့မှာတော့ အစိုးရဆီကို ရောက်လာတာဟာ ဘာမျှမရှိပါဘူး” ဟု Harvard Ash စင်တာရဲ့ အစီရင်ခံစာကို ရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ David Dapice က ရိုက်တာကို ပြောပြပါတယ်။“သင်တို့ အနေနဲ့ လိုအပ်တာက ခေတ်သစ်ပြည်သူ့ဘဏ္ဍာငွေကြေးစနစ်ပါ။ အဲဒီစနစ်ရှိမှသာ အစိုးရအနေနဲ့ သယံဇာတ တူးဖော်ခွင့် အတွက် မြေငှားခြင်းကနေရရှိတဲ့ ဘဏ္ဍာငွေတွေကို စုနိုင်မှာပါ” လို့လည်း ၎င်းကဆိုပါ တယ်။

ပျောက်ဆုံးနေသော ကျောက်စိမ်းတုံးများ
=====================

ကျောက်စိမ်းတုံးတွေဟာ တရုတ်တွေအတွက် လှပမှုနဲ့ သန်းကြွယ်သူဌေးဖြစ်တယ်ဆိုတာကို ဖော်ပြမှု ဖြစ်တယ်လို့ မှတ်ယူကြပါတယ်။ ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေက ကံကောင်းခြင်းတွေ၊ ချမ်းသာကြွယ်ဝမှုနဲ့ အသက်ရှည် ကျန်းမာခြင်းတို့ကို ယူဆောင်ပေးတယ်လို့ တရုတ်နိုင်ငံသား အများစုက ယုံကြည်ထားပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်တယ်လို့လည်း ယူဆထားကြတဲ့အတွက် မြန်မာ့ကျောက်စိမ်းဟာ တရုတ်တို့အတွက် ခံတွင်းတွေ့စရာ အချက်တစ်ချက် ဖြစ်လာပါတယ်။

“ရွှေကတန်ဖိုးရှိပေမယ့် ကျောက်စိမ်းကတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး” ဆိုတဲ့ ရှေးတရုတ်တို့ရဲ့ အဆိုအမိန့် တစ်ခုနဲ့ အညီပါပဲ။ကျောက်စိမ်းတုံးများတွေက တန်ဖိုးမြင့်ရုံသာမက သယ်ရတာလည်း လွယ်ကူပါတယ်။ “၀ှက်ပြီးတော့ သယ်လို့မရတဲ့ ကျောက်စိမ်းတုံးတွေသာ ကုန်စည်ပြပွဲတွေကို ရောက်ရှိသွားတာပါ” လို့ ဖားကန့်က ကျောက်စိမ်း ကုန်သည် တစ်ဦးဖြစ်တဲ့ အသက် ၅၃နှစ်အရွယ် ဦးတင်စိုးက ပြောပြပါတယ်။ အဲဒါက နေပြည်တော်မှာ ခင်ကျင်းရောင်းချတဲ့ တရားဝင်ကုန်စည်ပြပွဲတွေက ကျောက်စိမ်းတုံးတွေကို ပြောတာပါ။

ကျန်တဲ့ ကျောက်စိမ်းတုံးတွေကိုတော့ စိတ်ကြွမူးယစ်ဆေးဝါးသုံးစွဲသူတွေက မြန်မာစစ်တပ်ထိန်းချုပ်တဲ့ ဒေသ သို့မဟုတ် ကချင်လွတ်မြောက်ရေးစစ်တပ် (KIA) ရဲ့ ထိန်းချုပ်နယ်မြေတွေကို ဖြတ်ပြီး တရုတ်နိုင်ငံဘက်ကို ကုန်ကားတွေနဲ့ သယ်ပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ဘေဂျင်းအခြေစိုက် တရုတ်နိုင်ငံ လုံးဆိုင်ရာ
ကျောက်စိမ်း ကုန်သွယ်ရေးအဖွဲ့ကို ဆက်သွယ်အင်တာဗျူးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း ပယ်ချခြင်း ခံခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာ အရည်အသွေးအားဖြင့် အရည်အတွက်အားဖြင့် ကျောက်စိမ်း ထွက်ရှိဆုံးနေရာဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲက ဖာကန့်ဒေသပါပဲ။ အဲဒီဒေသက တရုတ်နှင့် အိနိ္ဒယအကြားမှာ မဟာဗျူဟာကျတဲ့ ဒေသ တစ်ခုလည်းဖြစ်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနရဲ့ ဖားကန့်ရုံးခန်းတွေရဲ့ အပြင်ဘက်မှာဆိုရင် “တိုင်းပြည်ကြွယ်ဝဖို့ မြေကိုတူးဆွစို့” ဆိုတဲ့
ဆောင်ပုဒ်ကို ဖတ်ရှုနိုင်ပါတယ်။
mizzimaburmese.com

Ref;

http://www.businessinsider.com/myanmars-old-guard-is-clinging-to-a-8-billion-jade-empire-2013-9

A jade merchant inspects the most valuable jade lot that will be auctioned at the Mid-Year Emporium in Yangon November 13, 2007.

ဒေါင်းကတဲ့နေ့ - မောင်စိန်ဝင်း (2013)

ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများတရားမ၀င် ၀င်ရောက်မှုပိုများလာကြောင်း ရခိုင်ဒေသခံ...

Daw Aung San Suu Kyi meets with ethnic leaders over constitution reforms

* နိုင်ငံရေးအမြင် လို - တို - ရှင်း။ *


------------------------------------
(By Thorn Nay Soe )
ဘာဖြစ်လို့ အာဏာပိုင်ကို အကောင်းမပြောသလဲ?မြန်မာပြည် ဆင်းရဲနေလို့ပါ။ အခုနေ ထိုင်းလောက်ပဲ ဖြစ်နေကြည့်။ ဖခင်ကောင်းကြီး ဘာကြီးနဲ့ ကျနော်ပြေး မ,နေမှာ။- တိုင်းပြည်ဆင်းရဲတာ အာဏာရှင်နဲ့ ဆိုင်သလား?အာဏာရှင်စနစ်ကြောင့်ပေါ့ဗျာ။ဆိုရှယ်လစ်အာဏာရှင် မတိုင်ခင်တုန်းက မြန်မာက အာရှမှာ တောက်ပတဲ့ကြယ်။နောက် ဘယ်လိုဖြစ်သွားလဲ။ဒါ့အပြင် ၈၈ပြီးစတုန်းက ဗီယက်နမ်က မြန်မာပြည်လာလေ့လာတယ်။ကျနော်တို့နဲ့ မတိမ်းမယိမ်းပဲ။ ခု ဘယ်လိုဖြစ်သွားလဲ။- တခြား အာဏာရှင်နိုင်ငံတွေလည်း ကြီးပွားတာပဲ?ဘယ်နိုင်ငံရှိလဲ။ လူသားတောင်စားနေရတဲ့ မြောက်ကိုရီးယားလား။တရုတ်လို့ ခင်ဗျားပြောချင်မယ်။ တရုတ်က ၀င်ငွေမညီမျှမှုရှိနေတုန်းနော်။နောက်ပြီး အာဏာရှင်နိုင်ငံပေမယ့် အဲဒီအာဏာရှင်တွေရဲ့ အမျှော်အမြင်၊ တိုင်းပြည်ချစ်စိတ် ဒါတွေကို ထည့်တွက်ရမယ်။- အခု သမ္မတကြီး မကောင်းဘူးလား?ပုဂ္ဂိုလ်ရေးအရ ကြိုက်တယ်။ ဒါပေမဲ့ တစ်ဦးတည်းကောင်းနေရုံနဲ့ မရဘူး။ တစ်ဖွဲ့လုံးကောင်းရမှာ။ တဖွဲ့လုံးကောင်းမယ်လို့ ခင်ဗျား အာမခံနိုင်မလား။- တဖွဲ့လုံးကောင်းတာ ဘယ်မှာရှိမလဲဗျာ?ဟုတ်တယ်လေ ဒီလိုမရှိလို့ပေါ့။ လူဆိုတာ စိတ်မချရဘူး။အထူးသဖြင့် အာဏာလက်ထဲရောက်သွားတဲ့သူဆို ပိုစိတ်မချရဘူး။အာဏာဟာ လူကိုပျက်ဆီးစေတယ်။ အကြွင်းမဲ့အာဏာဟာ အကြွင်းမဲ့ပျက်ဆီးစေတယ်တဲ့၊ စကားရှိတယ်။ဒါကြောင့် စနစ်ကို ခိုင်အောင် တည်ဆောက်ချင်တာ။- ဒီမိုကရေစီစနစ်က ဘာတွေကောင်းလို့လဲ?ပွင့်လင်းမြင်သာမှုဟာ အခွင့်အာဏာရှိသူတွေရဲ့ အဂတိလိုက်စားမှုတွေ၊ စီမံခန့်ခွဲပုံအမှားအယွင်းတွေကို ပြည်သူ ဒိုးယိုပေါက်မြင်နိုင်စေတယ်။ဒီတော့ မဟုတ်တာ မလုပ်ရဲဘူးပေါ့ဗျာ။ခုပဲ ကြည့်။ ဒီမိုကရေစီအာရုဏ်ဦးလေးမှာတောင်၁၁ဘီလျံကိစ္စတွေ အထုတ်ပြေလာတယ် မဟုတ်လား။ပြီးတော့ ပြည်သူအများစုရွေးချယ်တဲ့လမ်းအတိုင်း တိုင်းပြည်လျှောက်လှမ်းတယ်။အခုကျုပ်တို့က ကျုပ်တို့မလုပ်တဲ့အပြစ်အတွက် တစ်ပြည်လုံးအမွဲခံနေရတာ။တခြားကောင်းတာတွေ အများကြီးပေါ့။ ဒါပေမဲ့ ဒီမိုကရေစီအစစ်မှနော်။ဆီးကန်းပြည့်ဝသောတွေဘာတွေ အကာအရံထည့်ထားတဲ့ဒီမိုကရေစီမဟုတ်ဘူး။- ဒေါ်စု ကိုကျတော့ ဘာဖြစ်လို့ ထောက်ခံသလဲ?ကမ္ဘာ့အဆင့်ခေါင်းဆောင်မို့။ သူပြောရင် ကမ္ဘာမှာပြီးတဲ့ မြန်မာမကြီးဖြစ်နေလို့။မင်ဒဲလားကြီးလို တိုင်းပြည်အာဏာကို သက်တမ်းတစ်ခုလောက် ထိုင်လုပ်ပြီးအမျိုးသားခေါင်းဆောင်အဖြစ် တိုင်းပြည်အကျိုးကို သက်ဆုံးတိုင်ဆောင်ရွက်သွားမယ် ထင်လို့။ဒါပေမဲ့ ဒေါ်စုအုပ်ချုပ်လို့ တိုင်းပြည်ခုအတိုင်း မထူးဘူးဆိုလည်း ဒေါ်စုကို ပုတ်ခတ်ဖို့ ၀န်မလေးပါ။- ဒေါ်စုအုပ်ချုပ်ရင် ကုလားပြည်ဖြစ်သွားမှာ မစိုးဘူးလား?ဘယ်သူအုပ်ချုပ် အုပ်ချုပ် အဲဒီလို ကိစ္စမျိုးမှာတော့ သိပ်ထူးခြားလှမယ် မဟုတ်။ နိုင်ငံရဲ့ အကြီးဆုံးနေရာရောက်ရင် လုပ်ထုံးလုပ်နည်းတွေရဲ့ နှောင်ဖွဲ့မှုက အများကြီးရယ်။- ဒေါ်စုက ရခိုင်အရေးမှာ မပြတ်သားဘူး မဟုတ်လား?ဘယ်သူက ပြတ်သားသလဲ။ ဘယ်သူက ပြတ်ပြတ်သားသား လုပ်ပြနေသလဲ။ပြောတာကို မဆိုလိုဘူးနော်။ လုပ်တာကို ပြောတာ။ လက်ရှိ လွှတ်တော်ထဲက ဘင်္ဂလီ၃ယောက် ဘယ်ပါတီကလဲ။ ဟိုတလောက ရခိုင်တိုင်းရင်းသားအမတ်တင်တဲ့ ကိစ္စကို အားသွန်ခွန်စိုက်ကန့်ကွက်တာ ဘယ်ပါတီကလဲ။- ဒါပေမဲ့ NLD ကို မွတ်ဒေါင်းဆိုပြီး ပြောနေတယ်?ကုလားကတော့ သပ်လျိုထားမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ NLD မှာ လက်နက်ကိုင် အင်အားမရှိဘူး။ လူထု ထောက်ခံမှုနဲ့ အလုပ်လုပ်ရမှာ။ ဒါကြောင့် သူတို့ လူထု မကြိုက်တာ လုပ်ရင် ပြောင်းဖို့လွယ်တယ်။ လူထုဖိအားနဲ့ ပြောင်းလို့ရနိုင်မယ်။လူထုထောက်ခံမှုမပါပဲ လက်နက်အင်အားနဲ့နေရာယူထားသူတွေကျတော့ တစ်သွေးတစ်သံတစ်မိန့်နဲ့ လုပ်တာမို့ သူတို့ဆုံးဖြတ်ချက်တွေ မကြိုက်ရင် ပြောင်းဖို့ခက်တယ်။ White Card ငါးသိန်းလို ကိစ္စတွေ ထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ဒါကြောင့် လက်နက်အင်အားမရှိပဲ လူထုနောက်ခံနဲ့လုပ်ရမယ့်ပါတီကိုသာ နေရာရစေ့ချင်တာ။ ဒါဟာ တစ်နည်းပြောရရင် အာဏာကို လူထုလက်မှာသာ ထားချင်တဲ့သဘောပဲ။

Thorn Nay Soe

ကျွန်ုတို့ Glaxyထဲမှ အမှောင်ဆုံးဂြိုလ်


••••••••••••••••••••••••••••••

NASA မှစတင်တွေ့ ရှိခဲ့တာဖြစ်ပြီး TrES-2bလို့ အမည်ပေးထားပါတယ်။

အရွယ်အစားကတော့ ဂျူပီတာဂြိုလ်လောက်ရှိပြီး
GSC 03549-02811 လို့ ခေါ်တဲ့အ၀ါရောင်(နေနဲ့ အလားတူ)
ကြယ်တစ်လုံး ကိုလှည့်ပတ်နေပြီး Draco နက္ခနဲ့ ဆိုရင်တော့
အလင်းနှစ် 75ဝေးကွာပါတယ်။

ဒီဂြိုလ်ဟာ ကျောက်မီးသွေးထက်ပင်မှောင်သောအရောင်ရှိပြီး
သူလှည့်ပတ်နေတဲ့နေမှလာတဲ့အလင်းကို 99%ကျော်ကျော်စုပ်ယူ
ထားပြီး အလင်းပြန်နှုန်းကတော့ 1%အောက်နည်းသော
အလင်းပမာဏ သာရှိပါတယ်။

ဒါ့ကြောင့်ယခုတွေ့ ရှိသမျှထဲမှလတွေဂြိုလ်တွေထဲမှတော့ အမှောင်ဆုံးဂြိုလ်တစ်လုံးဖြစ်ပါတယ်။

ZK(ကနောင်)
Scientist Myanmar

အေးချမ်းမွန် Credit To >Scientist Myanmar < Thanks
Re-posted By ACM 30-9-2013
https://www.facebook.com/excellencemedia

မစုစုနွေးတင်ထားတဲ့ ပို့စ်နဲ့ပတ်သက်ပြီး ~ သစ္စာမြေ


 
မစုစုနွေးတင်ထားတဲ့ "၀င်ခွင့်မရတဲ့အမျိုးသားဒီမိုကေ
ရစီအဖွဲ့ချုပ်ငွေရတုအခမ်းအနား" ဆိုတဲ့ ပို့စ်နဲပတ်သက်ပြီး ပေးကြတဲ့မှတ်ချက်များစွာကို ဖတ်ကြည့်ပြီး အနည်းငယ် ရှင်းပြချင်ပါတယ်။
အဖွဲ့ချုပ်ရုံးချုပ်အဆောက်အဦးအ
ကျယ်အ၀န်းကိုတော့ အားလုံးသိပြီးသားပါ။ အဖွဲ့ချုပ်အနေနဲ့ ဒီငွေရတုအခမ်းအနားကို ကျယ်ဝန်းသော နေရာတစ်ခုခုမှာ ငှားရမ်းအသုံးပြုလို့ရနိုင်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ ခမ်းခမ်းနားနား စည်စည်ကားကား ကျင်းပချင်ကြပါတယ်။ ဒါပေမဲ့ ကျတော်တို့ တမင်မလုပ်ခဲ့တာပါ။ အဲဒီအတွက်ကုန်ကျမဲ့ သိန်းရာချီငွေတွေကို အလှုရှင်ရှိခဲ့ရင်တောင် အဖွဲ့ချုပ်နဲ့ ဆက်စပ်နေတဲ့ လူမှုရေး၊ပညာရေး၊ကျန်းမာရေးကွန်ယက်များမှတဆင့် တကယ်လိုအပ်နေတဲ့ပြည်သူတွေအတွက်သုံးမှာဖြစ်တဲ့အတွက် ကျတော်တို့ အဖွဲ့ချုပ်ရဲ့ ၂၅ နှစ်ပြည့်ငွေရတုပွဲလေးကို ခပ်ကျဉ်းကျဉ်းလေးပဲစီစဉ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို အခြားနိုင်ငံရေးပါတီအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့်သံတမန်များကိုသာ ဖိတ်စာနှင့်တကွဖိတ်ကြားခဲ့ပါတယ်။ အတွင်းမှာရှိနေတဲ့ အဖွဲ့ဝင်များဟာ အဲဒီနေ့အတွက် တာဝန်ကျတဲ့သူများသာ ဖြစ်ပါတယ်။ ၂၆ ရက်နေ့က ရုံးချုပ်မှာ အစည်းအဝေးလာတက်နေတဲ့ ရပ်ဝေးက တိုင်းနှင့်ပြည်နယ် ဥက္ကဌနဲ့အတွင်းရေးမှုးတောင် နေရာမပေးနိုင်ခဲ့ပါဘူး။ အပြင်မှာပဲ အဖွဲ့ဝင်တွေ ပြည်သူလူထုတွေနဲ့ တသားတည်း နေကြ အားပေးခဲ့ကြရပါတယ်။
ဟုတ်ပါတယ်။ အဖွဲ့ချုပ်ကိုအဖိနှိပ်အချုပ်ခြယ်ခံဘ၀တွေမှာ တစ်သားတည်း ကျောချင်းကပ်လို့ ကြံ့ကြံ့ခံခဲ့ကြတဲ့ ဘ၀တွေပေးဆပ်ခဲ့ကြရတဲ့ အဖွဲ့ဝင်ဟောင်းတွေအားလုံး ခုလိုပွဲမှာအားပေးချင်ကြတာပေါ့။ အဖွဲ့ချုပ်ကိုအားပေးတဲ့ထောက်ခံတဲ့ ပြည်သူပြည်သား အယုတ်အလတ်အမြတ်မရွေး တက်ချင်ကြတာပေါ့။ ပါဝင်ဆင်နွဲချင်ကြတာပေါ့။ မပြည့်ဝလိုက်တဲ့ ဆန္ဒကြောင့် ခံစားချက်တွေကိုလည်း နားလည်စာနာမိပါတယ်။
မစုစုနွေး ယခုလို ခံစားချက်တွေကို ထုတ်ဖေါ်လိုက်မိတာကိုလည်း နားလည်ပါတယ်။ စာနာမိပါတယ်။
မစုစုနွေးခင်ဗျာ၊ လုံခြုံရေးတာဝန်ယူထားရတဲ့ကလေးတွေကိုလည်းနားလည်ပေးပါ၊စာနာပေးပါ၊ သူတို့ အဖွဲ့ဝင်အသစ်ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ အဖွဲ့ဝင်ဟောင်းတွေကိုမသိတာဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သတိပြုစေချင်တာတစ်ချက်ကတော့ သူတို့တာဝန်ထမ်းဆောင်နေတာပါ။ အမူအယာ၊အပြောအဆို အားနည်းချက်ရှိရင်လည်း မစုစုနွေးက ကိုယ့်ဘ၀တစ်ခုလုံး အဖွဲ့ချုပ်အတွက် ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီမိုကရေစီအရေးတော်ပုံအတွက် ပေးဆပ်အနစ်နာခံခဲ့သူပဲဗျာ။ နားလည်ပေးလိုက်ပါ။ စာနာမှုပေးလိုက်ပါ။
အဖွဲ့ချုပ်က သက်သာ ချောမွေ့ ဖြောင့်ဖြူးတဲ့လမ်းပေါ်မှာ အညိမ့်သားလျှောက်နေပြီလို့ မစုစုနွေးမြင်နေရင်တော့၊ ငါတို့က အနစ်နာခံခဲ့ရတာ သူတို့က အခွင့်သားယူလို့ဆိုတဲ့ အတွေးများ ၀င်နေတယ်ဆိုရင်တော့ အဲဒါ လုံးဝမှားတယ်လို့ ကျတော်ရဲရဲကြီးပြောလိုက်ပါရစေ။ ဒီမိုကရေစီတိုက်ပွဲကြီးမပြီးသေးပါဘူး။ တိုက်ပွဲနည်းဗျူဟာနဲ့အသွင်သဏ္ဍန်သာပြောင်းလဲနေတာပါ။ ကျတော်တို့ မစုစုနွေးတို့လို အဖွဲ့ဝင်ဟောင်းတွေ၊ အဖွဲ့ဝင်သစ်တွေအားလုံး အတူတကွ ကျောခြင်းကပ်၊ရင်ခြင်းအပ်လို့ ဆက်လက်တိုက်ပွဲဝင်ကြရအုန်းမယ်။ ဒီလိုအချိန်မျိုးမှာ မစုစုနွေး အမှတ်တမဲ့ ရည်ရွယ်ချက်မဲ့တင်လိုက်မိတယ့် ပို့စ်ကို အမြတ်ထုတ်ပြီး နည်းအမျိုးမျိုးနဲ့ အဖွဲ့ချုပ်ကိုတိုက်ခိုက်လာကြတာကို မစုစုနွေး သဘောကျနေမယ်လို့ ကျတော်မထင်ပါဘူး။ ကျတော်တို့အနစ်နာခံခဲ့ကြရတယ်ဆိုရင်တောင်မှ အဲဒါဟာ ကျတော်တို့ ချစ်မြတ်နိုးစွာရွေးချယ်ခဲ့တဲ့ ခရောင်းလမ်းပါ။ အန်တီကိုယ်တိုင်တောင် မနေသာလွန်းလို့ ဒီစကားကိုပြောပြီးသားပါ။
ငွေရတုအခမ်းအနားသို့ တက်ရောက်ခွင့်မရကြတဲ့ အဖွဲ့ဝင်များ၊ ပြည်သူများအနေနဲ့ ရုံးအပြင်လမ်းမပေါ်ကနေ မိုးသဲသဲထဲမှာ တခဲနက်ထောက်ခံ အားပေးမှုပြသခဲ့တာကိုလည်း လေးစားစွာမှတ်တမ်းတင်လိုက်ပါရစေ
လေးစားမှုဖြင့်
ကြည်တိုး
ဗဟိုပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

World of Facial Averages: East-Southeast Asia & Pacific Islander

Average Mainland Han Chinese Male
Average Mainland Han Chinese Male
Average Mainland Han Chinese Woman
Average Mainland Han Chinese Woman

Average Korean Man
Average Korean Man
Average Korean Woman
Average Korean Woman
Average Japanese Man
Average Japanese Man
Average Japanese Woman
Average Japanese Woman
Average Mongolian Man
Average Mongolian Man
Average Mongolian Woman
Average Mongolian Woman
Average Taiwanese Male
Average Taiwanese Male
AverageTaiwaneseFemale
Average Taiwanese Woman
AverageSamoanMale
Average Samoan Male
AverageSamoanFemale
Average Samoan Female
Average Burmese Female
Average Burmese Female
Average Thai male
Average Thai male
Average Thai Femael
Average Thai Female
Average Vietnamese Male
Average Vietnamese Male
Average Vietnamese Female
Average Vietnamese Female
Average Cambodian Man
Average Cambodian Man
Average Cambodian Female
Average Cambodian Female
Average Filipino Male
Average Filipino Male
Average Filipino Female
Average Filipino Female
Average Chinese Actor (Mainland, Hong Kong, Taiwan)
Average Chinese Actor (Mainland, Hong Kong, Taiwan)
Average Chinese Actress (Mainland, Taiwan, Hong Kong)
Average Chinese Actress (Mainland, Taiwan, Hong Kong)
Average Japanese Actor
Average Japanese Actor
Average Japanese Actress
Average Japanese Actress
Average Korean Actor
Average Korean Actor
Average Tibetan Man
Average Tibetan Man

http://mirandahuangscandal.com

Ads by saveshare      

လယ်တီသိမ်နဲ့ကျောင်းထိန်းသိမ်းေ ရးလှုပ်ရှားမှု သဘောတူညီမှု (၃)ချက်ရရှိ


----------------------------------------------------------------------------------
လက်ပန်တောင်းဒေသက လယ်တီဆရာတော်ကြီး သိမ်နဲ့စေတီကို ကြေးနီစီမံကိန်း နယ်မြေကနေ ထိန်းသိမ်းရေးအတွက် မန္တလေးတိုင်း အမရပူရမြို့နယ်ကနေ လက်ပန်တောင်းတောင်ခြေအထိ လမ်းလျှောက်ချီတက်လာသူတွေဟာ မနေ့ညက စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား ဓမ္မာရုံမှာ တညနားပြီး ဒီနေ့မနက်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှနှိုင်းရာ မနက်ပိုင်းက အဆင်မပြေခဲ့ပါ။ အဲဒီ့မှာ စစ်ကိုင်း(၃) အမျိုးသားလွှတ်တော် NLD အမတ် ဒေါက်တာမြင့်နိုင်က ကြားဝင်ဆွေးနွေးခဲ့ပြီး အခုနေ့လယ်မှာ သဘောတူညီမှု အချက်(၃)ချက် ရရှိထားကြောင်း သိရပါတယ်။

သဘောတူညီမှုတွေကတော့ အကြမ်းအားဖြင့် (၁) လယ်တီသိမ်နဲ့စေတီကို မူလနေရာကမရွှေ့ရေး လွှတ်တော်ကို တင်ပြဆွေးနွေးစဉ် မည်သည့်အကြောင်းနဲ့မျှ မပျက်စီး၊ မပြောင်းရွှေ့ပါ၊ (၂) ဘုရားဖူးပြည်သူ(၅)ယောက်ထက်မပို ဖူးမျှာ်နိုင်ရန် (၃ရက်အတွင်း ခွင့်ပြုမိန့်တောင်းရမည်)၊ (၃) စက်တင်ဘာ ၂၉ ရက်န့က မန္တလေးကနေ လမ်းလျှောက်ချီတက်လာသူတွေကို အရေးယူမှု မပြုရန် တို့ ဖြစ်ကြပါတယ်။

အခုလက်ရှိ အချိန်မှာ အဲဒီ့အချက်တွေကို လက်မှတ်ရေးထိုးနိုင်ဖို့ ဌာနဆိုင်ရာက ကွန်ပျုတာစာစီနေတာကို စောင့်ဆိုင်းနေကြကြောင်း အဲဒီ့မှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က (ဒေသစံတော်ချိန် - ၃၀ စက်တင်ဘာ ၂၀၁၃ - နေ့လယ် ၂း၃၀) ပြောကြားပါတယ်။

သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ

DVB TV News


၂၀၀၇ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ မှာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသူတစ်ဦးက ဂုဏ်ပြုခဲ့တဲ့ ကဗျာတစ်ပုဒ်။



(ဒီ ဖွဲ့ သီမှုမှာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဂုဏ်ပြုဖွယ်များနဲ့  အာဏာရူးတွေကို ရှုတ်ချမှုများကို ဖေါ်ပြထားတာ တွေ့ ရှိရပါတယ်)။

နတ်သမီးနဲ့ မိစ္ဆာများ
အမှောင်ထဲက အလင်းတစ်ပွင့်ပါ။

ကန္တာရဲ့ ရေတစ်စက်
သူမက… ဒုက္ခ ဆင်းရဲမှ ကယ်တင်ရှင်။

သူတို့က…ရက်စက်ခြင်းနဲ့ ပြည်သူကိုနှိပ်စက်သူ
သူမက…ငြိမ်းချမ်းရေးကိုပေးစွမ်းသူ။

သူတို့က… လူတွေကို သတ်ဖြတ် ဂုတ်သွေးစုပ်သူ
သူမက… ကြိုးစားမှု မပါဘဲ လူတွေချစ်ခင်လာစေသူ။

မျက်နှာမြင် မုန်းစေတဲ့ သူတို့
တိုင်းပြည် တိုးတက်ဖို့ သူမ အားထုတ်တယ်။

မိသားစု ကောင်းစားဖို့ သူတို့ ဆက်လုပ်တယ်
တစ်ခေတ်မှာ တစ်ယောက်ထွန်းတဲ့ ချစ်ခင်ဖွယ်သူမ။

တစ်ခေတ်မှာ တစ်စု အာဏာအတွက် လူသတ်သူ
လူတွေက သူမကို အရမ်းမြတ်နိုးကြတယ်။

သူတို့ကတော့ ဆန့်ကျင်စွာ ရှုတ်ချခံနေပြီ
သူမရဲ့ မြင့်မြတ်မှု အတွက် ချီးကျူးခံရသူ။

သူတို့ကတော့ ရက်စက်မှု အပေါင်း သရဖူဆောင်းထားသူများပါ
တိုင်းပြည်နဲ့လူမျိုး အတွက် အရာရာ စွန့်လွတ်ခဲ့သူ။

ဟုတ်တယ်…သူတို့ကတော့ ဘာသာတရားကို အာဏာတည်မြဲဖို့ ဖျက်ဆီးသူ
လွတ်လပ်မှုအတွက် သူမ တိုက်ပွဲဝင်တယ်။

သူတို့ကတော့ လွတ်လပ်မှုမြတ်နိုးသူတွေကို ပြန်ပြီးတိုက်တယ်
သူမဟာ ကျွန်မတို့အားလုံးရဲ့ စံပြမိခင်။

သူတို့ကတော့ မိစ္ဆာတစ်စုပါ
မျှော်လင့်ချက် ဘယ်တော့မှ မပျက်သုဉ်းဘူး။

“The angel and the devil”

She is the light in the dark:
She is the rain in the desert:
She can help us from cloudy days,

But they can treat us in cruel ways.
She loves to hold peace,

When they love to kill and squeeze.
She doesn't try to make people love her,

While they automatically hated by us.
She wants to improve the country,

But they want to do for their families.
She's one in million for doing good,

They're one in a million also to kill the good.
She is admired by people,

Whereas they are despised by people.
She is praised for nobility,

But they are named as brutality.
She scarifies everything for her country,

And yet, they destroy religion for the sake of authority.
She fights for freedom,

They fight for freedom fighters.
She is our idol,

Of course, they are a group of devils.
We'll never give up hope,

(Poet – CH - 2007)။

ခင်ဝင့်ဝါရဲ့ လျော်ကြေး တချို့ကိုလှူမယ့် ဂျွန်လွင်နဲ့ စကားစမြည်


Star & Model Agency နဲ့ စာချုပ်ချုပ်ဆိုထားတာကို ဖျက်သိမ်းပေးဖို့ လျော်ကြေး အနေနဲ့ Miss Supranational ပြိုင်ပွဲမှာ မြန်မာ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ခင်ဝင့်ဝါက လျော်ကြေး ကျပ်သိန်း ၃၀ ပေးခဲ့တဲ့အတွက် အေဂျင်စီရဲ့ ဦးဆောင်သူ ဂျွန်လွင်က ဒီငွေထဲက တချို့ကို လှူပြီး ကျန်တာနဲ့ ဖိနပ်ကောင်းကောင်း ဝယ်စီးမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပုပ္ပါးမှာ ရေကန်ပြင်မယ်လို့ ခင်ဝင့်ဝါဦးလေး ရန်ကုန် ဦးဝင်းလှိုင်က ဟြေလို့ ကျနော်က သူ့ကို ခင်ဗျားတူမ လျော်ထားတဲ့ ငွေ သိန်းသုံးဆယ်ထဲက ခင်ဗျားကို ငါးသိန်းလှူတယ် ဆိုပြီး ရေကန်ပြင်ဖို့ ကျနော်လှူခဲ့တယ်။ ၂၅ သိန်း ကျန်တယ်။ ဘန်ကောက် မှာ ဖိနပ် မှာထားတယ်၊ ၂၈ ရက်နေ့ ဘန်ကောက်ကို ရောက်မယ်။ အဲဒီမှာ သွားယူမယ်။ ဖိနပ်က ၂၈ သိန်း တန်တယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။
ခင်ဝင့်ဝါဟာ ဂျွန်လွင်နဲ့ စာချုပ်ရှိထားပေမယ့် တဘက် ကုမ္ပဏီနဲ့ တနှစ်စာ ကျပ်သိန်းတထောင် စာချုပ် ထပ်ချုပ်ခဲ့တာကြောင့် ဂျွန်လွင့်ထံကို ခင်ဝင့်ဝါရဲ့ အဒေါ်က ခင်ဝင့်ဝါ ကိုယ်စား လျော်ကြေး ကျပ် သိန်းသုံးဆယ် ပြန်လျော် ပေးခဲ့တာလို့ သိရပါတယ်။
“ကျနော်တို့ဆီမှာ အေဂျင်စီ စာချုပ်ရှိတယ်။ ခင်ဝင့်ဝါရဲ့ အဒေါ်က ရောက်လာတယ်၊ ဟိုဘက်က ကုမ္ပဏီက ကျမတို့ကို သိန်းတထောင်နဲ့ ချုပ်ထားပါတယ်တဲ့၊ အဲဒါကြောင့် သိန်းတထောင်နဲ့ ချုပ်ထားတော့ကျမတို့က သိန်းတထောင် ဟိုဘက်ကို မလျော်နိုင်င်ပါဘူးတဲ့၊ စော်ကားတယ်လည်း မထင်ပါနဲ့ သိန်းသုံးဆယ်ကို လက်ခံပြီးတော့ စာချုပ်ကို ပယ်ဖျက်ပေးပါဆိုတော့ ကျနော်က ဘာဟြေရမှာလဲ။ ခင်ဝင့်ဝါက အဲဒါကို အင်တာဗျူးတွေထဲမှာ ဟြေတာက ကောလာဟလပါလို့ ဆိုတော့ အဲဒါကို ကျနော်က ဘာလုပ်ရမှာလဲ။ ကျနော့်အတွက်ကတော့ သိန်းသုံးဆယ်လည်း ရတယ်၊ သူက ကျနော်နဲ့ လက်မတွဲချင်လို့ သူ့အဒေါ်က လာပြီးလျော်တယ်၊ ဒါကြောင့် ကျနော့်အနေနဲ့ကျေနပ်တယ်၊ ကျေနပ်တော့ သူ့အလုပ်သူဆက်လုပ်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီကို ရှင်းပြပါတယ်။
သူ့သင်တန်းမှာတော့ သင်တန်းတက်တဲ့ သူတွေ စည်းစနစ်ရှိအောင် အေဂျင်စီ စာချုပ်နဲ့ ချုပ်ထားတယ်၊ သင်တန်းဆင်းတဲ့ နေ့မှာ မော်ဒယ်လ် တယောက်ကို သဘောကျတယ်ဆိုရင် အဲဒီမော်ဒယ်လ်နဲ့ စာချုပ်ချုပ်တယ်လို့ သိရပါတယ်။
“ကျနော့်တို့ဆီမှာ သင်တန်းတက်တဲ့ သူတွေလည်း ကျနော့်သင်တန်းက စည်းကမ်းတွေ၊ အချက်အလက်တွေကို သိတာမှ Clearly ပါပဲ၊ ကျနော်စာချုပ်ချုပ်ကတည်းက သူတို့ဆီက လျော်ကြေးလိုချင်လို့လည်း မဟုတ်ဘူး၊ ကျနော်တို့ ပွဲတပွဲလုပ်ရင် စည်းနဲ့ဘောင်နဲ့ လုပ်လို့ရအောင်၊ လူတွေခေါ်ရင် စည်းကမ်းရှိအောင်၊ စည်းနဲ့ဘောင်နဲ့ စာချုပ်ချုပ်မှသူတို့က ကြောက်မှာလေ၊ မဟုတ်ရင် သူတို့ကလာချင်လာမယ်၊ မလာချင်မလာဘူး၊ ကျမ ဒီနေ့မနက် မအားပါဘူးလို့ လုပ်ချလိုက်ရင် ကျနော်က ဘယ်လို အလုပ်လုပ်ရမှာလဲ။ သူ့အိမ်ရှေ့မှာ သွားအော်ဆဲရမှာလား။ အဲဒါကြောင့် စည်းနဲ့ဘောင်နဲ့ လုပ်ထားတာပါ” လို့ ဂျွန်လွင်က ဆက်ပြောပါတယ်။
သူ့ရဲ့ အေဂျင်စီသက်တမ်း တလျှောက်လုံးမှာ ချောရတနာက လျော်ဖူးကြောင်း၊ နောက်ပိုင်းမှာ ချောရတနာက သူတို့နဲ့ ဆက်လက် လက်တွဲကြောင်း၊ ချောရတနာရဲ့ ညီမ သန္တာဗိုလ်ကလည်း သူတို့ အေဂျင်စီမှာပဲ အလုပ်လုပ်ကြောင်း သူက ဆိုပါတယ်။
“အခု နောက်တယောက် လျော်တာက ခင်ဝင့်ဝါပေါ့နော်။ ဒါပေမယ့် ကျနော့်အနေနဲ့ ဘာမှခံစားချက်မရှိဘူး၊ ဘာလို့လဲ ဆိုတော့ ကျနော်နဲ့ ပြဿနာဖြစ်တဲ့ မော်ဒယ်လ် တော်တော်များများက ကျနော့်ကို လာတောင်းပန်လိုက်တယ် ဆိုရင် ကျနော်က ဘာမှ အရေးယူခြင်းလည်းမရှိဘူး၊ အခု သူတို့က ကျမတို့ဟိုဘက်ကို သိန်းတထောင် မလျော်နိုင်ပါဘူး၊ ကျနော့်ရဲ့ သိန်းသုံးဆယ်ကတော့ ပေါလို့ပေါ့နော်၊ ရှင်းရှင်းလင်းလင်း ဟြေရရင် ပေါတဲ့အတွက် လာလျော်နိုင်တယ် ဆိုတော့ ဒါကို ကျနော် လက်ခံရမယ်လေ။ ဒါကိုကျနော်က လျော်ခွင့် မပေးနိုင်ဘူး၊ ငါနဲ့ပဲ ဆက်လုပ်ပါဆိုပြီး ဒူးထောက် တောင်းပန် ရအောင်လည်း အကြောင်းမရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော့် အေဂျင်စီက မြန်မာနိုင်ငံမှာတင် မကဘူး၊ ကမ္ဘာကပါ သိထားတဲ့ အေဂျင်စီ ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့က ဘယ်သူ့ကိုမှလည်း တောင်းပန်မှာ မဟုတ်ဘူး။ လုပ်ချင်ရင် ပွင့်ပွင့်လင်းလင်း လာလုပ်လို့ရတယ်၊ ထွက်ချင်ရင်လည်း ပွင့်ပွင့်လင်းလင်း ထွက်လို့ရတယ်။ ဒါပေမယ့် ကျနော်တို့ ကုမ္ပဏီသည် ဘုရားလည်း မဟုတ်သလို၊ ဇရပ်လည်း မဟုတ်တဲ့အတွက် ၀င်ချင်တဲ့အချိန်ဝင်ပြီး ထွက်ချင်တဲ့အချိန် ထွက်လို့မရဘူး။ ရွှေတိဂုံဘုရား တောင်မှပဲ သတ်မှတ်တဲ့ အချိန်မှာပဲ ၀င်လို့ရသလို၊ သတ်မှတ်တဲ့အချိန်မှာပဲ ထွက်ပေးရတယ်။ ဒါကြောင့် စည်းနဲ့ဘောင်နဲ့ ကတော့ အမြဲတမ်း ရှိနေရမယ်” လို့ ဂျွန်လွင်က ဟြေပါတယ်။
သူ့ရဲ့ အေဂျင်စီမှာ မင်းသားမင်းသမီး အများစု စာချုပ်နဲ့ အလုပ်လုပ်ခဲ့ပေမယ့် ပြဿနာ မရှိခဲ့ဘူး၊ အောင်ရဲလင်း၊ မြင့်မြတ်၊ ရွှေမှုံရတီ စတဲ့ နာမည်ရ အောင်မြင်တဲ့ သူတွေအပြင် Miss Now How ရထားတဲ့ နှင်းယမုံဦးလည်း Star & Model Agency နဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
ခင်ဝင့်ဝါ အလှည့်ကျမှ စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်ရတယ်လို့ ဂျွန်လွင်က ဆိုပါတယ်။
“ဒါပေမယ့် သူက ကျနော့်ဘ၀မှာ သေးမွှားတဲ့ အမှုန်လေးတခုလို့ပဲ ကျနော်မြင်တယ်၊ ပိုက်ဆံ သိန်းသုံးဆယ် လာလျော်တယ်၊ထွက်တယ်၊ ကျနော့်အနေနဲ့ မြင်တာက သူ့အဒေါ် ဟြေတဲ့စကားကတော့ ကျမတို့က သိန်းတထောင်တော့ မလျော်နိုင်ဘူး၊ ဒီလူနဲ့တော့ တနှစ် လက်တွဲရမယ်၊ တနှစ်ပြည့်ရင် ကျမတူမကို လက်ဆွဲပြီး ပြန်လာပါ့မယ်တဲ့။ ကျနော်ကတော့ အစ်မ ပြန်လာချင်လည်းလာ၊ ကြိုက်တဲ့အချိန် ပြန်လာလို့ရတယ်။ အလုပ်ကတော့ အနုပညာ ခွင်ထဲမှာ အစ်မတို့နဲ့ ကျနော်တို့ တွေ့နေကြဦးမှာပဲ၊ ဘာမှပြဿနာမရှိဘူး၊ ဟိုဘက်ကနေ အင်တာဗျူးထဲမှာ ဖြေထားတာက ကျနော်တို့က အဲဒီလိုတွေ စာအချုပ် ချုပ်မထားပါဘူး ဆိုပြီး ဟြေတာကို စာနယ်ဇင်းသမားတွေက အဲဒါကို လက်ခံတယ်ဆိုတော့ စာနယ်ဇင်းတွေက စာချုပ်ကို တောင်းမကြည့်ဘူးလား၊ ဘာလို့ တောင်းမကြည့်ဘဲ ဒီဟာကို ဒီအတိုင်းရေးတာလဲ၊ သူတို့ဟြေတာကိုပဲ ယုံမှာလား” လို့ သူက ဆက်ဟြေပါတယ်။
သူ့အေဂျင်စီကနေ သင်တန်းဆင်းတာနဲ့ အလုပ်လုပ်ချင်ရင် စာချုပ်ချုပ်ရမယ်၊ စာချုပ်မချုပ်ရင်တော့ အလုပ်မလုပ်ဘူးလို့လည်း သင်တန်းစည်းကမ်းနဲ့ အလုပ်စည်းကမ်းကို သူက ရှင်းပြပါတယ်။
“ဥပမာ Forever Wedding Studio ကနေ ကျနော်တို့နဲ့ ပွဲလုပ်မယ်။ အဲဒီမှာ သူတင်လာတဲ့သူတွေ ရှိတယ်၊ အဲဒီလူတွေက ကျနော်နဲ့ အလုပ်မလုပ်ထားဘူး၊ အဆက်အစပ်လည်း မရှိဘူး၊ စာချုပ်လည်း မရှိတဲ့အတွက် ကျနော်လည်း မလုပ်ပါဘူး။ ကုမ္ပဏီက မကျေနပ်ရင် မလုပ်နဲ့၊ ဂျွန်လွင်ကလည်း ပွဲကို အပ်ပါဆိုပြီးတော့ မနက်မိုးလင်းတာနဲ့ ထိုင်ဖုန်းဆက်ပြီး Marketing ဆင်းနေတဲ့သူထဲမှာ မပါဘူး။ ကျေနပ်ရင်အပ်၊ မကျေနပ်ရင် မအပ်နဲ့၊ ကုမ္ပဏီက ပိုက်ဆံပေးတာ မှန်တယ်။ ဂျွန်လွင်က ကိုယ်လုပ်ချင်တဲ့ သူနဲ့ လုပ်မယ်။ မကျေနပ်ရင် လာမအပ်နဲ့၊ ကျနော်လည်း စိတ်မ၀င်စားဘူး” လို့ သူက ဆက်ဟြေပါတယ်။
သူ့အေဂျင်စီကို ချောရတနာ လာလျော်စဉ်ကလည်း သုံးသိန်းကို လူမှုရေး ကိစ္စတခုအတွက် လှူလိုက်တဲ့အကြောင်း ဂျွန်လွင်က ပြောပြပါတယ်။
“FMI Center မှာ ချောရတနာရယ်၊ ကျနော်ရယ်၊ ဦးမြတ်ခိုင်ရယ် သုံးယောက်တိုင်ပင်ပြီးတော့ လှူလိုက်တယ်။ အခုတော့ လှူချင်လည်း လှူမယ်၊ မလှူချင်လည်း မလှူဘူး။ ဒါကျနော့်ပိုက်ဆံ ဖြစ်သွားပြီလေ။ ကျနော့်မှာ ခါးပတ်တွေကလည်း အများကြီးပဲ၊ အိတ်တွေလည်း ပုံပေါနေတယ်၊ ဒါပေမယ့် ဖိနပ်က ကောင်းကောင်း မရှိသေးဘူး၊ ဖိနပ်က ဟောင်းနေတဲ့ အတွက်ကြောင့် ဖိနပ်အသစ် မှာလိုက်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီရဲ့ မေးမြန်းချက်တွေကို ဖြေကြားပေးခဲ့ပါတယ်။

၂၀၀၈ ဖွဲ့ စည်းပုံ အသစ်ရေးမလား (ဒါမှမဟုတ်) ပြင်ဆင်မလား ..



.ဆောင်းပါးရှင်.အောင်မျိုးထွန်း

12:01 AM   Htut Htut  
၂၀၀၈ ဖွဲ့ စည်းပုံ အသစ်ရေးမလား (ဒါမှမဟုတ်) ပြင်ဆင်မလား ဆိုတဲ့သို့ မဟုတ် ခံထားတဲ့ စကားလုံးဝါကျအမေးကို ကြားရဖတ်ရတိုင်း အဓိပ္ပာယ်မရှိတဲ့မေးခွန်းတစ်ခုလို့  မြင်မိတယ်။ ပြင်မယ်ဆိုတဲ့ အပိုင်းက နေပြည်တော်လွှတ်တော်ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကိုအထောက်အပံ့ဖြစ်စေပြီး မိမိတို့ ကိုယ်တိုင် လက်ခံကတိက၀တ်ပြုထားမှုမရှိတဲ့ဖြစ်စဉ်ကိုမသိမသာလိုက်လျောယုံစားနေခြင်းမျှသာဖြစ်တယ်။ ဒါကြောင့်ပြင်ဆင်ရေးဆိုတာကို ခေါင်းညိမ့်လိုက်ခြင်းနှင့်တပြိုင်နက်စစ်ဗိုလ်စစ်သား ဘောင်းဘီချွတ်/၀တ်များ ပိုင်စိုးချယ်လှယ်ထားတဲ့ လွှတ်တော်ကိုအလုပ်အကျွေးပြုချင်လာတဲ့ နိုင်ငံရေးခံယူချက်လို့  သတ်မှတ်လိုပါတယ်။
တစ်နည်းဆိုရရင်စစ်အာဏာရှင်စနစ်ဖြိုချရေးဆိုတဲ့ဒီမိုကရေစီခရီးလမ်းကိုကျောခိုင်းပစ်ပယ်လိုက်တဲ့သဘောကဲ့သို့  (မပြေးသော်ကန်ရာရှိ) ရောက်စေတယ်။

မုန့် ဆီကြော်က ဘယ်နေမှန်းမသိ၊ ပြင်မလား အသစ်လားနဲ့  ရွပိုးထိုးနေကြတဲ့ကျွန်တော်တို့ တစ်သိုက်က ငြင်းကြခုံကြ တံတွေးအမြှုပ်ထနေချိန်မှာ ၂၀၀၈ ကြောင့်လူတောသူတောထဲတိုး၊ သူခိုးလူရာဝင်၊ ဥပဒေအရ ဖိနှိပ်ညှင်းပန်း သတ်ဖြတ်ဆူပူမီးရှို့ ခွင့် တရားဝင်လိုင်စင်ရထားသူ၊ စစ်ဝါဒီ ခိုင်ခံ့တည်မြဲရေးတွေဘက်က
လေ့လာသုံးသပ်ရေးကော်မတီဆိုတဲ့အသံလောက်ကိုသာ လေပစ်ထားပြီးအခြားတစ်ဖက်ကလည်း အသစ်ရေးရင်ဖြစ်ဖြစ်၊ စစ်တပ်လက်ဝါးကြီးအုပ်ထားတဲ့အချက်အလက်တွေကို ထိပါးလာရင်ဖြစ်ဖြစ် သည်းမခံနိုင်ဘူးဆိုတဲ့ အယူအဆကိုအစိုးရ လွှတ်တော်နဲ့  စစ်ခေါင်းဆောင်တွေဘက်က အခုတလော ခပ်စိပ်စိပ်လေးထုတ်ဖော်ပြောဆိုလာတာဟာ စည်းအနီရောင်လိုင်းတစ်ခုကို ထင်ထင်ရှားရှားသားပြလိုက်တာဖြစ်တယ်။ စစ်တပ်စစ်အုပ်စုအကျိုးစီးပွားကို ပွန်းပဲ့ခွင့်မပေးဘူးလို့ 
ရန်/ငါစည်း အချက်ပြလိုက်တာဖြစ်တယ်။

၂၀၀၈ ဖွဲ့ စည်းပုံကို လေ့လာကြ၊ မကြိုက်တဲ့အချက်ကို ရှာဖွေထောက်ပြကြဆိုတဲ့စကားဟာ မုဒိန်းသမားဓါးပြဗိုလ်လူသတ်ကောင်ရဲ့ မျက်နှာပေါ်မှာ မှဲ့ ခြောက်လေးပေါက်နေတာ၊ရှေ့ သွားလေး ကျိုးနေတာ၊ ခြေတစ်ဖက်ဆာနေတာ..ဒါလေးတွေကြောင့် ကြည့်မရတာလားလို့  ရွာလုံးကျွတ်ဖျက်ဆီးနေသူဘက်ကပင်းပြီး ဓားရိုးကမ်းနေကြသူတို့ ရဲ့  တိုင်းဖျက်ပြည်ဖျက်စကားလို့ ဆိုချင်တယ်။၂၀၀၈ ဖွဲ့ စည်းပုံ သန္ဓေတည်လာပုံ၊ မွေးဖွားလာပုံကို ခွဲခြမ်းစိပ်ဖြာလိုက်ရုံနဲ့ ဒီဖွဲ့ စည်းပုံဟာ ပြည်သူလူထုအတွက်လား၊ စစ်အာဏာရှင်လူတစ်စုအတွက်လားဆိုတာ လယ်ပြင်ဆင်သွားသလို ရှင်းရှင်းကြီး သိနိုင်တဲ့အတွက် ဖွဲ့ စည်းပုံထဲကပြင်ဆင်ရေးအခန်းကဏ္ဍကို ရေးရာမှာလည်းလှုပ်မရလူးမရနဲ့ ပေးကားပေး၏မရအနေအထားဖြစ်အောင်ကို ကြိုတင်အကွက်ချထားစီမံထားပြီးဖြစ်တယ်။ဒါကို သိနေလျက်နဲ့  အတိုက်အခံ နိုင်ငံရေးသမားတွေဘက်က ပြင်ကြမလားဟေ့မေးနေတာဟာ ပုံမှန်စိတ်မှ ဟုတ်သေးရဲ့ လားလို့ ယိုးစွပ်စရာသာရှိတော့တယ်။

နောက်တဖန် ကြားလာရတဲ့စကားလုံးကို ပြင်ဆင်ရေးဆိုတာဟာလည်းအသစ်နီးပါးရေးဆွဲဘိသကဲ့သို့ ဆိုတဲ့ ပြည်သူကို ဗူးလုံးနားမထွေးနဲ့  နှာနပ်လုံးချတဲ့အကြောင်းအရာဟာ အင်မတန် လွဲချော်စေတဲ့အသိကို သွတ်သွင်းမှိုင်းတိုက်တဲ့နိုင်ငံရေးမပြတ်သားမှုတစ်ခုဖြစ်တယ်။ အသစ်ရေးဆွဲရေးနဲ့  ပြင်ဆင်ရေး နှစ်ခုဟာ
သုံးနဲ့ လေး သချာင်္ဂဏန်းလို လားရာမတူကြသလို အနှစ်သာရနဲ့ လုပ်ငန်းစဉ်လည်းခြားနားလှပြီး ထပ်တူကျ နီးစပ်မှုလည်းမရှိပါဘူး။ ဖွဲ့ စည်းပုံဖျက်သိမ်းရေး(အသစ်ရေးဆွဲရေး) သန့် ရှင်းစစ်မှန်တဲ့ဦးတည်ချက်ကို လမ်းလွှဲမှောက်မှားအောင်သွေးဆောင်ဖြားယောင်းတဲ့ နိုင်ငံရေးလုပ်ကြံမှုဖြစ်လို့  ဒီထောင်ချောက်ထဲ
တိုးမ၀င်မိဖို့  ဥာဏ်မြေကတုတ်ပြုကာ သတိရှိနေရပါမယ်။

နိုင်ငံရေးခေါင်းဆောင်ဆိုတာ မိမိအတွက် ကျဉ်းထဲကျပ်ထဲရောက်စေမယ့်ဆုံးဖြတ်ချက်အချို့  ချမှတ်ဖို့ ကြုံတွေ့ လာတဲ့အခါမိမိယုံကြည်တာကိုရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုရပါလိမ့်မယ်။ ခေါင်းဆောင်နေရာအတွက် ပြည်သူတွေကအရောက်ပို့ ထားပြီးဖြစ်တာမို့  ဖွဲ့ စည်းပုံပြင်ရေးနဲ့ ဖျက်သိမ်းအသစ်ရေးဆွဲရေး
ပြဿနာမှာကြားနေလို့ မရတဲ့အပြင်ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကိုတီးကြည့်ခေါက်ကြည့်ပါဦးမယ် ခေါင်းရှောင်လုပ်နေလို့ မသင့်လျော်ပါဘူး။
အခြားသော နိုင်ငံလုံးချီအရာများမှာ မိမိစိတ်ကြိုက် အာရုံတည့်တာကိုခပ်သွက်သွက် ဆုံးဖြတ်ချက်ချနိုင်ခဲ့သလို ဖွဲ့ စည်းပုံပြဿနာမှာလည်းအလားတူစိတ်ဓာတ်မျိုးရှိဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ပြည်သူတွေအသံကိုမိမိအတွက် လိုအပ်တဲ့အခါ နားထောင်လိုက်၊ မလိုအပ်တဲ့အခါ ဥပေက္ခာပြုလိုက်ပြည်သူတွေကိုခုတုံးလုပ်နေမယ်ဆိုရင်တိုင်းပြည်ဒီမိုကရေစီရှေ့ ရေးအတွက်ရင်လေးစရာဖြစ်တယ်။ ဖွဲ့ စည်းပုံအသစ်ဆွဲရေး ပြင်ဆင်ရေး လမ်းနှစ်သွယ်နဲ့ ပက်သက်ပြီး ပီပီသသ ရှင်းရှင်းဘွင်းဘွင်းထုတ်ပြောလာတဲ့ အတိုက်အခံနာမည်ကြီးများကို မတွေ့ ရသေးတာဟာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတိုက်ပွဲအတွက် အပေါင်းလက္ခဏာမြင်ကွင်း မဟုတ်ပေမယ့် လက်နက်ကိုင်တိုင်ရင်းသားအဖွဲ့ အများစုနဲ့  တိုင်းရင်းသားခေါင်းဆောင်ကြီးအချို့ ၊
လွှတ်တော်နိုင်ငံရေးကို စိတ်ကုန်ခမ်းလာသူများနဲ့  ၂၀၀၈ အောက်ကသွားတဲ့မည်သည့်နိုင်ငံရေးကိုမဆို လက်သင့်မခံသူများဘက်က အသစ်ရေးဆွဲရေးအာဘော်ကို အသံကျယ်ကျယ် ဖွင့်ဟလာတာ တွေ့ ရလို့  အားတက်ရပြန်တယ်။

ဒီနေရာမှာ ဖြစ်နိုင်ချေရှိမှု မရှိမှုဆိုတာကို ဆင်ခြေပေး အကြောင်းပြတတ်ကိုလည်းကြားနေရပါသေးတယ်။ အသစ်ရေးဆွဲရေးက လက်တွေ့ မှာ မဖြစ်နိုင်တာမို့ (ဆိုလိုချင်ပုံရတာက စစ်တပ်နဲ့  အာဏာရပါတီ လက်မခံတာ) ဒီလမ်းကြောင်းကိုဖိမနင်းဘဲ ဖြစ်နိုင်တာလေးက စလုပ်တာဘဲ ကောင်းပါလိမ့်မယ်ဆိုတဲ့
ပေးသလောက်ယူအတိုက်အခံလုပ်ငန်းစဉ်ကိုဗမာ့နိုင်ငံရေးဈေးကွက်ထဲအစွံထုတ် ရောင်းချလာတဲ့အပေါက်မျိုးလို့  ခေါ်ချင်ပါတယ်။ တစ်နည်းအားဖြင့်စစ်ဝါဒသက်ဆိုးရှည်အောင်မလှိမ့်တပတ်အလုပ်အကျွေးပြုကြတာသာဖြစ်တယ်။လွှတ်တော်နိုင်ငံရေးနဲ့  နှောင်ပိတ်အကျဉ်းချခံထားရတဲ့ နိုင်ငံရေးသမားများအဖို့ ရာ
ဖွဲ့ စည်းပုံအသစ်ရေးဆွဲရေး(၂၀၀၈ဖျက်သိမ်းရေး)အလုပ်ကိုစိတ်လိုက်မာန်ပါဆောင်ရွက်နိုင်မှုမရှိတော့ခြင်းဟာ အရင်းကြီးကြီးပေးဆပ်ရတဲ့ သင်ခန်းစာဖြစ်သလိုလွှတ်တော်များသို့  ခြေလှမ်းပြင်နေတဲ့ ဒီမိုကရက်နိုင်ငံရေးသမားများအတွက်မိမိတို့ ကိုယ်မိမိပြန်လှန်ဆန်းစစ်ဖို့ အခွင့်လမ်းကောင်းတစ်ခုလို့ မြင်ရပါမယ်။

အကုန်ရရင်ရမရရင်ဘာမှမလိုချင်ဘူးလို့ မပြင်းထန်သော်ငြားမိမိရရှိနေတာဟာဒီမိုကရေစီရရှိရေးခေါင်းစဉ်အောက်က လူထုအကျိုးပြု တန်ဆာပလာမျိုးမဟုတ်ခဲ့ဘူးဆိုရင် ဘာမှမလိုချင်စိတ်မွေးတာဟာ ဗမာပြည်စစ်ဝါဒကျဆုံးရေးအတွက် အသက်သွေးချွေး ပေးဆပ်ခဲ့ရသူတွေကို သစ္စာမြဲခြင်းဖြစ်တာမို့ 
ဤလမ်းတစ်ခုတည်းကိုသာ ရွေးချယ်ဖက်တွယ်သင့်ပါတယ်။

၂၀၀၈စစ်ကျွန်ဖွဲ့ စည်းပုံဖျက်သိမ်းရေး(ဖွဲ့ စည်းပုံသစ်ရေးဆွဲရေး)မှာလည်းဒွေးရောယှက်တင်နဲ့  လေ၀မ်းမကွဲတာမျိုးတွေလည်း ရှိနေပြန်ပါတယ်။
ပြည်သူလူထု တိုင်းရင်းသားပေါင်းစုံရဲ့ အသံဟာ ၂၀၀၈ ဖျက်သိမ်းရေးလို့ တညီတညာတည်း ထွက်ပေးလာခဲ့ရင် အဲဒီ့ပြည်သူ့ ဆန္ဒကို နေပြည်တော်လွှတ်တော်သုံးရပ်ထံ အရောက်ပို့ ပြီး လွှတ်တော်အမတ်တွေကတစ်ဆင့်အဆိုတွေတင်၊ ဝေဖန်ဆွေးနွေး၊ ဆုံးဖြတ်ချက်ခံယူကာ အကောင်အထည်ဖော်ဆောင်ရမယ်ဆိုတဲ့ ဟောပြောရှင်းလင်းမှုတွေကို၂၀၀၈ အောက်ကမှတ်ပုံတင်ထားတဲ့ အတိုက်အခံပါတီအမတ်များပါးစပ်က ထွက်လာတဲ့အခါအံ့သြတကြီး မဖြစ်ရသော်လည်း စီးတဲ့မြင်းအထီးလားအမလား မသိတဲ့အခြေရောက်သွားပါရော့လားဆိုပြီး ပြစ်တင်နှမျောမိပါတယ်။ ဖွဲ့ စည်းပုံသစ်ရေးဆွဲရေးပြည်သူ့ ဆန္ဒကို နေရာတိုင်းအချိန်တိုင်းမှာ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်အရတရစပ် ပြောဆိုရေးသား ထုတ်ဖော်ဆော်သြနေခြင်းဖြင့် မိမိတို့ တောင်းတခဲ့တဲ့ဗမာပြည်ဒုတိယလွတ်လပ်ရေးတိုက်ပွဲမှာ တစ်တပ်တစ်အား ပါဝင်ထမ်းရွက်နေခြင်းဖြစ်တယ်လို့  ရှင်းလင်းစွာခံယူထားရပါမယ်။ ပြင်ဆင်ရေးဆိုတဲ့ စစ်အုပ်စုမြှုံးထောင်ချောက်ထဲ အယောင်ယောင်အမှားမှား ခြေလှမ်းကျွံမ၀င်သွားကြဖို့ နာကြည်းစရာတွေ ပြန်တွေးဆရင်း၊ ယနေ့ မတရားမှုများကို ခံစားထောက်ဆရင်းအထူး သတိချပ်ရပါမယ်။ ရဲဘော်အချင်းချင်း လက်တို့ နေရပါမယ်။

စစ်ကြီးစိုးရေးဝါဒ မုချကျဆုံးရမည်၊ ဒီမိုကရေစီအရေးတော်ပုံအောင်ရမည်ဆိုတဲ့တိုက်ပွဲဝင်အလံကို ဈေးဆစ်မခံ၊ စိတ်တူကိုယ်တူ တလူလူလွှင့်ထားကြရမယ့်
အရေးတကြီးအချိန်ကာလသို့ ချဉ်းနင်းဝင်ရောက်လာနေပြီ ဖြစ်ကြောင်း.. ။
- See more at: http://www.dawnmanhon.com/2013/09/blog-post_30.html#sthash.M2eOQ2va.dpuf
 

ဘုရားကိုဖြိုလျင် မင်းအစိုးရ ငိုရမည်



ရာဇ၀င် သမိုင်းသက်သေ အထောက်ထားများဖြင့် တင်ပြထားပါသည်

ဝမ်ပေါင်နှင့် ထိပ်ပြောင်တို့ လောဘဇောတိုက်ပုံများက အံ့မခန်းလိလိပင်တည်း။ ထိပ်ပြောင်ဟုဆိုလျင် မည်သူကို တိုက်ရိုက်ရည်ညွန်းသနည်း။

သူသည် မြစ်ဆုံကို မြွေမသေဒုတ်မကျိုး အလည်စီးရိုးတွင် နေပြကာ ပြည်သူများအား မျက်လှည့်ပြလေသော လက်လှည့် နုတ်လှည့် အတည့်မှ ဇောက်ထိုး လုပ်တတ်သူပင်တည်း။
ယခု ၀မ်ပေါင် ဈေးချောင်ချောင်နှင့် ၀င်နိုက် ခရိုနီ စစ်ပဒေသရာဇ်တသိုက်နှင့် လောဘဇော တိုက်နေလေပြီ။ လောဘဟုဆိုရာဝယ်….. ကာမဂုဏ်အာရုံများတွင် အမှားအမှန်ခွဲခြားခြင်း မရှိပဲ မရမကလိုချင်မှု၊ ရပြီးရင်းရလိုရင်း သဘောဖြင့် လိုချင်မှု၊ ရလာသည့် အရာများတွင်လည်း တွယ်တာကပ်ငြိထားလိုမှု သဘောမျိုးကို လောဘဟုဆိုသည်။

ယခု လက်ပံတောင်းဒေသ မြေဧက ၇၀၀၀ထောင်ကျော် တောင်ကြီးတောင်ငယ်ပေါင်း ၃၃ လုံးတို့အား မရမက လိုချင်နေကြလေပြီ။ ထိုတောင်များတွင်မက ထိုတောင်ကြီးများတလျောက်တွင် ရှေ့ယခင်ဆက်ဆက် တည်ထားကိုးကွယ်ခဲ့ကြလေသော သာသန အဆောက်အုံ များအား ဖယ်ရှားလိုမှု ဖြိုဖျက်လိုမှု တို့ ဖြစ်လာလေပြီ။
ဘုရားရုပ်ထု ဘုရားစေတီနှင့် ဘာသာရေးအရ တည်ထားကိုယ်းကွယ်ကြသော ဘာသာရေးအဆောက်အုံတို့အား ဖယ်ရှားခြင်း ပြောင်းရွှေခြင်း ဖြိုဖျက်ခြင်းစသော အကြောင်းများတွင် ဗုဒ္ဓ ဘုရားရှင်ကိုယ်တော်တိုင်ပင် လူယုတ် လူညံ့ အဓမ္မအသွင်ဖြင့် ဘုရားရှင်အား ဖယ်ရှားရန်ကြိုးစားသော အရှင် ဒေ၀ဒ္ဒတ္တအား စာရေးသူလှမ်းမြင်မိသည်။
ဘုရားရှင်ဗုဒ္ဓမြတ်စွာအား ဆွမ်းကြွတော်မူလောသော အချိန်ဝယ် တောင်ကုန်းမြင့်အထက်မှ ကြီးမားသော ကျောက်တုံးကြီး တွန်းလှိမ့်ချကာ သေကြောင်းကြံစည်ခဲ့သော ယောက်ဖတော် ဒေ၀ဒ္ဒတ္တအား စာဖတ်သူများ ပြန်လည်တွေ့ရှိနိုင်သည်။ သို့သော် သူ၏ ယုတ်ညံ့စုပ်ချာသော အကြံစည်တို့ မအောင်မြင်ခဲ့ပါ။ သူသာလျှင် နောက်ဆုံး အစိမ်းလတ်လတ် မြေမျိုခံရသော ပဥ္စနန္ဒိယကံထိုက်ခဲ့လေသည်။

စာရေးသူ ထပ်မံထောက်ပြလိုပြန်သည်….အရှေ့ကိုလျောက်လိုလျှင် အနောက်ကို ပြန်ကြည့်ကာ သင်ခန်းစာများဖြင့် လျောက်သင့်ကြသည်။ ထိုကြောင့် မြန်မာရာဇ၀င် ဖြစ်ရပ်မှန်အား အခိုင်မာ ထောက်ပြပါအံ့….
ကုန်းဘောင်မင်းဆက်တွင် …ဦးဝိုင်းခေါ် ဘိုတော်ဘုရားဆိုသော မင်းဘုရင်ပဒေသရာဇ်တဦးမှ သားတော် သတိုးမင်းစေားအား ၁၅ ရက်ဂျွန်လ ၁၇၆၂ နှစ်တွင် မွေးဖွားလေသည်။ သားတော် သတိုးမင်းစေားသည် ငယ်ရွယ်စဉ်ကပင် သတ်ပုန်ထိုးခုတ်သော တိုက်ခိုက်ရေးဘက်တွင် ၀ါသနာပါသူဖြစ်ခဲ့ရပြီး အရွယ်ရောက်လာသောအခါ ပြည်တွင်းစစ်များတွင် တိုက်ခိုက်ရေးဘက်သို့ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပြီး …ဧပြီလ ၉ရက် ၁၈၀၈ ခုနှစ်တွင် အိမ်ရှေ့စံရာသရဖူဆောင်းကာ နောင်တွင် ကုန်းဘောင်မင်းဆက်အတွက် ရှင်ဘုရင်တပါး ဖြစ်လာရန် လျာထားခြင်း ခံခဲ့ရ၏။

ထိုသို့ တင်မြောက်ခံရသော အကြောင်းရင်းမှာ ခိုင်လုံလှပေသည် ညစ်ငြမ်းလှပေသည်..စုပ်ချာလွန်းပေသည် ဟုဆိုနိုင်လေ၏။
စစ်မာန်ထ ဟန်ရေးပြလျက်ရှိနေတတ်သော သတိုးမင်းစေားသည် အိမ်ရှေ့စံ မင်းသားကြီး ရာထူးရရန် လောဘဇောဖြင့် အောက်တိုဘာလ ၁၇၈၄ ခုနှစ်တွင် စစ်သေနာပတိချုပ်ဆိုသော ရာထူးဖြင့် ရခိုင်ပြည်သို့ စစ်သည်အင်းအား သုံးသောင်း၊ မြင်းတပ်အင်အား ၂၅၀၀၊ ဆင်စီးတပ်အင်အား ၂၀၀ ဖြင့် ချီတက်ကာ စစ်ကြောင်းကြီး သုံးကြောင်းခွဲ၍ ချီလေသည်။ ထိုသို့ဖြင့် ဒီဇင်ဘာလ ၃၀ ရက် ၁၇၈၄ ခုတွင် ရခိုင်ပြည် မြောက်ဦးသို့ ၀င်ရောက် သိမ်းပိုက်သွားနိုင်ခဲ့ပြီး ရခိုင်ပြည်မှ လူသူနှင့် ယာဉ်ကျေးမှု စာပေ အနုပညာ စသော အမွေနှစ်များအား မြန်မာပြည်သို့ ပြန်လည်သယ်ဆောင်ကြခဲ့သည်။

ထိုသို့သယ်ဆောင်ရာတွင် ရခိုင်လူမျိုးတို့ ရာစုနှစ်များစွာက ကိုးကွယ်ပူဇော်ခဲ့ကြလေသော မဟုမုနိခေါ် မဟာ မြမုနိ ဘုရားဆင်းတုတော်ကြီးလည် သယ်ဆောင်ခံရလေသည်။ သယ်ဆောင်ခြင်းပြုကြရာဝယ် မူလတည်ရှိသော မဟာမြမုနိဘုရားကြီးဆင်တုတော်သည် အရွယ်စားအရ အတော်ပင် ထုထည် အလေးချိန် ကြီးမားနေသောကြောင့် သတိုးမင်းစေားနှင့် သူ၏ အပေါင်းပါတပ်များအတွက် ခက်ခဲကြမ်းတမ်းသော ရခိုင်ရိုးမနှင့် တောင်တန်းကြီး ၂၂ ခုတို့အား ကျော်ဖြတ်ရန် ခရီးမှာ အလွန်ဆိုးဝါးနေပြီး ရာသီဥတုမှာခဲ အေးလွန်းသောကြောင့် ခရီးလမ်းတွင် အခက်ခဲများစွာရှိနှင့်သည်ကို တွေးမြင်ကြီပြီး နောက်ဆုံးသယ်ဆောင် ရွေ့ပြောင်းရန် မဟုာမြမုနိဘုရားကြီး အား မူးရင် အတိုင်းသယ်ဆောင်သွားရန် မဖြစ်နိုင်တော့သည်ကို ဆုံးဖြတ်ကာ…..ဘုရားကြီးအား…အစိတ်ပိုင်း ခုနှစ်ခု ဖြတ်တောက်သယ်ဆောင်ကြလေသည်။ ရခိုင်တို့၏ အမြတ်တနိုးထားသော ဘုရားကြီးမှာ သတိုးမင်းစေား၏ အစီမံအရ အစိတ်ပိုင်း ခုနှစ်ခုဖြစ်သွားရကာ မြန်မာပြည်သို့ ရောက်လေသည်။ မြန်မာပြည်သို့ရောက်သောအခါ..ဖြတ်တောက်ပြီးသော အစိတ်ပိုင်းများအား သူ့နေရာနှင့်သူ ပြန်လည်ထပ်ဟပ်ပြီး ကြေးရည်ထပ်မံသွန်းလောင်းကာ ရုပ်လုံးပုံဖေါ်စေ၍ ဘိုးတော်ဘုရား ဦးဝိုင်းအား ဆက်သကြခဲ့လေသည်။
ထိုသို့ အတင့်ရဲသော အစွမ်းကြောင့် သတိုးမင်းစေားမှာ မဟာကောင်းကင်ကြီးပေါ်သို့ ရောက်လုမတတ် ဖြစ်ရပြီး ဦးဝိုင်း၏ဘက်ပြိုင်မယားများမှ မွေးထားသော မင်းသားပေါင်း ၂၇ ယောက်တို့တွင် ပထမရာထူးဟု ဆိုနိုင်သည့် အိမ်ရှေ့စံမင်းသားကြီးအဖြစ် ရွှေစလွယ်ဘွဲ့တံဆိပ် အပ်နှင်းခြင်းခံရကာ မယားပေါင်း ၂၂ ယောက်ဖြင့် ပျော်မြူးနေထိုင်ခွင့်ရခဲ့လေသည်

သို့သော် သိပ်မကြာပါ မဟာ မြမုနိဘုရားကြီးအား အပိုင်းပိုင်းအတစ်တစ် ဖြတ်တောက်ကာ သယ်ဆောင်လာသော သူ၏ လောဘ အတ္တစိတ်တို့၏ အကုသိုလ်အကျိုးပေးခဲ့လေသည်.. ဧပြီလ ၉ရက် ၁၈၀၈ ခုနှစ်တွင် ဘိုးတော် ဦးဝိုင်း၏ သားတော် စစ်ကဝေဟု အများက ခေါ်ဆိုကြသော သတိုးမင်းစောသည် ညသန်းခေါင်းတွင် အိမ်မက်ဆိုးများမြင်မက်ခဲ့ပြီး ၄င်းအိမ်မက်ဆိုးများထဲတွင် သူ့အား တဖက်ရန်သူများမှ အရှင်ဖမ်းမိကာ အပိုင်းပိုင်းအတစ်တစ် ဖြတ်တောက်ခြင်း ခံရကာ အသံကြီးအသံငယ်တို့ဖြစ် အော်ဟစ်နေပုံတို့အား အိမ်ရှေ့စံ အဆောင်တော် တခုလုံး ဟီးဟီးထီးထီး အသံဆိုးအသံနက်များဖြင့် ဂယောင်ဂတမ်း အော်ဟစ်နေသော အသံဆိုးတို့အား နန်းတော်ရာ အမှုတမ်းနှင့် မောင်းမတော်များကြားရ၍ အပြေးလွှား ရောက်သွားကြလေသောအခါ ၄င်း၏ ခန္ဓာကိုယ်ကြီးတွင် အစိတ်ပိုင်းများစွာ ပြတ်တောက်လုမတတ် ဖြစ်နေကာ အက်ကြောင်းကြီးများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရလေသည်။

စာရေးသူ တင်ပြလိုသော အကြောင်းသည် ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား သေရာသေကြောင်းကြံစီခဲ့သူ ဒေ၀ဒ္ဒတ္တ နှင့် ရခိုင်ပြည်သူ ပြည်သားတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သော မဟာ မြမုနီဘုရားကြီးအား အပိုင်းပိုင်းဖြတ်ခဲ့သူ …ဘိုတော်ဦးဝိုင်း၏ သားတော်ကြီး သတိုးမင်းစေားတို့ ဖြစ်ရပ်မှာ လက်တွေ့ဆန်လွန်းလှပေသည်။
ယခုတွင်လည်း လယ်တီဆရာတော်ဘုကြီးကိုယ်တိုင် ရေစက်ချ တည်ထားကိုးကွယ်ခဲ့သော လက်ပံတောင်း စေတီတော်မြတ်အား ယနေ့ စစ်တပ်အသွင်းပြောင်း အစိုးရနှင့်တရုတ်ကုမ္မဏီတို့မှ ရွှေပြောင်းခြင်း ဖယ်ရှားခြင်းများ ပြုလုပ်ကြလေတော့မည်။

ထိုသို့ ပြုလုပ်ရခြင်း၏ အဓိက အကြောင်းတရားသည် လောဘ ဖြစ်လေသည်။ ထိုဘုရားကြီး၏ အောက်တည့်တည့်တွင် အလွန်အရေးပါသော ရွှေကြောကြီး ရှိနေသည်ဟု တရုတ် ဘူမိဗေဒသမားတို့၏ တွေ့ရှိမှုက အရင်းခံခဲ့၏။ ထိုရွှေကြောကြီးအား တိုက်ရိုက် အလွယ်တကူ ဖောက်ထွင်း တူးဖေါ်နိုင်ရေးအတွက် လက်ရှိအစိုးရနှင့် တရုတ်တို့ ဘာမဆိုလုပ်ကြလေတော့မည်။ ယခင်လည်း သံဃာတော်များအား မီးလောင်ဗုံးဖြင့် လောင်တိုက်သွင်းခဲ့သော နေရာနှင့်လည်း အလှမ်းအဝေးသောနေရာတွင်ရှိနေလေသည်။

ထိုသို့ အဓမ္မ ဆောင်ရွက်ရန် ခွင့်ပြုလက်ခံထားသော လက်ပံတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်မှလည်း သဘောတူလက်ခံထားလေသည်။ သို့သော် နောင်တွင် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်ဟုဆိုသည် ဘကြီးတော် ဘုရားလက်ထက်တွင် ကျော်ဇော် တိကမ အလွန်ရှိပြီး တရားဓမ္မစာပေတွင် အထူးနှံစပ် ကျွမ်းကျင်သော ဆရာတော် ဦးဗုဒ်၏ သံသရာ စကားအရဆိုပါလျှင် ကံ ကံ၏အကျိုး အမြဲပင် ရှိပါကြောင်းနှင့် မမြဲသော လက်ရှိခန္ဓာသည် မိမိပြုသော ကံသုံးပါး (ကိုယ်၊ စိတ်၊ နှံ့လုံး)တို့မှ ထွက်ပေါ်လာသော အရာတို့အား ပြန်လည်သက်ရောက်မှုမှာ ထာဝရ တည်ရှိနေပါကြောင်း လက်ပံတောင်းဒေသခံများကိုယ်စား….စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌကြီး နှင့် အဖွဲ့ဝင်များအား၎င်း နေပြည်တော် အာဏာပိုင်များအား၎င်း…စစ်ပဒေသရာဇ် ဦးပိုင် ခေါင်းဆောင်များအား တိုက်ရိုက်ရည်ညွန်း တင်ပြလိုပါသည်။…

စာဖတ်သူများအား ကျေးဇူးအထူးတင်ပါသည်
ဘုရားပြောင်းရွှေခြင်း ဖယ်ရှားခြင်း ဖြိုဖျက်ခြင်းများနှင့်ပတ်သက်၍ လိုက်နာရမည်ဖြစ်သော ရာဇ၀င် အချက်လက်များအား စာဖတ်သူများနှင့် သက်ဆိုင်ရာ လူကြီးမင်းများအနေဖြင်….
(မဟာဝိသုဒ္ဓါရုံအဆုံးအဖြတ် ၊ စေတိယပကာသနီကျမ်း လို့ နှင့် ကုန်းဘောင်ရှာပုံတော်) ဆိုသော ကျမ်းများ စာအုပ်များအား ဖတ်ရှု့ပြီး စဉ်းစားဆုံးဖြတ်စေချင်ပါသည်။
ဆက်လက်တင်ပြပေးပါဦးမည်…………

ဂိုလ်ရှယ်လေး