Tuesday, September 24, 2013

အောင်မင်း ရထား ဘယ်လိုမောင်းသလဲ?

24 September 2013

ငြိမ်းချမ်းရေး ၀န်မင်းဆိုတဲ့ ဗိုလ်အောင်မင်းက ငြိမ်းချမ်းရေးမလုပ်ခင် ဘယ်နေရာမှာလဲ? မီးရထားဝန်ကြီးဆိုတာ လူတိုင်းသိတယ်၊ အောင်မင်းကို ဘာလို့ မီးရထားဝန်မင်း ခန့်ရတာလဲ? သေချာတာကတော့ အောင်မင်းက တရုတ်စကားကောင်းကောင...်းတတ်တယ် မြန်မာစကားကိုလဲ မပီကလာပီကလာနဲ့ ပြောပြီး မီးရထားနဲ့ပတ်သက်သမျှ တောက်တိုမယ်ရကလေးတွေကအစ တရုတ်ကနေ မှာတတ် ပြောတတ်လို့ပဲ။

သန်းရွှေတို့က အောင်မင်းကို အဲလောက်ကြာကြာ အလုပ်တကယ်မဖြစ်ပဲ သုံးနေရတာ တရုတ်ကြောင့်ဆိုတာ သံသယ ရှိစရာမလိုပါဘူး၊ အောင်းမင်းက တရုတ် သွေး ၈၅ ရာနုန်းပါသလား မပါဘူးလာဆိုတာ အောင်မင်းရဲ ဆွေ ခုနှစ်ဆက် မျိုးခုနှစ် ချပြရဲလားဆိုတာ မေးခွန်းရှိတယ်၊ အောင်မင်း မချပြလဲ မကြာခင် စာရေးသူက ဖြန့်ချပေးမယ်။
အောင်မင်းက ၂၀၀၈ ရထားကြီးကို စတင်မောင်းဖို့ ရထားနာမည် ငြိမ်းချမ်းရေး ဆိုပြီး စာတမ်း ရိုက်နှိပ်ထားတယ်။ တကယ်တော့ အောင်မင်းက ငြိမ်းချမ်းရေးကို တကယ်နားမလည်ပါ။

ငြိမ်းချမ်းရေးဖြစ်ပေါ်လာဖို့အတွက် အောင်မင်းက အိမ်ရောင်းကားရောင်း လုပ်ပြီးလုပ်နေရပါတယ်တဲ့။
ခက်ရပါလားအောင်မင်းရယ်လို့ ပြောရင် လွန်သွားမလားပဲ။ အောင်မင်းတို့ငြိမ်းစန်တာက ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးခင်က ထည့်သွင်းလိုက်တာ သွေးရိုးသားရိုးမဟုတ်ပါ။
သွေးမရိုးသားမရိုး ဖြစ်နေတာက ငြိမ်းချမ်းရေးအတွက် ဥရောပကပေးထားတဲ့ ကတိအရ ဒေါ်လော သန်း ၃၀၀ ကို ဒလဟော သပိတ်ဝင် အိတ်ဝင်လုပ်ဖို့ဆိုတာ ဗိုလ်အောင်းမင်းငြင်းလာရင် ဗိုလ်အောင်ဒင်လုပ်ပြရတော့မယ့် အခြေနေမှာ ၇ှိနေတယ်။
အောင်မင်းက ရထားဝန်ကြီးဆိုတော့ ငြိမ်းချမ်းရေးကို ရထားသွားသလို ရထားမောင်းသလိုလုပ်နေတာ တွေ့ရတယ်။

ရထားက စထွက်တာနဲ့ ရထားပေါ်မှာ စီးနေကြတဲ့ ခရီးသယ်တွေအားလုံး အသံတခု ချက်ခြင်းကြားရတယ်။ အဲဒီအသံက “ဟုတ်ဟုတ်….ဟုတ်ဟုတ်..ဟုတ်” ဆိုတဲ့ အသံတော့ ထွက်လာတယ်၊ ရထား နည်းနည်းလေး အရှိန်တာနဲ့ ရထားအသံက ပြောင်းသွားတယ် အဲဒီရထားသံက “ဟုတ်ဟုတ် မဟုတ်ဟုတ်…ဟုတ်ဟုတ်..မဟုတ်ဟုတ်”ဆိုတဲ့ အသံနဲ့ အရှန်တက်ပြီး ဆက်ခုတ်မောင်းတော့တာပါပဲ….

သို့သော် ရထားက အကြောင်းအမျိုးမျိုးကြောင့် ဆက်ခုတ်မောင်းနေတဲ့ လမ်းကြောင်းမှာ လမ်းလွဲလမ်းပြောင်းကလေး ရှိလို့ မောင်းနေတဲ့ ရထားက လမ်းကြောင်းပြောင်းတဲ့အချိန်မှာ အသံတမျိုးထပ်ထွက်လာပြန်တယ်…အဲဒီအသံက “ဖြစ်ချင်ရာဖြစ် …ဖြစ်ချင်ရာဖြစ်” ဆိုတဲ့အသံပဲ.. ရထားက အဲဒီလိုအသံနဲ့ လမ်းပြောင်းလမ်းကူးကို ပြန်ပြီး ဆက်မောင်းပြန်တော့လဲ “ဟုတ်ဟုတ် မဟုတ်ဟုတ်” ဆိုတဲ့အသံနဲ့ ဆက်သွားတော့တယ်။

၇ထားက တောက်လျောက်မောင်းနှင်လာရာကနေ နောက်ဆုံးဘူတာတခုခုရောက်ခါနီးမှာ အရှိန်လျော့လိုက်တော့..အသံနောက်တခုတည်းဖြစ်သွားတယ်”ဟုတ်ဟုတ်…မဟုတ်ဟုတ်…မဟုတ်ဟုတ်…မဟုတ်..မဟုတ်မဟုတ်”ဆိုတဲ့အသံနဲ့ ခရီးဆုံးဘူတာကိုရောက်ပြီး နောက်ဆုံး ခရီးဆုံးလို့ ရထား ကြီး ဆက်ထွက်စရာမရှိတော့လို့ စက်ခေါင်းကြီးကို စက်သတ်လိုက်ချိန်မှာ နောက်ဆုံးထွက်လာတဲ့အသံက “ …ရှုံး…!” ဆိုတဲ့အသံနဲ့ စက်ခေါင်းကြီး စက်သေသွားပါလေရောပါပဲ။

အောင်မင်း နောက်တခုမောင်းတဲ့ ရထားက ကျောက်မီးသွေးထိုး ရေနွေးငွေ့ရထားပါ။ အဲဒီရထားကတော့ စထွက်ကတည်းက” ရှုံးရှုးံ” ရှုံးရှုံး” ဆိုတဲ့ အသံနဲ့ စထွက်ပြီး အရှန်ကလေးရတာနဲ့ “ ရှုံးရှုးံ မြတ်မြတ်..ရှုံးရှုံးမြတ်” ဆိုတဲ့ အသံနဲ့ ဆက်တိုက်မောင်းတော့တာပဲ နောက်ဆုံး ဘူတာရောက်လို့ စက်သတ်ရင်တော့ သိပ်မထူးပါဘူး …”ရှုံးဆိုတဲ့ အသံနဲ့ပဲ အဆုံးသတ်လေ့ ရှိကြောင်းပါ။

အောင်မင်း၏ ငြိမ်းချမ်းရေးက တပြည်လုံး ..ရှုံး…ပြီး တရုတ်အစိုးရပဲ အမြတ်ထွက်စရာ အကြောင်း ရာနုံန်းပြည့်၇ှိနေပါတယ်။

ထို့ကြောင့် အောင်မင်း၏ ငြိမ်းချမ်းရေးရထားကို စာဖတ်သူများအားလုံး စဉ်းစားတွေ့မြင်နိုင်မည်ထင်ပါသည်။
စာဖတ်သူများအား ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး
https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-frc3/p480x480/1280452_722146584466244_1627606769_n.jpg

No comments: